← Chapters

အားနည်းတဲ့လှုပ်ရှားမှုလား

Vol. 47 Ch. 696

အားနည်းတဲ့လှုပ်ရှားမှုလား

Vol. 47 Ch. 696

လက်ရှိအချိန်တွင် မျောက်သားရဲမှာအဆက်မပြတ်အနှောင့်အယှက်ပေးနေသောဤလူသားများအားမည်သို့မည်ပုံဖြေရှင်းရမည်ကိုမသိဖြစ်နေခဲ့သည်။ ၎င်းသည်အာကာသသားရဲ၏အမိန့်များကိုလည်း နာခံချင်ပေသည်။

တစ်ဖက်တွင် လူသားများမှာလည်းဤသန္ဓေပြောင်းသားရဲအားမျက်နှာများဖြူဖျော့သည်အထိကြောက်လန့်နေခဲ့သည်။ သူတို့၏ခြေထောက်များမှာပြင်းထန်စွာတုန်ယင်နေပြီး မည်သို့ထွက်ပြေးရမှန်းပင်မသိတော့ပေ။

အားလုံးမျှော်လင့်ချက်မဲ့နေသည့်အချိန်မှာပင် ကောင်းကင်တစ်ခုလုံးမှတဝီဝီအသံများထွက်ပေါ်လာခဲ့ပြီး တိုက်လေယာဥ်ဆယ်စီးကျော်မှာ အလျင်အမြန်ပျံသန်းလာခဲ့သည်။

တဝီဝီသံများမှာ ကောင်းကင်တစ်ခွင်တွင်အဆက်မပြတ်ထွက်ပေါ်နေပေရာ ထိတ်လန့်နေသောလူအားလုံးအားမယုံကြည်နိုင်ဖြစ်စေပြီး ၎င်းတို့၏မျက်လုံးများမှာ ပြူးကျယ်လာခဲ့သည်။

မကြာမီပင် တဝှစ်ဝှစ်အသံများထွက်ပေါ်လာပြီး အမြောက်ဆံ ၁၀ ခုကျော်မှာမျောက်သားရဲထံသို့လျင်မြန်စွာတိုးဝင်သွားခဲ့သည်။

မျောက်သားရဲမှာ မျက်လုံးများအားမှေးစင်းကာ ၎င်းထံပြေးဝင်လာသောအမြောက်ဆံများအားအန္တရာယ်ရှိသည့်အမူအရာမျိုးဖြင့်ကြည့်နေခဲ့သည်။

အမြောက်ဆံများ၏အရှိန်မှာအလွန်လျင်မြန်ကာ ပေါက်ကွဲအားမှာအလွန်ပြင်းထန်ပေသည်။

မျောက်သားရဲမှာကြက်သေသေသွားခဲ့သည်။ ထို့နောက် ၎င်းသည်အမြောက်ဆံများအားကြည့်ကာ ရှုပ်ထွေးစွာဖြင့် တီးတိုးရေရွတ်လိုက်သည်။

"ဒါတွေကဘာတွေလဲ"

"ဟားဟား ဒါကလူသားတွေဖန်တီးထားတဲ့နောက်ထပ်ရယ်စရာလှည့်ကွက်တစ်ခုလား ရယ်စရာကောင်းလိုက်တာ"

သန္ဓေပြောင်းသားရဲမှာ ထိုအမြောက်ဆံများအားလုံးဝဂရုမစိုက်ပဲ ၎င်း၏မျက်နှာပေါ်တွင် ဘဝင်ခိုက်နေသည့်အမူအရာမျိုးပေါ်လာကာ ပါးစပ်အားဖွင့်ကာဖြည်းဖြည်းချင်းပြောလာခဲ့သည်။

"ဟားဟား မင်းတို့နည်းနည်းလောက်နဲ့ငါ့ကိုဖြေရှင်းနိုင်မယ်လို့တကယ်ထင်နေတာလား"

