ရေနတ်ဘုရားကသာတကယ့်တရားခံ
Vol. 38 Ch. 567
လင်းဇီချန်သည် နတ်ဘုရားသိုလှောင်ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး ရှန်ချင်းဟန်၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ နတ်ဘုရားသိုလှောင်ဆေးလုံးက ပါးစပ်ထဲတွင် ပျော်ဝင်သွားသည်နှင့် ရှန်ချင်းဟန်၏အသိစိတ်ပင်လယ်ထဲ၌ အပြာရောင်စီးကြောင်းတစ်ခုအဖြစ် ပျော်ဝင်သွားသည်။ ထိုစီးကြောင့်ဖြင့် အသိစိတ်ပင်လယ်က ဖြည်းဖြည်းချင်း တည်ငြိမ်သွားသည်။ လှိုင်းထနေသောပင်လယ်မျက်နှာပြင်က ရေပြင်ကဲ့သို့ တည်ငြိမ်သွားသည်။
တစ်ချိန်တည်းတွင်ပင် သတိလစ်နေသောရှန်ချင်းဟန်က မျက်တောင်လေးများ လှုပ်လာပြီး မကြာခင်တွင်ပင် မျက်လုံးပွင့်လာကာ အသံကလည်း အတော်လေးဖျော့တော့နေပုံရသည်။
"ဇီချန် ခေါင်းမူးလိုက်တာ။"
ရေနတ်ဘုရား၏ထွက်ခွာမှုက သူမ၏အသိစိတ်ပင်လယ်ကို ဂယက်ထသွားစေပြီး ပြောင်းလဲမှုဖြစ်သွားစေသည်။ ထို့ကြောင့် အချိန်တိုအတွင်း လိုက်လျောညီထွေဖြစ်ရန်က ခက်ခဲပြီး ခေါင်းမူးခြင်းမျိုး၊ အမြင်အာရုံဝေဝါးခြင်းမျိုးကို ဖြစ်စေသည်။ လင်းဇီချန်က ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
"မင်းရဲ့အသိစိတ်ပင်လယ်ထဲက ရေနတ်ဘုရားကို သစ်သားနတ်ဘုရားက ထုတ်သွားပြီ။ မင်းဝိညာဉ်က အနှောင့်အယှက်ဖြစ်သွားပေမဲ့ ပြဿနာကြီးတော့မဟုတ်ဘူး။ လိုက်လျောညီထွေဖြစ်ဖို့ အချိန်တော့ယူရလိမ့်မယ်။"
ထိုသို့ပြောပြီးနောက်တွင် အထက်မှ စွမ်းအားအတက်အကျများကို ကြည့်လိုက်မိသည်။ သစ်သားနတ်ဘုရားသည် နွယ်တစ်ချောင်းဖြင့် ဖျော့တော့ကာ ထိုးဖောက်မတတ်မြင်ရသောရေနတ်ဘုရားကို ပတ်ထားပြီး ရှေ့တွင် တွဲလောင်းထားထားသည်။ ထိုနွယ်ပင်က ထူးခြားလှသည်။ ချွန်ထက်သည့်စူးများပါသော်လည်း ရွှေ၊ ကျောက်စိမ်း၊ ကြက်သွေးနီရောင်နှင့် အညိုရောင်တို့ပါကာ စွမ်းအားလေးမျိုးလည်းပါသည်။ ထိုနွယ်ပင်၏အောက်တွင် ရေနတ်ဘုရားသည် လှုပ်တောင်မလှုပ်နိုင်ဘဲ အသံတစ်သံပင် မထွက်နိုင်ပေ။
အရာအားလုံး အဆုံးသတ်သွားတော့မှာလား....
