ကြောက်ရွံ့မှုစွမ်းအင်
Vol. 20 Ch. 286
အမှောင်ထုအောက်တွင်...
ပြင်းထန်သောလေတိုက်ခတ်သံသည် အခြားကမ္ဘာမှ လာသော ကြိမ်နှုန်းမြင့် အော်သံပမာ ပဲ့တင်ထပ်လျက် လူတိုင်း၏ ကျောရိုးထဲအထိ အေးစိမ့်သွားစေ၏။
အဝေးရှိ သစ်တောထဲတွင် မြူခိုးများကြားမှ မညီမညာသော လူပုံစံစက်ရုပ်ကြီးတစ်ရုပ်အလား ထူးဆန်းစွာ ရပ်နေ၏။ ထိုစက်ရုပ်ကြီးသည် မူမမှန်သော ဖြောင့်စင်းသည့် ခြေထောက်များနှင့် လုံးဝိုင်းကာ ဟောင်းလောင်းပေါက် ဖြစ်နေသော ဦးခေါင်းတစ်ခု ရှိသည်။ ၎င်းပတ်ပတ်လည်တွင် နှိုင်းယှဉ်စရာ အမှတ်အသားများ မရှိသော်လည်း ငြိမ်သက်စွာ ရပ်နေရုံဖြင့်ပင် လင်းရှန်သည် ထိတ်လန့်တုန်လှုပ်မှုကို ခံစားနေရသည်။
ဖော်ပြ၍မရအောင်ပင် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။
“အားလုံးပဲ ၁၁ နာရီကို ကြည့်ကြပါ”
လင်းရှန်သည် ချက်ချင်း အာရုံပြန်စုစည်းကာ ဆက်သွယ်ရေးလိုင်းမှ ပြောလိုက်သည်။
ခဏချင်းတွင်ပင် ယာဉ်တန်းရှိ မျက်လုံးတိုင်းသည် ထိုအရပ်ဆီသို့ ရောက်သွားကြသည်။ မောင်းသူမဲ့ဒရုန်းတစ်စင်း ပျံတက်သွားပြီး ၎င်း၏ ကင်မရာက ချက်ချင်း မှန်ဘီလူးချဲ့လိုက်သည်။
“ဒီကောင်က ဘာကြီးလဲဟ”
လင်းယုန်ယာဉ်တန်းမှ လျောင်မင်သည် စောင့်ကြည့်ရေးစခရင်ကို စိုက်ကြည့်ရင်း မျက်နှာပျက်သွားသည်၊၊
ဝူကျန်းဟိုင်က အော်ပြောလိုက်သည်၊၊
“အားလုံးပဲ သတိထားကြ....ထူးဆန်းတဲ့ သတ္တဝါကို တွေ့ပြီ”
ယာဉ်တန်းသုံးခုလုံးမှ လူများ၏ မျက်နှာများ ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်ကုန်ကြသည်။
ထိုအရာကို မြင်လိုက်သည်နှင့် လူတိုင်းအား ထူးဆန်း၍ စိတ်မသက်မသာ ဖြစ်စေသော ခံစားချက်တစ်ခုက လှိမ့်တတ်လာသည်။
အနန္တ ရထားအတွင်း၌လည်း အဖွဲ့သားများသည် အလောတကြီးဖြင့် လိုက်ကာများကို ဖယ်ရှားကာ ပြတင်းပေါက်များမှတစ်ဆင့် ထိုထူးဆန်းသည့် ပုံရိပ်ကို စူးစိုက်ကြည့်ရှုနေကြသည်။
လေးလံသော တိတ်ဆိတ်မှုက လေထုထဲ ပြည့်နှက်နေကာ တင်းမာမှုများ မြင့်တက်လာသည်။
ထိုအချိန်တွင် ကြီးမားသော ထူးဆန်းသည့် ပုံရိပ်ကြီး၏ လုံးဝိုင်းသော ဦးခေါင်းသည် အနည်းငယ် လှုပ်ရှားသွား၏။ ထို့နောက် အတွင်းမှ အနီရောင် အလင်းတစ်ခု စတင်တောက်ပလာသည်။
