← Chapters

အခန်း ၂၄၄-၂၄၆

Vol. 17 Ch. 244-246

အခန်း ၂၄၄-၂၄၆

Vol. 17 Ch. 244-246

အခန်း (၂၄၄) : ကြောက်မက်ဖွယ်ရာသုတ်သင်ခြင်း

"မကောင်းတော့ဘူး"

ထိုအချိန်တွင် သိုင်းပညာရှင်များစွာ၏မျက်နှာတွင် မျှော်လင့်ချက်မရှိသောအရိပ်အယောင်မျိုးပေါ်လာလေသည်။

မူလကအားလုံးထင်ထားခဲ့သည်မှာ ဥက္ကဌကျိုးမှာတစ်ယောက်တည်းတိုက်ခိုက်နေရပေရာ သူ၏စစ်ပွဲမှာအခက်ခဲဆုံးဟုထင်ခဲ့ကြပေသည်။

မမျှော်လင့်ထားဘဲ ဥက္ကဌကျိုးဘက်ရှိကိစ္စများမှာ အလွန်ချောမွေ့နေပြီး တစ်ဖက်တွင် စစ်သေနာပတိချုပ်ထျယ်တို့ဘက်ရှိအခြေအနေမှာအလွန်အရေးပေါ်ဖြစ်နေပြီး ဒုက္ခရောက်နေပေသည်။

နံပါတ် ၁ အက်ကွဲကြောင်းမှပိုမိုများပြားသောမျိုးနွယ်ခြားများ ထွက်လာပေရာ အက်ကွဲကြောင်း၏အနက်ပိုင်းတွင် ဘယ်လိုဖြစ်ရပ်များဖြစ်နေမှန်း မည်သူမျှမသိပေ။

စစ်ပွဲတစ်ခုလုံးမှာ အခက်အခဲများနှင့်ပြည့်နေလေသည်။

ယခုတစ်လောတိုးတက်လာသည့် နံပါတ် ၁ အက်ကွဲကြောင်းမှာ ယခုတစ်ကြိမ်တွင် တကယ်မျှော်လင့်ချက်မဲ့သောအခြေအနေသို့ရောက်ရှိနေသည့်ပုံပင်။

အစပိုင်းတွင်ကျိုးဟောင်မှာဤမျိုးနွယ်ခြားများအား အချိန်ဆွဲကာ ဖြည်းဖြည်းချင်းသေအောင်နှိပ်စက်ပြီး ပိတ်ဆို့ရေးစက်များအား ဖျက်ဆီးရန်စီစဉ်ထားခြင်းဖြစ်သည်။

သို့သော်လက်ရှိအခြေအနေမှာအတော်လေးပြဿနာများနေပေရာ သူအတည်လှုပ်ရှားမှသာအဆင်ပြေတော့မည်ဖြစ်သည်။

ပြီးခဲ့သည့်တိုက်ပွဲတွင် ကျိုးဟောင်သည်အမြဲတမ်းနွေဦးဆောင်းသစ်စိမ်းသိုင်းကိုသာအသုံးပြုခဲ့ပေသည်။ ဤကောင်းကင်ဘုံအဆင့်ကျင့်ကြံရေးသိုင်းမှာ အလွန်စွမ်းအားကြီးသော်လည်း သူ၏ဒြပ်စင် ၅သွယ်မဟာယန်မှတ်တမ်းနှင့် ယှဉ်ပါကအတော်လေးနိမ့်ကျပေသေးသည်။

တုံ့ဆိုင်းမနေတော့ဘဲ ကျိုးဟောင်မှာသူ၏လက်များဖြင့် ဓားသဏ္ဌာန်ဖွဲ့စည်းလိုက်သည်။ အစိမ်းရောင်အနှစ်သာရစွမ်းအားဖြင့်ဖွဲ့စည်းထားသည့် ရှည်လျားသောဓားတစ်လက်မှာ ချက်ချင်းပင်သူ့လက်မှထွက်ပေါ်လာလေသည်။

ဤလျှို့ဝှက်သိုင်းမှာ ဒြပ်စင် ၅သွယ်မဟာယန်မှတ်တမ်းသိုင်းနှင့်အတူပါရှိသောလျှို့ဝှက်သိုင်းတစ်မျိုးဖြစ်ပြီး သိမ်မွေ့နက်နဲသောဓားစိမ်းသိုင်းဟု‌ခေါ်ဆိုပေသည်။

ကျိုးဟောင်မှာ လျှို့ဝှက်ဆန်းကြယ်သောဓားစိမ်းအားသုံးပြီးနောက် အစောပိုင်းကသူ့အားတိုက်ခိုက်နေသည့်စွမ်းအားကြီး အင်းဆက်မျိုးနွယ်ပညာရှင်တစ်ကောင်မှာလွင့်ထွက်သွားလေသည်။

သို့သော် မျိုးနွယ်ခြားများမှာအလွန်များပြားလှပေရာ ဤစွမ်းအားကြီးသောအင်းဆက်လွင့်ထွက်သွားပြီးနောက် ပိုမိုများပြားလာသောအင်းဆက်မျိုးနွယ်များမှာ ကျိုးဟောင်အနားတွင်လှိုင်းလုံးသဖွယ်ဝန်းရံလာလေသည်။

သို့သော်ဤမျိုးနွယ်ခြားများမှာ ဆောင်းဦးနွေသစ်စိမ်းသိုင်းနှင့် ဒြပ်စင် ၅သွယ်မဟာယန်မှတ်တမ်းသိုင်းကြားမှကွာခြားချက်အား မသိကြပေ။

