အခန်း ၁၃၆-၁၃၈
Vol. 10 Ch. 136-138
အခန်း (၁၃၆) : ပစ်မှတ်
အခြားမြို့မှ လာရောက်ယှဉ်ပြိုင်သူများက ဇယားထိပ်တွင်ရှိသော ကျိုးဟောင်အား ကြည့်ပြီး သူတို့ကြိတ်တွေးနေခဲ့ကြသည်။
" ဟမ် အဲ့ကောင်ရဲ့ နာမည်က ကျိုးဟောင်ပေါ့။ နောက်ကျသူ့ကိုဖယ်ထုတ်ဖို့အခွင့်အရေးကိုရှာထားရမယ်"
"ချူမြို့အထက်တန်းကျောင်းကကောင်တွေက တော်တော်တုံးတာပဲ။ သူတို့အတန်းထဲက ပထမရတဲ့လူရဲ့နာမည်ကို လွယ်လွယ်ဖော်ထုတ်ခဲ့တာပဲ"
ကျိယွီဖန် က ကံကောင်းပြီးပထမနေရာရသွားသော ကျိုးဟောင်အား သိပ်ဂရုမစိုက်သော်လည်း သူနဲ့ ရှုလင်အရမ်း နီးကပ်ကြသည်ကိုတော့ သတိထားမိခဲ့သည်။ ဒါ့အပြင်သူတို့ကရင်းနှီးတာထက်ပိုသော ဆက်ဆံရေးမျိုး ရှိကြလေသည်။ ဒါ့ကြောင့် သူ့စိတ်ထဲ ကျိုးဟောင်အား အရင်ထုတ်ဖယ်ရန်ဆုံးဖြတ်လိုက်လေသည်။
ဒီ...
လက်မောင်းရှိဖန်သားပြင်မှ တဆင့် အားလုံး၏နားကြပ်ထဲသို့အသံတခု၀င်လာခဲ့လေသည်။
"ပြိုင်ပွဲရဲ့ ဒုတိယအဆင့်ပွဲစဉ်များစတင်ပါပြီ။ ယှဉ်ပြိုင်သူများအားလုံး သံမဏိလှောင်အိမ်ထဲသို့ချက်ချင်းပို့ဆောင်ပေးပါမည်။ အထဲတွင် ကံမကောင်းပါက အခြားပြိုင်ပွဲ၀င်များနှင့် ရင်ဆိုင်ရနိုင်ပြီး တယောက်သာ အောင်မြင်စွာထွက်လာနိုင်မည်ဖြစ်သည်။ ဒါ့ကြောင့် အခြားပြိုင်ပွဲ၀င်များနှင့် မရင်ဆိုင်ရဖို့ဆုတောင်းပေးပါတယ်"
"စကားမဆက် တကယ်လို့ အခြားပြိုင်ပွဲတယောက်ကိုသာ ထုတ်ဖယ်လိုက်နိုင်ပါက ထိုသူ၏ရမှတ် ၆၀%အားပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
"အကောင်းဆုံးဖြစ်ကြပါစေ"
နားကြပ်ထဲမှ အသံမှာရပ်တန့်သွားခဲ့လေသည်။
ဝှစ် ဝှစ် ဝှစ်
ယှဉ်ပြိုင်သူများအားလုံးမတုံပြန်နိုင်ခင်မှာ သူ့ခန္ဓာကိုယ်အား ဖိအားတခုက လွှမ်းခြုံသွားသလိုခံစားလိုက်ကြရသည်။
ထို့နောက် သူတို့ ချက်ချင်သတိထားမိသောအခါ သူတို့သည် သံမဏိလှောင်အိမ်ထဲသို့ရောက်ရှိနေခဲ့ကြလေပြီ။
"ကျိုးဟောင်လားဟ..."
အံ့ဩနေသောအသံတခုက ကျိုးဟောင်၏ နားထဲသို့၀င်လာခဲ့သည်။
ကျိုးဟောင်လှည့်ကြည့်လိုက်သောအခါ သူ့ကိုစိတ်လှုပ်ရှားစွာစိုက်ကြည့်နေသော ပြိုင်ပွဲ၀င်တယောက်အားတွေ့လိုက်ရလေသည်။
" ဟားဟား....ငါ့ရဲ့ကံကောင်းခြင်းတွေကို ဒီနေရာက မရပ်တန့်နိုင်ဘူးထင်တယ်။ ဒုတိယအချီအစမှာပဲ ဇယားရဲ့ အဆင့်တစ်က ငပျော့လေးနဲ့ ရင်ဆိုင်ရလိမ့်မယ်မထင်ခဲ့ဘူး။ တကယ်ကို အမှတ်တွေအလကားရပြီပဲ.."
