← Chapters

အခန်း (၄၇၂-၄၇၄)

Vol. 32 Ch. 472-474

အခန်း (၄၇၂-၄၇၄)

Vol. 32 Ch. 472-474

အခန်း (၄၇၂) : လေးစားခြင်း

ထိုအချိန်တွင်အပြင်ရှိလူအားလုံးမှာထိတ်လန့်သွားခဲ့သည်။ အားလုံးမှာအဆင့်များနှင့် ကောင်းကင်မျှော်စင်ပုံရိပ်ယောင်လောကအားမယုံကြည်နိုင်သည့်ပုံဖြင့်ကြည့်နေပေသည်။

"ကျိုးဟောင်....ဆက်ပြီးစိန်ခေါ်နေတယ်.....ဒါ......ဒါ......"

တစ်ချိန်တည်းမှာပင် အဆင့်များမှာလည်းချက်ချင်းပင်ပြောင်းလဲသွားခဲ့သည်။ ၁၅၀ မှ ၁၂၀ သို့ခုန်တက်သွားခဲ့သည်။ အားလုံးမှာထိုမြင်ကွင်းအားကြည့်ကာထိတ်လန့်နေခဲ့သည်။ ဖုန်းပြောနေသောပေါလ်မှာလည်းတုန်ယင်နေသောအသံဖြင့် ခရစ်အားပြောလာခဲ့သည်။

"၁.....၁၂......၁၂၀"

"ဘာ"‌

ခရစ်မှထိတ်လန့်တကြားအော်လိုက်သည်။ အဆင့် ၁၂၀ မှာတကယ်တမ်းတွင်လူတိုင်းအတွက် ဘာမှမဟုတ်ပေ။ သို့သော် ယခုမှစစ်နတ်ဘုရားတပ်ရင်းသို့ဝင်လာသောလူသစ်အတွက်မူ အဆင့် ၁၂၀ မှာစိတ်ကူးယဥ်အိပ်မက်သာဖြစ်သည်။

"ကြည့်ရတာ ငါဒီကျိုးဟောင်ကိုဆန့်ကျင်လို့မရဘူးပဲ"

အချိန်အကြာကြီးနေပြီးနောက် ခရစ်မှချက်ချင်းပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် ဤကိစ္စသည် ချန်းယန်အားထိတ်လန့်သွားစေခဲ့ပေသည်။ ကျိုးဟောင်ကောင်းကင်မျှော်စင်အားစဝင်ချိန်ကတည်းက သူမသည်အဆင့်များအား အာရုံစိုက်ကာကြည့်နေခဲ့ခြင်းဖြစ်သည်။ ကျိုးဟောင်အဆင့် ၁၅၀ အားရောက်သွားသည်ကိုမြင်လိုက်ရချိန်တွင် သူမ၏အမူအရာမှာတည်ငြိမ်နေဆဲဖြစ်သော်လည်း အဆင့် ၁၂၀ သို့တန်းခုန်တက်သွားချိန်မှာတော့ ဤမိန်းမလှလေးပင်သူမ၏ပုံရိပ်အားဂရုမစိုက်နိုင်ဘဲ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရသည်။

"ဒီအသစ်လေးက တစ်လအတွင်းအဆင့် ၁၂၀ ကိုရောက်တယ်တဲ့လား ဒါကတစ်နှစ်အတွင်း ဒီအသစ်တစ်ယောက်ပဲရနိုင်တဲ့စံချိန်ပဲ ဒီကောင်လေးကပထမအဆင့် မူလအဆင့်ပညာရှင်လား ဘယ်လိုဖြစ်နိုင်မှာလဲ ငါတို့စစ်နတ်ဘုရားတပ်ရင်းမှာအရင်က ဒီလိုပါရမီရှင်တွေရှိပေမဲ့ ၁၀ ယောက်မပြည့်ဘူး ဒီလူတွေကလည်း အားလုံးအထွတ်အထိပ်အဆင့်ပါရမီရှင်တွေကြီးပဲ အားလုံးကောင်းကင်ဘုံအဆင့်ကိုချိုးဖောက်ပြီး ၁၂ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ကိုရောက်နေတဲ့ အရမ်းသန်မာတဲ့ပညာရှင်ဖြစ်ပြီးသားလူတွေပဲ"

ထိုအချိန်တွင်နိုင်ငံသားသိုင်းပညာရှင်တစ်ယောက်မှပြောလာခဲ့သည်။

"ဒီအသစ်‌လေးရဲ့နာမည်က ကျိုးဟောင်လို့ခေါ်တယ် သူ့အရှိန်၊ စွမ်းအားနဲ့ သိုင်းပညာ အားလုံးအရမ်းထူးချွန်တယ် မဟုတ်ဘူး ငါဒီအကြောင်းငါ့မိသားစုကိုပြောရမယ်"

လက်ရှိအချိန်တွင်မည်သူမျှ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပေ။ အားလုံးမှာကျိုးဟောင်အား မိမိတို့၏အဖွဲ့အစည်းများအားခေါ်ယူဖို့ သိမ်းသွင်းနိုင်ရန်စတင်ကြိုးစားနေကြပြီဖြစ်သည်။

ချန်းယန်မှာထိုမြင်ကွင်းအားကြည့်ကာ အလွန်ဝမ်းသာနေခဲ့သည်။ သူမသည်တပည့်များနှင့်ပတ်သက်လာပါက အမြဲတမ်းတင်းကြပ်သူဖြစ်သည်။ သူမငယ်စဥ်က ကံမကောင်းခဲ့ပေ။ ထိုအချိန်က သန္ဓေပြောင်းသားရဲများမှ မြို့အားတိုက်ခိုက်ခဲ့ပြီး သူမမိဘနှင့်အိမ် နှစ်ခုလုံးကိုဆုံးရှုံးခဲ့ရပေသည်။ သူမတစ်ယောက်တည်းသာအပျက်အစီးများကြားတွင်ကျန်နေခဲ့ခြင်းဖြစ်သည်။

