လျှို့ဝှက်နယ်မြေမှ သတင်းများ ပျံ့နှံ့သွားခြင်း၊ အဖွဲ့အစည်းအားလုံး တုန်လှုပ်သွားကြခြင်း
Vol. 3 Ch. 40
အဓိပတိလျှို့ဝှက်နယ်မြေအပြင်ဘက် ရှေးဟောင်းသစ်ပင်တစ်ပင်အောက်တွင် စုရွှမ်နှင့် လမ့်ရိုလီတို့သည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ရပ်နေကြပြီး ပတ်ဝန်းကျင်လေထုမှာ အနည်းငယ် ဖိစီးပြီး တင်းမာနေလေသည်။
အခြားသူများ ရှိနေသည့်အခါ စုရွှမ်သည် ပို၍ လွတ်လပ်ပေါ့ပါးစွာ နေနိုင်၏။ သို့သော် ယခုမူ သူသည် မည်သို့ စကားစဘာပြောရမည်ကို မသိတော့ပေ။ သူသည် လမ့်ရိုလီအပေါ် အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။ စနစ်ကိုနှိုးထရန်အလို့ငှာ ထိုနေ့က သူမအပေါ် ထိုသို့ပြုလုပ်ခဲ့ရ၏။
“ရှင် ဘာပြောမလို့လဲ”
လမ့်ရိုလီက ခံစားချက်ကင်းမဲ့သော လေသံဖြင့် ဆိုလိုက်၏။ လျှို့ဝှက်နယ်မြေထဲတွင် စုရွှမ်က သူမကို ကူညီခဲ့၏။ သို့သော် သူမသည် သာမန်အမျိုးသမီးတစ်ယောက်မဟုတ်ဘဲ ဧကရီတစ်ပါး ပြန်လည်ဝင်စားလာသူဖြစ်၏။ ထို့ကြောင့် ဘယ်လိုလုပ် အလွယ်တကူ စိတ်လှုပ်ရှားနိုင်မည်နည်း။
ဟုတ်ပေသည်၊။ ဤသည်မှာ လမ့်ရိုလီ၏ ယခင်ဘဝမှ အတွေ့အကြုံများနှင့်လည်း သက်ဆိုင်နေသည်။ သူမ၏ ယခင်ဘဝတွင် လမ့်ရိုလီသည် မရေမတွက်နိုင်သော ဆုတ်ယုတ်မှုများနှင့် အခက်အခဲများကို ခံစားခဲ့ရပြီးမှ နောက်ဆုံးတွင် သူမ၏ ကိုယ်ပိုင်လမ်းစဉ်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုခက်ခဲကြမ်းတမ်းသော နှစ်များအတွင်း လမ့်ရိုလီသည် အရာအားလုံးကို ထွင်းဖောက်မြင်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူမ၏နှလုံးသားမှာ နှစ်ပေါင်းတစ်သောင်း သက်တမ်းရှိ ရေခဲတမျှ ခိုင်မာပြီး အရည်ပျော်ရန် ခက်ခဲလှလေသည်။
“ငါမေးချင်တာက... မင်း အခုတလော အဆင်ပြေရဲ့လား”
စုရွှမ်သည် တကယ်ပင် ဘာပြောရမှန်းမသိဘဲ အနေရခက်သော မေးခွန်းတစ်ခုကို မေးလိုက်မိသည်။
“ပြေပါတယ်”
ပြန်ဖြေပြီးနောက် လမ့်ရိုလီသည် အနီရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျံသန်းထွက်ခွာသွားသည်။
အမှန်တကယ်တွင် သူသည် စုရွှမ်နှင့် အလွန်အကျွံ မပတ်သက်လိုပေ။
“ထားလိုက်ပါတော့။ ဖြစ်ချင်ရာဖြစ်ပါစေ”
စုရွှမ်သည် လမ့်ရိုလီ၏ ကျောပြင်ကို ကြည့်ကာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။
“တာယန်မြင့်မြတ်သားတော်”
