← Chapters

ဆိုးယုတ်စွာ ရှုံးနိမ့်သွားသော အနက်ရောင်တမန်တော်

Vol. 84 Ch. 1256

ဆိုးယုတ်စွာ ရှုံးနိမ့်သွားသော အနက်ရောင်တမန်တော်

Vol. 84 Ch. 1256

အနက်ရောင်တမန်တော်က သတိပေးလာသောအခါ ၎င်းတို့တွင် အချိန်သိပ်မကျန်တော့ကြောင်း အဖြူရောင်တမန်တော် ရုတ်တရက် သတိရသွားသည်။ ခုန်းလုံမြို့၏ ကျွမ်းကျင်သူများ တစ်စုံတစ်ခုမှားယွင်းနေကြောင်း သတိထားမိသွားသည်နှင့် ဝင်ရောက်စွက်ဖက်လာနိုင်သည်။ ထိုအချိန်တွင် အခြေအနေများ ပို၍ရှုပ်ထွေးသွားပေလိမ့်မည်။

အဆုံးမဲ့ ရေစီးကြောင်းကဲ့သို့သော ဝေ့တိုင်းပြည်၏ ကျွမ်းကျင်သူများသည် ဤလူများကို လာရောက်ကယ်ဆယ်ကာ ၎င်းတို့ကို တိုက်ခိုက်ကြပေလိမ့်မည်။ ၎င်းတို့နှစ်ဦးသည် မကြောက်ရွံ့သော်လည်း ထိုအခြေအနေသို့ရောက်ရှိသည်နှင့် မည်မျှဒုက္ခများမည် သိထားကြသည်။ ရွှေအမတေအဆင့် ကျွမ်းကျင်သူတစ်ဦးပင် ရောက်ရှိလာပါက၊ ပြဿနာသည် အမှန်တကယ် ကြီးမားလာပေလိမ့်မည်။

ရွှေအမတေကျွမ်းကျင်သူတစ်ဦးထံမှ လွတ်မြောက်လာသော မှတ်တမ်းများရှိကြသော်လည်း ၎င်းဖြစ်စဉ်သည် ကံကောင်းခြင်း ကြောင့်သာဖြစ်ကြောင်း ၎င်းတို့ သိထားကြသည်။ ၎င်းတို့သည် ရွှေအမတေကျွမ်းကျင်သူတစ်ဦးကို အနိုင်ယူရန် မဖြစ်နိုင်သေးရာ၊ ကိုယ့်ကိုယ်ကို ကာကွယ်ရန်ပင် ခက်ခဲသည်ဟု ဆိုနိုင်သည်။

"အောင်မြင်မှုက ခင်ဗျား လက်ထဲရောက်နေပြီထင်ပြီး အောင်ပွဲခံနေရင် စောလွန်းရာမကျဘူးလား"

အနက်ရောင်တမန်တော်သည် ချူးယွင်ဖန်းကို ထိန်းချုပ်ထားနိုင်သည်ဟု ထင်မှတ်နေချိန်တွင် ချူးယွင်ဖန်းက စတင်လှုပ်ရှားလိုက်သည်။ သူ၏လက်သီးချက်နှင့် ကန်ချက်များကို အသုံးခဲ့သည့်အချိန်နှင့်မတူဘဲ ယခုတစ်ကြိမ်တွင် သူသည် သိုင်းပညာစွမ်းအင်ကို အမှန်တကယ် ထုတ်လွှတ်လာသည်။ သူ၏အနောက်ဘက်တွင် တုနှိုင်းမဲ့ကြီးမားလှသည် ရွှေရောင်အသူရကာယ်တစ်ပါး ဖြစ်ပေါ်လာသည်။

"ပေါ်လာပြီ" ဝမ်ဟွမ်က အော်ဟစ်လိုက်သည်။ ချူးယွင်ဖန်းသည် သူ့ကို အသည်းအထန် ထွက်ပြေးရသည့်အထိ ရိုက်နှက်ခဲ့ချိန်ကို သတိရသွားသည်။ ထိုခံစားချက်သည် သူ့ကို အလွန်ခံရခက်စေသည်။

