← Chapters

အခန်း (၅၅၀-၅၅၂)

Vol. 37 Ch. 550-552

အခန်း (၅၅၀-၅၅၂)

Vol. 37 Ch. 550-552

အခန်း (၅၅၀) : ဖောက်ပြန်ခြင်း

ကျိုးဟောင်နှင့်ပိုင်ရန်ရွှယ်မှာ ထိုအထဲမှလမ်းလျှောက်ထွက်လာကြလေသည်။ သူတို့နှစ်ယောက်ကို ဖက်တီးကျင်းနှင့်ပညာသင်များအားလုံးတွေ့လိုက်ကြလေသည်။သူတို့မျက်စိရှေ့တွင်ရှိသောမြင်ကွင်းကြောင့် မှင်တက်သွားကြလေသည်။

အာကာသတွင်းပေါက်ထဲမှထွက်လာပြီးနောက် ပိုင်ရန်ရွှယ်မှာ ကျိုးဟောင်အားရှုပ်ထွေးသောအကြည့်ဖြင့်စူးစိုက်ကြည့်လိုက်လေသည်။

ပြီးခဲ့သောနှစ်ရက်အတွင်းဖြစ်ပျက်ခဲ့သော ကိစ္စများမှာစိတ်အနှောင့်အယှက်ဖြစ်စေခဲ့သော်လည်း ကျိုးဟောင်ကသူမအား ဘာမှမလုပ်ခဲ့ပေ။ ထိုအချက်ကြောင့်ပိုင်ရန်ရွှယ်ကကျိုးဟောင်အားလူကြီးလူကောင်းအဖြစ်သတ်မှတ်ထားလေသည်။

ယခုသူမ၏ကျင့်ကြံရေးများပြန်လည်ရရှိခဲ့သော်လည်းသူမ မတိုက်ခိုက်တော့ပေ။ အစကသူမသည်နင်ယွမ်ဖုန်းအတွက်ကျိုးဟောင်အားလက်စားချေရန်တိုက်ခိုက်ခဲ့သော်လည်း အခုတော့ မတိုက်ခိုက်လိုတော့ပေ။

တကယ်တော့ သူမ၏အသက်ကိုကယ်ခဲ့သူမှာလည်းကျိုးဟောင်ဖြစ်နေလေသည်။ ကျိုးဟောင်သာမကာကွယ်ပေးခဲ့ပါကထိုနေရာသို့စတင်ရောက်ရှိကတည်းကလေပြင်းနှင့်နှင်းမုန်တိုင်းများ၏တိုက်စားမှုကိုခံရပြီးမရှုမလှသေပွဲ၀င်ခဲ့ရမည်ဖြစ်လေသည်။

"ကျိုးဟောင်ငါနင့်ကိုဒီတကြိမ်တော့လွှတ်ပေးလိုက်မယ် ဒါပေမဲ့ နောက်တကြိမ်ဆိုရင်တော့ ဒီလိုဖြစ်မှာမဟုတ်တော့ဘူး"

ပိုင်ရန်ရွှယ်ကပြောပြီးနောက်ကျိုးဟောင်အားဆက်မနှောင့်ယှက်တော့ပဲ သူမ၏ခန္ဓာကိုယ်လေးမှအလင်းအဖြစ်ပြောင်းလဲသွားပြီးထွက်ခွာသွားလေသည်။

ကျိုးဟောင်ကတော့နှုတ်ခမ်းကိုကွေးကာပြုံးလိုက်လေသည်။ ဒီအမျိုးသမီးကတကယ့်ကို သတိမေ့တတ်လေသလား။ သူမအသက်ကိုကယ်ခဲ့သူမှာကျိုးဟောင်ဖြစ်လေသည်။

ဖက်တီးကျင်းမှာသတိပြန်လည်လာပြီး ကျိုးဟောင်ရှေ့သို့ပြာပြာသလဲရောက်လာလေသည်။ ထိုလူမှာကျိုးဟောင်ကိုမြင်လိုက်သောအခါ လွန်ခဲ့သောရက်ပိုင်းတုန်းက မြို့အပြင်တွင်သူနှင့်ဆုံခဲ့သည့်သူဖြစ်ကြောင်းသတိရသွားပြီးပိုထိတ်လန့်သွားလေသည်။

" အာ.....ညီနောင်က နာမည်ကြီးနေတဲ့ ကျိုးဟောင်ဆိုတဲ့တယောက်လား"

ဖက်တီးကျင်းမှာအသက်ရှူနှုန်းများမြန်ဆန်နေလေသည်။

"ဟုတ်ပါတယ် အကိုကျင်း ဘာဖြစ်လို့ပါလဲ"

ထိုစကားကြောင့် ဖက်တီးကျင်းမှာအလွန်စိတ်လှုပ်ရှားသွားပြီးချက်ချင်းပြန်ပြောလိုက်လေသည်။

"ဒါ...ဒါဆို မင်းကတကယ့်ကျိုးဟောင်ပေါ့"

"ညီနောင်ကျိုး မင်းကတကယ့်ကိုအညှာအတာကင်းမဲ့တာပဲ။ မင်းပါရမီရှင်လေးယောက်ကိုအနိုင်ယူလိုက်တဲ့သတင်းက မိုရိုနယ်ပယ်တခုလုံးပျံ့နှံ့နေပြီ။ မင်းနာမည်ကိုကြားလိုက်တုန်းက ငါ့နားထဲ မိုးကြိုးပစ်လိုက်သလိုပဲ။ အရေးအကြီးဆုံးကစိတ်အနှောင့် အယှက်အရမ်းပေးတဲ့ ငကြောက်ကောင်နင်ယွမ်ဖုန်းကို မင်းအနိုင်ယူခဲ့တာပဲ။ ငါမင်းကိုအရမ်းအထင်ကြီးမိတယ်။ ရှေ့လျှောက်မင်းကငါ့ရဲ့အစ်ကိုကြီးပဲ"

ဖက်တီးကျင်းကပြောပြီးနောက်ကျိုးဟောင်အားဦးညွှတ်ပြီးအရိုအသေပေးလိုက်လေသည်။

ထိုလုပ်ရပ်ကကျိုးဟောင်အားအံ့ဩသွားစေပြီး ဖက်တီးကျင်းအားနားမလည်နိုင်စွာဖြင့်ကြည့်နေလေသည်။

"အာ...အရမ်းမြှောက်ပင့်လွန်းနေပါပြီ ကျုပ်ကအဲ့လောက်လည်းစွမ်းအားမကြီးပါဘူး"

ကျိုးဟောင်ကနှိမ့်ချစွာပြန်ပြောလိုက်လေသည်။

ကျိုးဟောင်မှာမာနထောင်လွှားသူမဟုတ်ကြောင်းဖက်တီးကျင်းကသဘောပေါက်လေသည်။ သူသည်ပိုင်ရန်ရွှယ်ထွက်သွားသည့်ဘက်ကိုကြည့်ရင်း စိတ်ထဲမေးခွန်းများမေးချင်လာလေသည်။ သို့သော် တဖက်လူ မဖြေချင်သည့်အရာများဖြစ်နေမည်စိုးနေသောကြောင့်ထုတ်မမေးခဲ့ပေ။