ရုတ်တရက် စုရွှမ်၏ နားထဲသို့ အသံတစ်သံ ဝင်လာသည်။ စုရွှမ်သည် အနည်းငယ် မှင်တက်သွားပြီး နောက်လှည့်ကြည့်လိုက်သည်။ လှပသော ကိုယ်ဟန်နှင့် တောက်ပသော အလင်းရောင်များ ထွက်ပေါ်နေသော အမျိုးသမီးတစ်ဦး ထိုနေရာတွင် ရပ်နေသည်ကို သူတွေ့လိုက်ရသည်။
ဤသူမှာ ယောင်ကွမ်းမြင့်မြတ်သူတော်စင်မမှလွဲ၍ အခြားမဟုတ်ပေ။
“ကိစ္စရှိလို့လား” စုရွှမ်က ခပ်ပေါ့ပေါ့ မေးလိုက်၏။
“တာယန်မြင့်မြတ်သားတော် ဟိုအမျိုးသမီး ရှင်အပေါ်ထားတဲ့ သဘောထားက ရှင်ကို မကြိုက်ဘူးဆိုတဲ့ သဘောပဲလေ။ ဘာလို့ အတင်းအကျပ်လုပ်နေတာလဲ”
“ရှင်သာ ကျွန်မကိုရွေးချယ်မယ်ဆိုရင် လုံးဝကွဲပြားခြားနားတဲ့ အတွေ့အကြုံမျိုး ရမှာပါ”
ယောင်ကွမ်းမြင့်မြတ်သူတော်စင်မ၏ ကိုယ်ဟန်မှာ လှပပြီး သူမ၏ ကောက်ကြောင်းများမှာ အတက်အကျရှိလှသည်။ သူမ၏ အနက်ရောင်ဆံပင်ရှည်မှာ ခါးအထိ ကျဆင်းနေပြီး သူမ၏ ကိုယ်မှာ ကြည်လင်တောက်ပကာ မှော်ဆန်သောအလင်းရောင်ကို ထုတ်လွှတ်နေသည်။
သူမက ပါးစပ်ဟကာ စုရွှမ်ကို ဤသို့ဆိုလိုက်သည်။ စုရွှမ်၏ အနာဂတ်ကို မြင်တွေ့ပြီးနောက် ယောင်ကွမ်းမြင့်မြတ်သူတော်စင်မ နားလည်သွားသည်မှာ ဤသည်မှာ အခွင့်အရေးတစ်ခုပင်။ အကယ်၍ သူမသာ စုရွှမ်နှင့် အမြဲတစေ အတူရှိနိုင်မည်ဆိုလျှင် သူမ၏အနာဂတ်အောင်မြင်မှုမှာ ဧကန်မလွဲ ကြီးမားပေလိမ့်မည်။
ကြီးကျယ်သော ပြိုင်ဆိုင်မှုခေတ်တွင် ပါရမီရှင်များ ပေါ်ထွက်လာပြီး ကြယ်များမှာ လုံလောက်စွာ တောက်ပနေသည်။ သို့သော် တစ်ချိန်တည်းတွင် လုံလောက်စွာ ရက်စက်လှသည်။ နောက်ဆုံးတွင် ပါရမီရှင်များစွာသည် ခဏတာသာ ပြေးလွှားခဲ့ရပြီး ဘာမှမရရှိဘဲ အချိန်ကာလက မေ့လျော့သွားကာ သမိုင်း၏ ဖုန်မှုန့်များ ဖြစ်သွားကြသည်။ ယောင်ကွမ်းမြင့်မြတ်သူတော်စင်မမှာမူ အလွန်ထက်မြက်ပြီး ဤအချက်ကို မြင်ခဲ့သည်။
တစ်ချိန်တည်းတွင် သူမသည် ဤကမ္ဘာကြီး၌ သူမ၏ပါရမီမှာ အဆုံးထိရပ်တည်ရန် မလုံလောက်ကြောင်းကိုလည်း သိရှိ၏။ ထို့ကြောင့် သူမသည် ကိုယ်အတွက် အားကိုးရာတစ်ခုကို ရှာဖွေရန် ရွေးချယ်ခဲ့သည်။
ဘန်း
စုရွှမ်က လက်ကိုမြှောက်လိုက်ရာ ဖိအားတစ်ခုသည် ချက်ချင်း ကျရောက်လာသည်။ ယောင်ကွမ်းမြင့်မြတ်သူတော်စင်မ၏ မျက်နှာသည် ရုတ်တရက် ရှုံ့မဲ့သွားပြီး အလွန်အမင်း မသက်မသာ ခံစားလိုက်ရသည်။
“တာယန်မြင့်မြတ်သားတော် ရှင်”
“မင်းက ရိုလီရဲ့ လက်ချောင်းတစ်ချောင်းလောက်တောင် မကောင်းဘူး။ နောက်တစ်ခါ ဒီလိုထပ်ပြောရင် မင်းကိုငါသတ်ပစ်မယ်”
