← Chapters

အခန်း ၈၅၀

Vol. 57 Ch. 850

အခန်း ၈၅၀

Vol. 57 Ch. 850

အခန်း (၈၅၀) : လိုက်လံရှာဖွေခြင်း

ကျိယောင်ယွဲ့အတွက် ကံကောင်းစရာတစ်ခုမှာ သူတို့နှစ်ဦး၏ အသက်ရှူသံများသည် အရင်လို မပြင်းထန်တော့ဘဲ တဖြည်းဖြည်း တည်ငြိမ်လာခဲ့ခြင်းပင် ဖြစ်လေသည်။

ထိုအချိန်တွင် သူမ၏ စိတ်ထဲ၌ အစောပိုင်းတုန်းက ထွက်ပြေးလာခဲ့ခြင်းကို အလွန်ပင် ကျေးဇူးတင်နေမိလေသည်။ မဟုတ်ပါက ကျိုးဟောင်၏ ဒဏ်ရာအခြေအနေမှာ လင်းထျန်ထက်တောင် ပိုမို ဆိုးရွားသွားနိုင်လေသည်။

အတွေးထဲတွင် တဖြည်းဖြည်း ပြန်လည် သတိရလာခဲ့သည်မှာ ကျိုးဟောင်သည် ချာလီကူရို၏ လက်သီးတစ်ချက်ကို တိုက်ရိုက် ခံခဲ့ရခြင်းပင် ဖြစ်လေသည်။ အဲ့ဒီအချိန်ကတည်းက သူ့မှာ အလွန်အမင်း ဒဏ်ရာရထားပြီးသား ဖြစ်နိုင်လေသည်။ သို့သော် သူတို့၏ လုံခြုံရေးအတွက် သူ့ဒဏ်ရာကို အတင်းအကျပ် ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်လေသည်။

“ဟွန့်.... အရမ်းမိုက်တဲ့ လူမိုက်ကြီးပဲ။ ကိုယ်တိုင် ဒဏ်ရာရနေတာကိုတောင် မပြောဘူး”

ကျိယောင်ယွဲ့သည် အိပ်ရာဘေးတွင် တိုးတိုးလေးပြောဆိုနေခဲ့လေသည်။ သူမ၏ မိတ်ဖက်နှစ်ဦးလုံး တစ်ချိန်တည်းမှာပင် ဒဏ်ရာအပြင်းအထန် ရရှိထားကြသဖြင့် လက်ရှိအချိန်တွင် သူမ လုပ်နိုင်တာ တစ်ခုတည်းသာ ရှိလေသည်။ အဲဒါကတော့ သူတို့နှစ်ဦးကို နေရာမှ တစ်ဖဝါးမှမရွေ့ဘဲ စောင့်ရှောက်ပေးခြင်းပင် ဖြစ်လေသည်။

မိန်းကလေးတစ်ယောက်အနေနဲ့ ကျိယောင်ယွဲ့သည် လူကို ပြုစုစောင့်ရှောက်ရာမှာ အလွန်သတိထားတတ်လေသည်။ ပုံမှန်အားဖြင့် မာန်မာနကြီးပြီး မကြင်နာတတ်သလို ထင်ရသော်လည်း ဒီလိုအချိန်မျိုးမှာတော့ သူမ၏ နူးညံ့သည့်ဘက်ကို ပြသနေခဲ့လေသည်။

အချိန်ဘယ်လောက်ကြာသွားမှန်းတောင်မသိခဲ့ပေ။ ကျိယောင်ယွဲ့သည် အပြင်ဘက်မှ ဆူညံသံကြီးတစ်ခုကို ကြားလိုက်ရမှ ရီဝေစွာဖြင့် နိုးလာခဲ့လေသည်။ ဘယ်သူက ဒီလောက် အားလပ်နေတာလဲဆိုပြီး စိတ်ထဲမှာ မကျေမနပ် ဖြစ်သွားခဲ့လေသည်။ လူနှစ်ယောက်ကို စောင့်ရှောက်ပေးနေရင်း အိပ်ပျော်သွားခဲ့ခြင်း ဖြစ်လေသည်။