သို့သော် သူ့စိတ်ထဲတွင် လွန်ခဲ့သည့်နှစ်ရက်ကကျိုးဟောင်နှင့်ပိုင်ရန်ရွှယ်ဘာတွေဖြစ်ပျက်ခဲ့ကြသလဲဆိုသည်ကိုသိချင်နေလေသည်။

"အစ်ကိုကြီး ကြည့်ရတာ လွန်ခဲ့တဲ့နှစ်ရက်ကပင်ပန်းခဲ့ပုံပဲ။ သွားပြီးတော့အနားယူလိုက်ပါ ကျုပ်နေရာတခုစီစဉ်ပေးပါ့မယ်"

ကျိုးဟောင်မှာ ဒီဖက်တီးကျင်းဘာတွေစီစဉ်နေသလဲမသိသောကြောင့် ယဉ်ယဉ်ကျေးကျေးပင်ငြင်းလိုက်လေသည်။

"ရတယ်မလိုပါဘူး ကျုပ်လုပ်စရာလေးတွေရှိလို့ နှုတ်ဆက်ပါတယ်"

စကားဆုံးသည်နှင့်ကျိုးဟောင်မှာထိုနေရာမှပျောက်ကွယ်သွားလေသည်။

ကျိုးဟောင်ထွက်သွားသောအခါ ဖက်တီးကျင်းကစိတ်လှုပ်တရှားထအော်လေသည်။

"ဟားဟားဟား တခုခုတော့ဖြစ်သွားပြီဟေ့။ အချစ်ဇာတ်လမ်းလေးတခုတော့ရှိရမယ်"

"သူတို့နှစ်ယောက် နှစ်ရက်ကြာအောင်ပျောက်သွားပြီး ဘယ်သူမှမရှာနိုင်ခဲ့ကြဘူး။ သူတို့နှစ်ယောက်ကဘယ်သူ့မှမသိနိုင်တဲ့နေရာမှာ အချိန်နှစ်ရက်ကုန်ဆုံးခဲ့ကြတာ။ အထူးသဖြင့် ငါမြင်တာမမှားဘူးဆိုရင် ပိုင်ရန်ရွှယ်ထွက်သွားတုန်းက အဖြူရောင်ချပ်၀တ်နဲ့ပါ။ အခုပြန်ရောက်လာတော့ အမျိုးသား၀တ်ရှပ်အင်္ကျီကို၀တ်ထားပြီးဘောင်းဘီတောင်မပါတော့ဘူး။ပြီးတော့သူ့အကြည့်ကအဓိပ္ပာယ်တခုခုပဲ"

ဖက်တီးကျင်း၏စကားကြောင့်သူ့ပညာသင်များလည်းအသိပြန်၀င်လာကြပြီးသူ့အနားရောက်လာကြလေသည်။

"အကိုကျင်း ကျုပ်တို့အမြင်မမှားဘူးမှတ်လား"

ပညာသင်အားလုံးမှာ သူတို့မြင်လိုက်ရသည်ကိုမယုံနိုင်ဖြစ်နေကြလေသည်။သူတို့အားလုံးပိုင်ရန်ရွှယ်အမျိုးသား၀တ်ရှပ်အင်္ကျီနှင့်ထွက်လာသည်ကိုမြင်လိုက်ကြလေသည်။

"ငါတို့အားလုံးမြင်လိုက်တာ အမြင်မှားတာဖြစ်ပါ့မလားဟ ငါဘာပြောခဲ့လဲ ငါဘာပြောခဲ့လဲ"

ဖက်တီးကျင်းမှာသူ့စိတ်လှုပ်ရှားကို မထိန်းချုပ်နိုင်အောင်ဖြစ်နေလေသည်။

"ငါသိနေတယ် သူတို့နှစ်ယောက်ပြီးခဲ့တဲ့နှစ်ရက်ကတခုခုဖြစ်ခဲ့တယ်ဆိုတာကို။ တွေ့လား ငါခန့်မှန်းတာမှန်ပါတယ်"

ဖက်တီးကျင်းက ပြောရင်းအသံကျယ်လာလေသည်။

"ဒါဆိုသူတို့နှစ်ယောက်ဖောက်ပြန်ခဲ့ကြတာလား"

ပညာသင်များအချင်းအချင်းတီးတိုးပြောနေကြလေသည်။

"သောက်ရေးမပါတာ အဲ့တာဖောက်ပြန်တာမဟုတ်ဘူးဟ။ အချစ်ကွ အချစ် မင်းဘာမှလည်းနားမလည်ပါဘူး"

ဖက်တီးကျင်းကသဘောကျစွာရယ်ရင်းပြောနေလေသည်။

"နင်ယွမ်ဖုန်းက အဲ့စေ့စပ်ပွဲကြောင့်အရမ်းဘ၀င်မြင့်နေတာ။အခုသူ့မိန်းကလေးကနောက်တယောက်နဲ့ချစ်ကြိုက်နေတာဆိုတော့ အဲ့‌နင်ယွမ်ဖုန်းဘ၀င်မြင့်နိုင်ဦးမလားသိချင်မိတယ်"

"ဒီကိစ္စကိုငါတို့တွေပဲသိတာမဖြစ်စေနဲ့။ ဒီသတင်းကိုမြန်မြန်ဖြန့်ကြ။ နင်ယွမ်ဖုန်းဖောက်ပြန်ခံရတဲ့အကြောင်းကို ငါလူတိုင်းကိုသိစေချင်တယ်"

ဖက်တီးကျင်းက ရုတ်တရက်ပြောလာလေသည်။

ထိုကျင်းမိသားစု၏ပညာသင်များမှာလည်း ဖက်တီးကျင်း၏စကားအတိုင်းအလျင်အမြန်ဆောင်ရွက်ကြလေသည်။မကြာမီအချိန်အတွင်းမိုရိုမြို့တခုလုံးအုတ်အော်သောင်းနင်းဖြစ်သွားကြလေသည်။

"ဟေးဟေး တုန်လှုပ်သွားစေမယ့်သတင်းတခုရှိတယ်။ ကျိုးဟောင်နဲ့ပိုင်ရန်ရွှယ်ကဖောက်ပြန်နေကြတာတဲ့"

"မင်းတို့ကြားပြီးပြီလား ပိုင်ရန်ရွှယ်နဲ့ကျိုးဟောင်တို့၂ရက်လောက်ပျောက်သွားပြီး ပြန်ရောက်လာတော့ ပိုင်ရန်ရွှယ်ကကျိုးဟောင်ရဲ့အ၀တ်အစားတွေ၀တ်ထားတာတဲ့"