စစ်နတ်ဘုရားတပ်ရင်းမှကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်မှသူမအားတွေ့ချိန်မှသာ ထိုပညာရှင်သည်သူမအား စောင့်ရှောက်‌ရေးသင်တန်းကျောင်းအား ပို့ခဲ့ခြင်းဖြစ်သည်။ သို့သော်သူမသည် ပါရမီရှိ မရှိစမ်းသပ်ခံခဲ့ရပြီး သူမ၏စွမ်းရည်မှာတကယ်ထိတ်လန့်စရာကောင်းကြောင်းသိလိုက်ရ၍ စစ်နတ်ဘုရားတပ်ရင်းသို့ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ထို့နောက်သူမသည်နှစ်ပေါင်းများစွာဝီရိယရှိရှိလေ့ကျင့်ခဲ့သည်။ သူမမူလကထင်ခဲ့သည်မှာထိုအချိန်ကစပြီးသူမဘဝသည်ကံကောင်းမှုများဖြင့်သာကြုံရတော့မည်ဟုထင်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူမမူလအဆင့်သို့ရောက်စမှာပင် သူမ၏ကောင်းကင်ဘုံအဆင့်ဆရာမှာ တာဝန်တစ်ခုအတွင်းသန္ဓေပြောင်းသားရဲတစ်ကောင်၏ သတ်ဖြတ်ခြင်းအားခံခဲ့ရပေသည်။

ထိုစဉ်ကသူမသည်တကယ်နာကျင်ခဲ့ရသည်။ ကံကောင်းသည်မှာသူမနှင့်သူမဆရာ၏သားဖြစ်သူမှာ အခက်အခဲများအားအတူတကွရင်ဆိုင်ခဲ့ကြပေသည်။ သူမတို့နှစ်ယောက်မှာငယ်စဉ်ကတည်းကအတူတကွကြီးပြင်းလာကြပေရာ အရွယ်ရောက်လာချိန်တွင်အချင်းချင်းကြားချစ်ခြင်းတရားများပေါက်ဖွားလာခဲ့ကာ လက်ထပ်ခဲ့ကြပြီး သူမသည်လည်းအချိန်အတော်ကြာပျော်ရွှင်နေခဲ့သည်။

သို့သော်အချိန်ကောင်းများမှာကြာရှည်မခံပေ။ သူမ၏ ခင်ပွန်းဖြစ်သူသည်လည်း တာဝန်တစ်ခုအတွင်းသေဆုံးသွားခဲ့ပေသည်။ ထိုအချိန်မှစကာ ချန်းယန်သည်မည်သူ့ကိုမှသံယောဇဉ်မထားတော့ပေ။

သူမသည်မူလကရှေ့တန်းတွင်တိုက်ခိုက်လိုခြင်းဖြစ်သည်။ သို့သော်သူမ၏စိတ်အခြေအနေမှာလုံးဝမကောင်းပေ။ ထိုစဉ်ကသူမသည်‌ဒေါသထွက်လွယ်သည့်အပြင် သူမ၏ဆရာနှင့်ခင်ပွန်းဖြစ်သူ၏သေဆုံးမှုမှာ သူမ‌အပေါ်သက်ရောက်မှုကြီးမားပေသည်။

ထို့ကြောင့်စစ်နတ်ဘုရားတပ်ရင်းမှ သူမအားနည်းပြအဖြစ်သာတာဝန်ပေးရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သူမယခုပုံအတိုင်းဆက်နေသွားလို့မဖြစ်မှန်းချန်းယန်သိပေသည်။ ထို့ကြောင့်သူမသည်သူမ၏အာရုံအားလုံးကို ကျောင်းသားများတိုးတက်လာရေးနှင့် စစ်နတ်ဘုရားတပ်ရင်းအတွက် အစွမ်းကြီးသောသိုင်းပညာရှင်များမွေးထုတ်ပေးနိုင်ရန်သာအာရုံစူးစိုက်ထားခြင်းဖြစ်သည်။

ချန်ယန်းမှာတကယ်ပင်ဆရာကောင်းတစ်ယောက်ဟုဆိုနိုင်ပေသည်။ သူမ၏နှလုံးသားမှာအမြဲလေးနက်ပြီးမည်သည့်အရာကိုမျှဖုံးကွယ်ထားခြင်းမရှိပေ။ ထို့အပြင်စစ်နတ်ဘုရားတပ်ရင်းတွင် သူမ၏အဆင့်အတန်းနှင့် ဂုဏ်သတင်းသည်အလွန်မြင့်မားပေရာ ရာထူးကြီးသောအထက်လူကြီးများပင် သူမအားအလေးအနက်ထားရပေသည်။

ကျိုးဟောင်ကိုလည်း အဖွဲ့အစည်းကပင်သူမထံလက်လွှဲပေးခဲ့ခြင်းဖြစ်သည်။ သူမသည်ကျိုးဟောင်၏ အရည်အချင်းအားကျေနပ်သော်လည်း ဤမျှလောက်စွမ်းအားကြီးလိမ့်မည်ဟုတော့မထင်ထားခဲ့ပေ။

"နည်းပြချန်း ဂုဏ်ပြုပါတယ် ဂုဏ်ပြုပါတယ် ခင်ဗျားရဲ့ဒီတပည့်ကတကယ်အထင်ကြီးစရာပဲ တစ်လအတွင်း သူ့အဆင့်က ၁၂၀ကိုထိုးတက်သွားတယ် ကြောက်ရတာကျုပ်တို့စစ်နတ်ဘုရားတပ်ရင်းမှာ နှစ် ၁၀၀အတွင်း ဒီလိုပါရမီရှင်မျိုးမရှိခဲ့မှာကိုပဲ"

ထိုအချိန်တွင်ကျောင်းသားများသာမက ဆရာများပင်ကျိုးဟောင်အားမချီးကျူးဘဲမနေနိုင်ကြပေ။

"ဆိုရိုးစကားအတိုင်းပဲ ဆရာကောင်းကတပည့်ကောင်းကိုမွေးထုတ်ပေးတာပေါ့ နည်းပြချန်းခင်ဗျားကစစ်နတ်ဘုရားတပ်ရင်းရဲ့နည်းပြတွေထဲမှာထင်ရှားတဲ့လူတစ်ယောက်ပဲ မဟုတ်ရင် သူတို့တွေကလည်းကျိုးဟောင်ကိုခင်ဗျားလက်ထဲအပ်မှာမဟုတ်ဘူး"

အားလုံးမှာချီးကျူးနေကြခြင်းဖြစ်သော်လည်း သူတို့ပြောသောစကားများမှာ အမှန်ပင်ဖြစ်သည်။

ကျိုးဟောင်၏အရည်အချင်းမှာသာမန်ထက်ထူးကဲပေသည်။ သို့သော်ချန်းယန်သည်လည်း စစ်နတ်ဘုရားတပ်ရင်းတွင် နာမည်ကြီးနည်းပြများထဲမှတစ်ယောက်ဖြစ်သည်။

"အရမ်းမြှောက်ပင့်လွန်းနေပါပြီ အဓိကကကျိုးဟောင်ကသင်ယူတဲ့နေရာမှာတော်လို့ပါ"

ချန်းယန်မှပြုံးကာပြောလိုက်သည်။

ထိုအချိန်တွင်အားလုံးမှာကောင်းကင်မျှော်စင်အားလှမ်းကြည့်လိုက်ကြပြီး ကျိုးဟောင်ထွက်လာသည်ကိုမြင်လိုက်ကြရသည်။ ကျိုးဟောင်မှာထွက်လာလာလာချင်း ကြီးမားသောကျောင်းသားနှင့်ဆရာဆရာအုပ်ကြီးအားမြင်လိုက်ရပြီး ချန်းယန်ကိုလည်းမြင်လိုက်ရပေသည်။

ကျိုးဟောင်သူ၏ဤလှပသောဆရာအား အလွန်လေးစားပေသည်။

"နည်းပြချန်း နည်းပြလည်းရောက်နေတာလား...."

