ပိုးကောင်ဒီရေလှိုင်း
Vol. 20 Ch. 287
နံပါတ် ၁၁ တွဲ အတွင်း၌ ကီကီသည် လို့ရှားရှားကို ကာကွယ်ပေးထားပြီး သူမ၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။
သူမသည် လို့ရှားရှားကို ဆွဲယူကာ မီးနတ်ဘုရား မီကာစက်ရုပ်ကြီး၏ ထိန်းချုပ်ခန်းထဲသို့ တွန်းပို့လိုက်သည်။
“ဒီထဲမှာနေ....တံခါးကို လော့ခ်ချထား”
“ဒါပေမယ့် ဆာလီက မတ်တပ် မရပ်နိုင်သေးဘူး—”
ဖတ်
ကီကီသည် သူမ၏ နဖူးကို ရိုက်လိုက်ပြီး လော့ခ်ခလုတ်ကို နှိပ်ကာ ပြတ်သားစွာ ပြောလိုက်သည်-
“ငြိမ်ငြိမ်နေ။ နင့်ကို လိုအပ်မှ ငါ ထုတ်သုံးမယ်”
ထို့နောက် တစ်ခွန်းမျှ မပြောဘဲ—
သူမသည် ရှေ့တွဲများဆီသို့ အပြေးသွားသည်။
ဖျတ် ဖျတ် ဖျတ်...
စခန်းပတ်ပတ်လည်ရှိ အမှောင်ထုထဲမှ အရပ်မျက်နှာအသီးသီးမှ တိုးညင်းသော လှုပ်ရှားသွားလာသံများ စတင်ပေါ်ထွက်လာသည်။ အသံသည် ပို၍ ကျယ်လာကာ ပို၍ နီးကပ်လာကာ ရေလှိုင်းကြီးများ ကမ်းခြေသို့ ရိုက်ခတ်သကဲ့သို့ မုန်တိုင်းထန်သော လှုပ်ရှားမှု၏ ဟိန်းသံအဖြစ်သို့ ပြောင်းလဲသွားသည်။
သူ၏ ယာဉ်အတွင်း ထိုင်နေသော ဝူကျန်းဟိုင်သည် ထိုအသံကို ကြားလိုက်သည်နှင့် မျက်နှာပျက်သွားသည်။ သူသည် ချက်ချင်း စကားပြောစက်ကို ဆွဲယူလိုက်သည်။
“အားလုံး သတိထားကြ..... ဒါ ပိုးကောင်ဒီရေလှိုင်းပဲ”
လင်းယုန် ယာဉ်တန်းသည် ဤအသံကို အလွန် ရင်းနှီးနေကြသည်၊၊ ၎င်းတို့သည် ပြီးခဲ့သည့်ညကမှ ယင်းမှ လွတ်မြောက်ခဲ့ရုံမျှ ရှိသေးသည်။
သတိပေးချက်သည် ယာဉ်တန်းတစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားသည်။
“ကာကွယ်ရေးလိုင်း ဖွဲ့ကြ” လျောင်မင်သည် သူ၏ ယာဉ်ကို နေရာချရင်း အော်ပြောလိုက်သည်။
“ရှောင်ဘိုင်၊ အာမင်၊ လိုလို....အနန္တ ရထားနဲ့ ပိုနီးအောင် မောင်းကြ.....လီကွမ်းဝမ် ကာကွယ်ရေးယာဉ်နဲ့ ရှေ့ကို ပိတ်ထား” လော့ရန်သည် ချက်ချင်း အရေးယူကာ သူ၏ အဖွဲ့ကို ညွှန်ကြားလိုက်သည်။
ဝူး—ဗရွမ်းး
ကြီးမားသောယာဉ်များစွာသည် ရုန်းကန်လှုပ်ရှားကာ အနန္တရထားနှင့် ယာဉ်တန်းများ၏ ဘယ်၊ ညာ၊ နောက်ဖက်တွင် နေရာယူလိုက်ကြသည်။
သူ၏ စကားပြောစက်ကို ကိုင်ထားသော လျန်လေးက အော်ပြောလိုက်သည်၊၊
“ဒါတွေက ငါတို့ရဲ့ မောင်းသူမဲ့ယာဥ်တွေပဲ....လက်နက်ကြီး အားလုံးကို နောက်ဖက်ဆီ ပို့....ရှေ့တန်းကို ကာကွယ်ထားကြ”
ဝှစ် ဝီးး
မောင်းသူမဲ့ယာဉ်များမှ ၁၂.၇ မီလီမီတာ အော်တို အမြောက် ဆယ်လက်က လျင်မြန်စွာ ဖြန့်ကျက်လိုက်ပြီး ထရပ်ကားတစ်စီး အတွင်း၌ လူငယ်အချို့သည် ၎င်းတို့ကို အဝေးမှ ထိန်းချုပ်ရန် အလောတကြီး လုပ်ဆောင်နေကြသည်။