“အဲ့ဒီလူတွေအပေါ် သနားနေစရာ မလိုဘူး။ ဒီအိမ်စုတ်ကို ဖောက်ခွဲပစ်လိုက်စမ်းပါ"

“ မင်းမှာပိုက်ဆံဘယ်လောက်ရှိလဲ။ ဒီနေရာက ဘယ်လောက်ပဲ ပျက်စီးနေပါစေ အခြေစိုက်စခန်းကပိုင်တဲ့နေရာတစ်ခုပဲ။ ငါတို့ကိုလွယ်လွယ်နဲ့တော့ ဖျက်ဆီးခွင့်ပေးမှာမဟုတ်ဘူး"

“ဘာကို ကြောက်နေတာလဲ။ ဒီနေရာကိုဖျက်‌ဆီးပြီး လူသစ်သုံးယောက်ကိုပဲ ရှင်းလိုက်မယ်လေ"

“ဒါဆို မီးရှို့လိုက်ရင် ပိုမြန်မယ်မလား"

ဟာဗီ၏ နောက်လိုက်ကြေးစားစစ်သားအချို့က မကောင်းတဲ့ အကြံအစည်တွေကို တစ်ခုချင်းစီ ဆက်တိုက် ထုတ်ပြောနေခဲ့ကြလေသည်။

သူတို့ ဒီနေရာကို လာရောက်စောင့်ကြည့်နေခဲ့သည်မှာ အချိန်တော်တော် ကြာခဲ့ပြီဖြစ်သော်လည်း လူသစ်သုံးယောက်လုံး၏ လှုပ်ရှားမှုကို မတွေ့ရသဖြင့် သံသယ ဖြစ်လာခဲ့ကြလေသည်။

အခြေစိုက်စခန်းအတွင်းမှာတော့ ဒီလူသစ်သုံးယောက်ဟာ အလွန်ခက်ခဲတဲ့ လူတွေဆိုပြီး သတင်းပြန့်နေခဲ့လေသည်။ ဒါကြောင့် သူတို့သည် ဒီလူသစ်၃ယောက် ဘယ်လောက်တောင် အင်အားရှိသလဲဆိုတာ စမ်းကြည့်ချင်ကြခြင်း ဖြစ်လေသည်။ အစောပိုင်းတုန်းက ကျိယောင်ယွဲ့သည် သူတို့လက်ထဲမှ ထွက်ပြေးသွားခဲ့သည့် အရှက်ရစရာ ကိစ္စတစ်ခု ဖြစ်ခဲ့လေသည်။

“ဒီလူတွေ ထွက်ပြေးသွားကြတာတော့ မဟုတ်ဘူးမှတ်လား"

“ဟားဟား...ဒါသူမအတွက် ပထမဆုံးအကြိမ်ထွက်ပြေးဖူးတာမဟုတ်လောက်ဘူး"

ကြေးစားစစ်သားများသည် ကျိယောင်ယွဲ့ ပြေးထွက်သွားခဲ့သည့် ပုံရိပ်ကို သတိရမိပြီး ရယ်မောကြလေသည်။

ကျိယောင်ယွဲ့က တစ်ချက်ကြည့်လိုက်ရုံနဲ့ သူတို့ဟာ သူမကို ရှာဖို့ လာခဲ့ခြင်းဖြစ်‌ကြောင်း နားလည်သွားခဲ့လေသည်။ ။ခုအချိန်မှာတော့ စောနကလို အရေးပေါ် အခြေအနေမဟုတ်တော့ပေ။ သူတို့က ကိုယ်တိုင် တံခါးလာခေါက်နေမှတော့ ဘယ်လိုလုပ်ပြီး မလက်ခံဘဲနေရမည်နည်း။