ကျိုးဟောင်မှပြုံးကာမေးလိုက်သည်။

"ဟဟ...ဒါပေါ့ မင်းဒီလောက်ရုတ်ရုတ်သဲသဲဖြစ်အောင်လုပ်နေတာကို ငါကဘယ်လိုလုပ်လာမကြည့်ဘဲနေမှာလဲ မဆိုးဘူးကျိုးဟောင် မင်းတိုးတက်တာအရမ်းမြန်တယ် မင်းအခုအဆင့် ၁၁၇ကိုရောက်သွားပြီ မင်းအဆင့် ၁၀၀ ထဲရောက်ဖို့သိပ်မကြာဘူးလို့ ငါယုံကြည်တယ်"

"ဒါပေမဲ့အဆင့်တွေကတက်လိုက်ကျလိုက်ဖြစ်နေတုန်း ပြီးတော့လကုန်ဖို့ကလည်းရက်နည်းနည်းလိုသေးတယ် အားလုံးကအဆင့်တိုးဖို့ကြိုးစားနေကြတာ ‌ဒီတော့မင်းပိုကြိုးစားရမယ် တကယ်လို့မင်းဒီလအဆင့် ၁၀၀ထဲရောက်ရင် စံချိန်ချိုးနိုင်လိမ့်မယ်"

ချန်းယန်မှာတွေးရင်းအလွန်စိတ်လှုပ်ရှားနေပေသည်။

"စိတ်ချပါနည်းပြချန်း ကျွန်တော်ကြိုးစားမှာပါ"

ကျိုးဟောင်မှာစိတ်အေးလက်အေးနေမနေပေ။ လက်ရှိအချိန်တွင်လူအတော်များများသည်အဆင့်တက်ရန်ကြိုးစားနေကြပေရာ အချောင်ခိုနေသူဘယ်သူမှမရှိပေ။

နောက်တစ်နေ့မနက်တွင် ကျိုးဟောင်မှာသန္ဓေပြောင်းသားရဲများအားသတ်ရန်ထွက်ခွာသွားခဲ့သည်။ သို့သော်မထွက်ခွာမီကျိုးဟောင်၏နာမည်မှာ အဆင့် ၁၂၃ သို့ပြန်လည်ကျနေသည်ကိုမြင်ခဲ့ရသည်။

အကြောင်းမှာအခြားလူများသည်လည်း အဆင့်တက်ရန်ကြိုးစားနေ၍ဖြစ်သည်။ သို့သော်ထိုသို့အပြိုင်အဆိုင်များမှသာ စိတ်ဝင်စားစရာကောင်းသည့်အချက်ဖြစ်ပေသည်။

ခရစ်မှာမနက်အစောပိုင်းတွင်ပြန်ရောက်လာခဲ့သည်။ ကျိုးဟောင်၏နာမည်မှာ အဆင့် ၁၂၃ သို့ကျသွားသော်ငြား သူသည်အလွန်အံ့ဩနေပေသည်။

"ဒီဟွာရှားသားကတကယ်အထင်ကြီးစရာပဲ"

သူနှင့်ပြန်လာသောကျောင်းသားအများအပြားမှာလည်းကျိုးဟောင်၏အဆင့်အားကြည့်ပြီးနောက်ထိတ်လန့်သွားခဲ့ကြသည်။

"ဟဟ ကျိုးဟောင်ကတကယ်အထင်ကြီးစရာပဲ တစ်လအတွင်းမှာ ဒီရောက်နေတာတစ်နှစ် ဒါမှမဟုတ် နှစ်နှစ်ကျော်နေတဲ့ကျောင်းသားတွေကိုတောင်ကျော်တက်သွားပြီ ကျိုးဟောင်ရဲ့ပါရမီကလည်းတကယ် အရမ်းစွမ်းအားကြီးတာပဲ"

အားလုံးမှာထိတ်လန့်ပြီးဂုဏ်ယူနေကြသော်ငြား သူတို့သည်ကျိုးဟောင်အားလေးလည်းလေးစားနေခဲ့ပေသည်။

ကျိုးဟောင်သည် ယခုမှစစ်နတ်ဘုရားတပ်ရင်းသို့ရောက်လာသောလူသစ်ဖြစ်သော်ငြား လေးစားဆဲပင်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေစွမ်းအားသည်သာအရေးကြီးဆုံးဖြစ်သည်။ ကျိုးဟောင်၏ကျင့်ကြံရေးမှာနိမ့်ပြီးအဆင့်သည်လည်းအတော်လေးနိမ့်ပေသည်။ ထိပ်ဆုံးအယောက် ၁၀၀ ၏မျက်လုံးထဲတွင်ကျိုးဟောင်သည်ဘာမှမဟုတ်ပေ။

သို့သော်ကျိုးဟောင်သည်ဤနေရာကိုရောက်လာသည်မှာတစ်လမျှသာရှိသေးပြီး တစ်လအတွင်းဤအဆင့်အထိရောက်နေပြီဖြစ်ပေရာ အားလုံးထိတ်လန့်ကြသည်မှာလည်း သဘာဝကျပေသည်။

စင်စစ်တွင် ထိတ်လန့်ခြင်းသာမဟုတ်ဘဲ ဖိအားလည်းပါပေသည်။

အကြောင်းမှာလူအတော်များများသည် ကျိုးဟောင်နောက်တွင်ကျန်နေခဲ့၍ဖြစ်သည်။ ယခုထိပ်ဆုံးအယောက် ၁၀၀ ထဲတွင်ရှိနေသူများပင် တစ်ချိန်၌နောက် တွင်ကျန်ရစ်ခဲ့နိုင်သည်။

ထို့ကြောင့် အားလုံးမှာအပြင်းအထန်ကြိုးစားနေကြပေသည်။

ကျိုးဟောင်၏အဆင့်မှာ သူတို့အားလေးလေးနက်နက်လှုံ့ဆော်ပေးကာ အရှိန်အဟုန်ဖြင့်‌တိုးတက်လာရန် အားပေးလိုက်သလိုဖြစ်သွားခဲ့ပေသည်။။

....................................................................................

