← Chapters

အသူရာချောက်နက်မှကောင်းကင်နှင့်မြေကြီး၏မြင်ကွင်း

Vol. 38 Ch. 556

အသူရာချောက်နက်မှကောင်းကင်နှင့်မြေကြီး၏မြင်ကွင်း

Vol. 38 Ch. 556

ပြင်းထန်လှသောတိုက်ပွဲသည် ရုတ်တရက်ဆိုသလိုပင် အဆုံးအစမဲ့အမှောင်ထုထဲသို့ ကျရောက်သွားလေသည်။ ရေနတ်ဘုရားနှင့် သစ်သားနတ်ဘုရားအပါအဝင် အခြားသောရှေးဘိုးဘေးအဆင့်သက်ရှိများသည် အာရုံငါးပါးပျောက်ဆုံးသွာပြီး အမြင်အာရုံသည်လည်း အမှောင်ထုဖြင့်သာ လွှမ်းခြုံသွားရသည်။

ဘာဖြစ်တာလဲ

ဘာတွေဖြစ်နေတာလဲ

ထိုအချိန်တွင် ကမ္ဘာမြေနှင့် မူလမြေမှ ရှေးဘိုးဘေးအဆင့်အားလုံးသည် ပျာယာခတ်သွားရတော့သည်။ ရှေးဘိုးဘေးအဆင့်သက်ရှိများသည် အမြဲဆိုသလိုပင် အများထက်သာလွန်ခဲ့ကြပြီး လောကကြီးကို အထင်အမြင်သေးကာ ဘေးပတ်ဝန်းကျင်မှအရာအားလုံးကို လွှမ်းမိုးခြယ်လှယ်နိုင်သူများ ဖြစ်သည်။ ယခုတွင်မူ ထိုမျှထိ အကူအညီမဲ့ကာ ပျာယာခတ်သည်ဟု မခံစားရဖူးပေ။ တိုက်ပွဲကြားတွင်ရပ်နေသော ရေနတ်ဘုရားနှင့် သစ်သားနတ်ဘုရားတို့သည် နှစ်ယောက်လုံး တိုက်ခိုက်သည်ကို ရပ်လိုက်ပြီး တစ်ဇွတ်ထိုးမပြုမူရဲကြတော့ဘဲ တွေဝေစွာဖြင့် မျက်မှောင်ကြုတ်နေမိကြသည်။

မိမိတို့၏အာရုံများကို ဝါးမြိုသွားသောအမှောင်ထုသည် ယခင်ကရင်းနှီးနေသောပတ်ဝန်းကျင်တစ်ခုနှင့်တူလှသည်။ အသူရောချောက်နက်ပင် ဖြစ်သည်။ မိမိတို့ရှေ့မှအမှောင်ထုသည် အသူရာချောက်နက်၏မြင်ကွင်းနှင့် လွန်စွာဆင်တူလှပြီး အနည်းငယ်လေးပင် ကွဲပြားမှုမရှိပေ။

ဘာတွေဖြစ်နေတာလဲ

ဘာလို့တိုက်ပွဲက ရုတ်တရက်ကြီး အသူရာချောက်နက်ထဲ ရောက်သွားရတာလဲ

သဘာဝအတိုင်းဖြစ်သွားတာလား

မဟုတ်ရင် လူလုပ်တာလား

ရေနတ်ဘုရားနှင့် သစ်သားနတ်ဘုရားသည်ပင် သဘောမပေါက်နိုင်ကြပေ။ ပို၍တွေးလေလေ ပို၍စိတ်မသက်မသာလေလေပင် ဖြစ်သည်။ အထူးသဖြင့် အခြားနယ်မြေပိုင်နက်တွင်ရောက်နေသော သစ်သားနတ်ဘုရားပင်ဖြစ်ကာ ထိုအမှောင်ထုကို ရေနတ်ဘုရား၏လက်ချက်ဟု သံသယဝင်နေပြီး ပြေးရန်စဉ်းစားမိနေလေပြီ။