"ဟုတ်တယ် ငါလည်းအဲ့သတင်းကိုကြားတယ်"

ထိုသတင်းမှာနေရာအနှံ့ပျံ့နှံ့နေပြီးလူတိုင်း၏ပါးစပ်ဖျားတွင်ရေပန်းစားနေလေသည်။

"ငါမိန်းကလေးပိုင်ပြန်လာတာတွေ့လိုက်တယ်။ ဒါပေမဲ့သူမက ခြုံထည်အရှည်ကြီးကိုခြုံပြီး အထူးအဖွဲ့အစည်းဌာနထဲ၀င်သွားတာ"

" ဟားဟား နင်ယွမ်ဖုန်းတော့ ဂျိုပေါက်ပြီဟေ့"

"မင်းတို့ပြောနေတာဖြစ်နိုင်ပါ့မလား နင်ယွမ်ဖုန်းကနင်မိသားစုရဲ့အထူးချွန်ဆုံးပါရမီရှင်လေ ကျိုးဟောင်ကသူ့ထက်သန်မာတယ်ဆိုတာဖြစ်နိုင်ပါ့မလား"

တချို့လူများကလည်းမယုံနိုင်ကြပေ။

"နင်ယွမ်ဖုန်းကတကယ်တော့ဘာမှမဟုတ်ဘူး။သူတို့ပါရမီရှင်လေးယောက်ပေါင်းတိုက်တာတောင်အရိုက်ခံလာရတာ။ ကျိုးဟောင်နဲ့တယောက်ချင်းတိုက်လို့ကတော့အဲ့နင်ယွမ်ဖုန်းချက်ချင်းအသတ်ခံရမှာ။သိုင်းပညာအရဆို ကျိုးဟောင်ကနင်ယွမ်ဖုန်းထက်အများကြီးပိုသန်မာတယ်"

"ဒါကြောင့် ဟိုးရှေးရှေးတုန်းကတည်းပြောကြတာ အလှပဂေးလေးတွေကသူရဲကောင်းနဲ့ပဲထိုက်တန်တာတဲ့။ အဲ့တော့ ပိုင်ရန်ရွှယ်ကျိုးဟောင်ကိုသဘောကျတာမထူးဆန်းပါဘူး"

တယောက်တပေါက်ထင်တာမြင်တာပြောဆိုရင်းကိစ္စမှာတဖြေးဖြေးကြီးထွားလာလေသည်။

....................................................................................

အခန်း(၅၅၀)ပြီးပါပြီ။

အခန်း (၅၅၁) : စိတ်ညစ်သော

ဤကောလဟလနှင့်ပတ်သက်ပြီး ပုံစံပေါင်းစုံပင်ရှိနေပေသည်။

"ဘာ ပိုင်ရန်ရွှယ်ကဝတ်လစ်စလစ်နဲ့ထွက်လာပြီး သူထွက်လာပြီးနောက်ပိုင်းကျိုးဟောင်ကလည်းကိုယ်မှာအင်္ကျီတစ်ထည်ပဲဝတ်ထားတယ်လို့ပြောတာလား"

"အာ သူတို့နှစ်ယောက်ကလေထဲမှာတောင်.....အသဲအသန်နမ်းနေကြတာလား"

"သေစမ်း မဖြစ်နိုင်တာ သူတို့ထွက်မသွားသေးဘူးလား သူတို့တကယ်ကြီး သီးခြားအာကာသတစ်ခုဖွဲ့စည်းပြီး ငါတို့အားလုံးရှေ့မှာချစ်ရည်လူးပြမလို့လား"

"နေဦး...အခုဘာပြောလိုက်တာလဲ ပိုင်ရန်ရွှယ်နဲ့ကျိုးဟောင်ကမှတကယ်ကြိုက်နေကြတာလား ပိုင်ရန်ရွှယ်ကနင်ယွမ်ဖုန်းကိုမတတ်သာလို့စေ့စပ်ထားရတာလား"

"ဘုရားရေ....နင်ယွမ်ဖုန်းကပိုင်ရန်ရွှယ်ကိုဖိအားပေးပြီး စေ့စပ်ခိုင်းခဲ့တာလား ပိုင်ရန်ရွှယ်ကအရင်ကတည်းကကျိုးဟောင်နဲ့ တိတ်တခိုးဆက်ဆံရေးရှိနေတာလား"

"နင်ယွမ်ဖုန်းဒဏ်ရာရသွားတဲ့အကြောင်းပြချက်က သူ့ရဲ့အချစ်ပြိုင်ဘက်ကျိုးဟောင်ကိုသတ်ဖို့ကြိုးစားခဲ့လို့လား အဲဒါကြောင့် သူဘလူးတို့၊ ဝီလီယမ်တို့၊ ဖုန်းပိုင်ချွမ်းတို့ကိုစျေးကြီးပေးပြီး ဖိတ်ခဲ့တာလား နှမြောစရာကသူတို့လေးယောက်တောင်ကျိုးဟောင်ကိုမနိုင်ဘူး"

ကောလဟလများမှာပိုမိုကြီးထွားလာခဲ့ပြီး ပုံစံပေါင်းစုံဖြင့်မိုရိုမြို့တစ်ခွင်တွင်ချက်ချင်းပင်ပျံ့နှံ့သွားခဲ့သည်။ ဤသတင်းသည်ဘလူး၏နားထဲသို့ရောက်သွားခဲ့ပေရာ ကျိုးဟောင်တို့နှစ်ယောက်အသက်ရှင်လျက်ပြန်လာနိုင်သည်ကို သူမယုံရဲပေ။ ကျိုးဟောင်နှင့်ပိုင်ရန်ရွယ်တို့နှစ်ယောက်သူ့အားလာကာလက်စားချေမည်ကိုစိုးရိမ်ပေရာ ချက်ချင်းပင်ပုန်းတော့သည်။

မိုရိုမြို့သို့ပြန်ရောက်လာပြီးနောက်ပိုင်ရန်ရွှယ်ပထမဆုံးလုပ်ချင်သည့်အလုပ်မှာ ဘလူးအားရှာပြီးသတ်ပစ်ချင်ခြင်းပင်ဖြစ်သည်။

နှမြောစရာကောင်းသည်မှာ ဘလူးမှာအပြေးမြန်ပေရာ ပိုင်ရန်ရွှယ်မှာလုံးဝဖမ်းမမိလိုက်ပေ။ ပြင်ပလောကရှိကောလဟလများသည်လည်းပိုင်ရန်ရွှယ်၏နားထဲသို့ရောက်ပေသည်။ သူမသည်ပုံစံပေါင်းစုံနှင့်ကောလဟလများအားကြားရပြီး အလွန်ဒေါသထွက်နေပေသည်။ အခြေအနေအရပ်ရပ်အားရှင်းပြလို့လည်းမရပေ။ ရှင်းပြလိုက်ပါကရလဒ်ပြောင်းပြန်ဖြစ်ကာ အခြေအနေအားပိုဆိုးဝါးလာစေရုံသာရှိပေသည်။