တစ်ချိန်တည်းမှာပင် အနန္တ ရထားပေါ်တွင် ကီကီသည် နံပါတ် ၂ တွဲ—သတင်းအချက်အလက်စင်တာဆီသို့ အပြေးရောက်လာပြီး ထိုအနီရောင်အလင်း သတ္တဝါကို ချက်ချင်း စကင်ဖတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် လင်းရှန်သည် ပြင်ပ လျှပ်စစ်ဓားသွားစနစ်ကို ဖွင့်ကာ ရထားအဖွဲ့ဝင်များအားလုံးကို အော်ပြောလိုက်သည်-
“ပိုးကောင်ဒီရေတွေ ယာဉ်တန်းကို ချိုးဖောက်ပြီး ဝင်ခွင့်မရစေနဲ့”
ဝှစ် ဝှစ်
နံပါတ် ၅ နှင့် နံပါတ် ၁၁ တွဲ အတွင်း၌ အလိုအလျောက်တံခါးများ ပွင့်သွားသည်။
တာလို့၊ လုချန်နှင့် Roarer K23 လျှပ်စစ်ဂတ်တလင်သေနတ်များ ကိုင်ဆောင်ထားသော အခြားအဖွဲ့ဝင်သုံးဦးသည် တံခါးများတွင် ကာကွယ်ရေး နေရာများ ယူလိုက်ကြသည်။
ထိုစဉ် လုရှင်းချန်သည် ရထားခေါင်မိုးဆီသို့ ဓာတ်လှေကားဖြင့် တက်သွားသည်။ သူသည် လက်ဆစ်များကို ချိုးလိုက်ပြီး တိုက်ပွဲဆာလောင်နေသော မျက်လုံးများဖြင့် ပတ်ပတ်လည်ရှိ အမှောင်ထုကို စူးစိုက်ကြည့်နေသည်၊၊
ကျီ ကျီ ဝီး ဝီး
အမည်မသိ ပိုးကောင်များ၏ နားကွဲလုမတတ် စူးစူးဝါးဝါး အော်သံများနှင့် ထောင်ပေါင်းများစွာသော တောင်ပံခတ်သံများက ရှေ့သို့ တိုးလာသော အသံသည် နားကွဲလုမတတ်ပြင်းထန်လာသည်။
လျင်မြန်စွာ ပတ်ဝန်းကျင်ကို စစ်ဆေးပြီးနောက် ကီကီသည် ကောင်းကင်ယံရှိ ထိုအနီရောင် တောက်ပမှုကို အာရုံစိုက်လိုက်သည်။
“ဟိုမှာ...အဲဒီကောင်က ပိုးကောင်ဒီရေကို ဆွဲဆောင်နေတာ သေချာတယ်”
သူမသည် ချက်ချင်း မတ်တပ်ရပ်သည်။
“ကျွန်မ ပျံတက်ပြီး အဲဒါကို ဖယ်ရှားလိုက်မယ်”
သို့သော် သူမ မပျံတက်နိုင်မီ လင်းရှန်သည် လေထဲတွင် ရှိနေသော သူမ၏ ခြေကျင်းဝတ်ကို ဆွဲယူကာ အောက်သို့ ပြန်ဆွဲချလိုက်သည်။
“မင်း ဒီမှာပဲ နေရမယ်”
တစ်ခွန်းမျှ မပြောဘဲ လင်းရှန်သည် G3 လျှပ်စစ်သံလိုက်အမြောက်ကို မြှင့်တင်ကာ ပစ်မှတ်လမ်းကြောင်းကို ချိန်ညှိပြီး ကောင်းကင်ယံရှိ အနီရောင်အလင်းဆီသို့ ပစ်လိုက်သည်။
ဘွန်းး
ကြီးမားသော လျှပ်စစ်တန်းတစ်ခု ပေါက်ကွဲထွက်လာပြီး သံလိုက်အမြောက်၏ လျှပ်စစ်ထုတ်လွှတ်မှုသည် ညကောင်းကင်ကို လင်းထိန်စေသည်။ တောက်ပသော အပြာရောင်အလင်းသည် ကောင်းကင်ကို ဖြတ်ကျော်ကာ အမှောင်ထုကို ထိုးဖောက်သွားပြီး အပေါ်မှ ကြီးမားသော သတ္တဝါကြီး၏ ပုံရိပ်ကို ဖော်ပြလိုက်သည်။
ဘန်း
စက္ကန့်အနည်းငယ်ကြာပြီးနောက် ပေါက်ကွဲမှုအားလှိုင်းတစ်ခု လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။
ထူးဆန်းသော အော်ဟစ်သံများ ရုတ်တရက် ရပ်တန့်သွားသည်။
“ပစ်မှတ် လော့ခ်ချထား၊ အဲဒီ လျှပ်စစ်သံလိုက်အမြောက်ကို အနီရောင်အလင်းပေါ်မှာ ဆက်ပြီး ချိန်ထား...ပိုးကောင် ဒီရေကို အရင်ကိုင်တွယ်မယ်”
