ရတနာဝတ်ရုံ
Vol. 84 Ch. 1255
ချူးယွင်ဖန်း၏ သိုင်းပညာသည် ရိုးရှင်းသော်လည်း အလွန်အစွမ်းထက်ကြောင်း လူတိုင်း ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ သိုင်းပညာသည် ကိုယ်ခန္ဓာကို အရာအားလုံး၏အခြေခံအုတ်မြစ်အဖြစ် အဘယ်ကြောင့် အလေးပေးဖော်ပြထားသည်ကို ပထမဆုံးအကြိမ်အနေဖြင့် လူတိုင်း နားလည်သဘောပေါက်သွားကြသည်။ ခန္ဓာကိုယ်ကို အဆုံးစွန်ထိ ကျင့်ကြံခြင်းက မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို ၎င်းတို့ မည်သည့်အချိန်ကမျှ မသိခဲ့ကြပေ။
မိမိတို့သည် နတ်စွမ်းအင်နှင့် ဓမ္မကာရစွမ်းအင်ပါရှိသော မိမိတို့၏ခန္ဓာကိုယ်ကို ပန်းကန်လုံးတစ်လုံးအဖြစ်သာ သဘောထားကြသည်။ ချူးယွင်ဖန်းကဲ့သို့ သူ၏ခန္ဓာကိုယ်ကို နေ့စဥ်နေ့တိုင်း ကြံ့ခိုင်သည်အထိ ကျင့်ကြံနေသူတစ်ဦးကို တွေ့ရခဲယဉ်းသည်။ သို့သော် လေ့ကျင့်ပြီးသည်နှင့် ၎င်းတို့၏ စွမ်းအင်သည်လည်း စိတ်ကူးမယဉ်နိုင်သည်အထိ ကြောက်မက်ဖွယ်ကောင်းလာမည်ဖြစ်သည်။
ချူးယွင်ဖန်း၏ လှုပ်ရှားမှုများသည် ရိုးရှင်းလှသည်။ ၎င်းတို့သည် ရိုးရှင်းသော ထိုးချက်များ ကန်ချက်များသာဖြစ်သော်လည်း ၎င်းလှုပ်ရှားအားလုံးသည် အင်အားကြီးမားလှသည်။ ပေါ့လျော့သော ကန်ချက်သည် တောင်ကြီးတစ်ခုလုံးကိုပင် ဖြိုခွဲပစ်နိုင်သည်။ ဤလှုပ်ရှားမှုများ မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို တွေးကြည့်၍ပင် သိနိုင်သည်။
အနက်ရောင်တမန်တော်သည် ချူးယွင်ဖန်းကို လျှော့မတွက်ဝံ့ပေ။ သူသည် တိုက်ခိုက်မှုများကို တားဆီးရန် သူ၏ရှိသမျှခွန်အားများကို အသုံးပြုခဲ့ရသည်။ ဤဖြစ်စဉ်တစ်ခုတည်းက သူ့ကို သွေးများအန်ထွက်စေရန် လုံလောက်ပေသည်။ သူသည် လုံးလုံးလျားလျားပင် ပြန်မတိုက်နိုင်ခဲ့ပေ။ ပြန်လည်တိုက်ခိုက်နိုင်လျှင်ပင် သူ၏လှုပ်ရှားမှုများသည် ချူးယွင်ဖန်းကို ထိခိုက်နိုင်မည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ချူးယွင်ဖန်း၏ လှုပ်ရှားမှုများသည် သူ့ကို ထိမှန်လာသရွေ့ ပြင်းထန်စွာ ဒဏ်ရာရရှိသွားပေလိမ့်မည်။
ဤအကြောင်းအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာမြင့်ခဲ့သော်လည်း အရာအားလုံးသည် အချိန်ခဏလေးအတွင်း၌ ဖြစ်ပွားခဲ့ကြသည်။ ယခင်က လူတိုင်းကို ၎င်း၏ အရောင်အဝါဖြင့် ခြိမ်းခြောက်ကာ ချောင်ပိတ်ခဲ့သော အနက်ရောင်တမန်တော်သည် ထိုအခြေအနေသို့ တွန်းပို့ခံခဲ့ရသည်။
