← Chapters

အခန်း (၁၇၃၅-၁၇၃၇)

Vol. 116 Ch. 1735-1737

အခန်း (၁၇၃၅-၁၇၃၇)

Vol. 116 Ch. 1735-1737

အခန်း(၁၇၃၅)

သူတို့ရောက်ရှိလာသော ခန်းမသည် ထာဝရဘုရားကျောင်း၏ သင်္ကေတပါရှိသော ခန်းမတစ်ခု ဖြစ်သည်။

ဤခန်းမသည် ဟင်းလင်းပြင်လှေများကို ပြုပြင်ခြင်းနှင့် ထာဝရဘုရားကျောင်း လက်အောက်ရှိ ကုန်သွယ်ရေးအတွက် တာဝန်ယူထားသောခန်းမ ဖြစ်သည်။

ထာဝရဘုရားကျောင်းတွင် တရားဝင် ကုန်သွယ်ရေးခန်းမအပြင် ပုဂ္ဂလိက ကုန်သွယ်ရေးနေရာ တချို့လည်း ရှိသည်။

တရားဝင် ကုန်သွယ်ရေးခန်းမနှင့် ပုဂ္ဂလိက ကုန်သွယ်ရေးခန်းမကို နှိုင်းယှဥ်လျှင် တရားဝင် ကုန်သွယ်ရေးခန်းမသည် လိမ်လည်မှုများ မရှိသော်လည်း တစ်ခုတည်းသောအားနည်းချက်မှာ စျေးနှုန်းအနည်းငယ် မြင့်မားခြင်းပင်။

ထိုသို့ စိတ်ချရသော အချက်အလက်ကြောင့် ကျန်းချန်တို့ အဖွဲ့သည် ပုဂ္ဂလိက ကုန်သွယ်ရေးနေရာကို မရွေးချယ်ဘဲ ထာဝရဘုရားကျောင်း၏ တရားဝင်ကုန်သွယ်ရေး ခန်းမဆီသို့သာ လာရောက်ခဲ့သည်။

ခန်းမသို့ ရောက်လျှင် ကျန်းချန်တို့အဖွဲ့သည် ဟင်းလင်းပြင်လှေကို ပြုပြင်တည်ဆောက်နိုင်သော ဆရာသခင် တစ်ဦးကို တွေ့ရှိခဲ့သည်။

ဟင်းလင်းပြင်လှေကို တည်ဆောက်ပြုပြင်သော အလုပ်သည် နတ်ဘုရားကုန်းမြေတိုက်ကြီးကနေ နတ်ဘုရားနယ်မြေ ၃၀၀၀ အဖြစ် ဆင့်ကဲ ပြောင်းလဲပြီးနောက်တွင် ပေါ်ထွက်လာသည့် ထူးခြားသော အသက်မွေးဝမ်းကြောင်းတစ်ခု ဖြစ်ပြီး လူကြိုက်များသော အလုပ်ဖြစ်၏။

ထာဝရဟင်းလင်းပြင်သည် အလွန်တရာ ကျယ်ပြန့်၍ အန္တရာယ်များစွာ ရှိသည်။

ထို့ကြောင့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူသည် အရင်းအမြစ် လုံလောက်စွာ ရှိနေသရွေ့ ထာဝရ ဟင်းလင်းပြင်ကို ဖြတ်သန်းရန်အတွက် ဟင်းလင်းပြင်လှေကိုသာ အသုံးပြုရန် ရွေးချယ်မည်သာ ဖြစ်၏။

မည်သို့ပင်ဖြစ်စေကာမူ ထာဝရဟင်းလင်းပြင်တွင် ဟင်းလင်းပြင်လှေ၏ ပျံသန်းမှုအရှိန်အဟုန်သည် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ အများစုထက်ပင် ပို၍ မြန်ဆန်မှု ရှိသည်။

ထို့အပြင် ဟင်းလင်းပြင်လှေနှင့် အတူ ထာဝရဟင်းလင်းပြင်တွင် ခရီးထွက်ခြင်းသည် မည်သည့် စွမ်းအားကိုမှ သုံးစွဲစရာ မလိုအပ်၍ ကျင့်ကြံသူသည် အထွတ်အထိပ် အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီး အန္တရာယ်များစွာကို ပိုမို တည်ငြိမ်စွာ ရင်ဆိုင်နိုင်မည် ဖြစ်၏။

ဟင်းလင်းပြင်လှေသည် ပကတိနတ်ဘုရားများကိုပင် ထာဝရဟင်းလင်းပြင်တွင် ခရီးထွက်နိုင်ရန် အထောက်အပံ့ပြုနိုင်သည်။

ဆိုရလျှင် ဟင်းလင်းပြင်လှေသည် ယခုအခါတွင် နတ်ဘုရားနယ်မြေ၌ စကြဝဠာ ယာဥ်တစ်ခုပမာ ဖြစ်လာခဲ့ချေပြီ။

သို့သော်လည်း ဟင်းလင်းပြင်လှေကို တည်ဆောက်ခြင်းသည် အလွန်တရာပင် ရှုပ်ထွေးလှ၏။

ထိုသို့ တည်ဆောက်နိုင်ရန် ပန်းပဲပညာရပ်၊ သန့်စင်ခြင်းပညာရပ်နှင့် အစီအရင် ပညာရပ်များကို တတ်ကျွမ်းရမည်ဖြစ်၏။

သို့ဖြစ်ရာ ဟင်းလင်းပြင်လှေကို တည်ဆောက်သူ ဖြစ်လာရန်မှာ လွယ်ကူသော အလုပ် မဟုတ်ပေ။

ထိုအတွက်ကြောင့်ပင် ဟင်းလင်းပြင်လှေကို တည်ဆောက်ပြုပြင်နိုင်သူ၏ အဆင့်အတန်းသည် နတ်ဘုရားနယ်မြေတွင် အလွန်တရာ မြင့်မားပြီး အဂ္ဂိရတ်ပညာရှင်ထက်ပင် လူအများက ပို၍ လေးစားကြသည်။

"မင်းပြုပြင်ချင်တဲ့ ဟင်းလင်းပြင်လှေကို ထုတ်ပြပါ"

ဤခန်းမ၏ ဟင်းလင်းပြင်လှေ တည်ဆောက်ပြုပြင်သူသည် အသက်၅၀ ဝန်းကျင်ခန့် ရှိသည်။

ထိုလူက အေးစက်သော စိတ်နေသဘောထား ရှိပြီး ကျန်းချန်တို့အဖွဲ့ကို အပိုစကားများ မပြောခဲ့ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ဟင်းလင်းပြင်လှေကို ထုတ်ယူလိုက်၏။

"ဒီဟင်းလင်းပြင်လှေရဲ့ အရည်အသွေးနဲ့ လက်ရာက မဆိုးဘူးပဲ.. သာမန်အဆင့် ဟင်းလင်းပြင်လှေထဲမှာတော့ ထိပ်တန်းအဆင့်မှာ ရှိတယ်"

ဟင်းလင်းပြင်လှေ တည်ဆောက်ပြုပြင်သူက ကျန်းချန်၏ လှေကို အကဲခတ်ပြီးနောက်တွင် ပေါ့ပါးစွာ ပြောလိုက်သည်။

"ဒါနဲ့ ဘယ်လို ပြုပြင်ချင်တာလဲ.. ပျက်စီးသွားတဲ့နေရာကိုပဲ ပြုပြင်ချင်တာလား ဒါမှမဟုတ် ပိုအဆင့်မြင့်မားတဲ့ ဟင်းလင်းပြင်လှေ အဖြစ် အဆင့်မြှင့်တင်မလား"

ထိုစကားကိုကြားလျှင် ကျန်းချန်က ခဏမျှ မှင်တက်သွားခဲ့သည်။

"ဒီဟင်းလင်းပြင်လှေတွေကို အဆင့်တွေ ခွဲထားသေးတယ်လား"

