အခန်း (၁၇၂၉-၁၇၃၁)
Vol. 116 Ch. 1729-1731
အခန်း(၁၇၂၉)
ကျန်းချန်က ဦးဆောင်သူ ကင်းမဲ့နေသော ခံတပ်ထဲသို့ အလျင်စလိုပင် ၀င်ရောက်သွားခဲ့သည်။
ခံတပ်ထဲတွင် သူ့ကိုတားဆီးရန် ရှေ့ထွက်လာသူ တချို့ကို ကျန်းချန်သည် အလွယ်တကူပင် သတ်ဖြတ်ပစ်လိုက်၏။
အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် ကျန်းချန်သည် ရွှေရောင်၀တ်စုံ၀တ် အဘိုးအိုတို့ လူစုကို ဦးဆောင်ကာ မိုးကြိုးမြစ်ပေါ်ရှိ လုံခြုံသော လမ်းကြောင်းထဲသို့ အလျင်စလို ၀င်ရောက်သွားခဲ့သည်။
ကျန်းချန် မိုးကြိုးမြစ်ကို ဖြတ်ကျော်သွားပြီး မကြာခင်မှာပင် ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေသည့် ခရမ်းရောင်၀တ်စုံကို ၀တ်ဆင်ထားသော လူလတ်ပိုင်းအမျိုးသားတစ်ဦးသည် မိုးကြိုးမြစ်၏ ခံတပ်ရှိရာသို့ ရောက်ရှိလာခဲ့သည်။
ထိုလူက တခြားသူ မဟုတ်ပေ၊ ကျီယွင်ဂိုဏ်း၏ ခေါင်းဆောင် အရှင် ကျီယွင်ပင် ဖြစ်သည်။
"ငါနောက်ကျသွားခဲ့ပြီ "
ခံတပ်၏ အလွန်ဆိုးရွားသည့် အခြေအနေကို မြင်လျှင် အရှင်ကျီယွင်၏ မျက်နှာသည် ချက်ချင်းဆိုသလို အလွန်တရာ သုန်မှုန်သွားခဲ့သည်။
သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုသည် လေထုထဲတွင် ပျံ့နှံ့သွားခဲ့ပြီး သူ့ရှေ့တွင် မှန်တစ်ချပ်ကဲ့သို့ ကြီးမားသော အလင်းကန့်လန့်ကာတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ထိုအလင်းကန့်လန့်ကာ ပေါ်တွင် ခံတပ် အဖွဲ့၀င်များ၏ အခြေအနေများသည် အံ့အားသင့်ဖွယ် ပေါ်ပေါက်လာခဲ့သည်။
အရှင်ကျီယွင်က အလင်းကန့်လန့်ကာထဲမှ အချိန်ကို လျင်မြန်စွာ နောက်ဆုတ်လိုက်ပြီး ပတ်၀န်းကျင်တွင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို ကြည့်ရှုလိုက်သည်။
"တော်တော် အတင့်ရဲတဲ့ကောင်လေးပဲ"
အလင်းကန့်လန့်ကာထဲကနေ ခံတပ်၏ အခြေအနေများကို မြင်လိုက်ရလျှင် အရှင်ကျီယွင်၏ မျက်၀န်းတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားခဲ့၏။
ရှေးဟောင်းနဂါးကုန်းမြေတွင် သူ၏ တပည့်ကို သတ်ဖြတ်ခဲ့သူသည် ကျီလင်လောကတွင် ထွက်ပေါ်လာခဲ့ပြီး ချင်းယဲ့နယ်မြေမှ ကျူးမိသားစုဝင်များနှင့် အတူ ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဤတစ်ကြိမ်တွင် သူသည် ချင်းယဲ့နယ်မြေမှ ယဲ့မိသားစုကို ကျူးမိသားစုဝင်များအား ဟန့်တားသတ်ဖြတ်ရန် အကူအညီပေးခဲ့သော်လည်း ကျီယွင်ဂိုဏ်း အတွက် အရှူံးနှင့်သာ ကြုံတွေ့ခဲ့ရသည်။
ယခုအခါတွင် သူတို့ ကျီယွင်ဂိုဏ်းသည် ကျူးမိသားစုဝင်များကို ဟန့်တားသတ်ဖြတ်ရာတွင် ကျရှုံးခဲ့ရုံသာမက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ချို့ကိုလည်း ဆုံးရှုံးခဲ့ရသည်။
ကျီယွင်ဂိုဏ်း၏ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် အကြီးအကဲပင်လျှင် ဤနေရာတွင် ကျဆုံးသွားခဲ့ရ၏။
ချီလင်ဂိုဏ်းသာ မိုးကြိုးမြစ်၏ တစ်ဖက်ကမ်းတွင် ရှိမနေခဲ့လျှင် အရှင်ကျီယွင်သည် မိုးကြိုးမြစ်ကို ဖြတ်ကျော်ကာ ကျန်းချန်တို့ အဖွဲ့ကို ချက်ချင်းဆိုသလို လိုက်လံ သတ်ဖြတ်မိမည်ဖြစ်သည်။
သို့သော်လည်း အရှင်ကျီယွင်သည် သူ၏ စိတ်ထဲမှ ဒေါသကို အဆုံးသတ်တွင် ထိန်းချုပ်လိုက်ပြီး မိုးကြိုးမြစ်ကို ဖြတ်ကျော်ချင်သည့် သူ၏ စိတ်ဆန္ဒကို ဖိနှိပ်နိုင်ခဲ့သည်။
လက်ရှိအချိန်တွင် ကျီယွင်ဂိုဏ်းသည် ချီလင်ဂိုဏ်းထက် အားနည်းချက် အများအပြား ရှိနေခဲ့သည်။
သူသာ ဤအချိန်တွင် မိုးကြိုးမြစ်ကို ဖြတ်ကျော်ပြီး ချီလင်ဂိုဏ်း၏ နယ်မြေထဲကို ၀င်ရောက်လိုက်မည်ဆိုလျှင် ဂိုဏ်းနှစ်ဂိုဏ်းကြားရှိ တိုက်ပွဲသည် ပြန်လည် စတင်သွားနိုင်ပေသည်။
သွေးလမင်းကုန်းမြေမှ အရှင်းသွေးလသည် ယခုအခါတွင် ချီလင်ဂိုဏ်းကို ရောက်ရှိနေခဲ့သည်။
သို့ရာတွင် ရှေးဟောင်းနဂါးကုန်းမြေမှ နယ်မြေနတ်ဘုရားနှစ်ပါး၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် ဒဏ်ရာ အပြင်းအထန်ခံစားခဲ့ရ၍ တံခါးပိတ်၍ ကျင့်ကြံနေခဲ့သည်။
သူက ယခုအခါတွင် တံခါးပိတ် ကျင့်ကြံရာကနေ အရှင်သွေးလ ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းဖို့သာ လိုအပ်သည်။
အရှင်သွေးလ ကျင့်ကြံရာကနေ ထွက်လာသည်နှင့် အခြေအနေများကို ပြောင်းပြန်လှန်နိုင်မည် မဟုတ်ပါလော။
"ကောင်လေး မင်းစောင့်နေလိုက်.. မင်းက ငါ့ရဲ့ ကျီယွင်ဂိုဏ်းက လူတွေကို မရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့တယ်.. သိပ်မကြာခင်မှာ မင်းရဲ့လုပ်ရပ် အတွက် ရှေးဟောင်းနဂါးကုန်းမြေတစ်ခုလုံးကို ငါမြေမြှုပ်ပစ်မယ်"
