← Chapters

အထင်သေးသော

Vol. 50 Ch. 736

အထင်သေးသော

Vol. 50 Ch. 736

မည်သည့်နေရာဖြစ်ဖြစ် မည်သည့်အချိန်ဖြစ်ဖြစ် မိမိနေခဲ့သောနေရာအားမေ့ပစ်လိုက်လို့မရပေ။ ပိုမိုသန်မာလာခြင်းဖြင့်သာ လူတစ်ယောက်မှာ အခြားမျိုးနွယ်ခြားကျူးကျော်သူများထံမှအနိုင်ကျင့်မခံရမည်ဖြစ်သည်။

ဤကျူးကျော်သူများမှာ မည်သည့်အခါမှသက်ညှာမှုမရှိ‌ပေ။

"သခင် သခင်ဘယ်သွားသွား ရှောင်ယွီကသခင့်ကိုအမြဲတမ်းအားပေးနေမှာ"

ငှက်မွေးတစ်ထောင်ချပ်ဝတ်မှာ ဖားနေပေသည်။

အစောပိုင်းက သခင်ဖြစ်သူအားမှားယွင်းစွပ်စွဲမိ၍သခင်ဖြစ်သူမှာ သူ့အားထွက်သွားခိုင်းခဲ့ပေရာ ယခုအချိန်ထိပင် ကြောက်လန့်နေသေးပေသည်။ ပုံမှန်အားဖြင့် ကျိုးဟောင်မှာအလွယ်တကူဒေါသမထွက်ဝံ့ပေ။ နောက်ပိုင်းတွင် သခင်ဖြစ်သူမှာမှားယွင်းစွပ်စွဲခံရ၍ဒေါသထွက်ခြင်းဖြစ်ကြောင်းသိခဲ့ရပေသည်။

ယခုအချိန်တွင် ၎င်းမှာအလျင်အမြန်ပင်ဝင်ပြောကာ သူ၏သစ္စာရှိမှာအားပြသနေပေသည်။ ၎င်းသည်မည်သို့ပင်ဖြစ်စေ ဤဖားစုတ်ကဲ့သို့သခင်ဖြစ်သူအားပြန်လည်ငြင်းဆိုခြင်းပြုတော့မည်မဟုတ်ပေ။

၎င်းသည်စကားနားထောင်သောကလေးတစ်ယောက်သာ လုပ်ချင်ပေသည်။

ဖားမှာငှက်မွေးတစ်ထောင်ချပ်ဝတ်အားကြည့်ကာ စိတ်ပျက်လက်ပျက်ဖြစ်နေပေသည်။ ငှက်မွေးတစ်ထောင်ချပ်ဝတ်မှာ လိမ္မာပုံဖမ်းသည့်နေရာ၌ထူးချွန်မည်လို့သူ မထင်ထားခဲ့ပေ။ ယခု ၎င်း၏အပြုအမူများမှာဖားကိုပင်စတင်အကျိုးသက်‌ရောက်မှုရှိနေပြီဖြစ်သည်။

အကယ်၍ဖားသာ ၎င်းအားပညာမပေးပါက ထိုငှက်မွေးတစ်ထောင်ချပ်ဝတ်သည်ဘာကကောင်းမှန်း ဘာကဆိုးမှန်းသိမည်မဟုတ်ပေ။

"မင်းကျန်းလော့ဂြိုဟ်ရဲ့ တာဝန်အဆောက်အဦးကိုသွားပြီး တာဝန်တွေလက်ခံလို့ရပြီ"

ဖားမှာချက်ချင်းပင်ဤနေရာသို့လာရသည့်ရည်ရွယ်ချက်အား ထုတ်ပြောလိုက်သည်။

သူသည်ပုံရိပ်ယောင်လောကမည်မျှစွမ်းအားကြီးကြောင်းသိရရန် ကျိုးဟောင်အားဤနေရာသို့လာခိုင်းခဲ့ခြင်းမဟုတ်ပေ။ ဤနေရာတွင်အားလုံးရှိပေသည်။ မည်မျှမြင့်မားသည့်နည်းပညာဖြစ်စေကာမူ ဤပုံရိပ်ယောင်လောကတွင် အားလုံးရှိပေသည်။