ထိုပြိုင်ပွဲ၀င်မှာ ကြာကြာတောင် အောင်ပွဲမခံလိုက်ရပေ။ ဓားအလင်းတန်းတချက်ကို ရိပ်ခနဲမြင်လိုက်ရပြီး ထိုသူ၏ အသွင်အပြင်မှာပျောက်ကွယ်သွားခဲ့လေသည်။
ကျိုးဟောင်၏လက်မောင်းရှိ ဖန်သားပြင်ပေါ်မှ အမှတ် ၁၂၀ ထပ်မံရရှိသည့် ဖော်ပြချက်ပေါ်လာခဲ့လေသည်။
"ဒီကောင့်မှာ အမှတ်တွေအများကြီးရှိတာပဲ။ ကြည့်ရတာ အလယ်အလတ်အဆင့် နတ်ဆိုးစစ်သည် အကောင်၂၀လောက်သတ်နိုင်ခဲ့တာဖြစ်မယ်"
သံလှောင်အိမ်မှ ပေါ်လာခဲ့သောသူ၏ ရလဒ်ကိုကြည့်ပြီး သူရေရွတ်လိုက်သည်။
ထိုအခိုက်အတန့်တွင်ပဲ သံလှောင်အိမ်၏ တံခါးမှာ ပွင့်လာခဲ့လေသည်။အခြား ထောင်ခြောက်များရှိ မရှိကြည့်လိုက်ပြီး ကျိုးဟောင်လှောင်အိမ်ထဲမှ ထွက်လာခဲ့လေသည်။
ဒီ....
"ဒုတိယအဆင့် မစ်ရှင်ကိုကိုးစက္ကန့်အတွင်းအောင်မြင်ခဲ့တဲ့ ပထမဆုံးလူပေါ်ထွက်လာခဲ့ပါပြီ။ ဆုလဒ်: အမှတ် ၁၀၀၀"
ဖန်သားပြင်မှ ထပ်မံ ကြေငြာချက်တခုထုတ်ပြန်လိုက်လေသည်။
လှောင်အိမ်ထဲတွင် တယောက်နှင့် တယောက်ရင်ဆိုင်နေသော ပြိုင်ပွဲ၀င်များက ထိုဖိုးကံကောင်းမှာ ဘယ်သူလဲသိချင်သောကြောင့် ဖန်သားပြင်ရှိအမှတ်ဇယားအား မသိမသာကြည့်မိလိုက်ကြလေသည်။
သို့သော်လည်း ဇယားထိပ်တွင် ရပ်တည်နေသော ကျိုးဟောင်က အမှတ် ၁၂၀ ကိုထပ်မံစုဆောင်းနိုင်ခဲ့သည်ကိုသူ့တို့မြင်လိုက်ကြသောအခါ အကုန်လုံးမှင်တက်သွားခဲ့ကြသည်။
" လခွမ်း ဒီကျိုးဟောင်ပဲလားဟ"
"သူအမှတ် ၁၂၀ ထပ်ရဖို့ တကယ်ပဲ ၉စက္ကန့်ပဲအချိန်ယူလိုက်ရတာလား။ သူက တခြား ပြိုင်ပွဲ၀င်ကို ၉စက္ကန့်အတွင်းအနိုင်ယူလိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်မှတ်လား"
"သူက မစ်ရှင် ၂ခုလုံးမှာ ပထမနေရာကိုယူနိုင်ခဲ့တာပဲ။ အဲ့အတိုင်းဆို ပြိုင်ပွဲပြီးဆုံးချိန်ရောက်ရင် သူပထမနေရာမှာ ဆက်ရှိနေဦးမှာပဲ"
"ချူမြို့အထက်တန်းကျောင်းမှာ ရှုလင်ပြီးရင် ကျိုးဟောင်က ဒီလောက်ကံကောင်းလိမ့်မယ် မထင်ထားခဲ့ဘူး"
အခြားယှဉ်ပြိုင်သူများမှာ ငတုံးမဟုတ်ကြပေ။ ယခုအချိန်ထိကျိုးဟောင်ရရှိထားတဲ့အမှတ်များအရ ကို ကြည့်ခြင်းအားဖြင့် ယခုလိုအလျင်အမြန်အနိုင်ယူနိုင်ခြင်းမှာလည်း ကျိုးဟောင်၏ စွမ်းအားအစစ်အမှန်ကြောင့်သာ ဖြစ်ကြောင်း ရိပ်မိကြသည်။
ကျိုးဟောင်မှာ အမှန်တကယ်ပင် နောက်ထပ် အမှတ်ရာနဲ့ချီ ထပ်စုဆောင်းနိုင်ခဲ့လေပြီ။ စည်းမျဉ်းများအရ ကျိုးဟောင် အနိုင်ယူလိုက်သော ပြိုင်ပွဲ၀င်မှာ အနည်းဆုံး အလယ်အလတ်အဆင့် သိုင်းပညာရှင် သို့မဟုတ် အဆင့်မြင့် သိုင်းပညာရှင် အဆင့်လောက်ရှိလေသည်။
ချုမြို့အထက်တန်းကျောင်းမှ ပြိုင်ပွဲ၀င်သူများမှာလည်း အံ့အားသင့်ကုန်ကြလေသည်။
"ကျိုးဟောင် က အရင်တုန်းက ကျိုးဟောင်မဟုတ်တော့ဘူး"
"အခြေအနေတွေက အရင်နဲ့မတူတော့ဘူး။ အတန်းထဲမှာ အမြဲအောက်ဆုံးအဆင့်ရောက်နေတဲ့သူက ကျောင်းရဲ့ ဂုဏ်ဆောင်ဖြစ်လာလိမ့်မယ် လို့ ငါမထင်ထားခဲ့မိဘူး"
"နည်းပြရှန်း တခါပြောဖူးသလိုပဲ ကျိုးဟောင်မှာ ပင်ကိုယ်တိုက်ခိုက်ရေးစွမ်းရည်ရှိတယ်တဲ့။ ကြည့်ရတာ နည်းပြရှန်းပြောတာအမှန်ပဲ။ ကျိုးဟောင်က သိုင်းပညာရှင်အဆင့်သာရှိသေးသော်လည်း သူ့တိုက်ခိုက်ရေးစွမ်းရည်က အဆင့်မြင့် သိုင်းပညာရှင်လောက်ဖြစ်နေပြီ"
ရှုလင် နဲ့ ကျန်းယိက ပို၍ပင် စိတ်လှုပ်ရှားနေကြလေသည်။
" ဒီအတိုင်းဆို သူနေရာတခု ရနိုင်တော့မှာပဲ"
သူတို့နှစ်ယောက်လုံး ကျိုးဟောင်၏ ပြောင်မြောက်လှသော ရလဒ်ကိုကြည့်ပြီး ၀မ်းသာနေခဲ့ကြသည်။
ကလစ် ကလစ် ကလစ်
အချိန် ၁၀ မိနစ်ခန့် ကုန်ဆုံးပြီးနောက်....
