ဇာတ်သိမ်းပိုင်း
Vol. 38 Ch. 575
သူသည် လှည့်ပတ်ကြည့်သောအခါ ဘေးဥပဒ်အားလုံး ပြီးဆုံးသွားပြီဖြစ်သည်။ လင်းဇီချန်၏ တင်းမာနေသော နားထင်ကြောများက နောက်ဆုံးတွင် ပြေလျော့သွားခဲ့သည်။ သူ၏ အကြည့်များက ရေနတ်ဘုရားရှိခဲ့သော နေရာသို့ ရောက်သွားခဲ့သည်။
ရေနတ်ဘုရား၏ တည်ရှိမှုသည် သဲလွန်စပင်မကျန်ခဲ့ပေ။ ရေနတ်ဘုရားက လုံးဝ ပျက်သုဥ်းသွားပုံရကာ တည်ရှိမနေနိုင်တော့ပေ။ သို့သော် ရေနတ်ဘုရားမသေဆုံးမီတွင် ချန်ခဲ့သော စကားများက သူ့ကို အလွန်လေးနက်သွားစေခဲ့သည်။
ဒြပ်ငါးပါးရဲ့ မူလအစက ထာဝရ...
ဒြပ်စင်ငါးပါးက မွေးဖွားလာတဲ့ ရေနတ်ဘုရားကလည်း ထာဝရ...
တစ်နေ့မှာ ရေနတ်ဘုရားက ရေအရင်းအမြစ်ကနေ ပြန်မွေးဖွားလာလိမ့်မယ်။
"ပြန်မွေးလာမှာလား”
လင်းဇီချန်က ရေရွတ်ရင်း သူ့ရင်ထဲ၌ စိုးရိမ်ပူပန်မှုတစ်ခု ပွင့်လန်းလာသည်။ သို့သော် ထပ်တွေးကြည့်လိုက်သောအခါ တစ်ခါရှုံးပြီးလျှင် ပြန်မွေးဖွားလာခြင်းသည်လည်း အခြားရှုံးပွဲဟုအဓိပ္ပါယ်ရသည် လိုအပ်ပါက ပြန်သတ်နိုင်သည်ဟုတွေးကာ အနည်းငယ်စိတ်သက်သာရာရသွားသည်။
ထို့နောက် ထိုသို့တွေးကာ လင်းဇီချန်သည် နေရာတွင် မနေခဲ့ပေ။ အတွေးတစ်ခုဖြင့် သူသည် သူ့ဘေးနားရှိ လေဟာနယ်ကို ဆုတ်ဖြဲကာ ရှန်ချင်းဟန်နှင့် အခြားလူများအနားသွားခဲ့သည်။
“ဇီချန် နိုင်ခဲ့လား”
လင်းဇီချန်ကိုမြင်လိုက်ရသည်နှင့် ရှန်ချင်းဟန်က ချက်ချင်းမေးသည်။ တကယ်တမ်းတွင် သူမ မေးရန်ပင်မလိုပေ။ လင်းဇီချန်သည် ဒြပ်စင်ငါးခုဖြင့် ပေါင်းစည်းထားသော ရေနတ်ဘုရားကို အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း သူမသိသည်။ ထို့နောက်တွင်၊ ပတ်ဝန်းကျင်ရှိ ကပ်ဘေးများအားလုံး ပျောက်ကွယ်သွားကာ ကမ္ဘာမြေကြီး ပြိုကျလာခဲ့သည်။
ဤသည်မှာ ဒြပ်ငါးပါး၏ မူလဇစ်မြစ်များ ကွဲကွာသွားသည့် လက္ခဏာဖြစ်သည်။
ဤသို့မျှမဟုတ်ပါက ယခုအချိန်တွင် ကမ္ဘာမြေက အရှိန်အဟုန်နှင့်ပြိုကျနေဆဲဖြစ်မည်ဖြစ်ကာ ပျက်စီးခြင်းဆီသို့ သိသိသာသာ ရွေ့လျားနေလိမ့်မည်။
"ဟုတ်တယ်၊ ကိုအနိုင်ရခဲ့တယ်" လင်းဇီချန်ကဆိုသည်။
“ရေနတ်ဘုရားကို ကို အမြစ်ဖြတ်ချေမှုန်းနိုင်ခဲ့ပြီး အဲ့မှာ ပေါင်းစပ်ထားတဲ့ ဒြပ်စင်ငါးခုက ပြန်ကွဲသွားတာ ဒါ့ကြောင့် ကမ္ဘာမြေကြီးနဲ့ မူလမြေ ပျက်ဆီးနေရာက ရပ်တန့်သွားတယ်”