သို့သော် နင်ယွမ်ဖုန်းဤကောလဟလများနှင့်ပတ်သက်ပြီး အရေးမစိုက်ရန်သူမမျှော်လင့်ပေသည်။ ဤကိစ္စနှင့်ပတ်သက်ပြီးသူမသည် နင်ယွမ်ဖုန်းအားလူကိုယ်တိုင်တွေ့ကာရှင်းပြချင်သေးပေရာ နင်မိသားစု၏ပိုင်နက်သို့ချက်ချင်းပင်သွားခဲ့သည်။ သူမနင်မိသားစုထံရောက်သည်နှင့် နင်မိသားစုမှတပည့်များမှာ သူမအပေါ် ရွံရှာသောအမူအရာများနှင့်ကြည့်နေကြသည်ကိုမြင်တွေ့လိုက်ရသောအခါ သူမ၏ရင်ထဲတွင်နာကျင်သွားရသည်။

"ယွမ်ဖုန်းရှိလား"

ပိုင်ရန်ရွှယ်မှာမသိဟန်ဆောင်ကာမေးရုံသာတတ်နိုင်တော့သည်။

"မိန်းက‌လေးပိုင် ဘာလို့ကျွန်တော်တို့သခင်လေးကိုရှာတာပါလဲ"

နင်မိသားစုတပည့်များ၏ပုံစံမှာအလွန်ယဥ်ကျေးနေသော်ငြား အမူအရာများမှာအားလုံးကိုရှင်းပြ‌နေပေသည်။

"ငါ့မှာကိစ္စရှိလို့"

ပိုင်ရန်ရွှယ်မှာမျက်မှောင်ကြုတ်ကာ ချက်ချင်းပင်ပြောလိုက်သည်။

"စိတ်မကောင်းပါဘူး မမလေးပိုင် ကျွန်တော်တို့သခင်လေးကအခုပြန်လည်ကောင်းမွန်လာအောင်အားမွေးနေတုန်းပါ ကျေးဇူးပြုပြီးမိန်းကလေးပိုင်ပြန်သွားလိုက်ပါ"

နင်မိသားစု၏တပည့်များမှာချက်ချင်းပင်ငြင်းဆိုလာခဲ့ပေရာ ပိုင်ရန်ရွှယ်မှာဒေါသဖြစ်သွားခဲ့သည်။ ပုံမှန်ဆိုပါက နင်မိသားစုတပည့်များမှာသူမအပေါ်ယဥ်ကျေးကြပြီး သူမအားယခုလိုတစ်ခါမှမလုပ်ဖူးပေ။ သူတို့သည်လည်းပြင်ပရှိကောလဟလများအားကြားထားကြ၍ယခုလိုဖြစ်နေခြင်းဖြစ်နိုင်ပေသည်။

ထိုသို့တွေးမိပြီးနောက် ပိုင်ရန်ရွှယ်ရင်ဆိုင်ရသည့်နောက်ပြဿနာတစ်ခုရှိနေသေးသည်။ နင်မိသားစု၏တပည့်များဖော်ပြသည့်သဘောထားသည် သေချာပေါက်နင်ယွမ်ဖုန်း၏သဘောထားသာဖြစ်သည်။ တစ်နည်းဆိုရသော် နင်ယွမ်ဖုန်းသည်သူမအားပြဿနာအကြောင်းရှင်းပြမခံဘဲရှောင်နေခြင်းပင်ဖြစ်သည်။

ပိုင်ရန်ရွှယ်မှာတွယ်ကပ်နေတတ်သောလူမဟုတ်ပေရာ ချက်ချင်းပင်ပြောလိုက်သည်။

"မင်းတို့သခင်လေးငါ့ကိုမတွေ့ချင်ဘူးဆိုမှတော့ ထားလိုက်တော့ သူ့ကိုစကားပါးပေးပါ ငါ ပိုင်ရန်ရွှယ်ကဘယ်လိုလူလဲဆိုတာ သူကောင်းကောင်းသိပါတယ်လို့"

ပြောပြီးသည်နှင့်ပိုင်ရန်ရွှယ်မှာထွက်သွားတော့သည်။

စင်စစ်တွင် သူမသည်နင်ယွမ်ဖုန်းအားမည်သည့်အကြောင်းအရာကိုမှမရှင်းပြဘဲ နင်ယွမ်ဖုန်းဘက်မှသူမအားလာရှာမည့်အချိန်အားစောင့်ရန်စဥ်းစားထားခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူမသည်နင်ယွမ်ဖုန်းအားမချစ်သော်ငြား သူမတို့သည်စေ့စပ်ထားကြသူများဖြစ်ပေရာ သူမသည်မိမိကိုယ်ကိုနင်မိသားစုဝင်တစ်ယောက်လိုသဘောထားထားခြင်းဖြစ်သည်။ သို့သော်ယနေ့ကိစ္စသည်သူမ၏နှလုံးသားအားတုန်လှုပ်သွားစေခဲ့သည်။ သူမမူလကထင်ထားခဲ့သည်မှာနင်ယွမ်ဖုန်းသည်သူမအားယုံကြည်မည်ဟုထင်ထားခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဖြတ်သန်းခဲ့သောဤနှစ်အကြာကြီး‌အတောအတွင်း နင်ယွမ်ဖုန်းသည်သူမမည်ကဲ့သို့သောလူစားမျိုးဖြစ်ကြောင်း ကောင်းကောင်းသိပေရာ သူမယခုလိုကိစ္စမျိုးလုပ်သည်ဟူသောသတင်းအား နင်ယွမ်ဖုန်းသေချာပေါက်မယုံကြည်လောက်ဘူးဟုသူမထင်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် နင်ယွမ်ဖုန်းပေါ်မလာပုံအရဤကိစ္စသည် အလွန်ပြင်းထန်သောပြဿနာဖြစ်လောက်သည်။ သူမယခုလိုကိစ္စမျိုးမလုပ်ကြောင်းသူသိသော်ငြား ပျံ့နှံ့နေသောကောလဟလများအရမျက်နှာပျက်ရပေသည်။ နင်ယွမ်ဖုန်းသည်သူ၏သိက္ခာတရားနှင့်ပတ်သက်ပြီး အရေးစိုက်သူဖြစ်သောကြောင့်ယခုလိုဖြစ်နေရခြင်းဖြစ်သည်။