"ဟုတ်တယ် ဟင်းလင်းပြင်လှေတွေရဲ့ စွမ်းဆောင်ရည်ပေါ်လိုက်ပြီး အဆင့်တွေကို ခွဲခြားထားတယ်.. ဥပမာပြောရရင် မင်းရဲ့ သာမန်ဟင်းလင်းပြင်လှေက ကောင်းကင်နတ်ဘုရားတတိယအဆင့် ကျင့်ကြံသူရဲ့တိုက်ခိုက်မှုတွေကိုပဲ ခံနိုင်ရည်ရှိတယ်.. အကယ်၍ အလယ်အလတ်အဆင့် ဟင်းလင်းပြင်လှေအဖြစ် အဆင့်မြှင့်တင်လိုက်မယ်ဆိုရင် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ဒါမှမဟုတ် အဲဒီထက် ပိုမြင့်တဲ့ ကောင်းကင်နတ်ဘုရားအဆင့်တွေရဲ့ တိုက်ခိုက်မှုတွေကို ခုခံနိုင်လိမ့်မယ်.. အဆင့်မြင့်ဟင်းလင်းပြင်လှေ ဆိုရင်တော့ နယ်မြေနတ်ဘုရားတစ်ပါးရဲ့ တိုက်ခိုက်မှုကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက် ခုခံနိုင်လိမ့်မယ်.. ဒါ့အပြင် အလယ်အလတ်အဆင့်နဲ့ အဆင့်မြင့် ဟင်းလင်းပြင်လှေတွေမှာ တိုက်ခိုက်ရေး နည်းလမ်းတွေနဲ့ အထူးစွမ်းရည်တွေ ထည့်သွင်းလို့ရသေးတယ်"

ထိုစကားကို ပြောပြီးနောက်တွင် ဟင်းလင်းပြင်လှေတည်ဆောက်ပြုပြင်သူသည် စိတ်မရှည်သော အမူအရာဖြင့် ပြောလိုက်သည်။

"မင်းဘယ်လိုပြုပြင်ချင်လဲ ပွင့်ပွင့်လင်းလင်းပြောပါ.. ငါ့ရဲ့အချိန်တွေကို မဖြုန်းတီးနဲ့"

ထာဝရဘုရားကျောင်း၏ လက်အောက်ရှိ ဟင်းလင်းပြင်လှေ တည်ဆောက်ပြုပြင်သူ အနေဖြင့် သူက သာမန်ဟင်းလင်းပြင်လှေလောက်ကို မျက်စိထဲ မထည့်ခဲ့ပေ။

ထို့ကြောင့် ကျန်းချန်နှင့်အတူ အချိန်ဖြုန်းချင်စိတ်မရှိခဲ့ချေ။

ကျန်းချန်က ခဏမျှစဥ်းစားလိုက်ပြီးမှ မေးမြန်းလိုက်သည်။

"အဆင့်မြင့်ဟင်းလင်းပြင်လှေ အဖြစ် အဆင့်မြှင့်တင်မယ်ဆိုရင် နတ်ခရစ္စတယ် ဘယ်လောက်ကုန်ကျမှာလဲ"

ထိုသို့ မေးရခြင်းမှာ အဆင့်မြင့် ဟင်းလင်းပြင်လှေသည် နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် ခုခံနိုင်သောကြောင့် ဖြစ်သည်။

ကျန်းချန်သည် မကြာမီ အချိန်အတွင်း‌ ဝေလငါး၏ သခင်နှင့်ရင်ဆိုင်ရရန် အလွန်ပင် ဖြစ်နိုင်ခြေရှိ၍ အဆင့်မြင့်ဟင်းလင်းပြင်လှေ၏ စွမ်းဆောင်ရည်သည် သူ့အတွက် သံသယဖြစ်ဖွယ်ရာ မရှိ အလွန် အရေးကြီးနေခဲ့သည်။

သူ၏ဟင်းလင်းပြင်လှေကို အဆင့်မြင့် ဟင်းလင်းပြင်လှေအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့လျှင် ထာဝရဘုရားကျောင်းမှတစ်ဆင့် မဟာမြေရိုင်းနယ်မြေသို့ တည်နေရာ‌ ရွှေ့ပြောင်းခြင်း မလုပ်ဆောင်နိုင်လျှင်ပင် ထာဝရဟင်းလင်းပြင်တွင် ခရီးဆက်ရန်အတွက် အတော်လေး ဘေးကင်းသွားလိမ့်မည် မဟုတ်ပါလား။

"ကောင်လေး မင်းက အရမ်းကို စိတ်ကူးယဥ်နေတာပဲ.. အဆင့်မြင့် ဟင်းလင်းပြင်လှေကို အဆင့်မြှင့်တင်ဖို့က ဒီလောက်အထိ ဘယ်လွယ်ကူပါ့မလဲ.. ထာဝရဘုရားကျောင်းက အဆင့်မြှင့်ဟင်းလင်းပြင်လှေကို မတည်ဆောက်နိုင်တာတော့ မဟုတ်ဘူး.. ဒါပေမဲ့ ဟင်းလင်းပြင်လှေရဲ့ စျေးနှုန်းကို မင်းတတ်နိုင်မှာမဟုတ်လောက်ဘူး"

ဟင်းလင်းပြင်လှေ တည်ဆောက်ပြုပြင်သူက ရယ်မောကာပြောလိုက်သည်။

"အဆင့်မြှင့်ဟင်းလင်းပြင်လှေ မပြောနဲ့.. အလယ်အလတ်အဆင့် ဟင်းလင်းပြင်လှေအဖြစ် အဆင့်မြှင့်တင်ချင်တယ်ဆိုရင်တောင် အဆင့်မြှင့်နတ်ခရစ္စတယ် ၁သိန်းလိုအပ်တယ်"

"လခွမ်း ဟင်းလင်းပြင်လှေရဲ့ ကုန်ကျစရိတ်က တကယ်ကိုမနိမ့်ဘူးပဲ"

ဟင်းလင်းပြင်လှေ တည်ဆောက်ပြုပြင်သူ ထံမှ ကုန်ကျစရိတ်အကြောင်းကို ကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။

အဆင့်မြင့်နတ်ခရစ္စတယ် ၁သိန်းသည် အဆင့်နိမ့် နတ်ခရစ္စတယ် သန်း၁၀၀နှင့် ညီမျှသည်။

သူက နှင်းနတ်ဘုရားနန်းတော်ကို ဖျက်ဆီးပြီးနောက်တွင် နှင်းနတ်ဘုရားနန်းတော် တစ်ခုလုံးရှိ အရင်းအမြစ် အားလုံးကို သိမ်းဆည်းခဲ့ရာ အဆင့်နိမ့် နတ်ခရစ္စတယ် သန်း၁၀၀ကိုသာ ရရှိခဲ့သည်။

ဆိုလိုသည်မှာ အလယ်အလတ်အဆင့် ဟင်းလင်းပြင်လှေအဖြစ် အဆင့်မြှင့်တင်ရာတွင် ကုန်ကျသော ပမာဏသည် နှင်းနတ်ဘုရားနန်းတော်လို ကောင်းကင်နတ်ဘုရား အင်အားစုကိုပင် ချက်ချင်း ဒေဝါလီခံစေရန် လုံလောက်နေပြီ ဖြစ်သည်။

"ဒါဆိုလည်း အလယ်အလတ်အဆင့် ဟင်းလင်းပြင်လှေအဖြစ် အဆင့်မြှင့်တင်ဖို့ ကူညီပေးပါဦး"

ကျန်းချန်က ရွေးချယ်စရာ မရှိတော့သဖြင့် ခေါင်းခါရမ်းကာ ပြောလိုက်သည်။

အဆင့်မြင့်ဟင်းလင်းပြင်လှေ အဖြစ် အဆင့်မြှင့်တင်ခြင်းသည် လက်တွေ့မကျသောကြောင့် ကျန်းချန်သည် အလယ်အလတ်အဆင့် ဟင်းလင်းပြင်လှေ အဖြစ်သာ အရင်အဆင့်မြှင့်တင်ရန် ဆုံးဖြတ်ခဲ့သည်။

