ရှေးဘိုးဘေးအဆင့်မြင့်အဆင့်၊ နှစ်ယောက်တစ်ယောက်တိုက်ခိုက်ခြင်း (၂)
Vol. 38 Ch. 560
လင်းဇီချန်က ထိုအခြေအနေကို မြင်သည်နှင့် လုံးဝတွန့်မသွားပေ။ သို့သော်လည်း အတွေးဖြင့် အဆီအနှစ်သွေးကို စွန့်လွှတ်လိုက်ပြီး ချီသွေးစွမ်းအားကို အမြင့်ဆုံးထိတိုးပစ်ကာ ရှေးဘိုးဘေးဆဌမအဆင့်အတားအဆီးကို ဖြတ်ကျော်ပစ်သည်။
ချက်ချင်းဆိုသလိုပင် ချီသွေးစွမ်းအားအားလုံးကို လက်သီးတွင် စုစည်းလိုက်ပြီး ထိုသားရဲနှင့်ငှက်ကြီးကို ထိုးနှက်လိုက်တော့သည်။ ထို့နောက်တွင် အုံးခနဲအသံကျယ်ကြီး ထွက်ပေါ်လာသည်။
ချီသွေးစွမ်းအားသည် အဆီအနှစ်သွေးဖြင့် ဆူပွက်နေသော မီတာတစ်သောင်းရှည်သည့်နဂါးကြီးတစ်ကောင်ကဲ့သို့ အသွင်ပြောင်းသွားကာ လမ်းကြောင်းထဲတွင် ရှိသမျှအရာအားလုံးသည် ချက်ချင်းပင် တိုက်စားသွားပြီး ထိုသားရဲနှင့်ငှက်သည်လည်း ဘာမှမရှိသည့်အတိုင်း ပျောက်ကွယ်သွားသည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
အကြီးအကဲလီနှင့် စီမာရွှမ်တို့ မျက်လုံးပြူးကျယ်သွားသည်။ မျက်နှာက ကြောက်လန့်တကြားဖြစ်သွားကြပြီး မိမိတို့ရှေ့က မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေသည်။ မကြာခင်တွင်ပင် ထိုနဂါးကြီးသည် မိမိတို့ထံသို့ ရောက်လာပြီး ချက်ချင်းပင် ပုံရိပ်နှစ်ခုကို ဝါးမျိုသွားလေသည်။ ထိုနဂါးမြီးကြီး ဖြတ်သန်းသွားပြီးသည်နှင့် နှစ်ဦးသားပုံရိပ်က သွေးများအဖြစ်ပြောင်းသွားပြီး အသက်ဓာတ်ကလည်း အလျင်မြန်ပင် လျော့ကျသွားကာ သေဆုံးသွားရလေတော့သည်။
လင်းဇီချန်က ထိုနှစ်ယောက်ကို အသွေးနှင့်အသားကို ပြန်လည်ဖော်ဆောင်နိုင်မည့်အခွင့်အရေးပင် မပေးပေ။ ထိုသွေးများရှိရာသို့သွားပြီး ဝိညာဉ်စွမ်းအားဖြင့် ထိုအရာများကို ဖျောက်ပစ်လိုက်သည်။ ထို့နောက်တွင် ရှေးဘိုးဘေးအဆင့်နှစ်ဦး ကျရှုံးသွားခြင်းကြောင့် ထူးဆန်းသောဖြစ်စဉ်များ ထွက်ပေါ်လာပြီးနောက်တွင် ထိုသွေးများကို ထိလိုက်ပြီး ဝါးမျိုဟုသွေးလိုက်သည်။
(သင်သသည် ရှေးဘိုးဘေးဆဌမအဆင့်မှ သတ္တမအဆင့်သို့ ဆင့်ကဲပြောင်းလဲသွားပါသည်။)
ပို၍အဆင့်မြင့်သွားလေပြီ။
လင်းဇီချန်သည် လေဟာနယ်ထဲမှ စာသားများကို ကြည့်ပြီး စိတ်လှုပ်ရှားနေမိသည်။ သို့သော်လည်း ထိုစိတ်လှုပ်ရှားမှုက တာရှည်မခံလိုက်ပေ။ တည်ငြိမ်သွားသောလင်းဇီချန်သည် ချက်ချင်းပင် မြေကြီးထဲသို့ဝင်သွားပြီး ချီချင်းမော့ကို ကယ်တင်ရန်ဖြစ်၏။ ထိုစဉ်တွင် ရွှမ်ယွမ်ဝမ်ယွီကမူ လုံးဝကြောင်ကြည့်နေမိကာ တုန်လှုပ်ခြောက်ခြားနေရှာသည်။
အကြီးအကဲလီနဲ့ စီမာရွှမ်းက ဒီလိုမျိုး ရှုံးသွားတာလား။
အသက်နှစ်ဆယ်လူငယ်လေးဆီက တစ်ချက်ထိုးခံရပြီး သေသွားတာတဲ့လား။
ငါအိပ်မက်မက်နေတာများလား
ခေတ္တမျှကြာသည်အထိ အိပ်မက်မက်နေသည် ထင်ယောင်ထင်မှားထင်နေသည်ဟုသာ ထင်မိပြီး သူမမြင်လိုက်ရသည်ကို မယုံနိုင်ဖြစ်နေသည်။ လင်းဇီချန်ထုတ်လိုက်သောစွမ်းအားသည် မိမိနားလည်ထားသည်ထက် များစွာသာလွန်နေပြီး သက်ရှိများကို နားလည်ထားသည်ထက်ပင် ကျော်၍နေသည်။