“အိုး....ကောင်းပြီ”
လင်းရှန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သော ကီကီသည် အမြောက်၏ ခြေရာခံစနစ်ကို ချက်ချင်း ပြန်လည်ပြင်ဆင်နေသည်။
“လင်း”
နောက်တွဲများမှ ရှုချင်းသည် နံပါတ် ၁၁ တွဲ၏ ပွင့်နေသော တံခါးဝတွင် ရပ်လျက် အပြင်ဘက် အမှောင်ထုကို ကြည့်နေသည်၊၊ သူမသည် ဆက်သွယ်ရေး ခလုတ်ကို နှိပ်လိုက်သည်။
“သူတို့ ရောက်လာပြီ”
ဝှီးးး ဒက် ဒက်
ရေဒါနှင့် ပစ်မှတ်ထိန်းချုပ်မှုစနစ်ကြောင့် 1130 CIWS သည် ဝင်လာသော ခြိမ်းခြောက်မှုကို အလိုအလျောက် သိရှိပြီး အရင်ဆုံး ပစ်လိုက်သည်။
သတ္တုကျည်ဆန်များ ရေပန်းပမာ ပေါက်ကွဲထွက်လာပြီး ၎င်း၏ တောက်ပသော ခြေရာခံကျည်ဆန်များသည် အမှောင်ထုကိုဖြတ်ကာ ထိုးထွက်သွားပြီး စစ်မြေပြင်ကို ငရဲနှင့်တူသော မြင်ကွင်းတစ်ခုဖြင့် လင်းထိန်စေသည်။
ထိုမြင်ကွင်းက တိုက်ပွဲကို ကျွမ်းကျင်ပြီးသား အနန္တရထားအဖွဲ့သားများကို အသက်ရှူမှားသွားစေသည်။
နှစ်ကီလိုမီတာပင် မဝေးတော့သည့် နေရာတွင် ကြီးမားသော တံစဉ်လက်မောင်း ပိုးကောင်များ၊ အမည်းရောင်အခွံရှိသော ပိုးတောင်မာများနှင့် ဧရာမကင်းခြေများ အုပ်ကြီးသည် သမ္မာကျမ်းစာထဲမှ ကပ်ဘေးတစ်ခုပမာ မြေမျက်နှာပြင်တစ်ခုလုံးကို လွှမ်းမိုးကာ အလုံးအရင်းဖြင့် ရှေ့သို့ တိုးလာနေသည်။ ကြောက်မက်ဖွယ်ကောင်းသော ဆူနာမီလှိုင်းကြီးပမာ တားဆီး၍မရနိုင်ပေ။
၎င်းတို့ ချဉ်းကပ်လာမှုအောက်တွင် မြေပြင်ကိုယ်တိုင် တုန်ခါနေသည်။
ဝှီးးးး ဒက် ဒက် ဒက်
1130 CIWS သည် ဟိန်းဟောက်နေပြီး ၎င်း၏ ပစ်ခတ်မှုက ည၏ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။
တစ်ခဏတာမျှ စစ်မြေပြင်သည် မုန်တိုင်း၏ အလယ်ဗဟိုလို အသက်ရှူကျပ်ဖွယ် ငြိမ်သက်သွားသည်။
ထို့နောက်—
“မီးဖွင့်ပြီး ပစ်ကြ”
လင်းရှန်၊ ဝူကျန်းဟိုင်၊ လော့ရန်၊ လျန်လေး စသည့် ယာဉ်တန်းလေးခုလုံး၏ ခေါင်းဆောင်များသည် အမိန့်ကို တစ်ပြိုင်နက်တည်း ပေးလိုက်သည်။
ဒိုင်း ဒိုင်း ဒိုင်း ဒက် ဒက် ဒက်
ကျည်ဆန်မိုးသည် ရွာချလာပြီး အနန္တရထားကို ဗဟိုပြုကာ ပတ်ပတ်လည် သတ်ဖြတ်ရေးဇုန်တစ်ခု ဖန်တီးလိုက်သည်။
ခရက် ခရက် —
ရှေ့တန်းမှ ပိုးကောင်များသည် ကျည်ဆံတစ်ကမ်းအကွာအဝေးသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ကြေမွသွားပြီး ၎င်းတို့၏ ခန္ဓာကိုယ်များသည် စစ်မြေပြင်တစ်လျှောက် တစ်စစီဖြစ်သွားသည်၊၊ သေနတ်များ၏ ပြင်းအားသက်သက်က ပိုးကောင် ဒီရေကို နောက်သို့ တွန်းပို့ကာ ၎င်းတို့၏ ရှေ့တိုးမှုကို ဖိနှိပ်ထားသည်။