လင်းဇီချန်က အပေါ်မှမြင်ကွင်းကို ကြည့်လိုက်ပြီး စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နှက်သွားသည်။ မိမိတွင်သာ အချိန်တစ်နှစ်ရှိပါလျှင် မဟုတ်လျှင်လည်း နှစ်ဝက်သာရှိပါလျှင် သာလွန်ရှေးဘိုးဘေးအဆင့်ထိ တိုးတက်နိုင်မည်ဖြစ်သည်။ သို့သော်လည်း သစ်သားနတ်ဘုရားက မိမိကို ထိုအခွင့်အရေးမပေးပေ။ ဒြပ်စင်လေးပါးပေါင်းစပ်သွားသည့်အကြောင်းကို သိလိုက်သည်မှာ တစ်ရက်ခန့်သာဖြစ်ပြီး သစ်သားနတ်ဘုရားက ရေနတ်ဘုရားကို အောင်မြင်စွာဖမ်းလိုက်နိုင်ကာ ဒြပ်စင်ငါးပါးပေါင်းစပ်ခြင်းပြီးမြောက်ရန် အသင့်ဖြစ်နေလေသည်။ သစ်သားနတ်ဘုရားသည်သာ ဒြပ်စင်ငါးပါးပေါင်းစပ်ခြင်း အောင်မြင်သွားပါလျှင် အရာအားလုံး အဆုံးသတ်သွားပေတော့မည်။ ကမ္ဘာကြီးလည်း ပျက်စီးရပေမည်။ မူလမြေသည်လည်း ပျက်စီးရပေမည်။ ထိုလောကနှစ်ခုမှ သက်ရှိများသည်လည်း နေထိုင်ရာဒေသနှင့်အတူ ပျက်သုဉ်းသွားရပေမည်။
မဖြစ်ပေ။
ထိုင်ပြီး အသေခံရန် စောင့်နေ၍ မဖြစ်ပေ။
အသက်ရှင်နိုင်ရန်အတွက် လှုပ်ရှားရုန်းကန်ရပေမည်။
အသက်ရှင်နိုင်ရန်အတွက် နောက်ဆုံးထွက်သက်သာ ကျန်ရှိနေပါလျှင် နောက်ဆုံးထွက်သက်အထိ ကြိုးစားအားထုတ်ရမည်ဖြစ်သည်။ ထိုသို့တွေးမိကာ လင်းဇီချန်သည် ချက်ချင်းပင် ရှန်ချင်းဟန်ကိုလွှတ်၍ ပြောလိုက်သည်.
"မြို့တော်ကိုပြန်ပြီး ငါတို့မိဘတွေကိုသွားရှာ။ သူတို့ကိုစောင့်ရှောက်ထား။ ငါက ကောင်းကင်လူသားသခင်နဲ့ သစ်သားနတ်ဘုရားကိုတားမယ်။"
ရှန်ချင်းဟန်သည် ဒဏ္ဍာရီအဆင့်သာဖြစ်သော်လည်း လာမည့်တိုက်ပွဲတွင် အနည်းငယ်သာအသုံးကျမည်ဖြစ်သည်။ ထို့ကြောင့် လင်းဇီချန်ပြောသည့်အတိုင်း လုပ်သည်ကသာ အကောင်းဆုံးဖြစ်ပေမည်။
"သိပြီ။ သတိထားဦး။ ငါသတင်းကောင်းစောင့်နေမယ်။"
ရှန်ချင်းဟန်သည် နာခံစွာဖြင့် ခေါင်းညိတ်ပြကာ ချက်ချင်းဆိုသလိုပင် ဝိညာဉ်စွမ်းအားသုံး၍ အမြန်ဆုံးနှုန်းဖြင့် မြို့တော်ဆီသို့ ထွက်သွားလေတော့သည်။
သူမသည် လက်ရှိအခြေအနေကို သတိထားမိသဖြင့် အမြန်လှုပ်ရှားသည်က ပိုကောင်းသည်ကို သိသည်။ သူမထွက်သွားသည်ကို မြင်သောအခါမှ လင်းဇီချန်လည်း အတော်လေးစိတ်သက်သာရာရသွားသည်။ သို့သော်လည်း လင်းဇီချန်က များများစားစားမစဉ်းစားနေပေ။ ချက်ချင်းပင် ချီချင်းမော့ဘေးသို့ ရောက်လာသည်။ အကြည့်ချင်းဖလှယ်လိုက်ကြပြီး အလင်းတန်းအဖြစ်ပြောင်းကာ သစ်သားနတ်ဘုရားရှိရာသို့တက်သွားကြသည်။ နှစ်ဦးသားက လွန်စွာမြန်လှသည်။ ဖြတ်သွားသည့်နေရာတိုင်းတွင် လေသည် ပက်ကြားအက်များထင်ကာ လေဟာနယ်၌ မုန်တိုင်းထန်သွားသည်။
