← Chapters

ငါလည်း တိုက်ကွက်အသစ်တွေ တီထွင်ဖို့လိုနေပြီ

Vol. 20 Ch. 289

ငါလည်း တိုက်ကွက်အသစ်တွေ တီထွင်ဖို့လိုနေပြီ

Vol. 20 Ch. 289

ပစ်အား အကူအညီ - ဗုံးကြဲယာဉ်တန်း

နောက်ဖက် ယာဉ်တန်းမှ ဝူကျန်းဟိုင်က အမိန့်ပေးလိုက်သည်-

“အမြောက်တပ်....ဗုံးကြဲပြီး သူတို့ကို ကာဗာပေး”

ဝှစ် ချွမ်

ရွှီ ရွှီ အုန်း အုန်း

နောက်ဖက် ယာဉ်တန်းသည် ဒုံးပျံလှိုင်းတစ်ခုကို ထုတ်လွှတ်ပြီး တာလို့၊ ရှုချင်းနှင့် လျောင်မင်တို့၏ အဖွဲ့ကို စစ်မြေပြင်တွင် ရှင်းလင်းပေးကာ ပံ့ပိုးပေးနေသည်။

တစ်ချိန်တည်းမှာပင် အနန္တရထား၏ နောက်ဖက်၊ အမျိုးသမီးများနှင့် ကလေးများ ခိုလှုံရာ နေရာတွင် 1130 CIWS အမြောက်များသည် အဆက်မပြတ် ပစ်ကူပေးနေပြီး လူငယ်များသည် အလိုအလျောက် စက်သေနတ်စင်များကို ထိန်းချုပ်နေကြသည်။

လျန်လေးသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အသက်ဝင်နေသောသတ္တုအဖြစ် ပြောင်းလဲသွားပြီး လူတိုင်းထက် မြင့်မားစွာ ရပ်တည်နေသည်၊၊ တာလို့ထက်ပင် ပို၍မြင့်လေသည်။ သူသည် ပိုးကောင်အုပ်စုထဲသို့ လျှပ်စီးပမာ ဝင်ရောက်သွားပြီး သွေးရောင်ဧရာမကင်းခြေများ၏ ကြီးမားသော အစွယ်များကို ဆွဲယူလိုက်သည်။

ကင်းခြေများ၏ သင်တုန်းဓားပမာ ချွန်ထက်သော ခြေထောက်များသည် သူ၏ သတ္တုအရေပြားကို ကုတ်ခြစ်နေပြီး မီးပွားများ ထွက်ပေါ်နေသော်လည်း ထိုးဖောက်နိုင်ခြင်း မရှိပေ။

ဂယားး

စစ်မှန်သော ရိုင်းစိုင်းသော ခွန်အားဖြင့် လျန်လေးသည် ကင်းခြေများ၏ မေးရိုးမှ အသားတစ်ပိုင်းကို ဆုတ်ဖြဲပစ်လိုက်ပြီး ၎င်းအား ပြင်းထန်စွာ အော်ဟစ်စေသည်။ ၎င်းသည် ပြန်ကိုက်ရန် ကြိုးစားစဉ်တွင် သူသည် ၎င်းအား ကန်ထုတ်လိုက်သည်၊၊

ဘန်း ဘန်း ဘန်း ဝုန်း

ခေါင်မိုးပေါ်မှ လီယီသည် ယာဉ်ပေါ်တွင် တပ်ဆင်ထားသော အော်တိုအမြောက်ကို အသုံးပြုကာ ကင်းခြေများ၏ ဦးခေါင်းကို ဖျက်ဆီးပစ်လိုက်ပြီး သွေးချောင်းစီးသွားစေသည်၊၊

“လျန် နောက်မှာ....”