ဤနေရာတွင်လိုချင်သမျှအားလုံးရှိပေသည်။

"ရှေ့ကိုမိုင် ၃၀၀လောက်လမ်းလျှောက်သွားလိုက်ပြီး ညာဘက်ချိုးပြီးရင်နောက်ထပ်မိုင် ၁ထောင်လောက်လမ်းထပ်လျှောက်သွားလိုက်"

ဖားမှာ တာဝန်အဆောက်အဦး၏တည်နေရာအတိအကျအားကျိုးဟောင်ကို တိကျသေချာစွာပြောပြလိုက်သည်။

တာဝန်များထမ်းဆောင်ခြင်းဖြင့် ဆုလာဘ်များရရှိနိုင်ပြီး ထိုဆုလာဘ်များဖြင့် ဤနေရာရှိအရာအားလုံးအားလဲလှယ်နိုင်ပေသည်။

ဖား၏လမ်းညွှန်စကားအားကြားသောအခါ ကျိုးဟောင်မှာမြေပြင်ပေါ်တွင်လှဲပြီးသေချင်စိတ်များပင်ပေါ်လာခဲ့သည်။

ထိုနေရာသည်တကယ်ပင်ဝေးလှပေသည်။

ထို့နောက်ကျိုးဟောင်မှာ 'မိုင်ပေါင်းတစ်ထောင်' ဟူသောသီချင်းကိုပင်တွေးမိသွားခဲ့သည်။

ဤလောကရှိအံ့သြစရာအကောင်းဆုံးအရာမှာ လူတစ်ယောက်သည်မာကျောနေသောမြေပြင်ပေါ်တွင်လမ်းလျှောက်စရာမလိုဘဲ လွယ်ကူစွာပျံသန်းလို့ရခြင်းပင်ဖြစ်သည်။

ဤအချက်သည် ကျိုးဟောင်အားအလွန်စိတ်သက်သာရာရစေပေသည်။

ကံကောင်းစွာဖြင့် ဤဖားစုတ်သည်သူ့အားမလိမ်ပေ။ မဟုတ်ပါက သူသည်ဤဖားအားသေချာပေါက်သင်ခန်းစာပေးမည်ဖြစ်သည်။

သိပ်မကြာခင်မှာပင် ကျိုးဟောင်မှာသူ့ရှေ့တွင်အလွန်ရှေးကျသည့်အိမ်တစ်လုံးပေါ်လာသည်ကိုမြင်လိုက်ရပြီး ရှေးခေတ်သို့‌ရောက်သွားသလိုပင်ခံစားလိုက်ရသည်။

သေချာကြည့်လိုက်ချိန်တွင် တာဝန်အဆောက်အဦးမှာအလွန်ကြီးကျယ်ခမ်းနားပြီး တန်ဖိုးကြီးရတနာများစွာဖြင့်အလှဆင်ထားပေသည်။ ဤရတနာများဤနေရာတွင်ရှိနေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်‌သော်ငြား မည်သူမှမကောင်းသည့်အကြံမျိုးနှင့်မကြံစည်ဝံ့ပေ။

ဤအချက်ကိုကြည့်ခြင်းဖြင့် တာဝန်အဆောက်အဦးတွင်လည်း စွမ်းအားကြီးသည့်ကျောထောက်နောက်ခံတစ်ခုရှိကြောင်းသိနိုင်ပေသည်။