"ကျုပ်ကို ဒီလိုအခြေအနေအထိ တွန်းပို့နိုင်ခဲ့တဲ့အတွက် ခင်ဗျား ဂုဏ်ယူသင့်တယ်၊ ချူးယွင်ဖန်း"
အနက်ရောင်တမန်တော်သည် ကြင်နာတတ်သူ မဟုတ်ပေ။ သူ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်နှင့် မရေတွက်နိုင်သော အနက်ရောင်စွမ်းအင်များ သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ချက်ချင်း ဆူပွက်လာ၍ ပတ်ဝန်းကျင်တွင် အလင်းစက်ဝိုင်းများဖြစ်ပေါ်လာလေသည်။ သူသည် ချူးယွင်ဖန်း၏ လက်သီးချက်နှင့် ကန်ချက်များကို အမှန်တကယ် ခုခံနိုင်ခဲ့၍ ၎င်းတိုက်ခိုက်မှုများမှ အလွယ်တကူ ဒဏ်ရာမရရှိခဲ့ပေ။
အနက်ရောင်တမန်တော်သည် ဤအနက်ရောင်အလင်းတန်းကြောင့် ယခင်ကနှင့်မတူဘဲ ချူးယွင်ဖန်းနှင့်ပင် အပြင်းအထန် တိုက်ခိုက်ဝံ့လာသည်။ အနက်ရောင်အလင်းစက်ဝိုင်းသည် အိမ်တော်တစ်ခုလုံးကို အမှောင်ထုဖြင့် ဖုံးလွှမ်းသွားစေကာ အနက်ရောင်တမန်တော်သည် ဤအမှောင်ထု၏ အရှင်ဘုရင်ဖြစ်ပုံပေါ်သည်။ ဤအခိုက်အတန့်တွင် သူသည် သူ၏အင်အားကြီးစွမ်းအင်များကို ထုတ်လွှတ်လာသည်။ သူသည် တိုက်ပွဲဝင်လျက် သန်မာလာသည်ဟုပင် ဆိုနိုင်သည်။
"ချူးယွင်ဖန်း၊ ခင်ဗျားက ကျုပ် ပြိုင်ဘက်မဟုတ်ပါဘူး"
အနက်ရောင် တမန်တော်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်၊ သူ၏ အပြုံးများသည် ကြီးစိုးမှုများဖြင့် တစ်ဖန်ပြည့်နှက်လာသည်။ ချူးယွင်ဖန်းသည် အနက်ရောင်တမန်တော်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ အနက်ရောင်တမန်တော်၏ ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်ဝတ်ရုံသည် ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်ကြောင်း သူ ပြောနိုင်သည်။ ၎င်းသည် နတ်အဆင့်ကိုကျော်လွန်၍ ရွှေအမတေအဆင့်သို့ ရောက်ရှိနေသည့် မှော်လက်နက်တစ်ခုပင်ဖြစ်နိုင်သည်။
နတ်အဆင့်ကျွမ်းကျင်သူများ အသုံးပြုလေ့ရှိသော ရတနာများကို မှော်လက်နက်များဟုခေါ်နိုင်သည်။ ၎င်းမှော်လက်နက်များ၏ အထက်တွင် ရွှေအမတေအဆင့်ကျွမ်းကျင်သူများ အသုံးပြုသည့် ဝိညာဉ်လက်နက်များရှိသည်။ ဝိညာဉ်လက်နက်များသည် အာရုံခံစားနိုင်၍ ၎င်းတို့၏ဆန္ဒဖြင့်ပင် တိုက်ခိုက်နိုင်သောကြောင့် ကွဲပြားခြားနားကြသည်။ ၎င်းတို့သည် အလွန်တန်ခိုးကြီးကြသည်။
