← Chapters

အခန်း ၇၃-၇၅

Vol. 5 Ch. 73-75

အခန်း ၇၃-၇၅

Vol. 5 Ch. 73-75

အခန်း (၇၃) : ပန်းနွယ်တစ်ထောင်

ကျန်းယိမှာ ယွင်ယန်အား အလျင်အမြန်ကြည့်လိုက်သည်။

ယွင်ယန်မှထ၍မေးလိုက်လေသည်။

"ကျန်းယိ နင့်ညီမလေးသန့်စင်ခန်းသွားတယ်လို့ နင့်ကိုပထမဆုံးပြောခဲ့တဲ့လူက ဘယ်သူလဲ"

ကျန်းယိမှာချက်ချင်းပင် သတိရသွားပြီးပြောလိုက်သည်။

"လီမိန်ဆိုတဲ့ကောင်မလေးပဲ"

ယွင်ယန်မှာထပ်မေးလိုက်သည်။

"ပုံမှန်ဆို နင့်ညီမလေးနဲ့လီမိန်ရဲ့ဆက်ဆံရေးက ဘယ်လိုရှိလဲ"

"ငါ့ညီမလေးက အနေအေးတယ်ကျောင်းမှာ တခြားလူတွေနဲ့အခေါ်အပြောလုပ်ခဲတယ် သူ့အတန်းဖော်တွေကလည်း သူ့ကိုသိပ်မသိကြဘူး"

ကျန်းယိမှရိုးသားစွာပြောပြလိုက်သည်။

ယွင်ယန်မှာခေါင်းညိတ်ပြီးပြုံးလိုက်သည်။

"ဒီလီမိန်က လိမ်ပြောနိုင်ခြေအများဆုံးပဲ ငါအရင်ကတည်းကသတိထားမိတာ ကျန်းယင်းရဲ့အတန်းထဲကဆရာမတွေက သူ့ကိုသိပ်ပြီး အာရုံထဲထားပုံမရဘူး ယေဘုယျကျကျပြောရရင် နင့်ညီလေးသန့်စင်ခန်းသွားမှန်း ဘယ်သူမှတောင်မသိဘူး"

ကျိုးဟောင် ရှုလင်နှင့် အခြားလူများမှာ ချက်ချင်းပင်နားလည်သွားကြသည်။

ရှုလင်မှာချက်ချင်းပင် ဆရာမအား လီမိန်ကိုခေါ်လာခိုင်းလိုက်သည်။

ယွင်ယန်မှာ တည့်ပင်မေးလိုက်သည်။

"လီမိန် ကျန်းယင်းသန့်စင်ခန်းသွားတုန်းက မင်းပါအတူလိုက်သွားတာလား"

လီမိန်မှာခဏကြာတွေဝေနေပြီး ခေါင်းညိတ်ပြလာလေသည်။

"ဟုတ်တယ် သမီးသူနဲ့အတူသန့်စင်ခန်းသွားခဲ့တာ ဒါပေမဲ့အတန်းကိုပြန်လာပြီးနောက်ပိုင်း သူထွက်လာတာကိုမမြင်ဘူး"

"ကျန်းယင်းဘာဝတ်ထားလဲ"

ယွင်ယန်မှထပ်မေးလိုက်သည်။

"အာ..."

လီမိန်မှာခဏလောက်ငြိမ်နေပြီးမှ အလျင်အမြန်ပြောလိုက်သည်။

"သူအနီရောင်အင်္ကျီဝတ်ထားတာ မဟုတ်ဘူး လိမ္မော်ရောင်"

ကျန်းယိမှာဒေါသတကြီးထအော်လေသည်။

"မင်းလိမ်နေတာ ငါ့ညီမက သူ့ကျောင်းဝတ်စုံဝတ်သွားတာ"

လီမိန်မှာလန့်သွားလေသည်။

"သ... သမီးလည်း သေချာမမှတ်မိတော့ဘူး ဟုတ်တယ် သူကျောင်းဝတ်စုံဝတ်ထားတာဖြစ်လောက်တယ်"

ထိုအချိန်တွင် ကျိုးဟောင်၊ ရှုလင်နှင့် အခြားကျောင်းသားများမှာ ယွင်ယန်အား လေးစားသည့်အကြည့်မျိုးဖြင့်ကြည့်နေကြလေသည်။

လီမိန်အမှန်တကယ်လိမ်နေခြင်းဖြစ်ကြောင်း အားလုံးသိသွားကြပြီဖြစ်သည်။

"ပြော ငါ့ညီမကိုဘယ်သူခေါ်သွားတာလဲ"

ကျန်းယိမှာရှေ့တိုးလာပြီး လီမိန်အားစိုက်ကြည့်ကာမေးလိုက်သည်။

ဘေးမှဆရာမှာလည်း ခြိမ်းခြောက်လာလေသည်။

"လီမိန် ဒီကိစ္စကအရမ်းအရေးကြီးတယ် တကယ်လို့မင်းဆက်လိမ်နေမယ်ဆို ငါတို့မင်းမိဘတွေကို အကြောင်းကြားရလိမ့်မယ်"

ဆရာမဆီမှ "မိဘ" ဆိုသောစကားလုံးအားကြားလိုက်ရသောအခါ လီမိန်၏မျက်နှာမှာ ချက်ချင်းပင်စိုးရိမ်သောအရိပ်အယောင်များ ပေါ်လာပြီး အလျင်အမြန်ပင် ဖွင့်ပြောလာလေသည်။

"သ သမီးလည်းမသိဘူး လူတစ်ယောက်ကသမီးကို ယွမ်၂ထောင်ပေးပြီး ကျန်းယင်းကိုလေ့ကျင့်ရေးကွင်းထောင့်ကို ခေါ်လာခိုင်းတာ"

"ဒီတော့ မင်းပေါ့"

ကျန်းယိမှာဒေါသတကြီးဖြင့် လီမိန်၏လက်မောင်းအား ဆုပ်ကိုင်လိုက်သည်။

ဆရာမမှာကြားမှ အော်ဟစ်ကာတားဆီးလာလေသည်။

"ကျေးဇူးပြုပြီး စိတ်လျှော့ပါ"

ကျိုးဟောင်လည်း ဝင်ထိန်းလေသည်။

"ကျန်းယိ မဆင်မခြင်မလုပ်နဲ့"