"မင်းတို့တွေက တကယ်ကိုကိုယ့်အဆင့်နဲ့စွမ်းအားကို အထင်ကြီးကြတာပဲ ငါဒီပျံလာတဲ့ဟာတွေကို လက်တစ်ချောင်းနဲ့ပဲဖြေရှင်းနိုင်တယ်"

အားပါသည့်ကျည်ဆံများစွာမှာ အရှိန်ပြင်းပြင်းဖြင့် ၎င်းထံပြေးဝင်လာခဲ့သည်။

မျောက်သားရဲ၏မျက်နှာမှာအံ့သြနေဟန်ရပြီးနောက် ၎င်းသည်သရော်ဟန်ဖြင့်ပြောလာခဲ့သည်။

"ဟားဟား အသေးစားလှည့်ကွက်လေးတွေ"

အထင်သေးသောနှာခေါင်းရှုံ့သံတစ်ခုဆုံးသည်နှင့် များစွာသောကျည်ဆံများမှာ သန္ဓေပြောင်းသားရဲ၏ခေါင်းသို့လျင်မြန်စွာချိန်ရွယ်ပစ်ခတ်လာခဲ့သည်။

တဝှစ်ဝှစ်မြည်သံများနှင့်အတူ အေးစက်စက်အလင်းရောင်ရှိသည့်ရေအလင်းတန်းများမှာ အော်ဟစ်သံတစ်ခုနှင့်အတူပျံ့နှံ့လာခဲ့သည်။

သန္ဓေပြောင်းသားရဲမှာ ၎င်း၏ပါးစပ်အားဟကာ မီးလျှံများအားပါးစပ်နှင့်အပြည့်မှုတ်ထုတ်လိုက်သည်မှာ ပတ်ဝန်းကျင်ရှိလူများအားလုံးအားပြာကျစေလိုသည့်ပုံပင်။

ဤသန္ဓေပြောင်းသားရဲမှာဤမျှအစွမ်းထက်မည်ဟု မည်သူမှမမျှော်လင့်ထားခဲ့ပေ။

သူတို့ယခင်ကမြင်ဖူးခဲ့သည့်သန္ဓေပြောင်းသားရဲများမှာ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမျိုးသာလုပ်နိုင်သည်ဟုဆိုနိုင်ပေသည်။

ယခုဤမျောက်သားရဲမှာရုတ်တရက်ပေါ်လာခဲ့ပြီးနောက် အခြားအစွမ်းများကိုပင်စတင်အသုံးပြုနေပေသည်။

အားလုံးမှာဤအချက်အားသိလိုက်ရချိန်တွင် အမူအရာများမှာပြောင်းလဲသွားခဲ့သည်။ သူတို့သည်အံ့အားတကြီးဖြင့် မျောက်သားရဲမှာဘေးရှိလူအားလုံးအားမြိုချလိုဟန်ဖြင့် ၎င်း၏သွေးဆာနေသောပါးစပ်ကြီးအားဟကာအော်ဟစ်နေသည်ကို ကြောင်အစွာကြည့်နေခဲ့ကြသည်။

ယခုလိုကိစ္စမျိုးမှာ တကယ်ကိုမယုံကြည်နိုင်လောက်စရာပင်။

သို့သော် ဤမြင်ကွင်းကြောင့်အားလုံးမှာစိုးရိမ်ကာထိတ်လန့်လာကြသည်။ အကြောင်းမှာ ဤသန္ဓေပြောင်းသားရဲသည်ရန်စရန်မလွယ်ကူကြောင်းသိလိုက်ရ၍ဖြစ်သည်။

လက်ရှိအချိန်တွင် သူတို့လုပ်ရမည့်အရေးကြီးဆုံးအရာမှာ တတ်နိုင်သမျှအမြန်ဆုံးထွက်ပြေးရန်ဖြစ်သည်။

များစွာသောလေယာဥ်များမှာ အဆုံးမရှိသောမြစ်တစ်စင်းပမာပျံသန်းလာရင်း တဝေါဝေါအသံများမှာလည်း ဆက်လက်ထွက်ပေါ်နေခဲ့သည်။

သို့သော်နောက်တစ်စက္ကန့်တွင် တဝှစ်ဝှစ်အသံများမှာလျင်မြန်စွာထွက်ပေါ်လာခဲ့ပြီး များစွာသောအမြောက်ဆံများမှာလေဟုန်ကိုခွင်းကာ သန္ဓေပြောင်းသားရဲ၏ခေါင်းထံရောက်ရှိလာခဲ့သည်။

ဝုန်း..ဝုန်း.. ဝုန်း..