သံမဏိလှောင်အိမ်များ အားလုံး ပွင့်လာခဲ့ပြီး ထွက်လာသောပြိုင်ပွဲ၀င်များမှာ၏ ခန္ဓာကိုယ်များတွင်လည်း သွေးများဖုံးလွှမ်းနေခဲ့လေသည်။
ပြိုင်ပွဲ၀င်များအားလုံး စုရုံးနေကြချိန်တွင် ဘာသွေးမှ ပေကျံခြင်းမရှိသော ကျိုးဟောင်အား စိုက်ကြည့်နေခဲ့ကြသည်။
ကျိယွီဖန်လည်း မျက်မှောင်ကြုတ်ပြီးကြည့်နေလေသည်။ ရှုလင်၏ ခန္ဓာကိုယ်တခုလုံးမှာ ကျိုးဟောင်၏ပုခုံးပေါ်သို့ မှီခိုလုနီးပါး ဖြစ်နေသည်ကိုတွေ့လိုက်သောအခါ သူ့ကိုယ်ထဲရှိ လူသတ်ချင်စိတ်များပြင်းထန်လာခဲ့လေသည်။
ရှုလင်၏ ရေခဲကြွက်သားခန္ဓာသည် သူ၏ မီးဓာတ်ခန္ဓာနှင့်သာ အလိုက်ဖက်ဆုံး ဖြစ်လေသည်။ဒါ့ကြောင့် ရှုလင်၏ခန္ဓာကိုယ်လေးအား ဘယ်သူ့ကြောင့် အစွန်းအထင်းမခံလိုပေ။
..............................................................................
အခန်း(၁၃၆) ပြီးပါပြီ။
အခန်း (၁၃၇) : အမျက်ဒေါသအား လှုံဆော်ခြင်း
" ငါ့အတွက်ဆူးငြောင့်ခလုတ်မဖြစ်နေစေဖို့ ငါဆုတောင်းပေးတယ်"
ကျိယွီဖန်က သူ့စိတ်ထဲ၌ အေးစက်စွာ ရေရွတ်လိုက်သည်။
ကျိုးဟောင်လည်း ကျိယွီဖန်ဆီသို့ အကြည့်များရောက်သွားခဲ့လေသည်။ ကျိုးဟောင်၏ စူးရှသော အာရုံခံနိုင်စွမ်းကြောင့် ကျိယွီဖန် တခုခုတော့ လွဲနေပြီလို့ သတိထားမိနေခဲ့သော်လည်း သူဂရုမစိုက်ခဲ့ပေ။
ဒီ....
" ပြိုင်ပွဲရဲ့နောက်ဆုံးအဆင့် စတင်တော့မည်ဖြစ်ပါတယ်။ ဒီတခါ ကတော့ အချိန်လုရမည့် ပြိုင်ပွဲပဲဖြစ်တယ်။ ပြိုင်ပွဲ၀င်များ အားလုံး စက်ဝိုင်းပုံသဏ္ဌာန်မြေကွက်လပ်ကြီးရဲ့ ဘေးကိုပို့ဆောင်ခြင်းခံရမည်။ မြေကွက်လပ်ကြီးရဲ့ ဘေးပတ်လည်မှာ အဆင့်နိမ့် နတ်ဆိုး စစ်သူကြီး အကောင် ၁သောင်း ရှိနေမှာဖြစ်ပြီး မင်းတို့အားလုံးရဲ့မစ်ရှင်ကတော့ မြေကွက်လပ်ကြီးရဲ့ အလယ်မှာရှိတဲ့ အချင်း ၂မီတာကျယ်သော လေးထောင့်ကွက်ထဲ ရောက်အောင်သွားရမှာပဲဖြစ်တယ်။ အရင်ဆုံးရောက်တဲ့ ဘယ်သူမဆို ဆုအဖြစ် အမှတ် ၅ထောင်ရရှိနိုင်မည်"
ဘုန်း....