ထိုစကားကို ကြားလိုက်ရသောအခါ ရောက်လာသောလူတိုင်း သက်ပြင်းချလိုက်ကြသည်။ ဤသတင်းကောင်းမကြားမီတွင် ၎င်းတို့အားလုံးက စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေကာ လင်းဇီချန်က ရေနတ်ဘုရားကို အနိုင်မယူနိုင်မည်ကို စိုးရိမ်လျက် မသေချာမှုတို့ ပြည့်နေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် လင်းဇီချန်သည် ပြဿနာများကိုဖြေရှင်းရာတွင် မည်သူ့ကိုမျှ စိတ်မပျက်နိုင်စေခဲ့ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။
"အာ.. ကြည့်ပါဦး အကုန်အပျက်အစီးတွေဖြစ်ကုန်ပြီ။ မိသားစုဘယ်နှစ်ခုပျက်စီးသွားလဲဆိုတာ ဘယ်သူသိမှာလဲ”
ကျန်းဝမ်ရှင်းသည် လင်းဇီယင်းကို ကိုင်ထားပြီး သူမ၏ခြေရင်းအောက်ရှိ ပျက်စီးနေသော ကမ္ဘာမြေကို ကြည့်ကာ အလွန်စိတ်အနှောင့်အယှက်ဖြစ်နေသည်။
သူ့အနားတွင် လင်းယန်ရှန်သည် ခံစားချက်မရှိသကဲ့သို့ ရိုးရှင်းစွာပြောခဲ့သည်။
"ဒါက ရှောင်လွှဲလို့မရတဲ့ကိစ္စပါ၊ ကိုတို့ မိသားစုက လုံခြုံနေတာပဲ အတော်ကံကောင်းတယ်ပြောရမယ်”
ရှန်ကျန်းယဲ့နှင့် ရွှီမုန့်တို့က စကားမပြောကြပေ။ ဤဆရာမလင်မယားနှစ်ယောက်က အမြဲတစေ တိတ်တဆိတ်နေတတ်သည်။ ထို့နောက် ရှန်ချင်းဟန်က မေးလိုက်သည်။
“ဇီချန် ငါတို့ မူလမြေကို ဘယ်လို ဖြေရှင်းကြမလဲ”
ဆန်းကြယ်သားရဲများမှ လူသားများကို တိုက်ခိုက်သည့် ဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားခဲ့ပြီး ထိတ်လန့်မှု ဖြစ်စေသည့် ဖြစ်ရပ်များကြောင့် ကမ္ဘာသည် ယခင်က မလုံခြုံခဲ့ပေ။ ဥပမာအားဖြင့်၊ ဧရာမ မျိုးပြောင်းကြွက်များကဲ့သို့သော အဖြစ်အပျက်များ၊ သောင်းကျန်းသောဆန်းကြယ်သစ်ပင်နှင့် အစွန်းရောက်ဂိုဏ်းများ၏ နှောင့်ယှက်မှုများ။
ဤပြဿနာများအားလုံး၏ မူလဇစ်မြစ်မှာ မူလမြေပေါ်တွင် တည်ရှိနေသည်။ မူလမြေမရှိပါက ဆန်းကြယ်သားရဲများ ရှိတော့မည်မဟုတ်ပေ။ ကမ္ဘာမြေပေါ်တွင် ဆန်းကြယ်သားရဲများမရှိသဖြင့် လူသားများက ယခင်ကနှင့်မတူဘဲ စိုးရိမ်စရာမရှိဘဲ စွန့်စားနိုင်မည်ဖြစ်သည်။