ဦးခေါင်းတစ်ခုလုံးသည် ကြီးမားသော ဟောင်းလောင်းပေါက်ကဲ့သို့သာ ဖြစ်နေသည်။ ထိုအနီရောင်အလင်းသည် ရှာဖွေရေးမီးသဖွယ် မြူခိုးများကို ထိုးဖောက်၍ ညအပူချိန်ကျဆင်းမှုကြောင့် ထူထပ်လာသော မြူများကို ထိုးဖောက်လာသည်၊၊ ကြောက်မက်ဖွယ်ကောင်းသော အနီရောင်အလင်းသည် လည်ပတ်၍ တဖျတ်ဖျတ်ခုန်နေပြီး ကြောက်စရာမြင်ကွင်းတစ်ခုကို ဖန်တီးနေသည်။
ထို့နောက် အနီရောင်တောက်ပနေသော ဦးခေါင်းသည် စတင်လှုပ်ရှားလာသည်။ ၎င်းသည် ရှေ့သို့ ကိုင်းညွှတ်ပြီး လက်များက ကြာပွတ်ကဲ့သို့သော ဆန့်ထွက်သွားကာ သစ်တောထဲတွင် ပုန်းအောင်းနေသော အိမ်တစ်လုံး၏ ခေါင်မိုးကို ဆုတ်ဖြဲလိုက်သည်။ အနီရောင်အလင်းသည် အတွင်းသို့ ထိုးဖောက်၍ ရှာဖွေနေသည်။
ဖြည်းဖြည်းချင်း... ၎င်းသည် လှည့်လာသည်။
ထို့နောက် ၎င်း၏ စူးရှသော အနီရောင် ရှာဖွေရေးမီးသည် ရထားနှင့် ယာဉ်တန်းဆီသို့ တည့်တည့် ကျရောက်လာသည်။
ဝူးးးးးးးးးးးးး
ထိုသတ္တဝါကြီးထံမှ နက်ရှိုင်းပြီး ပဲ့တင်ထပ်သော ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာ၏၊ ဧရာမသင်္ဘောကြီး၏ ဟွန်းသံတစ်ခုအလားပင်....
ပဲ့တင်သံလှိုင်းတစ်ခု ရိုက်ခတ်လာသည်။
ထိုအသံ သူတို့ဆီသို့ ရောက်လာသည်နှင့် လူတိုင်း၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားသည်။ ၎င်းတို့သည် အလိုအလျောက် နားများကို လက်ဖြင့် အုပ်ထားမိလိုက်ကြသည်။
အေးစက်၍ ထူးဆန်းသော အရှိန်အဝါတစ်ခု လေထုထဲသို့ လွှမ်းခြုံလာပြီး အရိုးထဲအထိ ဝင်ရောက်လာကာ သူတို့၏ စိတ်ဝိညာဉ်များကိုပါ တုန်လှုပ်ချောက်ချားစေသည်။
ဇစ်ဇတ်—
ထူးဆန်းသော တုန်ခါမှုတစ်ခု အနန္တ ရထားအတွင်း ရုတ်တရက် ပဲ့တင်ထပ်လာသည်။
လင်းရှန်၏ မျက်လုံးများ လျင်မြန်စွာ လှည့်ပတ်ကြည့်ရှုလိုက်သည်။
“အဲဒါ ဘာသံလဲ”
“မသိဘူး... အတွဲ ၁ ဆီက လာတာနဲ့ တူတယ်” ချန်ဆီရွှမ်သည် တွဲ ၁ ဆီသို့ လက်ညှိုးထိုးပြလိုက်သည်။ သူမ၏ မျက်နှာသည် စိတ်မသက်မသာ ဖြစ်နေသည်၊၊ အသံက သူမအား ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေနေသည်။
လင်းရှန်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။ သူသည် နံပါတ် ၁ တွဲဆီသို့ အပြေးသွားသည်၊၊ ထို့နောက် အသံထွက်လာရာ ရင်းမြစ်ကို ရှာတွေ့လိုက်သည်။
ထူးဆန်းသော ကုဗတုံးသည် ပြင်းထန်စွာ တုန်ယင်နေသည်။
“ဘာတွေ ဖြစ်နေတာလဲ”
