← Chapters

ကျင့်ကြံခြင်းအဆင့် တိုးတက်ခြင်း၊ သဘာဝတရား၏ နိယာမများကို ထိန်းချုပ်ခြင်း

Vol. 3 Ch. 41

ကျင့်ကြံခြင်းအဆင့် တိုးတက်ခြင်း၊ သဘာဝတရား၏ နိယာမများကို ထိန်းချုပ်ခြင်း

Vol. 3 Ch. 41

နေဝင်ရီတရောအလင်းရောင်များက တာယန်မြင့်မြတ်နယ်မြေ၏ တောင်ထွတ်အသွယ်သွယ်ပေါ်သို့ သက်ဆင်းကျရောက်နေပြီး မြင့်မြတ်နယ်မြေတစ်ခုလုံးကို ရွှေရောင်ကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းလဲစေကာ အလွန်အမင်း တင့်တယ်လှပနေ၏။

ရုတ်တရက်ဆိုသလို အဝေးဆီ၌ ဝတ်ရုံဖြူဝတ် ပုံရိပ်တစ်ခုက ကောင်းကင်ယံကို နင်းလျှောက်ရင်း သူတော်စင်တစ်ပါးကဲ့သို့သော အရှိန်အဝါဖြင့် ဖြည်းညင်းစွာ ချဉ်းကပ်လာသည်။

“ဒါ..ဒါ မြင့်မြတ်သားတော် ပြန်လာပြီ… ဒီအရှိန်အဝါက… မြင့်မြတ်သားတော်က အရင်ကထက်တောင် ပိုကြောက်ဖို့ကောင်းလာသလိုပဲ…”

“ဘုရားရေ…ဒါ ဟွမ်သွမ့်ကြာပန်းစိမ်း… အမတဘုရင်ဆင်းသက်ခြင်းရယ်… မြင့်မြတ်သားတော်က အခု ဘယ်လောက်တောင် ကြောက်စရာကောင်းနေပြီလဲ…”

“ဒီတစ်ခေါက် အဓိပတိလျှို့ဝှက်နယ်မြေ ဖွင့်ပွဲမှာ ထိပ်သီးပါရမီရှင်တွေ အများကြီး သေဆုံးသွားတယ်လို့ ကြားတယ်… တော်သေးတာပေါ့… မြင့်မြတ်သားတော် ဘာမှမဖြစ်လို့…”

“မြင့်မြတ်သားတော်ရဲ့ ကံကြမ္မာက ပင်လယ်ကြီးလိုပဲ… ကံတရားက သူ့ဘက်မှာရှိတာ… ဘယ်လိုလုပ်ပြီး တစ်ခုခုဖြစ်နိုင်မှာလဲ…”

“ဝူးဝူးဝူး… မြင့်မြတ်သားတော်က ချောလိုက်တာ… သူ့အတွက် ကလေးမွေးပေးချင်လိုက်တာ…”

“……”

ပြောရမည်ဆိုလျှင် စုရွှမ်၏ တာယန်မြင့်မြတ်နယ်မြေအတွင်း ကျော်ကြားမှုမှာ အမှန်တကယ်ပင် မြင့်မားနေပြီ ဖြစ်၏။

အားပေးသံများ ကြားထဲ၌ စုရွှမ်၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်းပင် ရှိနေပြီး သူက မြင့်မြတ်သခင်ခန်းမဆောင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။

“မြင့်မြတ်သခင်… ကျွန်တော် ပြန်လာပါပြီ…”

ခန်းမဆောင်ကြီးအတွင်းသို့ ဝင်ရောက်သောအခါ စုရွှမ်က မြင့်မြတ်သခင်ကို ချက်ချင်းတွေ့လိုက်ပြီး နှုတ်ဆက်လိုက်သည်။

“စုရွှမ်… မင်း ပြန်လာပြီလား”

စုရွှမ်၏ ပုံရိပ်ကို မြင်လိုက်ရသောအခါ မြင့်မြတ်သခင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာပြီး လျှပ်တစ်ပြက်အတွင်း သူက စုရွှမ်၏ ဘေးသို့ ရောက်လာ၏။

