ရှေးဘိုးဘေးအဆင့်မြင့်အဆင့်၊ နှစ်ယောက်တစ်ယောက်တိုက်ခိုက်ခြင်း
Vol. 38 Ch. 559
(သင်သည် လောကသစ်ပင်၏ မူလအသက်ဓာတ်နှင့် သစ်ပင်သခင်ဟုသော သွေးမျိုးဆက်စွမ်းအားကို ရရှိပါသည်။)
(သစ်ပင်သခင်စွမ်းအား - သင်၏သွေးမျိုးဆက်စွမ်းအားအဆင့်ထက်နိမ့်သည့် မည်သည့်သစ်ပင်ကိုမဆို ထိန်းချုပ်နိုင်ပါသည်။)
(သင်သည် လောကသစ်ပင်ထံမှ မူလအားများစွာကို ဝါးမျိုလိုက်နိုင်ပြီး ထိုမူလအားကို ချီသွေးနှင့်ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲလိုက်နိုင်ပါသည်။ ချီသွေးစွမ်းအားနှင့် ဝိညာဉ်စွမ်းအားနှစ်မျိုးလုံးသည် သိသိသာသာ တိုးမြင့်လာပါသည်။)
(သင်သည် သွေးမျိုးဆက်ဆိုင်ရာအဆင့်စွမ်းအားသည် ရှေးဘိုးဘေးပဥ္ဇမအဆင့်မှ ရှေးဘိုးဘေးဆဌမအဆင့်သို့ ဆင့်ကဲပြောင်းလဲသွားပါပြီ။)
ထပ်၍ ဆင့်ကဲပြောင်းလဲသွားပြန်သည်။
အဆင့်မြင့်ရှေးဘိုးဘေးသက်ရှိဖြစ်ရန် တစ်ဆင့်သာလိုတော့သည်။ လင်းဇီချန်သည် စိတ်ထဲတွင် စိတ်လှုပ်ရှားနေမိလေသည်။
....
တစ်နေရာရာတွင်မူ အလင်းတန်းအဖြစ် ပြောင်းသွားသောချီချင်းမော့သည် နောက်ခံမရှိတော့သောသစ်သားနတ်ဘုရားဖြင့် ရင်ဆိုင်နေလေသည်။ ချက်ချင်းဆိုသလိုပင် မီးတောက်များက ကောင်းကင်ထိ ပျံတက်သွားပြီး ကြောက်စရာကောင်းလာသောနောက်ဆွဲများက နေရာအနှံ့ပျံ့နှံ့သွားကာ လေထုသည် ပင့်ကူအိမ်ကဲ့သို့ ကွဲအက်သွားပြီး လောကအဆုံးသတ်သို့ရောက်ပြီဟု သတိပေးနေသည်နှင့် တူလှသည်။ ချီချင်းမော့အားကောင်းလှသောကြောင့် လက်တစ်ဖက်တည်းဖြင့်ပင် သစ်သားနတ်ဘုရားကို ကိုင်တွယ်နိုင်သည်။
သူမထုတ်လွှတ်လိုက်သောချီသွေးစွမ်းအားသည် ကောင်းကင်ပေါ်မှ ပြင်းထန်သောနေမင်းနှင့်တူကာ အရာအားလုံးကို အရည်ပျော်သွားစေနိုင်သည်အထိ ခြစ်ခြစ်တောက်ပူသည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် သစ်သားနတ်ဘုရားထိန်းချုပ်ထားသော အစိမ်းရောင်နွယ်များသည် ဘာမှမဟုတ်တော့သည့်အတိုင်းပင် ကွယ်ပျောက်သွားသည်။ သို့သော်လည်း သစ်သားနတ်ဘုရား၏စွမ်းအားက အားလုံးစိတ်ကူးထားသည်ထက် သာလွန်သည်။ ထိုစွမ်းအားသည် မူလအားဖိနှိပ်မှုကြောင့် အားပျော့နေသော်လည်း ချီချင်းမော့ထက် ပို၍အားကောင်းလှသည်။ အတွေးတစ်ခုဖြင့် ပို၍များပြီး ပို၍အားကောင်းသောနွယ်စိမ်းပင်များကို ဆင့်ခေါ်လိုက်ပြီး ဖျက်ဆီးနိုင်သောမူလအားနှင့်အတူ ချီချင်းမော့ကို တိုက်ခိုက်လေသည်။
"ဝှစ် ဝှစ် ဝှစ်"