အလယ်အလတ်အဆင့် ဟင်းလင်းပြင်လှေသည် အဆင့်မြင့်ဟင်းလင်းပြင်လှေကို မယှဥ်နိုင်သော်လည်း ၎င်း၏ စွမ်းဆောင်ရည်နှင့် အရှိန်အဟုန်သည် သာမန် ဟင်းလင်းပြင်လှေထက် များစွာ သာလွန်သွားမည် မဟုတ်ပါလား။

ကျန်းချန်၏ စကားကိုကြားလျှင် ဟင်းလင်းပြင်လှေ တည်ဆောက်ပြုပြင်သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သောအမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အလယ်အလတ် ဟင်းလင်းပြင်လှေကို ယေဘုယျအားဖြင့် အနည်းဆုံး နယ်မြေနတ်ဘုရားအဆင့် အင်အားစုများသာ ပိုင်ဆိုင်ကြ၏။

အကြောင်းအရင်းမှာ ထိုကဲ့သို့ ကုန်ကျစရိတ် ပမာဏကို နယ်မြေနတ်ဘုရားအဆင့် အင်အားစုများသာ တတ်နိုင်သောကြောင့်ပင်။

ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား တချို့ပင်လျှင် အလယ်အလတ် ဟင်းလင်းပြင်လှေကို ပိုင်ဆိုင်ရန် မလွယ်ကူပေ။

သူ့ရှေ့မှ ကောင်လေးတွင် အလယ်အလတ်အဆင့် ဟင်းလင်းပြင်လှေအဖြစ် အဆင့်မြှင့်တင်ရန် နတ်ခရစ္စတယ်များ ရှိနေ၍ ထိုကောင်လေး၏ မူလဇစ်မြစ်သည် သာမန် မဟုတ်လောက်ပေ။

"ဒီက ညီလေး အလယ်အလတ် ဟင်းလင်းပြင်လှေမှာ မင်းဘယ်လိုမျိုး လုပ်ဆောင်ချက်တွေကို ထည့်သွင်းချင်သေးလဲ"

ဟင်းလင်းပြင်လှေ တည်ဆောက်ပြုပြင်သူက ကျန်းချန်ကို ပြုံး၍ ပြောလိုက်သည်။

သူ၏လေသံကလည်း ချက်ချင်းဆိုသလိုပင် ပိုမို၍ ယဥ်ကျေးလာခဲ့၏။

သူက ကျန်းချန်တွင် အရင်းအမြစ် အလုံအလောက် မရှိမည်ကို စိတ်မပူခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဤနေရာသည် ထာဝရဘုရားကျောင်းဖြစ်၍ နတ်မြေနတ်ဘုရားများပင် ရိုင်းရိုင်းစိုင်းစိုင်းမပြုမူဝံ့ကြပေ။

"ဟင်းလင်းပြင်လှေကို ချဲ့ထွင်ဖို့နဲ့ တိုက်ခိုက်ရေးနည်းလမ်းတွေ မလိုအပ်ဘူး.. အဓိက လိုအပ်တာက ကာကွယ်ရေးစွမ်းရည်နဲ့ အရှိန်အဟုန်ကို ပိုပြီး တိုးတက်စေဖို့ပဲ"

ကျန်းချန်က ခဏမျှစဥ်းစားပြီးမှ ပြောလိုက်သည်။

ဟင်းလင်းပြင်လှေသည် ပျံသန်းမှု အရှိန်အဟုန် လုံလောက်သရွေ့ အချို့သော နေရာလွတ်သတ္တဝါများ၏ တိုက်ခိုက်မှုများသည် အရာထင်တော့မည် မဟုတ်ချေ။

"ဒီလုပ်ဆောင်ချက်လောက်ပဲ လိုအပ်တယ် ဆိုရင်တော့ သိပ်အလုပ်မရှုပ်ဘူး.. ဟင်းလင်းပြင်လှေကို အဆင့်မြှင့်တင်ဖို့က အကြာဆုံး လဝက်လောက်အတွင်း ပြီးစီးနိုင်ပါတယ်"

ဟင်းလင်းပြင်လှေ တည်ဆောက်ပြုပြင်သူက ပြုံးရွှင်စွာ ပြောလိုက်သည်။

"ညီငယ်လေး မင်းအရင်ဆုံး စရံသတ်ထားပေးပါ.. လဝက်ကြာရင် မင်းင့ါဆီ ဟင်းလင်းပြင်လှေကို လာယူနိုင်တယ်"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး အဆင့်နိမ့်နတ်ခရစ္စတယ် ၁၀သန်းကို စရံအဖြစ် ပေးချေလိုက်သည်။

ဤခန်းမသည် ထာဝရဘုရားကျောင်း၏ တရားဝင်ခန်းမ ဖြစ်သောကြောင့် ကျန်းချန်သည် လိမ်လည်ခံရမည်ကို စိတ်ပူစရာမလိုအပ်ဘဲ ယုံကြည်မှုရှိစွာ အလုပ်အပ်နိုင်ခဲ့သည်။

ထို့နောက်တွင် ကျူးရှင်းယွီတို့အဖွဲ့သည် သူတို့၏ ပျက်စီးသွားသော ရွှေရောင်လှေကို ပြုပြင်ရန် ထုတ်ယူလိုက်ကြသည်။

သို့သော်လည်း သူတို့သည် ဟင်းလင်းပြင်လှေ၏ ပျက်စီးသွားသော အစိတ်အပိုင်းကိုသာ ပြုပြင်ခဲ့ကြ၏။

အကြောင်းအရင်းမှာ ဟင်းလင်းပြင်လှေကို အဆင့်မြှင့်တင်ခြင်းသည် အနည်းဆုံး အဆင့်နိမ့်ခရစ္စတယ် သန်း၁၀၀ လိုအပ်သောကြောင့်ပင်။

ကျူးရှင်းယွီက နယ်မြေနတ်ဘုရား အင်အားစုမှ ဖြစ်သော်လည်း ဤမျှ များပြားလှသော နတ်ခရစ္စတယ်များကို ထုတ်သုံးရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

ဟင်းလင်းပြင်လှေ၏ ကိစ္စများကို ဖြေရှင်းပြီးနောက်တွင် ကျန်းချန်တို့အဖွဲ့သည် ခန်းမထဲကနေ ထွက်ခွာလာခဲ့ကြပြီး ထာဝရဘုရားကျောင်းတွင် လဝက်ခန့်နေထိုင်ရန် နေရာတစ်ခုကို ရှာဖွေကာ ဟင်းလင်းပြင်လှေ၏ အဆင့်မြှင့်တင်မှုနှင့် ပြန်လည်ပြုပြင်မှု တို့ကို စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။

အခန်း(၁၇၃၅)ပြီး၏။

အခန်း(၁၇၃၆)

ခန်းမထဲမှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်တို့အဖွဲ့သည် ထာဝရဘုရားကျောင်းပတ်ဝန်းကျင်နှင့် ခဏမျှ လှည့်လည်ခဲ့ကြသည်။

မကြာမီမှာပင် သူတို့အဖွဲ့သည် ကြီးမားသော လေးထောင့်ပုံစံ ရှိသည့် ကွင်းပြင်းတစ်ခု ဆီသို့ ရောက်ရှိလာခဲ့၏။

ဧရာမကွင်းပြင်သည် မိုင်ရာပေါင်းများစွာ ကျယ်ဝန်းပြီး အလယ်တွင် ကြီးမားသော တိုက်ခိုက်ရေးကွင်း တစ်ခုနှင့် ပရိသတ် ထိုင်ခုံများစွာ ရှိ၏။

