← Chapters

အဓိပတိ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခြင်း

Vol. 3 Ch. 32

အဓိပတိ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခြင်း

Vol. 3 Ch. 32

စုရွှမ်ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် ထိတ်လန့်သွားသော နဂါးမိန်းကလေးသည် အလျင်အမြန်ပင် စကားဆိုလိုက်သည်။

"ကောင်းပြီ။ ကျွန်မ ရှင်ကိုရတနာရှာဖို့ ခေါ်သွားပေးပါမယ်။ ရလဒ်က ရှင်ကို ကျေနပ်စေတယ်ဆိုရင် ရှင်ကို ကျွန်မ လွှတ်ပေးပါ"

"တကယ်လို ရလဒ်ကငါကို စိတ်ကျေနပ်စရာမကောင်းဘူးဆိုရင်တော့ ဟဲဟဲ"

စုရွှမ်သည် သူ၏ မျက်နှာပေါ်၌ မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခုနှင့်အတူ နဂါးမိန်းကလေးကို စိုက်ကြည့်လိုက်သည်။ ယင်းက နဂါးမိန်းကလေးကို အမှန်တကယ်ပင် ထိတ်လန့်သွားစေသည်။ သူမ၏ နူးညံ့လှသော ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ယင်သွားပြီး ကြောက်ရွံ့ခြင်းက သူမကို လွှမ်းခြုံသွားလေသည်။

ဤအခိုက်အတန့်တွင် ယခင် မြေပြင်အက်ကွဲကြောင်းမှ ထူးဆန်းသောအရာတစ်ခုက ထွက်ပေါ်လာခဲ့ပြီး မီးခိုးရောင်မြူခိုးများ လိမ့်တက်လာကာ အလင်းတန်းများ တောက်ပလာခဲ့သည်။

တစ်ခဏအတွင်းမှာပင် ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ကျင့်ကြံသူအားလုံး၏ မျက်လုံးများမှာ အရောင်တောက်လာကြသည်။

အဓိပတိ လျှို့ဝှက်နယ်မြေ ပွင့်သွားပြီ။

"အဓိပတိ လျှို့ဝှက်နယ်မြေက နောက်ဆုံးတော့ ပွင့်သွားပြီပဲ"

ရုတ်တရက်ပင် ကျင့်ကြံသူအားလုံးသည် အလွန်အမင်း သတိရှိလာကြသည်။ အဓိပတိ လျှို့ဝှက်နယ်မြေသည် အခွင့်အရေးများဖြင့် ပြည့်နှက်နေသည်။ အကယ်၍သာ တစ်စုံတစ်ခု ရရှိနိုင်ခဲ့ပါက အနည်းဆုံး ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံရန်သက်သာစေနိုင်လေသည်။

ဤသွေးဆောင်မှုသည် ကျင့်ကြံသူအားလုံးကို ရူးသွပ်သွားစေပြီး အလွန်အမင်း စိတ်လှုပ်ရှားသွားစေသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ထိုကဲ့သို့သော အခွင့်အရေးကို လက်လွှတ်ခံလိုမည် မဟုတ်ပေ။

စုရွှမ်သည် မြေပြင်အက်ကွဲကြောင်းဆီသို့ လှမ်းကြည့်လိုက်ရာ ဗလာနတ္ထိမှလွဲ၍ ဘာကိုမျှ မမြင်ရချေ။

"သွားကြစို့။ အဓိပတိ လျှို့ဝှက်နယ်မြေထဲ ဝင်ကြမယ်"

တစ်ဖက်တွင်မူ လင်းတိ၊ တောက်ရီ၊ နျဲချန်းနှင့် ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ အခြားထိပ်တန်း ပါရမီရှင်များသည် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ရန် မစောင့်ဆိုင်းနိုင်တော့ပေ။ ထိုအခြင်းအရာကို မြင်သောအခါ အခြားကျင့်ကြံသူများသည် ချက်ချင်းပင် သူတို့၏ စွမ်းအင်ကို အသက်သွင်းကာ ချက်ချင်း အလင်းတန်းများအဖြစ် ပြောင်းလဲ၍ အတွင်းသို့ ပြေးဝင်သွားကြသည်။