အရှင်ကျီယွင်က မိုးကြိုးမြစ်ရဲ့ တစ်ဖက်ကမ်းကို စူးရှသောမျက်၀န်းများဖြင့် လှမ်းကြည့်လိုက်သည်။
ရေခဲကဲ့သို့ အေးစက်သော အသံသည် ပတ်၀န်းကျင်တွင် ပဲ့တင်ထပ်နေခဲ့၏။
ဤတစ်ကြိမ်တွင် ကျီရှောင်နိုင်ငံသည် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ချို့ကို ဆုံးရှုံးခဲ့ရသည်။
ယင်းက ဆုံးရှုံးမှု ပြင်းထန်သည်ဟု ဆိုနိုင်ပြီး တစ်ဖက်မှ ထျန်းလင်နိုင်ငံ၏ တိုက်ခိုက်မှုကို ခုခံရန် ခက်ခဲသွားပြီ ဖြစ်၏။
ထျန်းလင်နိုင်ငံကသာ ကျီရှောင်နိုင်ငံ၏ အခြေအနေကို သတိပြုမိသည်နှင့် ချီလင်ဂိုဏ်းသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်လာနိုင်ဖွယ် ရှိသည်။
ထို့ကြောင့် သူက ကျီယွင်ဂိုဏ်းကို အမြန်ဆုံးပြန်၍ ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ရန် လိုအပ်သည် မဟုတ်ပါလား။
ထိုသို့ တွေးမိသည်နှင့် အရှင်ကျီယွင်၏ ပုံရိပ်သည် ဖျတ်ခနဲလတ်သွားခဲ့ပြီး လေထဲကနေ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်တို့ လူစုသည် သူတို့၏ စွမ်းအားကို အသုံးပြုကာ မိုးကြိုးမြစ်ပေါ်တွင် ပျံသန်းခဲ့ကြသည်။
သိပ်မကြာခင်မှာပင် သူတို့ လူစုသည် မိုင်ထောင်ပေါင်း များစွာ ကျယ်ပြန့်သော မိုးကြိုးမြစ်ကို ဖြတ်ကျော်ကာ မိုးကြိုးမြစ်၏ တစ်ဖက်ကမ်းရှိ မြောက်ပိုင်းဒေသကို ရောက်ရှိလာခဲ့ကြသည်။
"နောက်ဆုံးတော့ ချီလင်ဂိုဏ်းရဲ့ နယ်မြေထဲကို ရောက်လာခဲ့ပြီ"
မိုးကြိုးမြစ်၏ တစ်ဖက်ကမ်းရှိ နယ်မြေထဲသို့ ရောက်ရှိလာပြီးနောက်တွက် ကျန်းချန်တို့ လူစုသည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
နယ်မြေနတ်ဘုရား အရေအတွက် မများသည့် ကျီလင်နယ်မြေကဲ့သို့ သေးငယ်သော နယ်မြေထဲတွင် နယ်မြေနတ်ဘုရားများသည် တစ်ဦးကို တစ်ဦး စောင့်ကြည့်နေကြလေ့ ရှိသည်။
ထို့ကြောင့် မဆင်မခြင်သာ ချီလင်ဂိုဏ်း၏ နယ်မြေထဲသို့ ခြေချမိလျှင် ချီလင်ဂိုဏ်း၏ နယ်မြေနတ်ဘုရားသည် ချက်ချင်းဆိုသလို သတိပြုမိလိမ့်မည် ဖြစ်သည်။
ချီလင်ဂိုဏ်းနဲ့ ရင်ဆိုင်ရန်အတွက် ကျီယွင်ဂိုဏ်းသည် ယခုအခါတွင် အားနည်းချက် ရှိနေခဲ့သည် ဖြစ်ရာ သူတို့ နောက်သို့ လိုက်လံဖမ်းဆီးရန် အတွက်ဖြင့် ချီလင်ဂိုဏ်း၏ နယ်မြေထဲသို့ အလွယ်တကူ ၀င်ရောက်ရဲမည် မဟုတ်လောက်ပေ။
"မင်းတို့က ဘယ်သူတွေလဲ"
ကျန်းချန်တို့ လူစု တစ်ဖက်ကမ်းတွင် ပေါ်လာသော အချိန်တွင် သူတို့ရှေ့ မိုင်၁၀၀ အကွာရှိ ခံတပ်ထဲကနေ ပုံရိပ်တစ်ချို့သည် လျင်မြန်စွာ ပျံသန်းလာခဲ့သည်။
ထိုလူများအားလုံးသည် ကောင်းကင်နတ်ဘုရားအဆင့်ကို ရောက်ရှိနေပြီးသော ကျင့်ကြံသူများ ဖြစ်ကြသည်။
ခေါင်းဆောင်ဖြစ်သည့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် သံချပ်၀တ်စုံကို ၀တ်ဆင်ထားပြီး ကောင်းကင်နတ်ဘုရားတတိယအဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သူတို့ရှေ့မှ လူများသည် မိုးကြိုးမြစ်၏ တစ်ဖက်ကမ်းကို စောင့်ကြပ်နေသည့် ထျန်းလင်နိုင်ငံမှ ကျင့်ကြံသူများ ဖြစ်သည်မှာ စဉ်းစားနေစရာပင် မလိုအပ်ပေ။
"ဗိုလ်ချုပ်.. ကျွန်တော်က ချင်းယဲ့နယ်မြေကနေလာတဲ့ ကျူးမိသားစုက ကျူးချင်းပါ.. သခင်မလေးကို မဟာမြေရိုင်းဆီသို့ပို့ဆောင်ဖို့အတွက် ဒီနေရာကို ဖြတ်သန်းသွားမလို့ပါ"
ကျူးချင်းက ခေါင်းဆောင်ဖြစ်သူကို လက်သီးဆုပ်ကာ ဂါ၀ရပြု၍ ပြောလိုက်သည်။
"မင်းတို့ ထွက်သွားလို့ရပြီ "
ခေါင်းဆောင်ဖြစ်သူက သူ၏ လက်ကို ဝှေ့ယမ်းလိုက်ကာ ကျန်းချန်တို့ လူစုကို ထွက်သွားရန် အချက်ပြလိုက်သည်။
ကျီလင်နယ်မြေသည် အစကတည်းကပင် တောင်ဘက်နှင့် မြောက်ဘက်ကို သွားရာတွင် ဖြတ်လမ်းတစ်ခု ဖြစ်သည်။
သို့ဖြစ်ရာ ပတ်၀န်းကျင်အနီးအနားရှိ နယ်မြေများကနေ ဖြတ်သန်းသွားလာသူ အများအပြား ရှိ၏။
ထိုသူများက ကျီယွင်ဂိုဏ်းနှင့် မသက်ဆိုင်သရွေ့ ခေါင်းဆောင်လုပ်သူက သူတို့ကို တားဆီးနေမည်မဟုတ်ပေ။
ထို့အပြင် သူ့အရှေ့မှ အဘိုးအိုတွင် သူ့ထက်ပင်ပို၍ အစွမ်းထက်သော အရှိန်အဝါ ရှိနေခဲ့၏။
သူ၏ ခန့်မှန်းချက်အရ ထိုအဘိုးအိုသည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူ ဖြစ်နိုင်လောက်သည်။
ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်သည် ကျီလင်နယ်မြေတစ်ခုလုံးမှာပင် အစွမ်းထက်သူ တစ်ယောက်အဖြစ် သတ်မှတ်ခံရနိုင်သော အဆင့်ဖြစ်သည်။
ဆိုရလျှင် ထိုကဲ့သို့ အစွမ်းထက်သူသည် သူတို့ ထျန်းလင်နိုင်ငံ၏ဧကရာဇ်နှင့်ပင် နှိုင်းယှဉ်နိုင်သော အဆင့်အတန်း ဖြစ်သည်။