"လီမိန် ငါတို့ကိုအဲဒီလေ့ကျင့်ရေးခန်းမဆောင်ရဲ့ထောင့်ကိုခေါ်သွားပေး"

ယွင်ယန်မှပြောလိုက်သည်။

ဤနေရာမှာ တကယ့်ကိုအနည်းငယ်ချောင်ကျပြီး မြင်ကွင်းကိုကွယ်နေသော စင်မြင့်တစ်ခုလည်းရှိနေသည်။

"ဟင် ပန်းနွယ်တစ်ထောင်က သစ်ရွက်ပါလား"

ကျိုးဟောင်မှာဝေ့ဝဲကြည့်နေရင်းမှ ပြောလိုက်သည်။ သူ၏ထက်မြက်သောအသိအာရုံအရ သူသည်ချက်ချင်းပင် သေးငယ်သော သစ်ရွက်အပိုင်းအစလေးအားတွေ့လိုက်လေသည်။

"ဘာ ပန်းနွယ်တစ်ထောင်လား"

သူတို့နောက်မှလိုက်ပါလာသော ဆရာမနှင့်ကျောင်းသားများမှာ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။

နွယ်တစ်ထောင်ပန်းမှာ အဆင့်နိမ့်မိစ္ဆာစစ်သည်ဖြစ်ပြီး မိစ္ဆာမျိုးနွယ်မှ လူသားမျိုးနွယ်အကြောင်းစုံစမ်းရန် အသုံးပြုသောအရာဖြစ်ပြီး ‌ပုံမှန်အားဖြင့် ရှာတွေ့ရန်အလွန်ခက်လေသည်။

ကျိုးဟောင်မှာ သစ်ရွက်အပိုင်းအစလေးအား ကောက်လိုက်သည်။

ယွမ်ချန်း၊ ယွင်ယန်နှင့် အခြားလူများမှာ ချက်ချင်းပင်ရှေ့တိုးလာကြလေသည်။

"တကယ်ကြီး ပန်းနွယ်တစ်ထောင်ပဲ"

ကျောင်းသားအားလုံး၏ အမူအရာများမှာ ပြောင်းလဲသွားသည်။

နောက်မှလိုက်လာသောဆရာများမှာလည်း အမြန်ပင်ကျောင်းခေါင်းဆောင်များအား အကြောင်းကြားလိုက်လေသည်။

ကျောင်းတွင် ပန်းနွယ်တစ်ထောင် ပေါ်လာသည်မှာ ကိစ္စကြီးပင်ဖြစ်သည်။

ကျန်းယိ၏မျက်နှာမှာဖြူလျော်နေပြီး ခန္ဓာကိုယ်မှာယိုင်နဲ့နေသည်။

"ဘယ်လိုဖြစ်ပြီး ဒီမှာပန်းနွယ်တစ်ထောင်ရှိနေတာလဲ ငါ့ညီမလေး ငါ့ညီမလေးများ....."

ကျိုးဟောင်မှာမျက်လုံးများကိုမှေးပြီး သေချာအာရုံခံနေပြီးနောက် ထပြောလာလေသည်။

"ကျန်းယိ စိတ်မပူနဲ့ မင်းညီမလေးဘာမှမဖြစ်ဘူး ငါ့အထင်တစ်ယောက်ယောက်က ပန်းနွယ်တစ်ထောင်နဲ့ပူးပေါင်းပြီး မင်းညီမလေးကိုခေါ်သွားတာပဲ"

"မင်းဘာပြောတာလဲ နွယ်တစ်ထောင်ပန်းက မိစ္ဆာမျိုးနွယ်ကမဟုတ်ဘူးလား ဘာလို့သူတို့ကလူသားတွေနဲ့ ပူးပေါင်းမှာလဲ"

အခြားကျောင်းသားများမှာ ဘာကြောင့်မှန်းမသိ ကြက်သေသေသွားကြလေသည်။

ယွမ်ချန်း၊ ယွင်ယန်နှင့် အခြားယန်ကျင်းမှပါရမီရှင်များ၏ အမူအရာမှာလည်းပြောင်းလဲသွားသည်။

"အမှောင်နတ်ဘုရားများအဖွဲ့ပဲ"

ဖန်းယွီမှ အခိုင်အမာဆိုလိုက်သည်။

လိန်ကျင်းဖုန်၏မျက်နှာမှာလည်း မဲမှောင်သွားတော့သည်။

"ကျန်းယိ မင်းညီမတော့သွားပြီ နတ်ဆိုးတွေနဲ့ပူးပေါင်းတာဆိုလို့ အမှောင်နတ်ဘုရားများအဖွဲ့ပဲရှိတယ်။ သူတို့ကအရမ်းလျှို့ဝှက်ပြီးအစွမ်းကြီးတယ် သူတို့ပစ်မှတ်ထားတာခံရတဲ့လူက အသေတိုင်းပြန်ရရင်တောင် ကံကောင်းပဲ"

အမှောင်နတ်ဘုရားများအဖွဲ့နှင့်ပတ်သက်ပြီး ကျန်းယိဘာမှမသိသော်လည်း ယွမ်ချန်းနှင့်အခြားလူများ၏တုံ့ပြန်ပုံအရ ထိုအဖွဲ့မှာသူဆန့်ကျင်နိုင်သော အဖွဲ့မဟုတ်ကြောင်း သိလိုက်လေသည်။

"ညီမလေး ကိုကြီးအမှားပါ ငါ့ညီမလေးဒီလိုဖြစ်ရတာ ငါ့အမှားပါ"

ကျန်းယိမှာထိန်းမထားနိုင်ဘဲ ငိုလေတော့သည်။

ထိုအချိန်မှာပင် အေးစက်သောအသံတစ်သံထွက်ပေါ်လာလေသည်။

"ကျန်းယိ မင်းဘာလို့ငိုနေတာလဲ ဒါကအမှောင်နတ်ဘုရားများအဖွဲ့ဆိုတော့ရောဘာဖြစ်လဲ သူတို့လူတွေက မင်းညီမလေးကိုခေါ်သွားမှတော့ ငါတို့အဲဒီအမှောင်နတ်ဘုရားများအဖွဲ့ကိုရှာရုံပေါ့"