ကျိုးဟောင်မှာ ဤအဆောက်အဦးအားသေချာကြည့်လေ ပိုမိုအံ့သြလာလေဖြစ်ကာ တစ်ဖက်အားဓားပြတိုက်မည့်သူ၏အတွေးမှာလည်း ချက်ချင်းပင်ပျောက်ကွယ်သွားခဲ့သည်။

ယခုလိုစွမ်းအားကြီးသည့်အရာတစ်ခုအတွက် သေချင်သည့်လူမဟုတ်ပါက မည်သူကမကောင်းသည့်အကြံဖြင့်ကြံစည်ဝံ့မည်နည်း။

တာဝန်လက်ခံရာနေရာများတွင် သေးငယ်သည့်ဒုံးကျည်များရှိနေပြီး စွမ်းအားမှာကမ္ဘာဂြိုဟ်‌ပေါ်ရှိနျူကလီးယားဗုံးများထက်ပင် ပိုမိုကြောက်မက်ဖွယ်ရာကောင်းပေသည်။ ၎င်းတို့၏တိကျမှုနှုန်းမှာမြင့်မားပြီး အချိန်မရွေးသုံးနိုင်ပေသည်။

ထို့အပြင်စွမ်းဆောင်ရည်မြင့်မားသည့် လုံခြုံရေးကင်မရာများလည်းရှိနေပေသည်။ တာဝန်အဆောက်အဦး၏နယ်နိမိတ်အတွင်းသို့ဝင်ရောက်လာပြီး အထဲရှိပစ္စည်းတစ်ခုခုအားထိမိသည်နှင့် ထိုကင်မရာများမှ မျက်စိဖြင့်မမြင်နိုင်သည့်စွမ်းအင်အတက်အကျတစ်ခုအားထုတ်လွှတ်လာမည်ဖြစ်သည်။

မျက်နှာဖုံးတပ်ထားသည်ဖြစ်စဖြစ် ရုပ်ဖျက်ထားသည်ဖြစ်ဖြစ် သို့မဟုတ် ရှေးခေတ်မှမျက်နှာဖုံးများဆိုလျှင်ပင် အားလုံးအသုံးမဝင်ပေ။ ဤစောင့်ကြည့်ရေးကင်မရာများမှာ စကန်ဖတ်သည့်စက်လိုပင်ဖြစ်သည်။

မည်သည့်ပုံစံဖြစ်နေသည်ဖြစ်စေ ထိုစောင့်ကြည့်ရေးကင်မရာများမှာတစ်ဖက်လူအားရှင်းရှင်းလင်းလင်း‌ ထောက်လှမ်းနိုင်ပေသည်။

ဤနေရာရှိလူများမှာ ဤအဆောက်အဦးအားအလှဆင်ရန် ယခုလိုအဖိုးတန်သည့်ပစ္စည်းများအားသုံးရဲသည်မှာ မထူးဆန်းတော့ပေ။

ကျိုး‌ဟောင်မှာစိတ်ထဲမှတွေးလိုက်သည်။ တကယ်ကိုဖြုန်းတီးလွန်းပေသည်။

ဤပစ္စည်းကောင်းများအား အခြားလိုအပ်သောလူများနှင့်မျှဝေရမည့်အစား ဤနေရာတွင်အလှဆင်ထားပြီးလေဒဏ်မိုးဒဏ်အားခံခိုင်းထားပေရာ ဆင်းရဲသည့်လူများမှာဤကိစ္စအားမည်သို့သည်းခံနိုင်မည်နည်း။

"မင်္ဂလာပါ ဘာကိစ္စရှိလို့ တာဝန်အဆောက်အဦးကိုရောက်လာတာပါလဲ"

ကျိုးဟောင်အဆောက်အဦးတွင်းသို့ခြေချလိုက်သည်နှင့် အပြာနုရောင်မျက်လုံးတို့ရှိသည့်စက်ရုပ်တစ်ရုပ်မှာ သူ့နားသို့ရောက်လာပြီးမေးလိုက်သည်။