ချူးယွင်ဖန်းသည် လေးနက်စွာ တိုက်ခိုက်လာပြီဖြစ်ကြောင်း သူ သိနေသည်။ ဤအခိုက်တွင် ဝမ်ဟွမ်သည် အနည်းငယ် မျှော်လင့်လာမိသည်။ ချူးယွင်ဖန်းသာ အစွမ်းကုန် တိုက်ခိုက်မည်ဆိုပါက၊ ၎င်းတို့တွင် အခွင့်အရေးရှိနေပေလိမ့်မည်။ ချူးယွင်ဖန်းသည် ယင်းမတိုင်မီက သူ၏ခွန်အားကို အပြည့်အဝ အသုံးမပြုခဲ့ပေ။ သူစကားပြောနေစဉ်၌ ချူးယွင်ဖန်းသည် အနက်ရောင်တမန်တော်ကို ဖိနှိပ်ထားပြီဖြစ်သည်။ သူသည် မိုးကြိုးသွားစွမ်းအားဖြင့် ပေါ့လျော့စွာ ထိုးကြိတ်လိုက်သော်လည်း ကောင်းကင်တစ်ခုလုံး ကွဲလုနီးပါးဖြစ်နေသည်။

ကြောက်မက်ဖွယ် လက်သီးချက်သည် အနက်ရောင်တမန်တော်အပေါ် ပြိုလဲကျသွားသည်။ အနက်ရောင်တမန်တော်၏ မျက်နှာအမူအရာ ပြောင်းလဲသွားလေသည်။ ချူးယွင်ဖန်း၏ ကျင့်ကြံမှုများ ပေါက်ကွဲထွက်လာသည်။ ထိုအခါ သူ၏ယခင်ယူဆချက်များ မှားယွင်းနေကြောင်း သူ နားလည်သွားသည်။ ချူးယွင်ဖန်းက အကောင်းဆုံး ကြိုးစားတိုက်ခိုက်နေသည်ဟု သူ ထင်မှတ်ခဲ့သည်။ သို့သော် ချူးယွင်ဖန်းသည် ယခုအချိန်မှသာ သူ၏ခွန်အားကို အပြည့်အဝ အသုံးချလာသည်။

"မဖြစ်နိုင်ဘူး"

အနက်ရောင်တမန်တော်သည် အလွန်မယုံကြည်နိုင်ဖြစ်နေသည်။ ချူးယွင်ဖန်းသည် သူ၏ခွန်အားကို အပြည့်အဝ အသုံးမပြုသော်လည်း သူနှင့်တန်းတူညီတူ ယှဉ်ပြိုင်နိုင်ခဲ့သည်။ ချူးယွင်ဖန်း၏ ပြင်းထန်သောဖိအားသည် ရွှေအမတေကျွမ်းကျင်သူတစ်ဦးကို ရင်ဆိုင်နေရသကဲ့သို့ မွန်းကြပ်စေသည်။

မှန်ကန်စွာပြောရမည်ဆိုလျှင် သူ၏ထိုခံစားချက်များ မမှားယွင်းပေ။ ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်တွင်ရှိနေသည့် သူနှင့်မတူဘဲ ချူးယွင်ဖန်းသည် ထိုအဆင့်သို့ အမှန်တကယ် တက်လှမ်းခဲ့သူဖြစ်သည်။ သူသည် ယခုအချိန်တွင် အထွတ်အထိပ် အခြေအနေသို့ ရောက်နေခြင်းမဟုတ်သော်လည်း ထိုဖိအားများ ရှိနေဆဲဖြစ်သည်။ ယခင်အချိန်တွင် သူ့ကို ဤအတိုင်းအတာရောက်ရှိသည်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ မစွမ်းဆောင်နိုင်ခဲ့ပေ။