ဒီနေ့ သူမသည် သူတို့အား တကယ့် ငရဲဆိုသည်မှာ ဘာလဲဆိုတာ သိအောင် လုပ်ပေးမည်ဟု စိတ်ထဲတွင် ဆုံးဖြတ်လိုက်လေသည်။ အခြားသူများအပေါ် မတရား အနိုင်ကျင့်ချင်ရင် တန်ကြေး ပြန်ပေးဆပ်ဖို့လည်း အဆင်သင့်ဖြစ်ရမည်ပင် ဖြစ်လေသည်။

ဒီလူတွေဟာ တကယ့်ကိုသေသင့်တဲ့ လူတွေ ဖြစ်လေသည်။ ကျိယောင်ယွဲ့၏ စိတ်ထဲရှိ မုန်းတီးမှုမှာ ကမ္ဘာကြီးတောင် ဖျက်ဆီးနိုင်လောက်သည်အထိ ပြင်းထန်နေခဲ့လေသည်။

သူတို့၃ယောက် ဒီနေရာကို ရောက်လာကတည်းက သိုသိုဝှက်ဝှက် နေထိုင်ခဲ့ကြပြီး မည်သူ့ကိုမှ လွယ်လွယ် မထိခိုက်အောင် ကြိုးစားခဲ့ကြသော်လည်း နောက်ဆုံးတော့ မတရား အနိုင်ကျင့်ခံရဆဲပင် ဖြစ်လေသည်။

“ဟမ့်… ငါ့ကို ရှာလာရဲသေးတယ်ပေါ့?”

ကျိယောင်ယွဲ့က အိမ်အပြင်တွင် ရပ်နေကြသည့် လူများကို တစ်ချက်ကြည့်လိုက်လေသည်။ ဒီလူတွေဟာ ပြောသလို တကယ်လုပ်မယ့် လူမျိုးတွေ ဖြစ်လေသည်။အကယ်၍ ဒီနေရာမီးလောင်သွားပါက အိပ်ရာပေါ်တွင် သတိလစ်နေသည့် သူ့မိတ်ဖက်နှစ်ယောက်အတွက် အကျိုးဆက်က အလွန်ဆိုးရွားပေလိမ့်မည်။

သူမအနေနဲ့ အခြေစိုက်စခန်းကပေးမည့် အပြစ်ဒဏ်ကို မကြောက်သော်လည်း အိပ်ရာပေါ်က သူ့မိတ်‌ဆွေနှစ်ယောက် အန္တရာယ်ကြုံရမှာကိုတော့ အလွန်စိုးရိမ်နေခဲ့လေသည်။ သူတို့နှစ်ယောက် သတိပြန်လည်လာရန်အတွက် အချိန်လိုအပ်လေသည်။

အခုလို ကိုယ်တိုင် လာရှာမှတော့ သူမလည်း ကောင်းကောင်း ပြန်လည် ရင်ဆိုင်ပေးရမည်ပင် ဖြစ်လေသည်။ သူမထက် အနည်းငယ်သာ အင်အားကြီးတဲ့ ဒီကြေးစားစစ်သားတွေကို လေ့ကျင့်ရေးပစ္စည်းအဖြစ် အသုံးချမည်လို့ သူမစဉ်းစားထားခဲ့လေသည်။

အခြားသူတွေ သိသွားရင်တော့ ကျိယောင်ယွဲ့တစ်ယောက် စိတ်ရူး‌ဖောက်သွားပြီလို့ ထင်ကြပေလိမ့်မည်။ ကိုယ့်ထက် အင်အားကြီးသူကို လေ့ကျင့်ရေးပစ္စည်းအဖြစ် အသုံးချခြင်းဟာ သေတွင်းတူးသည်နှင့် မခြားပေ။

“ကောင်းကောင်းပြောနေတုန်း သွားပြီး ငါတို့သခင်လေးကို ဒူးထောက် တောင်းပန်လိုက်။ ပြီးရင် သူ့ရဲ့အတူအိပ်ဖော်လုပ်ပေးလိုက် မဟုတ်ရင်…”