အခန်း(၄၇၂) ပြီးပါပြီ။

အခန်း (၄၇၃) : တကျက်ကျက်ရန်ဖြစ်ခြင်း

တစ်ရက်တာမှာလျင်မြန်စွာကုန်ဆုံးသွားခဲ့ပြီး အရုဏ်တက်ချိန်တွင်ကျိုးဟောင်သည်လည်းကျောင်းသားများဖြင့်ပြန်ရောက်လာခဲ့သည်။

ကျိုးဟောင်မှာ နေ့ဘက်ကသန္ဓေပြောင်းသားရဲများစွာအားသတ်လာခဲ့ပေရာ ရရှိလာသည့်အကျိုးအမြတ်မှာမနည်းဟုပြောနိုင်ပေသည်။

ဤပစ္စည်းများအားကောင်းကင်မျှော်စင်မှယူကာ အမှတ်ပေးမည်ဖြစ်သည်။

"ကျိုးဟောင် မင်းဒီနေ့အများကြီးရခဲ့တာ ကြည့်ရတာအဆင့်ကတော့ထပ်ပြောင်းဦးမယ်ထင်တယ်"

"ဟုတ်တယ်ကျိုးဟောင်မင်းကတကယ်မိုက်တယ် မင်းရဲ့ကျင့်ကြံဆင့်က ဒုတိယမြောက်မူလအဆင့်ပဲရှိသေးတယ်ဆိုပေမဲ့တိုက်ခိုက်ရေးစွမ်းအားကတော့ အဲဒီ ပဉ္စမမြောက်မူလအဆင့်ပညာရှင်တွေနဲ့ယှဉ်လို့ရတယ် မင်းကတကယ့်ကိုမကောင်းဆိုးဝါးပဲ"

အားလုံးမှာထိုသို့ပြောနေကြပေရာ ကျိုးဟောင်ပင်အနည်းငယ်နေရခက်လာခဲ့သည်။

သူစစ်နတ်ဘုရားတပ်ရင်းသို့ပြန်ရောက်ချိန်တွင် သူ၏အဆင့်မှာ ၁၁၂သို့ပြန်တက်သွားသည်ကိုသိလိုက်ရပြီး အံ့ဩနေပေသည်။ ဤနေရာသည်အဆင့် ၁၀၀ အတွင်းဝင်ရောက်ရန် ၁၂နေရာသာလိုတော့ပေသည်။ ကြည့်ရသည်မှာ တကယ်ပင်အခွင့်အရေးရှိပုံပင်။

ကျိုးဟောင်မှာစိတ်လှုပ်ရှားသွားခဲ့သည်။ ယခုပုံအတိုင်းဆိုပါက သူအဆင့် ၁၀၀ အတွင်းလည်းဝင်ရောက်နိုင်ပေသည်။

စစ်နတ်ဘုရားတပ်ရင်း၏ကျောင်းသားများမှာ သန္ဓေပြောင်းသားရဲများ၏ဧရိယာအတွင်းအသုတ်လိုက်ခွဲဝင်ကြရသည်။ ကျိုးဟောင်မှာအပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တွင်ဝင်လေ့ရှိကာ တစ်ဖက်တွင်အချို့ကျောင်းသားများမှာ အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် ဝင်လေ့ရှိသည်။

အားလုံးမှာများသောအားဖြင့် တနင်္ဂနွေနေ့တွင်နားကြသည်။ သူတို့သည်ဤအချိန်အားအသုံးချကာ မိမိလိုအပ်သည်များကိုပြင်ဆင်ကြပေသည်။

သို့သော် ဤလ၏လကုန်ရက်မှာစိတ်ဝင်စားစရာကောင်းသည့်နေ့ဖြစ်သွားခဲ့သည်။ ထိုနေ့သည်အင်္ဂါနေ့သာဖြစ်သည်။

တစ်နည်းဆိုရသော်အင်္ဂါနေ့တွင် ကျိုးဟောင်သည်သန္ဓေပြောင်းသားရဲများအားသတ်လို့မ‌ရပေ။ သို့သော်တစ်ဖက်လူများမှာတော့အခွင့်အရေးရှိပေသည်။

"ငါတနင်္လာနေ့အဆင့် ၁၀၀ထဲဝင်မှရမှာလား ဒါပေမဲ့ အဲဒါကမလွယ်လောက်ဘူး"

ကျိုးဟောင်မှာသိပ်မတွေးဘဲ မျက်မှောင်ကြုတ်ကာ သက်ပြင်းသာချလိုက်သည်။

လမကုန်မီရက်အနည်းငယ်အလိုတွင် ကျိုးဟောင်၏အဆင့်မှာ အမြဲတမ်း၁၁၀ နှင့် ၁၃၀ကြား တက်လိုက်ကျလိုက်ဖြင့်ရှိနေပေသည်။

ထို့အပြင်စိတ်ဝင်စားစရာကောင်းသည်မှာ ကျိုးဟောင်၏အဆင့်မှာ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် ၁၁၀ နှင့် ၁၂၀ကြားဖြစ်သော်လည်း အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် ၁၂၀ နှင့် ၁၃၀ကြားရောက်သွားခြင်းပင်ဖြစ်သည်။

အကြောင်းမှာကျိုးဟောင်သည်သတ်မှတ်ထားသောနေ့များတွင်သာ သန္ဓေပြောင်းသားရဲများအားသတ်ရ၍ဖြစ်သည်။ သတ်မရသောနေ့များတွင် အခြားကျောင်းသားများမှသွားသတ်ကြပေရာ ထိုနေ့များတွင်သူ၏အမှတ်မှာ မပြောင်းသော်ငြား အခြားလူများ၏အမှတ်များမှာတော့ တက်လာပေသည်။

"ဒီကျိုးဟောင်ကသေချာပေါက်ကိုက်ရခက်တဲ့အရိုးပဲ ဒါပေမဲ့ဒီပုံအတိုင်းဆို သူထိပ်ဆုံး ၁၀၀ထဲမရောက်နိုင်ဘူး"

ခရစ်မှာပြန်လာပြီးနောက်ပေါလ်နှင့်ဗီလာရှိအခြားလူများ၏အဆင့်များအား သုံးသပ်နေပေသည်။

"ဟုတ်တယ် အခုကျန်တဲ့အချိန်အရဆို မဖြစ်နိုင်လောက်ဘူစ ဒါပေမဲ့....အပြောင်းအလဲတော့ရှိဦးမှာပဲ ဒီကျိုးဟောင်က ကောင်းကင်မျှော်စင်ကိုစိန်ခေါ်လို့ရတယ်"