လက်ရှိအချိန်တွင် ပရိသတ်များဖြင့် အလွန်တရာ စည်းကားနေခဲ့ပြီး လူ၁၀၀၀နီးပါးသည် ထိုနေရာ၌ စုဝေးနေကြသည်။

အလယ်ရှိ တိုက်ခိုက်ရေးကွင်းပေါ်တွင် လူနှစ်ဦးသည် တိုက်ခိုက်နေခဲ့ကြ၏။

ထိုနှစ်ဦး၏ အရှိန်အဝါအရ ၎င်းတို့သည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

"ဒါက ထာဝရဘုရားကျောင်းရဲ့ တိုက်ခိုက်ရေးကွင်းပဲ.. ထာဝရဘုရားကျောင်းရဲ့ အခြားနေရာတွေမှာ တိုက်ခိုက်တာကို တားမြစ်ထားပေမဲ့ တိုက်ခိုက်ရေးကွင်းကတော့ တိုက်ခိုက်နိုင်တဲ့ တစ်ခုတည်းသောနေရာပဲ.. သေခြင်းရှင်ခြင်းတိုက်ပွဲတွေကို ဒီတိုက်ခိုက်ရေးကွင်းမှာပဲ ကျင်းပကြတယ်.. ဒါ့အပြင် တိုက်ခိုက်ရေးကွင်းက ထာဝရဘုရားကျောင်းရဲ့ အဖွဲ့ဝင်ခေါ်ယူဖို့ အတွက် အကဲဖြတ်မှု တစ်ခုလည်း ဖြစ်တယ်"

ကျူးချင်း၏ ရှင်းပြသံက ကျန်းချန်၏နားထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထိုရှင်းပြမှုကို ကြားပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းများတွင် အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။

"ထာဝရဘုရားကျောင်းရဲ့ အဖွဲ့ဝင်အကဲဖြတ်မှုက တိုက်ခိုက်ရေးကွင်းနှင့် သက်ဆိုင်နေတာလား"

"အမှန်ပဲ"

ကျူးချင်းက ခေါင်းညိတ်ကာ ရယ်မောလိုက်သည်။

"ယေဘုယျအားဖြင့်တော့ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတွေက တိုက်ခိုက်ရေးကွင်းမှာ ၁၀ပွဲ ဆက်တိုက် အနိုင်ရရှိရင် ထာဝရဘုရားကျောင်းရဲ့ အဖွဲ့ဝင် ဖြစ်ခွင့်ရှိတယ်"

ထာဝရဘုရားကျောင်းသည် ထာဝရဟင်းလင်းပြင်တွင် တည်ဆောက်ထားပြီး ထာဝရဟင်းလင်းပြင်တွင် ခရီးသွားလာကြသော နယ်မြေအားလုံးမှ ပါရမီရှင်များကို သိမ်းသွင်းလေ့ရှိသည်။

သို့သော်လည်း နယ်မြေနတ်ဘုရားအဆင့် အင်အားစုထက် နိမ့်ကျသော အင်အားစုမှ လာသော ကျင့်ကြံသူ သို့မဟုတ် နောက်ကွယ်တွင် အင်အားစုမရှိသော ကျင့်ကြံသူများကိုသာလျှင် ထာဝရဘုရားကျောင်းသည် အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။

နယ်မြေနတ်ဘုရား အဆင့်အောက်ရှိ အင်အားစုများသည် ထာဝရဘုရားကျောင်း အတွက် ပုရွက်ဆိတ်များ၏ တည်ရှိမှုနှင့် မခြားနားပေ။

ထို့ကြောင့် ထိုအင်အားစုများမှ ပါရမီရှင်များကို သိမ်းသွင်းခြင်းသည် ထာဝရဘုရားကျောင်းအတွက် ထိခိုက်မှုရှိမည် မဟုတ်ပေ။

အကယ်၍ နယ်မြေနတ်ဘုရားအင်အားစုများမှ ကျင့်ကြံသူများကိုသာ သိမ်းသွင်းမိသော် ထာဝရဘုရားကျောင်း၏ စွမ်းအားဖြင့် မည်သည့် နယ်မြေနတ်ဘုရားအဆင့် အင်အားစုကိုမျှ မကြောက်ရွံ့လျှင်ပင် နယ်မြေနတ်ဘုရားအဆင့်အင်အားစုများစွာ၏ ပါရမီရှင်များစွာကို သိမ်းသွင်းမိသည်နှင့် တစ်ပြိုင်နက် နတ်ဘုရားနယ်မြေရှိ နယ်မြေနတ်ဘုရားအင်အားစုများကို စိန်ခေါ်သလို ဖြစ်သွားပေလိမ့်မည်။

ထိုသို့ဖြစ်သွားခဲ့လျှင် ထာဝရဘုရားကျောင်းသည် နတ်ဘုရားနယ်မြေရှိ နယ်မြေနတ်ဘုရား အင်အားစုအားလုံး၏ ရန်သူ ဖြစ်လာလိမ့်မည် မဟုတ်ပါလား။

ထာဝရဘုရားကျောင်း၏ စွမ်းအားက နက်ရှိုင်းသော်လည်း နတ်ဘုရားနယ်မြေ ၃၀၀၀၏ ရန်သူ ဖြစ်လာရန်အထိ ရူးမိုက်မှုမရှိပေ။

"ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦးက တိုက်ခိုက်ရေးကွင်းမှာ ၁၀ပွဲ ဆက်တိုက် အနိုင်ရရင် ဘယ်လို အကျိုးကျေးဇူးတွေရှိလဲ"

ကျန်းချန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"၁၀ပွဲဆက်တိုက် အနိုင်ရရှိမယ်ဆိုရင် ထာဝရဘုရားကျောင်းဆီကနေ ဆုလာဘ်များစွာ ရရှိမဲ့အပြင် ထာဝရဘုရားကျောင်းရဲ့ အထူးဧည့်သည်လည်း ဖြစ်လာနိုင်မယ်..ဒါ့အပြင် အခွင့်အရေးတချို့နဲ့ အထူးခံစားခွင့်တွေလည်း ရရှိခံစားနိုင်လိမ့်မယ်.. ထာဝရဘုရားကျောင်းမှာ ငါတို့ အခု ရရှိထားတဲ့ ကြေးတံဆိပ်ပြား အပြင် ငွေတံဆိပ်ပြား၊ ရွှေတံဆိပ်ပြားနဲ့ အထွတ်အမြတ် တံဆိပ်ပြားတွေလည်း ရှိသေးတယ်.. ထာဝရဘုရားကျောင်းမှာရှိတဲ့ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုချင်ရင် မြင့်မားတဲ့ ကုန်ကျစရိတ်ကို လိုအပ်တဲ့အပြင် အနည်းဆုံး ငွေအဆင့် တံဆိပ်ပြား ရှိဖို့လည်း လိုအပ်လိမ့်မယ်"

ကျူးချင်းက သူသိထားသလောက်ကို ပြောပြလိုက်သည်။

"ထာဝရဘုရားကျောင်းရဲ့ ဧည့်သည်တော် ဖြစ်လာခဲ့ရင် နတ်ဘုရင်အဆင့် အင်အားစုတွေတောင် တော်ရုံ မထိပါးဝံ့တော့ဘူး"

ကျူးချင်း၏ စကားကိုကြားလျှင် ကျန်းချန်သည် ထာဝရဘုရားကျောင်း၏ အထူးတံဆိပ်ပြားကို ရယူလိုချင်လာခဲ့သည်။

နတ်ဘုရားနယ်မြေရှိ ထာဝရ ဟင်းလင်းပြင် များစွာတွင် ထာဝရဘုရားကျောင်းများသည် ပျံ့နှံ့စွာ တည်ရှိနေ၍ ထာဝရဘုရားကျောင်းမှ အထူးတံဆိပ်ပြားကို ရရှိလျှင် သူ့အနေဖြင့် အခွင့်အရေးများ ရရှိနိုင်ပေသည်။