ကြေငြာချက်ပြီးဆုံးသွားသည်နှင့် တပြိုင်နက် ပြိုင်ပွဲ၀င် ၅၀၀လုံးပျောက်ကွယ်သွားခဲ့လေသည်။
သူတို့ထပ်မံပေါ်လာချိန်မှာတော့ အချင်း မီတာ ၁သောင်းရှိသော စက်ဝိုင်းပုံသဏ္ဌာန်မြေကွက်လပ်ကြီးဆီသို့ရောက်ရှိသွားခဲ့ကြလေသည်။
ဂါး ဂါး ဂါး...
ကျိုးဟောင်နှင့် ပြိုင်ပွဲ၀င်များ အားလုံး အသိပြန်ကပ်သည့်အချိန်မှာပဲ မြေကွက်လပ်ကြီး၏ထောင့်စွန်းဆီမှ နတ်ဆိုးသားရဲများ၏အော်ဟစ်သံကိုကြားလိုက်ကြရသည်။
ပြိုင်ပွဲ၀င်အများအပြားမှာလှည့်ကြည့်လိုက်သောအခါ လိပ်ပြာလွင့်မတတ်လန့်ဖျန့်သွားခဲ့ကြသည်။ အကြောင်းမှာ အဆင့်နိမ့်နတ်ဆိုးစစ်သူကြီးအများအပြားက သွေးဆာနေသော အကြည့်များဖြင့် ကြည့်နေခဲ့ခြင်းကြောင့်ဖြစ်လေသည်။
"ရေတွက်ခြင်းစတင်ပါပြီ"
"၁၀..၉.. ၈ ..၇....."
ရေတွက်ခြင်းက ၅ သို့ရောက်သွားသောအခါ အစွန်းတွင် ကာရံထားသော အကာအရံများပျောက်ကွယ်သွားပြီး အဆင့်နိမ့်နတ်ဆိုးစစ်သူကြီးများက အရှုးအမူးပြေးလာကြလေသည်။
"ချီး ပဲ ရေတွက်တာ သုညရောက်မှ လွှတ်ရမှာမဟုတ်ဘူးလား"
"ဘယ်လိုတောင် ပရိယာယ်များတာလဲ"
ပြင်ဆင်နေသည့် ပြိုင်ပွဲ၀င်အတော်အများများမှာ အချိန်မှီ မတုံ့ပြန်နိုင်ကြပေ။ နတ်ဆိုးစစ်သူကြီး အလုံးအရင်းလိုက်သူတို့ဆီ၀င်လာသောအခါ သူတို့အားလုံး ဖျက်ဆီးခံလိုက်ကြရသည်။ သူတို့အတွက် လွတ်မြောက်ဖို့ အချိန်နောက်ကျသွားခဲ့ပြီး နတ်ဆိုးသားရဲများ၏ တစ စီစုတ်ဖြဲခြင်းကိုခံလိုက်ကြရလေသည်။
ပြိုင်ပွဲ၀င်ရာဂဏာန်းလောက်သာ ရေတွက်ခြင်းစတင်ထဲက မြေကွက်လပ်ကြီးအလယ်ဆီသို့ပြေးသွားနေခဲ့ကြသည်။ သို့သော်လည်း နတ်ဆိုးစစ်သူကြီးများ၏ အရှိန်မှာ သူတို့ထက်ပို၍မြန်ဆန်နေခဲ့လေသည်။
"ပြေးကြ...."
"ချီးပဲ ... ငါတို့က နတ်ဆိုးစစ်သူကြီးတွေထက် သာလိမ့်မယ်လို့ ထင်နေခဲ့တာလား။ ဒီဇိုင်းဆွဲတဲ့ကောင်ရဲ့ ဦးနှောက်က အဆံများချောင်နေတာလား"
"ညီကို ငါတော့ မလုပ်နိုင်တော့ဘူး။ တခြားတဖက်ရောက်မှ ပြန်ဆုံမယ်"
ဆယ်စက္ကန့်အတွင်းမှာပဲ နောက်တွင် ကျန်နေခဲ့သော ပြိုင်ပွဲ၀င်၁၀ ယောက်ကို နတ်ဆိုးစစ်သူကြီးများက ဖမ်းမိသွားခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်များမှာလည်း ပျောက်ကွယ်သွားခဲ့ကြလေသည်။
"ကျိုးဟောင် ငါ့လက်ကိုဆွဲလိုက်"
ဆရာသခင်အဆင့်ရောက်နေသော ရှုလင်က အလွန်ပင်လျင်မြန်လေသည်။ သူမစပြေးထဲကက ကျိုးဟောင်ကိုတွေ့လိုက်ပြီး အနားသို့ တိုးလာခဲ့ခြင်းဖြစ်သည်။
"ကျန်းယိကိုလည်း မထားခဲ့နဲ့ဦး"
ကျိုးဟောင်မှာ မျက်စိလျင်သူဖြစ်သောကြောင့် နောက်တွင်ကျန်နေခဲ့သော ကျန်းယိအားတွေ့လိုက်လေသည်။
ရှုလင်က ခေါင်းညိတ်ပြလိုက်ပြီး အရှိန်လျော့လိုက်ကာ ကျိုးဟောင်နှင့်အတူ ကျန်းယိဆီသို့ပြေးသွားကြလေသည်။
ကျန်းယိအား နတ်ဆိုးစစ်သူကြီးက ကိုက်တော့မည်ကိုတွေ့လိုက်သောအခါ ကျိုးဟောင်သည် ရှုလင်၏လက်ကိုလွှတ်ပြီး ဆန့်ကျင်ဘက်သို့ပြေးကာ အခွင့်အရေးအကိုအရယူပြီး ထိုနတ်ဆိုးစစ်သူကြီးအားဓားဖြင့်ပိုင်းချလိုက်လေသည်။
ဖျီးးးးး..