ယခုအချိန်တွင် စွမ်းအင်အနှစ်သာရမှဖြစ်ပေါ်လာသော သိမ်မွေ့နက်နဲသောအစိမ်းရောင်ဓားသွားသိုင်းအားသုံးပါက သူ၏တိုက်ပွဲစွမ်းအားမှာ တစ်ဟုန်ထိုးတိုးလာပြီး စွမ်းအားမှာလည်းအမြင့်ဆုံးထိရောက်လာပြီဖြစ်သည်။

သူ၏ကိုယ်ထဲရှိအနှစ်သာရစွမ်းအားမှာ ဆက်လက်လည်ပတ်နေဆဲဖြစ်သည်။

အစောပိုင်းကသူအသုံးပြုခဲ့သော မိစ္ဆာသစ်ပင်လယ်မှာလည်းပေါက်ကွဲသွားပြီဖြစ်လေရာ မိစ္ဆာသစ်ပင်လယ်ထဲတွင်ပိတ်မိနေသော ပိတ်ဆို့ရေးစက်များမှာ ချက်ချင်းပင် တစ်စစီဖြစ်သွားလေသည်။

"ဘုရားရေ"

ကျိုးဟောင်၏ရုတ်တရတ် စွမ်းအားပေါက်ကွဲမှုမှာ စိုးရိမ်ပူပန်နေသောစစ်သားအများအပြားနှင့် အဝေးမှမြို့မျှော်စင်တွင်ရှိနေသော သိုင်းပညာရှင်များအား ကြက်သေသေသွားစေလေသည်။

ယခုအချိန်တွင် သူတို့စိတ်ထဲရှိထိတ်လန့်မှုမှာ စကားဖြင့်မဖော်ပြနိုင်သောအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

မမျှော်လင့်ထားဘဲ မျှော်လင့်ချက်မဲ့နေသည့်အချိန်မှာပင် ကျိုးဟောင်မှာရန်သူပိုင်နက်အနက်ပိုင်းတွင်ရှိနေသော်ငြား ကောင်းမွန်စွာပညာပြနေဆဲပင်ဖြစ်သည်။

"ဥက္ကဌကျိုးက အရမ်းမိုက်တာပဲ"

"ဥက္ကဌကျိုးလို့မပြောရဘူး"

"ငါတို့လည်း မဆုတ်မနစ်တိုက်ရမယ်"

အဝေးရှိထူထဲသောမီးခိုးငွေ့ထဲတွင် အားလုံးကြည့်နေကြသောပိတ်ဆို့ရေးစက်များမှာ မြေပြင်ပေါ်ရှိအပိုင်းစများအဖြစ်ပြောင်းလဲသွားပြီဖြစ်သည်။

မြို့ဝင်ပေါက်မျှော်စင်ရှိစစ်သားများနှင့် သိုင်းပညာရှင်များ၏စိတ်ဓာတ်မှာလည်း အကြီးအကျယ်အားတက်လာပြီဖြစ်သည်။

ယနေ့၏စစ်ပွဲအခြေအနေမှာ တကယ့်ကိုပြောင်းပြန်ဖြစ်သွားသည်ဟုဆိုနိုင်ပေရာ အာလုံးကို ပါးစပ်ပင်မစိနိုင်သည်အထိအံ့သြစေပေသည်။

ယနေ့သူတို့၏စိတ်ဓာတ်ရေးရာမှာ ရိုလာကိုစတာစီးရသလိုပင်။

တစ်ဖက်တွင် ကျိုးဟောင်မှာပိတ်ဆို့ရေးစက်တစ်ခုအားဖျက်ဆီးပြီးနောက် နောက်တစ်ခုကိုထပ်မံဖျက်ဆီးရန် ရှေ့တိုးသွားလေသည်။

စွမ်းအင်အကာအကွယ်မပျက်စီးသရွေ့ ရှေ့တန်းခံတပ်အားထိန်းသိမ်းနိုင်ပေသည်။

လက်ရှိတွင် စွမ်းအင်အကာအကွယ်အားတိုက်ခိုက်နေသည့် အပြင်းထန်ဆုံးတိုက်ခိုက်မှုမှာ ဤပိတ်ဆို့ရေးစက်များမှပစ်ခတ်နေသော အဆင့်မြင့်စွမ်းအင်အမြောက်များပင်ဖြစ်သည်။

ဝုန်း

ကျိုးဟောင်ချဉ်းကပ်သွားသည်နှင့် လောကကြီးအားထိုးဖောက်နိုင်သောအပြာရောင်အလင်းတန်းတစ်ခုမှာ ကျိုးဟောင်ထံရောက်ရှိလာလေသည်။

ဤစက်ရုပ်မျိုးနွယ်မှပိတ်ဆို့ရေးစက်များမှာ အန္တရာယ်အားအာရုံခံပြီး ကြုံသလိုတိုက်ခိုက်နေမှန်းသိသာပေသည်။

သို့သော်ကျိုးဟောင်မှာအလွန်မြန်ပေရာ ဤပိတ်ဆို့ရေးစက်မှာ အတော်လေးအသုံးမဝင်တော့ပေ။

၎င်း၏တိုက်ခိုက်မှုမှာအပြစ်အနာအဆာမရှိသောပစ်ခတ်မှုမဟုတ်ပါက ၎င်းမှာကျိုးဟောင်အတွက်ပြိုင်ဘက်မဟုတ်ပေ။