နယ်မြေနတ်ဘုရား များစွာသည် ထာဝရဘုရားကျောင်း၏ ဧည့်သည်များ ဖြစ်လာရန်အတွက် ထာဝရဘုရားကျောင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထူထောင်ခဲ့ကြသည်။

ထိုသို့ ကြီးမားသော ဆက်ဆံရေး ကွန်ရက်ကြောင့်လည်း ထာဝရဘုရားကျောင်း၏ စွမ်းအားသည် အလွန်တရာအစွမ်းထက်နေခဲ့ပြီး နတ်ဘုရင်အဆင့် အင်အားစုများပင် မထိရဲခြင်း ဖြစ်နိုင်လောက်ပေသည်။

"ကျွန်တော်တို့ သွားကြည့်ကြရအောင်"

ကျန်းချန်က သူ့ရှေ့မှ ကွင်းပြင်ကို ကြည့်ကာ စိတ်ဝင်စားမှုတချို့ ရှိခဲ့သည်။

သူက ထာဝရဘုရားကျောင်းသို့ မဝင်ရောက်ချင်သော်လည်း ငွေရောင် တံဆိပ်ပြားကို ရရှိလျှင် အလွန်ပင် ကောင်းမွန်သော ကိစ္စ ဖြစ်လာလိမ့်မည် မဟုတ်ပါလော။

မည်သို့ပင်ဖြစ်စေကာမူ ထာဝရဘုရားကျောင်း၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုရန်အတွက် နတ်ခရစ္စတယ်များစွာ အကုန်အကျ ခံနိုင်လျှင်ပင် အနည်းဆုံး ငွေအဆင့် တံဆိပ်ပြား ရှိရမည် မဟုတ်ပါလား။

"ကောင်းပြီ"

ကျူးချင်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။

"မိတ်ဆွေလေးကျန်းချန်ရဲ့ ပါရမီနဲ့ဆိုရင် ငွေအဆင့်တံဆိပ်ပြားရရှိဖို့က ပြဿနာကြီးကြီးမားမား မရှိလောက်ပါဘူး"

သူတို့အဖွဲ့က ထာဝရဘုရားကျောင်း၏ ကွင်းပြင်ဆီသို့ လျင်မြန်စွာပင် သွားခဲ့ကြသည်။

ဤနေရာက နယ်မြေနတ်ဘုရားများ ဖန်တီးထားသော သီးခြားနေရာလွတ်တစ်ခု ဖြစ်၍ ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားပင်လျှင် ဤနေရာကို အနည်းငယ်မျှ ပျက်စီးစေရန်ပင် ခက်ခဲလိမ့်မည် ဖြစ်၏။

ကွင်းပြင်၏ အဝင်ဝတွင် ထာဝရဘုရားကျောင်းမှ အစောင့်နှစ်ဦး ရှိနေခဲ့သည်။

ကွင်းပြင်ထဲသို့ ဝင်ရောက်လိုလျှင် အဆင့်နိမ့် နတ်ခရစ္စတယ် ၁၀၀၀၀ကို ဝင်ကြေးအဖြစ် ပေးဆောင်ရမည် ဖြစ်၏။

ကျန်းချန်တို့ အဖွဲ့က ဝင်ကြေးကို ပေးဆောင်ခဲ့ပြီးနောက်တွင် ကွင်းပြင်ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။

ကွင်းပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် အော်ဟစ်သံများသည် သူတို့၏ နားထဲကို တိုက်ရိုက်ပင် ရိုက်ခတ်လာခဲ့၏။

"ဟားဟား ရွှေရောင်ဆံပင်နဲ့ကောင်‌လေး ရှုံးတော့မယ်ကွ.. ငါနောက်ဆုံးတော့ မှန်ကန်တဲ့ဘက်ကနေ လောင်းကြေးထပ်နိုင်ခဲ့ပြီ"

"လခွမ်း.. ရွှေရောင်ဆံပင်နဲ့ကောင်လေးရဲ့ ကျင့်ကြံခြင်းအဆင့်က အပြာရောင်ဝတ်စုံဝတ် လူငယ်ထက် ပိုမြင့်မားပြီး ဘာလို့ရှုံးနိမ့်နေရတာလဲ.. ငါ့ရဲ့အဆင့်နိမ့်နတ်ခရစ္စတယ် ၁သန်းက ဒီပုံအတိုင်းဆို ဆုံးရှုံးသွားတော့မှာပဲ"

"................"

ကျန်းချန်က တိုက်ခိုက်ရေးကွင်းပြင်ဆီသို့ ကြည့်လိုက်ရာ ရွှေရောင်ဆံပင်နှင့်ကောင်လေးသည် မျက်နှာချင်းဆိုင်မှ အပြာရောင်ဝတ်စုံဝတ် လူငယ်၏ အသာစီးရယူခြင်းအား ခံထားရသည်ကို တွေ့ရှိခဲ့သည်။

ထိုနှစ်ဦးစလုံးသည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။

အထူးသဖြင့် ရွှေရောင်ဆံပင်နှင့် ကောင်လေး၏ ကျင့်ကြံခြင်းအဆင့်သည် အနည်းငယ် ပိုမိုမြင့်မားသည်။

သို့သော်လည်း အပြာရောင်ဝတ်စုံဝတ် လူငယ်၏ ပါရမီနှင့်နောက်ခံသည် ရွှေရောင်ဆံပင်နှင့် ကောင်လေးထက် သိသာစွာပင် ပိုမို မြင့်မားနေခဲ့၏။

တိုက်ကွက် ၁၀ကွက် မပြည့်မီမှာပင် ထိုရွှေရောင်ဆံပင်နှင့်ကောင်လေးသည် အရေးနိမ့်သွားမည်ဟု သူခန့်မှန်းမိခဲ့သည်။

"အကြီးအကဲကျူး.. ဒီမှာ အလောင်းအစား လုပ်လို့ ရလောက်မယ်ထင်တယ်"

ကျန်းချန်က စင်ပေါ်တွင် တိုက်ခိုက်နေသော နှစ်ဦးကို ခဏမျှ အကဲခတ်ပြီးနောက်တွင် ၎င်းတို့အား လျစ်လျူရှုခဲ့ပြီး ကျူးချင်းကို စူးစမ်းစွာ မေးလိုက်သည်။

"ရတာပေါ့.. တိုက်ခိုက်ရေးကွင်းက တိုက်ပွဲတိုင်းကို စိတ်ကြိုက်လောင်းလို့ ရတယ်"

ကျူးချင်းက ပြုံး၍ ပြောလိုက်သည်။

"လောင်းကစားက ထာဝရဘုရားကျောင်းမှာ နတ်ခရစ္စတယ်တွေကို ရရှိဖို့အတွက် နည်းလမ်းတစ်ခု ဖြစ်ပေမဲ့ အများစုကတော့ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားခဲ့ကြတယ်"

ထာဝရဘုရားကျောင်းသည် တိုက်ခိုက်ရေးကွင်းထဲတွင် တိုက်ပွဲဝင်မည့် သူများကို အကဲဖြတ်လေ့ ရှိသည်။

သူတို့ရဲ့ အကဲဖြတ်မှုသည် ယေဘုယျအားဖြင့် အမှားအယွင်းမရှိပေ။

မှန်ပါသည်။ ထာဝရဘုရားကျောင်း၏ အကဲဖြတ်မှုသည် အမှားအယွင်း လုံးဝ မရှိသည်တော့ မဟုတ်ပေ။

တိုက်ခိုက်ရေးကွင်းထဲတွင် မှန်းချက်နှင့် မကိုက်သော အခြေအနေများလည်း ရှိတတ်ပြီး ထိုကဲ့သို့သော အခြေအနေများသည် အလောင်းအစားလုပ်သူ တချို့ကို ငွေများစွာ ရရှိစေတတ်၏။

"လောင်းကြေးထပ်ပြီးတော့ နတ်ခရစ္စတယ် တချို့ကို ရှာဖွေနိုင်တော့မယ် ထင်တယ်"