သူသာ တားဆီးရန် ကြိုစားမည်ဆိုလျှင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲရုံသာ ရှိလိမ့်မည် မဟုတ်ပါလော။
ထျန်းလင်နိုင်ငံ၏ တောင်ပိုင်းကို စောင့်ကြပ်နေသော ဗိုလ်ချုပ်တစ်ဦး အနေဖြင့် သူက ကျီယွင်ဂိုဏ်း၏ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူများ အကြောင်းကို ကောင်းစွာ သိရှိထားခဲ့သည်။
သူ၏ မှတ်ဉာဏ်တွင် ကျီယွင်ဂိုဏ်း၌ ဤကဲ့သို့ အစွမ်းထက်သည့် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူ မရှိပေ။
ထို့ကြောင့် သူ့ရှေ့မှ ဤလူများသည် ကျီယွင်ဂိုဏ်းနှင့် ပတ်သက်မှု မရှိသည် ဖြစ်ရာ သူ့အနေဖြင့် ပြဿနာတစ်စုံတစ်ရာ ရှာဖွေနေမည် မဟုတ်ပေ။
"ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်"
ကျူးချင်းက ကျေးဇူးတင်စကား ပြောလိုက်ပြီး နောက်တွင် ကျန်းချန်တို့နှင့် အတူ ထွက်သွားရန် ပြင်ဆင်ခဲ့သည်။
"ဒါနဲ့ ဗိုလ်ချုပ်.. ကျွန်တော့်မှာ ဗိုလ်ချုပ်တို့အတွက် လက်ဆောင် ကြီးကြီးမားမား တစ်ခုရှိတယ်"
ကျန်းချန်က ခေါင်းဆောင် နံဘေးကနေ ဖြတ်လျှောက်နေစဉ် သူ၏ ခြေလှမ်းကို ရပ်တန့်ကာ ပြောလိုက်သည်။
ကျန်းချန်၏ စကားကိုကြားလျှင် လူလတ်ပိုင်းအရွယ် ခေါင်းဆောင်သည် မှင်တက်သွားခဲ့သည်။
"ညီငယ်လေးရဲ့ စကားက ဘာကိုဆိုလိုတာလဲဆိုတာ သိပါရစေ"
"ကျီရှောင်နိုင်ငံက ကောင်းကင်နတ်ဘုရား အများအပြားကို ကျွန်တော်တို့လူစု သတ်ဖြတ်ခဲ့ပြီးပြီ.. ခေါင်းဆောင်တို့ ထျန်းလင်နိုင်ငံကသာ ဒီအချိန်မှာ ကျီရှောင်နိုင်ငံထဲကို ၀င်တိုက်မယ်ဆိုလျှင် ကျီရှောင်နိုင်ငံ အနေနဲ့ ခေါင်းဆောင်တို့ရဲ့ တိုက်ခိုက်မှုကို ခုခံဖို့ ခက်ခဲမှာအမှန်ပဲ.. ဒါက ရခဲတဲ့ အခွင့်အရေးတစ်ခု ဖြစ်တဲ့အတွက် ဒီအခွင့်အရေးကို လက်လွှတ်မခံဖို့ မျှော်လင့်ပါတယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် လူလတ်ပိုင်းအရွယ် ခေါင်းဆောင် ဘေးကနေ ဖြတ်ကျော်သွားခဲ့သည်။
လုရှင်းယွီက ရှေးဟောင်းနဂါးကုန်းမြေသို့ ရောက်ရှိကာ ရှေးဟောင်းနဂါးကုန်းမြေကို ပြဿနာရှာဖွေခဲ့၍ ကျီယွင်ဂိုဏ်းနှင့် သွေးလမင်းကုန်းမြေသည် ဆက်စပ်နေနိုင်ဖွယ် ရှိသည်။
အရှင်သွေးလသည် ရှေးဟောင်းနဂါးကုန်းမြေမှ နယ်မြေနတ်ဘုရား နှစ်ပါးကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ပြီ ဖြစ်ရာ ကျီယွင်ဂိုဏ်းတွင် ဒဏ်ရာများကို ကုစားနေနိုင်ဖွယ် ရှိသည်။
အရှင်သွေးလသာ ပြန်လည် သက်သာသွားသည်နှင့် ကျီယွင်ဂိုဏ်းသည် နယ်မြေနတ်ဘုရား နှစ်ပါးကို ပိုင်ဆိုင်သွားလိမ့်မည် ဖြစ်၏။
ထိုအချိန်သို့ ရောက်လျှင် ချီလင်ဂိုဏ်းသည် ကျီယွင်ဂိုဏ်း၏ တိုက်ခိုက်မှုကို လုံး၀ ခုခံနိုင်တော့မည် မဟုတ်ပေ။
အရှင်သွေးလက ကျီယွင်ဂိုဏ်းကို ကျီလင်နယ်မြေတွင် စိုးမိုးအောင် ကူညီနိုင်ခဲ့လျှင် ကျီယွင်ဂိုဏ်း၏ စွမ်းအားကို အသုံးချကာ အရှင်သွေးလသည် ရှေးဟောင်းနဂါးကုန်းမြေကို ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေး ရှိလာနိုင်၏။
ထို့ကြောင့်လည်း ကျန်းချန်က သူ့ရှေ့မှ ထျန်းလင်နိုင်ငံ၏ ဗိုလ်ချုပ်ကို သတိပေးခဲ့ခြင်းပင်။
ထျန်းလင်နိုင်ငံက ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ ကျီရှောင်နိုင်ငံထဲကို ၀င်ရောက် တိုက်ခိုက်ရန် သူမျှော်လင့်ခဲ့၏။
ထျန်းလင်နိုင်ငံကသာ ကျီရှောင်နိုင်ငံကို သိမ်းပိုက်နိုင်ခဲ့လျှင် ကျီယွင်ဂိုဏ်းသည် ချီလင်ဂိုဏ်းကို ကျူးကျော်ရန် အခွင့်အရေးကို သေချာပေါက် လက်လွှတ်ခံမည် မဟုတ်လောက်ပေ။
အဆုံးသတ်တွင် ချီလင်ဂိုဏ်းအနေဖြင့် အောင်မြင်မှု မရရှိခဲ့လျှင်ပင် ကျီယွင်ဂိုဏ်းကို အင်အားနည်းအောင် လုပ်ဆောင်ရန် လုံလောက်မည် ဖြစ်ရာ အချိန်တိုအတွင်း ရှေးဟောင်းနဂါးကုန်းမြေကို တိုက်ခိုက်ရန် စွမ်းအားမျိုး ရှိစေတော့မည် မဟုတ်ချေ။
ကျီယွင်ဂိုဏ်း၏ အင်အား ကျဆင်းမှသာလျှင် ရှေးဟောင်းနဂါး ကုန်းမြေသည် သက်သောင့်သက်သာ ရှိနေနိုင်လိမ့်မည် မဟုတ်ပါလော။
အခန်း(၁၇၂၉)ပြီး၏။
အခန်း(၁၇၃၀)
"ဗိုလ်ချုပ် ဒီကောင်လေးရဲ့စကားက ယုံကြည်ရပါ့မလား "
ကျန်းချန်တို့လူစု ထွက်ခွာသွားသည့် နောက်ကျောကို ငေးကြည့်ရင်း ကောင်းကင်နတ်ဘုရား တစ်ပါးသည် အဆုံးသတ်တွင် ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်ကို ပြောလိုက်သည်။
"သူ့ရဲ့စကားက မှန်ကန်နိုင်ခြေများတယ်"
လူလတ်ပိုင်း အရွယ်ခေါင်းဆောင်က အသက်ကို ခပ်ပြင်းပြင်းရှုရှိူက်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ သေချာအောင် တစ်ယောက်ယောက်ကို လွှတ်ပြီး စုံစမ်းခိုင်းလိုက်မယ်"