"သူ့ကိုတား"

ထိုအချိန်တွင် ဆူညံသံများစွာထွက်ပေါ်လာလေသည်။

မျိုးနွယ်ခြားများမှာ ဒေါသတကြီးဖြင့် ကျိုးဟောင်ဘက်လှည့်လာကြလေသည်။

ပုံစံကြည့်ရသည်မှာ အကယ်၍ကျိုးဟောင်ကြောင့်သာမဟုတ်ပါက သူတို့နံပါတ် ၁ အက်ကွဲကြောင်း၏ရှေ့တန်းခံတပ်အားထိုးဖောက်ပြီးသည်မှာ ကြာလှပြီဖြစ်လောက်သည်။ မည်သို့ပင်ဖြစ်စေ ကျိုးဟောင်မှာတစ်ကြိမ်ပြီးတစ်ကြိမ် သူတို့၏လှုပ်ရှားမှုများအား နှောင့်ယှက်ကာတားဆီးခဲ့ပေသည်။

ယခုမူ ရှေတန်းခံတပ်အားလုံးဝဖျက်ဆီးနိုင်ရန် စွမ်းအားကြီးသောမျိုးနွယ်ခြားအများအပြားမှာ ကျိုးဟောင်အားသတ်ချင်နေပြီဖြစ်သည်။

ရွှစ်....

ကျိုးဟောင်မှာ အစိမ်းရောင်ဓားသွားအားလက်ထဲတွင် ဝှေ့ယမ်းလိုက်သည့်အချိန်တွင် ရုတ်တရက်ဆိုသလိုပင် စွမ်းအားကြီးပြီးကြောက်မက်ဖွယ်ကောင်းသောအဖျက်စွမ်းအားတစ်ခုမှာသူ့ဘေးမှဖြတ်သွားလေသည်။

ဘေးဘက်သို့ဝေ့ကြည့်လိုက်ရာ ၎င်းမှာလူသားပုံစံစက်ရုပ်မျိုးနွယ်တစ်ကောင်ဖြစ်နေပေသည်။

ဤလူသားပုံစံအဆင့်မြင့်စက်ရုပ်မျိုးနွယ်စစ်သည်မှာ ချပ်ဝတ်ဝတ်ဆင်ထားသော လူသားသိုင်းပညာရှင်တစ်ယောက်ပုံစံပင်ဖြစ်သည်။

ကွာခြားချက်မှာ လူသားသိုင်းပညာရှင်၏ချပ်ဝတ်မှာတကယ်တမ်းတွင် တင်းကျပ်သောပြင်ပအကာအကွယ်ဖြစ်ပြီး ခန္ဓာကိုယ်၏တစ်စိတ်တစ်ပိုင်းဖြစ်လေသည်။

ထိုအချိန်တွင် ငွေဖြူရောင်အဆင့်မြင့်စက်ရုပ်မျိုးနွယ်ဝင်မှာ ကျိုးဟောင်ထံအလောတကြီးပြေးဝင်လာလေသည်။

၎င်းထံ၌များစွာသော ကြီးမားသည့်လက်နက်များတပ်ဆင်ထားရုံသာမက တိုက်ခိုက်ရေးနည်းပညာများမှာလည်းကြောက်မက်ဖွယ်ကောင်းလှပေသည်။

...................................................................................

အခန်း(၂၄၄) ပြီးပါပြီ။

အခန်း (၂၄၅) : ရှင်ကကျွန်မကိုအထင်သေးနေတာလား

ရှေ့တန်းကာကွယ်ရေးခံတပ်တွင်ယခုလို စက်ရုပ်မျိုးနွယ်များမှာ အတော်လေးရှားပါးလှပေသည်။ ထို့အပြင် ၎င်းတို့မှာအလွန်အန္တရာယ်များပြီး ကျင့်ကြံသူများအား လွယ်လင့်တကူပင်အပိုင်းပိုင်းလုပ်ပစ်နိုင်သည်။

ထိုစက်ရုပ်နှင့်ရင်ဆိုင်ရန် ကျိုးဟောင်မှာသူ့ခွန်အား၏ ၇၀ ရာခိုင်နှုန်းကျော်အားတန်းသုံးလိုက်သည်။

မဟုတ်ပါက သူသည်ဤစက်ရုပ်မျိုးနွယ်ပညာရှင် ၏ပြိုင်ဘက်မဖြစ်နိုင်ပေ။

ဒင်! ဒင်! ဒင်!

စက်ရုပ်မျိုးနွယ်ပညာရှင်၏ သတ္တုစပ်ဓားမှာကျိုးဟောင်၏ အစိမ်းရောင်ဓားသွားအားဆက်တိုက်ခုတ်ပိုင်းနေပြီး လေထဲတွင် ပြိုးပြိုးပြက်ပြက်အလင်းရောင်များလည်း ဆက်တိုက်ထွက်ပေါ်နေသည်။

ကာကွယ်ရေးခံတပ်ရှေ့တန်းရှိစစ်သည်များမှာ စက်ရုပ်မျိုးနွယ်ပညာရှင်အား လေးနက်သောအကြည့်များဖြင့်ကြည့်နေကြသည်။

ဤအဆင့်မြင့် စက်ရုပ်မျိုးနွယ်ပညာရှင်၏ ပေါ့ပါးမှု၊ ခုခံမှု၊ တိုက်ခိုက်မှုနှင့် တိုက်ပွဲနည်းပညာအားလုံးမှာ သိုင်းပညာရှင်အများစုမျှော်မှန်းထားသည်ထက်ပိုနေပေသည်။

