← Chapters

အသူရာချောက်နက်မှကောင်းကင်နှင့်မြေကြီး၏မြင်ကွင်း (၂)

Vol. 38 Ch. 557

အသူရာချောက်နက်မှကောင်းကင်နှင့်မြေကြီး၏မြင်ကွင်း (၂)

Vol. 38 Ch. 557

သွေးမျိုးဆက်ဆိုင်ရာအဆင့်များကို ကြည့်ပြီးနောက်တွင် လင်းဇီချန်သည် စောင့်ကြည့်နေကြသောမျက်လုံးများအောက်တွင် လက်ဗလာဖြင့် လေကို ခွဲကြောင်းတစ်ခုဖြင့် ခွဲလိုက်ပြီး လေဟာနယ်ထဲသို့ဝင်သွားကာ ကမ္ဘာမြေ၏ရှေးဘိုးဘေးအဆင့်တစ်ဦးဖြစ်သော ချီချင်းမော့ဘေးသို့ ရောက်သွားသည်။ သူသည် ရေနတ်ဘုရားဘေးသို့ ချက်ချင်းသွားနိုင်သည်။ သို့သော်လည်း ရေနတ်ဘုရားနှင့်စာလျှင် ချီချင်းမော့ကို ပို၍ယုံသည်။ ရေနတ်ဘုရားကမူ လင်းဇီချန်စဉ်းစားနေသည်ကို မသိရှာပေ။ လင်းဇီချန်တစ်ယောက် ရှေးဘိုးဘေးအဆင့်ပြောင်းသွားသည်ကို ကြည့်ပြီး အသိပြန်ဝင်လာကာ တွန့်ဆုတ်ခြင်းမရှိ ပြောလိုက်လေသည်။

"အခုတော့ မင်းက အသူရာချောက်နက်နဲ့ချိတ်ဆက်ပြီး အဲ့တာရဲ့စွမ်းအားကို ပိုင်ဆိုင်သွားပြီပေါ့။ တိုက်ပွဲတစ်ခုလုံးကိုတောင် အမှောင်ထုထဲထည့်ပြီး မင်းအိမ်ကွင်းလိုမျိုး ပြောင်းနေနိုင်ပြီ။"

သူမပြောသည်ကို နားထောင်လိုက်လျှင် ရေနတ်ဘုရား၏အသံ၌ အလောတကြီးနိုင်မှုကို သိနိုင်သည်။ သူမသည် သစ်သားနတ်ဘုရားဖြင့် ရင်ဆိုင်ရန် မစောင့်နိုင်တော့သည့်ပုံပေါက်သည်။ မူလမြေသို့ပြန်ကာ တပ်ကူပြန်တောင်းချင်နေဟန်ရှိသည်။ ရေနတ်ဘုရား၏တိုက်တွန်းချက်ကြောင့် လင်းဇီချန်လည်း တွန့်ဆုတ်မနေတော့ဘဲ တိုက်ပွဲမြေပြင်နှင့် အသူရာချောက်နက်ကို တွဲစပ်လိုက်တော့သည်။ နယ်မြေနှစ်ခုကို အောင်မြင်စွာတွဲစပ်ပြီးသည်နှင့် တောက်ပနေသောတိုက်ပွဲမြေပြင်က ချက်ချင်းဆိုသလိုပင် မည်းမှောင်သွားသည်။ လူတစ်ယောက်၏ပုံရိပ်ကို မမြင်ရသည်အထိ မည်းမှောင်သွားခြင်းမျိုးမဟုတ်ပေ။ သို့သော်လည်း အတော်လေးမှောင်ပိန်းနေသည်။

ရှေးဘိုးဘေးအဆင့်သို့ တက်လှမ်းပြီးဖြစ်သော လင်းဇီချန်၏အင်အားသည် သိသိသာသာတိုးတက်လာသော်လည်း အကန့်အသတ်ရှိသဖြင့် ကမ္ဘာမြေနှင့် အသူရာချောက်နက်ကို အပြည့်အဝချိတ်ဆက်ပေးရန်မှာ မဖြစ်နိုင်ပေ။ သာလွန်ခြင်းက အကန့်အသတ်ရှိသော်လည်း သစ်သားနတ်ဘုရား၏အခြမ်းက အားနည်းနေသဖြင့် အားကြီးတသောရေနတ်ဘုရားအတွက်လုံလောက်က အလေးသာနေသည်။

"အရင်သတ်ကြ..."

