← Chapters

ဒြပ်စင်လေးပါးပေါင်းစပ်ခြင်း (၂)

Vol. 38 Ch. 562

ဒြပ်စင်လေးပါးပေါင်းစပ်ခြင်း (၂)

Vol. 38 Ch. 562

"အင်းပါ ငါသိပါပြီ။"

ရှန်ချင်းဟန်က သူမ၏လက်ရှိအားကို ရှင်းလင်းစွာသိထားသည်။ ၎င်းတို့နောက်သို့ လိုက်သွားခြင်းက ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်မည်ကို သိသဖြင့် နာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး လင်းဇီချန်နောက်သို့ လိုက်မသွားမတော့ပေ။

ရှန်ချင်းဟန်က စကားနားထောင်သည်ကို မြင်ရသဖြင့် လင်းဇီချန်လည်း ဘာမှထပ်မပြောတော့ဘဲ ချီချင်းမော့တို့နောက်သို့ အမြန်ပင် လိုက်သွားသည်။ သစ်သားနတ်ဘုရား၏စွမ်းအားထုတ်လွှတ်ရာနေရာသို့ လိုက်သွားကြသည်။ မိနစ်ဝက်ခန့်ကြာပြီးနောက်တွင် အစိမ်းရောင်ဝတ်စုံဝတ်ထားသော သစ်သားနတ်ဘုရား၏ပုံရိပ်က သုံးဦးသား၏မြင်ကွင်းတွင် ပေါ်လာသည်။ ထိုအချိန်တွင် မိမိတို့သုံးယောက်ဖြင့် သစ်သားနတ်ဘုရားက တစ်ကီလိုမီတာလောက်သာ ကွာဝေးသည်။ သို့သော်လည်း သစ်သားနတ်ဘုရားက တုန့်ပြန်ခြင်းမရှိပေ။ ပင်လယ်ကြမ်းပြင်တွင်သာ ရပ်နေသည်။

လင်းဇီချန်သည် တစ်ခုခုမှားနေသည်ကို အာရုံခံမိသည်နှင့် အနီးကပ်ကြည့်လိုက်ပြီး အသာမျက်မှောင်ကြုတ်လိုက်မိသည်။ မိမိတို့ရှေ့မှ သစ်သားနတ်ဘုရားက အစစ်အမှန်သစ်သားနတ်ဘုရားမဟုတ်ပေ။ စွမ်းအားထုတ်လွှတ်နေသော သစ်သားရုပ်သေးသာဖြစ်သည်။ ရွှမ်ယွမ်ဝမ်ယွီကလည်း သတိထားမိသဖြင့် ပြောလိုက်သည်။

"အဲ့ဒါသစ်သားနတ်ဘုရားမဟုတ်ဘူး။ ငါတို့လှည့်စားခံလိုက်ရပြီ။ ငါတို့တွေ သစ်သားရုပ်သေးပေါ်မှာ အချိန်ကုန်သွားပြီ။"

ချီချင်းမော့က ‌ဘေးတွင် ရပ်လျက်သားဖြင့် ပြောလိုက်သည်။

"အချိန်မဖြုန်းဘူး။ ရုပ်သေးက ဒီမှာရှိတယ်ဆိုမှတော့သစ်သားနတ်ဘုရားလည်း အနီးအနားမှာရှိတယ်လို့ ဆိုလိုတာပဲ။ ငါတို့သူ့ကိုရှာမယ်။"

ထိုသို့ပြောပြီးနောက်တွင် သူမက ထပ်ပြောလိုက်၏။

"အချိန်မရှိတော့ဘူး။ လူခွဲကြမယ်။"

ထိုသို့ပြောကာ သူမက မူလအားအပြည့်ဖြင့် အမြန်ဆုံးနှုန်းဖြင့် တစ်နေရာသို့ ထွက်သွားသည်။ လင်းဇီချန်နှင့် ရွှမ်ယွမ်ဝမ်ယွီကလည်း အမြန်ဆုံးနှုန်းဖြင့် မတူညီသောနေရာတစ်ခုဆီသို့ ထွက်သွားသည်။ မတူညီသောအရပ်မျက်နှာအမျိုးမျိုးတွင် ရှာဖွေနေကြသော်လည်း သုံးဦးလုံးသည် မလှမ်းမကမ်းအကွာအဝေးတွင်သာရှိပြီး သစ်သားနတ်ဘုရားနှင့်တွေ့လျှင် အဆင်သင့်ရင်ဆိုင်နိုင်ရန် ဖြစ်၏။