"အဲ့တာကို နောက်မှပြောမယ်၊ မူလမြေက ကို့ကို ခြိမ်းခြောက်မှု မရှိဘူး၊ အဲ့ကိစ္စကို နောက်မှ ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ကြည့်မယ်။"
လင်းဇီချန်က ပြောပြီးသည်နှင့် ဆက်ပြောသည်။
"အခု ပထမ ဦးစားပေးက သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနဲ့ ကိုတိတု့ ကမ္ဘာမြေကို ပြန်တည်ဆောက်ဖို့ပဲ”
ကမ္ဘာမြေပြိုကျမှု ရပ်တန့်သွားသော်လည်း ယခင်က ကပ်ဘေးများကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်နေပြီဖြစ်သည်။
မရေမတွက်နိုင်သော အထပ်မြင့် အဆောက်အအုံများ ပြိုကျခဲ့သည်။
အသေအပျောက် များသည်။
သူ့အာရုံရောက်သွားနိုင်သည့် နေရာတိုင်းက အားလုံးပျက်ဆီးကုန်သည်။
"ဟုတ်တယ်၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ငါတို့ အမြန်ကယ်ထုတ်ဖို့လိုတယ်၊ အခု အကူအညီတောင်းဖို့ စောင့်နေတဲ့ လူတော်တော်များများ အပျက်အစီးတွေအောက်မှာ မြုပ်နေလောက်ပြီ”
ရှန်ချင်းဟန်သည် လင်ဇီချန်၏စကားကိုကြားပြီးနောက် အနည်းငယ်နောက်ကျမှသိလိုက်ရသည်။
အနည်းငယ်မှိန်းနေသော ရှန်ချင်းဟန်ကိုမြင်လိုက်ရတော့ လင်းဇီချန်က မပြုံးနိုင်ဘဲ မနေနိုင်။
ထို့နောက် သူသည် ညာဘက်အစွန်မှ ချီချင်းမော့ဘက်သို့ လှမ်းကြည့်ကာပြောလိုက်၏။
“နန်းဆောင်သခင် ဒဏ်ရာရတဲ့လူတွေကို အတူတူကယ်ကြရအောင်”
"ကောင်းပြီ။" ချီချင်းမော့က ပေါ့ပေါ့ပါးပါးပြန်ဖြေသည်။
သူ့မိဘများကို အခြေချပေးပြီးနောက် လင်းဇီချန်၊ ရှန်ချင်းဟန်နှင့် ချီချင်းမော့တို့သည်
၎င်းတို့၏ အစွမ်းထက်သော စွမ်းရည်များကို အသုံးချကာ ဒဏ်ရာရသူများကို ကယ်ဆယ်ရန် လမ်းကြောင်းသုံးမျိုးဖြင့် စတင်ပျံသန်းခဲ့သည်။
ဤလုပ်ငန်းစဉ်သည် ရက်ပေါင်းများစွာကြာခဲ့သည်။
နောက်ဆုံးတွင် အဖွဲ့အသီးသီး၏ အကူအညီဖြင့် ဒဏ်ရာရသူအားလုံးနီးပါးကို ကယ်ဆယ်နိုင်ခဲ့သည်။
ကမ္ဘာပေါ်ရှိ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပြီးနောက် လင်းဇီချန်သည် ထိုနေရာကို မည်သို့ကိုင်တွယ်ရမည်ကို သိရန် မူလမြေသို့ ခရီးထွက်ရန် စီစဉ်ခဲ့သည်။