လျန်လေး လှည့်လိုက်သည်—

ရွှစ်

ထိုအခိုက် လုချန်သည် လျှပ်စစ်ဓားဖြင့် လျှပ်တပြက် ရောက်လာကာ လေထဲမှ နိမ့်ဆင်းလာသော ကြီးမားသောပိုးတောင်မာကို ခေါင်းဖြတ်လိုက်သည်။

“နောက်တစ်ကောင် ချန်”

Meteor-3မှ သေနတ်ကျည်ဆန်သည် အပေါ်မှ ခုန်ဆင်းလာသော ဧရာမအခွံမာပိုးကောင်ကို ဖျက်ဆီးပစ်လိုက်သည်—

ချန်ဆီရွှမ်သည် အနန္တ ရထား၏ အမိုးပေါ်တွင် အကာကွယ်ယူကာ အန္တရာယ်ရှိသော သတ္တဝါများကို တိကျသော လျှပ်တစ်ပြက်ပစ်ချက်များဖြင့် ထောက်ပံ့ပေးနေသည်၊၊

ရုတ်တရက်—

ဘဇ်ဇ်ဇ်ဇ်ဇ်ဇ်ဇ်

နားကွဲလုမတတ် တရွီးရွီးမြည်သံတစ်ခုက ကောင်းကင်ကို ပြည့်နှက်လာသည်—

လနှင့် ကြယ်များသည် ပျံသန်းနေသော ပိုးကောင်များ၏ ကြီးမားသော အမည်းရောင်မုန်တိုင်းနောက်တွင် ပျောက်ကွယ်သွားပြီး ၎င်းတို့၏ တောင်ပံခတ်သံများသည် ထိတ်လန့်ဖွယ်ရာ ဖြစ်နေသည်။

ချန်ဆီရွှမ်၏ မျက်နှာမည်းမှောင်သွားသည်။

“အားလုံးပဲ….အပေါ်မှာ”

ထိုအချိန်တွင်—

ကောင်းကင် ပြိုကျလာသကဲ့သို့ မြေပြင်သည် တုန်ခါသွားသည်။

သူတို့၏ အပေါ်တွင် ခရမ်းရောင်ဆံပင်ရှိသော မိန်းကလေးတစ်ဦး လေထဲသို့ မြင့်တက်လာပြီး သူမ၏ တောက်ပနေသော မျက်လုံးများက ဖျက်ဆီးခြင်းကို ထုတ်လွှတ်နေသည်။

ကီကီ... ရောက်လာပြီ။

ကောင်းကင်သည် ငရဲသို့ ပြောင်းလဲသွားသည်…

အပေါ်မှ ပိုးကောင်အုပ်ကြီးသည် အသက်ရှိသောအမည်းရောင် ဒီရေပမာ တိုးဝင်လာပြီး ကြယ်များနှင့် လကို လုံးဝ ဖုံးကွယ်ပစ်လိုက်သည်။ မရေမတွက်နိုင်သော တောင်ပံများ၏ လွှမ်းမိုးထားသော တရွီးရွီးမြည်သံသည် အသက်ရှင်ကျန်ရစ်သူတိုင်း၏ ကျောရိုးထဲသို့ ထုံကျင်သော အေးစိမ့်မှုတစ်ခုကို သယ်ဆောင်လာသည်၊၊

“သေစမ်း—ကောင်းကင်တစ်ခုလုံး အပြည့်ပဲ”

လီယီသည် သူမ၏ ယာဉ်ပေါ်တွင် တပ်ဆင်ထားသော စက်သေနတ်ကို အပေါ်သို့ မြှောက်က လေထဲသို့ ပစ်ခတ်မှု စတင်လိုက်သည်။

“လျန် ပြန်လာခဲ့”

နေမင်းယဉ်တန်းနှင့် မဟာလင်းယုန်ယာဉ်တန်းသည် ချက်ချင်း နည်းဗျူဟာပြောင်းလဲပြီး လက်နက်အင်အားကို ကောင်းကင်သို့ ပြန်လည် ဦးတည်လိုက်သည်။