သူသည် အရှန်ဖြင့်ပြေးနေခြင်းဖြစ်သောကြောင့် ထိုအရှိန်အဟုန်၏အကူအညီဖြင့် သူ့၏ဓားမှာ နတ်ဆိုးစစ်သူကြီး ၂ကောင်၏ လည်ပင်းအား ပိုင်းဖြတ်ပြီးသားဖြစ်သွားလေသည်။
"ဘယ်လိုတောင် လှလိုက်သလဲ"
ရှုလင်လည်း အံ့ဩပြီးရေရွတ်လိုက်မိသည်။
"ကောင်းလိုက်တဲ့ ချိန်သားကိုက်မှုပဲ။ မင်းသာ နည်းနည်းနှေးခဲ့မယ်ဆိုရင် ကျန်းယိသေချာပေါက် အကိုက်ခံလိုက်ရပြီ"
ယွမ်ချန်း ၊ယွင်ယန် နှင့် အခြားယန်ကျင်းကျောင်းသားများလည်း ထိုမြင်ကွင်းကြောင့် ကျိုးဟောင်အား ဝိုင်းချီးကျူးကြလေသည်။
ကျိုးဟောင်က ပတ်၀န်းကျင်က အကြည့်များကို လျစ်လျူရှူလိုက်ပြီး လှမ်းအော်လိုက်သည်။
"ကျန်းယိ...."
ကျန်းယိလည်း သူ၏အားများကို ခြေထောက်တွင် ပိုမိုအသုံးပြုလိုက်ပြီး သူ့ခန္ဓာလည်း တဟုန်ထိုး ခုန်ထွက်လာခဲ့လေသည်။
ကျိူးဟောင်လည်း လက်ကိုဆန့်ကာ ကျန်းယိ၏လက်အား ဖမ်းဆွဲလိုက်လေသည်။ရှုလင်လည်း ပြန်ရောက်လာပြီး ကျိုးဟောင်၏လက်ကို ထပ်ဆွဲလိုက်လေသည်။
"အတူအားစိုက်ပြီးပြေးကြမယ်"
"ဟဟ အတူပြေးကြတာပေါ့"
သူတို့၃ယောက်မှာ ရီလိုက်ကြသည်။
အခြားကျန်နေသော ပြိုင်ပွဲ၀င် အယောက်၆၀ကလည်း သူတို့ ၃ယောက်အား မနာလိုသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ ဒီလို အသည်းအသန် အခြေအနေမှာတောင် သူတို့၃ယောက်က တယောက်ကို တယောက် ပစ်ပယ်မသွားခဲ့ပေ။ သူတို့ ၃ယောက်မှာ ယုံကြည်စိတ်ချရသော သူငယ်ချင်းစစ်စစ်များဖြစ်ကြောင်းထင်ရှားလေသည်။
ရှေ့ဆုံးမှပြေးနေသော ကျိယွီဖန်လည်းဒေါသထွက်နေခဲ့လေသည်။ အထူးသဖြင့် ကျိုးဟောင်နှင့် ရှုလင်တို့ လက်ချောင်းလေးများ တင်းကျပ်စွာယှက်နွယ်ပြီးပြေးနေခြင်းကိုမြင်နေရသောကြောင့် သူ့သွားများကျိုးမတတ်အံကြိတ်လိုက်မိသည်။
ဘမ်း...
သူရုတ်တရက်ရပ်လိုက်ပြီးသူ့လမ်းကြောင်းကနေ ပြန်ဆုတ်လာခဲ့လေသည်။နောက် ၅-၆ စက္ကန့်အတွင်း ကျိုးဟောင် ၊ရှုလင် နှင့် ကျန်းယိတို့နဲ့ ဘေးချင်းယှဉ်ပြေးနေခဲ့ပြီ။
"ရှုလင် မင်းရဲ့ ရေခဲကြွက်သားခန္ဓာက ငါရဲ့ မီးဓာတ်ခန္ဓာနဲ့ ပေါင်းစပ်ဖို့ ကံကြမ္မာပါလာခဲ့တယ်။ ငါတို့ရဲ့ အထူးကိုယ်ခန္ဓာရုပ်သွင်တွေက ပြီးပြည့်စုံစွာ ပေါင်းစပ်လှုံဆော်နိုင်စွမ်းရှိတယ်"
ရှုလင် မျက်မှောင်ကြုတ်လိုက်သည်။ကျိုးဟောင်ကလည်း ပေါ်တင်ပြန်မေးလိုက်လေသည်။
"မင်းဘယ်သူလဲ"
"ရေတွင်းထဲက ဖားသူငယ်လေးပဲ။ ငါက ကျိမိသားစု ရဲ့ အထူးကိုယ်ခန္ဓာရုပ်သွင်ကို အမွေဆက်ခံထားတဲ့သူပဲ။ ငါ့မှာ မီးဓာတ်ခန္ဓာကိုယ်ရှိပြီး အနာဂတ်မှာ မီးနတ်ဘုရားခန္ဓာကိုယ် ကိုပိုင်ဆိုင်တဲ့ကျွမ်းကျင်သူအဖြစ် မူလအဆင့်ကျွမ်းကျင်သူတွေကြားမှာထင်ပေါ်လာမယ့်သူပဲ"
ကျိယွီဖန်က အထင်အမြင်သေးသလို ပြန်ပြောလိုက်သည်။
" ငါမင်းကို ရှုလင်နဲ့ ဝေးဝေးမှာနေဖို့ အကြံပေးချင်တယ်။ ပြီးမှ ငါရိုင်းတယ်ဆိုရင်ပြီး အပြစ်မတင်နဲ့"
သူကဆက်ပြောလိုက်လေသည်။
"မင်းရူးနေလား။ ငါတို့မင်းကိုသိတောင်မသိဘူး။ သွားစမ်းပါ.. ငါတို့လမ်းကနေ ဝေးဝေးသွားနေစမ်းပါ"
ကျိုးဟောင်က ဒေါသတကြီးပြန်ပြောလိုက်သည်။
ကျိယွီဖန်သည် ကျိုးဟောင်ကဲ့သို့ သာမန်လူအပေါ်တွင် အင်အားများ ဖြုန်းတီးမနေတော့ပဲ သူ့လှံကိုထုတ်ကာ လှမ်းထိုးလိုက်လေတော့သည်။
.............................................................................