ပိုင်ရန်ရွှယ်မှာစိတ်ထဲ၌ခါးသီးစွာပြုံးလိုက်မိသည်။ ဖြစ်နိုင်သည်ကနင်ယွမ်ဖုန်း၏မျက်လုံးထဲတွင်သူမသည် သူ၏ဂုဏ်သိက္ခာလောက်အရေးမကြီးတာဖြစ်နိုင်ပေသည်။ လက်ရှိအချိန်တွင် သူမသည်စိတ်ဆိုးနေခြင်းမဟုတ်သလို ဒေါသဖြစ်နေခြင်းလည်းမဟုတ်ပေ။ စိတ်ပျက်နေခြင်းသာဖြစ်သည်။ အိုးယမ်ထင်းရွှယ်မှာထိုသတင်းအားကြားသော်ငြားဂရုမစိုက်ပေ။ ဤသတင်းသည်အမှန်ဖြစ်နေလျှင်ပင်သူမသည်ဂရုစိုက်မည်မဟုတ်ပေ။ စင်စစ်တွင်သူမသည်နင်ယွမ်ဖုန်းအားသဘောမကျပေ။

ဤလူသည်အကြံအစည်များပြီးရက်စက်တတ်သောတစ်ဖက်ခြမ်းလည်းရှိပေသည်။ သူသည်ပိုင်ရန်ရွှယ်အားထွက်မတွေ့သည့်အချက်အားကြည့်ရုံဖြင့် သိသာပေသည်။

ထို့အပြင်ထိုနေ့မှစ၍ ပိုင်ရန်ရွှယ်မှာ အခန်းထဲမှမထွက်ဘဲအခန်းသာအောင်းနေတော့သည်။ အိုးယမ်ထင်းရွှမ်မှာထိုမြင်ကွင်းအားကြည့်ပြီး ပိုင်ရန်ရွှယ်အတွက်စိတ်မကောင်းဖြစ်နေပေသည်။ ထို့ကြောင့် ခေတ္တမျှစဥ်းစားပြီးနောက်သူမသည် ပိုင်ရန်ရွှယ်၏ခြံဝန်းသို့သွားရန်ဆုံးဖြတ်လိုက်သည်။

သူမဝင်သွားသည်နှင့် ပြင်းထန်သောအငွေ့အသက်တစ်ခုအားခံစားလိုက်ရပေသည်။ ဤအငွေ့အသက်မှာအလွန်ရှုပ်ထွေးနေပြီး ပိုင်ရန်ရွှယ်၏လက်ရှိစိတ်အခြေအနေမှာ သေချာပေါက်မကောင်းကြောင်းသိသာပေသည်။

အိုးယမ်ထင်းရွှမ်မှာသက်ပြင်းချကာဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

"ညီမလေး အဆင်ပြေရဲ့လား"

အခန်းထဲရှိပိုင်ရန်ရွှယ်မှာ အိုးယမ်ထင်းရွှမ်၏စကားအားကြားသောအခါသက်ပြင်းချကာပြန်ပြောလိုက်သည်။

"အစ်မ စိတ်မပူပါနဲ့ ကျွန်မအဆင်ပြေပါတယ်"

အိုးယန်ထင်းရွှမ်မှာထိုစကားအားကြားသောအခါပြုံးကာမေးလိုက်သည်။

"ဟုတ်လား မင်းရဲ့အငွေ့အသက်အရ မင်းစိတ် အခြေအနေမကောင်းဘူးဆိုတာသိသာတယ် မင်းငါ့ကိုအရူးလုပ်လို့ရမယ်ထင်နေတာလား"

ပိုင်ရန်ရွှယ်မှာစိတ်ညစ်နေသောအမူအရာမျိုးပေါ်လာပြီး သက်ပြင်းချလိုက်သည်။

အိုးယန်ထင်းရွှယ်မှာအခန်းထဲဝင်မည့်အစား တံခါးပေါက်နားတွင်သာထိုင်ကာဆိုလိုက်သည်။

"ညီမလေး ငါမင်းရဲ့ခံစားချက်တွေကိုနားမလည်ဘူးဆိုပေမဲ့ ဒီကိစ္စကတကယ်တမ်းကျဆိုးတဲ့ကိစ္စမဟုတ်ဘူးလို့ထင်တယ် ဒီကိစ္စကြောင့်မင်းသူ့ရဲ့တကယ့်စိတ်ရင်းကိုသိလိုက်ရတယ် ဒါကောင်းတဲ့ကိစ္စပဲမဟုတ်ဘူးလား"

အိုးယမ်ထင်းရွှယ်၏စကားအားကြားသောအခါပိုင်ရန်ရွှယ်မှာချက်ချင်းပင်ပြုံးလိုက်သည်။

"အစ်မ အစ်မရဲ့လူတွေကိုလက်ခံလာအောင်လုပ်တဲ့နည်းလမ်းကတကယ်ကို ထူးခြားတာပဲ"

"ငါကအမှန်တိုင်းပြောနေတာ နင်ယွမ်ဖုန်းကလူကောင်းမဟုတ်ပါဘူးလို့ငါအစကတည်းကပြောသားပဲ ဒါပေမဲ့မင်းသူ့အပေါ်တင်နေတဲ့အကြွေးကိုတော့ပြန်ပေးဆပ်ရမယ် ဆရာကလည်းခွင့်ပြုပေးပြီးပြီ မင်းကလည်းသဘောတူခဲ့တယ် ရိုးရိုးသားသားပြောရရင်ငါမင်းအတွက်မခံနိုင်ဘူး အစ်မတစ်ခါမှအချစ်ရေးကိစ္စတွေမရှိဘူးပေမဲ့ မိန်းကလေးတစ်ယောက်ကသူတို့သဘောကျတဲ့လူကိုရှာရမယ်ဆိုတာတော့သိတယ် မင်းနဲ့နင်ယွမ်ဖုန်းကအချင်းချင်းမချစ်ကြဘူး ဒီစေ့စပ်ပွဲကကြည့်ရတာချမ်းသာပြီး အာဏာကြီးတဲ့မိသားစုနှစ်ခုပေါင်းစည်းတာနဲ့ပိုတူနေတယ် ဒီလိုပြောလို့မင်းအစ်မကိုစိတ်ဆိုးလား"

အိုးယမ်ထင်းရွှယ်မှာစကားဆုံးသည်နှင့်ခေါင်းကုတ်ကာမေးလိုက်သည်။ ပိုင်ရန်ရွှယ်သည်လည်းဤအချက်အားသိသလို စဥ်းလည်းစဥ်းစားဖူးပေရာ သူမသည်ငြင်းဆိုခြင်းမပြုပေ။

"အစ်မ အစ်မဘာပြောချင်လဲဆိုတာ ညီမသိပါတယ် ဒါပေမဲ့....."