"နဂါးမိန်းကလေး သွားကြစို့"

စုရွှမ်က ပြုံးလိုက်ပြီး သူ၏ ဘေးနားမှ လှပသော ပုံရိပ်လေးကို ကြည့်လိုက်သည်။ စုရွှမ်၏ အသံကို ကြားသောအခါ နဂါးမိန်းကလေးသည် တုန်ယင်သွားပြီး ခေါင်းညိတ်ကာ "ဟုတ်ကဲ့... ဟုတ်ကဲ့ပါ" ဟု ပြောလိုက်သည်။

စုရွှမ်သည် နတ်သမီးတစ်ပါး ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည်နှင့်တူသော လမ့်ရိုလီကို ကြည့်လိုက်သည်။

"ရိုလီ၊ ငါတို့နဲ့ လိုက်ခဲ့ပါ။ ငါ မင်းကို ကာကွယ်ပေးနိုင်တယ်"

"မလိုပါဘူး"

ဤအရာကို တုံ့ပြန်သည့်အနေဖြင့် လမ့်ရိုလီသည် စုရွှမ်ကို အေးစက်စွာသာ ပြန်ဖြေလိုက်သည်။ ဤတစ်ကြိမ် ရှေ့ပိုင်းစွန့်ပစ်နယ်မြေသို့ လာရောက်ခြင်း၏ သူမ၏ ပန်းတိုင်မှာ ဖီးနစ်သစ်သီးပင်ဖြစ်သည်။ အကယ်၍ ဖီးနစ်သစ်သီးကို မရရှိနိုင်ပါက ဤခရီးစဉ်သည် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

သူမ၏ အမြင်အရ စုရွှမ်သည် အလွန်သန်မာသော်လည်း သူတစ်ယောက်တည်း နေခြင်းလောက် အဆင်ပြေမည် မဟုတ်ပေ။

အရေးကြီးဆုံးအချက်မှာ သူမသည် စုရွှမ်ကို လက်မခံသေးခြင်းပင် ဖြစ်သည်။ ဤတစ်ကြိမ် စုရွှမ်ကို ထပ်မံ ရှုံးနိမ့်ခဲ့ရခြင်းက သူမကိုရှက်ရွက်စေခဲ့သည်။ သူမသည် ပို၍ သန်မာလာပြီးမှ စုရွှမ်ကို နိုင်ယူမည်ဟုကတိပြုလိုက်သည်။

နောက်တစ်စက္ကန့်တွင် သူမသည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားခဲ့လေပြီ။ စုရွှမ် ခေါင်းခါကာ အားမတန်သလို ပြုံးလိုက်ပြီး လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားသည်။

လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် စုရွှမ်သည် လမ်းကြောင်းများမှာ ရှုပ်ထွေးပြီး တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်ကို တွေ့ရှိလိုက်ရပြီး လမ့်ရိုလီမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"ရိုလီက တော်တော်လေးတော့ သန်မာပါတယ်။ အဓိပတိရဲ့ ထောင်ခြောက်တစ်ခုခုနဲ့ မကြုံတွေ့သရွေ့တော့ အဆင်ပြေသင့်ပါတယ်"

စုရွှမ်သည် ယခင်က လမ့်ရိုလီနှင့် တိုက်ခိုက်စဉ်က ဤအကြောင်းကို သိရှိခဲ့သည်။ လမ့်ရိုလီ၏ အလွန်အမင်း လျင်မြန်သော ကျင့်ကြံခြင်းအရှိန်သည် စုရွှမ်ကို ချီးကျူးစိတ်ဖြင့် သက်ပြင်းချစေသည်။