လင်းဇီချန်ထံမှ ခြိမ်းခြောက်ခံလိုက်ရသည်ဟု ခံစားမိသောသစ်သားနတ်ဘုရားသည် သစ်ပင်အကြီးအကဲနှင့် အခြားသူများကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။ အမိန့်ပေးပြီးသည်နှင့် တစ်ကိုယ်လုံးက အစိမ်းရောင်နွယ်ပင်များစွာအဖြစ် ပြောင်းလဲသွားပြီး လင်းဇီချန်ရှိရာ လေဟာနယ်ဆီသို့ နွယ်ပင်စိမ်းများကို ပစ်လွှတ်လိုက်လေသည်။ ၎င်း‌နောက်တွင် ပန်းနတ်ဘုရား၊ သစ်ပင်အကြီးအကဲ၊ တိတ်ဆိတ်ခြင်းအရှင်နှင့် စုမေရှောင်တို့သည် မိမိတို့၏နတ်စွမ်းအားများကို ထုတ်ပြကြပြီး လွန်စွာမြန်သောအရှိန်နှုန်းဖြင့် တိုက်ခိုက်ရန် ပြေးဝင်လာကြသည်။ ထိုဒဏ္ဍာရီအဆင့်သက်ရှိလေးယောက်သည် ယခုတွင် သေခြင်းရှင်ခြင်းကို သစ်သားနတ်ဘုရားနှင့်အတူ မျှဝေနေရပြီဖြစ်၍ ရွေးချယ်စရာမရှိဘဲအဆုံးအထိ တိုက်ပွဲဝင်ရပေတော့မည်။

သစ်သားနတ်ဘုရားဘက်မှ ပစ်မှတ်ထားကာ တိုက်ခိုက်လာသည်ကို မြင်ရသောအခါတွင် လင်းဇီချန်သည် ပျာယာခတ်မမသွားဘဲ အမြန်ပင် ချီချင်းမော့နောက်သို့ ဆုတ်သွားသည်။ ကမ္ဘာမြေနှင့် အသူရာချောက်နက်ကို ဆက်သွယ်ပြီးဖြစ်သဖြင့် သစ်သားနတ်ဘုရားဘက်မှအင်အားသည် များစွာအားနည်းသွားပြီဖြစ်ကာ ကမ္ဘာမြေ၏ပြိုင်ဘက်မဟုတ်တော့ပေ။ ထိုသို့အခြေအနေမျိုးတွင် လင်းဇီချန်တစ်ယောက်သည် နောက်ဆုတ်သာနေပြီး လုံခြုံစေရန်အတွက်ဖြစ်ကာ ချီချင်းမော့နှင့်အခြားသူများကိုသာ ကိုင်တွယ်ခွင့်ပြုရပေတော့မည်။