၎င်းတို့ထွက်သောစွမ်းအားဖြင့်သာဆိုလျှင် ပင်လယ်နတ်ဘုရား၊ အကြီးအကဲလီ၊ စီမာရွှမ်းနှင့် ရွမ်ယွမ်ဝမ်ယွီတို့သည် ဘာမှမဟုတ်သည့်အတိုင်းပင် နေရာတွင် ပျောက်သွားနိုင်ပေသည်။ သို့သော်လည်း ၎င်းတို့က အားကြီးသကဲ့သို့ သစ်သားနတ်ဘုရားနှင့် နှိုင်းယှဉ်လျှင်မူ ပုရွက်ဆိတ်သာသာ သာဖြစ်ကြသည်။
ဝှစ်ခနဲအသံနှစ်သံနှင့်အတူ လင်းဇီချန်နှင့် ချီချင်းမောတို့ သစ်သားနတ်ဘုရားနားသို့ ရောက်ခါနီးတွင်ပင် သစ်သားနတ်ဘုရား၏အရောင်ငါးမျိုးနွယ်ပင်များက အပြေးထွက်လာသည်။ နွယ်ပင်များက မြန်လွန်းလှသဖြင့် လင်းဇီချန်နှင့် ချီချင်းမော့ထံသို့ ရောက်သွားလေတော့သည်။ လင်းဇီချန်နှင့်ချီချင်းမော့တို့သည် နွယ်ပင်များ ရောက်လာသည်ကို မြင်သော်လည်း ရှောင်ချိန်မရလိုက်သဖြင့် မိမိတို့သည် ထိုနွယ်ပင်များကို ဖမ်းချုပ်ခြင်းကို ခံထားလိုက်ရသည်။
"ချီသွေးစွမ်းအားတစ်ခုတည်းနဲ့ ရှေးဘိုးဘေးနဝမအဆင့်အထိ ဆင့်ကဲပြောင်းလဲလာတဲ့တစ်ယောက်ရယ်..."
"မူလအားကို ဝါးမျိုပြီးတော့ မြန်မြန်ပဲဆင့်ကဲပြောင်းလဲလာတဲ့တစ်ယောက်ရယ်..."
"စိတ်ဝင်စားစရာကောင်းသားပဲ။"
"ငါဒြပ်စင်ငါးပါးပေါင်းစပ်တာအောင်မြင်သွားတာနဲ့ မင်းတို့နှစ်ယောက်ကို လေ့လာကြည့်ရမယ်။"
သစ်သားနတ်ဘုရားက ထိုသို့ပြောလိုက်သည်။ ပြောပြီးနောက်တွင် အကြည့်တို့က ချီချင်းမော့၏ ကျက်သရေရှိလှသောခန္ဓာကိုယ်ဆီသို့ ရောက်သွားပြီး လောဘကြီးသောတဏှာအငွေ့အသက်တို့ဖြင့် ပြောလိုက်သည်။
"အစက ရှေးဟောင်းစိမ်းလန်းတောင်တန်းရဲ့ စုမေရှောင်ကို ကျင့်ကြံရေးဒယ်အိုးလုပ်ဖို့အတွက် ငါ့အကြိုက်ရွေးထားတာ။ ဒါပေမဲ့ ခုတော့ သူကကျသွားတော့ မရှိတော့ဘူး။ အဲ့ဒါကြောင့် အခုကစပြီး မင်းက ငါ့ရဲ့ ကျင့်ကြံရေးဒယ်အိုးအဖြစ် ခစားရမယ်။"
ထိုစကားပြောလိုက်ပြီးနောက်တွင် အရောင်လေးမျိုးစပ်သောနွယ်ပင်များဖြင့် လင်းဇီချန်နှင့် ချီချင်းမော့ကို ပိုးကောင်အိမ်ထဲသို့ထည့်ကာ ဖမ်းထားလိုက်လေတော့သည်။ မြို့တော်သို့ထွက်ပြေးသွားသောရှန်ချင်းဟန်ကိုမူ လျစ်လျူရှုထားလိုက်ပြီး တစ်ချက်လေးပင် လှည့်မကြည့်ပေ။ ယခင်က ရှန်ချင်းဟန်ကို ဖမ်းချင်သည်ဆိုသည်မှာ သူမကိုယ်တွင်းရှိ အသိစိတ်ပင်လယ်ထဲ၌ ရေနတ်ဘုရားပုန်းအောင်းနေသောကြောင့်သာ ဖြစ်၏။