ဤအရာမှာ တကယ့်ကိုပြီးပြည့်စုံသောလူသတ်စက်ပင်ဖြစ်သည်။

ကံကောင်းသည်မှာ ယခုတစ်ကြိမ်တွင် မူလကောင်စီ၏ဥက္ကဌကျိုး ဤနေရာတွင်ရှိနေခြင်းပင်ဖြစ်သည်။ မဟုတ်ပါက နံပါတ် ၁ အက်ကွဲကြောင်းရှိမည်သူမဆို ဤစက်ရုပ်မျိုးနွယ်ပညာရှင်၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။

အဝေးရှိကောင်းကင်ပြင်တွင်တိုက်ခိုက်နေသော ကျိုးဟောင်နှင့်လူသားပုံစံစက်ရုပ်မျိုးနွယ်ပညာရှင်မှာ အလွန်လျင်မြန်လှပေသည်။

သာမန်သိုင်းပညာရှင်များနှင့် စစ်သားများမှာ လေထဲတွင်ပျံသန်းနေသောအလင်းတန်းနှစ်ခုကိုသာမြင်ရပြီး တိုက်ပွဲအခြေအနေအားလုံးဝမသိရပေ။

ပိုမိုစွမ်းအားကြီးသောသိုင်းပညာရှင်အချို့ပင် ပုံရိပ်နှစ်ခုအားမြင်ရတယ်ဆိုရုံသာရှိပေသည်။

လက်ရှိအချိန်တွင် သူတို့နှစ်ယောက်ကြားရှိတိုက်ပွဲအခြေအနေမှာ ဘယ်လိုရှိမှန်းမည်သူမျှမပြောနိုင်ပေ။

"ဒီလူသားပုံစံစက်ရုပ်မျိုးနွယ်ပညာရှင်က တကယ့်ကိုရင်ဆိုင်ဖို့ခက်တာပဲ"

မြို့တံတိုင်းပေါ်တွင်ဒဏ်ရာကုသနေသော သိုင်းပညာရှင်အချို့မှာ ကြောက်ရွံ့စွာပြောလိုက်လေသည်။

တစ်ယောက်တစ်ယောက်ချင်းတိုက်သည့်အခြေအနေတွင် နံပါတ် ၁ အက်ကွဲကြောင်းရှိ အသန်မာဆုံးပညာရှင်ဖြစ်သူ ထျယ်ရူယွင်ပင် သေချာပေါက် ဤအဆင့်မြင့်စက်ရုပ်မျိုးနွယ်ပညာရှင်၏ပြိုင်ဘက်မဟုတ်ပေ။

ယခုသိုင်းပညာရှင်အားလုံး အလွန်စိတ်ပူနေသည့်ကိစ္စမှာ အက်ကွဲကြောင်းအနက်ပိုင်းတွင်ဘာတွေဖြစ်ပျက်နေပြီလဲ ဟူသောကိစ္စပင်ဖြစ်သည်။ လတ်တလောတွင် ဘာကြောင့်ယခုလိုအပြောင်းအလဲအများအပြားဖြစ်လာရသနည်း။

ကျိုးဟောင်မှာ ဤအဆင့်မြင့်စက်ရုပ်မျိုးနွယ်ပညာရှင်၏တားဆီးခြင်းကိုခံနေရသည့်အချိန်တွင် ကျန်ရှိနေသောပိတ်ဆို့ရေးစက် ၂ခုမှာ အကာအကွယ်အနီးသို့ ထပ်မံကာတစ်ဟုန်ထိုးစတင်သွားနေပြီဖြစ်သည်။

သူတို့၏လက်ရှိအမြန်နှုန်းဖြင့်ဆိုပါက ၃မိနစ်အတွင်း ကောင်းကောင်းပစ်နိုင်မည့်အကွာအဝေးသို့ရောက်တော့မည်ဖြစ်သည်။ ထိုအခါ ကာကွယ်ရေးခံတပ်ရှေ့တန်းရှိမြို့များသည်လည်း ပြင်းထန်သောပေါက်ကွဲမှုအား ခံစားရမည်ဖြစ်သည်။

စွမ်းအင်အကာအကွယ်ရှိပါက သိုင်းပညာရှင်အများအပြားသည်လည်း ဒဏ်ရာရပါကကုသရန် ပြန်လာနိုင်ပေသည်။

ဤကဲ့သို့သောနည်းလမ်းဖြင့် အဆင့်အနိမ့်ဆုံးသိုင်းပညာရှင်များနှင့် စစ်သားများမှာ စွမ်းအင်အကာအကွယ်နောက်နေပြီး ခုခံနိုင်ပေသည်။

စွမ်းအင်အကာအကွယ်ပျက်စီးသွားသည်နှင့် သူတို့အားလုံးအလွန်ဆိုးဝါးသော အနီးကပ်တိုက်ပွဲအား တိုက်ခိုက်ရုံသာရှိတော့ပေသည်။

မျိုးနွယ်ခြားများနှင့်ယှဉ်ပါက လူသားမျိုးနွယ်များမှာ အနီးကပ်တိုက်ပွဲတွင် အရေးသာမှုမရှိပေ။