သူ ကြားသိရသည်မှာ ဤတစ်ကြိမ် အဓိပတိလျှို့ဝှက်နယ်မြေ ဖွင့်လှစ်မှုတွင် လင်းတီ၊ တောက်ရီ နှင့် နျဲချန်း ကဲ့သို့သော ပါရမီရှင်များပင် သေဆုံးသွားခဲ့သည်ဟု ဖြစ်၏။

ထိုသတင်းများထဲတွင် စုရွှမ်နှင့် ပတ်သက်သော သတင်းမှာပါရမီရှင်များက တမင်တကာ ဖုံးကွယ်ထားသကဲ့သို့ ရှိပြီး အချက်အလက် အနည်းငယ်မျှသာ ပေါက်ကြားလာသည်။

ဤအကြောင်းကြောင့်ပင် သူက စုရွှမ်အတွက် အလွန်အမင်း စိုးရိမ်နေခဲ့၏။

စုရွှမ်ကို တစ်ပတ်လှည့်ကြည့်ပြီးနောက် မြင့်မြတ်သခင်က သက်ပြင်းတစ်ချက် ချလိုက်သည်။

တော်သေး၏။ စုရွှမ် ဘာမှမဖြစ်ခဲ့ပေ။

“ဘယ်လိုလဲ… ဒီတစ်ခေါက် လျှို့ဝှက်နယ်မြေခရီးစဉ်က အဆင်ပြေရဲ့လား…”

မြင့်မြတ်သခင်က စုရွှမ်ကို ကြင်နာစွာ ပြုံး၍ မေးလိုက်သည်။

“မဆိုးပါဘူး… အမတဆေးပင် နှစ်ပင် ရခဲ့တယ်…”

စုရွှမ်က အေးဆေးတည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။

“ဟင်း… နှစ်ပင်တောင်လား… အမတဆေး ဟုတ်လား… အဲဒါတွေက လျှို့ဝှက်နယ်မြေထဲမှာ အတန်ဖိုးဆုံး ရတနာတွေ မဟုတ်ဘူးလား… မင်း တကယ်ကြီး ရခဲ့တာလား…”

မြင့်မြတ်သခင်မှာ အနည်းငယ် အံ့အားသင့်သွားသည်။

“ဟုတ်တယ်… ဒါပေမဲ့ မြင့်မြတ်သခင်… ဘာလို့ အဲဒီလို အမူအရာ ဖြစ်သွားတာလဲ… ကျွန်တော့်ကို မယုံဘူးလား…”

စုရွှမ်က လေသံပေါ့ပေါ့ဖြင့် ပြုံး၍ မေးလိုက်၏။

ရုတ်တရက် မြင့်မြတ်သခင်က တစ်စုံတစ်ခုကို သတိရသွားဟန်တူပြီး သူ၏ မျက်လုံးများမှ စူးရှသော အလင်းရောင်တစ်ချက် ထွက်ပေါ်လာသည်။

“စုရွှမ်… ငါ့ကို အမှန်အတိုင်းပြောစမ်း… အဲဒီပါရမီရှင်တွေ… မင်းလက်နဲ့ သေခဲ့တာလား…”

ဤသို့ပြောနေစဉ်တွင် မြင့်မြတ်သခင်က သူ့အသံကို နှိမ့်ချလိုက်သည်။

စုရွှမ်က အဓိပတိလျှို့ဝှက်နယ်မြေမှ အဖိုးတန်ဆုံး ရတနာများကို ရယူနိုင်ခဲ့သည်ကို ထောက်ရှုလျှင် သူ ဘယ်အရာများကို တွေ့ကြုံခဲ့ရသည်ကို ခန့်မှန်းနိုင်၏။

“ဟုတ်တယ်”

စုရွှမ်က အနည်းငယ်မျှ ချီတုံချတုံမဖြစ်ဘဲ ဘာမှ ဖုံးကွယ်မထားဘဲ အမှန်အတိုင်း တိုက်ရိုက်ပြောလိုက်သည်။

“ရှီး”

ဤစကားကို ကြားသောအခါ တာယန်မြင့်မြတ်သခင်ပင်လျှင် အေးစက်သော လေကို ရှူသွင်းမိလိုက်၏။

လင်းတိနှင့် တခြားသူများမှာ အမှန်ပင် စုရွှမ်၏ လက်ချက်ဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

“ဘာဖြစ်လို့လဲ မြင့်မြတ်သခင်… ကျွန်တော် သူတို့ကို မသတ်သင့်လို့လား…” ဟု စုရွှမ်က မေးလိုက်၏။