ပေါလ်မှာ စိုးရိမ်ကြီးစွာပြောလိုက်သည်။

သူသည်ဤကိစ္စအားအတော်စိုးရိမ်နေပေသည်။

မည်သို့ပင်ဖြစ်စေ ဤလူသည်အလွန်မကောင်းဆိုးဝါးဆန်လွန်းလှသည်။

"ကောင်းကင်မျှော်စင်ကိုစိန်ခေါ်မယ် အဲဒါဘယ်လိုဖြစ်နိုင်မှာလဲ သူဒီကောင်းကင်မျှော်စင်ကို ၄ခါစိန်ခေါ်ပြီးပြီ ထပ်စိန်ခေါ်နိုင်ဦးမှာတဲ့လား"

"ဒီကောင်းကင်မျှော်စင်ကထူးခြားတယ် သူကျင့်ကြံဆင့်မတက်ဘဲသွားရင် မျှော်စင်ကိုစိန်ခေါ်လည်းအသုံးမဝင်ဘူး နှစ်ရက်အတွင်းသူအဆင့်တက်မယ်လို့ ငါတော့မယုံဘူး"

"မူလအဆင့်ကျင့်ကြံရေးနဲ့ ခြေလှမ်းတိုင်းကအရမ်းခက်တယ် ပြီးတော့ သူတစ်လအတွင်းမှာအကြိမ်ဒီလောက်အများကြီးအဆင့်ချိုးဖောက်ပြီးပြီ ငါတောင်သံသယဝင်လာပြီ တကယ်လို့ဒီတိုင်းဆက်သွားနေရင် သူတကယ်ကြီးပါရမီရှိတာလား ဒါမှမဟုတ် လိမ်နေတာလားလို့တောင်ထင်မိတော့မှာ"

ခရစ်မှာမယုံကြည်ဟန်ဖြင့်ခေါင်းခါလိုက်သည်။

"အဲဒီလိုပဲမျှော်လင့်ပါတယ်"

ပေါလ်မှသက်ပြင်းချကာ ပြောလိုက်သည်။

မကြာမီ တနင်္လာနေ့သို့ရောက်လာခဲ့သည်။ တစ်နေတိုက်ခိုက်ပြီးနောက် ကျိုးဟောင်မှာသန္ဓေပြောင်းသားရဲအလောင်းများစွာအားပြန်ယူလာခဲ့ကာ သူ၏အဆင့်မှာ ၁၀၁ သို့ပင်ရောက်ရှိသွားခဲ့ပေသည်။

မှန်ပေသည်။ အဆင့် ၁၀၁ ဖြစ်သည်။

ဤနေရာသည် အဆင့် ၁၀၀သို့ရောက်ရန် တစ်နေရာသာလိုတော့ပေသည်။

ထိုမြင်ကွင်းအားကြည့်ပြီး ပေါလ်တို့အဖွဲ့မှကြည့်ကာထိတ်လန့်နေခဲ့သည်။

"၁၀၁...ဘုရားရေ သူကစောက်ရမ်းကြမ်းတယ်ဟေ့ ငါနှစ်နှစ်လောက်လေ့ကျင့်ပြီးမှ အဆင့် ၁၀၀ထဲရောက်ခဲ့တာ"

ခရစ်မှာယုံပင်မယုံနိုင်ပေ။

"ခရစ်ဒီလ မင်းရဲ့လုပ်ဆောင်ချက်ကလည်း အရမ်းကောင်းတာပဲ တကယ်လို့ငါအမှတ်မမှားရင် မနေ့ကနောက်ဆုံးနေ့မှာမင်းအဆင့်က ၄၀နဲ့ ၅၀ကြားပြေးနေတာမလား"

ခရစ်မှာလက်ရှိတွင်ထိပ်ဆုံး ၄၀ထဲတွင်ရှိနေသေးသည်ကိုကြည့်ပြီး ပေါလ်မှာသက်ပြင်းချလိုက်မိသည်။ ခရစ်သည်ကျိုးဟောင်ထက်သန်မာပေသည်။ အတိုချုံးဆိုရသော် ဤကျိုးဟောင်သည်သူတို့နှင့် ရင်မဆိုင်နိုင်လောက်ပေ။

"မင်းပြောတာမှန်လောက်တယ် ငါထိပ်ဆုံး ၄၀ထဲမှာမနေနိုင်လောက်ပေမဲ့ ထိပ်ဆုံး ၅၀ထဲဝင်ဖို့တော့အာမခံနိုင်တယ်"

ခရစ်မှာအသက်ပြင်းပြင်းရှူလိုက်သည်။ ယခုလိုအဆင့်မျိုးရရန် သူသည်တုံ့ဆိုင်းမနေဘဲ တစ်နေ့လုံးလေ့ကျင့်ခဲ့ရပေသည်။

"မနက်ဖြန်ဆိုလကုန်ပြီ ကျိုးဟောင်အပြင်ထွက်ပြီးသန္ဓေပြောင်းသားရဲတွေမသတ်နိုင်မှတော့ သူ့အဆင့်က ၁၁၀လောက်ကို ကျသွားလောက်တယ်"

မနက်ဖြန်တွင် ပေါလ်နှင့်ခရစ်လည်းသန္ဓေပြောင်းသားရဲများအား အမဲလိုက်ထွက်ကြမည်မဟုတ်ပေ။

ပေါလ်မှာသွားရမည်ဖြစ်သော်လည်း စိတ်မပါပေ။ တစ်ဖက်တွင်ခရစ်မှာတစ်နေ့လုံးသန္ဓေပြောင်းသားရဲများအားအမဲလိုက်နေခဲ့ပေသည်။ သူသည်လည်း မနက်ဖြန်နားရမည်ဖြစ်သည်။

ကျိုးဟောင်ဗီလာသို့ပြန်ရောက်လာချိန်တွင် စုန့်ခွင်းနှင့်လော့လီနှစ်ယောက်လုံး ဗီလာတွင်ရှိနေပေသည်။ သူမတို့နှစ်ယောက်အမဲလိုက်ထွက်သည့်နေ့သည်လည်း အတူတူပင်ဖြစ်သည်။

"ကျိုးဟောင် မင်းပြန်လာပြီ ဟဟ ...မင်းတကယ်အထင်ကြီးစရာပဲ အဲဒီတုန်းက ငါတို့ပေါလ်ကိုစိန်ခေါ်တုန်းက မင်းကိုစိုးရိမ်နေသေးတာ အခုကြည့်ရတာတော့ ငါတို့တကယ်သတိမထားမိခဲ့တာပဲ"