"မင်းညီမလေးခေါ်သွားခံရတာ အများဆုံးမှတစ်နာရီလောက်ပဲရှိဦးမယ် အချိန်ကိုအကောင်းဆုံးအသုံးချကြရအောင် ငါတို့မှာသူ့ကိုကယ်ဖို့ အခွင့်အရေးရှိနိုင်သေးတယ်"

ကျန်းယိမှာထိုစကားအားကြားလိုက်သောအခါ ချက်ချင်းပင်အသိပြန်ဝင်လာပြီး မျက်လုံးထဲတွင်မျှော်လင့်ချက်အရိပ်အယောင်တို့ ပြန်ပေါ်လာလေသည်။

"ဟုတ်တယ် ဟုတ်တယ် ငါ့ညီမလေးကိုကယ်လို့ရလောက်သေးတယ် ငါသူ့ကိုကယ်ချင်တယ်"

"မင်းနောက်နေတာလား ငါတို့အခုပြောနေတာအမှောင်နတ်ဘုရားများအဖွဲ့နော်"

လိန်ကျင်းဖုန်မှ ထပြောလာလေသည်။

"မြို့အကြီးကြီးတွေနဲ့ အဖွဲ့အစည်းအကြီးကြီးတွေဖြစ်တဲ့ သိုင်းပညာရှင်အဖွဲ့အစည်းနဲ့ မြေအောက်မဟာမိတ်စင်တာလိုအဖွဲ့တွေတောင် သူတို့ကိုမရှာနိုင်တာ မင်းကဘယ်လိုရှာမှာလဲ"

ကျိုးဟောင်သည်အေးစက်စွာဖြင့် လိန်ကျင်းဖုန်းအား လှမ်းကြည့်လိုက်သည်။

"ဘယ်သူမှမင်းကိုလိုက်ခဲ့ပါမခေါ်ဘူး မင်းကြောက်ရင် ဒီကနေထွက်ပြီးကျောင်းကိုပြန်သွားလိုက်"

လိန်ကျင်းဖုန်မှာ ချက်ချင်းပင်ဒေါသူပုန်ထသွားလေသည်။

"မင်း ဒီလိုအစုတ်....."

သူ့စကားမဆုံးခင်မှာပင် တခြားကျောင်းသားများမှာလည်း သူ့အားအေးစက်စွာစိုက်ကြည့်နေကြမှန်း သိလိုက်ရလေသည်။

ယွမ်ချန်းနှင့်ယွင်ယန်တောင်မှ အတူတူပင်ဖြစ်သည်။

"ငါသဘောတူတယ် ကျန်းယိရဲ့ညီမလေးကိုအတူတူသွားကယ်ကြမယ်"

"ငါလည်းပါမယ်"

"ငါ့ကိုပါထည့်တွက်"

"ငါ့ကိုရောပဲ"

အခြားကျောင်းသားများလည်း ဝင်ပြောလာကြလေသည်။

အမှောင်နတ်ဘုရားများအဖွဲ့မှာ မျိုးနွယ်ခြားများနှင့်ပူးပေါင်းနေသောအဖွဲ့ဟုသိသွားပြီးနောက် သူတို့အားလုံး လိုလိုလားလားပင်ကူညီပေးရန်ပြောလာကြလေသည်။

....................................................................................

အခန်း (၇၃) ပြီးပါပြီ။

အခန်း (၇၄) : ဒါကမှ ပါရမီရှင်ကျောင်းသားတုံ့ပြန်သင့်တဲ့နည်းလမ်းပဲ

" မင်းတို့ရှုးနေပြီလား"

ဖန်းယွီက အော်ဟစ်လိုက်လေသည်။

"ယွမ်ကျန်း ၊ယွင်ယန် သူတို့ရှုးနေကြပြီ။ ဒါ့အပြင်နင်တို့နှစ်ယောက်ကပါ စိတ်လွတ်နေကြပြီလား"

"တကယ်လို့ သူမကို ရှာတွေ့ခဲ့ရင်တောင် ငါတို့ အင်အားလေးနဲ့ဘာလုပ်နိုင်မှာလဲ။ အမှောင်နတ်ဘုရားများအဖွဲ့က ကျွမ်းကျင်သူတွေကလည်း ငါတို့လာနေတာကို သူတို့သိတာနဲ့ သူမကို ချက်ချင်းသတ်ပစ်နိုင်တာပဲ"

ဖန်းယွီကဒေါသတကြီးပြောနေလေသည်။

"ဖန်းယွီ ဒီလိုအသည်းအသန်အခြေအနေရောက်မှတော့ ငါတို့နောက်ပြန်မဆုတ်နိုင်ဘူး။ တကယ်လို့နောက်ပြန်ဆုတ်ခဲ့ရင်လည်း ငါတို့သိုင်းကြိုးစားလေ့ကျင့်နေတာကဘာအတွက်လဲ"

ယွမ်ချန်းက သူ့ခေါင်းကို ခါပြီးပြန်ပြောလိုက်လေသည်။ဖန်းယွီလည်း ဆွံ့အသွားခဲ့လေသည်။

"တကယ်ကောင်းတဲ့ဆုံးဖြတ်ချက်ပဲ"

"ဒါမှက ပါရမီရှင်ကျောင်းသား တုံ့ပြန်သင့်တဲ့နည်းလမ်းပဲ"

ကျောင်းသားများလည်း ယွမ်ကျန်းကို ကြည့်ပြီးချီးကျူးနေကြလေသည်။

"ကျေးဇူးတင်ပါတယ်။ ကျေးဇူးပါ"

ကျန်းယိလည်း ကျောင်းသားအားလုံးကို ဦးညွှတ်ပြီး ပြန်ပြောနေလေသည်။

"အမှောင်နတ်ဘုရားအဖွဲ့က အလွန်သန်မာကြတယ်။ အားလုံး သတ္တိရှိကြတာ အလွန်ကောင်းတယ် ဒါပေမဲ့ မလိုလားအပ်တဲ့ ထိခိုက်နစ်နာမှုတွေ တော့ မဖြစ်စေချင်ဘူး။ ငါတို့ ကျောင်းကို အရင်ပြန်ပြီး ထိခိုက်ဒဏ်ရာရရှိမှုနည်းအောင် အဆင့်မှီ ချပ်၀တ်တန်ဆာတွေ အရင်ပြန်၀တ်ကြပြီးမှ ပြန်လာကြမလား"