သို့သော် ဝိညာဉ်လက်နက်များသည် အလွန်ရှားပါးကြသည်။ ၎င်းကို ဝိညာဉ်စွမ်းအင်ဖြင့် ဖြည့်စွက်ရန် အလွန်အဖိုးတန်သည့်ပစ္စည်းများ လိုအပ်သောကြောင့် ရွှေအမတေအဆင့်ကျွမ်းကျင်သူများလျှင်ပင် ထိုကဲ့သို့သောလက်နက်တစ်ခုကို မပိုင်ဆိုင်နိုင်ကြပေ။ ဤသည်မှာ အလွန်ခက်ခဲသည့် လုပ်ငန်းစဉ်ဖြစ်သည်။
အားနည်းသော ရွှေအမတေအဆင့်ကျွမ်းကျင်သူအချို့တွင် ယခုကဲ့သို့သော ရတနာများပင် မရှိနိုင်ပေ။ အနက်ရောင်တမန်တော်တွင် ရတနာဝတ်ရုံလက်နက်ရှိနေမည်ဟု ချူးယွင်ဖန်း မမျှော်လင့်ထားပေ။ ၎င်းသည် သာမန်ဝိညာဉ်လက်နက်များထက်ပင် ရှားပါးပေသည်။ တမန်တော်များသည် ပြင်ပနယ်မြေများကို လှည့်လည်သွားလာနိုင်၍ ရွှေအမတေအဆင့်ကျွမ်းကျင်သူများထံမှ လွတ်မြောက်နိုင်ခြင်းသည် အံ့သြစရာမဟုတ်ပေ။ ထိုကဲ့သို့သော လက်နက်များဖြင့်ဆိုလျှင် အမှန်တကယ် စွမ်းဆောင်နိုင်ပေလိမ့်မည်။
“နေမင်းသုံးစင်း အာဏာရှင်လက်"
အနက်ရောင်တမန်တော်သည် ကျယ်လောင်စွာ ရယ်မော၍ ချူးယွင်ဖန်းကို ထပ်မံရိုက်နှက်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရတနာဝတ်ရုံ၏ အကူအညီကြောင့် ဤလှုပ်ရှားမှု၏ စွမ်းအင်များ ပို၍တိုးမြင့်လာသည်။
"သွားပြီ၊ ချူးယွင်ဖန်းတော့ အဆုံးသတ်ပြီ"
ထိုအချိန်တွင် ဝမ်ဟွမ်၏ မျက်နှာတစ်ခုလုံး အလွန်ဖျော့တော့သွားလေ၏။ တမန်တော်များသည် အလွန်ကြောက်မက်ဖွယ်ကောင်းသူများဖြစ်သည်။ ၎င်းတို့သည် မိမိထက် အလွန်ကြံ့ခိုင်သူများဖြစ်ကြ၍ ယခုအခါ ၎င်းတို့သည် ဤရတနာဝတ်ရုံကို ၀တ်ဆင်ထားသောကြောင့် အနိုင်ယူရန် မဖြစ်နိုင်တော့ပေ။
ယင်းကြောင့်သာ အနက်ရောင်တမန်တော်က ဝမ်ဟွမ်ကို အထင်အမြင်သေးစွာ ရှုံ့ချခဲ့ခြင်းဖြစ်သည်။ ဝမ်ဟွမ်ကို သတ်ဖြတ်ရခြင်းသည် ၎င်းတို့အတွက် မခက်ခဲလှပေ။ ၎င်းတို့နှစ်ဦးစလုံးသည် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကျွမ်းကျင်သူများဖြစ်ကြသော်လည်း ၎င်းတို့၏ အားသာချက်များသည် အလွန်ကွဲပြားခြားနား၏။
"ကလေးကလားလှည့်ကွက်တွေ။ ခင်ဗျားမှာ မှော်လက်နက်တစ်ခုရှိလို့ ကျုပ်ကို ယှဉ်နိုင်မယ်လို့ ခင်ဗျား တကယ်ထင်နေတာလား"
ချူးယွင်ဖန်းသည် နောက်ဆုံးတွင် လေးနက်လာသည်။ တမန်တော်များသည် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကျွမ်းကျင်သူများဟု နာမည်ကြီးသော်လည်း ချူးယွင်ဖန်းသည် ပို၍ပင် အင်အားကြီးသူဖြစ်သည်။ ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကို သတ်ဖြတ်ခြင်းရသည် သူ့အတွက် ထမင်းစားရေသောက်သည်နှယ် လွယ်ကူလှသည်။