တကယ်ကို မြန်လွန်းလှသည်။

လမ့်ရိုလီသည် သူနှင့် လက်ထပ်စဉ်က သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ နတ်နဂါးအသွင်ပြောင်းခြင်းအဆင့်သို့ ခြေချဝင်ရောက်စသာ ရှိသည်ကို သူ မှတ်မိနေသေးသည်။ ဤသည်မှာ ရက်အနည်းငယ်သာ ကြာသေးသော်လည်း သူမသည် နတ်နဂါးအသွင်ပြောင်းခြင်း သတ္တမအဆင့်သို့ ရောက်ရှိနေလေပြီ။

နေ့တိုင်း အဆင့်တက်နေသည်လား။ ဤကဲ့သို့သော ကျင့်ကြံခြင်းအရှိန်နှင့်ဆိုလျှင် သူသာ စနစ်မရှိပါက သူမ၏ နိုင်ယူခြင်းကို ခံရပေလိမ့်မည်။

လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သည်နှင့် ထူထဲသော မီးခိုးရောင်မြူခိုးများ လိမ့်တက်လာသည်။

ဤထူထဲသော မီးခိုးရောင်မြူခိုးသည် ချီစွမ်းအင်နှင့်ပင် ခုခံရန် ခက်ခဲလှသည်။ အကယ်၍ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်သည် နိမ့်ကျပါက သူသည် တိုက်ရိုက် တိုက်ခိုက်ခံရပြီး ထိုနေရာမှာပင် သေဆုံးသွားပေလိမ့်မည်။

ရုတ်တရက် ကျင့်ကြံသူများစွာသည် မည်သည့်နေရာမှ ထွက်ပေါ်လာသည်မသိဘဲ သွေးရူးသွေးတန်း မျက်လုံးများဖြင့် စုရွှမ်ထံသို့ ပြေးဝင်လာကြသည်။

ဘုန်း။

လက်သီးအလင်းတန်းတစ်ချက် လက်ခနဲ ဖြစ်သွားသည်။

ကျင့်ကြံသူများသည် ချက်ချင်းပင် ရှင်းလင်းခြင်း ခံလိုက်ရသည်။

ဤမီးခိုးရောင်မြူခိုးသည် လူကို သတ်နိုင်ရုံသာမက စိတ်ကိုပါ ထိခိုက်စေနိုင်ပုံရ၏။

"နဂါးမိန်းကလေး၊ မင်းရဲ့ကတိကိုတည်ဖို့အချိန်ရောက်ပြီ"

စုရွှမ်သည် သူ၏ ဘေးနား၌ နဂါးစွမ်းအင်ဖြင့် ဝန်းရံထားသော နဂါးမိန်းကလေးကို ကြည့်ကာ ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

"ကောင်းပါပြီ"

နဂါးမိန်းကလေးသည် ခေါင်းအသာညိတ်ကာ စုရွှမ်ကို ပို၍ နက်ရှိုင်းသောနေရာသို့ ခေါ်ဆောင်သွားသည်။ မကြာမီမှာပင် နဂါးမိန်းကလေး၏ လမ်းညွှန်မှုအောက်၌ စုရွှမ်သည် လမ်းတစ်ခုကို ရှာတွေ့ကာ အက်ကွဲကြောင်း၏ အောက်ခြေသို့ ရောက်ရှိလာခဲ့သည်။

မြင်ကွင်းထဲသို့ ရောက်လာသည်မှာ ခမ်းနားထည်ဝါသော မြေအောက်နန်းတော်တစ်ဆောင်ဖြစ်ပြီး မြေအောက်၌ တည်ရှိကာ နက်ရှိုင်းသောနေရာမှ အဓိပတိဖိအားတစ်ခု ထွက်ပေါ်နေခဲ့သည်။