ကျိုးဟောင်က ကျန်းယိ၏ပုခုံးလေးကို ပုတ်ပြီးပြောလိုက်လေသည်။

"ထောက်ခံတယ်"

ကျောင်းသားအားလုံး ခေါင်းညိတ်လိုက်ကြလေသည်။

ရှုလင်လည်း ကျိုးဟောင်ကို ကြည့်ကာ ပြုံးနေခဲ့လေသည်။ ဒီလိုခက်ခဲတဲ့အခြေအနေမှာ ကျိုးဟောင်က သေချာဆုံးဖြတ်နိုင်ပြီး တည်ငြိမ်မယ်လို့ သူမ မထင်ထားခဲ့ပေ။

အဆင့်မှီချပ်၀တ်များသည် ချူမြို့အထက်တန်းကျောင်း၏တန်ဖိုးကြီးပစ္စည်းများဖြစ်လေသည်။ ပြီးခဲ့သော တိုက်ခိုက်ရေးစွမ်းရည်ပြိုင်ပွဲကဲ့သို့ အရေးကြီးသော အခြေအနေမှသာ ထုတ်ပေးတတ်ပြီး သာမန်အချိန်တွင် လက်နက်တိုက်နားသို့ မည်သူမှ ကပ်ခွင့်မရှိပေ။

ရှုလင် ၊ ယွမ်ချန်း ၊ယွင်ယန်နှင့် အခြားကျောင်းသားများသည် ပုံရိပ်ယောင်လေ့ကျင့်ရေးအတန်း၏အတော်ဆုံးကျောင်းသားများဖြစ်ခဲ့ရင်တောင်မှ အဆင့်မှီချပ်၀တ်ထုတ်ယူရန်တောင်းဆိုချက်သည် ငြင်းပယ်ခံရနိုင်သည်။

သူတို့သည် မတတ်သာသည့်အဆုံး နည်းပြရှန်းဆီကိုသာ သွားရန်ဆုံးဖြတ်လိုက်ကြသည်။ နည်းပြရှန်းသည် စစ်တပ်မှ အဆင့်မှီချပ်၀တ်များကို ကျောင်းသို့ယူလာပေးခဲ့သူ ဖြစ်လေသည်။

ရှန်းကျင့်သည် ရှုလင်နှင့် အခြားကျောင်းသားများ အဆင့်မှီချပ်၀တ်တောင်းခံသည့်စကားကို ကြားသောအခါ သူသည် ဘာကြောင့်တောင်းခံတာလဲ သိချင်သွားသည်။

ယွမ်ချန်း ၊ ယွင်ယန် နှင့်အခြားလူများမှာ ဖြစ်ရပ်အမှန်ကို ပြောပြရန် ကြောက်ရွံ့နေခဲ့ကြသည်။ အဘယ့်ကြောင့်ဆို အမှောင်နတ်ဘုရားများအဖွဲ့သည် အလွန်အင်အားကြီး ပြီး သူတို့အဖွဲ့အ‌ကြောင်းကြားသူတိုင်း မျက်နှာဖြူ‌ဖျော့သွားတတ်ကြသည်။

တကယ်လို့ နည်းပြရှန်းသာ အကြောင်းရင်းအမှန်ကို သိသွားပါက သေချာပေါက်သူတို့ကို တားလိမ့်မည်။

"နည်းပြရှန်း အမှောင်နတ်ဘုရားများအဖွဲ့က ကျန်းယိရဲ့ ညီမကို ဖမ်းသွားလို့ပါ။ ကျွန်တော်တို့ သူမကို ပြန်လိုက်ကယ်ချင်လို့ အဆင့်မှီချပ်၀တ်တွေထုတ်ပေးပြီး တောင်းဆိုရတာပါ"

အားလုံးက နှုတ်ဆိတ်နေကြချိန်တွင် ကျိုးဟောင်တယောက်သာ ထပြီး အမှန်အတိုင်းပြောဝံ့လေသည်။

အမှောင်နတ်ဘုရားများဟူသော အသံကို ကြားလိုက်သည်နှင့် နည်းပြရှန်း၏ အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။

သူသည် ကျောင်းသားများကို နောက်ဆုတ်လိုက်ကြဖို့ပြောချင်သော်လည်း ယွမ်ချန်း ၊ ယွင်ယန် ၊ ရှုလင် နှင့် ကျောင်းသားများ၏ ဆုံးဖြတ်ချက်ပြတ်သားနေသော မျက်လုံးများကို မြင်လိုက်သောအခါ သူ့စကားကို ထုတ်မပြောလိုတော့ပေ။

"အမှောင်နတ်ဘုရားများဆိုတာ မင်းတို့သေချာလား"

နည်းပြရှန်းကမေးလိုက်သည်။

ဝှစ် ဝှစ် ဝှစ် ....

အားလုံး၏ အကြည့်သည် ကျိုးဟောင်ဆီသို့ရောက်သွားခဲ့လေသည်။

နည်းပြရှန်းမှာ အံ့ဩသွားခဲ့သည်။ ကျိုးဟောင်က အတန်းထဲတွင်အဆင့်အောက်ဆုံးဖြစ်ပြီး ပုံရိပ်ယောင်ပထမနေ့က သူစွမ်းဆောင်ရည်မှာလည်း ကံကောင်း၍သာဖြစ်လေသည်။ အခြားနေ့များတွင်တော့ သူ့လုပ်ဆောင်ချက်များမှာ သာမန်မျှသာဖြစ်လေသည်။

ယွမ်ချန်း နှင့် အခြားကျောင်းသားများက အမှောင်နတ်ဘုရားများအဖွဲ့ကို ဦးဆောင်ပြီး ‌ရှာဖွေခဲ့သည်ဆိုပြီး သူထင်ခဲ့သည်။ သို့သော် အားလုံးရဲ့အမူအရာကို ကြည့်ခြင်းအားဖြင့် ကျိုးဟောင်ကသာ ဦး‌ဆောင်နေကြောင်းသူသိခဲ့သည်။

"နည်းပြရှန်း ကျန်းယိရဲ့ညီမကို ခေါ်သွားတဲ့ အမှောင်နတ်ဘုရားအဖွဲ့၀င်က ပန်းနွယ်‌တထောင်မိစ္ဆာနဲ့ပူးပေါင်းဆောင်ရွက်နေတာပါ"