မကြာခင်တွင်ပင် ရေနတ်ဘုရားဦးဆောင်သည့်ကမ္ဘာဘက်ခြမ်းသည် သစ်သားနတ်ဘုရားဦးဆောင်သောမူလမြေခြမ်းကို အနိုင်ပိုင်းနိုင်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ကြောက်စရာကောင်းလှသည့်နောက်ဆက်တွဲရိုက်ချက်သည် တိုက်ပွဲအလယ်မှထွက်ပေါ်လာပြီး အက်ကြောင်းများစွာပေါ်လာကာ နေရာတိုင်း၌စွမ်းအားအတက်အကျများစွာဖြင့် ပြည့်နှက်သွားသည်။ လင်းဇီချန်သည် ကြောက်စရာကောင်းနောက်ဆက်တွဲကို အာရုံခံမိပြီးနောက်တွင် မိမိလုံခြုံရန်အတွက် ချက်ချင်းပင်ဝေးရာသို့ ရှောင်လိုက်သည်။ စက္ကန့်ပိုင်းအတွင်းပင် ရှေးဘိုးဘေးအဆင့်များသည် ထိုတိုက်ပွဲဗဟိုချက်၌ ကျရှုံးသွားကြတော့သည်။ အမြင့်တစ်နေရာ၌ များပြားလှစွာသောကြက်သွေးနီရောင်ပန်းဖူးများက မြင်နိုင်သောနှုန်းဖြင့် ဖူးပွင့်လာပြီးနောက်တွင် အမြန်ပင် ပြန်၍ညှိုးနွမ်းသွားကြကာ ဘာမှမဟုတ်သည့်အတိုင်းပင် ပျောက်ကွယ်သွား၏။ ထိုဖြစ်စဉ်ကြောင့် ပန်းနတ်ဘုရားကျသွားသည်ကို လင်းဇီချန် သိလိုက်သည်။

ပန်းနတ်ဘုရားသည် ထာဝရမခံဘဲ ရှေးဘိုးဘေးတိုက်ပွဲ၌ ပထမဆုံးကျသွားသောသူဖြစ်သည်။ ထိုမြင်ကွင်းကို မြင်သည့်အခါတွင် လင်းဇီချန်က ချက်ချင်းပင် ခေါင်းခါပြီး လေထဲမှ အက်ကွဲကြောင်းတစ်ခုကိုဖွင့်ကာ ပန်းနတ်ဘုရားကျသွားရာသို့သွားပြီး အကြွင်းအကျန်များကို ထိလိုက်သည်။ ထို့နောက်တွင် ဝါးမြိုဟုသောအတွေးကို တွေးလိုက်၏။

(သင်သည် နေနှင့်လအထွတ်အမြတ်ပန်း၏အသက်ဓာတ်များစွာကို ဝါးမြိုပြီးပါပြီ။ ညှိုးနွမ်းခြောက်သွေ့နိုင်စွမ်းဟုသော သွေးမျိုးဆက်စွမ်းအားကို အောင်မြင်စွာပိုင်ဆိုင်သွားပါသည်။)

(ညှိုးနွမ်းခြောက်သွေ့နိုင်စွမ်း - သက်ရှိအားလုံး၏အသက်ဓာတ်ကိုစုပ်ယူပြီးညှိုးနွမ်းသွားအောင်လုပ်နိုင်သည်။)

(သင်သည် နေနှင့်လအထွတ်အမြတ်ပန်း၏အသက်ဓာတ်ပမာဏများစွာကို စုပ်ယူပြီး မူလအားကို ချီသွေးနှင့်ဝိညာဉ်စွမ်းားအဖြစ်သို့ပြောင်းလဲကာ ချီသွေးစွမ်းအားနှင့် ဝိညာဉ်စွမ်းအားကို တိုးမြှင့်ပြီးပါပြီ။)

(သင်၏သွေးမျိုးဆက်စွမ်းအားအဆင့်သည် ရှေးဘိုးဘေးပထမအဆင့်မှ ရှေးဘိုးဘေးတတိယအဆင့်သို့ ဆင့်ကဲပြောင်းလဲသွားပါသည်။)

နှစ်ဆင့်များတောင် တိုးသွားတာလား

ထိုစာသားများကို ကြည့်ရင်းဖြင့် လင်းဇီချန်၏မျက်နှာထက်၌ အံ့ဩမှုများဖုံးလွှမ်းနေသည်။ ရှေးဘိုးဘေးအဆင့်တွင် နှစ်ဆင့်တိုးသွားခြင်းက ရေသောက်သကဲ့သို့လွယ်နေမည်ဟုထင်မထားသောကြောင့် အံ့ဩသင့်နေမိလေသည်။