ဘေးနားမှအမှောင်ထုကြောင့်သာမဟုတ်လျှင် တည်နေရာကိုသာ ခွဲခြားသိနိုင်ပါလျှင် သက်ရှိလမ်းကြောင်းပေါက်ကာ မူလနယ်မြေဆီသို့ ပြန်မည်ဖြစ်သည်။ ထိုစဉ်တွင် ဘေးနားမှသူများကလည်း မသက်မသာဖြင့် စိတ်ရှုပ်နေကြကာ ဘေးနားမှအမှောင်ထုက ဖြည်ဖြည်းချင်းဖြင့် ပြန်လင်းလာသည်။ ထို့နောက်တွင် အားလုံးသည် မိမိတို့ခေါင်းပေါ်မှ ကြီးလှစွာသောကမ္ဘာ့ဆွဲအားတစ်ခုကို ခံစားမိလိုက်ကြသည်။ ဆွဲအားလာရာသို့ ကြည့်လိုက်သောအခါတွင် အားလုံးမြင်လိုက်ရသည်မမှာ ကြီးမားလှသည့်အနက်ရောင်တွင်းနက်ကြီးတစ်ခုက ရှိသမျှအရာအားလုံးကို စုပ်ယူနေခြင်းပင် ဖြစ်သည်။ ထိုတွင်းနက်ကြီးကို မြင်လိုက်ရသည့်အခါတွင် အားလုံး၏စိတ်ထဲ၌ ချက်ချင်းပင် တွေဝေသွားကြသည်။

တွင်းနက်လား

ဘာလို့တွင်းနက်ကြီးပေါ်လာရတာလဲ

စိတ်ကူးယဉ်လောကများလား

အများစုက ထိုသို့စဉ်းစားနေကြစဉ် ရုတ်တရက်ဆိုသလိုပင် တွင်းနက်ထဲမှဆွဲအားသည် သိသိသာသာမြင့်တက်လာပြီး ချက်ချင်းပင် အထဲမှ အရာအားလုံးကိုစုပ်ယူသွားတော့သည်။ ခုခံရန်စွမ်းအား လုံးဝမရှိပေ။ ထို့နောက်တွင် ချက်ချင်းဆိုသလိုပင် စုပ်ယူခံလိုက်ရသည့်အခိုက်အတန့်၌ ရှေးဘိုးဘေးအဆင့်သက်ရှိများအမားလုံး သတိလွတ်သွားကြပြီး အမှောင်ထုလေဟာနယ်ထဲသို့ ဆွဲခေါ်ခြင်းခံရပေတော့သည်။

သို့သော်လည်းမကြာခင်တွင်ပင် အမှောင်ထုက ပျောက်ကွယ်သွားသည်။ အမြင်အာရုံက ဖြည်းဖြည်းချင်း ပြန်လင်းလာသည်။ ရင်းနှီးနေသောအရာများကို ပြန်မြင်လာရသည်။ အဆင့်မြင့်သက်ရှိများ အသိဝင်လာသောအခါတွင် တိုက်ပွဲမြေပြင်၌ ပြန်ရောက်နေသည်ကို တွေ့လိုက်ရသည်။ ယခင်က အမှောင်ထုကလွှမ်းခြုံသွားသောနေရာတွင်ပင် ရှိနေဆဲဖြစ်ပြီး တစ်လက်မပင် မရွေ့ကြပေ။ ထိုသို့ဖြင့် အဆင့်မြင့်များသည် တူညီသောခန့်မှန်းမှုကို ခန့်မှန်းကြတော့သည်။ စောနကတွေ့လိုက်ရသောအမှောင်ထုသည် စိတ်ကူးယဉ်လောကတစ်ခုဖြစ်ဟန်ရှိသော်လည်း မိမိတို့ကို အခြားနေရာသို့ မပို့ဘဲ မူလနေရာတွင်သာ ရှိနေဆဲဖြစ်သည်။