ဝီး ဝီး ဒက် ဒက်

အနန္တ ရထားမှ 1130 CIWS လေကြောင်းရန်ကာကွယ်ရေး အမြောက်များသည် အသက်ဝင်လာပြီး ခြေရာခံ ကျည်ဆန်မုန်တိုင်းတစ်ခုကို ထုတ်လွှတ်ကာ မီးတန်းများဖြင့် အမှောင်ကောင်းကင်ကို ထွန်းလင်းစေသည်။

“မီးလောင်ချာတွေ….ဒီကောင်တွေကို မီးရှို့ပစ်စမ်း”

“ကျည်ပြန်ဖြည့် ကျည်ပြန်ဖြည့်ကြ”

“ငါတို့ မြေပြင်နဲ့ ကောင်းကင်နှစ်ခုစလုံးကို မထိန်းထားနိုင်ဘူး”

အသက်ရှင်ကျန်ရစ်သူများကြားတွင် ထိတ်လန့်မှု ပျံ့နှံ့လာသည်၊၊ ပိုးကောင် ဒီရေကို ဆန့်ကျင်သော မြေပြင် တိုက်ပွဲသည် ၎င်းတို့၏ ကန့်သတ်ချက်များကို တွန်းပို့နေပြီ ဖြစ်သော်လည်း ယခုအခါ ၎င်းတို့သည် ကောင်းကင်ပေါ်မှ ရန်သူကို ရင်ဆိုင်ရန် မလုံလောက်ပေ၊၊

ထို့နောက်—

လေထုသည် စတင် တုန်ယင်လာသည်။

မြေပြင်ပေါ်ရှိ ဖုန်မှုန့်များ မူမမှန်စွာ မြင့်တက်လာပြီး မမြင်ရသော စွမ်းအားတစ်ခုဖြင့် ဆိုင်းငံ့ထားသကဲ့သို့ ဆွဲငင်အားကင်းမဲ့စွာ လည်ပတ်နေသည်။

“ဘာ... ဘာဖြစ်တာလဲ—”

တစ်စုံတစ်ယောက်က အနန္တရထား၏ ခေါင်မိုးကို လှည့်ကြည့်လိုက်သည်—

ထိုနေရာတွင် ခရမ်းရောင် ဆံပင်ရှိသော မိန်းကလေးတစ်ဦး ဘာအားထုတ်မှုမှ မရှိဘဲ ပျံဝဲနေပြီး သူမ၏ တောက်ပနေသော ခရမ်းရောင် မျက်လုံးများက စင်ကြယ်သော ဖျက်ဆီးခြင်းအော်ရာကို ထုတ်လွှတ်နေသည်။

သူမ၏ ဆံပင်များ လေမတိုက်ဘဲ ယိမ်းနေပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက မမြင်ရသော စွမ်းအားကို ထုတ်လွှတ်ကာ သူမပတ်ပတ်လည်ရှိ လေဟာနယ်ကို ပုံပျက်သွားစေသည်၊၊

ကီကီ... နိုးထလာခဲ့ပြီ။

စိတ်စွမ်းအားရှင်၏ စစ်မှန်သော စွမ်းအား

“ဘာတွေ ဖြစ်နေတာလဲ”

ပိုးကောင်အမည်းရောင်လှိုင်းလုံးကြီးသည်—ယာဉ်တန်းပေါ်သို့ ပြုတ်ကျရန် စက္ကန့်ပိုင်းသာ လိုတော့ချိန်တွင်—ရုတ်တရက် လေထဲတွင် ရပ်တန့်သွားသည်။

တောင်ပံရှိသော သတ္တဝါတိုင်းသည် တောင်ပံခတ်ခြင်း ရပ်တန့်သွားပြီး ၎င်းတို့၏ ခန္ဓာကိုယ်များ မမြင်ရသော နံရံတစ်ခုထဲသို့ ဝင်တိုက်မိသကဲ့သို့ နေရာတွင် ရပ်တန့်နေသည်။

ကီကီ လက်တစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

လေထုတစ်ခုလုံး တုန်ခါသွားသည်။

“ကီကီ”

ချန်ဆီရွှမ် အော်ခေါ်လိုက်သည်။

လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် ကီကီ ဖြည်းညှင်းစွာ လေထဲသို့ မြင့်တက်လာသည်။