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့ပြီး သူ၏ နှုတ်ခမ်းထောင့်က ကွေးညွတ်သွားခဲ့၏။

ရှေးဟောင်းနဂါးမျိုးနွယ်စုတွင် ရှိစဥ်က ကျန်းချန်သည် နတ်ခရစ္စတယ်များကို ဂရုမစိုက်ခဲ့ပေ။

သို့သော်လည်း နတ်ခရစ္စတယ်သည် နတ်ဘုရားနယ်မြေတွင် မရှိမဖြစ် လိုအပ်သောအရာမှန်း သူ နားလည်လာခဲ့သည်။

ဟင်းလင်းပြင်လှေကို အဆင့်မြှင့်တင်ရန် အတွက် သူက အဆင့်နိမ့် နတ်ခရစ္စတယ် သန်း၁၀၀အထိ သုံးစွဲခဲ့ရ၍ သူ့တွင် နတ်ခရစ္စတယ် ၁၀သန်းသာ ကျန်ရှိတော့သည်။

ယခုအခါ သူက တိုက်ခိုက်ရေးကွင်းထဲတွင် ပြိုင်ပွဲဝင်ကာ သူ့ကိုယ်သူ အလောင်းအစားလုပ်ရန် ရည်ရွယ်ခဲ့၏။

ဤသို့ဖြင့် သူသည် ထာဝရဘုရားကျောင်းကနေ နတ်ခရစ္စတယ်အများအပြားကို ရရှိနိုင်လိမ့်မည် မဟုတ်ပါလော။

အခန်း(၁၇၃၆)ပြီး၏။

အခန်း(၁၇၃၇)

"ရီရွှေယွင် ၆ပွဲဆက်တိုက် အနိုင်ရတယ်"

ကျန်းချန်က တိတ်တဆိတ် စဥ်းစားနေစဥ်မှာပင် ရွှေရောင်ဆံပင်နှင့် ကောင်လေးကို အပြာရောင်ဝတ်စုံဝတ် ကောင်လေးက အနိုင်ယူလိုက်ပြီး အကဲဖြတ်ဒိုင် တစ်ဦးက ရလဒ်ကို တိုက်ရိုက်ပင် ကြေညာလိုက်သည်။

လောင်းကြေးအနိုင်ရသူများက ပျော်ရွှင်ကြပြီး ရှုံးနိမ့်သူများက စိတ်ပျက်ခဲ့ကြသည်။

အပြာရောင်ဝတ်စုံဝတ် လူငယ် ရီရွှေယွင် ၆ပွဲ ဆက်တိုက် အောင်ပွဲ ရရှိမည်ဟု လောင်းထားသောသူများသည် စိတ်လှုပ်ရှားနေခဲ့ကြသည်။

ရွှေရောင်ဆံပင်နှင့် ကောင်လေးဘက်ကနေ လောင်းထားသောသူ တချို့ကမူ စိတ်ပျက်ကာ ညည်းညူနေခဲ့ကြ၏။

"ရီရွှေယွင်က အရမ်း အစွမ်းထက်တာပဲ.. ဒီအတိုင်းဆိုရင် ၇ပွဲဆက်တိုက် အနိုင်ရလိမ့်မယ်ထင်တယ်.. ငါ့ရဲ့ အဆင့်နိမ့် နတ်ခရစ္စတယ် ၁သန်းကို ရီရွှေယွင် ၈ပွဲဆက်တိုက် အောင်ပွဲ ရမယ်လို့ လောင်းကြေး ထပ်ထားတယ်.. နောက်ထပ်၂ပွဲနိုင်တာနဲ့ ငါပွပေါက်တိုးပြီ"

"..........."

ပြိုင်ပွဲကို ကြည့်ရှုသူများသည် စတင်၍ လောင်းကြေးထပ်ခဲ့ကြသည်။

တိုက်ခိုက်ရေးကွင်းမှ ကျင့်ကြံသူသည် မရှုံးနိမ့်သရွေ့ ဆက်တိုက်ဆိုသလို တိုက်ခိုက်ရပြီး ပြိုင်ဘက်ကို အနိုင်ယူပြီးနောက်တွင် ပိုမို အစွမ်းထက်သော နောက်ထပ်ပြိုင်ဘက်နှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။

ယေဘုယျအားဖြင့် ၇ပွဲဆက်တိုက် အောင်ပွဲအတွက်လောင်းထားလျှင် လောင်းကြေးကို ငါးဆတစ်ဆ ရရှိမည် ဖြစ်၏။

တစ်နည်းအားဖြင့် ရီရွှေယွင်က ၇ပွဲဆက်တိုက် အောင်ပွဲရရှိမည်ဟု လောင်းကြေးထပ်ထားသရွေ့ ရီရွှေယွင် အနိုင်ရခဲ့လျှင် လောင်းကြေးထပ်ထားသော ငွေကြေး၏ ၅ဆကို ရရှိနိုင်မည်ဖြစ်သည်။

၈ပွဲဆက်တိုက် အောင်ပွဲရမည်ဟု လောင်းကြေးထပ်ထားပြီး ရီရွှေယွင်က အနိုင်ရခဲ့လျှင်မူ ပိုမို များပြားသော ငွေကြေးများကို ရရှိနိုင်မည် ဖြစ်၏။

အထူးသဖြင့် ၁၀ပွဲဆက်တိုက် အောင်ပွဲအတွက် လောင်းကြေးထပ်ထားလျှင် အဆတစ်ရာထိ ရရှိမည် ဖြစ်သည်။

၁၀ပွဲဆက်တိုက် အောင်ပွဲ အတွက် ရရှိမည့် ပမာဏက အလွန်တရာပင် ကြောက်မက်ဖွယ် ကောင်းသော်လည်း ယေဘုယျအားဖြင့် ရီရွှေယွင်က ၁၀ပွဲဆက်တိုက် အောင်ပွဲရမည်ဟု လောင်းကြေးထပ်ရန် မည်သူမှ သတ္တိမရှိကြချေ။

မည်သို့ပင်ဖြစ်စေကာမူ တိုက်ခိုက်ရေးကွင်းတွင် ၁၀ပွဲဆက်တိုက် အောင်ပွဲရရန်သည် အလွန်ခက်ခဲသော အရာ တစ်ခုဖြစ်သည်။

ဤတိုက်ခိုက်ရေးကွင်းတွင် နှစ်ပေါင်းများစွာအတွင်း ၁၀ပွဲဆက်တိုက် အောင်ပွဲ ရရှိသော ပါရမီရှင် မရှိခဲ့ပေ။

ထို့ကြောင့် ၁၀ပွဲဆက်တိုက် အောင်ပွဲ အတွက် လောင်းကြေးထပ်ခြင်းသည် ရှုံးနိမ့်မှုကိုသာ ဖြစ်စေပေလိမ့်မည်။

"အကြီးအကဲကျူး.. ဒီတိုက်ခိုက်ရေးကွင်းရဲ့စည်းမျဥ်းတွေက ဘယ်လိုလဲ.. ကျွန်တော် ပြိုင်ပွဲဝင်ချင်ရင် ဘယ်ကိုသွားရမလဲ"

ကျန်းချန်က သူ့နံဘေးရှိ ကျူးချင်းကို ကြည့်ကာ မေးလိုက်သည်။

သူက ကိုယ်တိုင် ဝင်ပြိုင်ချင်ခဲ့ပြီး ၁၀ပွဲ ဆက်တိုက် အောင်ပွဲအတွက် လောင်းကြေးထပ်ရန် ဆုံးဖြတ်ထားခဲ့သည်။

"တိုက်ခိုက်ရေးကွင်းမှာ တိုက်ခိုက်ဖို့အတွက် ထာဝရဘုရားကျောင်းက လူတွေက စာရင်းသွင်းဖို့ တာဝန်ယူထားတယ်.. စာရင်းသွင်းပြီးတာနဲ့ ကိုယ့်အလှည့်ကို စောင့်နေလိုက်ရုံပဲ.. မင်းရဲ့ အလှည့်ရောက်ရင် ယှဥ်ပြိုင်လို့ရပြီ"