လေကိုဖြတ်သွားသောအသံနှင့်အတူ မရေမတွက်နိုင်သောအစိမ်းရောင်နွယ်ပင်များသည် အဆိပ်ပြင်းမြွေကဲ့သို့ ရောက်လာပြီး ချီချင်းမော့ဆီသို့ အမြန်ဆုံးနှုန်းဖြင့် ရောက်လာသည်။ ထိုနွယ်ပင်များ ဖြတ်သွားသည့်နေရာတိုင်းတွင် လေသည်ပင် ဘာမှမရှိသည့်အတိုင်းပျောက်ကွယ်သွားသည်။ ကြောက်စရာကောင်းလှသောနွယ်ပင်များသည် နေနှင့်ကောင်းကင်ကိုပါ တားဆီးလိုက်သည်။ ချီချင်းမော့ကမူ မဖြုံပေ။ ကြောက်စရာကောင်းသောချီသွေးစွမး်အားဖြင့် ရှေ့သို့ချီတက်ပြီး ရင်ဆိုင်တော့သည်။
သို့သောလည်း ယခုတစ်ခေါက်တွင် သူမ၏ချီသွေးစွမ်းအားက သက်ရောက်မှုမရှိတော့ပေ။ အစိမ်းရောင်နွယ်ပင်များကို အန္တရာယ်မပေးနိုင်တော့ပေ။ အစိမ်းရောင်နွယ်ပင်များ၏ ကြီးထွားလာမှုအောက်တွင် သူမသည် အမြန်ပင် အားလုံး၏မြင်ကွင်းမှ ကွယ်ပျောက်သွားပြီး နွယ်ပင်များက ပိုးအိမ်ကဲ့သို့ ဝိုင်းသွားကာ မြေကြီးထဲသို့ ဆွဲခေါ်သွားတော့သည်။
ချီချင်းမော့အားရင်ဆိုင်ပြီးနောက်တွင် သစ်သားနတ်ဘုရားသည် ချက်ချင်းပင် ရေနတ်ဘုရားဆီသို့ ပစ်မှတ်ပြောင်းသွားကာ ထိုအစိမ်းရောင်နွယ်ပင်များက ရေနတ်ဘုရားထံဦးတည်သွားတော့သည်။ ထိုထဲမှစွမ်းအားက နိမ့်သည်ကို သိသောကြောင့် ရေနတ်ဘုရားက ချက်ချင်းပင် နောက်ဆုတ်သွားပြီး ရွှမ်ယွမ်ဝမ်ယွီနှင့်အခြားသူများကို ပြောလိုက်သည်။
"မြန်မြန် ငါနဲ့ပူးပေါင်းပြီး သစ်သားနတ်ဘုရားကိုသတ်ပြီး ကမ္ဘာမြေကိုငြိမ်းချမ်းအောင်လုပ်ကြမယ်။"
ထိုခေါ်သံကို ကြားသည်နှင့် လင်းဇီချန်က ချက်ချင်းပင် ရေနတ်ဘုရားထံသို့ ပြေးဝင်သွားသည်။ တစ်ချိန်တည်းတွင်ပင် အတွေးတစ်ချက်ဖြင့် တောအရှင်နှင့် သစ်ပင်သခင်စွမ်းအားနှစ်မျိုးကို အသက်သွင်းလိုက်ပြီး ချီချင်းမော့ကိုရစ်ပတ်ထားသော နွယ်ပင်များကိုထိန်းချုပ်ကာ ကယ်တင်ပေးရန် ကြိုးစားလေသည်။
အနောက်မှ အကြီးအကဲလီ၊ စီမာရွှမ်းနှင့် ရွှမ်ယွမ်ဝမ်ယွီတို့သည် အလင်းတန်းများအဖြစ် ပြောင်းသွားပြီး ရေနတ်ဘုရားထံသို့ ပြေးဝင်သွားကြသည်။ ထိုထဲတွင် အကြီးအကဲလီနှင့် စီမာရွှမ်းတို့အကြည့်က ရေနတ်ဘုရားနှင့် သစ်သားနတ်ဘုရားထံတွင်မဟုတ်ဘဲ လင်းဇီချန်ထံတွင်ရှိနေသည်။ နှစ်ဦးလုံးသည် ချီချင်းမော့အဖမ်းခံထားရသည်ကို အခွင့်ကောင်းယူပြီး ပူးပေါင်းကာ လင်းဇီချန်ကို အမြန်ရှင်းပစ်ချင်နေကြသည်။ ၎င်းတို့သည် လူသားများ၏မကောင်းဆိုးဝါးဗီဇကို ယုံပြီး လင်းဇီချန်ကို ဆက်၍ဝါးမျိုကာ ဆင့်ကဲပြောင်းလဲခွင့်ပြုထားပါလျှင် လင်းဇီချန်က မိမိတို့ထက် ပိုအားကောင်းသွားသည်နှင့် ချက်ချင်းဝါးမျိုခံရနိုင်သည်။
ထိုအတွေးဖြင့် အကြီးအကဲလီနှင့် စီမာရွှမ်းတို့သည် အကြည့်ချင်းဖလှယ်ကာ ချက်ချင်းပင် မူလအားအပြည့်ဖြင့် လင်းဇီချန်ရှိရာသို့ ပြေးဝင်သွားကြတော့သည်။ ထိုမြင်ကွင်းကို မြင်သောအခါတွင် ရွမ်ယွမ်ဝမ်ယွီကလည်း စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