သူမ၏ ပုံမှန် ပျော်တတ်သော ပြုံးစစအမူအရာ ပျောက်ကွယ်သွားပြီး၊ တည်ငြိမ်သော အေးစက်မှုနှင့် အလွန်ပြင်းထန်သော အာရုံစူးစိုက်မှုတို့က အစားထိုးသွားသည်။

သူမသည် လက်နှစ်ဖက်စလုံးကို မြှောက်ကာ ကောင်းကင်ယံရှိ အမည်းရောင်ပိုးကောင်မုန်တိုင်းဆီသို့ စူးစိုက်ကြည့်လိုက်သည်။

သူမ၏ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်ဖြင့် တောက်လောင်နေသည်။

“အားလုံး...အကာအကွယ်ယူကြ”

လင်းရှန်၏ အသံသည် ဆက်သွယ်ရေးကိရိယာမှ ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ဟူး—

ကီကီ ဖြည်းညှင်းစွာ အသက်ရှူထုတ်လိုက်သည်။

ထို့နောက်—သူမ၏ လက်များကို လေထဲတွင် လက်သီးများအဖြစ် ဆုပ်လိုက်သည်။

ဝီဝီဝီ

တိုးညင်းသော အသံတစ်ခု လေထုထဲတွင် ပဲ့တင်ထပ်လာသည်။

မမြင်ရလုနီးပါး လုံးဝန်းသော လေဟာနယ်တစ်ခု သူမ၏ ရင်ဘတ်တွင် ဖြစ်ပေါ်လာပြီး အတွင်းသို့ လျင်မြန်စွာ ကျုံ့ဝင်သွားသည်။

ထို့နောက်—

ဘုန်းး

တောက်ပသော အဖြူရောင်အားလှိုင်းတစ်ခုသည် သူမကို ဗဟိုချက်ပြုကာ ပေါက်ကွဲထွက်လာပြီး အရပ်မျက်နှာအားလုံးသို့ ပြန့်ကားသွားသည်။

ဖျက်ဆီးမှုရိုက်ခတ်လှိုင်း

တားဆီးမရသော စွမ်းအားတစ်ခုသည် စစ်မြေပြင်ကို ဖြတ်၍ ပေါက်ကွဲထွက်သွားပြီး မီတာရာနှင့်ချီ…မဟုတ်သေး ထောင်ပေါင်းများစွာသော အချင်းဝက်အထိ ပျံ့နှံ့သွားသည်။

မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။

ကောင်းကင်တစ်ခုလုံး ကစဥ့်ကလျားဖြစ်သွားသည်၊၊

ဟာရီကိန်းမုန်တိုင်းနှင့်တူသော အားလှိုင်းသည် ၎င်း၏ လမ်းကြောင်းရှိ အရာအားလုံးကို ရှင်းလင်းပစ်လိုက်သည်။

မြေပြင်ပေါ်နှင့် လေထဲတွင် ပိုးကောင်အုပ်များသည် ချက်ချင်း ဆုတ်ဖြဲခံလိုက်ရသည်၊၊ မုန်တိုင်းထဲရှိ ဖုန်မှုန့်များပမာ အပိုင်းပိုင်းစုတ်ပြတ်ပြီး လွင့်စင်သွားသည်။

အနီးဆုံးတွင် ရပ်နေသူများ—လောင်ရီ၊ လျောင်မင်၊ လျန်လေး၊ လုချန်—တို့သည် လွင့်ပါလုနီးပါး ဖြစ်သွားပြီး မြေပြင်ပေါ်သို့ ခြေကန်ကာ မြဲမြံစွာ တွယ်ကပ်ထားရသည်။

အရှိန်ပြင်းသော လေစီးကြောင်းများက လေထဲတွင် အောက်ဆီဂျင် ကင်းမဲ့သော လေဟာနယ်တစ်ခုကို ဖန်တီးလိုက်ပြီး လူတိုင်း အသက်ရှူမဝ ဖြစ်ကုန်သည်။