အချိန်က စက္ကန့်နှင့်အမျှကုန်ဆုံးနေလေသည်။

လမ်းတစ်လျှောက်တွင် လင်းဇီချန်သည် သစ်သားနတ်ဘုရားပုံစံ ရုပ်သေးဆယ်ရုပ်ထက်မနည်းတွေ့နေရသည်။ ထိုရုပ်သေးများက သစ်သားနတ်ဘုရား၏စွမ်းအားကို ထုတ်လွှတ်နေပြီး သစ်သားနတ်ဘုရားကို ရှာရာတွင် အနှောင့်အယှက်ပေးနေကြသည်။ ဆယ်မိနစ်မနည်းကုန်လွန်ပြီးနောက်တွင် သုံးဦးသား မူလနေရာသို့ ပြန်လာကြပြီး ဘာမှမတွေ့ခဲ့ကြပေ။ လမ်းတစ်လျှောက်မြင်ခဲ့သောအရာများသည် သစ်သားနတ်ဘုရားရုပ်သေးများသာ ဖြစ်၏။ ထို့အပြင် သစ်သားနတ်ဘုရား၏အဆီအနှစ်နည်းငယ်ကိုမှ အာရုံခံမရပေ။

"ထူးဆန်းလိုက်တာ။ သူပင်လယ်ထဲ ဒိုင်ဗင်ထိုးသွားတာကို မြင်လိုက်ပါတယ်။ ဘယ်လိုလုပ်ရှာမတွေ့ရတော့တာလဲ။"

ရွှမ်ယွမ်ဝမ်ယွီက မျက်မှောင်ကြုတ်၍ စဉ်းစားနေမိသည်။

"ဖြစ်နိုင်တာက....ဒီပင်လယ်ထဲမှာ အခြားနေရာတစ်ခုများ ရှိနေတာလား။"

ထိုစကားကို ကြားသည့်အခါတွင် လင်းဇီချန်သည် ချက်ချင်းပင် ရှန်ချင်းဟန်ကို တွေးမိသွားသည်။ ရှန်ချင်းဟန်၏အသိစိတ်ပင်လယ်က ကျယ်ပြောလှသောသမုဒ္ဒရာဖြင့် ဆက်သွယ်နိုင်သည်။ ယခင်တစ်ခေါက်က မတော်မဆချိတ်ဆက်မှုတစ်ခုဖြစ်ပွားခဲ့သည်။

လင်းဇီချန်ကသာ ယခင်ကကဲ့သို့ ထိုပင်လယ်ဖြင့် ဆက်သွယ်နိုင်ပါလျှင် ဖြစ်နိုင်သည်မှာ သစ်သားနတ်ဘုရား၏လမ်းကြောင်းကို ရှာနိုင်မည်ဖြစ်သည်။ ထိုသို့တွေးမိသဖြင့် လင်းဇီချန်က ချက်ချင်းပင် ပြောပြလိုက်၏။

"သစ်သားနတ်ဘုရားကိုရှာဖို့ အမြန်ဆုံးနည်းလမ်းရှိမယ်ထင်တယ်။ နောက်ကနေ လိုက်ခဲ့ကြပါ။"

ပြောပြီးသည်နှ့င် သူသည် ရေထဲတွင်ပျော်ဝင်သွားပြီး ချက်ချင်းပင် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ကျန်သောသူနှစ်ယောက်ကလည်း စဉ်းစားမနေတော့ဘဲ နောက်မှလိုက်သွားကြသည်။ မကြာခင်တွင်ပင် ရှန်ချင်းဟန်ရှိရာနေရာသို့ ရောက်သွားကြသည်။

ရှန်ချင်းဟန်သည် ပင်လယ်ရေမျက်နှာပြင်ထက်၌ တိတ်ဆိတ်စွာရှိနေပြီး လင်းဇီချန်ပြန်အလာကို စောင့်နေလေသည်။ လင်းဇီချန်ကို မြင်လိုက်သောအခါတွင် အမြန်ပင် သူရှိရာသို့သွား၍ မေးလိုက်၏။

"ဇီချန် ဘယ်လိုလဲ။ သစ်သားနတ်ဘုရားကို ရှာတွေ့ခဲ့ရဲ့လား။"

လင်းဇီချန်က ခေါင်းခါပြလိုက်ပြီး ဖြေလိုက်၏။

"မတွေ့ခဲ့ဘူး။ ဒါပေမဲ့လို့ သစ်သားနတ်ဘုရားကိုရှာဖို့ အမြန်နည်းလမ်းတစ်ခု စဉ်းစားမိလို့။ မင်းအကူအညီလိုတယ်။"

"ငါ့အကူအညီလိုတာလား။"

လင်းဇီချန်က အနည်းငယ်မျှ တွေဝေသွားမိသည်။ သူမသည် လင်းဇီချန်ကို မည်သို့ကူညီနိုင်မည်ကို မစဉ်းစားတတ်တော့ပေ။

သို့သော်လည်း မကြာခင်တွင်ပင် သဘောပေါက်သွားသောအကြည့်ဖြင့် ကြည့်၍ ပြောလိုက်သည်။

"ငါ့ရဲ့အသိစိတ်ပင်လယ်နဲ့ ငါတို့အောက်က ပင်လယ်ကို ချိတ်ဆက်ပြီး သစ်သားနတ်ဘုရားရဲ့လမ်းကြောင်းကိုရှာဖို့ ကူညီပေးရမှာလား။"