ကျိုးဟောင်မှာထိတ်လန့်သွားခဲ့သည်။ အစောပိုင်းကဤနေရာတွင်မည်သည့်အရာမျှမရှိသော်ငြား အရပ်မြင့်မြင့်ခန္ဓာကိုယ်တောင့်တောင့်နှင့်စက်ရုပ်တစ်ရုပ်မှာရုတ်တရက်ထွက်ပေါ်လာပေသည်။

ကျိုးဟောင်မှာ ရုတ်တရက်မည်သည့်နေရာမှရောက်ရောက်လာမှန်းမသိသည့်အရာများနှင့် တဖြည်းဖြည်းအသားကျလာပြီဖြစ်သည်။

"လန့်လို့သေတော့မယ် သိလား"

ကျိုးဟောင်မှာရှေ့ရှိစက်ရုပ်အား ဒေါသတကြီးပြောလိုက်သည်။

ဤအရာများမှာပေါ်လာတိုင်း အသံမထွက်ပေရာ ကျိုးဟောင်မှာလန့်ရလွန်း၍နှလုံးရောဂါပင်ရတော့မည်ဖြစ်သည်။

"တောင်းပန်ပါတယ် ကျွန်တော်ကစက်ရုပ်တစ်ရုပ်မလို့ ဒီလိုခံစားချက်တွေကိုလိုက်မခံစားပေးနိုင်ပါဘူး"

စက်ရုပ်မှ ချက်ကျလက်ကျပြန်ဖြေလိုက်သည်။

ဤအရာမှာတကယ်ပင်တရားလွန်လှပေသည်။

ဤစက်ရုပ်များမှာအခြားလူများအားထိတ်လန့်စေသည့်အခါတိုင်း ၎င်းတို့သည်သာနစ်နာသူပုံမျိုးဟန်ဆောင်တတ်ကြပေရာ ကျိုးဟောင်မှာပြောစရာစကားပင်မရှိတော့ပေ။

"မင်းကတကယ်ကိုလူသားမဟုတ်ဘူး ငါဒီကိုတာဝန်လက်ခံဖို့လာတာ လမ်းဖယ်"

ကျိုးဟောင်မှာ‌ရှေ့မှစက်ရုပ်အား ဒေါသတကြီးကြည့်ကာပြောလိုက်သည်။

အကယ်၍သူသာဤအရာနှင့်ဆက်လက်ငြင်းခုံနေပါက သေချာပေါက်ဒေါသထွက်ရလွန်း၍ ချက်ချင်းပင်သေသွားနိုင်ပေသည်။

တစ်ဖက်လူမှာ ၎င်းသည်လူသားမဟုတ်ကြောင်းပင်ပြောပြီးပြီဖြစ်ပေရာ ဘာကြောင့်ကျိုးဟောင်မှာတစ်ဖက်လူနှင့်လိုက်ကာတန်းညှိစရာလိုဦးမည်နည်း။

"ဆရာ အထဲကိုကြွပါ"

စက်ရုပ်၏လေသံမှာ ချက်ချင်းဆိုသလိုပင် သိသိသာသာပြောင်းလဲသွားခဲ့သည်။

သူတို့သည်ဤနေရာသို့ တာဝန်လက်ခံရန်လာသည့်မည်သူ့ကိုမဆို ဖော်‌ရွေပေသည်။

အကြောင်းမှာထိုသို့တာဝန်လက်ခံရန်လာခြင်းသည် တာဝန်အဆောက်အဦးအတွက်ပိုက်ဆံထပ်ရတော့မည်ဟူသောအဓိပ္ပာယ်ပင်ဖြစ်သည်။

