ကမ္ဘာမြေကြီးက အပြောင်းလဲကြီးများနှင့် ကြုံတွေ့ရပြီး လူသားမျိုးနွယ်မှာ အဆုံးစွန်သော အန္တရာယ်များနှင့် ရင်ဆိုင်လာရသည်။ ကံကောင်းထောက်မစွာပင် ကောင်းကင်တာအိုဆော့ဝဲဟူသော အရာတစ်ခုကို လူသားမျိုးနွယ်များ ရရှိခဲ့၏။ ထိုဆော့ဝဲကို ဒေါင်းလုတ်ဆွဲပြီးနောက် ကျိုးဟောင် ကံကြမ္မာရမှတ်တစ်သန်းကို လက်ခံရရှိလိုက်သည်။ ထိုရမှတ်များကို အသုံးပြု၍ ကံစမ်းမဲပုံးတစ်ခု ဖွင့်လိုက်ရာ "နဂါးဆင်ဉာဏ်ပညာကျင့်စဉ် ၁၀၈ဆင့်" ကို ရရှိခဲ့၏။ ကံကြမ္မာရမှတ် လုံလုံလောက်လောက်သာ ရှိလျှင် သူ ကျိတ်ကြွေရသော အလှလေးကိုပင် အိပ်ရာထက်သို့ ခေါ်ဆောင်နိုင်မည်ဖြစ်ကြောင်း ကျိုးဟောင် သဘောပေါက်လာခဲ့သည်။ ဤလောကကြီး၌ အင်းဆက်ပိုးစစ်သည်တော်များ၊ မိစ္ဆာမျိုးနွယ်ပညာရှင်များ ပြည့်နှက်နေသည်ဖြစ်ရာ ကျိုးဟောင်အတွက် ကံကြမ္မာရမှတ်များ စုဆောင်းရန်မှာ အလွန်တရာ လွယ်ကူလှသော အလုပ်တစ်ခု ဖြစ်ပေသည်။