မူလမြေသို့ ဝင်ရောက်ပြီးနောက်၊ လင်းဇီချန်သည် မူလမြေနှင့် ကမ္ဘာအကြား ခြားနားချက်ကို ဂရုတစိုက် ခံစားခဲ့ရသည်။ အဓိကကွာခြားချက်မှာ စွမ်းအင်ဖြစ်သည်။ မူလမြေ၏ လေထဲတွင် မူလစွမ်းအင်ပါဝင်ကာ သက်ရှိများကို ပို၍ပင် အစွန်းရောက်သော အခြေအနေသို့ ဆင့်ကဲပြောင်းလဲစေသည်။
"ဖြစ်ကောင်းဖြစ်နိုင်တာက… ငါတို့ ကမ္ဘာမြေကို မူလမြေနဲ့ အပြည့်အဝချိတ်ဆက်နိုင်ပြီး၊ မူလမြေက လေထုကို ကမ္ဘာမြေထဲစီးဝင်စေနိုင်ရင် ကမ္ဘာပေါ်က သက်ရှိတွေ ဆင့်ကဲပြောင်းလဲလာဖို့ ကူညီပေးနိုင်လောက်တယ်”
လင်းဇီချန်သည် သူ့စိတ်ထဲတွင် တွေးတောနေပြီး ချိတ်ဆက်မှု အပြည့်ဖြင့် ကမ္ဘာမြေထဲသို့ ဆန်းကြယ်သားရဲအများအပြားဝင်ရောက်လာသကဲ့သို့ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာမှန်သမျှအတွက် သူ လုံးဝစိုးရိမ်ခြင်းမရှိပေ။
နောက်ဆုံးတွင်၊ သူ၏ သွေးမျိုးဆက်စွမ်းအားအဆင့်က ယခုအခါ ဖန်ဆင်းရှင်အဆင့်ဖြစ်၍ သူ၏ဝိဉာဉ်သည် ကမ္ဘာမြေတစ်ခုလုံးကို လွှမ်းခြုံနိုင်ကာ၊ အခြေအနေတစ်ခုလုံးကို အဆက်မပြတ်ထိန်းချုပ်နိုင်သဖြင့် မတော်တဆမှုမဖြစ်စေရန် သေချာစေသည်။
ခဏစဉ်းစားပြီးနောက် လင်းဇီချန်သည် တုံ့ဆိုင်းမနေတော့ဘဲ၊ ချောက်နက်၏ စွမ်းအားကို အသုံးပြုကာ ကမ္ဘာမြေကြီးနှင့် နယ်ပယ်နှစ်ခုကို လုံးလုံးလျားလျား ချိတ်ဆက်ပေးသည်။ ၎င်းတို့ ချိတ်ဆက်လိုက်သောအခိုက်၌ပင် မူလမြေပြင်က လေထု အများအပြားက ကမ္ဘာမြေထဲကို စီးဝင်သွားသည်။
နောက်ပိုင်းတွင် မူလမြေ၏လေထု၏အာဟာရအောက်တွင်၊ ကမ္ဘာပေါ်ရှိ တိရစ္ဆာန်များနှင့် အပင်များသည် သိမ်မွေ့သောပြောင်းလဲမှုများကို ခံစားခဲ့ရသည်။
တိရိစ္ဆာန်များ ပို၍ အသိစိတ်ဝင်လာသည်။ သစ်ပင်များကပို၍ ရှင်သန်လာသည်။
ဤအရာများအားလုံးသည် သိမ်မွေ့သောပြောင်းလဲမှုများဖြစ်ပြီး ဝိညာဉ်စွမ်းအားမှတစ်ဆင့် သိရှိနိုင်သည့် အနည်းဆုံး သခင်အဆင့်များကသာ သတိပြုမိမည်ဖြစ်သည်။
“မင်း မူလမြေနဲ့ ကမ္ဘာကို ချိတ်လိုက်တာလား”
ချီချင်းမေ့သည် နယ်ပယ်နှစ်ခုကြား အပြောင်းအလဲကို အာရုံခံကာ လင်းဇီချန်ကို ကြည့်ရန် ခေါင်းလှည့်ကာ မေးသည်။
"ဟုတ်ပါတယ်၊ မူလမြေပြင်ကလေကို ကမ္ဘာမြေကြီးထဲကို စီးဆင်းစေဖို့အတွက်လေ။ ကမ္ဘာရဲ့သက်ရှိတွေရဲ့ ဆင့်ကဲဖြစ်စဉ်ကို ထပ်ပြီးတိုးနိုင်မလားတွေးမိလို့ပါ”