ချက်ချင်းဆိုသလိုပင် ပြင်းထန်သောပေါက်ကွဲသံများမှာကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။ ထို့နောက်ချက်ချင်းပင် အလွန်အမင်းမဲမှောင်နေသောမီးခိုးငွေ့များမှာတလိပ်လိပ်တက်လာခဲ့သည်။

အမြောက်ဆံများ၏အရှိန်မှာအလွန်လျင်မြန်လှပြီး မည်သူမျှမတုံ့ပြန်နိုင်သေးခင်မှာပင် အမြောက်ဆံများမှာမျောက်သားရဲ၏ခေါင်းသို့တိုးဝင်တိုက်ခိုက်သွားပြီဖြစ်သည်။

အလွန်ကျယ်လောင်သောပေါက်ကွဲသံထွက်ပေါ်လာပြီး ခေတ္တမျှကြာပြီးနောက် အားလုံး၏အမူအရာများမှာပြောင်းလဲသွားခဲ့သည်။

မျောက်သားရဲအားပစ်ခတ်လိုက်သောနေရာမှ ထူထဲသောမီးခိုးငွေ့များစွာရုတ်တရက်ပေါ်လာခဲ့ပေရာ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အုံ့မှိုင်းသွားခဲ့သည်။

ပေါက်ကွဲမှူအဆုံးသတ်သွားပြီးနောက် ဘေးတွင်ရပ်နေသောလူအားလုံးမှာမျက်စိရှေ့ရှိမြင်ကွင်းအားကြည့်ကာ ထိတ်လန့်သွားကြသည်။

မျောက်သားရဲ၏ခန္ဓာကိုယ်တစ်ခုလုံးမှာပေါက်ကွဲမှုကြောင့်မဲနက်သွားခဲ့ပြီး ၎င်း၏အမွေးအတော်များများမှာလည်း မီးလောင်ကျွမ်းသွားခဲ့ပေရာ လေထဲတွင်‌ညှော်နံ့များပင်ထွက်ပေါ်နေပေသည်။

သူတို့သည် ညှော်နံ့အားရသောအခါ အားလုံးမှာစိုးရိမ်စွာဖြင့်တံတွေးမျိုချလိုက်မိသည်။

သူတို့သည်ဤသန္ဓေပြောင်းသားရဲအား တတ်နိုင်သမျှအမြန်ဆုံးသတ်နိုင်ရန်မျှော်လင့်ခဲ့ကြပေသည်။ ဤနည်းဖြင့်ဆိုပါက အကျပ်အတည်းအားလျင်မြန်စွာဖြေရှင်းနိုင်ပေလိမ့်မည်။

သို့သော်ပေါက်ကွဲမှုပြီးသိပ်မကြာခင်တွင် မဲမှောင်နေသောမီးခိုးငွေ့များမှာလျင်မြန်စွာပျံ့ကျဲသွားခဲ့ကာခေတ္တမျှကြာပြီးနောက် အော်သံတစ်ခုနှင့်အတူ ပုံရိပ်တစ်ခုမှာခုန်ထွက်လာခဲ့သည်။

ပတ်ဝန်းကျင်ရှိလူများမှာ ခုန်ထွက်လာသည့်ပုံရိပ်မှာအစောပိုင်းကအမြောက်ကြောင့်လွင့်ထွက်သွားခဲ့သည့် မျောက်သားရဲဖြစ်ကြောင်းတွေ့လိုက်ရသည်။