“သောက်ကျိုးနည်း….ဘာကြီးလဲဟ”

လင်းယုန်ယာဉ်တန်းအတွင်း အသက်ရှင်ကျန်ရစ်သူများ ထိတ်လန့်တကြားအော်ဟစ်လိုက်ကြသည်။

“နျူကလီးယားဗုံး ပေါက်သွားတာလား”

“ခေါင်းဆောင်၊ ငါတို့က မဟာမိတ်တွေလေ….အချင်းချင်း ပြန်ပစ်နေပြီ”

“ရပ် ရပ်”

“မုန်တိုင်းတိုက်သွားတာလား”

ပြင်းထန်သော အားလှိုင်းကြောင့် လေပြင်းများသည် စက္ကန့်အနည်းငယ်ကြာ ဆက်လက်တိုက်ခတ်နေသည်။

လေထဲရှိ ထူထပ်သော ငွေ့ရည်ဖွဲ့ မြူခိုးများပင် လုံးဝ ကင်းစင်သွားသည်။

တစ်ခဏတာအတွင်း—လူတိုင်း အသက်ရှူကြပ်သကဲ့သို့ ခံစားလိုက်ရသည်။

နောက်ဆက်တွဲ အကျိုးဆက်

အနီးဆုံးမှ လူများ—ချန်ဆီရွှမ်နှင့် မြောင်လု—သည် လွင့်မသွားစေရန် ရထားခေါင်မိုးရှိ အပေါက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြရသည်။

အားလှိုင်း ငြိမ်သက်သွားချိန်တွင် သူတို့သည် ဖြည်းညှင်းစွာ ခေါင်းများ မော့ကြည့်လိုက်ကြသည်။

ကီကီသည် လေထဲမှ ဆင်းသက်လာပြီး တောက်ပနေသော သူမ၏ မျက်လုံးများ မှိန်သွားကာ ရှည်လျားစွာ အသက်ရှူထုတ်လိုက်သည်။

သူမသည် ချန်ဆီရွှမ်နှင့် မြောင်လုကို လှည့်ကြည့်ကာ ကျေနပ်သော အပြုံးတစ်ခုဖြင့် မေးလိုက်သည်၊၊

“အစ်မချန် ငါ့ရဲ့ လှုပ်ရှားမှုအသစ် ဘယ်လိုလဲ”

ချန်ဆီရွှမ် “…”

သူမသည် နှစ်ကြိမ်ခန် အသက်ရှူသွင်းပြီးမှ သူမ၏ ဖြူဖပ်ဖြူရော် မျက်နှာသည် ဖြည်းဖြည်းချင်း သွေးရောင်ပြန်သန်းလာသည်၊၊

မြောင်လု “…”

“ကီကီ... ဒီတိုက်ခိုက်မှုက မိတ်ဆွေနဲ့ ရန်သူကို ခွဲခြားနိုင်သေးရဲ့လား”

ကီကီက ရင်ကော့ပြီး-

“ခွဲခြားနိုင်တာပေါ့….ကျွန်မ သေချာ ထိန်းချုပ်ထားတာ…မဟုတ်ရင် ရှင်တို့နှစ်ယောက် လွင့်ထွက်သွားလောက်ပြီ”

မြောင်လု၏ မျက်လုံးများ ပြူးကျယ်သွားသည်။

သူမ သဘောပေါက်သွားသည်... ကီကီ ပြောတာ မှန်ပေသည်။

သူတို့သည် အလွန် နီးကပ်စွာ ရပ်နေသည်၊ အကယ်၍ ပေါက်ကွဲမှုက မခွဲခြားဘူးဆိုရင် သူတို့ အခု ဒီနေရာမှာ ရှိနေမည် မဟုတ်ပေ။