အနက်ရောင်တမန်တော်က ဟိန်းဟောက်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ရှိ နတ်စွမ်းအင်များ ဆူပွက်လာကာ အဆုံးမဲ့သော အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားလေသည်။ တစ်ဖန်ပေါက်ကွဲထွက်လာသော နေမင်းသုံးစင်း အာဏာရှင်လက်သည် ချူးယွင်ဖန်းဆီ တိုက်ရိုက်ပျံ့လွင့်လာသည့် အဖျက်စွမ်းအင်အဖြစ် ပြောင်းလဲသွားလေ၏။ ၎င်းသည် ချူးယွင်ဖန်းကို လုံးလုံးလျားလျား ဝါးမြိုချင်နေပုံပေါ်သည်။

သို့သော် သူ၏ တန်ပြန်တိုက်ခိုက်မှုအားလုံးသည် ချူးယွင်ဖန်း၏ အသူရကာယ် လက်သီးချက်အရှေ့တွင် အလွန်အားနည်းလှသည်။ ၎င်းလက်သီးချက်သည် သူ၏ တိုက်ခိုက်မှုကို တိုက်ရိုက်ဖြိုခွဲလိုက်သည်။ ချူးယွင်ဖန်းသည် အံကြိတ်နေသော အနက်ရောင်တမန်တော်နှင့်မတူဘဲ တန်ပြန်တိုက်ခိုက်မှုအားလုံးကို အလွယ်တကူ ဖိနှိမ်နိုင်ခဲ့သည်။

"တော်တော်ကြောက်စရာကောင်းတာပဲ"

"ကျုပ် မျက်လုံးတွေများ အမြင်မှားနေတာလား။ ဒါက ချူးယွင်ဖန်းရဲ့ အစစ်အမှန်စွမ်းအင်ပေါ့လေ ဟုတ်လား"

"သူက ရွှေအမတေအဆင့် ကျွမ်းကျင်သူတော့ မဟုတ်လောက်ပါဘူးနော်"

"မွန်စတား၊ သူက မွန်းစတားတစ်ကောင်ပဲ"

ယခုအချိန်တွင် မြို့ဝန်အိမ်တော်ရှိ ကျွမ်းကျင်သူအများအပြား တုန်လှုပ်ခြောက်ခြားသွားကြသည်။ သို့သော် ၎င်းတို့သည် အနီးကပ် မကြည့်ဝံ့သောကြောင့် မလှမ်းမကမ်းသို့သာ ရှောင်တိမ်းခဲ့ရသည်။ ၎င်းတို့အားလုံးသည် ထိခိုက်ဒဏ်ရာမရရှိစေရန် မြို့ဝန်အိမ်တော်ထဲရှိ အတားအဆီးများနှင့်အတူ ပူးပေါင်းဆောင်ရွက်လိုက်ရသည်။ ၎င်းတို့နှစ်ဦးသာ တောရိုင်းထဲတွင် တိုက်ခိုက်နေခြင်းဖြစ်ပါက၊ ၎င်းတို့၏ တိုက်ခိုက်မှုများကြောင့် နယ်မြေတစ်ခုလုံးကို ဗလာနတ္ထိဖြစ်သည်အထိ ပြောင်းလဲသွားပေလိမ့်မည်။

နတ်အဆင့်ကျွမ်းကျင်သူများစွာသည် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကျွမ်းကျင်သူများက မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို ကြားသိခဲ့ရသော်လည်း ၎င်းတို့ကို ယခင်ကတစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးကြပေ။ ယခုအခါ ထိုကျွမ်းကျင်သူများကို မြင်တွေ့ခဲ့ပြီဖြစ်ရာ၊ ဤဖြစ်စဉ်ကို ဘယ်သောအခါမျှ မေ့လျော့သွားတော့မည် မဟုတ်ပေ။ ချူးယွင်ဖန်းသည် သူ့ကို အနိုင်ယူလိုက်ကတည်းက ချူးယွင်ဖန်းနှင့် ထပ်မံတိုက်ခိုက်ချင်နေမိသည်။ ယခုအခါ ချူးယွင်ဖန်းသည် သူ့အင်အား၏ တစ်ရာခိုင်နှုန်းကိုပင် အသုံးမပြုဘဲ မိမိကို အနိုင်ယူခဲ့ကြောင်း သဘောပေါက်သွားသည်။