စုရွှမ်က အေးစက်စွာ ဆိုလိုက်ပြီး သူ၏လက်စကို ဝှေ့ယမ်းကာ တောက်ပသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားသည်။
“ဝေါ့”
ယောင်ကွမ်းမြင့်မြတ်သူတော်စင်မသည် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ပြီး သူမ၏မျက်နှာမှာ ဖြူဖျော့ကာ အလွန်အမင်း မည်းမှောင်သွားသည်။
“ငါ ယောင်ကွမ်းမြင့်မြတ်သူတော်စင်မက ဟိုမိန်းမလောက် မကောင်းဘူးဆိုတာကို ငါမယုံဘူး”
“သူမက ဘယ်အင်အားစုရဲ့ အမွေဆက်ခံသူလဲဆိုတာ ငါသိအောင်လုပ်ရမယ်”
စုရွှမ်၏ ရက်စက်စွာ ငြင်းပယ်ခြင်းကို ခံရပြီးနောက် ယောင်ကွမ်းမြင့်မြတ်သူတော်စင်မ၏ စိတ်ထဲတွင် ဆိုးရွားသော အတွေးတစ်ခု ပေါ်ပေါက်လာသည်။
“ကြားပြီးပြီလား။ အဓိပတိလျှို့ဝှက်နယ်မြေ ဖွင့်တုန်းက ငါတို့ ရှေ့ပိုင်းစွန့်ပစ်နယ်မြေရဲ့ ထိပ်တန်းပါရမီရှင်တွေ အများကြီး သေဆုံးသွားကြတယ်”
“ဟုတ်တယ်။ တကယ်ကို ဝမ်းနည်းစရာပဲ။ ရှေ့ပိုင်းစွန့်ပစ်နယ်မြေ ပါရမီရှင်စာရင်းရဲ့ နံပါတ်တစ်၊ နတိဘုရားဂိုဏ်းကြီးနှစ်ခုရဲ့ သူတော်စင်သားတော်တွေ၊ ပြီးတော့ ချန်မိသားစုရဲ့ ဧကရာဇ်သားတော်၊ အားလုံး သေဆုံးသွားကြတယ်။ အထဲမှာ ဘာဖြစ်ခဲ့လဲ တကယ်မသိဘူး”
“အိုး ဘယ်သူသိမှာလဲ။ ဒီကိစ္စက တကယ်ကို နက်နဲတယ်...”
“ပါရမီရှင်အားလုံးက လျှို့ဝှက်နယ်မြေအတွင်း အဓိပတိအလောင်းက အဆင့်ကဲပြောင်းလဲလာတာကြောင့် လင်းတိနဲ့ အခြားသူတွေ အဓိပတိအလောင်းရဲ့ လက်ချက်နဲ့ သေဆုံးသွားတယ်လို့ပြောတာပဲ။ တကယ်အကြောင်းရာကို သူတို့ကိုယ်တိုင်သာသိလိမ့်မယ်" အဓိပတိလျှို့ဝှက်နယ်မြေပြီးနောက် ရှေ့ပိုင်းစွန့်ပစ်နယ်မြေတစ်ခုလုံးမှာ ဆူပွက်နေလေသည်။
လျှို့ဝှက်နယ်မြေဖွင့်လှစ်သည့်အခါ သူတို့၏ မျိုးဆက်မှ အသန်မာဆုံးလူသုံးဦးစလုံး အထဲတွင် သေဆုံးသွားခဲ့ကြောင်း လူတိုင်းသိကြသည်။
ထိုသို့သောသတင်းသည် မရေမတွက်နိုင်သော လူများအတွက် ဝမ်းနည်းဖွယ်ရာနှင့် နှမြောစရာပင်။ အကယ်၍ သူတို့သာ မကျဆုံးခဲ့လျှင် အထွတ်အထိပ်အတွက်ပင် တိုက်ပွဲဝင်နိုင်ပေလိမ့်မည်။ သို့သော် ယခုမူ အရာအားလုံး... ပျောက်ဆုံးသွားခဲ့ပြီ။
ထိုက်ရွှမ်းဂိုဏ်း
“ဘာ... လင်းတိ... သေသွားပြီဟုတ်လား”
“လင်းတိက မွေးရာပါ သူတော်စင်၊ မွေးကတည်းက အရာရာကို သိမြင်နိုင်တယ်။ သူ့ရဲ့ ဧကရာဇ်ဖြစ်မယ့်လမ်းက ဖြောင့်ဖြူးနေတာ၊ ဘယ်လိုလုပ် သေနိုင်မှာလဲ”
“သူက အဓိပတိအလောင်းရဲ့ လက်ချက်နဲ့ သေဆုံးရတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ”
“အား ငါမယုံဘူး!ငါမယုံဘူး!”