လူသားများကြားတွင် ကျိုးဟောင်၊ လင်ရှုယင်နှင့် ထျယ်ရူယွင်ကဲ့သို့သောသိုင်းပညာရှင်များမှာ အလွန်စွမ်းအားကြီးကြပေသည်။

သို့သော် ဤကဲ့သို့စွမ်းအားကြီးသောသိုင်းပညာရှင်များမှာ တကယ့်ကိုရှားပါးလွန်းလှပေသည်။

ယခုစစ်သူကြီးထျယ်မှာပိတ်ဆို့ခံနေရပြီး လင်ရှုယင်နှင့်အခြားမူလအဆင့်ပညာရှင်များဘက်‌တွင်လည်း တိုးတက်မှုမရှိပေ။

ကျိုးဟောင်မှာပိတ်ဆို့ရေးစက်တစ်လုံးအား ဖျက်ဆီးပြီးပြီဖြစ်သော်လည်း လက်ရှိတွင်သူသည် အဆင့်မြင့်လူသားပုံစံစက်ရုပ်၏တိုက်ခိုက်မှုကိုခံနေရပြီး မအားလပ်ပေ။

ဘုန်း!

လေထဲရှိ ကျိုးဟောင်မှာရုတ်တရက်လက်အားဝှေ့ယမ်းလိုက်လေရာ ကြီးမားသောအစိမ်းရောင်ဓားအလင်းတန်းကြီးမှာ ချက်ချင်းပြေးထွက်သွားလေသည်။

ဤအစိမ်းရောင်ဓားအလင်းတန်းကြီးမှာ

အလွန်ကြမ်းကြုတ်ပြီး စွမ်းအားကြီးလှပေသည်။

သို့သော်ကြီးမားသောဓားအလင်းတန်း ဖြင့်ပိုင်းလိုက်သည်နှင့် တစ်ဖက်ရှိလူသားပုံစံစက်ရုပ်မျိုးနွယ်ပညာရှင်မှာ တကယ်ကိုပင်ပို၍မြန်ဆန်သောအရှိန်နှုန်းဖြင့် အလွယ်တကူရှောင်တိမ်းလိုက်လေသည်။

"ဒီကောင်ကပိုပြီးသန်မာလာတာလား"

ကျိုးဟောင်မှာ အံ့ဩသွားလေသည်။

ယခင်က ဤစက်ရုပ်မျိုးနွယ်မှာကျိုးဟောင်နှင့်ထိပ်တိုက်တိုက်ရန်သာရွေးချယ်ခဲ့ရပေသည်။ အကြောင်းအရင်းမှာ ထိုစက်ရုပ်သည်ကျိုးဟောင်၏ဓားချက်အားမရှောင်နိုင်၍ဖြစ်သည်။

သို့သော်ယခုတွင်မူ ဤစက်ရုပ်မှာ ကျိုးဟောင်၏ တိုက်ခိုက်ရေးအချက်အလက်အားလုံးကို စုဆောင်းလိုက်ပုံပေါ်ပေရာ ကျိုးဟောင်တိုက်ခိုက်လိုက်သည့်အချိန်မှာပင် သူ့ဘက်မှတုံ့ပြန်လာလေသည်။

ယခင်က ကျိုးဟောင်မှာသူ၏စွမ်းအားအားဖုံးကွယ်ထားနေဆဲဖြစ်သော်လည်း ယခုတွင်သူ၏ခွန်အားအပြည့်ဖြင့် ဤလူသားပုံစံစက်ရုပ်မျိုးနွယ်ပညာရှင်အားတိုက်ခိုက်ရတော့မည့်ပုံပင်။

အကယ်၍ဤလူသားပုံစံစက်ရုပ်မျိုးနွယ်သာလွတ်မြောက်သွားပါက အနာဂတ်တွင်ကျိုးဟောင်အတွက် ပိုပိုခက်ခဲလာနိုင်ပေသည်။

သို့သော်ယခုအချိန်တွင် ဤစက်ရုပ်မျိုးနွယ်အားသတ်ရန်ကိစ္စမှာခက်ခဲသည်တော့မဟုတ်ပေ။

တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်နှင့်အမျှ စက်ရုပ်မျိုးနွယ်၏ကျိုးဟောင်အပေါ်တိုက်ခိုက်မှုမှာလည်း ပိုလို့ပင်တိကျလာလေသည်။

ယခုအချိန်တွင် ကျိုးဟောင်သည်ဤစက်ရုပ်ကိုသတ်ရန် အင်အားအပြည့်ဖြင့်တိုက်ခိုက်နိုင်မည့် အခွင့်အရေးအားအမိအရဖမ်းဆုပ်ဖို့သာ တတ်နိုင်ပေသည်။

ကျိုးဟောင် ထိုကဲ့သို့တွေးနေသည့်အချိန်မှာပင် အဝေးရှိပိတ်ဆို့ရေးစက်အားအဆုံးသတ်ပြီးသွားသော လင်ရှုယင်သည်လည်း ကူညီပေးရန်ရောက်လာလေသည်။

"ဒီမှာဘာလုပ်နေတာလဲ"

ကျိုးဟောင်မှာပြောစရာစကားပင်မရှိတော့ပေ။ အောက်ဘက်တွင် ပိတ်ဆို့ရေးစက် ၂ ခုရှိသေးသော်လည်း ဘယ်သူမှထိုစက်များအားမတားကြပေ။