ကျိူးဟောင်က အသံကိုမြှင့်ပြီးပြောလိုက်သည်။

"ပန်းနွယ်တထောင် မိစ္ဆာ"

နည်းပြရှန်း၏ အမူအရာသည် ထိုအကြောင်းကို ကြားသောအခါ ပိုရ၍ပြောင်းလဲသွားသည်။

ကျိုးဟောင်က ခေါင်းညိတ်လိုက်ကာ သူရှာတွေ့ခဲ့သော ပန်းနွယ်တထောင်မိစ္ဆာရဲ့ အရွက်ကိုထုတ်ပြလိုက်သည်။

နည်းပြရှန်းက ကြည့်လိုက်ပြီး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။

"ဒါက တကယ် ပန်းနွယ်တထောင်မိစ္ဆာဟာပဲ။ ကြည့်ရတာ ဒီတခါ အမှောင်နတ်ဘုရားအဖွဲ့၀င်တွေက သူတို့နဲ့ပူးပေါင်းလုပ်ဆောင်နေပြီထင်တယ်"

မြို့အသီးသီးတွင် အမှောင်နတ်ဘုရားများအဖွဲ့သာ မျိုးနွယ်ခြားနှင့်ပူးပေါင်းပြီး မျိုးနွယ်ခြားမိစ္ဆာများကလည်း အမှောင်နတ်ဘုရားများအဖွဲ့မှ လူသားကိုသာ အဆက်အသွယ်လုပ်လေသည်။

"နည်းပြရှန်း ဒီလိုအခြေအနေကို ရင်ဆိုင်ဖို့အတွက် ကျွန်မတို့ အဆင့်မှီချပ်၀တ်ကိုတောင်းခံတာပါ"

ရှုလင်ကရလာသောအခွင့်အရေးကို အမိအရထပြောလိုက်သည်။ယွမ်ချန်း ၊ယွင်ယန် နှင့် အခြားကျောင်းသားများကလည်း ခေါင်းငြိမ့်ကြသည်။

"ကျေးဇူးပြ၍ တောင်းဆိုပါတယ် နည်းပြရှန်း"

ကျန်းယိကလည်း တောင်းဆိုနေခဲ့သည်။

နည်းပြရှန်းက ကျောင်သားအားလုံးကို တချက်ကြည့်လိုက်သည်။ သူသည် ကျောင်းသားများ၏ စိတ်အားထက်သန်မှုနှင့် ဆန္ဒပြင်းပြနေမှုကို မတားမြစ်လိုပေ။

ဒီတကြိမ် သူတားမြစ်လိုက်ပါက နောက်ထပ် ယခုလို အခြေအနေထပ်မံဖြစ်ပေါ်လာပါက ကျောင်းသားများမှာ ယခုလို စိတ်အားထက်သန်မှုများ ပျောက်ကွယ်သွားပြီး ငါတို့ပိတ်ပင်ခံရမှာပဲဆိုတဲ့ ထင်မြင်ချက်ပြီး မကျန်ရစ်စေလိုပေ။

"အမှောင်နတ်ဘုရားများအဖွဲ့ကအလွန် လျှို့ဝှက်ပြီး အစွမ်းထက်တယ်။ အဆင့်မှီ ချပ်ဝတ်တန်ဆာ ဝတ်ထားရင်တောင် မလုံခြုံဘူး။ မင်းတို့ရဲ့ရဲစွမ်းသတ္တိက ချီးကျူးစရာကောင်းပေမယ့် အတူစုပေါင်းပြီး အားကိုးရတဲ့အစီအစဥ်တစ်ခုကိုအကောင်အထည်ဖော်ရဦးမယ်။”

နည်းပြရှန်းက ဖြည်းညှင်းစွာပြောသည်။

ကျောင်းသားအားလုံးလည်း နည်းပြကသူတို့ကို မတားသောကြောင့် စိတ်လှုပ်ရှားသွားကြသည်။

နည်းပြ Shen က သူတို့ကို မတားတာတွေ့တော့ ကျောင်းသားတွေ အားလုံး စိတ်လှုပ်ရှားနေကြတယ်။

ယွမ်ချန်း ၊ယွင်ယန် နှင့် အခြားကျောင်းသားများလည်း စိတ်ဓာတ်တက်ကြွသွားခဲ့ပြီး ကျိုးဟောင်အား ထပ်မံ လှည့်ကြည့်ကြသည်။ ကျိုးဟောင်သည် ကျောင်းသို့ပြန်လာထဲက ဒါကို ကြိုစဉ်းစားထားခဲ့ပြီးသားဖြစ်လေသည်။

"နည်းပြရှန်း ကျွန်တော်တို့က မသန်မာပေမဲ့ အခွင့်အရေးတော့ရှိပါသေးတယ်။ ကျွန်တော်တို့က ကျောင်းသားတွေဖြစ်နေတာကြောင့် အမှောင်နတ်ဘုရားများအဖွဲ့ကို ကျွန်တော်တို့ကို ရှာတွေ့ခဲ့ရင် သိပ်အာရုံထားမှာ မဟုတ်ဘူး"

ကျိုးဟောင်က ခပ်မြန်မြန်ပင်ပြောနေခဲ့သည်။

ထိုစကားကိုကြားသောအခါ ရှန်းကျင့်က ကျိုးဟောင်အား စိတ်၀င်တစားကြည့်နေခဲ့လေသည်။

..............................................................................