“ဟားဟားဟား… မဟုတ်တာပဲ… ပြိုင်ဆိုင်မှုကြီးမားတဲ့ ခေတ်ကြီးမှာ မသတ်ဖြတ်ဘဲနဲ့ ဘယ်လိုလုပ် အထွတ်အထိပ်ကို ရောက်နိုင်မှာလဲ… ကောင်းတယ်… သတ်တာ အရမ်းကောင်းတယ်…”

မြင့်မြတ်သခင်က စိတ်လှုပ်ရှားသော အမူအရာဖြင့် အားရပါးရ ရယ်မောလိုက်သည်။

“ဒါပေမဲ့ မင်း သူတို့ကို သတ်ခဲ့မှတော့ ဘာလို့ သတင်းမထွက်လာရတာလဲ… တခြားသူတွေ မမြင်ကြဘူးလား…”

“သူတို့ မြင်ပါတယ်… ကျွန်တော် သူတို့ကို ခြိမ်းခြောက်ထားတော့ သူတို့ မပြောရဲလောက်ဘူး ထင်တယ်…”

စုရွှမ်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။

“လူတစ်ယောက်က ရှေ့ပိုင်းစွန့်ပစ်နယ်မြေက ပါရမီရှင် အားလုံးကို ခြိမ်းခြောက်တယ်… ဟားဟားဟား… စုရွှမ်… မင်း တော်တော် သတ္တိကောင်းတာပဲ… ငါ ကလေးဘဝကတည်းက မျှော်လင့်ချက်ထားခဲ့ရတဲ့ လူတစ်ယောက်နဲ့ တကယ် ထိုက်တန်ပါပေတယ်…”

.......

မြင့်မြတ်သခင်နှင့် စကားပြောပြီးနောက် စုရွှမ်က မြင့်မြတ်သားတော်ခန်းမဆောင်သို့ ပြန်လာခဲ့သည်။

အမတဆေး နှစ်ပင်ကို ထုတ်ယူ၍ စုရွှမ်က တစ်ပင်လုံး မျိုချလိုက်၏။

ဘုန်း

ပြင်းထန်သော စွမ်းအားတစ်ခုက စုရွှမ်၏ ကိုယ်တွင်း၌ ပေါက်ကွဲထွက်လာသည်။

နတ်နဂါးအသွင်ပြောင်းခြင်းအဆင့် နဝမအဆင့်

ဘုန်း

ချမ်းသွမ့်အဆင့် ပထမအဆင့်

ချမ်းသွမ့်အဆင့် ဒုတိယအဆင့်

ချမ်းသွမ့်အဆင့် တတိယအဆင့်

ထိုအခိုက်၌ စနစ်၏ အသိပေးသံ ထွက်ပေါ်လာ၏။ “ပိုင်ရှင်က အမတဆေးပင်ကို သုံးစွဲလိုက်သဖြင့် ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ နိုးကြားမှု တိုးတက်နှုန်း .၆% တိုးသွားသည်”

သူ စနစ်၏ စာမျက်နှာကို ဖွင့်လိုက်၏။

အမည် - စုရွှမ်

အဆင့်အတန်း - မြောက်ပိုင်းနယ်မြေ စုမိသားစု၏ ဧကရာဇ်သားတော်၊ ရှေ့ပိုင်းစွန့်ပစ်နယ်မြေ တာယန်မြင့်မြတ်နယ်မြေ၏ မြင့်မြတ်သားတော်

ကျင့်ကြံခြင်းအဆင့် - ချမ်းသွမ့်အဆင့် တတိယအဆင့်

ကျင့်ကြံခြင်းနည်းလမ်းများ - တာယန်မြင့်မြတ်ကျမ်း၊ စုမိသားစု ဧကရာဇ်ကျမ်း (မပြည့်စုံ)၊ ထာဝရဧကရာဇ်ကျမ်း

နတ်ဘုရားတန်ခိုးများ - တာယန်ဓားသိုင်းကိုးမျိုး(ဓားကိုးစင်း)၊ ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ်လက်သီးသိုင်း

ခန္ဓာကိုယ် - အဓိပတိရိုး၊ ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ (နိုးကြားမှု ၀.၁၂)

