← Chapters

ကမ္ဘာသခင်ကျရှုံးခြင်း

Vol. 38 Ch. 563

ကမ္ဘာသခင်ကျရှုံးခြင်း

Vol. 38 Ch. 563

လင်းဇီချန်နှင့် အခြားသူများ လျင်မြန်စွာထွက်သွားသည်နှင့် ပင်လယ်ကြမ်းပြင်မှထိုးထွက်လာသောစွမ်းအားသည် ပို၍ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် ပင်လယ်ကြမ်းပြင်တစ်ခုလုံးသည် ပွက်ပွက်ဆူသောရေနွေးကဲ့သို့ ဆူပွက်လာသည်။

"ဘုန်း..."

နားကွဲမတတ်ပေါက်ကွဲသံကြီးကို ကြားလိုက်ရသည်။ ပွက်ပွက်ထနေသောပင်လယ်မျက်နှာပြင်သည် မီးတောင်ကဲ့သို့ပင် ဆူပွက်လာပြီး အောက်မှ ကြောက်စရာကောင်းလှိုင်းလုံးများထလာသည်။ ချက်ချင်းဆိုသလိုပင် အစိမ်းရောင်ဝတ်ရုံဖြင့် လူတစ်ယောက်က အလင်း၏အမြန်နှုန်းဖြင့် ထိုးထက်လာပြီး ကြောက်စရာကောင်းသောလှိုင်းလုံးကြီးတစ်ခုကို ဖန်ဆင်းလိုက်ပြီး ကမ္ဘာမြေကိုပင် တုန်သွားစေသည့်အဟုန်မျိုးပါ ပါနေသည်။

လင်းဇီချန်နှင့်အခြားသူများသည် ကမ္ဘာပျက်မတတ်မြင်ကွင်းမျိုးမှ လွတ်မြောက်လာပြီးနောက်တွင် ချက်ချင်းပင်အမူအရာပြောင်းသွားကြသည်။ သစ်သားနတ်ဘုရားထုတ်လွှတ်လိုက်သောအားသည် လွန်စွာကြီးမားလွန်းပြီး ရှေးဘိုးဘေးအဆင့်များကိုပင် ဖိနှိပ်နိုင်ပေသည်။

ရှေ့တွင်မူ လင်းဇီချန်က ချီသွေးစွမ်းအားအပြည့်ဖြင့် ထွက်ပြေးနေပြီး သစ်သားနတ်ဘုရား၏ပုံစံကို ဝိညာဉ်စွမ်းအားဖြင့် စောင့်ကြည့်ကာ သူ၏သွေးမျိုးဆက်စွမ်းအားများကို ကြည့်ကြည့်သည်။ သစ်သားနတ်ဘုရား၏ပုံစံက ယခုတစ်ခေါက်တွင် ယခင်က အစိမ်းရောင်ဝတ်ရုံဝတ်ထားသည့်အဘိုးကြီးပုံစံနှင့် မတူတော့ပေ။ ယခင်သည် သစ်သားနတ်ဘုရားသည် တောင့်တင်းသောခန္ဓာကိုယ်ဖြင့်အဘိုးကြီးတစ်ဦးသာဖြစ်ကာ ရှေးဘုန်းကြီးတစ်ပါးနှင့်တူသည်။ ယခုတွင်မူ သူ၏ဆံပင်များက မီးတောက်ကဲ့သို့ နီရဲနေပြီး ခြေလက်များကလည်း ကျောက်တုံးကဲ့သို့ သန်မာကာ ဖြောင့်မတ်သောကိုယ်နေဟန်ထားရှိပြီး တစ်ချက်ကြည့်လိုက်ယုံဖြင့်ပင် ကြောက်စရာကောင်းအောင်ဖိနှိပ်နိုင်သည့်အရှိန်အဟုန်ရှိသည့် ယောက်ျားတစ်ယောက်၏ပုံစံမျိုး ဖြစ်သည်။

သွေးမျိုးဆက်စွမ်းအားကို ကြည့်လိုက်သောအခါတွင်လည်း ယခင်က ရှေးဘိုးဘေးအဆင့်သာရှိသော်လည်း ယခုတွင်မူ ထို့ထက်မပြင်းသောအငွေ့အသက်ခပ်ရေးရေးမျိုး ထွက်နေသည်။