သန္ဓေပြောင်းသားရဲမှာအပေါ်ယံမျှသာမီးလောင်သွားခဲ့ခြင်းဖြစ်ပြီး ခန္ဓာကိုယ်ပေါ်တွင်မည်သည့်ဒဏ်ရာမှမရှိပေ။

ယခုလိုစွမ်းအားမျိုးမှာ တကယ်အလွန်စွမ်းအားကြီးလှပေရာ အားလုံး၏အမြင်အားပြောင်းလဲသွားစေခဲ့သည်။

လူအများမှာ ၎င်း၏စွမ်းအားအားသိလိုက်ရချိန်တွင် အမူအရာများမှာတောင့်တင်းသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ၎င်းတို့၏အသက်ရှူသံများမှာမြန်ဆန်လာခဲ့သည်။ ၎င်းတို့သည်ယခုလိုသတ္တဝါမျိုးနှင့်ကြုံရမည်ဟုတကယ်ကိုမမျှော်လင့်ထားခဲ့ပေ။

သန္ဓေပြောင်းသားရဲ၏စွမ်းရည်မှာအလွန်စွမ်းအားကြီးလှပြီး သူတို့စိတ်ကူးကြည့်နိုင်သောအရာလုံးဝမဟုတ်ပေ။

သူ၏မျက်နှာပေါ်တွင် အေးစက်သောအမူအရာမျိုးပေါ်လာခဲ့ပြီး မျက်မှောင်ကြုတ်ကာပြောလိုက်သည်။

"ဟဟ မင်းတို့ကဒီလိုအားနည်းတဲ့လှုပ်ရှားမှုမျိုး‌လောက်နဲ့ ငါ့ကိုတိုက်ခိုက်ရဲတာလား"

ထိုစကားအားကြားပြီးနောက် ပတ်ဝန်းကျင်ရှိလူများမှာအလွန်ကြောက်ရွံ့လာခဲ့ကြသည်။ ဤမျောက်သားရဲသည်တကယ်ပင် အလွန်စွမ်းအားကြီးကြောင်းကိုအားလုံးသိပေသည်။

သူတို့သည် ၎င်း၏ပြိုင်ဘက်လုံးဝမဟုတ်ပေ။ ထိုသတ္တဝါအားအနိုင်ယူရန်မှာ သူတို့အတွက်ရူးနှမ်းသောအိပ်မက်တစ်ခုသာဖြစ်သည်။

ချက်ချင်းပင်ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာခဲ့ပြီး နောက်မှပေါက်ကွဲသံများစွာလည်းကပ်ပါလာခဲ့သည်။

သန္ဓေပြောင်းသားရဲမှာမည်သည့်စကားမျှမဆိုသော်ငြား ၎င်း၏အမူအရာမှာသိသာပေသည်။

၎င်းသည်အပြင်ပန်းတွင် ဘာမှမဖြစ်ချင်ယောင်ဆောင်နေသော်ငြား စင်စစ်စိတ်ထဲတွင် ချုပ်တီးထားသောဒေါသမှာပေါက်ကွဲလုနီးပါးဖြစ်နေပြီဖြစ်သည်။

၎င်းမှာ ဤလူအုပ်၏နှောင့်ယှက်မှုများအား တကယ်ပင်ဒေါသထွက်နေခဲ့ပြီဖြစ်သည်။

အဖွဲ့၏အမူအရာမှာချက်ချင်းပင် အလွန်ထိတ်လန့်သွားခဲ့ပြီးနောက် ၎င်းတို့မှာတစ်လုံးချင်းပြောလာခဲ့သည်။

"ဒီအခွင့်အရေးကိုအသုံးချပြီး ထွက်ပြေးကြစို့"

သူတို့ဤနေရာတွင်ပိုနှောင့်နှေးလေ သူတို့အတွက်အန္တရာယ်ပိုများလေဖြစ်သည်။ စောင့်နေမည့်အစား ချက်ချင်းထွက်ခွာခြင်းက သူတို့အတွက်ပိုကောင်းပေသည်။

....................................................................................

All Chapters