ချန်ဆီရွှမ်၏ မျက်နှာအနည်းငယ် မည်းမှောင်သွားသည်။

လင်းရှန် သူမအား ယခင်က ပြောပြဖူးသည်—သွေးကပ်ဘေးပန်းသည် အမှောင်ညတွင် စတင် တောက်ပလာချိန်မှစ၍ လူတိုင်း၏ စွမ်းရည်များနှင့် ဆင့်ကဲပြောင်းလဲမှုများသည် သိမ်မွေ့စွာ ပြောင်းလဲလာကြသည်။

ယခု ကီကီ၏ လွှမ်းမိုးနိုင်သော စွမ်းအားပြသမှုကို မြင်တွေ့ရချိန်တွင် ၎င်းသည် ပို၍ ရှင်းလင်းလာခဲ့သည်၊၊

သူမသည် သိသိသာသာ ပိုအားကောင်းလာခဲ့လေသည်။

“ဝိုး”

မီးနတ်ဘုရား စက်ရုပ်ကြီးအတွင်း၌ လို့ရှားရှားသည် သူမ၏ မျက်နှာပြင်ပေါ်ရှိ အရေးပေါ် သတိပေးချက်များကို စိုက်ကြည့်နေသည်။

သူမသည် ဆက်သွယ်ရေးကိရိယာမှ တစ်ဆင့် မပြောဘဲ မနေနိုင်ပေ-

“အစ်မကီကီ နောက်တစ်ခါ ကြိုသတိပေးပါဦး…ငါ နှလုံးရပ်လုနီးပါး ဖြစ်သွားတယ်”

ထိတ်လန့်ခြင်းနှင့် လေးစားခြင်း…

နေမင်းယဉ်တန်းဘက်ခြမ်းတွင် အသက်ရှင်ကျန်ရစ်သူတိုင်း ရထားကို စိုက်ကြည့်နေကြကာ ၎င်းတို့၏ မျက်နှာများ လေးစားမှုနှင့် မယုံကြည်နိုင်စွမ်းတို့ဖြင့် ပြည့်နှက်နေသည်။

“လခွမ်း...”

“ဒါ တယ်လီကနစ် စိတ်စွမ်းရည်လား”

“ဒီရထားပေါ်က လူတိုင်းက သောက်ကျိုးနည်း မကောင်းဆိုးရွားတွေပဲ”

လုရှင်းချန် “…”

သူသည် မီးနတ်ဘုရား စက်ရုပ်ပေါ်သို့ ခုန်တက်ပြီး အောက်မှ လူတိုင်းကို ကျေနပ်သော အပြုံးဖြင့် ကြည့်လိုက်သည်။

“ငါလည်း တိုက်ကွက်အသစ်တွေ တီထွင်ဖို့ လိုနေပြီ ထင်တယ်”

ရှားရှား၏ မျက်နှာသည် သံပရာသီး စားလိုက်ရသလို ရှုံ့မဲ့သွားကာ

“ဟုတ်တာပေါ့…ရှင်က မီးမလောင်ဘူး။ ကျွန်မတို့ ကျန်တဲ့သူတွေက….ချက်ချင်း ကင်ပြီးသား ဖြစ်သွားမှာသေချာတယ်၊၊ ဒါကြောင့် ရှင်ရဲ့ တိုက်ခိုက်မှုတွေကို ကျွန်မတို့နဲ့ ဝေးဝေးမှာ ထုတ်ပေးပါနော်….ကျေးဇူးတင်ပါတယ်”

လုရှင်းချန် “…”

“အရူးကောင်”

Runing Far ယာဉ်တန်းဘက်ခြမ်းတွင် လီယီသည် သူမ၏ ကိုယ်ဝန်ဆောင် ဝမ်းဗိုက်ကို ဖက်ထားကာ ရထားကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။

သူမသည် မွေးဖွားလာမည့် ကလေးကို နှစ်သိမ့်သကဲ့သို့ တိုးတိုးလေး ပြောလိုက်သည်-

“မကြောက်ပါနဲ့ ကလေးရယ်... မေမေ အသက်ရှင်နေပါသေးတယ်...”

Telegram Channel - https://t.me/linxian2069

All Chapters