ထိုစကားကို ပြောပြီးနောက်တွင် သူက ကောင်းကင်နတ်ဘုရားတစ်ပါးကို ထိုကိစ္စအား စုံစမ်းရန် စေလွှတ်လိုက်သည်။
သိပ်မကြာခင်မှာပင် စုံစမ်းရန်စေလွှတ်လိုက်သော ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူသည် လျင်မြန်စွာ ပြန်ရောက်လာခဲ့သည်။
"အခြေအနေ ဘယ်လိုရှိလဲ"
လူလတ်ပိုင်းအရွယ် ခေါင်းဆောင်က အလျင်အမြန်ပင် မေးမြန်းလိုက်သည်။
"ဟိုဘက်က ခံတပ်က ထူးဆန်းနေတာတော့ အမှန်ပဲ.. ဒါ့အပြင် ခံတပ်ထဲမှာ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူရဲ့အရှိန်အဝါကို ကျွန်တော် မခံစားမိခဲ့ဘူး.. သေချာသွားအောင် ကျီရှောင်နိုင်ငံက လူတစ်ယောက်ကို တိတ်တဆိတ် ဖမ်းဆီးပြီး သတင်းနှိုက်ယူခဲ့တယ်...အစောပိုင်းက အုပ်စုက ကျီရှောင်နိုင်ငံနဲ့ တကယ်ပဲ တိုက်ပွဲဖြစ်ခဲ့ကြတယ်.. ဒီတိုက်ပွဲမှာ ကျီရှောင်နိုင်ငံက ကောင်းကင်နတ်ဘုရား၄ပါး ကျဆုံးခဲ့တယ်...ကျီရှောင်နိုင်ငံရဲ့ ဧကရာဇ်တောင် ထွက်ပြေးသွားခဲ့တယ်လို့ သိရတယ်"
ယခုလေးတင် သွားရောက် စုံစမ်းခဲ့သည့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူက စိတ်လှုပ်ရှားစွာ ပြောပြလိုက်သည်။
"ကောင်းပြီ"
လူလတ်ပိုင်းအရွယ် ခေါင်းဆောင်၏ မျက်၀န်းတွင် ပြင်းထန်သော အလင်းများ တောက်ပလာခဲ့သည်။
"အခုချက်ချင်း အင်အားတွေအားလုံး စုစည်းလိုက်.. ငါနဲ့အတူကျီရှောင်နိုင်ငံကို ၀င်သိမ်းကြမယ်"
ကျီရှောင်နိုင်ငံ၏ ဧကရာဇ်က ထွက်ပြေးနေရပြီး ကောင်းကင်နတ်ဘုရား အဆင့် ကျင့်ကြံသူ ၄ယောက်က ကျဆုံးသွားခဲ့ပြီဖြစ်ရာ ကျီရှောင်နိုင်ငံ၏ အင်အားသည် တစ်၀က်ကျော်ခန့် ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။
ဤကဲ့သို့သော အခွင့်အရေးသည် တစ်သက်တွင် တစ်ခါသာရရှိနိုင်သည့် အခွင့်အရေးဖြစ်ရာ သူတို့ ထျန်းလင်နိုင်ငံအနေဖြင့် မည်ကဲ့သို့ အလွယ်တကူ လက်လွှတ်ခံနိုင်ပါအံ့နည်း။
ထျန်းလင်နိုင်ငံ၏ ဧကရာဇ်ကို သတင်းပို့ပြီး နောက်တွင် လူလတ်ပိုင်းအရွယ် ခေါင်းဆောင် ဗိုလ်ချုပ်သည် သူ၏ အင်အားများကို စုစည်းကာ မိုးကြိုးပစ်သကဲ့သို့ အရှိန်အဟုန်ဖြင့် မိုးကြိုးမြစ်၏ တောင်ဘက်ဆီသို့ လျင်မြန်စွာ ၀င်ရောက်လာခဲ့သည်။
ထျန်းလင်နိုင်ငံက ကျီရှောင်နိုင်ငံထဲကို ကျူးကျော်လာသည်နှင့်အမျှ ကျီယွင်ဂိုဏ်းနှင့် ချီလင်ဂိုဏ်းတို့သည် စစ်ကူများကို အသီးသီး စေလွှတ်ခဲ့ကြရာ မူလက သေးငယ်သည့် ပဋိပက္ခလေးသည် လျင်မြန်စွာပင် ကြီးမားသော ပဋိပက္ခအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤသို့ဖြင့် ကျီလင်နယ်မြေတွင် ရှိသည့် နတ်မြေနတ်ဘုရားအင်အားစုနှစ်ခုကြားရှိ စစ်ပွဲသည် ပြန်လည် စတင်တော့မလို ဖြစ်လာခဲ့၏။
ကျန်းချန်တို့က ကျီယွင်ဂိုဏ်းနှင့် ချီလင်ဂိုဏ်းတို့ ကြားရှိ စစ်ပွဲနှင့် ပတ်သက်၍ သဘာ၀ကျစွာပင် မသိခဲ့ပေ။
သူတို့က မိုးကြိုးမြစ်ကို ဖြတ်ကျော်ပြီးနောက်တွင် မဟာမြေရိုင်းဒေသသို့ သွားရောက်မည့် လမ်းကြောင်းပေါ်တွင်သာ ရှိနေခဲ့သည်။
လ၀က်ခန့်ကြာပြီးနောက်တွင် ကျန်းချန်တို့ လူစုသည် အဆုံးသတ်၌ ကျီလင်နယ်မြေကို ဖြတ်သန်းနိုင်ခဲ့ပြီး ကျီလင်နယ်မြေ၏ မြောက်ဘက်ရှိ ထာ၀ရဟင်းလင်းပြင်ထဲကို ရောက်ရှိလာခဲ့ကြသည်။
ထာ၀ရဟင်းလင်းပြင်ထဲတွင် အနက်ရောင် ဟင်းလင်းပြင်လှေတစ်စီးသည် လျင်မြန်စွာပင် ရွေ့လျားနေခဲ့သည်။
ကျူးမိသားစုမှလူများနှင့် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျူးချင်းတို့ ရှိနေသည့် အတွက် ဟင်းလင်းပြင်လှေကို ထိန်းချုပ်ရာတွင် မည်သည့် အခက်အခဲမှ မရှိခဲ့ပေ။
လမ်းတစ်လျှောက်တွင် ကျန်းချန်တို့သည် မည်သည့် အန္တရာယ်နှင့်မှ မကြုံတွေ့ခဲ့ရပေ။
သူတို့က ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့်ရှိ နေရာလွတ်သတ္တဝါ တစ်ကောင် သို့မဟုတ် နှစ်ကောင်ခန့် ကို ရင်ဆိုင်ရလျှင်ပင် ကျူးချင်းတို့ လူတစ်စုသည် အလွယ်တကူပင် သတ်ပစ်နိုင်ခဲ့သည်။
ထို့ကြောင့် လုပ်စရာဘာမှမရှိသည့် ကျန်းချန်သည် အဆုံးသတ်တွင် ဟင်းလင်းပြင်လှေ၏ အလယ်ဗဟိုရှိ အခန်းတစ်ခန်းကို ရွေးချယ်ကာ အဂ္ဂိရတ်ကို စတင် လုပ်ဆောင်ခဲ့သည်။
"ဒင်.. သင်က စတုတ္ထအဆင့် နတ်ဆေးလုံးကို အောင်မြင်စွာ သန့်စင်ပြီး အဂ္ဂိရတ် အတွေ့ကြုံရမှတ် ၁၀သိန်းကို အဆ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က စတုတ္ထအဆင့် နတ်ဆေးလုံးကို အောင်မြင်စွာ သန့်စင်ပြီး အဂ္ဂိရတ် အတွေ့ကြုံရမှတ်၁၀သိန်းကို အဆ၁၀၀ ရရှိပါတယ်"
"............."