စုန့်ခွင်းမှပြုံးကာပြောလိုက်သည်။

"၁၀၁ ကျွတ် ကျွတ် ....နောက်ဆုံးအဆင့်ဟုတ်ဘူးဆိုရင်တောင် တကယ်လေးစားစရာကောင်းတယ် ငါတော့ ၁၃၀အောက်ကျမယ်မထင်ဘူး"

လော့လီသည်လည်းပြုံးကာပြောလာခဲ့သည်။

ကျိုးဟောင်မှာခေါင်းညိတ်ပြကာ အဆင့်များအားကြည့်လိုက်သည်။ လော့လီမှာအဆင့် ၄၉တွင်ရှိပြီး စုန့်ခွင်းမှာအဆင့် ၃တွင်ရှိပေသည်။ မနက်ဖြန်အဆင့်အတက်အကျပြီးပါက စုန့်ခွင်းမှာသေချာပေါက် အဆင့် ၅အတွင်းတွင်ရှိနေမည်ဖြစ်ပြီး လော့လီမှာအဆင့် ၆၀ နှင့် ၇၀အတွင်းကိုကျသွားလောက်ပေသည်။

အဆင့် ၁၀ အတွင်းရှိအဆင့်အတက်အကျပြောင်းလဲမှုမှာ အလွန်ရှားပါပေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအဆင့်အတွင်းရှိလူများသည် အဆင့်တက်လိုပါက အမှတ်အများအပြားလိုအပ်ပေသည်။ ထို့အပြင်သူတို့သည် သေချာသောအရေးသာမှုရှိကြပေသည်။

တစ်နည်းဆိုရသော် အဆင့် ၁၀နှင့် ၁၁ ကြားရှိ အမှတ်ပမာဏကွာဟချက်မှာ အလွန်ကြီးမားပေသည်။

အကြောင်းမှာထိပ်ဆုံးအဆင့် ၁၀ ထဲတွင်ရှိနေသောကျောင်းသားအများစုမှာ ဤနေရာတွင်နှစ်ရှည်လများ နေလာကြသူများဖြစ်၍သာဖြစ်သည်။ သူတို့သည်ဘွဲ့ယူလို့ရပြီဖြစ်သော်ငြား မလိုချင်သေး၍မယူကြသူများဖြစ်သည်။

ထို့ကြောင့် သူတို့နှင့် အဆင့်၁၁တွင်ရှိနေသည့်သူကြားတွင် ကြီးမားသောကွာဟမှုကြီးတစ်ခုရှိနေခြင်းဖြစ်သည်။

"စီနီယာအစ်မ ဒီတစ်ခေါက်အစ်မနေရာက ၆၀လောက်ဖြစ်လောက်တယ် အစ်ကိုစုန့်က အဆင့် ၅အတွင်းဝင်မှာပဲ အစ်ကိုတို့နဲ့ယှဉ်ရင် ကျွန်တော့်အဆင့်ကအဲဒီလောက်အထင်ကြီးစရာမကောင်းပါဘူး"

ကျိုးဟောင်မှအပြုံးဖြင့်ပြောလိုက်သည်။

"ကျစ် မင်းဒီကိုရောက်တာဘယ်လောက်ရှိသေးလို့လဲ တစ်လပဲရှိသေးတယ် တစ်လဆိုတာဘာလဲသိလား တစ်ချို့လူတွေကဒီမှာနေသားတောင်မကျသေးဘူး ဒါပေမဲ့မင်းကတော့ တကယ်ကြီးအဆင့်တွေတက်လာတာ"

"ကျိုးဟောင်မင်းကပုံမှန်မဟုတ်တဲ့လူများလားလို့တောင် ငါသံသယဝင်မိတယ်"

လော့လီမှာကျိုးဟောင်အားကြည့်ကာပြောလိုက်သည်။

"ဟမ် ပုံမှန်မဟုတ်တဲ့လူ ကျွန်တော်ကဘယ်လိုလုပ်ပုံမှန်မဟုတ်ရမှာလဲ"

ကျိုးဟောင်မှာချက်ချင်းပင်ပြောစရာစကားမရှိဖြစ်သွားခဲ့သည်။

"မင်း...မင်းမှာအသက်မရှိဘူးလား ချစ်သူမရှိဘူးလား ဘာလို့တစ်နေ့လုံးကျင့်ပဲကျင့်ကြံနေတာလဲ တကယ်လို့ငါသာမင်းလူမှန်းမသိထားရင် ကျင့်ကြံဖို့ပဲသိတဲ့စက်လို့တွေးမိမှာ"

လော့လီမှနှုတ်ခမ်းထောင့်စွန်းတို့ကွေးတက်သွားသည်အထိပြုံးကာပြောလိုက်သည်။

ထိုစကားအားကြားသောအခါ ကျိုးဟောင်မှာချက်ချင်းပင်ချွေးပြန်လာခဲ့သည်။

"ကောင်းပြီ ငါတို့မနက်ဖြန်တစ်ရက်နားပြီး နောက်ဆုံးအဆင့်ကိုစောင့်ကြတာပေါ့"

စုန့်ခွင်းမှပြုံးကာပြောလိုက်သည်။ သူသည်ကျိုးဟောင်နှင့် လော့လီငြင်းခုံနေသည်ကိုကြည့်ရခြင်းအား အလွန်စိတ်ဝင်စားပေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် မနက်ဖြန်လကုန်ရက်ပဲကို နောက်ဆုံးတော့မနက်ဖြန်အေးဆေးနေလို့ရပြီ"

လော့လီမှာခါးအားဆန့်ရင်းပြောလိုက်ပေရာ သူမ၏ပြီးပြည့်စုံသောကောက်ကြောင်းမှာ ထင်ရှားစွာထွက်ပေါ်လာခဲ့သည်။

သူတို့သည် ပုံမှန်အားဖြင့် ဤအဆင့်သတ်မှတ်ချက်တို့ကြောင့်ပင်ပန်းနေကြပြီဖြစ်ပေရာ ထို့ကြောင့်အားလုံးသည် လအစရက်နှင့် လကုန်ရက်တို့တွင် နားလေ့ရှိကြပေသည်။

...................................................................................