ရုတ်တရက်ပင် အားလုံးသည် ပုံရိပ်တစ်ခုကို သတိထားမိသွားကြသည်။ ထိုပုံရိပ်ဆီမှ ရှေးဘိုးဘေးအဆင့်သက်ရှိတစ်ယောက်ပိုင်ဆိုင်သောအငွေ့အသက်များ ထွက်နေသည်။ တိုက်ပွဲမြေပြင်၌ ပေါ်လာသော နောက်ထပ်ရှေးဘိုးဘေးအဆင့်သက်ရှိကြောင့် အားလုံး မျက်မှောင်ကြုတ်ပြီး အသိစိတ်လွတ်သွားကြသည်။ ထိုထဲတွင် ထိုပုံရိပ်ကို မှတ်မိသွားသူများက အံ့ဩတုန်လှုပ်သွားကြပြီး ယုံကြည်ရန် ခက်ခဲနေကြသည်။ ချီချင်းမော့၏လှပသောမျက်ဝန်း‌လေးသည်ပင် အပြူးသားဖြစ်သွားရသည်။

ဇီချန်က ရှေးဘိုးဘေးအဆင့်သက်ရှိအဖြစ် ပြောင်းသွားပြီလား

ရွှမ်ယွမ်ဝမ်ယွီသည်လည်း အံ့ဩတုန်လှုပ်သွားပြီး အသူရာချောက်နက်၏သားတော်က အဘယ့်ကြောင့် ရှေးဘိုးဘေးအဆင့်သက်ရှိအဖြစ် ရုတ်တရက်တိုးတက်ပြောင်းလဲသွားသည်ကို သိချင်နေမိသည်။ ရေနတ်ဘုရားကမူ တည်ငြိမ်နေဆဲဖြစ်ပြီး ပင်လယ်နတ်ဘုရား၏သွေးအိုင်ကိုဝါးမြိုသွားသူမှာ လင်းဇီချန်ဆိုသည်ကို သိလိုက်သည်။ ပင်လယ်နတ်ဘုရား၏သွေးအိုင်သည် လင်းဇီချန်အတွက် အထူးတလည်ချန်ထားပေးခဲ့ခြင်းဖြစ်သည်။

၎င်းအတွက် အသူရာချောက်နက်ဖြင့်ချိတ်ဆက်မှုရှိသော လင်းဇီချန်သည် ရှေးဘိုးဘေးအဆင့်ထိ ဆင့်ကဲပြောင်းလဲရန်လိုအပ်ပြီး သစ်သားနတ်ဘုရားကိုရင်ဆိုင်ရာတွင်လိုအပ်ပေသည်။ ရှေးဟောင်းနတ်တစ်ပါးဖြစ်သည့် သစ်သားနတ်ဘုရားသည် မိမိဘာသာ အလွယ်တကူရင်ဆိုင်နိုင်သည့်အရာမျိုး မဟုတ်ပေ။ အသူရာချောက်နက်၏စွမ်းမားကိုငှားရမ်းပြီးသာ သစ်သားနတ်ဘုရားကို ပျောက်ကွယ်အောင်လုပ်နိုင်ပေမည်။ ပို၍တိတိကျကျဆိုရလျှင် ပျောက်သွားအောင်လုပ်ခြင်းမဟုတ်ဘဲ သတိလစ်အောင်လုပ်ပြီး လောကကြီးထဲမှ သစ်သားဒြပ်စင်များကို ပျောက်သွားစေရန်ဖြစ်သည်။ မဟုတ်လျှင် မူလသစ်သားဓာတ်ကို ဖျောက်ပစ်မည်သာ ဖြစ်၏။

....