လင်းတိအဓိပတိလျှို့ဝှက်နယ်မြေတွင် သေဆုံးသွားကြောင်း သတင်းရရှိပြီးနောက် ထိုက်ရွှမ်းဂိုဏ်း၏ ခေါင်းဆောင်သည် ခဏတာ မှင်တက်သွားပြီးနောက် ရူးသွပ်သွားကာ အဆက်မပြတ် အော်ဟစ်ငိုယိုနေလေသည်။
ရှေ့ပိုင်းစွန့်ပစ်နယ်မြေတွင် ထိုက်ရွှမ်းဂိုဏ်းသည် ကြီးမားသော အင်အားစုဟု မသတ်မှတ်နိုင်ဘဲ ဧကရာဇ်မျိုးနွယ်၊ မြင့်မြတ်နယ်မြေနှင့် နတ်ဘုရားဂိုဏ်းတို့နှင့် မယှဉ်နိုင်ပေ။
လင်းတိသည် ထိုက်ရွှမ်းဂိုဏ်းတစ်ခုလုံး၏ မျှော်လင့်ချက်ဖြစ်ပြီး ဂိုဏ်းသည် လင်းတိ၏ အစွမ်းဖြင့် တိုးတက်ရန် မျှော်လင့်ခဲ့သည်။
သို့သော် ယခုမူ လင်းတိ၏ သေဆုံးမှုသည် လူတိုင်းအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်ပြီး ထိုက်ရွှမ်းဂိုဏ်း၏ တိုးတက်မည့် မျှော်လင့်ချက်ကို လုံးဝ ပျက်စီးစေခဲ့သည်။
ဤသည်မှာ ထိုက်ရွှမ်းဂိုဏ်းအတွက် အလွန်ဆိုးရွားသော သတင်းပင်။
သို့သော် မည်သည့်သက်သေမျှမရှိဘဲ ထိုက်ရွှမ်းဂိတ်က ဘာမှမလုပ်နိုင်ချေ။
ဘူထျန်းဂိုဏ်း။
“ဘာ....တောက်ရီ... သေသွားပြီဟုတ်လား”
“ဘယ်လိုဖြစ်နိုင်မှာလဲ။ တောက်ရီက မွေးရာပါ တာအိုခန္ဓာကိုယ်၊ သူ့ရဲ့ ဉာဏ်ပညာက မိစ္ဆာတစ်ကောင်လိုပဲ။ သူက ရန်သူတွေကို သူ့လက်ဖဝါးထဲမှာ အမြဲကစားနေတာ။ ဘယ်လိုလုပ် သေနိုင်မှာလဲ”
“တောက်ရီက မျိုးဆက်ဆယ်ဆက်အတွင်း ဘူထျန်းဂိုဏ်းရဲ့ အထူးချွန်ဆုံး ပါရမီရှင်ပဲ။ သူဘယ်လိုလုပ်... သေနိုင်မှာလဲ”
“ဘယ်သူလဲ! တောက်ရီကို ဘယ်သူသတ်တာလဲ။ ငါသူ့ကိုသတ်မယ်” ခန်း
တစ်ခုတွင် နက်နဲသည့် အရှိန်အဝါရှိသော အဖြူရောင်ဝတ်စုံနှင့် လူတစ်ဦးသည် မျက်လုံးများရီရဲနေပြီး သတင်းကို အနည်းငယ် မယုံနိုင်ဖြစ်နေသည်။
ထိုသူမှာ ဘူထျန်းဂိုဏ်း၏ ခေါင်းဆောင် ထျန်းရီမှလွဲ၍ အခြားမဟုတ်ပေ။