စနစ်၏ စာမျက်နှာပေါ်မှ အရည်အချင်းအမျိုးမျိုးကို ကြည့်၍ စုရွှမ်က ကျေနပ်စွာ ပြုံးလိုက်သည်။

ညဉ့်နက်သောအခါ လေက ရေကဲ့သို့ အေးစက်နေ၏။ စုရွှမ် ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး ညင်သာစွာ တွန်းဖွင့်လိုက်သည်။

ချက်ချင်းပင် လေအေးတစ်ချက်က သူ့အပေါ်သို့ တိုက်ခတ်လာသည်။

လရောင်က ကမ္ဘာကြီးကို ဖုံးလွှမ်းထားပြီး စုရွှမ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားကာ ခပ်တိုးတိုး ရယ်မောလိုက်၏။

“ချမ်းသွမ့်အဆင့် တတိယအဆင့်… လူငယ်မျိုးဆက်ထဲမှာတော့ ဘယ်သူပဲလာလာ သေဖို့ပဲရှိတယ်…”

……

မြောက်ပိုင်းနယ်မြေ၊ကောင်းကင်ဘုံကိုးခုမြင့်မြတ်နန်းတော်။

တောင်ထွတ်ပေါ်ရှိ တန်ဆောင်းတစ်ခုအတွင်း၌ ဖြစ်သည်။

လမ့်ရိုလီက တန်ခိုးရှင်ကျင့်စဉ်အစီအရင်ကို ခင်းကျင်းပြီး ဖြစ်၏။

ဤအစီအရင်ကို လမ့်ရိုလီက သူ၏ အတိတ်ဘဝ မှတ်ဉာဏ်များအရ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ၎င်းက ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူရာတွင် အထောက်အကူပြုနိုင်ကာ အလွန်အမင်း ထူးခြားဆန်းကြယ်၏။

ထိုကဲ့သို့သော အစီအရင်မျိုးကို သာမန် အစီအရင်ဆရာတစ်ယောက်အား ပေးလိုက်လျှင် သူတို့ အမှန်ပင် ခင်းကျင်းနိုင်မည် မဟုတ်ပေ။

သို့သော် လမ့်ရိုလီမှာ သာမန် အစီအရင်ဆရာတစ်ယောက် မဟုတ်သည်မှာ ထင်ရှား၏။

အစီအရင်ပိုင်းတွင် သူ၏ ကျွမ်းကျင်မှုမှာ အထွတ်အထိပ် မဟုတ်သော်လည်း တာအိုရွှမ်နယ်မြေတစ်ခုလုံးတွင် ထားကြည့်ပါက သူမနှင့် ယှဉ်နိုင်သော ဒုတိယတစ်ယောက်ကို ရှာတွေ့ရန် အမှန်ပင် မဖြစ်နိုင်ပေ။

အစီအရင်ကို ခင်းကျင်းပြီးနောက် လမ့်ရိုလီက နတ်ဖီးနစ်အပင်ကို မျိုချလိုက်သည်။

(N/T - နတ်ဖီးနစ်အပင်/အသီး mtlမို့မျိုးမျိုးပြောင်းနေပါတယ်)

ချက်ချင်းပင် သူက တဟုန်ထိုးထွက်ပေါ်လာသော စွမ်းအားကို သူ၏ ကိုယ်တွင်း၌ ခံစားလိုက်ရသည်။

သူမက ခြေချိတ်ထိုင်၍ လက်ပုံစံများ ဖွဲ့လိုက်၏။

တစ်ခဏအတွင်း ကောင်းကင်ဘုံကိုးခုမြင့်မြတ်နန်းတော်တစ်ခုလုံး ပတ်လည်မှ မိုင်ပေါင်းမည်မျှကွာဝေးသည် မသိသော ဝိညာဉ်စွမ်းအင်များက လမ့်ရိုလီရှိရာ တောင်ထွတ်ဆီသို့ စုစည်းလာကြသည်။

မကြာမီပင် လမ့်ရိုလီ၏ ခန္ဓာကိုယ်မှာ တဟုန်ထိုးတက်လာသော ဝိညာဉ်စွမ်းအင်ဒီလှိုင်းများဖြင့် လုံးဝ ဖုံးလွှမ်းသွားသည်။