အချိန်တိုအတွင်း ထိုပိတ်ဆို့ရေးစက် ၂ ခုမှာ ကောင်းကောင်းပစ်နိုင်သောဧရိယာအတွင်း ရောက်တော့မည်ဖြစ်သည်။ ထိုအချိန်ရောက်ပါက သူတို့ရှေ့ရှိစွမ်းအင်အကာအကွယ်သည်လည်း အသုံးမဝင်တော့ပေ။

"ကျွန်မကရှင့်ကိုကူညီဖို့လာတာလေ ရှင်ကကျွန်မကိုအထင်သေးနေတာလား"

လင်ရှုယင်မှာသတ္တုစပ်ဖြင့်ပြုလုပ်ထားသော ‌ဓားအပါးလေးအားကိုင်ဆောင်ထားပေသည်။ ကမ္ဘာဂြိုဟ်၏နည်းပညာအရဆိုပါက ထိုလက်နက်မှာအတော်‌လေးကောင်းမွန်သော လက်နက်တစ်ခုဖြစ်နေပြီဖြစ်သည်။

သို့သော် လျှို့ဝှက်ဆန်းကြယ်သေတ္တာထဲမှကျိုးဟောင်ရထားသောလက်နက်ဖြင့်ယှဉ်ပါက ၎င်းမှာမပြောပလောက်ပေ။

သို့သော်ကျိုးဟောင်မှာ လင်ရှုယင်အားလက်နက်အသစ်မပေးခဲ့ပေ။ စစ်မြေပြင်တွင် ရင်းနှီးကျွမ်းဝင်မှုမရှိသောလက်နက်အားကိုင်ဆောင်ခြင်းသည် သေချာပေါက် သူမအတွက်မကောင်းပေ။

..................................................................................

အခန်း(၂၄၅) ပြီးပါပြီ။

အခန်း (၂၄၆): ရေခဲဝိညာဉ် ပုံဆောင်ခဲနက် လျှို့ဝှက်နည်းစနစ်

"ငါလုပ်နိုင်မယ်လို့ထင်တယ်။ ဒီပိတ်ဆို့ရေးစက်တွေကို ရင်ဆိုင်ဖို့ နည်းလမ်းတခုတော့စဉ်းစားဖို့လိုမယ်"

ကျိုးဟောင်က စိတ်ပျက်လက်ပျက်ပြောလိုက်သည်။

ယခုသူ့အား ခေါင်းကိုက်စေသော အရာမှာ သားရဲကြီးများကဲ့သို့ ရက်စက်ကြမ်းကြုတ်သော ပိတ်ဆို့ရေး စက်၂ခုပင်ဖြစ်လေသည်။

" ငါကဒီပြဿနာကိုဖြေရှင်းပေးနိုင်မယ့်လူနဲ့များတူနေလို့လား"

ကျိုးဟောင်၏ဘေးတွင် တိုက်ရိုက်နေသော လင်ရှု ယွင်က မကျေမနပ်ပြောလိုက်လေသည်။

သူမသာ ဒီပိတ်ဆို့ဖျက်ဆီးရေးစက်ယန္တရား ၂ခုအား ဖြေရှင်းနိုင်ပါက ကျိုးဟောင်အား အပင်ပန်းခံပြီးလာရှာမည်မဟုတ်ပေ။

"ဒါလည်းဟုတ်တာပဲ"

ကျိုးဟောင်က ခေါင်းညိတ်လိုက်သည်။

လင်ရှုယွင်၏အကူအညီနဲ့သာဆိုရင် သူ့ဘက်ခြမ်းတွင်ရှိသော ပြဿနာအနည်းငယ်လောက်လျော့ကျသွားမည်ဖြစ်သည်။

အစတုန်းက ကျိုးဟောင်မှာ အင်အားထိန်းသိမ်းရန်လိုအပ်သောကြောင့် အားကုန်မတိုက်ခိုက်ခဲ့ပေ။ သူ့အနေဖြင့် အန္တရာယ်များသော အခြေအနေများ နှင့် စက်ယန္တရားမျိုးနွယ်၏ အန္တရာယ်ကြီး ယန္တရားများနှင့်ကြုံတော့မှသာ မီးကုန်ယမ်းကုန်တိုက်ရန်ပြင်ဆင်ထားခဲ့လေသည်။

ယခုမူ လင်ရှုယွင်က လာပြီး ကူညီပေးသောကြောင့် သူ့အနေဖြင့် ပိုပြီး ယုံကြည်မှုရှိလာလေပြီ။

"ကျွန်မလျှို့ဝှက်သိုင်းသုံးပြီး ခဲလိုက်မယ် ရှင်သတ်နိုင်တယ်မှတ်လား"

ကျိုးဟောင်က အင်အားအပြည့်သုံးပြီး တိုက်ခိုက်နေစဉ်မှာပဲ လင်ရှုယွင်၏ စိတ်ဖြင့်ဆက်သွယ်ပြောဆိုသံကိုကြားလိုက်ရလေသည်။

"မင်းက အဲ့အရာကိုခဲအောင်ပြုလုပ်နိုင်တယ်ပေါ့"

ကျိုးဟောင်က အံဩစွာပြန်မေးလိုက်သည်။ လင်ရှုယွင်မှာ သန်မာကြောင်းသူသိသော်လည်း အရာ၀တ္ထုများကို ခဲအောင်ပြုလုပ်ပြီး လှုပ်မရအောင်ချုပ်ထားနိုင်လိမ့်မည်လို့မထင်ထားခဲ့ပေ။