အနက်ရောင်တမန်တော်သည် ရတနာဝတ်ရုံဖြင့် ချူးယွင်ဖန်းကို တိုက်ခိုက်နိုင်မည်ဟု ထင်မှတ်ခဲ့လျှင် နုံအလွန်းရာကျပေလိမ့်မည်။ ချူးယွင်ဖန်းသည် အေးစက်စွာ လှောင်ရယ်လိုက်သည်။ သူသည် ကောင်းကင်နှင့်မြေကြီးပေါ် နင်းလျှောက်နေသကဲ့သို့ အရှေ့သို့ လျှောက်လှမ်းလာသည်။ ပြီးနောက် လက်သီးကို ကျစ်ကျစ်ဆုပ်၍ ထိုးကြိတ်လိုက်သည်။
ဘုံး
ဤတစ်ကြိမ်တွင် နှစ်ဦးနှစ်ဖက်စလုံးထံမှ ကြောက်မက်ဖွယ် တိုက်ခိုက်မှုများ ထပ်မံရိုက်ခတ်သွားပြန်သည်။ ယခင်က ချူးယွင်ဖန်း၏တိုက်ခိုက်မှုများသည် အနက်ရောင်တမန်တော်ကို ဖိနှိမ်နိုင်ခဲ့သော်လည်း ဤတစ်ကြိမ်တွင် အပြန်အလှန် တိုက်ခိုက်နေသောကြောင့် အနိုင်ရရှိသူကို ဆုံးဖြတ်ရန် ခက်ခဲပေသည်။ ဤသည်မှာ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုဖြစ်သည်။
အနက်ရောင်တမန်တော်၏ ပထမတိုက်ခိုက်မှု မအောင်မြင်ခဲ့သော်လည်း သူသည် ထပ်မံတိုက်ခိုက်လိုက်သည်။ သူ၏လှုပ်ရှားမှုများသည် ညကောင်းကင်ကို ဖြတ်သန်းသွားသော လျှပ်စီးကြောင်းများကဲ့သို့ အလွန်မြန်ဆန်လှသည်။ သူသည် ရုတ်တရက် ပေါ်ပေါက်လာ၍ ရုတ်တရက် ပျောက်ကွယ်သွားပြန်သည်။ တစ်ဖက်တွင် ချူးယွင်ဖန်းသည် အနက်ရောင်တမန်တော်၏တိုက်ခိုက်မှုကို တည်ငြိမ်စွာ တားဆီးခဲ့သည်။
ဤအခိုက်အတန့်တွင် ၎င်းတို့နှစ်ဦးသည် အပြင်းအထန် တိုက်ခိုက်နေသောကြောင့် မည်သူက ပို၍သန်မာသည်ကို ပြောရခက်နေသည်။ ချူးယွင်ဖန်း၏ ကိုယ်ခန္ဓာကျင့်ကြံမှုသည် ပြိုင်ဘက်ကင်းလှသည်။ ချူးယွင်ဖန်းသည် ဤသို့ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်ကို မည်သို့ကျင့်ကြံခဲ့သည်ကို မည်သူမျှ မသိကြပေ။ အနက်ရောင်တမန်တော်သည် ချူးယွင်ဖန်းကဲ့သို့ အင်အားမကြီးမားသော်လည်း ရတနာဝတ်ရုံကို ဝတ်ဆင်ပြီးနောက် ချူးယွင်ဖန်းနှင့် ယှဉ်ပြိုင်နိုင်ခဲ့သည်။
အချိန်ခဏကြာသည်အထိ အောင်နိုင်သူကို ဆုံးဖြတ်ရ ခက်ခဲနေပုံရသည်။ လူတိုင်း တုန်လှုပ်သွားကြသည်။ ချူးယွင်ဖန်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးအင်အားကို အရေးကြီးသောအခိုက်အတန့်တွင် ထုတ်လွှတ်လာမည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ပေ။ ဝမ်ဟွမ်နှင့် အခြားလူများ၏ ရှင်းလင်းချက်အပြီးတွင် တမန်တော်များက မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို လူတိုင်း သိရှိလာကြသည်။ ၎င်းတို့သည် နှစ်ပေါင်းများစွာကြာ ပြိုင်ဆန်ရှားနေသည့် ကြောက်မက်ဖွယ် ဖြစ်တည်မှုများဖြစ်သည်။