တစ်လခန့်ကြာပြီးနောက်တွင် ကျန်းချန်တို့ လူစုသည် ကျီလင်နယ်မြေ၏ မြောက်ဘက်တွင် ရှိသည့် တောင်ပိုင်းကောင်းကင်နယ်မြေဟု ခေါ်သော နယ်မြေသို့ ရောက်ရှိလာခဲ့သည်။
ထိုအချိန်တွင် ကျန်းချန်သည် သူ၏ အဂ္ဂိရတ်လုပ်ဆောင်မှုကို အဆုံးသတ်လိုက်၏။
ဤတစ်လလုံးတွင် ကျန်းချန်သည် ဒြပ်စင်၃ပါး အနန္တ လေဆေးလုံး၂၀၀ခန့်ကို အပြည့်အ၀ သန့်စင်နိုင်ခဲ့သည်။
ကျန်းချန်က ထိုဆေးလုံး၂၀၀ကို နှမြောနေခြင်း မရှိဘဲ ဆေးမီးဖိုမှ ထုတ်ပြီးတိုင်းတွင် တုံ့ဆိုင်းခြင်းမရှိ မျိုချခဲ့သည်။
ဒြပ်စင်၃ပါး အနန္တလေဆေးလုံး ၂၀၀သည် ကျန်းချန်၏ လေလမ်းစဉ် ဥပဒေသ မူလစွမ်းအားကို ၉၀ရာခိုင်နှုန်းကျော်ထိ ရောက်ရှိစေခဲ့သည်။
သူ၏ခန့်မှန်းချက်အရ နောက်ထပ် ဆေးလုံး၁၀၀ခန့်ကိုသာ မျိုချခဲ့လျှင် သူ၏ လေလမ်းစဉ်ဥပဒေသ မူလစွမ်းအားသည် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားနိုင်လောက်၏။
ထိုအချိန်သို့ ရောက်လျှင် သူ့အနေဖြင့် စတုတ္ထမြောက်ကမ္ဘာ့စွမ်းအားကို စုစည်းနိုင်ပြီး ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူ ဖြစ်လာနိုင်ပေလိမ့်မည်။
ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ကို ထိုးဖောက်နိုင်သည်နှင့် မဟာမြေရိုင်းနယ်မြေရှိ ကောင်းကင်နတ်ဘုရား ကျင့်ကြံသူများပင် သူ့ကို အနိုင်ယူနိုင်သူ အနည်းငယ်မျှသာ ရှိနိုင်တော့မည် မဟုတ်ပါလား။
တောင်ပိုင်းကောင်းကင်နယ်မြေသို့ ရောက်ရှိပြီးနောက်တွင် ကျန်းချန်တို့ လူစုသည် ရိက္ခာတချို့ကို ၀ယ်ယူခဲ့ပြီး တောင်ပိုင်းကောင်းကင်နယ်မြေတွင် အချိန်အကြာကြီး မနေခဲ့ဘဲ လျင်မြန်စွာပင် မြောက်ဘက်ကို ဆက်လက် ခရီးဆန့်ခဲ့သည်။
ဟင်းလင်းပြင်လှေပေါ်တွင် ကျန်းချန်သည် အဂ္ဂိရတ်ကို ပြန်လည် ပြုလုပ်နေခဲ့၏။
သူက ဒြပ်စင်၃ပါး အနန္တလေဆေးလုံးကို သန့်စင်ရင်း လေလမ်းစဉ်ဥပဒေသ မူလစွမ်းအား တိုးတက်ရန်အတွက် သန့်စင်ထားသော ဆေးလုံးများကို တစ်ခါတည်း မျိုချခဲ့၏။
"ဒင်.. သင်က စတုတ္ထအဆင့် နတ်ဆေးလုံး တစ်လုံးကို အောင်မြင်စွာ သန့်စင်ပြီး အဂ္ဂိရတ် အတွေ့ကြုံရမှတ် ၁၀သိန်းကို အဆ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က စတုတ္ထအဆင့် နတ်ဆေးလုံး ဖြစ်တဲ့ ဒြပ်စင်၃ပါးအနန္တလေဆေးလုံးကို မျိုချလိုက်တဲ့ အတွက် လေလမ်းစဉ်ဥပဒေသ မူလစွမ်းအား အတွေ့ကြုံရမှတ် ၁၀သိန်းကို အဆ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က စတုတ္ထအဆင့် နတ်ဆေးလုံး တစ်လုံးကို အောင်မြင်စွာ သန့်စင်ပြီး အဂ္ဂိရတ်အတွေ့ကြုံရမှတ် ၁၀သိန်းကို အဆ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က စတုတ္ထအဆင့် နတ်ဆေးလုံး ဖြစ်တဲ့ ဒြပ်စင်၃ပါးအနန္တလေဆေးလုံးကို မျိုချလိုက်တဲ့ အတွက် လေလမ်းစဉ်ဥပဒေသ မူလစွမ်းအား အတွေ့ကြုံရမှတ် ၁၀သိန်းကို အဆ၁၀၀ ရရှိပါတယ်"
"............."
"ဒင်.. သင့်ရဲ့ လေလမ်းစဉ် ဥပဒေသ မူလစွမ်းအားက ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ"
လ၀က်ခန့် ကြာပြီးနောက်တွင် ကျန်းချန်သည် ဒြပ်စင်၃ပါးအနန္တ လေဆေးလုံး ၁၄၀ကျော်ကို သန့်စင်ကာ မျိုချခဲ့ပြီးနောက်တွင် အဆုံးသတ်၌ သူ၏ လေလမ်းစဉ် ဥပဒေသ မူလစွမ်းအားသည် ပြီးပြည့်စုံသောအဆင့်အထိ ရောက်ရှိသွားခဲ့သည်။
လေလမ်းစဉ် ဥပဒေသ၏ မူလစွမ်းအား ပြီးပြည့်စုံသောအဆင့်အထိ ရောက်ရှိသွားပြီးနောက်တွင် ကျန်းချန်သည် ဒြပ်စင်၃ပါး အနန္တလေဆေးလုံးကို ဆက်လက် သန့်စင်ခြင်းမပြုလုပ်တော့ပေ။
သူက သိုလှောင်လက်စွပ်ထဲကနေ အချိန်လမ်းစဉ် ဥပဒေသနှင့် နေရာလွတ်လမ်းစဉ် ဥပဒေသ၏ မူလစွမ်းအားကို တိုးတက်စေနိုင်မည့် ဆေးလုံးအား သန့်စင်ရန်အတွက် လိုအပ်သည့် ဆေးပစ္စည်းများကို ထုတ်ယူလိုက်သည်။
"ဝုန်း.."
