ဒြပ်စင်လေးပါးပေါင်းစပ်ခြင်း
Vol. 38 Ch. 561
အဆုံးမဲ့ပင်လယ်နက်ထဲသို့ ဝင်သွားပြီး ရေတွင်ပျော်ဝင်ခြင်းကောင်းချီးစွမ်းအား အကူအညီနှင့်အတူ လင်းဇီချန်သည် ရေဖြင့် လုံးဝပေါင်းစည်းသွားကာ အံ့ဩစရာကောင်းသောနှုန်းဖြင့် မြုပ်သွားပြီး သစ်သားနတ်ဘုရား၏တည်ရှိမှုကို လိုက်ရှာနေသည်။ နောက်တွင် ရှန်ချင်းဟန်၊ ချီချင်းမော့နှင့် ရွှမ်ယွမ်ဝမ်ယွီတို့က အမြန်ဆုံးနှုန်းဖြင့် အပြေးလိုက်လာကြပြီး လင်းဇီချန်ကို မှီရန် လုံးပမ်းနေကြသည်။ သို့သော်လည်း လင်းဇီချန်၏အမြန်နှုန်းက မြန်လွန်းသဖြင့် မည်မျှပင် အားထုတ်သော်လည်း မမှီနိုင်ပေ။ နောက်ကသာ အဆက်မပြတ်လိုက်နေပြီး မျက်စိတစ်မှိတ်အတွင်းတွင်ပင် လင်းဇီချန်က မြင်ကွင်းတွင် မရှိတော့ပေ။ လင်းဇီချန်ကို မျက်ခြေပြတ်သွားပြီးနောက်တွင် ချီချင်းမော့ ရပ်လိုက်ပြီး ရွှမ်ယွမ်ဝမ်ယွီဘက်သို့လှည့်ကာ ပြောလိုက်သည်။
"သူ့ကို မမြင်ရတော့ဘူး။ ငါတို့ဆက်လိုက်လို့မရတော့ဘူး။"
လင်းဇီချန်၏ရေငုပ်နိုင်စွမ်းက လွန်စွာမြန်ပြီး မျက်စိတစ်မှိတ်အတွင်းတွင်ပင် မှီရန် မဖြစ်နိုင်တော့ပေ။ ရွှမ်ယွမ်ဝမ်ယွီကလည်း ရပ်လိုက်ပြီး မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်၏။
"သူ့ရဲ့သွေးမျိုးဆက်စွမ်းအားအဆင့်က နင့်ထက်နိမ့်တာပဲ။ ဘယ်လိုလုပ် သူက သာနေရတာလဲ။ ဘယ်လိုလုပ်လိုက်တာလဲ။"
ချီချင်းမော့က တည်ငြိမ်စွာပင် ပြောလိုက်သည်။
"ငါလည်း အဲ့တာကိုပဲ ပဟေဠိဖြစ်နေတာ။"
ထိုအချိန်တွင် ရှန်ချင်းဟန်က နောက်ကလိုက်လာပြီး ပြောလိုက်သည်။
"ကောင်းကင်လူသားသခင် ဂြိုလ်သခင် ကျွန်မက သူဘယ်မှာရှိလဲဆိုတာကို အာရုံခံနိုင်တယ်။ ကျွန်မနောက်ကို လိုက်ခဲ့ပါ။ သူ့ကို ရှာတွေ့လိမ့်မယ်။"
နှစ်နှစ်ကျော်အထိ လင်းဇီချန်ဖြင့် အတူနေပြီးနောက်တွင် သူမသည် အံ့ဩစရာကောင်းစွာဖြင့် လင်းဇီချန်နှင့် မှော်ဆန်သည့်ချိတ်ဆက်မှုမျိုးရှိပြီး တစ်ဦး၏တည်ရှိမှုကို အခြားတစ်ဦးက အာရုံခံနိုင်သည်။ အစပိုင်းတွင် အာရုံခံနိုင်စွမ်းအား နည်းလှသည်။ ခပ်ရေးရေးသာဖြစ်ပြီး မထင်ရှားလှပေ။ သို့သော်လည်း အတူတူအိပ်သည့်အကြိမ်အရေအတွက်များပြီးနောက်တွင် အာရုံခံနိုင်စွမ်းက ကျယ်ပြန့်လာပြီး ရှင်းလင်းလာကာ လင်းဇီချန်မည်သည့်နေရာတွင်ရှိသည်ကိုပင် ရှင်းလင်းစွာသိနိုင်လာသည်။