တစ်ချိန်တည်းမှာပင်—
ယာဉ်တန်းများ၏ လက်နက်ကြီးများ၊ ဗုံးပစ်လောင်ချာများ၊ ဒုံးကျည်ပစ်လောင်ချာများ၊ မီးတောက်ပစ်စက်များနှင့် ဒုံးကျည်များသည် ပိုးကောင်များ အထူထပ်ဆုံး နေရာများဆီသို့ ဖျက်ဆီးမှုများကို ထုတ်လွှတ်လိုက်သည်။
ဝုန်း ဝုန်း အုန်း
ပေါက်ကွဲမှုများက စစ်မြေပြင်ကို ဝါးမျိုလိုက်ပြီး မီးတောက်များက မီးရှူးမီးပန်းအိပ်မက်ဆိုးတစ်ခုပမာ ပေါက်ကွဲထွက်လာကာ ကောင်းကင်ကို ထူထပ်သော မီးခိုးများနှင့် မီးလောင်နေသော ပိုးကောင်အပိုင်းအစများဖြင့် ပြည့်သွားစေသည်။
ဝီးး ဒက် ဒက် ဒက်
နံပါတ် ၁၁ တွဲ အတွင်း၌ ရှောင်ယွမ်နှင့် သူမ၏ အဖွဲ့သည် ဖိနှိပ်ပစ်ခတ်မှုကို ဆက်လက် ထိန်းထားသည်။
ရုတ်တရက်—
“ရှောင်ယွမ်...ဘေးကို ဖယ်”
တံခါးပေါက်မှ ရှားရှား ထွက်ပေါ်လာသည်....သူမ၏ ဆာလီစက်ရုပ်ကြီးကို မောင်းနှင်နေသည်။
လျင်မြန် တိကျမှုဖြင့် သူမသည် စက်ရုပ်ကြီးကို လှုပ်ရှားစေကာ ရထားပေါ်မှ ခုန်ချ၍ စစ်မြေပြင်သို့ ဆင်းသက်လိုက်သည်။
သူမ၏ နှစ်လက်တွဲ လက်နက်ကြီးများသည် အသက်ဝင်လာပြီး ပိုးကောင် ဒီရေထဲသို့ ပစ်ခတ်လိုက်သည်၊၊
“ဒါကို ခံစားကြည့်စမ်း”
လို့ရှားရှားသည် အံကြိန်ကာ သူမ၏ သေးငယ်သော ခန္ဓာကိုယ်သည် ထိန်းချုပ်စက်များကို ပြင်းထန်စွာ ဆုပ်ကိုင်ထားပြီး မီးနတ်ဘုရားစက်ရုပ်ကြီးကို တစ်ရက်ပင် မပြည့်သော အချိန်အတွင်း ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်နေပြီ ဖြစ်သည်။
ဘယ်တောင်ပံတွင် နေမင်းယဉ်တန်းသည် ရုန်းကန်နေရသည်၊၊ သို့သော် လို့ရှားရှား၏ စက်ရုပ်ကြီး တိုက်ပွဲသို့ ပူးပေါင်းလိုက်သည်နှင့် ၎င်းတို့၏ ဖိအား ချက်ချင်း လျော့ကျသွားသည်။
လော့ရန်သည် နောက်လှည့်ကြည့်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။
“သောက်ကျိုးနည်း...လင်းမှာ Gundam ရှိတာလား”
ဘွန်းး
အပေါ်ဘက်တွင် လျှပ်စစ်သံလိုက်အမြောက်သည် ကောင်းကင်ယံရှိ အနီရောင် တောက်ပမှုကို ခြေရာခံကာ ဆက်တိုက် ပစ်ခတ်မှုများဖြင့် ထိုးနှက်နေသည်။
ပဲ့တင်သံလှိုင်းများ မရှိတော့သည့်အတွက် လော့ရန်သည် အခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။
“အာမင်...လိုလို သွားတော့”
“ချက်ချင်းပဲ”
“ငါကာဗာပေးထားမယ်”
လူနှစ်ဦး၏ ဖျတ်လတ်သည့် ပုံရိပ်များသည် ယာဉ်တန်းမှ ခုန်ထွက်လာပြီး သူတို့ ပတ်ပတ်လည်တွင် လျှပ်စီးကြောင်းများ တဖျတ်ဖျတ် လက်နေသည်။
ပါးလွှာသော အဖြူရောင် ချိန်း-ဓား တစ်လက်စီကို ကိုင်ဆောင်ထားကာ ၎င်းတို့သည် ပိုးကောင် ဒီရေထဲသို့ တစ္ဆေများပမာ လျှပ်တပြက် ပြေးဝင်သွားသည်။