အခန်း(၄၇၃) ပြီးပါပြီ။

အခန်း (၄၇၄) : အဆင့် ၉၁

မည်သို့ပင်ဖြစ်စေ အားလုံးအနားယူရန်လိုပေသည်။ အကယ်၍မနားပါကနောက်ဆုံးတွင် ပင်ပန်းလွန်းပြီးအားပျက်ကာလဲကျသွားမည်ဖြစ်သည်။

ကျိုးဟောင်မှာဘာမှမပြောပေ။ မနက်ဖြန်ကောင်းကင်မျှော်စင်အားစိန်ခေါ်ချင်သေးသည်ဟုပြောရန်မှာ သူ့အတွက်မသင့်တော်ပေ။

အကယ်၍ထိုစကားသာထွက်သွားပါက လော့လီတို့သည်သေချာပေါက်လန့်သွားကြမည်ဖြစ်သည်။ ထို့ကြောင့်ကျိုးဟောင်မှမည်သူ့ကိုမှမပြောဘဲလုပ်ရန်သာဆုံးဖြတ်လိုက်သည်။

ယနေ့သည်အင်္ဂါနေ့ဖြစ်ပြီးကျိုးဟောင်မှာအခြေစိုက်စခန်းတွင်သာရှိနေပြီး ဘယ်ကိုမှမသွားပေ။ သူ၏အဆင့်မှာပြောင်းလဲနေပြီး သေချာပေါက်ကျသွားခြင်းပင်ဖြစ်သည်။

တစ်မနက်တည်းဖြင့် ၄ဆင့်အထိကျသွားခဲ့ပေသည်။

နေ့လယ်ပိုင်းတွင် ၇ဆင့် ၈ဆင့်အထိကျသွားခဲ့ကာ ချက်ချင်း အဆင့် ၁၁၃သို့ရောက်သွားခဲ့သည်။

ကျိုးဟောင်မှာစဉ်းစားနေသည်မှာကြာပြီဖြစ်သော်လည်း လျစ်လျူသာရှုထားလိုက်သည်။ မည်သို့ပင်ဖြစ်စေ သန်းခေါင်ရောက်ရန်နာရီပေါင်းများစွာလိုသေးပေသည်။ ထို့ကြောင့်ကျိုးဟောင်မှာအများကြီးဂရုစိုက်မနေပေ။

သို့သော်ယနေ့သည် အဆင့်သတ်မှတ်မည့်နောက်ဆုံးနေ့ဖြစ်သည်။ လူအတော်များများသည်လည်း ဤကိစ္စကိုသာအာရုံစိုက်နေကြပေသည်။

စစ်နတ်ဘုရားတပ်ရင်းမှကျောင်းသားများသာမက ပြင်ပရှိအဖွဲ့အစည်းအချို့သည်လည်းစိတ်ဝင်စားကြပေသည်။

အထူးသဖြင့်လက်ရှိအချိန်တွင်စစ်နတ်ဘုရားတပ်ရင်းနှင့် အနီး‌ဆုံးတွင်ရှိသောမြို့များမှအဖွဲ့အစည်းများစွာမှာရလဒ်အားသိရန် တစ်ညလုံးစောင့်ကြည့်မည့်လူများအားပြင်ဆင်နေကြပေသည်။

"သေချာကြည့်ထား ဒီနေ့ကစစ်နတ်ဘုရားတပ်ရင်းရဲ့အမှတ်စာရင်းညှိမဲ့နောက်ဆုံးနေ့ပဲ မင်းတို့အားလုံးမျက်လုံးသေချာပြူးထားရမယ် နားလည်လား"

"တကယ်လို့အဆင့်မှာပြောင်းလဲမှုတစ်ခုခုရှိရင် ချက်ချင်းတင်ပြရမယ်နားလည်လား"

"အဆုံးသတ်ခါနီးတိုင်းမှာ မြင်းမဲတစ်ကောင်သေချာပေါက်ပေါ်လာစမြဲပဲ အဲဒါကြောင့်အားလုံး မျက်လုံးတွေကိုဖွင့်ထားရမယ်"

ခေါင်းဆောင်ဖြစ်သူမှလျင်မြန်စွာပြောလိုက်သည်။ ယခုအခြေအနေသည် အဖွဲ့အစည်းတစ်ခုတည်းယခုလိုဖြစ်နေသည်မဟုတ်ပေ ဆင်တူအဖွဲ့အစည်းများစွာရှိပေသည်။

"ဒါနဲ့ ဒီကျိုးဟောင်လို့ခေါ်တဲ့ဒီအသစ်လေးကိုအာရုံစိုက်ထား နားလည်လား"

သူတို့သာမကဘဲ ရှုလင်သည်လည်းအတော်လေးစိတ်လှုပ်ရှားနေပေသည်။ သူမသည်ကျိုးဟောင်၏အဆင့်အားဆက်တိုက်အာရုံစိုက်နေပေသည်။

သူမအပြင်ရှုချန်းနှင့်လုံအော့ထျန်းတို့သည်လည်း အာရုံစိုက်နေကြပေသည်။

"သေစမ်း ဒီကျိုးဟောင်ကစောက်ရမ်းစွမ်းအားကြီးလွန်းတယ် တစ်လပဲရှိသေးတယ် သူကဒီလိုရုတ်ရုတ်သဲသဲဖြစ်အောင်လုပ်နိုင်နေပြီ"

"သူ့စွမ်းအားကအရမ်းမဖြစ်နိုင်တာမဟုတ်ဘူးလား သွားပြီ ငါသူ့ကိုအရင်ကပြဿနာရှာဖူးတယ် သူစစ်နတ်ဘုရားတပ်ရင်းကထွက်တဲ့အချိန်ကျ အနည်းဆုံးတော့ အစိမ်းရောင်တိမ်တိုက်ဌာနမှာ ခေါင်းဆောင်စစ်ဆေးရေးမှူးဖြစ်လာနိုင်တယ်"

"အဲဒါတင်မဘူးအဖွဲ့အစည်းအကြီးကြီးတွေကလည်းသေချာပေါက်သူ့ကိုလုကြမှာပဲ"

ထိုစကားများအားကြားပြီးနောက် လုံအော့ထျန်း၏ မျက်နှာမှာ ပို၍ပင်အကျည်းတန်သွားခဲ့သည်။ အကြောင်းမှာ သူသည်ကျိုးဟောင်အားတိုက်ခိုက်ရန်ပင်ကြိုးစားခဲ့ဖူးပေသည်။

"သေစမ်း သေစမ်း"

"ဒီကျိုးဟောင်ကသေသင့်တယ် သူကဘာမှမမဟုတ်တဲ့ကောင်တစ်ယောက်ပဲမဟုတ်ဘူးလား ဘာလို့အခုလို ရုတ်ရုတ်သဲသဲဖြစ်အောင်လုပ်နိုင်ရတာလဲ ခုတော့ကောင်းရော ရွှီမိသားစုကဒီကိစ္စကိုအာရုံစိုက်တော့မယ် ရွှီမိသားစုကစီနီယာကြီးတွေတောင် အာရုံစိုက်ကြတော့မယ်"