"ဒြပ်စင်လေးမျိုးပေါင်းလိုက်တာတောင် ဒီလောက်အားကောင်းနေပြီ။ ဒြပ်စင်ငါးပါးပေါင်းတာသာ အောင်မြင်သွားရင် ကမ္ဘာဘက်က စွမ်းအားကြီးတွေအကုန်လုံးပေါင်းတိုက်တောင်မှ သူ့ကို ခြစ်ရာတာင်မထင်စေမှာစိုးမိတယ်။"

ထိုသည်မှာ လင်းဇီချန်၏အတွေးသာဖြစ်သည်။ အခြားသူများလည်း အတွေးတူတူင်ဖြစ်ကာ ကြောက်စရာကောင်းလှသောစွမ်းအားကို အတော်လေးတုန်လှုပ်သွားမိသည်။ သစ်သားနတ်ဘုရား၏မူလအင်အားသည်ပင် လောကကြီးကို ကိုင်လှုပ်နိုင်သည်အထိ အားကောင်းပြီးဖြစ်သည်။ ယခုတွင်မူ ဒြပ်စင်လေးပါးပေါင်းစပ်သည်ကိုပင် ထိုမျှအားကောင်းနေသည်။ ချီချင်းမော့တို့သည်လည်း သစ်သားနတ်ဘုရားကို နိုင်နိုင်ရန် နည်းလမ်းမစဉ်းစားတတ်ကြတော့ပေ။ ထိုသို့သဘောပေါက်သွားသည့်အခါတွင် နှစ်ယောက်လုံး စိတ်ဓာတ်ကျသွားလေသည်။

သစ်သားနတ်ဘုရားကမူ ဒြပ်စင်လေးပါးကို ‌အောင်အောင်မြင်မြင်ပေါင်းစပ်ပြီးဖြစ်သဖြင့် မကြာခင်တွင်ပင် လင်းဇီချန်နှင့်အခြားသူများကို အာရုံခံမိလေသည်။ လင်းဇီချန်တို့ထွက်ပြေးသွားသောနေရာသို့ တစ်ချက်ကြည့်လိုက်သည်။ သူသည် အလျင်စလိုလိုက်စရာမလိုပေ။ နေရာတွင်သာနေပြီး မျက်လုံးမှိတ်ကာ သူ၏ခန္ဓာကိုယ်အသစ်စက်စက်ကို အာရုံခံနေသည်။

အချိန်တစ်ခုအထိ ကုန်လွန်သွားပေသည်။

သစ်သားနတ်ဘုရားက ဖြည်းဖြည်းချင်း မျက်လုံးပြန်ဖွင့်လာပြီး မထုံတတ်သေးမျက်နှာပေးက ယခုတွင်မူ ရှားပါးသောစိတ်လှုပ်ရှားမှုမျိုးကို ပြသနေသည်။ ဒြပ်စင်လေးပါးပေါင်းစပ်ခြင်းပြီးနောက်တွင် စွမ်းအားက မိမိထင်ထားသည်ထက် ပို၍သာလွန်နေသည်။ အစပိုင်းတွင် ဒြပ်စင်ငါးပါးအောင်မြင်စွာ ပေါင်းစပ်ပြီးသောအခါမှသာ သွေးမျိုးဆက်စွမ်းအာအးဆင့် ရှေးဘိုးဘေးအဆင့်သို့ ရောက်နိုင်မည်ဟု ထင်ခဲ့မိသည်။ မျှော်လင့်မထားစွာဖြင့် ဒြပ်စင်လေးပါးဖြင့်ပင် သွေးမျိုးဆက်စွမ်းအားရှေးဘိုးဘေးနဝမအဆင့်ထိ တက်လှမ်းသွားပြီး ရှေးဘိုးဘေးအဆင့်ထက်မြင့်သော အဆင့်တစ်ခုထဲသို့ ခြေချနိုင်ပြီဖြစ်သည်။