တစ်ဖက်တွင်မူ ရှေးဘိုးဘေးအဆင့်အဖြစ် အောင်မြင်စွာ ဆင့်ကဲပြောင်းလဲနိုင်လိုက်သောလင်းဇီချန်သည် မိမိ၏ခန္ဓာကိုယ်တွင်းမှ ပြောင်းလဲမှုကို ဂရုတစိုက်ဖြင့် အာရုံခံကြည့်နေသည်။ ချီသွေးစွမ်းအားနှင့် ဝိညာဉ်စွမ်းအားနှစ်ခုလုံးသည် ခန့်မှန်းမရသည့်အတိုင်းအဆအထိ မြင့်တက်သွားသည်။ အာရုံခံနိုင်စွမ်းကလည်း လောကတစ်ခွင်လုံးထိ ဖြန့်ကျက်၍ရပေသည်။ ခန္ဓာကိုယ်တွင်းမှ တိုးတက်ပြောင်းလဲမှုများက လင်းဇီချန်ခန့်မှန်းထားသည်ထက် သာလွန်သည်။ မိမိကို အံ့အားသင့်စေသည်မှာ အစက ကြည်လင်နေပြီး ယခုတွင် မည်းမှောင်နေသည့် အသိစိတ်ပင်လယ်ပင် ဖြစ်သည်။ အမှောင်ထုသည် ဘာမှမရှိခြင်းမျိုးမဟုတ်ပေ။ ကြီးမားလှစွာသောစွမ်းအားတစ်မျိုး ပါဝင်နေသည်။ ချီသွေးနှင့်ဝိညာဉ်စွမ်းအားထက် ပို၍သန့်စင်ကာ ပို၍စွမ်းအားကြီးသည်။ အသိစိတ်ပင်လယ်ထဲမှအမှောင်ထုသည် အသူရာချောက်နက်၏စွမ်းအားဖြစ်နိုင်ကာ အသူရာချောက်နက်သားတော်မှ ဆင်းသက်လာခြင်းဖြစ်ပေမည်။

မကြာခင်တွင်ပင် လင်းဇီချန်သည် ဆက်မတွေးတော့ဘဲ သတိပြန်ကပ်လာသည်။ မျက်လုံးအကြည့်တို့က များပြားလှစွာသောရှေးဘိုးဘေးအဆင့်သက်ရှိများဖြင့် အကြည့်ချင်းဆုံလိုက်သည်။ ရှေးဘိုးဘေးစတုတ္ထအဆင့်၊ ရှေးဘိုးဘေးပဥ္ဇမဆင့်၊ ရှေးဘိုးဘေးသတ္တမအဆင့်...အစရှိသဖြင့်ဖြစ်သည်။ တိုးတက်လာသောအန္တာရာယ်ကြိုတင်သိမြင်နိုင်စွမ်းနှင့်အတူ လင်းဇီချန်သည် ယခင်ကမမြင်နိုင်ခဲ့သောသွေးမျိုးဆက်စွမ်းအားဆိုင်ရာအဆင့်များကိုပါ မြင်နိုင်လာလေသည်။ သွေးမျိုးဆက်စွမ်းအားအဆင့်သည် အသိစိတ်ပင်လယ်ထဲ၌ ဖြည်းဖြည်းပေါ်လာသည်။ ရေနတ်ဘုရားနှင့် သစ်သားနတ်ဘုရားမှလွဲ၍ အခြား‌သောရှေးဘိုးဘေးအဆင့်များသည် မိမိ၏အာရုံတွင် ပေါ်လာကြသည်။ လင်းဇီချန်စောင့်ကြည့်ခံရသောရှေးဘိုးဘေးများသည်လည်း ထိတ်လန့်သွားပုံပေါ်ကာ မယုံကြည်နိုင်ဖြစ်နေကြ၏။

ဘာတွေဖြစ်နေတာလဲ

ခုမှအသစ်ပေါ်လာတဲ့ရှေးဘိုးဘေးအဆင့်တစ်ယောက်က အခြားရှေးဘိုးဘေးအဆင့်တွေရဲ့ သွေးမျိုးဆက်ဆိုင်ရာအချက်အလက်တွေကို ဘယ်လိုလုပ် ကြည့်နိုင်ရတာလဲ

ဘယ်လိုနည်းလမ်းမျိုးပါလိမ့်

All Chapters