နှစ်ဦးနှစ်ဖက်စလုံးကို အခြေအနေတစ်ခုတည်းဖြင့် မဖော်ပြနိုင်ပေ။ လူတိုင်း သက်ပြင်းချနေစဉ် ချူးယွင်ဖန်းက အနက်ရောင်တမန်တော်၏ ခံစစ်အားလုံးကို လက်သီးတစ်ချက်ဖြင့် ချေမှုန်းလိုက်ကြောင်း မြင်တွေ့လိုက်ရသည်။ ပြီးနောက် လေထုထဲမှ ဧရာမလက်ကြီးတစ်ခု ထွက်ပေါ်လာ၍ ၎င်းသည် အနက်ရောင်တမန်တော်ကို ဖိနှိပ်လိုက်လိုက်လေ၏။ ဤဧရာမ လက်ကြီး၏ တိုက်ခိုက်မှုသည် သာမန်ချီစုစည်းမှုနှင့် ကွဲပြားပေသည်။ ၎င်းသည် ဝိညာဉ်စွမ်းအင်ဖြင့် ပေါင်းစည်းထားခြင်းမဟုတ်ပေ။

၎င်းသည် မန္တန်အမျိုးမျိုးတို့ဖြင့် ပေါင်းစည်းထားခြင်းဖြစ်သည်။ ပြီးနောက် ချူးယွင်ဖန်း၏ ထိုဧရာမ လက်ကြီးသည် အနက်ရောင်တမန်တော်ကို ဖမ်းဆုပ်လာကြောင်း ၎င်းတို့ မြင်တွေ့လိုက်ရသည်။ ချူးယွင်ဖန်းသည် အနက်ရောင်တမန်တော်၏ခန္ဓာကိုယ်ပေါ်ရှိ ရတနာဝတ်ရုံကို တစ်စ တစ်စ ဆွဲခွာလိုက်ရာ၊ သွေးများ ချက်ချင်း လွင့်စဉ်ကျလာသည်။ အဘယ်ကြောင့်ဆိုသော် ဤဝိညာဉ်လက်နက်သည် အနက်ရောင်တမန်တော်၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်နေသောကြောင့်ဖြစ်သည်။ ယခုအခါ ချူးယွင်ဖန်းသည် ၎င်းကို တစ်စ တစ်စဖြင့် လုံးလုံးလျားလျား ဆွဲခွာလိုက်လေသည်။

လူတိုင်းသည် အေးစက်သောလေထုကို ရှုရှိုက်လိုက်ကြသည်။ ချူးယွင်ဖန်းသည် အနက်ရောင်တမန်တော်၏ခန္ဓာကိုယ်မှ ဝိညာဉ်လက်နက်ကို လုံးလုံးလျားလျား ဆွဲခွာရန် ပြုလုပ်နေသည်။ ဝမ်ဟွမ်သည် အလွန်အံ့အားသင့်သွားသည်။ ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကျွမ်းကျင်သူအနေဖြင့်၊ ဤဖြစ်စဉ်က မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူ နားလည်ခဲ့သည်။ ထိုနေရာတွင် မိမိသာဖြစ်ခဲ့ပါက၊ ထိုသို့ပြုလုပ်ရန် မဖြစ်နိုင်ပေ။ အလွန်တရာ သန်မာသူများသာ အနက်ရောင်တမန်တော်ကို မလှုပ်ရှားနိုင်သည်အထိ နှိမ်နင်းနိုင်ပေလိမ့်မည်။ ၎င်းတို့သည် သို့မှသာ ဝိညာဉ်လက်နက်ကို အတင်းအကြပ် ဖယ်ရှားပစ်နိုင်သည့် ခွန်အားမျိုးရှိပေလိမ့်မည်။ ဝမ်ဟွမ်သည် သူနှင့် ကျင့်ကြံမှုအဆင့်တူသည့် ကျွမ်းကျင်သူများနှင့်ပင် ရင်ဆိုင်ရန် တွေးဝံ့တော့မည် မဟုတ်ပေ။