"ဒါပေမဲ့မင်းကစကားနားထောင်တဲ့ကောင်မလေး ပြီးတော့စကားတည်တဲ့ကောင်မလေး အဲဒါကြောင့်နင်ယွမ်ဖုန်းနဲ့သဘောတူပြီးနောက်ပိုင်းမှာ မင်းကကိုယ့်ကိုယ်ကိုယ်နင်မိသားစုဝင်တစ်ယောက်လိုသတ်မှတ်ပြီး ဒီသရုပ်နဲ့အမြန်ပဲအသားကျလာတယ် ဒါကမင်းရဲ့မူလရည်ရွယ်ချက်လားဆိုတာ ငါမသိပေမဲ့ မင်းကိုဒီလိုမျိုးမြင်ရတာ အစ်မစိတ်ထဲမကောင်းဘူး"

"နင်မိသားစုကနောက်ခံကောင်းတဲ့မိသားစုဆိုပေမဲ့ နင်ယွမ်ဖုန်းကမင်းရဲ့အကောင်းဆုံးရွေးချယ်မှုမဟုတ်ဘူး ဖြစ်နိုင်တာကမင်းဒါကိုသိရဲ့သားနဲ့လျစ်လျူရှုထားတာဖြစ်နိုင်တယ် ပြန်စဥ်းစားကြည့်ပါ မဟုတ်ဘူးလား"

အိုးယမ်ထင်းရွှယ်မှာပိုင်ရန်ရွှယ်အားအလုံးစုံပြောပြလိုက်သည်။ သူမတို့ကြားတွင်ဘာမှဖုံးကွယ်ထားစရာမရှိပေ။

....................................................................................

အခန်း (၅၅၁) ပြီးပါပြီ

အခန်း (၅၅၂) : အမျိုးသမီးတစ်ယောက်အားရှာဖွေခြင်း

ပိုင်ရန်ရွှယ်မှာထိုစကားအားကြားသောအခါတစ်ခွန်းမှမပြောသော်ငြား လက်ခံပေသည်။

နင်ယွမ်ဖုန်းသည်လူကောင်းတစ်ယောက်မဟုတ်ပေ။ သူ၏အပြုအမူများမှာသူမ၏အတွေးများနှင့် သူမအစ်မ၏ယခင်ကသတိ‌ပေးချက်များအား အတည်ပြုပေးနေပေသည်။

"ညီမလေး အစ်မတစ်ခုမေးမယ် ကျိုးဟောင်နဲ့နင်ယွမ်ဖုန်းယှဥ်ရင် မင်းဘယ်သူ့ကိုပိုမုန်းလဲ"

အိုးယန်ထင်းရွှယ်မှမေးလိုက်သည်။

"ဘယ်သူ့ကိုပိုမုန်းလဲလား"

ပိုင်ရန်ရွှယ်မှာခေတ္တမျှကြက်သေသေသွားကာ စဥ်းစားနေပြီးနောက်ပြန်ဖြေလာခဲ့သည်။

"တကယ်တော့.....ညီမကျိုးဟောင်ကိုပိုမုန်းတယ် သူ့ကြောင့်သာမဟုတ်ရင် ညီမဒီလိုမျိုးဖြစ်မှာမဟုတ်ဘူး"

"ဒါပေမဲ့ကျွန်မမရက်စက်နိုင်ဘူး သူ့ကြောင့်သာမဟုတ်ရင်ကျွန်မသေသွားလောက်ပြီ သူကကျွန်မကိုကယ်ခဲ့တယ် လေးစားပေးခဲ့တယ် ပြီးတော့ကောလဟလတွေကိုဖြန့်တဲ့လူကသူမဟုတ်ဘူး အဲဒါကြောင့်ကျွန်မသူ့ကိုမုန်းလို့မရဘူး"

"နင်ယွမ်ဖုန်းကတော့ အခုချိန်မှာသူ့ကိုမုန်းပါတယ်လို့ညီမမပြောနိုင်သေးဘူး စိတ်ပျက်ရုံပဲရှိတာ အစ်မကျွန်မသူ့ကိုစိတ်ပျက်မိတယ် ကျွန်မကျိုးဟောင်ကိုသွားရှာခဲ့တာသူ့ကြောင့်ပြီးတော့ သူ့ကြောင့်ပဲအသက်အန္တရာယ်အထိဖြစ်ခဲ့တာ သူကကျွန်မကိုဘာကြုံလာခဲ့ရလဲမမေးဘဲနဲ့ အတင်းအဖျင်းတွေကြောင့် ကျွန်မကိုဒီလိုမျိုးဆက်ဆံတယ် ကျွန်မသူ့ကိုတကယ်စိတ်ပျက်မိတယ်"

ပိုင်ရန်ရွှယ်မှာအမှန်တိုင်းပြောနေခြင်းဖြစ်သည်။

အကယ်၍နင်ယွမ်ဖုန်းကြောင့်မဟုတ်ပါကသူမသည်ယခုလိုကိစ္စများအားကြုံတွေ့ခဲ့ရမည်မဟုတ်ပေ။

သို့သော် ယခုမှတစ်ခုခုပြောရန်မှာသူမအတွက်အသုံးမဝင်တော့ပေ။

"ဟဟ ကြည့်ရတာမင်းကစဥ်းစားဆင်ခြင်နိုင်စွမ်းတော့ရှိတာပဲ"

အိုးယန်ထင်းရွှယ်မှာပြုံးကာ‌ပြောလိုက်သည်။ သူမ၏ညီမသည်ကောလဟလများအတိုင်းမဟုတ်ဟု သူမယုံကြည်ပေသည်‌။ သို့သော် သူမသည်ပိုင်ရန်ရွှယ်၏ နှလုံးသားထဲရှိ ထိုအဖုအထစ်ကိုတော့ဖြေရှင်းနိုင်စွမ်းမရှိဘဲ အကြံပေးရုံသာတတ်နိုင်ပေသည်။

"မင်းဒီလိုတွေးတယ်ဆိုမှတော့ ငါစိတ်သက်သာရာရသွားပါပြီ ညီမလေးအဆုံးကျ မှားတယ်မှန်တယ်ဆိုတာမရှိဘူး ဒီတိုင်းအားလုံးရဲ့ ရပ်တည်ချက်ကမတူတာပဲရှိတယ်"

"နင်မိသားစုကမိသားစုကြီးတစ်ခု တကယ်လို့ဒီလိုကိစ္စမျိုးသာပျံ့သွားရင် နင်ယွမ်ဖုန်းအတွက်သေချာပေါက်အရှက်ရမှာပဲ အဲဒါကြောင့်သူမင်းကိုဒီလိုဆက်ဆံတာနဲ့ပတ်သက်ပြီး မင်းအရမ်းစိတ်ပူနေစရာမလိုဘူး ပြီးတော့နင်မိသားစုကခုတစ်လောမငြိမ်းချမ်းဘူး ဒီအခွင့်အရေးကိုအသုံးချပြီး ဒီစေ့စပ်ပွဲကိုဖျက်သိမ်းတာကအကောင်းဆုံးပဲ မဟုတ်ရင် ဆရာကနောက်ကိုနင်မိသားစုနဲ့ဆက်ဆံရတဲ့အခါ မင်းကြောင့်ဘာမှမတတ်နိုင်ဖြစ်နေလိမ့်မယ်"