သူသည် ကုဗတုံးကို ဆွဲယူလိုက်သည်။ တုံ့ပြန်မှုအနေဖြင့် ယန္တရားနှလုံးသား အသက်ဝင်လာသည်၊၊ ချက်ချင်းပင် တဖျပ်ဖျပ်လင်းနေသော သုံးဖက်မြင်မျက်နှာပြင်တစ်ခု ပေါ်လာသည်။
[ဘီး၊၊ ယန္တရားမဟုတ်သော စွမ်းအင်ဖြင့် ရောင်ပြန် စကင်ဖတ်နေသည်။]
[တွေ့ရှိချက်: ကြီးမားသော ကြောက်ရွံ့မှုစွမ်းအင် ထိုးဖောက်အားလှိုင်း]
လင်းရှန်၏ မျက်နှာအမူယာသည် ချက်ချင်း ပြောင်းလဲသွားသည်။
ကြောက်ရွံ့မှု စွမ်းအင် ထိုးဖောက်အားလှိုင်းလား။
သူ စကားပြောစက်ကို ဆွဲယူလိုက်သည်—
ကလစ်—ကလစ်—
သို့သော် ပဲ့တင်သံလှိုင်းများအောက်တွင် အချက်ပြမှုများအားလုံး ပျက်ယွင်းသွားသည်။
“ဖာ့ခ်”
သူသည် ထိန်းချုပ်ခန်းဆီသို့ အပြေးသွားပြီး အပြင်ဘက်အသံချဲ့စက်ကို ဆွဲယူကာ အော်လိုက်သည်-
“အားလုံး ကိုယ့်ယာဉ်တွေဆီ ပြန်ကြ...ဒီကောင်က အမှောင်ကျူးကျော်မှုရဲ့ ကြောက်ရွံ့မှု စွမ်းအင်ကို ချဲ့ထွင်နေတာ”
“အာာာာား”
လင်းရှန်၏ အသံသည် ရထား၏ အပြင်ဘက်စပီကာများမှ ထွက်ပေါ်လာသည်နှင့်၊ လင်းယုန်ယာဉ်တန်းမှ ဒဏ်ရာရထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး ရုတ်တရက် အသံရှည်ဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
သူ၏ ပတ်တီးများထဲမှ နီရဲလာပြီး ရင်ဘတ်ဒဏ်ရာ ပွင့်ထွက်သွားကာ မျက်လုံးပတ်လည်ရှိ သွေးကြောများ မည်းမှောင်လာသည်။ သူ၏ မျက်စိသူငယ်အိမ်များအား အမှောင်ထုက ဝါးမျိုနေသည်။
ပတ်ပတ်လည်ရှိ အသက်ရှင်ကျန်ရစ်သူများ ကြောက်လန့်တကြား နောက်သို့ ဆုတ်သွားကြသည်။
“လီတုံ လီတုံ သတိထားစမ်း”
“အာာာာ အာာာာား”
လီတုံသည် ထိန်းချုပ်မရဟန်ဖြင့် အော်ဟစ်နေသည်။ သူ၏ မျက်လုံးများ လုံးဝ အမည်းရောင် ပြောင်းသွားသည်နှင့် ဒူးထောက်လဲကျသွားသည်။
သူ၏ ပါးစပ် ဟောင်းလောင်းပွင့်သွားပြီး နောက်တစ်ခဏတွင်—
ပိုးကောင်များနှင့်တူသော အမျှင်တန်းများ မရေမတွက်နိုင်အောင် သူ၏ လည်ချောင်းနှင့် မျက်လုံးအိမ်များမှ စတင် တွားသွား ထွက်လာသည်။
သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ယင်ကာ ကြွက်သားများ ထူးဆန်းစွာ ကောက်ကွေးသွားပြီး မျက်နှာသည် မှတ်မိနိုင်စွမ်းမရှိအောင် ပုံပျက်ပန်းပျက် ဖြစ်သွားသည်။
“အာာာား ငါ့ကို သတ်လိုက်ပါ”
လီတုံက မချိမဆံ့အသံဖြင့် အော်လိုက်သည်။
“ကျေးဇူးပြုပြီး... ငါ့ဇနီးနဲ့ သားကို ဂရုစိုက်ပေးပါ...”