တစ်ဖက်တွင်မူ သစ်သားနတ်ဘုရားသည် ရေနတ်ဘုရားနှင့် ပြင်းထန်သောတိုက်ပွဲတွင် ပိတ်မိနေရာမှ လင်းဇီချန်တစ်ယောက် နှစ်ဆင့်တက်သွားသည်ကို အာရုံခံမိသည့်အတွက် အံ့ဩတုန်လှုပ်သွားကာ မယုံနိုင်ဖြစ်နေမိသည်။ ရေနတ်ဘုရားသည် မရေမတွက်နိုင်သောခေတ်ပေါင်းများစွာကို နေထိုင်ခဲ့ပြီးဖြစ်သော်လည်း ထိုမျှထိမြန်သည့်ဆင့်ကဲပြောင်းလဲခြင်းကိုမူ မတွေ့ဖူးပေ။ ရှေးဘိုးဘေးအဆင့်တွင် ဆင့်ကဲပြောင်းလဲနိုင်သေးသော်လည်း ထိုနောက်ကွယ်တွင် ဘာရှိသေးသည်ကို မသိရပေ။ ထိုကလေးကို အသက်ရှင်လျက်ထွက်သွားခိုင်း၍မဖြစ်တော့ပေ။ ယနေ့တွင်ပင် သတ်ပစ်ရမည်။ မဟုတ်လျှင် အဆုံးမရှိသောပြဿနာများဖြစ်လာပေတော့မည်။

ထိုသို့တွေးနေရင်းဖြင့် သစ်သားနတ်ဘုရားသည် ရေနတ်ဘုရားကို ခုခံရန်အားမရှိတော့ဘဲ ပင်ပန်းနေပြီဖြစ်သည်။ ရေနတ်ဘုရား၏အနိုင်ပိုင်းခြင်းကို ခံရပြီးနောက်တွင် သစ်သားနတ်ဘုရားသည် စွမ်းအားများကို ထုတ်လွှတ်ပြီး ပို၍တိကျမြန်ဆန်သောအပြုအမူမျိုးဖြင့် လင်းဇီချန်နောက်သို့ ‌ပြေးလိုက်တော့သည်။ ကောင်းကင်အာခံနိုင်သည့်အစွမ်းရှိသည့်ကလေးကို နေရာတွင်ပင် ကွပ်မျက်ပစ်ရန်ဖြစ်၏။ သစ်သားနတ်ဘုရားက မိမိနောက်သို့ ပြေးလိုက်လာသည်ကို မြင်ရသောအခါတွင် လင်းဇီချန်၏အတွေးများက ချက်ချင်းပင် ဝိညာဉ်စွမ်းအားကိုစုစည်းလိုက်ပြီး နောက်တွင်အက်ကွဲကြောင်းတစ်ခုဖန်တီးကာ ချက်ချင်းပင် ထိုအက်ကွဲကြောင်းထဲသို့ဝင်၍ ထွက်ပြေးသွားတော့သည်။ သစ်သားနတ်ဘုရားကလည်း နောက်မှလိုက်လာပြီး ထွက်ပြေးသွားသောသူနောက်သို့ လိုက်လေသည်။

ချက်ချင်းပင် ထွက်ပြေးရန်ကြိုးစားနေသောလင်းဇီချန်သည် နွယ်ပင်များဖြင့် ရစ်ပတ်ခံရပြီး မလှုပ်နိုင်ဖြစ်သွားကာ နွယ်ပင်များက မိမိကို အက်ကွဲကြောင်းထဲမှပြန်ဆွဲထုတ်နေသည်။ ဆွဲထုတ်ခံလိုက်ရသည့်ခါတွင် ချက်ချင်းပင် သူသည် စွမ်းအားအပြည့်ဖြင့် နွယ်ပင်များကိုဖြတ်ပစ်ပြီး အက်ကွဲကြောင်းထဲသို့ဝင်ကာ ပျောက်ကွယ်သွားလေတော့သည်။

All Chapters