"ဒုတိယအနေနဲ့ ကျိုးဟောင်ကမင်းကိုကယ်ခဲ့တဲ့အတွက် မင်းရဲ့အသက်သခင်ကျေးဇူးရှင်လို့သတ်မှတ်လို့ရတယ် ယုတ္တိရှိရှိပြောရရင် မင်းသူ့အပေါ်‌အကြွေးတင်နေသေးတယ် သူတို့ကြားထဲမှာ တကယ်တမ်းအပြစ်ကင်းဆုံးလူကကျိုးဟောင်ပဲ စက်ယန္တရားမြို့မှာဖြစ်ခဲ့တဲ့ကိစ္စကိုငါလည်းကြားခဲ့တယ် နင်ယွမ်ဖုန်းနဲ့ကျန်တဲ့လူနှစ်ယောက်က ကျိုးဟောင်ရဲ့ရတနာတွေကိုတပ်မက်ခဲ့ကြလို့ သူ့ကိုသတ်ဖို့ပူးပေါင်းခဲ့ကြတာ"

"ဒါပေမဲ့ ကျိုးဟောင်ရဲ့ကျင့်ကြံဆင့်ကအရမ်းမြင့်တယ် သူတို့ ၄ယောက်ပေါင်းတာတောင် သူ့ကိုမနိုင်ဘူး ဒါကမထင်ထားတဲ့ကိစ္စပဲ"

"အဲဒါပြီးတော့ဘာဆက်ဖြစ်ခဲ့လဲဆိုတာမင်းလည်းသိတာပဲ အဲဒါကြောင့်ငါတခြားဘာမှထပ်မပြောတော့ဘူး ဘယ်လိုဖြစ်ဖြစ် ဘေးကကြည့်နေတဲ့လူတစ်ယောက်ရဲ့အမြင်အရပြောရရင် ကျိုးဟောင်ကအထင်လွဲခံရဆုံးလူပဲ"

အိုးယန်ထင်းရွှမ်မှာထိုစကားများအားပြောပြီးနောက် တခြားဘာမှထပ်မပြောတော့ဘဲထွက်သွားတော့သည်။ ပိုင်ရန်ရွှယ်မှာသက်ပြင်းသာချမိလိုက်သည်။ ဤသဘောတရားအားသူမလည်းနားလည်ပေသည်။

တစ်ချိန်တည်းမှာပင်ကျိုးဟောင်မှာ မိုရိုမြို့သို့ပြန်လည်ရောက်ရှိလာခဲ့သည်။ သူသည်နက်မှောင်နေသောအဝတ်အစားအားဝတ်ဆင်ထားပေသည်။ သူသည်ယခုထွက်ပေါ်နေသောကောလဟလများအားမကြားချင်လျှင်ပင်ကြားနေရပေသည်။

သို့သော်ကျိုးဟောင်မှာဘာမှမတတ်နိုင်ပေ။ ဤကိစ္စသည်ယခုလောက်အထိပျံ့သွားမည်ဟုသူထင်မထားခဲ့ပေ။ ဤဖက်တီးကျင်းသည်သူ့အားညီနောင်ဟုခေါ်ပြီး သူထွက်သွားသည်နှင့်သတင်းများအားဖြန့်တော့သည်။ ဤသည်မှာတစ်ဖက်လူသည်သူ့အားလိမ်ညာခြင်းပင်မဟုတ်ပေလော။

ကျိုးဟောင်မှာမြို့တစ်ပတ်လမ်းလျှောက်လာခဲ့ပြီး သွားလေရာနေရာတိုင်းတွင်ထိုကိစ္စအားဆွေးနွေးနေကြသည်ကိုသာကြားနေရပေသည်။ သူသည်ဘာစကားမှမဆိုနိုင်ဘဲ ကောင်းကင်ပေါ်သိူ့ပျံတက်သွားပြီးမိုရိုမြို့မှထွက်လာခဲ့သည်။ ကျိုးဟောင်စိတ်ညစ်နေသည့်အချိန်မှာပင် ဂျယ်လီဖြူမှာခုန်ထွက်လာခဲ့သည်။ထို့နောက်၎င်းမှာ သူ၏ဂျယ်လီလိုကိုယ်အားမျက်နှာပုံစံပြောင်းကာ ကျိုးဟောင်အားကြည့်ပြီးပြုံးကာပြောလာခဲ့သည်။

"အစ်ကိုကြီး ဘာလို့ဒီလောက်မျှော်လင့်ချက်မဲ့ပြီး စိတ်ညစ်နေရတာလဲ"

"ဒါကကောင်းတဲ့ကိစ္စလေ တကယ်လို့ဒီသတင်းသာပျံ့သွားရင် ဒီမိန်းကလေးနှစ်ယောက်ထဲကဘယ်သူ့ကိုရွေးမှာလဲ"

ဂျယ်လီဖြူမှာ ရွံစရာကောင်းသောမျက်နှာမျိုးဖြင့် ကျိုးဟောင်နားသို့တိုးလာခဲ့ပြီး စက်ဆုပ်စရာကောင်းစွာပြုံးရင်းမေးလာခဲ့သည်။

"တကယ်လို့ကျွန်တော်သာဆိုရင် အဲဒီစုရှောင်းယွီဆိုတဲ့မိန်းက‌လေးကိုရွေးမှာ"

"သူကနိုင်ငံတကာလေလံအိမ်တော်ဖြစ်တဲ့ စုမိသားစုကဒုတိယသခင်မလေး ချမ်းသာတယ် အာဏာရှိတယ် ပြီးတော့အဆင့်အတန်းမြင့်တယ် ချမ်းသာတဲ့မိသားစုကသမီးနဲ့လက်ထပ်နိုင်ဖို့မျှော်လင့်နေတဲ့ယောကျ်ား ဘယ်နှစ်ယောက်တောင်ရှိလဲ"

"တကယ်လို့အစ်ကိုကြီးသာသူ့ကိုရွေးရင် အစ်ကိုကြီးရဲ့အဆင့်အတန်းကလည်းအလိုလိုမြင့်သွားမှာပဲ"

ကျိုးဟောင်မှာ ဂျယ်လီဖြူ၏စိတ်ညစ်စရာကောင်းသောမျက်နှာအားမြင်လိုက်ရချိန်တွင် ချက်ချင်းပင်လက်ဖြင့်တစ်ဖက်လူအားဘေးဘက်သို့တွန်းလွှတ်လိုက်ကာ လေးပင်စွာဖြင့်ပြောလိုက်သည်။

"သွား သွား သွား ငါ့ကိုလာမနှောင့်ယှက်နဲ့ ငါစိတ်အခြေအနေကောင်းနေတာမဟုတ်ဘူး"