ထိုအချိန်မှာပင် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်း ရိုက်ခတ်မှုကြောင့် အနက်ရောင်လှေက တုန်ခါသွားခဲ့သည်။
သူတို့၏ လှေထက်ပင် ပိုမို ကြီးမားသော နေရာလွတ်သတ္တဝါတစ်ကောင်သည် လှေအရှေ့ ခပ်လှမ်းလှမ်းတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့၏။
"ဒီလောက် အစွမ်းထက်တဲ့ နေရာလွတ် သတ္တဝါက ထာ၀ရဟင်းလင်းပြင်ထဲမှာ ရှိနေတယ်လား"
အနက်ရောင်လှေကို ခပ်သွက်သွက် မောင်းနှင်နေသော ကျူးမိသားစုမှ ကျင့်ကြံသူများ၏ မျက်နှာထက်တွင် တုန်လှုပ်ခြောက်ခြားသော အမူအရာများ ဖြစ်ပေါ်လာကြသည်။
သူတို့၏ ပုံရိပ်များက ဖျတ်ခနဲ လက်သွားခဲ့ပြီး အနက်ရောင်လှေ၏ ကုန်းဘက်ပေါ်တွင် ပေါ်လာခဲ့ကြသည်။
"ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ အရှိန်အဝါလဲ.. ဒီနေရာလွတ်သတ္တဝါက ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူထက် အားမနည်းလောက်ဘူး"
သူ၏ရှေ့မှ ကြောက်မက်ဖွယ်ကောင်းသော နေရာလွတ်စွမ်းအားလှိုင်းကို ခံစားမိလျှင် အဘိုးအို ကျူးချင်း၏ မျက်နှာထက်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ကောင်းကင်နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူ၄ယောက်သည် ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖိအားအောက်တွင် တုန်ယင်နေခဲ့ကြသည်။
"ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်နဲ့ နှိုင်းယှဉ်နိုင်တဲ့ နေရာလွတ်သတ္တဝါလား"
ကျန်းချန်က နေရာလွတ်သတ္တဝါကို စိုက်ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
သို့သော်လည်း သူ၏အမူအရာက အေးဆေး တည်ငြိမ်နေခဲ့၏။
သူက ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို ထိုးဖောက်စဉ်ကပင် သွေးလမင်းကုန်းမြေမှ ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား ဖြစ်သည့် သွေးအဆိပ် အဘိုးအိုကို အနိုင်ယူနိုင်သော စွမ်းရည် ရှိခဲ့သည်။
ယခု သူ၏ လေလမ်းစဉ် ဥပဒေသ မူလစွမ်းအားသည် ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ရာ သူ့အနေဖြင့် အချိန်မရွေး ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်သို့ ထိုးဖောက်နိုင်နေပြီ ဖြစ်၏။
ဆိုရလျှင် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်နှင့် နှိုင်းယှဉ်နိုင်သည့် နေရာလွတ် သတ္တဝါသည် သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်တော့ပေ။
ပေ၁၀၀ခန့် ရှည်လျားသော ဧရာမ မီးခိုးရောင် ဝေလငါးက နေရာလွတ်ကို တိုက်ရိုက် ထိုးဖောက်ကာ ကျန်းချန်တို့ ဆီသို့ လာနေခဲ့သည်။
မီးခိုးရောင်ဝေလငါး တည်ရှိနေသော နေရာလွတ်၏ မိုင်ရာပေါင်းများစွာ အချင်း၀က်အတွင်း ပြင်းထန်သော နေရာလွတ် လှိုင်းများဖြင့် ပြည့်နှက်နေခဲ့၏။
ထို့အပြင် မီးခိုးရောင်ဝေလငါး ပတ်ပတ်လည်တွင်လည်း နေရာလွတ် မိုးကြိုးမုန်တိုင်းများလည်း ဖြစ်ပေါ်နေခဲ့၏။
အခန်း(၁၇၃၀)ပြီး၏။
အခန်း(၁၇၃၁)
ဧရာမ မီခိုးရောင် ဝေလငါး၏ ပတ်ပတ်လည်ရှိ နေရာလွတ်မုန်တိုင်း စွမ်းအားသည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။
သာမန် ကောင်းကင်နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူ ဆိုလျှင် ဝေလငါး ပတ်ပတ်လည်ရှိ နေရာလွတ်မုန်တိုင်းနှင့် ထိတွေ့မိသည်နှင့် တစ်မုဟုတ်ချင်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလိမ့်မည် ဖြစ်၏။
"ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရားနဲ့ နှိုင်းယှဥ်နိုင်တဲ့ နေရာလွတ်သတ္တဝါနဲ့မှ ထိပ်တိုက် ကြုံတွေ့ရတယ်ဆိုတော့ ငါတို့ရဲ့ ကံကြမ္မာက အတော်လေး ဆိုးရွားတာပဲ"
ကျူးချင်းက သူ၏ရှေ့မှ ဧရာမ မီးခိုးရောင် ဝေလငါးကို ကြည့်ကာ ကူကယ်ရာမဲ့စွာ ပြုံး၍ ရေရွတ်လိုက်သည်။
ထာဝရဟင်းလင်းပြင်တွင် နေရာလွတ် သတ္တဝါများစွာ ရှိသော်လည်း ကောင်းကင်နတ်ဘုရား တတိယအဆင့်နှင့် နှိုင်းယှဥ်နိုင်သော နေရာလွတ် သတ္တဝါ အလွန်တရာ နည်းပါးသည်။
အထူးသဖြင့် ကောင်းကင်နတ်ဘုရား ပဥ္စမအဆင့်နှင့် နှိုင်းယှဥ်နိုင်သည့် နေရာလွတ် သတ္တဝါများသည် အထွတ်အမြတ်နယ်မြေများ ကြားရှိ ထာဝရဟင်းလင်းပြင်များတွင်သာ တွေ့ရလေ့ရှိသည်။
မှန်ပါသည်။ဤလောကတွင် မဖြစ်နိုင်သောအရာ မရှိပေ။
ဥပမာအားဖြင့် သူတို့အဖွဲ့သည် ယခုအခါ ထိုကဲ့သို့ နေရာလွတ်သတ္တဝါနှင့် ကြုံတွေ့နေရပြီ ဖြစ်၏။
"အကြီးအကဲကျူး.. လှေကို စောင့်ရှောက်ထားပါ.. ကျွန်တော်ဖြေရှင်းလိုက်မယ်"
စကားဆုံးသည်နှင့် ကျန်းချန်က အနက်ရောင်လှေထဲကနေ ပျံသန်း၍ ထွက်သွားခဲ့သည်။
အနက်ရောင်လှေ၏ အဆင့်အတန်းက မမြင့်မား၍ ကောင်းကင်နတ်ဘုရား တတိယအဆင့်၏ တိုက်ခိုက်မှုကိုသာ ခံနိုင်ရည်ရှိသည်။
ထို့ကြောင့် ကျန်းချန်သည် ဧရာမ မီးခိုးရောင်ဝေလငါးကို ခပ်ဝေးဝေးတွင် ရင်ဆိုင်ရလိမ့်မည် မဟုတ်လော။
သို့မဟုတ်လျှင် သူနှင့်ဝေလငါး တိုက်ခိုက်ရာမှ ထွက်ပေါ်လာသော စွမ်းအားများကြောင့် လှေတစ်စီးလုံးသည် ပျက်စီးခြင်းသို့ ရောက်ရှိသွားပေလိမ့်မည်။
ကျန်းချန်က မျက်စိတစ်မှိတ် အတွင်းမှာပင် ဧရာမမီးခိုးရောင်ဝေလငါး၏ ရှေ့တွင် ပေါ်လာခဲ့သည်။
သူက ချက်ချင်းပင် လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး ဓားအလင်းဖြင့် ဧရာမမီးခိုးရောင် ဝေလငါး၏ ခန္ဓာကိုယ်ကို ပစ်ခတ်လိုက်သည်။
သို့သော်လည်း ကျန်းချန်၏ ဓားအလင်းသည် မာကြောသောသံမဏိပြားတစ်ခုကို ထိမှန်သွားသကဲ့သို့ မီးပွားများသာ ထွက်ပေါ်လာခဲ့ပြီး ဝေလငါးကို ထိခိုက်မှု မရှိခဲ့ပေ။
"ဒီဧရာမ မီးခိုးရောင် ဝေလငါးရဲ့ ကာကွယ်ရေးစွမ်းအားက ကောင်းလှချည်လား"
ကျန်းချန်က အံ့အားမသင့်ဘဲ မနေနိုင်တော့ပေ။
သူ့ရှေ့မှ နေရာလွတ်သတ္တဝါ၏ ကာကွယ်ရေးစွမ်းအားသည် သူထင်ထားသည်ထက်ပင် ကျော်လွန်နေခဲ့သည်။
"ဝူးးး.."