မြေပြင်အခြေအနေတွင်မူ လင်းဇီချန်သည် ပိုးကောင်အိမ်ဘေးသို့သွားကာ အတွေးတစ်ခုဖြင့် နွယ်ပင်များကိုဖယ်ကာ ချီချင်းမော့ကို ကယ်တင်နေသည်။သူမကို ကယ်ပြီးသည်နှင့် ချီချင်းမော့သည် ဖျော့တော့သောမျက်နှာမျိုးဖြင့် အားနည်းစွာ ထထိုင်လိုက်သည်။ နွယ်ပင်များသည် သူမ၏လှုပ်ရှားမှုကို ထိန်းချုပ်ထားယုံသာမက ချီသွေးကိုပါ စုပ်ယူသဖြင့် အတော်လေးအားနည်းသွားသည်။ ချီချင်းမော့၏အားနည်းနေသောပုံစံကို ကြည့်ပြီး လင်းဇီချန်သည် သူမ၏ရင်ဘတ်ပေါ်တွင် လက်တင်ပြီး ချီသွေးစွမ်းအားကို လွှဲပြောင်းပေးလိုက်သည်။
လင်းဇီချန်၏ချီသွေးစွမ်းအားလွှဲပြောင်းပေးမှုအောက်တွင် ချီချင်းမော့၏အမူအရာသည် အမြန်ပင် ပြန်ကောင်းသွားပုံရသည်။
"ထပ်ပြီးဆင့်ကဲပြောင်းလဲသွားပြန်ပြီလား။"
လင်းဇီချန်၏ချီသွေးစွမ်းအားကို အာရုံခံမိသောကြောင့် ချီချင်းမော့က အံ့ဩစွာပြောလိုက်သည်။
လင်းဇီချန်က တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ပြန်ဖြေလိုက်သည်။
"စောနကပဲအကြီးအကဲလီနဲ့ စီမာရွှမ်းက ကျွန်တော့်ကိုသတ်ဖို့လုပ်ကြတယ်။ အဲ့ဒါကြောင့် သူတို့နှစ်ယောက်ကို သတ်လိုက်တယ်။ ပြီးတော့ မူလအားကို ဝါးမျိုလိုက်ပြီး သွေးမျိုးဆက်စွမ်းအားအဆင့်က သတ္တမအဆင့်ထိတိုးသွားတာ။"
ထိုစကားကို ကြားသောအခါတွင် ချီချင်းမော့၏မျက်နှာက တုန်လှုပ်ခြောက်ခြားသွားဟန်ရှိသည်။ ရှေးဘိုးဘေးအဆင့်သက်ရှိနှစ်ယောက်ကို တစ်ခါတည်းနဲ့ သတ်ပစ်တာလား။
"ဘုန်း"
ရုတ်တရက်ပင် ကောင်းကင်ပေါ်မှ ကျယ်လောင်သောအသံကြီးကို ကြားလိုက်ရသည်။
အသံလာရာကို ကြည့်လိုက်သောအခါတွင် လင်းဇီချန်သည် ရေနတ်ဘုရားသည် သစ်သားနတ်ဘုရားကို အနိုင်ပိုင်းရန် ကျရှုံးသွားပြီး ကောင်းကင်မှရိုက်ချခံလိုက်ရကာ အနီးအနားပင်လယ်ထဲသို့ ဒိုင်ဗင်ထိုးကာ ပျောက်ကွယ်သွားတော့သည်။ ထိုမြင်ကွင်းကိုမြင်သည်နှင့် လင်းဇီချန်တစ်ယောက် လန်သွားကာ နေရာမှထလိုက်ပြီး ရေနတ်ဘုရားရှိရာသို့ အပြေးသွားတော့သည်။ သူသည် ရေနတ်ဘုရားကို စိတ်ပူခြင်းမဟုတ်ဘဲ ရှန်ချင်းဟန်၏ခန္ဓာကိုယ်ကို စိတ်ပူခြင်းသာ ဖြစ်သည်။
ပြန်လည်သက်သာလာသောချီချင်းမော့သည် လေထဲတွင်ပျံတက်သွားပြီး တိုက်ပွဲရှိရာသို့ ထွက်သွားသည်။ အမြန်ဆုံးနှုန်းဖြင့် ပျံသန်းနေသော်လည်း အံ့ဩစရာကောင်းစွာဖြင့် လင်းဇီချန်ထက် နှေးနေသည်။
သူမ၏သွေးမျိုးဆက်စွမ်းအားသည် ရှေးဘိုးဘေးနဝမအဆင့်ဖြစ်သော်လည်း ရေနတ်ဘုရားနှင့်သစ်သားနတ်ဘုရားပြီးလျှင် ဒုတိယအဆင့်ဖြစ်သည်။ လင်းဇီချန်၏သွေးမျိုးဆက်စွမ်းအားကမူ ရှေးဘိုးဘေးသတ္တမအဆင့်ဖြစ်ပြီး သူမထက် နိမ့်သည်။ သို့သော်လည်း လင်းဇီချန်၏အရှိန်နှုန်းက ပို၍မြန်နေပြီး သူမနားမလည်နိုင်တော့ပေ။ မည်သည့်ရှုထောင့်ကကြည့်ကြည့် သူမအတွက် အဓိပ္ပာယ်မရှိပေ။
သူမသည် ထိုသို့စဉ်းစားနေစဉ်တွင်ပင် လင်းဇီချန်သည် ရေနတ်ဘုရားဆီသို့ ရောက်သွားပြီး ဒဏ်ရာပြင်းထန်စွာရထားသောနတ်ဘုရားကို တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။ တိကျစွာဆိုရလျှင် ရေနတ်ဘုရားကိုမဟုတ်ဘဲ ခန္ဓာကိုယ်ပိုင်ရှင် ရှန်ချင်းဟန်ကိုသာ ဖြစ်လေသည်။