သူမ၏ ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော ရုန်းများရစ်ပတ်နေပြီး နတ်ဖီးနစ်ငှက်မီးလျှံများဖြင့် ဖုံးအုပ်ထားရာ မီးလျှံနတ်သမီးတစ်ပါးကဲ့သို့ ရှိပြီး တုနှိုင်းမဲ့လှသည်။

ဘုန်း။

သူမ၏ ကျင့်ကြံခြင်းအဆင့် အတားအဆီးမှာ တိုက်ရိုက်ပင် ကျိုးပျက်သွား၏။

နတ်နဂါးအသွင်ပြောင်းခြင်းအဆင့် အဋ္ဌမအဆင့်

နတ်နဂါးအသွင်ပြောင်းခြင်းအဆင့် နဝမအဆင့်

ချမ်းသွမ့်အဆင့် ပထမအဆင့်

နောက်ဆုံးတွင် လမ့်ရိုလီ၏ ကျင့်ကြံခြင်းအဆင့်မှာ တစ်ရှိန်ထိုး ချမ်းသွမ့်အဆင့်သို့ တိုးတက်သွားသည်။

“ချမ်းသွမ့်အဆင့်ကို တက်ရောက်နိုင်ပြီဆိုတော့ ကောင်းကင်ဘုံကိုးခုနတ်ဖီးနစ်ငှက်ခန္ဓာက ပိုပြီး နက်နက်ရှိုင်းရှိုင်း နိုးကြားလာပြီ… စုရွှမ်ကို နောက်တစ်ခါ တွေ့တဲ့အခါ ငါ သူ့ကို သေချာပေါက် နိုင်ယူနိုင်မှာပဲ”

လမ့်ရိုလီက တောက်ပစွာ ပြုံးလိုက်၏။

သူမ၏ အတိတ်ဘဝတွင် သူမက အထွတ်အထိပ်သို့ ရောက်ရန်အတွက်သာ ကျင့်ကြံခဲ့သည်။

ဤဘဝတွင် သူမ၌ ကျင့်ကြံရန် နောက်ထပ် ရည်ရွယ်ချက်တစ်ခု ရှိလာသည်။ ထိုအရာမှာ စုရွှမ်ကို နိုင်ယူနိုင်ရန် ဖြစ်သည်။

စုရွှမ်အကြောင်း တွေးမိသောအခါ လမ့်ရိုလီမှာ ကိုယ့်ကိုကိုယ် သံသယအနည်းငယ် ထပ်ဖြစ်မိပြန်သည်။

သာမန် တာအိုရွှမ်နယ်မြေလေးတစ်ခုမှာ ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာက ဘာလို့ ပေါ်လာရတာလဲ။

သူ့ရဲ့ ဓားသိုင်းပညာက ဘာလို့ ဒီလောက် ကြောက်စရာကောင်းနေရတာလဲ။

သူ့နောက်ကွယ်မှာ တစ်စုံတစ်ယောက် ရှိနေတာလား။

ဒါမှမဟုတ် သူက ငါ့လိုပဲ တန်ခိုးကြီးပုဂ္ဂိုလ်တစ်ယောက် ပြန်ဝင်စားတာများလား။

…….

ထို့နောက် စနစ်၏ အသိပေးသံ ထွက်ပေါ်လာ၏။

“လက်ထပ်ပြီး နဝမမြောက်နေ့တွင် ဆုလာဘ်အဖြစ် မိုးမြေနိယာမကို ရရှိပါသည်။ မိုးမြေနိယာမ - ဝိညာဉ်စွမ်းအင်များ သွန်းလောင်း၍ မူလဝိညာဉ်က ပုံပေါ်လာ၏။ ခန္ဓာကိုယ်မှာ တောင်မြင့်ကြီးသဖွယ်ဖြစ်ပြီး ကောင်းကင်သို့ ထိမတတ် မြင့်မားကာ မြေကြီးပေါ်တွင် ခိုင်မာစွာ ရပ်တည်သည်။ နတ်ဘုရားတန်ခိုးကို ကျွမ်းကျင်သောအခါ ဦးခေါင်းမှာ ကောင်းကင် ၃၃ ဘုံ သို့ ရောက်ပြီး ခြေထောက်များက ငရဲ ၁၈ ထပ်ကို နင်းချနိုင်၏။ မိုးမြေနိယာမ နေနှင့်လတို့ အတူတကွ တောက်ပ၏။”