"တကယ်လို့မင်းသာ ခဲအောင်ပြုလုပ်နိုင်မယ်ဆိုရင် ငါကလည်း ရအောင်သတ်နိုင်တာပေါ့"

ကျိုးဟောင်မှာ ရှည်ရှည်ဝေးဝေးမေး မနေတော့ဘဲ ပြန်ပြောလိုက်သည်။ လင်ရှုယွင်၏ ရွေးချယ်မှုကို အကြွင်းမဲ့ ဉာဏ်ပြေးလှသည်။

ကျိုးဟောင်အနေဖြင့် သူ့လက်များကို လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်သရွေ့ အခြေအနေများကို ပြောင်းလဲနိုင်စွမ်းရှိလေသည်။

"ကောင်းပြီ တိုက်တော့"

ကျိုးဟောင်စကားဆုံးသည်နှင့် လင်ရှုယွင်၏လက်ကလေးများက သစ်ရွက်နှင့် ပန်းပွင့်များသဏ္ဌာန် ချိပ်ပိတ်သည့် သင်္ကေတများကို ပြုလုပ်လိုက်လေသည်။

ထို့နောက် လင်ရှုယွင်၏ ခန္ဓာကိုယ်မှာ တဖြေးဖြေးအေးစက်လာသည်ကို ခံစားလိုက်မိသည်။

လင်ရှုယွင်ဆီမှ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများထွက်လာလေသည်။ တဖက်တွင်ရှိ‌သော လူပုံစံစက်ရုပ်မှာလည်း ထိုအရှိန်အဝါများကြောင့် ဇဝေဇဝါဖြစ်သွားလေသည်။

၎င်းတို့မှာ လူသားမျိုးနွယ်သိုင်းပညာရှင်တို့၏ သိုင်းပညာကျင့်စဉ်များ နှင့် သိုင်းကွက်များကို စုဆောင်းနိုင်ခဲ့သော်လည်း သူတို့ မစုဆောင်းနိုင်ခဲ့သည့်အရာများကျန်နေသေးလေသည်။

ဒါကြောင့် သူတို့အနေဖြင့် လင်ရှုယွင် ဘာလုပ်နေသလဲဆိုတာကို မသိနိုင်‌ဖြစ်နေကြလေသည်။ ၎င်းတို့၏ဉာဏ်ရည်မြင့်စက်ဦးနှောက်မှ လျင်မြင်စွာတွက်ချက်လိုက်ပြီး လင်ရှုယွင်ဘာပဲလုပ်နေသည်ဖြစ်စေ သူမအား အမြန်သတ်ရန်ဆုံးဖြတ်လိုက်ကြလေသည်။

ကျိုးဟောင်လည်း သူ့အားရင်ဆိုင်နေသော စက်ယန္တရားများ၏ ပစ်မှတ်မှာပြောင်းလဲသွားကြောင်းသတိထားမိလိုက်သည်။ ထိုစက်ယန္တရားများမှာသူတို့၏ သတ္တုစပ်ဓားများကို ထုတ်ပြီး လင်ရှုယွင်ဘက်သို့ လှည့်သွားသောကြောင့် ကျိုးဟောင်လည်းသူမဆီသို့ အမြန်ပြေးသွားလေသည်။

ထိုအချိန်၌ပင် ကျိုးဟောင်စိတ်ထဲမှာ တခုခုစိုးရိမ်နေခဲ့လေသည်။ထိုစက်ယန္တရားကောင်များ၏ တိုက်ခိုက်နှုန်းမှာ အလွန်လျင်မြန်လှပေသည်။ သူမအနေဖြင့် ထိုစက်ယန္တရားကောင်များအား ထိအောင်အေးခဲနိုင်ပါ့မလား။

တကယ်လို့ သူမသာ လွဲချော်ခဲ့ပါက အ‌ကျိုးဆက်က မတွေးဆဝံ့အောင်ဆိုးရွားသွားပေမည်။ ကျိုးဟောင်အနေဖြင့် လင်ရှုယွင်ရင်ဆိုင်နေရသော အခက်အခဲအတွက်သေချာ မမှန်းဆပေးနိုင်ဖြစ်နေလေသည်။

ကျိုးဟောင်နှင့် ထိုစက်ယန္တရားကောင်တို့၏တိုက်ပွဲမှာ အလွန်လျင်မြန်လှပြီး ရိပ်ခနဲပုံရိပ်များသာ မြင်ရလေသည်။

လင်ရှုယွင်အနေဖြင့် စက်ယန္တရားကောင်များကို ထိအောင်သေချာ ခဲနိုင်ရန်ခက်ခဲပေသည်။ ဒါ့အပြင် ထိုစက်ယန္တရားကောင်များမှာ ဉာဏ်ရည်အလွန်မြင့်မားသောကြောင့် သူမနှင့် ကျိုးဟောင်၏ ရည်ရွယ်ချက်ကိုလည်း ရိပ်မိသွားနိုင်ခြေရှိနေလေသည်။

ထိုအချိန်မှာပဲ စက်ယန္တရားကောင်များက ကျိုးဟောင်အား အနီးကပ်အပြင်းအထန်တိုက်ခိုက်လာခဲ့ပြီးအား သူတို့နှစ်ယောက်အား အခွင့်အရေးအနည်းငယ်တောင်မပေးခဲ့ပေ။

ဘမ်း ...