အခန်း(၇၄) ပြီးပါပြီ။

အခန်း (၇၅) : အန္တရာယ်ကျရောက်လာသော အသက်များ

ကျိုးဟောင်ပြောသည်မှာမှန်ကြောင်း ရှန်းကျင့်သိ‌လေသည်။အမှောင်နတ်ဘုရားများအဖွဲ့သည် သတိကြီးစွာထားကြသော်လည်း သူတို့၏ကျွမ်းကျင်ပညာရှင်များအားလုံးသည် မိမိကိုယ်ကို အထင်ကြီးကြပြီး ကျိုးဟောင် ကဲ့သို့သော ကျောင်းသားများကို အမှန်တကယ် သတိမထားတတ်ကြပေ။

"ပြီးတော့ အမှောင်နတ်ဘုရား အဖွဲ့ဝင်တွေက ကျန်းယိ ရဲ့ ညီမကို ခေါ်သွားခဲ့တာ သိပ်မကြာသေးဘူး။ သူ့ကျောင်းနဲ့ သူ့အိမ်ပတ်ဝန်းကျင်ကို ရှာဖွေဖို့ ကျွန်တော်စဉ်းစားထားတယ်"

ကျိုးဟောင်က ဆက်ပြောလေသည်။

"မင်းတို့ လူအင်အား မလောက်ဘူး။ ဒီလို ဧရိယာအကျယ်ကြီးမှာရှာဖို့ မင်းတို့ ကြိုးစားရင် ဘာ‌ခြေရာလက်ရာမှ မင်းတို့ရှာတွေ့မှာမဟုတ်ဘူး။ တကယ်လို့ အမှောင်နတ်ဘုရားအဖွဲ့၀င်တယောက်ကို တွေ့ရင်တောင်မှ မင်းတို့ တန်းသိနိုင်ပါ့မလား"

ရှန်းကျင့်က ခေါင်းခါပြပြီး ဖြတ်ပြောလိုက်သည်။

"ကျန်းယိက သူ့ညီမကိုခေါ်သွားတဲ့သူကိုတွေ့လိုက်တယ်"

ယွင်ယန်ကပြောပြလေသည်။

ရှန်းကျင့်က ခေါင်းထပ်ခါပြပြီး

"ဒါကလည်း သဲလွန်စလေး တခုသာသာပဲ။ မင်းတို့တွေအတွက် သူမကို ရှာဖို့ကခက်ခဲနေသေးတယ် "

ဟုထပ်ပြောလေသည်။

"ဘယ်လောက်ပဲခက်ခဲနေပါစေ။ ငါသူတို့ကိုတွေ့အောင်ရှာမယ်။ ငါ့ညီမလေးကိုလည်း တွေ့အောင်ရှာမယ်....."

ကျန်းယိက အံကြိတ်ရင်းပြောလိုက်သည်။

"ဒီလိုလုပ်ကြရင်မကောင်းဘူးလား။ ငါမြို့တော်ရဲ့လုံခြုံရေးဌာနကို ဖုန်းခေါ်ပြီး မင်းတို့နဲ့ပူးပေါင်းလုပ်ဆောင်ဖို့သူတို့ကိုခေါ်လိုက်မယ်။ ပြီးရင် ငါတို့ ‌ပထမဆုံးစောင့်ကြည့်ရေးကွန်ရက်တခုထူထောင်ပြီးစောင့်ကြည့်ကြမယ်။ ပြီးရင် ငါသေချာ ပြီဆိုတဲ့နယ်ပယ်ကို‌ရှာတွေ့တာနဲ့ ချက်ချင်းသွားရှာဖွေကြမယ်"

ရှန်းကျင့်က စဉ်းစားပြီးနောက် ကျန်းယိကို ကြည့်ပြီးပြောလိုက်သည်။

"ဒါအကောင်းဆုံးပဲ"

ရှုလင်နဲ့ အခြားလူများလည်းပျော်သွားခဲ့သည်။

" မြို့တော်ရဲ့ လုံခြုံရေးဌာနက အကူအညီနဲ့ဆို ငါတိုါအတွက် ပိုလွယ်ကူသွားလိမ့်မယ်"

"ကျေးဇူးတင်ပါတယ် နည်းပြရှန်း"

ရှန်းကျင့်က လက်ကာပြလိုက်သည်။

"ငါ‌တခုတော့ရှင်းအောင်ပြောထားရဦးမယ်။ ငါမင်းတို့ကို ဆောင်ရွက်ဖို့ မီးစိမ်းပြရင်တောင်မှ အခြေအနေတခုတော့ရှိသေးတယ်။ အဲ့တာက မင်းတို့အားလုံး တစုတစည်းထဲ ဆောင်ရွက်ဖို့နဲ့ တယောက်ထဲလျှောက်သွားတာမျိုး မလုပ်ဖို့ တော့ လိုတယ်။ တကယ်လို့ တခုခုရှာတွေ့တာနဲ့ ချက်ချင်းသတင်းပို့ရမယ်။ ငါမင်းတို့အတွက် ဆက်သွယ်‌လို့အဆင်ပြေအောင် သတင်းအချက်အလက်ဌာနကနေပြီး ကြိုးမဲ့ဆက်သွယ်ရေးစက်တွေ လုပ်ပေးမယ်"

ရှန်းကျင့်ကသေသေချာချာ မှာကြားနေလေသည်။

"ဒါက လေ့ကျင့်ရေးအတန်းရဲ့ ပထမဆုံး ပူးပေါင်းလုပ်ဆောင်ရေးတာ၀န်ဖြစ်တယ်။ မင်းတို့အားလုံး ဒါကို လေ့ကျင့်ရေးတာ၀န်တခုလို သဘောထားပြီး အဆင်ပြေပြေ ချောချောမွေ့မွေ့လုပ်ဆောင်နိုင်ကြဖို့ မျှော်လင့်တယ်"

နည်းပြရှန်းက ဆက်ပြောလေသည်။

"ဟုတ်ကဲ့ပါ နည်းပြ"

ရှုလင် ၊ကျိုးဟောင်နှင့် အခြားကျောင်းသားများက ချက်ချင်းပင် ပြန်ဖြေလေသည်။

ဖန်းယွီ ၊ လိန်ကျင်းဖုန် နှင့် ယန့်ယင် တို့က မပူးပေါင်း‌ချင်သော်လည်း နည်းပြရှန်း စကားကြောင့် မတတ်သာပဲ ခေါင်းညိတ်လိုက်ကြရသည်။

နည်းပြရှန်းသည် အလုပ်လုပ်ရာတွင် အလွန်ထိရောက်သည်။ မိနစ်အနည်းငယ်အတွင်း မြိုတော်၏လုံခြုံရေး ဌာနကို ဆက်သွယ်ပြီး ရှာဖွေရေးနယ်ပယ်ကို ကျဉ်းမြောင်းစေရန် အမျိုးမျိုးသော စောင့်ကြည့်ရေးကွန်ရက်များကို ပြုလုပ်‌ခဲ့သည်။ အထူးသဖြင့် ကျန်းယိ၏နေအိမ်နှင့် သူ့ညီမလေးရဲ့ကျောင်းနားတဝိုက်ကို အထူး အာရုံစိုက်ပြီး နေရာအကုန်လုံးအား ပိတ်စိပ်တိုက်ရှာဖွေနေလေသည်။