"လမ်းပြ ငါတို့နောက်ကနေ လိုက်ခဲ့မယ်။"
ချီချင်းမော့ တိုက်တွန်းလိုက်လေသည်။
သူမသည် ရှန်ချင်းဟန်၏စိတ်က မည်သို့အလုပ်လုပ်သည်ကို စဉ်းစားမနေပေ။ ထိုအချိန်တွင် လင်းဇီချန်နောက်သို့ အမြန်လိုက်ရန်သာ လိုအပ်သည်။ သစ်သားနတ်ဘုရားနှင့် တစ်ဦးတည်းရင်ဆိုင်သည်က အန္တရာယ်များလှပေသည်။
ယခုတွင် ကမ္ဘာဘက်ခြမ်း၌ ရှေးဘိုးဘေးအဆင့်ဆို၍ သူမ၊ လင်းဇီချန်နှင့် ရွှမ်ယွမ်ဝမ်ယွီတို့သာ ကျန်တော့သည်။ ရေနတ်ဘုရားကမူ မိတ်ဆွေလားရန်သူလားဆိုသည်ကို မသေချာသေးသောအခြေအနေမျိုး ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် လင်းဇီချန်သာ ကျသွားပါလျှင် ကမ္ဘာဘက်ခြမ်းသည် အခြေအနေမကောင်းဘဲ ရေနတ်ဘုရားနှင့် သစ်သားနတ်ဘုရားတို့ကဲ့သောစွမ်းအားကြီးသောသက်ရှိများကို ခုခံနိုင်တောမ့ည်မဟုတ်ပေ။
....
နက်ရှိုင်းလှသောပင်လယ်ကြမ်းပြင်၌မူ လင်းဇီချန်က အမြန်ဆုံးနှုန်းဖြင့် ရေငုပ်နေသည်။
မီတာတစ်သောင်း
မီတာငါးသောင်း
မီတာတစ်သိန်း
မီတာနှစ်သိန်း
မီတာငါးသိန်း
မီတာတစ်သန်း....
လင်းဇီချန်သည် မီတာတစ်သန်းထိ သွားပြီးနောက်တွင် ပင်လယ်ကြမ်းပြင်၏အနက်ရှိုင်းဆုံးနေရာသို့ ရောက်သွားသည်။ ဘေးပတ်ဝန်းကျင်၌ သန္တာကျောက်တန်းများ၊ အပင်များရှိနေ၍ အံ့အားသင့်သွားရသည်။ မီတာတစ်သန်းနက်သည့်ပင်လယ်အောက်ဖြစ်ကာ ရေဖိအားက အတိုင်းအတာမရှိ များပြားလှပြီး နျူးကလီးယားဗုံးဒဏ်ကိုခံနိုင်သော မြင့်မြတ်သူအဆင့်များသည်ပင် အသက်ရှင်နိုင်မည်မဟုတ်ပေ။
မှန်ပေသည်။ မိမိ၏ဘေးမှသက်ရှိများသည် အဆင့်မြင့်သက်ရှိများသာဖြစ်ကာ ထိုမျှများပြားလှသောရေဖိအားကို ခံနိုင်ရည်ရှိသည်မှာ မယုံနိုင်စရာပင် ဖြစ်သည်။ ထိုဆန်းကြယ်သားရဲများသည် ထူးဆန်းသောသွေးမျိုးဆက်စွမ်းအားတစ်မျိုး ပိုင်ဆိုင်ထားသည်မှာ ရှင်းလင်းနေသည်။ မဟုတ်လျှင် ထိုသို့အသက်ရှင်နိုင်ကြလိမ့်မည်မဟုတ်ပေ။ ထိုသို့စဉ်းစားမိကာ လင်းဇီချန်က အတွေးဖြင့် မီတာတစ်ရာအတွင်းမှ ဆန်းကြယ်သားရဲများ၏ခြေလက်အစိတ်အပိုင်းချို့ကို ဖြတ်ယူလိုက်သည်။ ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသဖြင့် ဆန်းကြယ်သားရဲများ ဒဏ်ရာရသွားကြပြီး ထွက်ပြေးသွားကြသည်။ လင်းဇီချန်က ထိုအကောင်များနောက်သို့ မလိုက်ပေ။ သူ၏ရည်ရွယ်ချက်မှာ ခြေလက်များရရန်အတွက်သာ ဖြစ်၏။ ထို့နောက်တွင် ထိုထဲမှအသက်ဓာတ်များကို စုပ်ယူလိုက်သည်။ ထို့နောက်တွင် စွမ်းအားများ ပွင့်သွားသည်။