အခန်း(၁၃၇) ပြီးပါပြီ။
အခန်း (၁၃၈): ခက်ခဲသော ဆုံးဖြတ်ချက်
"သတိထား...."
ရှုလင်က ကျိယွီဖန်၏ လှုပ်ရှားမှုများကို အာရုံခံမိလိုက်ပြီး သတိလှမ်းပေးလိုက်လေသည်။
သို့သော်လည်း လှံဖြင့်တိုက်ခိုက်ချက်က မဟာဆရာသခင်အဆင့်များ၏တိုက်ခိုက်မှုကဲ့သို့လျင်မြန်လှပေသည်။
ရှုလင်မှာ ကျိုးဟောင်အား သတိသာလှမ်းပေးနိုင်ခဲ့ပြီး တိုက်ခိုက်မှုကို ကာကွယ်ပေးဖို့ အချိန်မရလိုက်ပေ။
ကျိယွီဖန်သည် ဘာတုံပြန်မှုမှ မရှိသေကျိုးဟောင်ကို ကြည့်ပြီး သူ့မျက်နှာရှိအထင်အမြင်သေးမှုများ ပိုမိုပြင်းထန်လာခဲ့လေသည်။ ယခုလို သာမန်အဆင့်ကောင်နဲ့ ရေခဲကြွက်သားခန္ဓာကိုယ်အတွက် ပြိုင်လုနေရခြင်းမှာ မထိုက်တန်သလို သူခံစားရလေသည်။
ရွှင်...
လှံဖျားက ကျိုးဟောင်၏ရင်ဘတ်အားစိုက်၀င်ခါနီးမှာပဲ ကျိုးဟောင်က ခြေထောက်ကိုရွေ့ကာပုခုံးကိုယိမ်းပြီးခန္ဓာကိုယ်ကိုတပတ်လှည့်ပြီး ရှောင်တိမ်းလိုက်သောကြောင့် လှံဖျားက ကျိုးဟောင်၏အ၀တ်အစားများကိုသာဖောက်သွားပြီး သူ့ရင်ဘတ်နှင့်လွဲသွားခဲ့လေသည်။
" ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"သူတကယ်ကြီးရှောင်နိုင်လိုက်တာလား"
"ကျိုးဟောင်တကယ်လုပ်နိုင်ခဲ့တာလား"
သူတို့နှင့် မနီးမဝေးတွင်ပြေးနေကြသော ယွမ်ချန်း ၊ယွင်ယန်နှင့် အခြား ယန်ကျင်း ကျောင်းသားများကလည်း သူတို့ကိုအာရုံစိုက်နေခဲ့ကြလေသည်။ ကျိယွီဖန်လိုမျိုး အထူးကိုယ်ခန္ဓာရုပ်သွင်ကိုပိုင်ဆိုင်ထားသော သူမှာ အားလုံး၏ အာရုံကိုဖမ်းစားထားနိုင်လေသည်။
ထိုကြောင့် ကျိုးဟောင်က ကျိယွီဖန်၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်ခြင်းကိုကြည့်ပြီး သူတို့အားလုံး အံ့ဩတုန်လှုပ်သွားကြလေသည်။
သူတို့ဆိုရင်တောင်မှ ကျိယွီဖန်၏ လျှပ်တပြက်တိုက်ခိုက်မှုကို ရှောင်ရှားနိုင်မည် မဟုတ်ပေ။ရှုလင်လိုမျိုး ဆရာသခင်အဆင့်ရှိသူတောင်မှာ စိုးရိမ်တကြီး သတိပေးခြင်းကိုသာ လုပ်နိုင်ခဲ့လေသည်။
ပြီးခဲ့သောပြိုင်ပွဲ အဆင့်များတွင် ကျိုးဟောင်၏ လုပ်ဆောင်ချက်များက သူတို့အား အံ့အားသင့်စေခဲ့သော်လည်း ကျိယွီဖန်လိုလူမျိုးနှင့်တော့ ယှဉ်နိုင်လိမ့်မည်လို့ သူတို့မထင်ထားခဲ့ပေ။