“သူ သန္ဓေပြောင်းနေပြီ”
အသက်ရှင်ကျန်ရစ်သူများသည် ယခင်က သန္ဓေပြောင်းခြင်းများကို မြင်ဖူးကြသည်။
သို့သော် ဤမျှ မြန်ဆန်စွာ ဤမျှ ရုတ်တရက် ဖြစ်ပွားသည်ကို မမြင်ဖူးကြပေ။
“အဆုံးသတ်လိုက်တော့”
“သူ့ကို ဝေဒနာမခံစားစေနဲ့တော့”
အဖွဲ့ဝင်တစ်ဦး၏ မျက်နှာသည် စိတ်ထိခိုက်မှုကြောင့် ရှုံ့မဲ့သွားသည်၊၊ သူသည် အံကြိတ်ပြီး သေနတ်မောင်းကို ဆွဲလိုက်သည်။
“ဖာ့ခ် အခုပဲ လုပ်တော့ အာာာား”
ဒိုင်း ဒိုင်း ဒိုင်း
သေနတ်ပစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
လီတုံ၏ ဦးခေါင်း ချက်ချင်း ပေါက်ကွဲသွားသည်၊၊ သို့သော် ၎င်းသည် အဆုံးသတ်မဟုတ်ပေ။
သူ၏ သွေးစွန်းသော ရုပ်အလောင်းမှ ရုတ်တရက် လက်တံများ ပေါက်ထွက်လာသည်။ အသားများ လှုပ်ယမ်းနေပြီး ထူးဆန်းသော အမည်းရောင် အရည်များ ပန်းထွက်နေသည်၊၊
သူ၏ မိတ်ဆွေများက သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို လှုပ်ရှားမှု ရပ်တန့်သွားသည်အထိ ပစ်ခတ်လိုက်ကြသည်၊၊
“အာာာား....ငါ့ကိုကယ်ပါ”
သို့သော် သူတို့ ဘာဖြစ်ခဲ့သည်ကိုပင် နားလည်နိုင်ခြင်း မရှိသေးမီ—
ယာဉ်တန်းတစ်လျှောက်တွင် သန္ဓေပြောင်းခြင်းများ ထပ်မံ ပေါ်ပေါက်လာသည်။
ကူးစက်မှုသည် ကျိုးကျသွားသော ရေကာတာတစ်ခုပမာ ပျံ့နှံ့သွားသည်။
“ယာဉ်တွေဆီ ပြန်သွားကြ”
လင်းရှန်၏ သတိပေးသံကို ကြားလိုက်သည်နှင့် လော့ရန်သည် ပထမဆုံး တုံ့ပြန်သူ ဖြစ်သည်။ သူသည် ယာဉ်တန်းကို အော်ဟစ်လိုက်သည်-
“ရွှေ့ကြ ယာဉ်တွေဆီပြန်ကြ...အခုပဲ”
ဝူကျန်းဟိုင်သည်လည်း အသံချဲ့စက်ကို ဆွဲယူလိုက်သည်-
“ယူနစ်အားလုံး....ယာဉ်တွေဆီ အရေးပေါ် ဆုတ်ခွာကြ”
ထိတ်လန့်မှုများ ပေါက်ကွဲထွက်လာသည်။