အစောပိုင်းက ဤစက်ရုပ်သည်ဘာကြောင့်သူဤနေရာသို့လာရသည့်ရည်ရွယ်ချက်ကိုမေးရပါသနည်း။

တာဝန်အဆောက်အဦးသို့လာခြင်းသည်သေချာပေါက်တာဝန်အားလက်ခံရန်ပင်ဖြစ်သည်။ မဟုတ်ပါကဘာကြောင့်ဤနေရာသို့လာရမည်နည်း။ ချိန်းတွေ့ရန်လာရမည်လော။

စက်ရုပ်မှာလုပ်ဆောင်ချက်အချို့အားလုပ်ဆောင်ပြီးနောက် ရှေ့ရှိဘာမှမရှိသောနေရာတွင်ရုတ်တရက်တံခါးတစ်ခုပေါ်လာခဲ့သည်။

ကျိုးဟောင်မှာာ ဤအရာအားမြင်ပြီးနောက်ထိတ်လန့်သွားခဲ့ပြီး နောက်ဆုံးတွင် ထိုသာမန်ထက်ထူးခြားသောလူများသည် ဘာကြောင့်တာဝန်အဆောက်အဦးအားပစ်မှတ်မထားရဲသည်ကိုသဘောပေါက်သွားခဲ့သည်။

ဤနေရာရှိ နောက်ဆုံးပေါ်နည်းပညာများသာစွမ်းအားကြီးရုံမကဘဲ လမ်းညွှန်ပေးမည့်လူမရှိဘဲဤနေရာသို့ဝင်ရောက်ရန်မှာမြဖစ်နိုင်ပေ။

ထိုအကြောင်းအားတွေးရင်း ကျိုးဟောင်မှာနောက်ကျောတွင်ချွေးများပင်စီးကျလာခဲ့သည်။

"ခေတ်မှီနည်းပညာတွေရှိတာ အထင်ကြီးစရာပဲ စောင့်နေလိုက် ငါလည်းတစ်နေ့ကျဒါမျိုးဖန်တီးနိုင်ရမယ်"

ကျိုးဟောင်မှာ တီးတိုးရေရွတ်ကာစက်ရုပ်နောက်သို့လမ်းလျှောက်သွားလိုက်သည်။

ယခုလိုစွမ်းအားကြီးသောတည်ရှိမှုမျိုးဖြင့်ဆိုပါက ထိုသူခိုးများနှင့်ပတ်သက်ပြီးစိုးရိမ်စရာလုံးဝမလိုတော့ပေ။ ဤသူခိုးများမှာမည်မျှစွမ်းအားကြီးသည်ဖြစ်စေ ခြိမ်းခြောက်နိုင်မည်မဟုတ်ပေ။

ထို့အပြင် ကမ္ဘာဂြိုဟ်တွင်ယခုလိုသေစေနိုင်သည့်လက်နက်များမရှိပေ။ ကျိုးဟောင်၏အတွေးမှာအလွန်ရိုးရှင်းပေသည်။ တစ်နေ့တွင် ဤကဲ့သို့သောလက်နက်များအားကမ္ဘာဂြိုဟ်တွင်တပ်ဆင်နိုင်ရန်ဖြစ်ပြီး ထိုအချိန်ရောက်ပါက မည်သူမျှကမ္ဘာဂြိုဟ်အားကျူးကျော်ဝံ့တော့မည်မဟုတ်ပေ။

စက်ရုပ်မှာကျိုး‌ဟောင်၏စကားအားမကြားသည့်ပုံဖြင့် ရှေ့သို့လမ်းလျှောက်သွားခဲ့သည်။

"ဒီနေရာကစက်ရုပ်တွေကဉာဏ်ရည်အလုံအလောက်မရှိလို့ လူသားတွေနဲ့ဘယ်လိုဆက်သွယ်ရမလဲဆိုတာမသိလို့များလား"

ကျိုးဟောင်မှာအလွန်ပဟေဠိဖြစ်နေခဲ့သည်။ အစောပိုင်းကထိုစက်ရုပ်များမျာအလွန်အသိဉာဏ်မြင့်မားကာ ခံစားမှု၇ခုနှင့် လိုအင် ၆ခုရှိသည့် တကယ့်လူသားများလိုပင်ဖြစ်သည်။