ယခုမူ သူတို့မျက်စိဖြင့်ကိုယ်တွေ့ မြင်လိုက်ကြရသည်။ ကျောင်းမှာ ပုန်းကွယ်နေတဲ့ ပါရမီရှင်ထူးချွန်ကျောင်းသားက ကျိုးဟောင်များလားဆိုသော အတွေး က ယွမ်ချန်း ၊ ယွင်ယန် နှင့် အခြား ယန်ကျင်းကျောင်းသားများစိတ်ထဲ၀င်လာခဲ့ကြလေသည်။
သို့သော်လည်း သူတို့အားလုံးခေါင်းခါလိုက်မိကြသည်။ ကျိုးဟောင်က အမှောင်နတ်ဘုရားများ အဖွဲ့မှ မဟာဆရာသခင်အား ပြောင်မြောက်လှသော ဓားရေးဖြင့်သတ်နိုင်ခဲ့သည့် အံဖွယ်တိုက်ခိုက်ရေးစွမ်းရည်ရှိသော ပါရမီရှင်ထူးချွန်ကျောင်းသားဖြစ်ကြောင်း ယုံကြည်နိုင်ဖို့ခဲယဉ်းနေခဲ့လေသည်။
"မင်းက တကယ်ကြီး ရှောင်ရဲတယ်ပေါ့"
ကျိယွီဖန်လည်း အံ့ဩသွားခဲ့ပြီးနောက် သူ၏အမူအရာမှာ ခက်ထန်လာခဲ့လေသည်။
"ဘာလဲဟ မင်းက ငါ့ကို သတ်ဖို့လုပ်ဖို့ ငါကရှောင်ခွင့်မရှိဘူးလား။ ဒီလိုမောက်မာတဲ့ကောင်မျိုး ခုမှ ပထမဆုံးတွေ့ဖူးတာပဲ"
ကျိူးဟောင်က အေးစက်စွာပြန်ပြောလိုက်သည်။
ထိုသို့ပြောပြီးသည်နှင့် ကျိုးဟောင်က သူ့လက်ဝါးကို အလျင်အမြန်ဆန့်ထုတ်ကာ ကျိယွီဖန်၏လှံအား အားအပြည့်ဖြင့်ဆောင့်ဆွဲလိုက်လေသည်။
လှံနှင့်အတူ ကျိယွီဖန်လည်းဆောင့်ဆွဲလိုက်သောအရှိန်ကြောင့် ကျိုးဟောင်ဘက်သို့ပါလာခဲ့ လေသည်။
ဘမ်း....
ကျိုးဟောင်က လျပ်တပြတ်ကန်လိုက်လေသည်။ ကျိယွီဖန်၏ ခန္ဓာကိုယ်မှာလည်း ကြိုးပြတ်သွားသောစွန်ကဲ့သို့ လေထဲလွင့်ထွက်သွားပြီး သူတို့နောက်မှ လိုက်သော နတ်ဆိုးစစ်သူကြီးအား သွားရောက်ထိမှန်လေသည်။
ရွှီး ရွှီး ရွှီး...
ကျိယွီဖန်လည်း သွေးရူးသွေးတန်းဖြစ်သွားပြီး သု့လှံဖြင့် အားအပြည့်သုံးကာ နတ်ဆိုးစစ်သူကြီးများအား တကောင်ပြီး တကောင် အသည်းအသန်သတ်ဖြတ်နေလေသည်။
သို့သော်လည်း နတ်ဆိုးစစ်သူကြီးများမှာ ထောင်နဲ့ချီသောကြောင့် တခဏအတွင်းမှာ ပင်သူ့အား ဖုံးအုပ်သွားလေသည်။
" ကျိုးဟောင် မင်းစောင့်နေလိုက်။ လေ့ကျင့်ရေးအခန်းမှာ ပြန်တွေ့လို့ရှိရင် မင်းသေဖို့သာပြင်ထား"
ကျိယွီဖန်က ထုတ်ပယ်ခံရခါနီးတွင် ဒေါသတကြီးအော်ပြောသွားလေသည်။
ကျိုးဟောင်က ကျိယွီဖန်၏ခြိမ်းခြောက်မှုများကို ဂရုမစိုက်ခဲ့ပေ။
"အာဟ.."