ကျိုးဟောင်ကလည်း ကြုံးဝါးပြီးလက်သီးဖြင့်ထိုးချလိုက်လေသည်။ လင်‌ရှုယွင်အနေဖြင့် သူမဘာသာ ခဲအောင်ပြုလုပ်မည့်အခွင့်အရေးရှာမရပါက သူကိုယ်တိုင်သူမအတွက် အခွင့်အရေးဖန်တီးပေးရမည်ဖြစ်ကြောင်းကျိုးဟောင်းနားလည်လိုက်သည်။

ကျိုးဟောင်အတွက် သူမအတွက် အခွင့်အရေးပေါ်လာအောင်တိုက်ခိုက်ပေးနေကြောင်းကိုလည်း လင်ရှုယွင်သဘောပေါက်လေသည်။

ဒါ့ကြောင့်သူမက ပိုမိုအာရုံစိုက်သော အသွင်သို့ပြောင်းလိုက်လေသည်။

ထိုအခိုက်အခန့်မှာပဲ သူမ၏မျက်လုံးထဲတွင် ကမ္ဘာမြေကြီးပေါ်မှ အဖြစ်အပျက်များမှာ အလွန်ရှင်းလင်းပြတ်သားလာလေသည်။ သူမအနားတွင်ရှိသော အရာအားလုံးကလည်း ပျောက်ကွယ်သွားပြီး ပိုမိုနှေးကွေးလာလေသည်။

နောက်ဆုံး၌သူမ၏ ရည်မှန်းချက်တခုသာကျန်လေတော့သည်။

လင်ရှုယွင်၏ပါးလေးများမှာ ဖောင်းကြွလာပြီး သူမ၏ပါးစပ်အပြည့် ရေခဲ‌မှုန်များမှုတ်ထုတ်လိုက်လေသည်။ ထိုအချိန်မှာပဲ လေထဲတွင် အရှိန်ပြည့်ပျံဝဲတိုက်ခိုက်နေသော စက်ယန္တရားများမှာ ချက်ချင်း ရေခဲပုံဆောင်ခဲများအဖြစ်ပြောင်းလဲသွားလေသည်။

ထိုစက်ယန္တရားမျိုးနွယ်များမှာ ရေခဲအရိုက်ခံလိုက်ရသော လိပ်ပြာကောင်များပမာ လုံး၀လှုပ်ရှားလို့မရတော့ပေ။

ကျိုးဟောင်နှင့်လင်ရှုယွင်မှာ အတူတွဲဖက်မလှုပ်ရှားဖူးသော်လည်း သူတို့၏ ချိန်သားကိုက်လှုပ်ရှားမှုကတော့ အတော်ကောင်းလေသည်။

လင်ရှုယွင်က ထိုလူသားပုံစံစက်ရုပ်များကို ခဲပေးလိုက်သောအခါမှာပဲ ကျိုးဟောင်က သူ၏ခွန်အားကို ၉၀%အထိအသုံးပြုပြီးပျက်စီးသွားအောင် တိုက်ခိုက်လိုက်လေသည်။ အစိမ်းရောင်လျှပ်စစ်အလုံးကြီးက လေထုထဲတွင် ပျံ့နှံ့ပေါက်ကွဲသွားလေသည်။

ဘုန်း....

ကြီးမားသော မီးလုံးကြီးများက လေထဲတွင် နေရာအနှံ့ပြန့်ကျဲကုန်လေသည်။

လင်ရှုယွင်ပျံဝဲနေသည့်အနားကိုလည်း ကြီးမားပြင်းထန်သော လေလှိုင်းများ လာရိုက်ခတ်သွားလေသည်။

ကျိုးဟောင်လည်း အလျင်မြန်ပင် လင်ရှုယွင်အား ပွေ့ဖမ်းလိုက်လေသည်။ထို့နောက်သူက ရှားပါးစွမ်းအင်ဘားတချောင်းကို လင်ရှုယွင်၏ လက်ဝါးလေးထဲသို့ထည့်ပေးလိုက်လေသည်။

လင်ရှုယွင်မှာ၏သိုင်းက သူမအား စွမ်းအင်အနှစ်သာရများကို ကုန်ခမ်းသွားစေခဲ့လေသည်။ လက်ရှိတွင်သူမ မှာ အလွန်အားနည်းသော အခြေအနေသို့ရောက်နေခဲ့လေသည်။

အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်း၏ အ‌စည်းအဝေးခန်းထဲတွင် ကောင်းကင်ဘုရင် လင် မှာ ရုတ်တရက်မတ်တပ်ထရပ်လိုက်လေသည်။ သူ့တကိုယ်လုံးတွင်လည်း သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေပြီး သူ့အနေဖြင့် အက်ကွဲကြောင်းထဲသို့၀င်ပြီး ထိုမျိုးနွယ်ခြားများကို သွေးချောင်းစီးအောင်သတ်ပစ်ချင်နေလေသည်။

လင်ရှုယွင် ယခုအသုံးပြုလိုက်သော လျှို့ဝှက်နည်းစနစ်မှာ လင်မျိုးနွယ်မိသားစု၏ လျှို့ဝှက်သိုင်း ရေခဲဝိညာဉ်ပုံဆောင်ခဲနက်ဖြစ်လေသည်။

သူမအနေဖြင့် ထိုသိုင်းအား အသုံးပြုခဲ့ခြင်းကြောင့် သူမ၏သက်တမ်း၁၀နှစ်အားပေးဆပ်ရမည်ဖြစ်လေသည်။

...................................................................................

အခန်း(၂၄၆)ပြီးပါပြီ။

All Chapters