"ဉာဏ်ကောင်းသားပဲ။ မင်းခန့်မှန်းတာမှန်တယ်။"

မလိုအပ်သောစကားများ မပြောတော့ဘဲ လင်းဇီချန်က ထပ်ပြောလိုက်သည်။

"အဲ့လိုဆို စမ်းကြည့်ရတာပေါ့။"

ပြောပြီးနောက်တွင် သူမသည် မျက်လုံးကိုမှိတ်၍ အာရုံကို စုစည်းလိုက်ပြီး ဝိညာဉ်စွမ်းအားကို အောက်မှပင်လယ်ဆီသို့ ဖြန့်ကျက်လိုက်ကာ ချက်ချင်းပင် ဝိညာဥ်စွမ်းအားအစိတ်အပိုင်းကို သူမ၏အသိစိတ်ပင်လယ်ထဲသို့ ပို့လိုက်ပြီး နေရာနှစ်ခုကို ချိတ်ဆက်ကြည့်ရန် ကြိုးစားကြည့်သည်။ ထိုသို့လုပ်နေစဉ်အတောအတွင်းတွင် လင်းဇီချန်၊ ချီချင်းမော့နှင့် ရွှမ်ယွမ်ဝမ်ယွီတို့က တိတ်တဆိတ်စောင့်ကြည့်နေကြပြီး အသံတစ်သံပင် မထွက်ကြပေ။

တစ်မိနစ်ခန့်ကြာပြီးနောက်တွင် ရှန်ချင်းဟန်က မျက်လုံးဖွင့်၍ ခေါင်းခါပြကာ ပြောလိုက်သည်။

"ချိတ်ဆက်တာလုပ်လို့မရဘူး။ ကြည့်ရတာ ရေနတ်ဘုရားကပဲ ပင်လယ်နှစ်ခုကို ချိတ်ဆက်နိုင်စွမ်းရှိပုံပဲ။"

"အဲ့လိုဆို...."

လင်းဇီချန်က ခေတ္တမျှစဉ်းစားလိုက်ပြီး မေးလိုက်သည်။

"မင်း ရေနတ်ဘုရားရဲ့လက်ရှိအခြေအနေကို အာရုံခံနိုင်လား။ သူက အိပ်ပျော်နေတုန်းပဲလား။"

သစ်သားနတ်ဘုရားကို ရှာရန်အတွက် ရေနတ်ဘုရားကို နှိုးရန် စဉ်းစားနေသည်။ ရှန်ချင်းဟန်ကမူ ခေါင်းခါပြလိုက်သည်။

"ရေနတ်ဘုရားကို ဆက်သွယ်လို့မရဘူး။ သူက ရေနတ်ဘုရားနန်းတော်ထဲမှာ အိပ်နေတာနေမှာ။ သူနိုးလာမှာသိနိုင်မှာပဲ။"

ထိုအဖြေကို ကြားသည့်အခါတွင် လင်းဇီချန်က မျက်မှောင်ကြုတ်မိကာ ဒုက္ခများပြီဟု ထင်လိုက်မိသည်။

မကြာခင်တွင်ပင် သစ်သားနတ်ဘုရားကို မရှာနိုင်လျှင် သစ်သားနတ်ဘုရားက ရွှေ၊ မီးနှင့် မြေကြီးဒြပ်စင်များကို ပေါင်းစပ်နိုင်သည်။ ထိုသို့အောင်အောင်မြင်မြင်ပေါင်းစပ်သွားနိုင်ပါလျှင် အခြေအနေက ပို၍ပြင်းထန်လာနိုင်သည်။ ထိုသို့စဉ်းစားနေစဉ်တွင်ပင် စိတ်ကိုပင် အကြောက်တရားများဖြင့် ပြည့်သွားစေသည့် စွမ်းအားလှိုင်းတစ်ခုက ပင်လယ်အောက်ခြေတစ်နေရာမှ မြင့်တက်လာသည်။ ထိုစွမ်းအားနှင့် ရင်းနှီးလှသည်။ သစ်သားနတ်ဘုရား၏စွမ်းအားပင် ဖြစ်၏။

သို့သော် ထိုစွမ်းအားက သစ်သားနတ်ဘုရား၏ယခင်စွမ်းအားထက် ပို၍သာလွန်နေသည်။ များစွာအားကောင်းနေလေသည်။ ရွှမ်ယွမ်ဝမ်ယွီကလည်း အာရုံခံမိသဖြင့် ချက်ချင်းပင် အခြားသူများကို အော်ပြောလိုက်သည်။

"မြန်မြန် ဆုတ်ကြတော့။"

ထိုစကားကိုပြောပြီးသည်နှင့် သူမသည် ချက်ချင်းပင်ပျောက်သွားသည်။

ချီချင်းမော့လည်း နောက်မှလိုက်ပါသွားသည်။ လင်းဇီချန်ကလည်း ရှန်ချင်းဟန်ကိုခေါ်၍ ထွက်ပြေးသွားလေသည်။

All Chapters