ကျိယောင်ယွဲ့ မထွက်ပြေးဘဲ ရပ်နေတာကို မြင်လိုက်ရသောကြောင့် ကြေးစားစစ်သားများမှာအံ့သြသွားပြီး အထင်သေးစကားများ ပြောဆိုလာခဲ့လေသည်။ ဟားဗတ်သခင်လေးကို ဝန်ဆောင်မှုပေးရမယ်ဆိုတာ ကျိယောင်ယွဲ့အတွက် ကံကောင်းမှုလို့ သူတို့ထင်နေခဲ့ကြလေသည်။

ထိုအချိန်တွင် ဟာဗီမှာ သတိလစ်နေဆဲ ဖြစ်လေသည်။ သူသတိပြန်ရလာသောအခါ ဒေါသကြောင့် အံကိုကြိတ်ကာ အဲဒီမိန်းမကို သတ်ပစ်ချင်နေခဲ့လေသည်။ သတိလစ်နေစဉ်အတွင်း သူ့စိတ်ထဲတွင် ကြောက်ရွံ့မှု အမျိုးမျိုး ပြည့်နှက်နေခဲ့လေသည်။

ကျိယောင်ယွဲ့ဟာ သူ့နှလုံးသားထဲက ဘယ်တော့မှဖျက်မရနိုင်တဲ့ အမာရွတ်တစ်ခု ဖြစ်သွားခဲ့လေသည်။ သူမလက်ထဲ ပြန်ရောက်သွားကာ ထပ်ပြီး နှိပ်စက်ခံရမည်ကို အလွန်ကြောက်နေခဲ့လေသည်။ ဒါကြောင့် သူ့နောက်လိုက်တွေက ဒီနည်းလမ်းကို စဉ်းစားလာခဲ့ခြင်း ဖြစ်လေသည်။

“ဘာလုပ်ချင်လဲ...ငါ အခုတလော အလုပ်များနေတာကြောင့်ရှင်တို့ဆီကရှောဂ်ထွက်ခဲ့တာ။ ရှင်တို့လို လူယုတ်မာတွေကို တကယ်ကြောက်တယ်လို့ ထင်နေတာလား"

“ဟမ့်… ရယ်စရာကောင်းလိုက်တာ”

ကျိယောင်ယွဲ့၏ မာန်မာနပြည့်ဝသော အပြုအမူကြောင့် ကြေးစားစစ်သားများ အံ့သြသွားခဲ့လေသည်။ သူတို့ မျှော်လင့်ထားသလိုမျိုး လုံးဝ မဟုတ်ခဲ့ပေ။ သူတို့အမြင်မှာ ကျိယောင်ယွဲ့က ဒူးထောက်ပြီး ပြားပြား၀ပ် တောင်းပန်မည်လို့ ထင်ထားကြခြင်း ဖြစ်လေသည်။

“ဒါဆိုလည်း မသက်ညှာမနေတော့ဘူး"

ခေါင်းဆောင်ကြေးစားစစ်သားက ပြောပြီးသည်နှင့်ကျိယောင်ယွဲ့အား လက်ဖြင့် ရိုက်လိုက်လေသည်။ ဟားဗတ် မိသားစုရဲ့ အရှိန်အဟုန်ကို ဘယ်သူမှ မယှဥ်နိုင်ဘူးလို့ သူ ယုံကြည်နေခဲ့လေသည်။

ကျိုးဟောင်က သခင်လေးဟဗ်ဂန်ကို အနိုင်ရခဲ့တယ်ဆိုသည့် သတင်းကိုလည်း ကံကောင်းခြင်းကြောင့်သာ ဖြစ်သည်လို့ သူတို့ ထင်နေခဲ့ကြလေသည်။

ခေါင်းဆောင်ကြေးစားစစ်သား၏ အရှိန်က အပြည့်အဝ ပေါက်ကွဲထွက်ခဲ့လေသည်။ကျိယောင်ယွဲ့၏ နှုတ်ခမ်းထောင့်မှာ အထင်သေးသည့် အပြုံးလေးတသ်ခု ပေါ်လာခဲ့လေသည်။ အရှိန်အဟုန်နဲ့ ပတ်သက်ရင်တော့ ကျိုးဟောင်ဟာ ဒီလူတွေရဲ့ ဘိုးဘေးလို့ပင်ဆိုနိုင်‌လေသည်။ သူမအတွက်တော့ ဒီလူတွေ၏ အရှိန်ဟာ ရုပ်ရှင်ကို နှေးနှေးလေး ကြည့်နေရသလိုပင် ဖြစ်လေသည်။

“ဝါး… ဟာဖ်လီရဲ့ အရှိန် ထပ်တိုးလာပြန်ပြီ"

“နောက်ကအရိပ်ကိုပဲ မြင်လိုက်ရတယ်..."