ထို့နောက်တင် လေဟာနယ်ထဲ၌ စာသားများ ပေါ်လာသည်။
(သင်သည် ပင်လက်ရေနက်အခွံငါး၏အသက်ဓာတ်ကို စုပ်ယူပြီးပါပြီ။ ပင်လယ်နက်၏ကလေးငယ်စွမ်းအားကို ရရှိပါသည်။)
(သင်သည် ပင်လယ်ရေနက်ပိုးတုံးလုံး၏အသက်ဓာတ်ကို စုပ်ယူပြီးပါပြီ။ ပင်လယ်နက်၏ကလေးငယ်စွမ်းအားကို ရရှိပါသည်။)
(သင်သည် ပင်လက်ရေနက်မိစ္ဆာပိုးကောင်၏အသက်ဓာတ်ကို စုပ်ယူပြီးပါပြီ။ ပင်လယ်နက်၏ကလေးငယ်စွမ်းအားကို ရရှိပါသည်။)
(ပင်လယ်နက်၏ကလေးငယ်စွမ်းအား - သင်သည် ပင်လယ်နှင့်လိုက်လျောညီထွေသောခန္ဓာကိုယ်စွမ်းအားကို ညှိပြီး ပင်လယ်နက်ထဲ၌ ရှင်သန်နိုင်ပါသည်။)
လင်းဇီချန်က ထိုစာသားများကို ကြည့်ကာ စဉ်းစားနေမိသည်။ စဉ်းစားနေစဉ် ရုတ်တရက်ပင် အမူအရာပြောင်းသွားပြီး ရေထဲမှနေ၍ ရင်းနှီးနေသည့်စွမ်းအားအတက်အကျတစ်ခုကို အာရုံခံမိသည်။ သစ်သားနတ်ဘုရားပင် ဖြစ်လေသည်။ သူသည် သစ်သားနတ်ဘုရား၏စွမ်းအားအတက်အကျကို အာရုံခံမိလေသည်။ ထိုသို့ရှာတွေ့သွားသော်လည်း တစ်ယောက်တည်းမသွားဘဲ ပြန်ဆုတ်ကာ ချီချင်းမော့တို့ကို သွားရှာသည်။
ဆယ်စက္ကန့်ခန့်ကြာပြီးနောက်တွင် ချီချင်းမော့တို့ဖြင့် တွေ့လေသည်။ လင်းဇီချန်က အပေါ်သို့ အသာကူးသွားပြီး ချီချင်းမော့တို့ဖြင့် ဆုံလေသည်။ တွေ့သည်နှင့် ချီချင်းမော့က လင်းဇီချန်ကို ပြောလိုက်သည်။
"ကောင်းကင်လူသားသခင် သစ်သားနတ်ဘုရားက ရေနက်ထဲမှာ။ စွမ်းအားအတက်အကျဖြစ်တဲ့နေရာကို အာရုံခံမိတယ်။"
ထိုစကားကို ကြားသည်နှင့် ချီချင်းမော့က တစ်ချက်လေးပင် တွန့်ဆုတ်မနေဘဲ ပြောလိုက်သည်။
"သွားကြစို့။"
ပြောပြီးသည်နှင့် လင်းဇီချန်ပြောသောနေရာဆီသို့ ဝင်သွားသည်။
ရွှမ်ယွမ်ဝမ်ယွီကလည်း နောက်မှလိုက်သွားသည်။ လင်းဇီချန်က ထွက်သွားရန် ပြင်လိုက်သော်လည်းရှန်ချင်းဟန်ကို လှည့်ကြည့်လိုက်ပြီး သူမကို အကြံပေးလိုက်သည်။
"မင်းရဲ့သွေးမျိုးဆက်စွမ်းအားက ဒဏ္ဍာရီအဆင့်ပဲရှိသေးတယ်။ ငါတို့နဲ့လိုက်ပြီး သစ်သားနတ်ဘုရားကို ရင်ဆိုင်တာက အန္တရာယ်များလွန်းတယ်။ ပြန်ဆုတ်ပြီး လုံခြုံတဲ့နေရာကနေ စောင့်နေပါ။ သစ်သားနတ်ဘုရားကို ရင်ဆိုင်ပြီးရင် မင်းကို လာရှာလှည့်မယ်။"