ထိုအချိန်တွင် ဝမ်ဟွမ်၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်ရစ်တော့သည်။

'ချူးယွင်ဖန်းက တကယ်ပဲ မွန်းစတားတစ်ကောင်လား။ ဘာလို့ ဒီလောက်တောင် ကြောက်စရာကောင်းနေရတာလဲ'

ဝမ်ဟွမ်သာမကဘဲ မြို့ဝန်အိမ်တော်ရှိ လူပေါင်းများစွာပင် မွန်းကြပ်မှုကြောင်း မူးမေ့လဲလုနီးပါး ခံစားနေရသည်။ ချူးယွင်ဖန်းသည် အလွန်သန်မာသူဖြစ်ကြောင်း ၎င်းတို့အားလုံး သိကြသည်။ သူသည် ဝမ်ဟွမ်ကို ခွေးလေခွေးလွင့်တစ်ကောင့်ကဲ့သို့ ရိုက်နှက်နိုင်ခဲ့သည့်အပြင် ဝမ်ဟွမ်ကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ရသည်အထိ ဖိနှိပ်နိုင်ခဲ့သည်။ သို့သော် ယခုဖြစ်စဉ်သည် လူတိုင်း၏မျှော်လင့်ထားသည့် စိတ်ကူးထက် ကျော်လွန်နေပြီဖြစ်သည်။

"မဖြစ်နိုင်ဘူး။ ကျုပ် ရတနာဝတ်ရုံ၊ မဖြစ်နိုင်ဘူး" အနက်ရောင်တမန်တော်က အော်ဟစ်လိုက်သည်။

သူသည် ဤဝိညာဉ်လက်နက်ကို အားကိုး၍ ရွှေအမတေအဆင့်ကျွမ်းကျင်သူထံမှ လွတ်မြောက်နိုင်ခဲ့သည်။ ထိုရတနာကြောင့် မဟုတ်ပါက၊ သူ မည်သို့ လွတ်မြောက်လာနိုင်မည်နည်း။ ယခုမူ ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရသောအခါ ထိုရွှေအမတေကျွမ်းကျင်သူကို ရင်ဆိုင်ရသည်ထက် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေသည်။ ထိန်းချုပ်မှုများ လုံးလုံးလျားလျား ဆုံးရှုံးသွားပြီဟု သူ ခံစားလိုက်ရသည်။ ဝိညာဉ်လက်နက်နှင့် မိမိကြားက ဆက်သွယ်မှုများ ပြတ်တောက်သွားသကဲ့သို့ သူ၏ခန္ဓာကိုယ်မှ ဖြည်းဖြည်းချင်း စွန့်ခွာနေဟန်ရှိသည်။ ဤခံစားချက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းသည် သူ၏ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်များ ယုတ်လျော့လာသကဲ့သို့ ခံစားရစေသည်။

"အဖြူရောင်၊ ကျုပ်ကို ကယ်ပါဦး" အနက်ရောင်တမန်တော်က အော်ဟစ်လိုက်သည်။

ဤအကြောင်းအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာမြင့်ခဲ့သော်လည်း အရာအားလုံးသည် အချိန်ခဏသာ ကြာမြင့်ခဲ့သည်။ ချူးယွင်ဖန်းသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ရတနာဝတ်ရုံကို ဆွဲဖြဲခဲ့ရာ၊ နေရာအနှံ့သို့ သွေးများ ပျံ့နှံ့သွားလေသည်။ သူသည် သွေးသံရဲရဲဖြစ်နေသောကြောင့် ယခင်ကဲ့သို့ ကြီးကျယ်ခမ်းနားသော အသွင်အပြင်မျိုး မရှိတော့ပေ။

All Chapters