“သခင်လေးနီးပါး ဖြစ်လာပြီပဲ"

အခြားကြေးစားစစ်သားများက အားကျမှုဖြင့် ကြည့်နေခဲ့လေသည်။ ဒီလို အရှိန်ဟာ ကျွမ်းကျင်သူတွေကြားထဲမှာတောင် ကောင်းမွန်တဲ့ အဆင့်တစ်ခု ဖြစ်လေသည်။

ကျိယောင်ယွဲ့ မလှုပ်မရှား ရပ်နေသလို မြင်လိုက်ရတော့ သူတို့ အားလုံးက မဲ့ပြုံးများဖြင့် ကြည့်နေခဲ့လေသည်။ ဒီလို မိန်းမလှလေး၏ သွေးများက ဒီနေရာမှာပင် ပြန့်ကျဲသွားမည်လို့တွေးထင်နေကြလေသည်။

အထူးသဖြင့် ကိုယ်တိုင် လက်လှမ်းလိုက်သည့် ဟာဖ်လီရဲ့ မျက်နှာမှာ ယုံကြည်မှုများပြည့်နေခဲ့လေသည်။ သူတို့မိသားစုသည် ဘယ်တုန်းကမှ မရှုံးနိမ့်ဖူးဘူးလို့ ယုံကြည်နေခဲ့လေသည်။

သို့သော် သူ့လက်က ကျိယောင်ယွဲ့ကို ထိလိုက်တဲ့ အချိန်မှာပင် ပျော်ရွှင်ရမည့်အစား မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့လေသည်။ သူ့ရှေ့မှာ ရပ်နေတဲ့ လူဟာ အမှန်တကယ် လူမဟုတ်ဘဲ ပုံရိပ်တစ်ခုသာ ဖြစ်နေခဲ့လေသည်။

“ဒါ… ဘယ်လိုဖြစ်နိုင်မှာလဲ"

မိန်းမတစ်ယောက်ရဲ့ အရှိန်က သူတို့နဲ့ တူညီနိုင်မည်လို့ ဘယ်တုန်းကမှမထင်ထားခဲ့ပေ။ သူမ၏ အရှိန်ဟာ သူ့ထက်ပင် ပိုမြန်နေကြောင်း ပေါ်လွင်နေခဲ့လေသည်။ အင်အားအရာမှာတော့ သူ့ထက် အနည်းငယ် အားနည်းနေသော်လည်း အရှိန်အဟုန်ကတော့ အလွန်ကြောက်စရာကောင်းလှပေသည်။

“မဖြစ်နိုင်ဘူးလား... ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာ ကောင်းတယ်။ ဒါပေမယ့် ယုံကြည်မှု အရမ်းလွန်ကဲနေရင်တော့ မကောင်းဘူးနော်"

အသံတစ်သံ ကြားလိုက်ရပြီး ဟာဖ်လီ၏ နောက်ကျောဘက်တွင် ကျိယောင်ယွဲ့ ရပ်နေပြီးသား ဖြစ်နေလေသည်။ သူမ၏ ရွေ့လျားမှုဟာ တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ဘယ်သူမှ လမ်းကြောင်းကို မခန့်မှန်းနိုင်ကြပေ။

သူမ၏ ဖြူဖွေးသော လက်ကလေးဖြင့် ဟာဖ်လီ၏ ကျောသို့ ပြင်းထန်စွာ ရိုက်လိုက်လေသည်။

....................................................................................

အခန်း (၈၅၀) ပြီးပါပြီ။

--

All Chapters