သို့သော် ချူးယွင်ဖန်းသည် အနက်ရောင်တမန်တော်ကို တစ်ယောက်တည်း တိုက်ခိုက်နိုင်ခဲ့သည်။ အနက်ရောင်တမန်တော်သည် သူ၏ ဝိညာဉ်လက်နက်ကို အသုံးမပြုမီ ချူးယွင်ဖန်းကို ထိခိုက်အောင်ပင် မပြုလုပ်နိုင်ခဲ့ပေ။ ဤဖြစ်စဉ်သည် လုံးလုံးလျားလျား ကြောက်မက်ဖွယ်ကောင်းလှသည်။ တမန်တော်နှစ်ဦးစလုံးသည် အသက်နှစ်ရာကျော်နေ၍ ချူးယွင်ဖန်းသည် အသက်နှစ်ဆယ်ကျော်သာရှိသေးရာ၊ သူသည် ၎င်းတို့အသက်၏ ဆယ်ပုံတစ်ပုံဟုသာ ဆိုနိုင်သည်။
လူအများအပြားသည် ပို၍ပင် အံ့အားသင့်လာကြသည်။ ချူးယွင်ဖန်းသည် ဤအတိုင်းအတာအထိ မည်သို့ကျင့်ကြံခဲ့ခြင်းဖြစ်သနည်း။ သို့သော်လည်း လူအများအပြားသည် သူ့တွင် အနိုင်ရရှိရန် အခွင့်အရေးမရှိဘူးဟုသာ ခံစားနေမိသည်။ ချူးယွင်ဖန်းသည် အလွန်ဆုံးလျှင် တမန်တော်တစ်ဦးကိုသာ တားဆီးနိုင်ပေလိမ့်မည်။ တစ်ဖက်တွင်မူ၊ ခွန်အားအခြေအနေကို မသိရသေးသော အဖြူရောင် တမန်တော်ရှိနေဆဲဖြစ်ရာ၊ သူသည်လည်း အနက်ရောင်တမန်တော်နှင့်ယှဉ်လျှင် အားနည်းမည်မဟုတ်ပေ။
မြို့ဝန်အိမ်တော်တစ်ခုလုံး ပျက်သုဉ်းသွားနိုင်ဆဲဖြစ်သည်။ လူတိုင်းက ခြေလှမ်းတစ်ဝင် ရွှေအမတေအဆင့်ဖြစ်သော ဝမ်ဟွမ်ကို အရှေ့သို့ ချီတက်ပေးရန် မျှော်လင့်နေကြဟန်ဖြင့် လှည့်ကြည့်နေကြသည်။ ဝမ်ဟွမ်သည် လူတိုင်း၏ အကြည့်အောက်တွင် ကျယ်လောင်စွာ ဆဲရေးတိုင်းထွာလာမည်ဟု မည်သူ သိမည်နည်း။ ယနေ့တွင် သူသည် အမှန်တကယ် မထိုက်တန်သော ဘေးအန္တရာယ်နှင့် ကြုံတွေ့နေရသည်။ သူသာ ၎င်းတို့ကို အနိုင်ယူနိုင်ပါက၊ ကနဦးကတည်းက တိုက်ခိုက်နေပြီဖြစ်သည်။
သူသည် အဖြူရောင်တမန်တော်နှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ ၎င်းတို့နှစ်ဦးစလုံးသည် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကျွမ်းကျင်သူများဖြစ်သော်လည်း ၎င်းတို့၏ ကျင့်ကြံမှု အဆင့်များသည် ကမ္ဘာတစ်ခုမျှ ခြားနားနေသည်။ ထိုအချိန်တွင် အနက်ရောင်တမန်တော်သည် စိတ်အားထက်သန်နေသော်လည်း အချိန်ကြန့်ကြာလာခြင်းကို သတိပြုမိသောကြောင့် ရုတ်တရက် အော်ပြောလိုက်သည်။
"ဟေး အဖြူရောင်၊ ခင်ဗျား ဘာကြည့်နေတာလဲ၊ ကျုပ် ဒီကောင်ကို ထိန်းထားမယ်။ ကျန်တဲ့လူတွေကို ခင်ဗျား သတ်လိုက်၊ ပြီးရင် ချူးယွင်ဖန်းကို ရှင်းဖို့ ကျုပ်တို့အတူ လှုပ်ရှားကြမယ်။ ကျုပ်တို့မှာ အချိန်သိပ်မကျန်တော့ဘူးဆိုတာကို မမေ့နဲ့"