တောက်ရီသည် သူ၏ အလားအလာအရှိဆုံး တပည့်ဖြစ်ပြီး ငယ်စဉ်ကတည်းက သူ၏ဆက်ခံသူအဖြစ် လေ့ကျင့်ပေးခဲ့သည်။ ထို့ကြောင့် ဤမျှ မြင့်မားသော အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ယခုမူ တောက်ရီ သေဆုံးသွားလေပြီ။
ထျန်းရီက ဤအရာကို မည်သို့ လက်ခံနိုင်မည်နည်း။ သို့သော် အသက်ရှင်ကျန်ရစ်သူ ပါရမီရှင်အားလုံးက တောက်ရီသည် အဓိပတိမိစ္ဆာအလောင်း၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း တညီတညွတ်တည်း ဆိုကြသည်။ ထျန်းရီသည် ဤအရာကို သဘာဝကျကျ မယုံနိုင်ပေ။ သို့သော် တောက်ရီကို သတ်ခဲ့သူမှာ မည်သူဖြစ်မည်နည်း။
“ငါ ထျန်းကျီခန်းမကို တစ်ခေါက်သွားရတော့မယ်...”
ကျဲ့ထျန်းဂိုဏ်း။
ကျဲ့ထျန်းဂိုဏ်း၏ ခေါင်းဆောင် ချန်းဟဲသည် သတင်းကို ကြားသောအခါ သူ၏မျက်နှာသည် ဘူထျန်းဂိုဏ်း၏ ခေါင်းဆောင်ကဲ့သို့ပင် ချက်ချင်း မည်းမှောင်သွားသည်။
“နျဲချန်းက မာနကြီးပေမယ့် မဆင်မခြင်လုပ်တတ်တဲ့သူ မဟုတ်ဘူး။ ဘယ်လိုလုပ် အလွယ်တကူ သေနိုင်မှာလဲ”
“သူက အဓိပတိမိစ္ဆာအလောင်းရဲ့ လက်ချက်နဲ့ သေဆုံးရတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါဆို တခြားသူတွေ ဘာလို့မသေတာလဲ။ သူတို့က နျဲချန်းလောက်တောင် မတော်ဘူးဆိုတာ ရှင်းနေတာပဲ”
“နျဲချန်းကို ဘယ်သူသတ်သွားလဲဆိုတာ ငါ့ကိုမသိစေနဲ့ မဟုတ်ရင် သူ့မိသားစုတစ်စုလုံးကို ငါရှင်းပစ်မယ်!!!”
ကျဲ့ထျန်းဂိုဏ်း၏ ခေါင်းဆောင်သည် တိုးတိုးလေး ရေရွတ်လိုက်ပြီး သူ၏မျက်နှာမှာ ရေစက်ကျလောက်အောင် မည်းမှောင်နေသည်။
......
ရှေ့ပိုင်းစွန့်ပစ်နယ်မြေ ဧကရာဇ်မျိုးနွယ်၊ ချန်မိသားစု။
“ငါတို့မျိုးနွယ်ရဲ့ ဧကရာဇ်သားတော် ကျဆုံးသွားပြီလား။ ခေါင်းကိုးလုံးခြင်္သေ့ရဲ့ ရိုက်ချက်တစ်ချက်တည်းနဲ့ သေသွားတာဟုတ်လား”
“သေစမ်း! ခေါင်းကိုးလုံးခြင်္သေ့မျိုးနွယ် ငါ့ချန်မိသားစုနဲ့ မင်းတို့မျိုးနွယ်က ကမ္ဘာရန်တွေပဲ”
ချန်မိသားစု၏ ခေါင်းဆောင် ချန်ချန်းအန်းသည် မျက်လုံးများရီရဲကာ အော်လိုက်သည်။