စုရွှမ်သည် သူ၏ နတ်အာရုံကို ထုတ်လွှတ်ကာ အကြမ်းဖျင်း စူးစမ်းလိုက်ရာ ဤမြေအောက်နန်းတော်သည် သူထင်ထားသည်ထက် များစွာ ပို၍ ကြီးမားပြီးကန့်သတ်မရှိသလောက်ဖြစ်သည်ကို တွေ့ရှိလိုက်ရသည်။

လမ်းညွှန်မှုမရှိဘဲနှင့် ရတနာနှင့် အမွေအနှစ်များ ရှာဖွေရန် မဆိုထားနှင့်အသက်ရှင်ကျန်ရစ်နိုင်လျှင်ပင် ကောင်းလှပေပြီ။

သိထားရမည်မှာ ဤအဓိပတိလျှို့ဝှက်နယ်မြေသည် အခွင့်အရေးများသာ ရှိသည် မဟုတ်ပေ။ စကားပုံတစ်ခု အတိုင်းပင် အကျိုးအမြတ်သည် စွန့်စားရမှုနှင့် တွဲပါလာတက်၏။

လျှို့ဝှက်နယ်မြေထဲတွင် မရေမတွက်နိုင်သော အခွင့်အရေးများ ရှိနေသည့်အတွက်ကြောင့် မရေမတွက်နိုင်သော အန္တရာယ်များလည်း ရှိနေသည်မှာ သဘာဝပင် ဖြစ်သည်။ အကယ်၍ သတိမထားမိပါက ကျင့်ကြံသူသည် ဤနေရာတွင် သူ၏ အသက်ကို ဆုံးရှုံးရပေလိမ့်မည်။

နဂါးမိန်းကလေး၏ နောက်သို့ လိုက်၍ စုရွှမ်သည် မြေအောက်နန်းတော်၏ အတွင်းပိုင်းသို့ ပို၍ နက်ရှိုင်းစွာ ဝင်ရောက်သွားသည်။

အဓိပတိလျှို့ဝှက်နယ်မြေထဲတွင် ထူးဆန်းသော အနက်ရောင်မြူခိုးများ နေရာအနှံ့ ရှိနေရာ ၎င်းက စုရွှမ်၏ ယခင်ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်သည်။ ဤအဓိပတိလျှို့ဝှက်နယ်မြေသည် တခုခု ပြောင်းလဲမှုများရှိနေသည်မှာသေချာ၏။

စုရွှမ် အတွင်းသို့ ပို၍ နက်ရှိုင်းစွာ ဝင်ရောက်သွားသည်နှင့်အမျှ ပျက်စီးအနံ့သည် ပို၍ ပြင်းထန်လာသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် လေသည် အေးစက်နေပြီး ထိုနေရာသည် မီးခိုးရောင်မြူခိုးများဖြင့် ဖုံးလွှမ်းနေကာ နေရာတိုင်း၌ အပျက်အစီးများသာ ရှိနေသည်။ ဤနေရာ၌ ကြောက်မက်ဖွယ်ကောင်းသော စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်မှာ ထင်ရှားလှသည်။

မြေပြင်ပေါ်တွင် အလောင်းများ နေရာအနှံ့ ပြန့်ကျဲနေသည်။ အထူးဆန်းဆုံးအချက်မှာ ဤအလောင်းများသည် အနက်ရောင် သေမင်းစွမ်းအင်များ ထုတ်လွှတ်နေပြီး သူတို့၏ ကိုယ်ပေါ်တွင် အနက်ရောင်အကြေးခွံများ ပျံ့နှံ့နေခြင်းပင် ဖြစ်သည်။

"ဘာတွေဖြစ်နေတာလဲ" စုရွှမ် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

ဤကျင့်ကြံသူများသည် ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ပါရမီရှင်များလာ။