သို့သော်ဂျယ်လီဖြူမှာလက်မလျှော့ပေ။ ၎င်းသည်တခစ်ခစ်ရယ်ရင်းကျိုးဟောင်ထံကပ်လာပြီးထပ်မံပြောလာခဲ့သည်။

"ဒါကဘာများစိတ်ညစ်စရာရှိလို့လဲ ဘယ်သူ့ကိုရွေးရမလဲဆိုတာမသိလို့စိတ်ညစ်နေတာလား"

"တကယ်လို့ တကယ်ပဲတခြားနည်းလမ်းမရှိဘူးဆိုရင် ပိုင်ရန်ရွှယ်လည်းမဆိုးပါဘူး သူကအထူးအဖွဲ့အစည်းရဲ့အဖွဲ့ဝင်တစ်ယောက် ပြီးတော့အထူးစွမ်းရည်လည်းရှိတယ်"

"သူ့ရဲ့ခန္ဓာကိုယ်ကလည်းအရမ်းထူးခြားတယ် ‌ရေခဲကြာပန်းမီးတောက်ခန္ဓာကိုယ်ပဲတကယ်လို့အစ်ကိုကြီးသာသူနဲ့ယူလိုက်ရင် အစ်ကိုကြီးတို့နှစ်ယောက်ကနေမွေးလာမဲ့ကလေးက သေချာပေါက်ထူးချွန်တဲ့ဗီဇမျိုးပါလာမှာပဲ"

ဂျယ်လီဖြူမှာပြောရင်းပိုပိုအားပါလာခဲ့သည်။

"တကယ်လို့ဘယ်သူ့ကိုရွေးရမလဲမသိရင် ခေါင်းပန်းလှန်လိုက်‌ပေါ့ တကယ်လို့ခေါင်းကျရင် စုမိသားစုရဲ့ဒုတိယသခင်မ‌လေးကိုရွေးလိုက် တကယ်လို့ပန်းကျရင်တော့ ပိုင်ရန်ရွှယ်ကိုရွေးလိုက်ပေါ့ ဘယ်လိုလဲ ကျွန်တော်ကူပေးရမလား"

ကျိုးဟောင်မှာအစောကတည်းကအတော်လေးစိတ်ညစ်နေပေရာ ယခုဂျယ်လီဖြူမှာသူ့အားမနားတမ်းနားဒုက္ခပေးနေပေရာ သူသည်ပို၍စိတ်ညစ်လာခဲ့သည်။

ထို့နောက်ရုတ်တရက် ဂျယ်လီဖြူအားဆုပ်ကိုင်လိုက်ကာ အပိုင်းပိုင်းဖြစ်အောင်ဆွဲဖြဲကာမသာမယာဖြင့်ပြောလာခဲ့သည်။

"တော်ပြီ တော်ပြီ ပါးစပ်ပိတ်ပြီး ငါ့ကိုနှောင့်ယှက်နေတာရပ်လိုက်တော့"

ဆွဲဖြဲခံလိုက်ရသောဂျယ်လီဖြူမှာမြေပြင်ပေါ်တွင်အလျင်အမြန်လူးလွန့်နေပေရာ တစ်စစီဖြစ်နေသောအပိုင်းများမှာချက်ချင်းပင်ပြန်လည်ပေါင်းစည်းသွားပြီး ယခင်ကထက်အဆပေါင်းများစွာကြီးသောမျက်နှာတစ်ခုအဖြစ်ပြန်လည်ဖွဲ့စည်းသွားခဲ့ပြီး မရိုးသားသောအပြုံးမျိုးဖြင့်ကျိုးဟောင်အနားသို့ကပ်လာခဲ့သည်။

"ဘာလဲ အစ်ကိုကြီးရဲ့သတ်မှတ်ချက်ကအရမ်းမြင့်နေတာလား ဒီမိန်းကလေးနှစ်ယောက်ကိုတောင်မကြိုက်ဘူးလား"

"ဟီးဟီး သူတို့ထဲကတစ်ယောက်ကိုမှမကြိုက်ရင် ကျွန်တော်တခြားမိန်းကလေးတစ်ယောက်ကူရှာပေးရမလား"

"ကျွန်တော့်ကိုပြော အစ်ကိုကြီးကဘယ်လိုမိန်းကလေးမျိုးကိုသဘောကျတာလဲ"

"ကျွန်တော်ပြောပြမယ် တင်ကြီးတဲ့မိန်းမတွေကသားယောကျ်ား‌လေးမွေးပေးနိုင်ခြေပိုများတယ် ဟိုဘက်ကအမျိုးသမီးကိုကြည့်လိုက် သူ့ရဲ့ခါးကနည်းနည်းတုတ်ပြီး ဟိုနှစ်ယောက်လောက်မပိန်ပေမဲ့ သူလည်းအဆင်ပြေပါတယ် ဘယ်လိုဖြစ်ဖြစ် ပြီးပြည့်စုံတဲ့လူဆိုတာရှိမှမရှိတာ"

"ဟိုးဘက်ကတစ်ယောက်လည်းမဆိုးဘူး သူကနည်းနည်းအသက်ကြီးပေမဲ့ ကျွန်တော့်ရဲ့အလိုလိုသိစိတ်အရ သူလည်းဇနီးကောင်းတစ်ယောက်ဖြစ်နိုင်တယ်"

"ဒီတစ်ယောက်ကလည်းကျွန်တော့်အကြိုက်ပုံစံပဲ ဟီးဟီးတကယ်လို့အစ်ကိုကြီးမလိုချင်ဘူးဆိုလည်း ကျွန်တော့်ကိုကူပြီး သူ့ကိုဆက်သွယ်လို့ရမဲ့အချက်အလက်လေးတောင်းပေးပါလား ဘယ်သူသိမှာလဲ ကျွန်တော့်အသက်အရွယ်မှာ ထပ်ပြီးချစ်မိသွားတာမျိုးလည်းရှိနိုင်တာပဲ"

"ဖွီ ငါ့အထင်တော့မင်းကငယ်ချင်နေတာပဲ"

ဂျယ်လီဖြူမှာ မိုရိုမြို့တွင်းသို့ဝင်လာသော အမျိုးသမီးသိုင်းပညာရှင်များအား အကျည်းတန်သောပုံမျိုးဖြင့်ကြည့်ကာပြောနေပေသည်။

ကျိုးဟောင်မှာပို၍ဒေါသဖြစ်လာပြီး ချက်ချင်းတံတွေးနှင့်ပါထွေးလိုက်သည်။

"ဟီးဟီး ဟုတ်သားပဲ ကျွန်တော်မမေးရသေးဘူး အစ်ကိုကြီးနဲ့ပိုင်ရန်ရွှယ် ‌နှင်းရေခဲအကျဥ်းထောင်ထဲမှာ ဘာလုပ်ခဲ့ကြတာလဲ"

....................................................................................

အခန်း (၅၅၂) ပြီးပါပြီ။

All Chapters