ကျူးချင်းက ပြုံး၍ ပြောလိုက်သည်။

"တိုက်ခိုက်ရေးကွင်းရဲ့ စည်းမျဥ်းတွေက အရမ်းရိုးရှင်းပါတယ် ဥပမာအားဖြင့် ၁၀ပွဲဆက်တိုက် အောင်ပွဲ ရရှိဖို့အတွက် အဆင့်တူပြိုင်ဘက် ၁၀ဦးကို ဆက်တိုက် အနိုင်ရယူဖို့ပဲ လိုအပ်တယ်"

"ဒါဆိုလည်း ကျွန်တော် စာရင်းသွားသွင်းလိုက်တော့မယ်"

ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။

ဤတိုက်ခိုက်ရေး ကွင်းပြင်၏ စိန်ခေါ်မှုသည် ရွှေနဂါးမြို့၏ နဂါးမျှော်စင်မှ စိန်ခေါ်မှုနှင့် အနည်းငယ် ဆင်တူသည်။

ထို့အပြင် တိုက်ခိုက်ရေးကွင်းပြင်၏ စိန်ခေါ်မှုတွင် ရင်ဆိုင်ရမည့် ပြိုင်ဘက်များကို အဆင့်တူ အတွင်းသာ ကန့်သတ်ထားခဲ့သည်။

အဆင့်တူအတွင်းသာ ရင်ဆိုင်ရမည်ဆိုလျှင် ကျန်းချန်သည် မည်သူ့ကိုမှ ဂရုစိုက်နေမည် မဟုတ်ပေ။

မဟာမြေရိုင်းနယ်မြေရှိ ထိပ်တန်းပါရမီရှင်များကိုပင် အဆင့်တူအတွင်း ရင်ဆိုင်ရမည်ဆိုလျှင် ကောင်းစွာရင်ဆိုင်နိုင်မည်ဟု သူယုံကြည်ခဲ့၏။

"ကောင်းပါပြီ"

ကျုးချင်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။

ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်ဘုရားတတိယအဆင့်တွင်သာ ရှိသော်လည်း ပဉ္စမအဆင့်ကောင်းကင်နတ်ဘုရားများကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိနေခဲ့သည်။

ကျန်းချန်၏ စွမ်းရည်ဖြင့်ဆိုလျှင် အဆင့်တူအတွင်း ပြိုင်ဘက်ကင်း ဖြစ်သောကြောင့် ဤတိုက်ခိုက်ရေးကွင်းတွင် ၁၀ပွဲဆက်တိုက် အနိုင်ရရှိရန်သည် အလွယ်လေးပင် မဟုတ်ပါလော။

သူတို့သာ ကျန်းချန်ဘက်ကနေ လောင်းကြေးထပ်ခဲ့လျှင် နတ်ခရစ္စတယ် အများအပြားကိုပင် အချိန်တန်လျှင် ရရှိနိုင်ဦးမည် ဖြစ်သည်။

သူတို့လူစုက ချက်ချင်းဆိုသလိုပင် စာရင်းသွင်းသည့် ဌာနသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

"တိုက်ခိုက်ရေးကွင်းမှာ ယှဥ်ပြိုင်ချင်တဲ့သူက ဘယ်သူလဲ"

စာရင်းသွင်းခြင်းကို တာဝန်ယူထားသော အဘိုးအိုတစ်ယောက် ကျန်းချန်တို့ အဖွဲ့ကို ပြုံးရွှင်စွာကြည့်၍ မေးလိုက်သည်။

ကျန်းချန်က အပိုစကားများ မပြောတော့ဘဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။

"တိုက်ခိုက်ရေးကွင်းမှာ ယှဥ်ပြိုင်ချင်တာက ကျွန်တော်ပါ.. ၁၀ပွဲဆက်တိုက် အောင်ပွဲ စိန်ခေါ်မှု အတွက် စာရင်းသွင်းချင်ပါတယ်.. ဘယ်လောက်အထိ ကြာကြာစောင့်ရမလဲဆိုတာ သိပါရစေ"

"၁၀ပွဲဆက်တိုက် အောင်ပွဲအတွက် စိန်ခေါ်ချင်တယ်ဆိုရင်တော့ မင်းကို ဦးစားပေးပြီးစီစဥ်ပေးမယ်...ရီရွှေယွင်ရဲ့ စိန်ခေါ်မှု ပြီးဆုံးတာနဲ့ မင်းတိုက်ခိုက်ရေးကွင်းပြင်ထဲ ဝင်လို့ရပြီ"

ထိုစကားကိုပြောရင်း အဘိုးအို၏ မျက်ဝန်းများသည် အနည်းငယ် လင်းလက်လာခဲ့သည်။

"စာရင်းသွင်းဖို့က မင်းရဲ့နာမည်နဲ့ ကျင့်ကြံခြင်းအဆင့်ကို ထားခဲ့ဖို့ပဲ လိုအပ်တယ်"

တိုက်ခိုက်ရေးကွင်းတွင် ဆက်တိုက် အောင်ပွဲအတွက် စိန်ခေါ်ခြင်းသည် အမြဲတစေ လူကြိုက်အများဆုံး စိန်ခေါ်ပွဲ ဖြစ်ခဲ့သည်။

ထိုစိန်ခေါ်ပွဲများတွင် စိတ်ကြိုက်ပမာဏကို အလောင်းအစားလုပ်ခွင့် ရှိသည်။

ဆက်တိုက် အောင်ပွဲအတွက် စိန်ခေါ်မှုတိုင်းတွင် တိုက်ခိုက်ရေးကွင်းသည် ငွေများစွာကို ရရှိလိမ့်မည် ဖြစ်၏။

ယခုအခါတွင် လူငယ်ပါရမီရှင် တစ်ဦးက ဆက်တိုက် အောင်ပွဲအတွက် စိန်ခေါ်ရန် စာရင်းလာသွင်းနေသောကြောင့် စာရင်းဌာနကို တာဝန်ယူထားသော အဘိုးအိုသည် အလွန်ယဥ်ကျေးပျူဌာစွာ ဆက်ဆံခဲ့သည်။

ကျန်းချန်က တုံ့ဆိုင်းမနေဘဲ သူ၏နာမည်နှင့် ကျင်ကြံခြင်းအဆင့်ကို တစ်ခါတည်း အစီအရင်ခံလိုက်သည်။

ကျန်းချန်က စိန်ခေါ်ပွဲအတွက် စာရင်းသွင်းနေစဥ်မှာပင် ရီရွှေယွင်၏ ၇ပွဲမြောက်တိုက်ပွဲသည် စတင်ခဲ့သည်။

ယခုတစ်ကြိမ် ရီရွှေယွင် ရင်ဆိုင်ရသော လူငယ်မှာ ချောမောသော လူငယ်တစ်ဦး ဖြစ်သည်။

ထိုလူငယ်သည် အပေါ်ယံကြည့်လျှင် သာမန်ဟုသာ ထင်ရသော်လည်း ခန္ဓာကိုယ်တွင် ထုတ်လွှတ်နေသော အရှိန်အဝါသည် အလွန်တရာပင် အစွမ်းထက်ပြီး ရီရွှေယွင် ယခင်တိုက်ပွဲက ယှဥ်ပြိုင်ခဲ့သည့် ရွှေ‌ရောင်ဆံပင်နှင့် ကောင်လေးထက်ပင် သိသိသာသာ ပိုမို အစွမ်းထက်၏။

ရီရွှေယွင်က သူ့ရှေ့ရှိ ချောမောသော လူငယ်၏ စွမ်းအားကို ရှင်းလင်းစွာ ခံစားမိခဲ့ပြီး လက်ဦးမှုယူကာ တိုက်ခိုက်လိုက်သည်။