ကျန်းယင်းကို ဖမ်းခေါ်သွားသော သူကိုလည်း အဓိက သံသယရှိသူအဖြစ်ထားပြီး ရှာဖွေနေလေသည်။

နာရီ၀က်လောက်ကြာပြီးသောအခါ

အဆင့်မှီချပ်၀တ်များကို ၀တ်ဆင်ထားသော လေ့ကျင့်ရေးအတန်းမှ ကျောင်းသားများသည် ဟောင်ရှန်း လမ်းသို့ရောက်ရှိလာကြသည်။

"အဲ့မှာ စုစုပေါင်း အဓိက လမ်းမကြီး၄ခုရှိတယ်။ ငါတို့ကျောင်းသားစုစုပေါင်းက ၄၁တယောက်ရှိတဲ့အတွက် ၁၀ယောက်တဖွဲ့ ခွဲလိုက်ရင် အဖွဲ့လေးဖွဲ့ ဖြစ်သွားမယ်။ အဲ့ထဲက အဖွဲ၂ဖွဲ့က လူစုလူဝေးတိုင်းကို လိုက်ရှာရမယ်"

"အချိန်နှင့်အမျှသတင်းပို့ဖို့ သတိရကြပါ။ ယွင်ယန်က မင်းက အရမ်းစေ့စပ်တဲ့သူဖြစ်လို့ အဖွဲ့အသီးသီး ကပေးပို့လာတဲ့ မှတ်တမ်းအခြေအနေတွေကိုစောင့်ကြည့်ပြီး အဲ့သံသယရှိသူ၏နေရာကို ရှာဖွေဖို့တာ၀န်ယူရမယ်။ "

ကျိုးဟောင်က အလေးအနက်ထား ညွှန်ကြားနေလေသည်။

အခြားကျောင်းသားများကလည်း ဘာမှ အထွန့်မတက်ဘဲ ကျိုးဟောင်အား အဖွဲ့ကို ခေါင်းဆောင်ခွင့်ပေးထားကြသည်။ နည်းပြရှန်းကလည်း ဘာမှ မပြောဘဲ ဘေးကသာ ကြည့်နေလေသည်။

"ကောင်းပြီ အားလုံးဂရုစိုက်ဖို့မမေ့ပါနဲ့။ စကြစို့.."

ကျိုးဟောင်က ပြောပြီးသည်နှင့် လက်ခုပ်တီးပြီး အချက်ပေးလိုက်သည်။

ချက်ချင်းပင် ကျောင်းသားများအဖွဲ့လိုက် လျင်မြန်စွာထွက်ခွာသွားကြလေသည်။ သူတို့မျက်နှာများသည် ကြောက်ရွံ့မနေဘဲ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေလေသည်။

နည်းပြရှန်းမှာ အပြင်ပန်းတွင် တည်ငြိမ်နေပုံရသော်လည်း သူ့စိတ်ထဲတွင်တော့ စိုးရိမ်နေလေသည်။ အမှောင်နတ်ဘုရားများအဖွဲ့၏ အန္တရာယ်ကြီးမားကို သူကောင်းစွာသိသည်။

ကျောင်းသားများ သတ္တိရှိပြီးရဲရင့်နေခြင်းတွေကို မကွယ်ပျောက်စေချင်သောကြောင့် သူတို့ကိုခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

သူသည် မြို့ထဲရှိ စစ်သေနာပတိချုပ်ကျောက်အား တိတ်တဆိတ် ဆက်သွယ်သွားခဲ့ပြီးဖြစ်သည်။ တခုခုအမှားအယွင်းရှိပါက စစ်သူကြီးကျောက်မှာ အလျင်အမြန်ရောက်ရှိလာမည်ဖြစ်သည်။

"ဒီတခေါက် မစ်ရှင်က ကျောင်းသားတွေကို မမေ့နိုင်လောက်မည့် တိုက်ခိုက်ရေးသင်ခန်းစာတွေရနိုင်မယ်လို့ ငါမျှော်လင့်တယ်"

ထွက်ခွာသွားသော ကျောင်းသားများကို ကြည့်ပြီး သူတိုးတိုးရေးရေရွတ်နေလေသည်။

ဟောင်ရှန်းလမ်းရှိ မြင့်မားသောဟိုတယ်ကြီး၏အခန်းထဲတွင် ဟဲပျောင်း ၊ ကျန်းဟုန် နှင့် အခြားမဟာဆရာသခင်များစုရုံးနေကြသည်။

သူတို့သည် လိုက်ကာစကို အသာမတင်ကာ ချူမြို့အထက်ကျောင်းမှ ကျောင်းသားများ အဖွဲ့လေးဖွဲ့ပြီးထွက်သွားတာကို ကြည့်နေခဲ့ကြသည်။

"ဒီ ရှန်းလောင်ရဲ့ လုပ်ရပ်တွေက တ‌ဖြည်းဖြည်းဟာသဖြစ်လာပြီ"

" ဟုတ်တယ်။ အထက်တန်းကျောင်းသားတွေကို အမှောင်နတ်ဘုရားအဖွဲ့ကိုရှာဖို့ ဘယ်လိုစိတ်နဲ့များလွှတ်လိုက်ပါလိမ့်။ သူ့အသက်တွေကို အန္တရာယ်ထဲတွန်းပို့လိုက်သလိုမဟုတ်ဘူးလား"

"ကြည့်ရတာ သူ့စိတ်ထဲ ဘယ်လိုမှ မနေဘူးထင်တယ်"

မဟာဆရာသခင်အများအပြားက စောဒက တက်နေကြလေသည်။ သူတို့သည် ဒီရက်ပိုင်းအတွင်း အမှောင်နတ်ဘုရားများအဖွဲ့ကို ရှာဖွေနေခဲ့သော်လည်း ထူးခြားမှု မရှိခဲ့ပေ။