တိုက်ပွဲပင် မစတင်သေးမီကပင် သေနတ်ပစ်သံများ ထွက်ပေါ်လာသည်၊၊ သို့သော် ၎င်းတို့သည် သူတို့၏ လူများကိုသာ ပစ်ခတ်နေရခြင်း ဖြစ်သည်။
အနန္တရထား တိုက်ပွဲဝင်အသင့်အနေအထား
နံပါတ် ၂ တွဲ အတွင်း၌ G3 လျှပ်စစ်သံလိုက်သေနတ်သည် နေရာယူလိုက်သည်။
နံပါတ် ၁၂ တွဲ အတွင်း၌ 1130 CIWS စနစ်ကို ဖွင့်လိုက်သည်။
လင်းရှန်၏ အကြည့်များ ရေခဲပမာ အေးစက်နေသည်။
တွန့်ဆုတ်ခြင်း မရှိပေ။
သူသည် အနီရောင်အလင်းတန်းကို ထုတ်လွှင့်နေသော သတ္တဝါကို ချိန်လိုက်သည်—
ပစ်။
ဘွန်းး
အပြာရောင်လျှပ်စစ်တန်းတစ်ခုသည် သံလိုက်အမြောက်မှ ထိုးထွက်လာပြီး ညကောင်းကင်ကို ဆုတ်ဖြဲကာ ထိုသတ္တဝါ၏ တောက်ပနေသော အနီရောင် ဦးခေါင်းဆီသို့ တည့်တည့် ထိမှန်သွားသည်။
ဘန်းး
၎င်း၏ ဦးခေါင်းခွံ၏ ကြီးမားသော အပိုင်းအစတစ်ခု ပေါက်ကွဲထွက်သွားပြီး မီးလောင်ကျွမ်းနေသော အမည်းရောင် အပိုင်းအစများ မိုးရွာသွန်းသည်နှယ် ရွာကျလာသည်။
အနီရောင် အလင်းသည် ပြင်းထန်စွာ တဖျတ်ဖျတ် လင်းလာသည်။
တစ်ပြိုင်နက်တည်းမှာပင် 1130 CIWS အသက်ဝင်လာသည်၊၊ ကျည်ဆန်မုန်တိုင်းတစ်ခုသည် ၎င်း၏ မည်းနက်သော အသားထဲသို့ ဆုတ်ဖြဲဝင်ရောက်သွားပြီး ၎င်း၏ ပုံသဏ္ဌာန်ကို ကြေမွသွားစေသည်။
ဟူရှ်းး
အမည်းရောင် မြူခိုးတစ်ခု ထိုသတ္တဝါ ပတ်ပတ်လည်တွင် ပျံ့နှံ့လာသည်။
ထို့နောက်—၎င်း၏ ခန္ဓာကိုယ် အပေါ်ပိုင်းသည် မူမမှန်စွာ တွန့်လိမ်သွားသည်။
ရုတ်တရက်—၎င်းသည် လေထဲသို့ မြောက်တက်သွားသည်။
“သေစမ်း ဒီကောင်က ပျံနိုင်တာလားဟ”
ဆက်သွယ်ရေး ကိရိယာများ ပြန်လည် အလုပ်လုပ်လာသည်။
လင်းရှန် ချက်ချင်း အော်ဟစ်လိုက်သည်-
“အနီရောင် အလင်းကို မထိစေနဲ့.....သူ့ရဲ့ တိုက်ခိုက်ပုံက ငါတို့ ရင်ဆိုင်ဖူးတာတွေနဲ့ မတူဘူး”
“ဝေါင်းးးးးးး”