ထိုအချိန်မှာပဲ နတ်ဆိုးစစ်သူကြီးများက အလွန်ပင်မြန်လာခဲ့ပြီး နောက်တွင်ကျန်နေခဲ့သော ပြိုင်ပွဲ၀င် (၄၀) အား လိုက်မှီသွားကာ တစဆီဆုတ်ဖြဲလိုက်ပြီး ပုံရိပ်ယောင်လေ့ကျင့်ရေးဆီမှ ဖျောက်ပစ်လိုက်လေသည်။
ရှေ့တွင်ရောက်နေသော ယွမ်ချန်းနှင့်ယွင်ယန် တို့သည် ကျိုးဟောင်တို့အား နတ်ဆိုးစစ်သူကြီးများလိုက်မှီတော့မည်ကိုတွေ့လိုက်သောကြောင့် အံကိုကြိတ်ကာ သူတို့၏အရှိန်ကို လျော့ချလိုက်သည်။ထို့နောက်သူတို့၂ ယောက်မှာနောက်သို့ ပြန်ပြေးသွားကြလေသည်။
ဖန်းယွိ ၊လိန်ကျင်းဖုန်နှင့်အခြား၂ ယောက်တို့လည်း ကြောင်သွားခဲ့ကြလေသည်။ ပြီးမှ အရှိန်လျော့ကာ နောက်မှ လိုက်လာကြလေသည်။
မကြာမီပင် သူတို့ ၅ယောက်လုံး ကျိုးဟောင်တို့၃ယောက်ဘေးသို့ ရောက်ရှိလာခဲ့ကြလေသည်။
"ရှုလင် ငါတို့လက်ကိုလှမ်းဆွဲလိုက်"
ယွမ်ချန်း နှင့်ယွင်ယန်က အော်ပြောလိုက်လေသည်။
"ကျေးဇူးပါ ယွမ်ချန်း နဲ့ ယွင်ယန်"
ရှုလင်က ယွမ်ချမ်း နှင့် အခြား ယန်ကျင်းကျောင်းသားများက ကူညီဖို့ ပြန်လာခဲ့ကြတာကိုကြည့်ပြီး ဘာပြန်ပြောရမှန်းမသိဖြစ်သွားခဲ့သည်။။
ဝှစ် ဝှစ် ဝှစ်..
သူတို့၈ယောက်လုံး လက်များ အချင်းချင်း ဆုပ်ကိုင်ထားလိုက်ကြသည်။
"အားထည့်ပြီးပြေးကြ....."
သူတို့အားလုံး၏ ခွန်အားကို ပြေးဖို့အတွက် အသုံးပြုလိုက်ကြသည်။သူတို့ရှစ်ယောက်၏ စွမ်းအားများမှာ မတူညီကြသော်လည်း ရှစ်ယောက်ပေါင်းပြီး အတူပြေးကြသောအခါ အင်အားများစုပေါင်းသွားပြီး အလွန်ပင် မြန်ဆန်သွားကြလေသည်။ သူတို့၈ယောက်မှာ အခြား ကျန်သေးသော ပြိုင်ပွဲ၀င် ဒါဇင်လောက်ကို အလျင်အမြန်ပင်ကျော်တက်သွားခဲ့လေသည်။
"အားးးး"
နောက်ထပ် ၇-၈စက္ကန့်လောက်တွင် နောက်ထပ် ပြိုင်ပွဲ၀င် ၆ယောက် အထုတ်ဖယ်ခံလိုက်ရလေသည်။
ထိုအချိန်တွင် ပြိုင်ပွဲ၀င်စုစုပေါင်း ၁၄ယောက်သာ မြေကွက်လပ်ကြီးတွင် ကျန်ရှိလေတော့သည်။ ထိုအထဲတွင် ချူမြို့အထက်တန်းကျောင်းမှာ ၈ယောက်၊ ယန်ကျင်းလေ့ကျင့်ရေးစခန်းမှ ၄ယောက် ဖြစ်ပြီး ကျန်၂ယောက်ကတော့ အခြားမြို့မှ ထူးချွန်ကျောင်းသားများဖြစ်လေသည်။
"မြန်မြန်လာ။ ငါတို့ရောက်ခါနီးနေပြီ"
လုံခြုံသည့် ၂မီတာစက်ဝိုင်းမှာ သူတို့နှင့်နီးကပ်လာခဲ့လေသည်။ သို့သော်လည်း ယွမ်ချန်း၊ ယွင်ယန်နှင့် အခြားလူများ၏ အမူအရာများပြောင်းသွားခဲ့လေသည်။
အကြောင်းမှာ ၂မီတာ သာရှိသော လုံခြုံသည့်ဧရိယာမှာ လူ၈ယောက်လုံးအတွက် နေရာမရှိပေ။ ကြပ်ကြပ်သိပ်သိပ် နေရင်တောင် ၅ယောက်အတွက်သာ နေရာရှိလေသည်။
"ဘယ်သူ၀င်ပြီး ဘယ်သူထွက်မလဲ" ဆိုတဲ့ ရွေးချယ်မှုနှင့်ရင်ဆိုင်နေရပြီး သူတို့ရှစ်ယောက်လုံး လုံခြုံသည့်ဧရိယာအစွန်းနားတွင်ရပ်ကာ တုန်လှုပ်နေကြလေသည်။
အဆုံးတွင် သူတို့ အရည်အချင်းမပြည့်မှီပါက ကမ္ဘာလုံးဆိုင်ရာ အဆင့်မြင့်လေ့ကျင့်ရေးစခန်းသို့၀င်နိုင်မည့်အခွင့်အရေးနှင့် လွဲချော်နိုင်သွားလေသည်။
ထိုသို့ ဘ၀တခုလုံးပြောင်းလဲပေးနိုင်သည့် အခွင့်အရေးနှင့် လွဲချော်သွားပါက သူတို့တဘ၀လုံး နောင်တဖြင့်နေထိုင်သွားရတော့မည်ဖြစ်သည်။
....................................................................................
အခန်း(၁၃၈) ပြီးပါပြီ။