ကျန်းချန်၏ ဓားအလင်းကို ထိမှန်ခံလိုက်ရလျှင် ဧရာမမီးခိုးရောင် ဝေလငါးသည် ဒေါသထွက်လာခဲ့ပြီး ရုတ်တရက် ပြင်းထန်စွာ အော်ဟစ်လိုက်သည်။
သူ၏ ဧရာမခန္ဓာကိုယ်က အလွန်လျင်မြန်စွာပင် နေရာလွတ်ကို ချက်ချင်းဆိုသလို ထိုးဖောက်ကာ ကျန်းချန်၏ ဦးခေါင်းအထက်သို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် ပါးစပ်ကနေ နေရာလွတ်မုန်တိုင်းကို ထုတ်ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ကျန်းချန်က လမ်းစဥ်၇မျိုး၏ စွမ်းအားများကို ပေါင်းစည်းလိုက်ပြီး ဆန်းကြယ်သော ၇ရောင်ခြယ် မီးလျှံ တစ်ခုအဖြစ် ဖန်တီးကာ သူ၏ ဦးခေါင်းအထက်ကို ကျဆင်းလာသည့် နေရာလွတ်မုန်တိုင်းကို လျင်မြန်စွာပင် ဖျက်ဆီးပစ်လိုက်၏။
ထာဝရဟင်းလင်းပြင်ထဲတွင် ၇ရောင်ခြယ်အလင်းများ လွှမ်းခြုံထားသည့် ပုံရိပ်တစ်ခုနှင့် ဧရာမမီးခိုးရောင်ပုံရိပ် တစ်ခုသည် အကြိတ်အနယ်ပင် တိုက်ခိုက်နေခဲ့ကြသည်။
"ဝုန်း.. ဝုန်း.. ဝုန်း.."
သူ့ရှေ့မှ နေရာလွတ်သတ္တဝါ ဖြစ်သည့် ဝေလငါး၏စွမ်းအားသည် အားမနည်းဘဲ ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူထက်ပင် ပို၍ အစွမ်းထက်နေခဲ့သော်လည်း ကျန်းချန်သည် ထိုဝေလငါးနှင့် ရင်ဆိုင်ရာတွင် ဖိအားသိပ်မရှိခဲ့ပေ။
ယခုအချိန်တွင် ကျန်းချန်၏ စွမ်းရည်သည် သူယခင်က အကြိတ်အနယ် ရင်ဆိုင်နေရသည့် သွေးအဆိပ် အဘိုးအိုနှင့် ပြန်လည် ရင်ဆိုင်ရလျှင်ပင် အလွယ်တကူ ရင်ဆိုင်နိုင်စွမ်းရှိနေခဲ့ပြီ ဖြစ်၏။
ဤဝေလငါးသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ထက် တစ်ဆင့် နိမ့်ကျနေသည်မှာ ထင်ရှား၏။
ထို့ကြောင့် ဧရာမမီးခိုးရောင်ဝေလငါးသည် ကျန်းချန်၏ တိုက်ခိုက်မှုကို တုံ့ပြန်ရန်စွမ်းအား မရှိခဲ့ဘဲ အပြင်းအထန် ရိုက်နှက်ခံခဲ့ရသည်။
ဝေလငါးက သဘာဝပေးအပ်ထားသည့် ကောင်းမွန်သော ကာကွယ်ရေးစွမ်းရည်ကြောင့်သာလျှင် အသက်ရှင်နိုင်ခဲ့ခြင်း ဖြစ်၏။
သို့ရာတွင် ၇ကွက်၊ ၈ကွက်ခန့် တိုက်ခိုက်ပြီးနောက်တွင် ဧရာမမီးခိုးရောင်ဝေလငါးသည် ကျန်းချန်၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။
"အစ်ကိုကျန်းချန်ရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာကောင်းတာပဲ"
ဧရာမ မီးခိုးရောင်ဝေလငါး၏ လုံးဝ ပြန်လည် တိုက်ခိုက်နိုင်စွမ်းမရှိသည့် ဖြစ်အင်ကိုကြည့်ရင်း ကျူးရှင်းယွီက တအံ့တသြ ရေရွတ်လိုက်သည်။
"အမှန်ပဲ.. မိတ်ဆွေလေး ကျန်းချန်ရဲ့ စွမ်းရည်က တကယ်ကို သိပ်ကြောက်ဖို့ကောင်းတယ်"
နံဘေးရှိ ကျူးချင်းကလည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူ အနေဖြင့် ကျူးချင်းသည် ဤနေရာလွတ်ဝေလငါး၏ စွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။
သူ၏ စွမ်းအားဖြင့်ဆိုလျှင် ဤဧရာမ မီးခိုးရောင် ဝေလငါး၏ ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ပေ။
သို့ရာတွင် ကျန်းချန်ကမူ ကောင်းကင်နတ်ဘုရား တတိယအဆင့်ဖြင့်ပင် ဝေလငါးကို အသာစီးတိုက်ခိုက်ခဲ့ပြီး ဝေလငါးသည် ပြန်လည် တိုက်ခိုက်ရန် စွမ်းအားပင် မရှိခဲ့ပေ။
ဤကဲ့သို့ တိုက်ခိုက်ရေးစွမ်းရည်သည် တကယ်ကိုပင် ကြောက်စရာ ကောင်းနေခဲ့၏။
ကျူးချင်းက သူအသက်ရှင် နေထိုင်လာသော ကာလတစ်လျှောက်တွင် ပါရမီရှင် အများအပြားကို တွေ့မြင်ခဲ့ရသော်လည်း ကျန်းချန် ကဲ့သို့ ကြောက်မက်ဖွယ် ပါရမီရှင်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ထိုကောင်လေး၏ အရည်အချင်းသည် အလွန်ပင် လက်ဖျားခါလောက်စရာ ဖြစ်ပြီး မဟာမြေရိုင်းနယ်မြေ၏ ထိပ်တန်းပါရမီရှင်များနှင့် ယှဥ်လျှင်ပင် အနည်းငယ်မျှ နိမ့်ကျမည် မဟုတ်ပေ။
"ဝုန်း.."