သို့သော်လည်း ချောမောသော လူငယ်သည် တည်ငြိမ်သောအမူအရာဖြင့်ပင် ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ အေးအေးလူလူဖြင့် ရီရွှေယွင်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနေခဲ့သည်။

တစ်ချိန်တည်းမှာပင် ချောမောသော လူငယ်ထံကနေ တောက်ပသော အပြာရောင်အလင်းများ ပေါက်ကွဲထွက်လာပြီးနောက်တွင် လူငယ်၏ ကျောဘက်၌ ရိုးရှင်းပြီး လျှို့ဝှက်ဆန်းကြယ်သော အပြာရောင်စာအုပ် တစ်အုပ် ဖြစ်ပေါ်လာခဲ့သည်။

ခဏအကြာတွင် အပြာရောင်စာအုပ်မှ မရေမတွက်နိုင်သော လျှို့ဝှက်ဆန်းကြယ် သင်္ကေတများ ပါဝင်သည့် စာမျက်နှာတစ်ခုသည် ရုတ်တရက် လွင့်စင်လာခဲ့သည်။

ထိုစာမျက်နှာသည် ကောင်းကင်ကိုပင် လှုပ်ခါနိုင်သောစွမ်းအားဖြင့် လေထဲတွင် လျင်မြန်စွာ ချဲ့ထွင်လာခဲ့ပြီး ကောင်းကင်နှင့်နေကိုပင် ဖုံးလွှမ်းနိုင်လောက်သည် အထိ ကြီးမားလာခဲ့ကာ ရီရွှေယွင်ကို ဖိနှိပ်လိုက်သည်။

"ဝုန်း.."

ရီရွှေယွင်၏ ခန္ဓာကိုယ်က တုန်ခါသွားခဲ့ပြီး မည်သည့် ခုခံမှုကိုမှ မပြုလုပ်နိုင်ခဲ့ဘဲ စာမျက်နှာဖြင့် ဖိနှိပ်ခံလိုက်ရ၏။

"ဖူး.."

ရီရွှေယွင်က ပါးစပ်ကနေ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရပြီး သွေးအလိမ်းလိမ်းဖြစ်ကာ တိုက်ခိုက်ရေးကွင်းကနေ လွင့်စင်သွားခဲ့သည်။

"ငါ့ရဲ့ တိုက်ကွက်တစ်ကွက်ကိုတောင် မတားဆီးနိုင်တဲ့ကောင်က တိုက်ခိုက်ရေးကွင်းမှာ ၁၀ပွဲဆက်တိုက်အောင်ပွဲ အတွက် မျှော်လင့်နေသေးတယ်လား"

ချောမောသောလူငယ်က ရီရွှေယွင်ကို တစ်ချက် လှမ်းကြည့်ကာ ရေရွတ်လိုက်ပြီးနောက်တွင် တိုက်ခိုက်ရေးကွင်းထဲကနေ ထွက်ခွာသွားခဲ့သည်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ရီရွှေယွင်က စက္ကန့်ပိုင်းအတွင်း ဒီလိုပဲ ရှုံးနိမ့်သွားခဲ့တယ်လား"

"လခွမ်းပဲ.. ရီရွှေယွင်ဆိုတဲ့ မေဘေးကြောင့် ငါ့ရဲ့ အဆင့်နိမ့် ခရစ္စတယ် သန်းပေါင်းများစွာ ဆုံးရှုံးလိုက်ရပြီ"

"............."

ရီရွှေယွင် ၁၀ပွဲဆက်တိုက် အောင်ပွဲ ရရှိမည်ဟု လောင်းကြေးထပ်ထားသူများနှင့် ၈ပွဲဆက်တိုက် အောင်ပွဲ ရရှိမည်ဟု လောင်းကြေးထပ်ထားသော ပတ်ဝန်းကျင်မှ ပရိသတ်များသည် စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူလိုက်ကြသည်။

"ဒီလူရဲ့ နတ်ခန္ဓာပုံရိပ်က သာမန် မဟုတ်ဘူး"

တိုက်ခိုက်ရေးကွင်းထဲကနေ ထွက်ခွာသွားသော ချောမောသော လူငယ်၏ နောက်ကျောကို ငေးကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရီရွှေယွင်သည် တိုက်ခိုက်ရေးကွင်းတွင် ၆ပွဲဆက်တိုက် အနိုင်ရခဲ့၍ ရီရွှေယွင်၏ ပါရမီသည် ထူးချွန်သည်ဟု ဆို၍ရသည်။

သို့သော်လည်း ဤချောမောသော လူငယ်သည် နတ်ခန္ဓာပုံရိပ်တစ်ခုတည်းဖြင့်ပင် ရီရွှေယွင်ကို စက္ကန့်ပိုင်းအတွင်း အလွယ်တကူ အနိုင်ယူလိုက်သည်မှာ အမှန်တကယ်ပင် ထူးခြားနေခဲ့သည်။

နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ပြီးကတည်းပင် ကျန်းချန်သည် နတ်ခန္ဓာပုံရိပ် များစွာကို တွေ့မြင့်ခဲ့ရသော်လည်း စာအုပ်အဖြစ် စုစည်းထားသော နတ်ခန္ဓာပုံရိပ်ကို မတွေ့ခဲ့ဖူးပေ။

ထို့အပြင် ထိုစာအုပ်၏ စွမ်းအားသည် အလွန်တရာပင် အစွမ်းထက်ပြီး အနည်းဆုံး အင်ပါယာအဆင့်တွင် ရှိသည့် နတ်ခန္ဓာပုံရိပ် ဖြစ်နိုင်လောက်၏။

"ဒီရီရွှေယွင်ကို အနိုင်ယူခဲ့တဲ့လူငယ်က ထာဝရဘုရားကျောင်းရဲ့ ပါရမီရှင် ဖြစ်မယ်ထင်တယ်"

တိုက်ခိုက်ရေးကွင်းပြင်တွင် ဆက်တိုက် အောင်ပွဲ ရရှိမှုသည် ကြီးမာသော ဘုန်းကျက်သရေနှင့် ဆုလာဘ်များစွာကို ကိုယ်စားပြု၍ ထာဝရဘုရားကျောင်းသည် အလွယ်တကူရရှိစေမည် မဟုတ်ပေ။

"ပုံမှန်အားဖြင့်တော့ ၅ပွဲဆက်တိုက် အနိုင်ရရှိပြီးရင် ထာဝရဘုရားကျောင်းက စည်းမျဥ်းအောက်ကနေ စတင်လှုပ်ရှားလေ့ရှိတယ်.. သူတို့တွေက နိုင်ပွဲဆက်မှုကို ဟန့်တားဖို့အတွက် ပါရမီရှင်တွေကို စေလွှတ်ကြလိမ့်မယ်"

ကျူးချင်းက ကျန်းချန်ကို ခပ်တိုးတိုး ပြောလိုက်သည်။

"ဒီလိုကိုး"

ကျန်းချန်က အနည်းငယ် အံ့အားသင့်သွားခဲ့၏။

တိုက်ခိုက်ရေးကွင်းတွင် ၁၀ပွဲဆက်တိုက် အောင်ပွဲ ရရှိရန် မလွယ်ကူသည်မှာ အံ့သြစရာမရှိတော့ပေ။

ထာဝရဟင်းလင်းပြင်၏ အရှင်သခင် အနေဖြင့် ထာဝရဘုရားကျောင်းသည် ပါရမီရှင် များစွာကို ပိုင်ဆိုင်ထားခဲ့သည်။

ထို့ကြောင့် နယ်မြေနတ်ဘုရား အင်အားစု၏ ပါရမီရှင်များပင် ဤနေရာတွင် ၁၀ပွဲဆက်တိုက် အောင်ပွဲ ရရှိရန်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။

အခန်း(၁၇၃၇)ပြီး၏။

All Chapters