သို့သော်လည်း သူမက ဝင်မပါပေ။ ထို့အစား မမြင်ချင်ယောင်သာဆောင်ပြီး ရေနတ်ဘုရားနှင့်သစ်သားနတ်ဘုရားဆီသို့သာသွားပြီး ကူပေးရန်ပြင်လိုက်သည်။
လင်းဇီချန်သည်မူ နတ်ဘုရားနှစ်ပါးတိုက်နေရာသို့ ပြေးဝင်သွားဆဲဖြစ်ပြီး တစ်ဖက်တွင်လည်း နွယ်ပင်များကို ထိန်းချုပ်ကာ ချီချင်းမော့ကို ကယ်နေသည်။ ရုတ်တရက်ပင် ပြင်းထန်းသောသတ်ဖြတ်လိုသောစွမ်းအားနှစ်ခုက နောက်မှလိုက်လာသောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုစွမ်းအားကို အာရုံခံမိသည်နှင့် မိမိ၏တည်ရှိမှုက အခြားသူများအတွက် ခြိမ်းခြောက်မှုဖြစ်နေသည့်အတွက် ယခုတွင် ထိုအဆင့်မြင့်များက တိုက်ခိုက်ကြတော့မည်ကို သိလိုက်သည်။ မိမိ၏မျိုးနွယ်ကို အတော်လေးစိတ်ပျက်သွားမိပေသည်။
လောကနှစ်ခုကြားတိုက်ပွဲအလယ်တွင် ၎င်းတို့သည် ရန်သူသစ်သားနတ်ဘုရားနှင့် ရင်ဆိုင်နေရသော်လည်း ထိုသူများက မိမိကို သတ်ရန် ကြိုးစားနေကြသည်။ လုံးဝဦးနှောက်မရှိကြပေ။ စိတ်တွင်းမှ ကျိန်ဆဲလိုက်မိပြီး လင်းဇီချန်က ချက်ချင်းပင် ချီသွေးနှင့်ဝိညာဉ်စွမ်းအားအပြည့်ဖြင့် ထိုနှစ်ဦးရှိရာသို့ ပြေးဝင်သွားပြီး နှစ်ယောက်တစ်ယောက်တိုက်ရန် ပြင်လိုက်တော့သည်။
လင်းဇီချန်က ရုတ်တရက် မိမိတို့ကို တိုက်ခိုက်ရန် လှည့်လာသဖြင့် ထိုနှစ်ယောက်လုံး အံ့အားသင့်သွားရသည်။ လင်းဇီချန်သည် မိမိတို့ကို အမြန်ပင်အာရုံခံမိကာ ချက်ချင်းပြန်တုံ့ပြန်နိုင်သည်။ ထို့အပြင် ထွက်မပြေးသကဲ့သို့ ပြန်တိုက်ရန်ပါ ဦးတည်လာသေးသည်။
ဘာကိုဆိုလိုနေသနည်း
ရှေးဘိုးဘေးဆဌမအဆင့်က ရှေးဘိုးဘေးသတ္တမအဆင့်နှစ်ယောက်ကို အနိုင်တိုက်နိုင်မှာတဲ့လား။
ဘယ်ကများ ယုံကြည်ချက်တွေ ရလာသလဲ။
လင်းဇီချန်သည် ရုတ်တရက် တိုက်ခိုက်ရန် လှည့်လာသဖြင့် အကြီးအကဲလီနှင့် စီမာရွှမ်းတို့သည် စော်ကားခံလိုက်ရသည်ဟု ခံစားမိပြီး အတော်လေးစိတ်ဆိုးသွားသည်။ ထို့နောက်တွင် နှစ်ဦးသား ခန္ဓာကိုယ်တွင်းမှ မူလအားကို အမြင့်ဆုံးသို့ တင်လိုက်ပြီး လင်းဇီချန်ဆီသို့ တိုက်ခိုက်မှုအကြီးအကျယ်လုပ်တော့သည်။ ၎င်းတိ့သည် လင်းဇီချန်ကို တစ်ချက်တည်းဖြင့် အနိုင်ပိုင်းရန် ရည်ရွယ်ထားကြသည်။
"ဘုန်း ဘုန်း ဘုန်း...."
နားကွဲမတတ်စွမ်းအားပေါက်ကွဲသံများနှင့်အတူ ကြောက်စရာကောင်းသောအားနှစ်ခုသည် တစ်ခုချင်းစီသည် ကြောက်စရာကောင်းသောငှက်ကြီးနှင့် ကြောက်စရာကောင်းသောသားရဲကြီးအဖြစ် ပြောင်းသွားကာ လင်းဇီချန်ရှိရာသို့ အလင်း၏အမြန်နှုန်းဖြင့် ရောက်လာလေသည်။