ဤထူးဆန်းသော ပြောင်းလဲမှု။ အသွင်ပြောင်းလဲခြင်းပေလား။

အဓိပတိလျှို့ဝှက်နယ်မြေထဲတွင် ဘာများ မှားယွင်းသွားခဲ့သနည်း။

လမ့်ရိုလီ တစ်ခုခု ဖြစ်သွားမည်လော။ ဤစိတ်ရှုပ်ထွေးမှုများ အားလုံးသည် စုရွှမ်ကို လွှမ်းခြုံသွားပြီး သူ၏ အချိန်ကြာမြင့်စွာ တည်ငြိမ်နေခဲ့သော အမူအရာကို လေးနက်သွားစေသည်။

ဘုန်း။

ရုတ်တရက် စုရွှမ်၏ မျက်လုံးများ ရုတ်တရက် စူးစိုက်သွားသည်။

ရှေ့ဘက်တွင် စစ်ပွဲတစ်ခု ဖြစ်ပွားနေပုံရ၏။ စုရွှမ်သည် အလျင်အမြန် ရှေ့သို့ ပြေးသွားရာ အနက်ရောင်အလောင်းများသည် အမှန်တကယ် အသက်ပြန်ရှင် လာပြီး နီရဲသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ကျင့်ကြံသူများထံသို့ ပြင်းထန်စွာ ပြေးဝင်သွားသည်ကို တွေ့လိုက်ရသည်။

တစ်ခဏအတွင်းမှာပင် ကျင့်ကြံသူအချို့သည် အနက်ရောင်အလောင်း၏ စုတ်ဖြဲခြင်းကို ခံလိုက်ရသည်။

"အလောင်းက မီးခိုးရောင်မြူခိုးဝင်စီးတာ ခံရပြီး မိစ္ဆာအလောင်းကောင်အဖြစ် ပြောင်းလဲသွားတာပဲ" စုရွှမ်၏ အမူအရာသည် အနည်းငယ် လေးနက်သွားပြီး သူဘာသာ တီးတိုး ရေရွတ်လိုက်သည်။

ရှေ့မှ ကျင့်ကြံသူအများစုသည် နတ်နဂါးအသွင်ပြောင်းခြင်းအဆင့်သို့ ယခုမှ ဝင်ရောက်ကာ အဓိပတိလျှို့ဝှက်နယ်မြေသို့ လာရောက်ကြသည်ကို သူ တွေ့လိုက်ရသည်။

မိစ္ဆာအလောင်းကောင်နှင့် ရင်ဆိုင်ရသောအခါ သူတို့တွင် ခုခံနိုင်စွမ်းမရှိဘဲ လျင်မြန်စွာပင် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ ထို့နောက် မိစ္ဆာအလောင်းကောင်က စုရွှမ်ထံသို့ ပြေးဝင်လာခဲ့သည်။

နောက်တစ်စက္ကန့် ဓားအလင်းတန်းသည် အနက်ရောင်မြူခိုးကို ဖြတ်တောက်သွားသည်။

ဘုန်း။

မိစ္ဆာအလောင်းကောင်းအချို့သည် ချက်ချင်းပင် ချေမှုန်းခံလိုက်ရပြီး အသားစများနှင့် သွေးအိုင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ စုရွှမ်သည် အတွင်းသို့ ဆက်လက်၍ နက်ရှိုင်းစွာ ဝင်ရောက်သွားသည်။

အခြားကျင့်ကြံသူများ၏ သေခြင်းရှင်ခြင်းနှင့် ပတ်သက်၍မူ ၎င်းသည် စုရွှမ်နှင့် သက်ဆိုင်ခြင်း မရှိပေ။ သူသည် လူကောင်းတစ်ယောက် မဟုတ်သလို သူတော်ကောင်းယောင်ဆောင်တက်သူလဲမဟုတ်ပေ။ သူ၏ ပုံစံမှာ သူအလိုရှိသလို ပြုမူခြင်းပင် ။

သူ၏ နောက်ဘက်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး အလွန်အမင်း စူးရှလှသည်။ စုရွှမ်က လျစ်လျူရှုရန် ရွေးချယ်လိုက်သည်။

All Chapters