"အရေးကြီးဆုံးက အဲဒီကောင်စုတ်ကျိုးဟောင်ကို ကျူးဇောင်ကထောက်ခံပေးနေတာပဲ ကျိုးဟောင်ကိုစစ်နတ်ဘုရားတပ်ရင်းထဲ‌ရောက်‌အောင်လုပ်ပေးတဲ့လူက သူများလားမသိဘူး"

လုံအော့ထျန်းမှာတုံးအသူမဟုတ်ဘဲ အခြေအနေအားသုံးသပ်ရာတွင်အလွန်တော်သူဖြစ်သည်။ စစ်နတ်ဘုရားတပ်ရင်းမှာဝင်ရောက်ရန်အလွန်ခက်ခဲသည့်အဖွဲ့အစည်းဟုလူသိများပေသည်။ သာမန်ပါရမီရှင်များလုံးဝမဝင်‌ရောက်နိုင်ပေ။ အချို့မိသားစုများ၏ပါရမီရှင်များပင် မဝင်ရဲပေ။

မည်သို့ပင်ဖြစ်စေ စစ်နတ်ဘုရားတပ်ရင်းမည်မျှတင်းကြပ်ကြောင်းကိုအားလုံးသိပေသည်။ ကျိုးဟောင်ထံတွင် နောက်ခံအသိုင်းအဝိုင်းကောင်းကောင်းကောင်းမရှိပေ။ ထို့ကြောင့် စစ်နတ်ဘုရားတပ်ရင်းသို့ဝင်ရောက်ရန်သေချာပေါက်တစ်ယောက်ယောက်ကူညီပေးမှရမည်ဖြစ်ပြီး ထိုလူသည်လည်း ကျူးဇောင်ဖြစ်နိုင်ခြေများပေသည်။

ရှုမိသားစုမှာသူနှင့်ရှုလင်၏လက်ထပ်မှုအားသဘောတူထားသည်ဆိုသော်ငြား ဆုံးဖြတ်ချက်ချပြီးသားကိစ္စတော့မဟုတ်ပေ။ ယခုကျိုးဟောင်၏ဂုဏ်သိက္ခာမှာ တစ်ရှိန်ထိုးတိုးတက်လာပြီဖြစ်ရာ သူ့အတွက်ကိစ္စကောင်းမဟုတ်ပေ။

"တကယ်လို့ဒီလိုဆက်သွားနေရင် ကျိုးဟောင်ကအနှေးနဲ့အမြန် ရှုမိသားစုရဲ့တန်ဖိုးထားတာကိုခံရတော့မှာ မဖြစ်ဘူး ငါမြန်မြန်ရှုလင်နဲ့လက်ထပ်ရမယ်"

လုံအော့ထျန်းတွေးရင်းစိုးရိမ်နေသလို ကျိုးဟောင်သည်လည်း ကောင်းကင်မျှော်စင်သို့ရောက်နေပြီဖြစ်သည်။

ကျိုးဟောင်သည်တစ်ယောက်တည်းထွက်လာခဲ့ပြီး မည်သူ၏အာရုံကိုမျှမဆွဲဆောင်ခဲ့ပေ။

ယနေ့သည်နောက်ဆုံးရက်ဖြစ်သည်။ အားလုံးမှာနားနေကြသူများကနားနေကြပြီး အဆင့်များအားအာရုံစိုက်နေသူများမှာအာရုံစိုက်နေကြပေရာ လူအနည်းစုလောက်သာကျိုးဟောင်အား သတိထားမိပေသည်။

သို့သော်ကောင်းကင်မျှော်စင်မှယခုမှထွက်လာပြီး နောက်ဆုံးအခိုက်အတန့်တွင်အဆင့်ချိုးဖောက်ရန်ကြိုးစားနေသော လူအနည်းစုလည်းရှိပေသည်။

ကျိုးဟောင်ရောက်လာသည်ကိုကြည့်ပြီး လူအတော်များများမှာအလွန်ထိတ်လန့်သွားကြပေသည်။

"ဒီလူကကျိုးဟောင်မဟုတ်လား ဘာလဲ သူကောင်းကင်မျှော်စင်ကိုထပ်ပြီးစိန်ခေါ်ချင်သေးတာလား"

"တကယ်ကြီးလား သူကမျှော်စင်ကိုစိန်ခေါ်ချင်သေးတာလား ဒါ...သူ့သေတွင်းသူတူးနေတာမဟုတ်ဘူးလား"

"ဘုရားရေ ဒီကျိုးဟောင်ဘာလုပ်ဖို့ကြိုးစားနေမှန်း ငါတကယ်စိတ်တောင်မကူးနိုင်တော့ဘူး"

သူတို့ထိတ်လန့်နေစဉ်မှာပင် ကျိုးဟောင်မှာမျှော်စင်ထဲသို့ဝင်သွားပြီဖြစ်သည်။

"ကျောင်းသားကျိုးဟောင် စိန်ခေါ်လိုတဲ့အဆင့်ကိုပြောပါ"

စနစ်၏အေးစက်သောအသံထွက်ပေါ်လာခဲ့သည်။

"၀.၂"

ကျိုးဟောင်မှချက်ချင်းပင်ပြောလိုက်သည်။

ဤနှုန်းအတွင်းဆိုပါက သူအဆင့် ၁၀၀ အတွင်းသို့ဝင်နိုင်လောက်ပေသည်။

အဆင့် ၀.၂အားစိန်ခေါ်ပါက အနည်းဆုံးလူအယောက် ၃၀လောက်အားဖြုတ်ချနိုင်မည်ဖြစ်သည်။

လက်ရှိသူ၏အဆင့်မှာ ၁၂၀ နှင့် ၁၃၀ကြားတွင်ဖြစ်သည်။ အကယ်၍ ဤအဆင့် ၀.၂အားဖြတ်ကျော်နိုင်ပါက ထိပ်ဆုံးအယောက် ၉၀ထဲသို့ဝင်နိုင်မည်ဖြစ်သည်။

"တော်ပြီ တကယ်လို့ငါဒီထက်လွန်သွားရင် လူတွေငါ့ကိုသံသယဝင်လာမှာစိုးရတယ်"

ကျိုးဟောင်မှာပြုံးလိုက်ပြီးနောက် ချက်ချင်းပင်စိန်ခေါ်မှုအားစလိုက်တော့သည်။

"ကျောင်းသားကျိုးဟောင် ၂မှတ်တန် စိန်ခေါ်မှုအားလက်ခံလိုက်ပါပြီ ၁၀မိနစ်အတွင်း မဟာဆရာသခင်အဆင့်သန္ဓေပြောင်းသားရဲ အကောင် ၂၀၀ အားသတ်ပါ"

....................................................................................

အခန်း(၄၇၄) ပြီးပါပြီ။

All Chapters