နောက်တစ်နေ့တွင် စုရွှမ် နိုးလာသည်။

သူ မျက်လုံးဖွင့်လိုက်သည်နှင့် သာယာသော စနစ်၏ အသိပေးသံက စုရွှမ်၏ စိတ်ထဲတွင် ပေါ်လာသဖြင့် စုရွှမ်မှာ တုန်လှုပ်၍ ရုတ်တရက် ထထိုင်လိုက်သည်။

“မိုးမြေဥနိယာမလား… အဲဒါက ဒဏ္ဍာရီလာ ထိပ်တန်း နတ်ဘုရားတန်ခိုး မဟုတ်ဘူးလား…”

စုရွှမ်မှာ တုန်လှုပ်သွားသည်။

သူ ဤနတ်ဘုရားတန်ခိုးအကြောင်း ကြားဖူး၏။ ၎င်းက အလွန်အမင်း မြင့်မားသော အထွတ်အထိပ်အဆင့် ရှိသည့် အကြွင်းမဲ့ နတ်ဘုရားတန်ခိုးတစ်ခု ဖြစ်သည်။

စနစ်၏ ဆုလာဘ်ကို ချီးမြှင့်လိုက်သည်နှင့် တန်ခိုးကြီးပုဂ္ဂိုလ်များက ဤနတ်ဘုရားတန်ခိုးကို အသုံးပြုနေသည့် မြင်ကွင်းများက စုရွှမ်၏ စိတ်ထဲတွင် ပေါ်လာသည်။

အဆုံးမဲ့ ကြယ်တာရာနယ်ပယ်ကြီးထဲတွင် ရပ်နေသော မျောက်တစ်ကောင်က မိုးမြေဥပဒေသကို ထုတ်ဖော်ကာ သူ၏ တုတ်ကို ဝှေ့ယမ်းလိုက်ရာ တစ်ခဏအတွင်း ကြယ်တာရာမြစ်များ အစုလိုက်အပြုံလိုက် ပျောက်ကွယ်သွား၏။

ဝေဝါးသော ပုံရိပ်တစ်ခုက မိုးမြေနိယာမကို ထုတ်ဖော်ပြီးနောက် နေနှင့်လကို နင်းချ၍ ကြယ်တာရာမြစ်များကို ပခုံးထမ်းကာ ပေါ့ပေါ့ပါးပါး ဆွဲယူလိုက်သည်နှင့် ကြယ်တစ်လုံး ကြေမွသွား၏။

ရှီး

စုရွှမ်က သူ၏ စိတ်ထဲမှ မြင်ကွင်းများကြောင့် အံ့အားသင့်ကာ ဦးရေပြားမှာ ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သို့တိုင်အောင်ပင် ၎င်းက မိုးမြေဥပဒေသ၏ ဖော်ပြထားသော အထွတ်အထိပ်အဆင့်ဖြစ်သည့် ခြေထောက်များက ငရဲတစ်ဆယ့်ရှစ်ထပ်ကို နင်းလျှောက်၍ ဦးခေါင်းက သုံးဆယ့်သုံးဘုံသို့ ရောက်သည်ဟူသော အဆင့်သို့ မရောက်သေးပေ။

စုရွှမ်၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်လျှံသွားပြီး အနည်းငယ် တုန်လှုပ်ချောက်ချားလာသည်။

ထိုနတ်ဘုရားတန်ခိုးကို ကျွမ်းကျင်သွားသောအခါ မည်သို့သော မြင်ကွင်းမျိုး ဖြစ်လာမည်နည်း။

စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် စုရွှမ်က မြင့်မြတ်နယ်မြေ၏ တားမြစ်နယ်မြေသို့ လာခဲ့သည်။

သူ မနေ့က အလွန်ပင်ပန်းနေခဲ့ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ပြီးနောက် တိုက်ရိုက် အနားယူလိုက်သဖြင့် တားမြစ်နယ်မြေသို့ မလာခဲ့ခြင်း ဖြစ်သည်။

သို့သော် ယနေ့မှစ၍ သူက တာယန်ဘိုးဘေးကြီးကို သူ၏ ရုပ်ခန္ဓာ ပြန်လည်ကောင်းမွန်လာစေရန် ဆက်လက်ကူညီမည် ဖြစ်သည်။

All Chapters