ထာဝရဟင်းလင်းပြင်တွင် နောက်ထပ် ပေါက်ကွဲသံတစ်သံသည် ပဲ့တင်ထပ်သွားခဲ့သည်။
ကျန်းချန်၏ ရောင်စုံနတ်မိုးကြိုးဖြင့် တိုက်ခိုက်မှုအောက်တွင် ဧရာမ မီးခိုးရောင် ဝေလငါးသည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကနေ သွေးများထွက်လာခဲ့ကာ ပေရာပေါင်းများစွာ အထိ လွင့်စင်သွားခဲ့သည်။
သူက အထိတ်တလန့်ဖြင့် ကျန်းချန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်တွင် ထိတ်လန့်တကြားဖြင့် ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။
"ဒီနေရာကို ရောက်လာပြီဆိုမှတော့ မင်းရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအင်သလင်းကျောက်ကို ထားခဲ့ရလိမ့်မယ်"
ကျန်းချန်က အေးစက်စက် ပြုံးကာ ရေရွတ်လိုက်သည်။
သူ၏ပုံရိပ်က ဧရာမ မီးခိုးရောင်ဝေလငါး၏ အထက်တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ကောင်းကင်နတ်ဘုရားကမ္ဘာကို ထုတ်ဖော်ကာ ဝေလငါးကို ပြင်းပြင်းထန်ထန်ပင် ဖိနှိပ်လိုက်၏။
သူ့ရှေ့မှ ဧရာမ မီးခိုးရောင်ဝေလငါးကြီးသည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်နှင့်ပင် နှိုင်းယှဥ်နိုင်သော အရာဖြစ်သည်။
ထိုကဲ့သို့သော အဆင့်အတန်းရှိသည့် နေရာလွတ် သတ္တဝါထဲ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်သလင်းကျောက်သည် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ရာကောင်းသော နေရာလွတ်စွမ်းအားများ ပါဝင်နေသည်မှာ တွေးနေစရာပင် မလိုအပ်ပေ။
ယင်းက သူ၏ နေရာလွတ်လမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို များစွာ တိုးတက်စေရန် လုံလောက်မည် ဖြစ်၏။
ထိုအခွင့်အရေးက သူ၏ မျက်စိရှေ့တွင် ရှိနေပြီ ဖြစ်ရာ ကျန်းချန်သည် မည်ကဲ့သို့ အလွယ်တကူ လက်လွှတ်ခံနိုင်ပါအံ့နည်း။
"ဝုန်း.."
ကျန်းချန်၏ ကောင်းကင်နတ်ဘုရားကမ္ဘာဖြင့် ဖိနှိပ်မှုအောက်တွင် မိုင်၁၀၀ အချင်းဝက်တွင် ရှိနေသည့် နေရာလွတ်သည် ချက်ချင်းဆိုသလိုပင် ဘာမှမကျန်ရှိတော့သည့် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထွက်ပြေးရန် ပြင်ဆင်နေသည့် ဧရာမ မီးခိုးရောင်ဝေလငါးသည်လည်း ကျန်းချန်၏ ကောင်းကင်နတ်ဘုရားကမ္ဘာ ဖိနှိပ်မှုအောက်တွင် ပေါက်ကွဲထွက်သွားခဲ့ပြီး ထာဝရဟင်းလင်းပြင်ထဲတွင် သွေးမြူများအဖြစ် ပြန့်ကျဲသွားခဲ့သည်။
ကျန်းချန်က ဝေလငါးကို သတ်ဖြတ်လိုက်ပြီးနောက်တွင် သူ၏ လက်ကိုဆန့်ထုတ်ကာ ကြောက်မက်ဖွယ် နေရာလွတ်စွမ်းအားများကို ထုတ်လွှတ်နေသည့် စွမ်းအင်သလင်းကျောက်ကို ရယူလိုက်သည်။
သို့သော်လည်း ထိုအချိန်မှာပင် စွမ်းအင်သလင်းကျောက် ထံကနေ အနှိုင်းမဲ့ဝိညာဥ်စွမ်းအား တစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး မိုးကြိုးကဲ့သို့ အရှိန်အဟုန်ဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်၏။
ထို့ကြောင့် ကျန်းချန်၏ အမူအရာက ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။
"ဝိညာဥ်ငြိမ်းသတ်ခြင်းစည်းတံဆိပ်"
သို့သော်လည်း ကျန်းချန်က ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ထုတ်ဖော်ကာ သူ့ထံသို့ သက်ရောက်လာသော ဝိညာဥ်စွမ်းအား အများစုကို ဖိနှိပ်လိုက်သည်။
သို့တိုင် တချို့မှာမူ ကျန်းချန်၏ ခန္ဓာကိုယ်ထဲကို ဖောက်ဝင်သွားခဲ့ပြီး ကျန်းချန်၏ စိတ်ထဲသို့ပင် ဝင်ရောက်လာခဲ့သည်။
ကျန်းချန်က စိုးရိမ်သွားခဲ့ပြီး ချက်ချင်းပင် သူ၏ စိတ်ဝိညာဥ်ကို လှုံ့ဆော်ကာ ထိုဝိညာဥ်စွမ်းအားကို ဖျက်ဆီးရန် ကြိုးစားလိုက်စဥ် သူ၏စိတ်ထဲတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
"လက်စသတ်တော့ ဒီဝေလငါးဆီမှာ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်က သူ့ရဲ့ ဝိညာဥ်အမှတ်အသားကို ချန်ထားခဲ့တာပဲ"
ကျန်းချန်က ထိတ်လန့်သွားခဲ့သည်။
သူက ဝေလငါး၏ စွမ်းအင်သလင်းကျောက်ကို အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက်တွင် သူ၏ ပုံရိပ်က ဖျတ်ခနဲလက်သွားခဲ့ပြီး လှေပေါ်သို့ လျင်မြန်စွာပင် ပြန်လည် ရောက်ရှိလာခဲ့သည်။
"မိတ်ဆွေလေးကျန်းချန်.. ဘာပြဿနာရှိလို့လဲ"
ကျူးချင်းက ကျန်းချန်၏ အနည်းငယ် ဖြူဖျော့နေသောမျက်နှာကို ကြည့်ကာ တအံ့တသြ မေးလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ကျန်းချန်သည် ဝေလငါးကို တည်ငြိမ်စွာ ရင်ဆိုင်ခဲ့သော်လည်း သတ်ဖြတ်ပြီးနောက်တွင် လှေ ရှိရာသို့ သုတ်ယီးသုတ်ပျာ ပြန်လာခဲ့သောကြောင့်ဖြစ်သည်။
"အမြန်ဆုံး အရှိန်အဟုန်နဲ့ ဒီနေရာကနေ ချက်ချင်းထွက်သွားမှ ဖြစ်မယ်"
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြေလိုက်သည်။
"အစောပိုင်းက သတ်ဖြတ်လိုက်တဲ့ ဝေလငါးရဲ့ ခန္ဓာကိုယ်ထဲမှာ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ရဲ့ဝိညာဥ်အမှတ်အသားရှိနေတယ်.. ဒီဝေလငါးက သခင် ရှိနေတဲ့ ဝေလငါးပဲ"
"ဘာ"
"ဘယ်လို"
ကျန်းချန်၏ စကားကိုကြားလျှင် ကျူးချင်းတို့လူစု၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများသည် ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ဧရာမ မီးခိုးရောင်ဝေလငါးသည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်နှင့်ပင် နှိုင်းယှဥ်နိုင်သော နေရာလွတ်သတ္တဝါဖြစ်သည်။
ထိုကဲ့သို့သော ဝေလငါးကို အောင်နိုင်ရန်မှာ သာမန်လူများ လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပေ။
ဝေလငါး၏ သခင်သည် အနည်းဆုံး ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့်ကျင့်ကြံသူ ဖြစ်နိုင်ပြီး နယ်မြေနတ်ဘုရားပင် ဖြစ်နိုင်ခြေ ရှိသည်။
အခန်း(၁၇၃၁)ပြီး၏။