ဒီတကြိမ် တွင် စစ်သေနာပတိချုပ်ကျောက်က ချူမြို့ အထက်တန်းကျောင်းတွင် ဖြစ်ပျက်သွားသည်ကို သိရှိပြီးနောက် သူတို့ကို ခဏရပ်ဆိုင်းထားကာ ကျောင်းသားများ၏နောက်ကွယ်တွင် ပုန်းကွယ်ပြီး စုံစမ်းရန်အမိန့်ပေးထားလေသည်။

ဒါကြောင့် သူတို့သည် ဒီနေရာတွင်ရှိနေခြင်းဖြစ်လေသည်။

"ငါကြည့်ရသလောက်တော့ ဒီကျောင်းသားတွေက အတော် သတ္တိရှိတာပဲ။ သူတို့ကို ပျိုးထောင်းပေးရတာထိုက်တန်ပါတယ်"

ဟဲ့ပျောင်းကဆိုဖာပေါ်တွင် ထိုင်ပြီးလက်ဖက်ရည်သောက်ရင်းပြော‌လိုက်သည်။

ကျန်းဟုန်က ခေါင်းညိတ်ပြီးသဘောတူလိုက်သည်။

"ဟုတ်တယ်။ သူတို့က အလောတကြီးနိုင်ပေမဲ့လည်း အမှောင်နတ်ဘုရားများကို ရင်ဆိုင်ရဲတဲ့သတ္တိရှိကြတယ်။ ဒီလိုသတ္တိရှိခြင်းမျိုးက အလွန်ရှားပါးပြီး ချီးကျူးထိုက်တယ်။ သူတို့ဒါကို အသက်ကြီးလာတဲ့အထိထိန်းထားနိုင်ခဲ့ရင်တော့ ငါတို့လူသားမျိုးနွယ်အတွက် အားကိုးရတဲ့ထောက်တိုင်တွေဖြစ်လာလိမ့်မယ်"

" ဒါ့အပြင် ငါတို့လို့ မဟာဆရာသခင်ကြီးတွေက နောက်ကွယ်မှာ ကြည့်ရှုပေးနေတာပဲ။ စိုးရိမ်စရာမလိုလောက်ပါဘူး"

အခြားမဟာဆရာသခင်များလည်း ဘာမှ ထပ်မပြောကြတော့ပေ။ သို့သော် ကျောင်းသားများက ဘာကိုမှ ရှာဖွေတွေ့နိုင်မှာ မဟုတ်ဘူးလို့ သူတို့တွေးထားခဲ့ကြသည်။ သူတို့တောင် ရက်အတော်ကြာ ရှာဖွေခဲ့ရပြီး ဟောင်ရှန်းလမ်း အထိသာ နယ်ပယ်ကို ချုံ့နိုင်ခဲ့လေသည်။

ကျိုးဟောင်နှင့် ကျောင်းသားများမှာ မဟာဆရာသခင်ကြီးက လျှို့ဝှက်စွာ စောင့်ကြည့်ကာကွယ်ပေးနေသည်ကိုတော့ မသိကြပေ။

အဖွဲ့လေးဖွဲ့ခွဲပြီး နေရာစုံထွက်ခွာပြီးနောက် ဆက်သွယ်ရေးလိုင်းမှာ အသက်၀င်လာခဲ့သည်။

"ဧရိယာ A ရှင်းလင်းပါတယ်"

"ဧရိယာ B ရှင်းလင်းပါတယ်"

"....."

ကျောင်းသားများက ကျိုးဟောင်ဆီ မိနစ်၀က်နေတိုင်း သတင်းပို့ကြသော်လည်း သူ့မှာ ပြောစရာစကားမရှိပေ။ သို့သော်လည်း ဒီနည်းလမ်းက အကောင်းဆုံးဖြစ်ပြီး တခုခုဖြစ်ခဲ့ပါက သူအချိန်မှီသိနိုင်မည်ဖြစ်လေသည်။

"ဘာမှ စိတ်မပူပါနဲ့ ကျန်းယိ။ မင်းညီမလေး ဘေးကင်းမှာပါ"

ကျိုးဟောင်က ကျန်းယိကို နှစ်သိမ့်ပေးနေသည်။သူ့ညီမလေးဖမ်းခေါ်သွားခံရထဲက ကျန်းယိရင်ထဲ အလွန်ခံစားနေရကြောင်းသူသိသည်။

"ကျေးဇူးပါ။ ကျေးဇူးတင်ပါတယ်"

ကျန်းယိကလည်း စိတ်ခံစားမှုများ‌ကို‌ပြေလျော့လာခဲ့ကာ ကျိုးဟောင်အား အားကိုးတကြီးပြန်ပြောလေသည်။

"ငါ့ကိုကျေးဇူးတင်ဖို့မလိုပါဘူး။ ငါတို့ကသူငယ်ချင်းတွေပဲလေ"

ကျိုးဟောင်က ကျန်းယိရဲ့ ပုခုံးလေးကိုပုတ်ပြီးပြောနေလေသည်။ကျန်းယိကလည်းဘာမှ ပြန်မပြောတော့ဘဲ ခေါင်းညိတ်နေခဲ့လေသည်။

ကျိုးဟောင်က စကားပြောနေရင်း နှင့် သူ၏ဖန်သားပြင်ကိုဖွင့်ကြည့်နေခဲ့သည်။

ကံကြမ္မာအမှတ် : ၈၃၇,၁၀၀ (လက်ရှိအဆင့် : ကြွယ်၀များပြားသောကံကြမ္မာအဆင့်)

အမှတ်၈သိန်းလောက်ထိကျသွားသည့်တိုင်အောင် ဘာမှ ထူးခြားချက်မရှိသေးပေ။ ကျိုးဟောင်သည် နောက်ဆုံးတခေါက် အရိပ်ပိုးကောင်များရှာသကဲ့သို့ပင် ၁မိနစ်ကြာတိုင်း အမှတ် ၂၀၀လောက် သုံးပြီး အမှောင်နတ်ဘုရားများအဖွဲ့ကိုရှာနေခဲ့လေသည်။

သူ့အမှတ်များ ခပ်မြန်မြန်လျော့ကျလာခဲ့ပြီး ‌၁၀မိနစ်လောက်ကြာချိန်လောက်တွင် ကျိုးဟောင်သည် တစုံတခုကို စတင်ခံစားမိလာသည်။

..............................................................................

အခန်း (၇၅) ပြီးပါပြီ။

All Chapters