ဒြပ်စင်ငါးပါးပေါင်းစပ်ခြင်းသာ အောင်မြင်ပါလျှင် ပို၍မြင့်သောသွေးမျိုးဆက်စွမ်းအားအဖြစ် ကူးပြောင်းနိုင်မည်ဖြစ်ပြီး အင်အားကလည်း မထင်မှတ်ထားလောက်အောင် အားကောင်းလာပေလိမ့်မည်။

"စောနက ရေအရင်းအမြစ်ကို လွတ်သွားတာပဲ။"

သစ်သားနတ်ဘုရားက ညီးတွားလိုက်၏။

ထိုသို့ပြောပြီးနောက်တွင် ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သောနွယ်ပင်များအဖြစ်သို့ပြောင်းသွားကာ ချက်ချင်းပင် ကောင်းကင်တစ်ခွင်၌ ဖြန့်ကျက်လိုက်သည်။ ဒြပ်စင်လေးပါးပ မပေါင်းစပ်ခင်က ထိုနွယ်သည် အစိမ်းရောင်သာဖြစ်သည်။ ယခုတွင်မူ ထိုနွယ်ပင်များသည် ရွှေရောင်၊ ကြက်သွေးရောင်၊အစိမ်းရောင်နှင့် အညိုရောင်များဖြစ်သွားကြသည်။ ထိုအရောင်လေးရောင်သည် ရွှေ၊ သစ်သား၊ မီးနှင့် မြေကြီးကို ကိုယ်စားပြုပြီဂ တစ်ခုချင်းစီက စွမ်းအားတစ်မျိုးစီ ပိုင်ဆိုင်ထားသည်။

"ဝှစ်...ဝှစ်...ဝှစ်...."

စူးရှသောအသံနှင့်အတူ နွယ်ပင်များသည် ချက်ချင်းပင် လေထဲသို့ ရောက်သွားကြသည်။ ထို့နောက်တွင် မြွေကဲ့သို့သောနွယ်ပင်များက အက်ကွဲကြောင်းများဖြစ်ပေါ်လာစေပြီး ပျောက်ကွယ်သွားကြလေသည်။

.....

ခပ်လှမ်းလှမ်းတွင်မူ လင်းဇီချန်၊ ရှန်ချင်းဟန်၊ ချီချင်းမော့နှင့် ရွှမ်ယွမ်ဝမ်ယွီတို့သည်လည်း အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးနေရင်းဖြင့် မည်သို့ဆက်လုပ်ရမည်ကို ဆွေးနွေးနေကြည်။

"သစ်သားနတ်ဘုရားက ဒြပ်စင်လေးပါးပေါင်းစပ်တာ အောင်မြင်သွားပြီ။ သူ့အင်အားက ဒီလောက်ထိ တိုးတက်လာတာ။ ငါတို့ပေါင်းတိုက်ရင်တောင်မှ သူ့ပြိုင်ဘက်ဖြစ်လာနိုင်မှာမဟုတ်ဘူး။ ရေနတ်ဘုရားရောက်လာမှာကိုစောင့်မှပဲ နိုင်နိုင်တော့မယ်။"

ရွှမ်ယွမ်ဝမ်ယွီကစိတ်ပျက်သောလေသံဖြင့် ပြောလိုက်သည်။

သစ်သားနတ်ဘုရားမှ ရေထဲမှထုတ်လွှတ်လိုက်သောစွမ်းအားသည် လွန်စွာကြီးလှပြီး မိမိတို့ကိုပင် အသက်ရှုခက်ခဲအောင် လုပ်နိုင်သည်။ စွမ်းအားကွာခြားချက်က ကြီးလွန်းလှသည်။ အရေအတွက်များနေသည်ကပင် မသာနိုင်တော့ပေ။ ပုရွက်ဆိတ်အင်အားက မည်မျှမျာများများ ဆင်တစ်ကောင်ကို မသတ်နိုင်ပေ။ အားနည်းသောပုရွက်ဆိတ်တို့သည် ဆင်ဖြင့်တွေ့လျှင် ကြေမွသွားရသည်သာ ဖြစ်၏။

All Chapters