သို့သော်ဤစက်ရုပ်မှာမူသစ်သားတုံးတစ်တုံးလိုပင်ဖြစ်ပြီး ဘာစကားမှမပြောပေ။

"တခြားလူရဲ့ပိုင်နက်ထဲမှာ သူတို့ရဲ့စည်းမျဥ်းတွေကိုလိုက်နာသင့်တယ် တကယ်လို့မင်းအဓိပ္ပာယ်မရှိတာတွေအရမ်းပြောနေရင် ဒီနေရာကနေကန်ထုတ်ခံရနိုင်တယ်"

ရုတ်တရက်စက်ရုပ်မှာနောက်လှည့်လာပြီး ကျိုးဟောင်အားကြည့်ကာပြောလိုက်သည်။

ကျိုးဟောင်မှာပြောစရာစကားမရှိဖြစ်သွားခဲ့သည်။ စင်စစ်တွင်ဤစက်ရုပ်မှာကျိုးဟောင်၏စကားအားမကြားခြင်းမဟုတ်ဘဲ အသိဉာဏ်နိမ့်ပါးသည့်ဤလူသားနှင့် စကားဖက်ပြောကာအချိန်မဖြုန်းလိုခြင်းသာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျိုးဟောင်မှာဤနေရာသို့ရောက်ပြီးနောက်ပိုင်း တောသားတစ်ယောက်ကဲ့သို့ပြုမူခဲ့ပြီး မြင်သမျှအရာအားလုံးကိုအံ့သြနေခဲ့ပေသည်။

"ချီးပဲ ချီးပဲ မင်းတကယ်အဲဒီစကားကိုငါ့ကိုပြောရဲတယ်ပေါ့"

ကျိုးဟောင်မှာနှာခေါင်းရှုံ့ကာ ယမ်းပုံမီးကျပေါက်ကွဲတော့သည်။

ဤစက်ရုပ်မှာ တကယ်ပင်လုံးဝဖော်ရွေမှုမရှိပေ။

စက်ရုပ်နှင့် ကျိုးဟောင်၏ကြားတွင်ရန်ငြှိုးရန်စမရှိပေရာ ၎င်းမှာဤမျှရင့်သီးစရာအကြောင်းပြချက်မရှိသကဲ့သို့ အကယ်၍ကျိုးဟောင်ဤနေရာသို့ရောက်လာပြီးနောက်အရာအားလုံးကိုကြည့်ပြီးအံ့သြနေလျှင်ပင် ဤကဲ့သို့ပြင်းထန်သည့်ထိုးနှက်ချက်မျိုးဖြင့် သူ့အားရင်ဆိုင်ရန်မလိုအပ်ပေ။

ဤအပြုအမူကြောင့် ကျိုးဟောင်မှာဤစက်ရုပ်အားဆိုးဝါးသည့်မှတ်ချက်ပေးရန်သာဆုံးဖြတ်လိုက်သည်။

အကယ်၍ တာဝန်အဆောက်အဦးထဲရောက်နေ၍မဟုတ်ပါက ကျိုးဟောင်မှာသေချာပေါက်ဤစက်ရုပ်အားဆွဲထုတ်သွားပြီး သူမည်မျှစွမ်းအားကြီးကြောင်းပြသရန်၎င်းအားစိတ်တိုင်းကျရိုက်နှက်မိမည်ဖြစ်သည်။

သူ့‌ရှေ့မှအရာမှာ နျူကလီးယားဗုံးထက်ပိုမိုစွမ်းအားကြီးကြောင်းမြင်လိုက်ရပြီးနောက် စက်ရုပ်သည်လည်းချက်ချင်းပင်အမြီးကုပ်သွားခဲ့သည်။

....................................................................................

All Chapters