ဆုံးဖြတ်ချက်
Vol. 49 Ch. 728
ဖားပြောသည်မှာမှန်ပေသည်။ ကျိုးဟောင်သည်လည်းဤအချက်အားတွေးမိပေသည်။ ကမ္ဘာဂြိုဟ်သည်အလွန်အမင်းအန္တရာယ်များသည့်အခြေအနေတွင်ရှိနေဆဲပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူတို့သည်စကြဝဠာတစ်ခုလုံးနှင့်ရင်ဆိုင်နေရခြင်းဖြစ်သည်။ ထို့အပြင် သူတို့ရင်ဆိုင်နေရသည့်ရန်သူများမှာ ဖြေရှင်းရန်ထိုမျှလောက်လွယ်ကူမည်မဟုတ်ပေ။ သူအာကာသသားရဲနှင့်တိုက်ခိုက်ခဲ့စဥ်က ကံကောင်း၍သာအသက်ရှင်ခဲ့ခြင်းဖြစ်သည်။
ယခုတစ်ကြိမ်တွင် သူတို့သည်အာကာသသားရဲနှင့်ရင်ဆိုင်ခဲ့ရသော်ငြား နောက်တစ်ကြိမ်တွင်အာကာသသားရဲထက်ဆယ်ဆပိုမိုသန်မာသည့်ရန်သူရောက်လာပါက မည်သို့လုပ်မည်နည်း။
ထိုအချိန်ရောက်ပါက ကမ္ဘာဂြိုဟ်တစ်ခုလုံးဖျက်ဆီးခံရမည်မဟုတ်ပေလော။
ဖားမှ ကျိုးဟောင်၏ထိုကဲ့သို့သောပုံမျိုးအားမြင်သောအခါပြုံးလိုက်သည်။
"ကျိုးဟောင် ဒီစကြဝဠာကြီးကဘယ်လောက်အန္တရာယ်များတယ်ဆိုတာကိုမင်းလုံးဝမသိသေးတာဖြစ်နိုင်တယ် ငါမင်းကိုဥပမာတစ်ခုပြောပြမယ် တကယ်လို့ကမ္ဘာဂြိုဟ်အကြောင်းသိတဲ့ပညာရှင်တွေတကယ်ရှိမယ်ဆိုရင် ရလဒ်သုံးခုရှိလာလိမ့်မယ်"
"ပထမရလဒ်ကအရမ်းရိုးရှင်းတယ် အာကာသသားရဲလိုပဲ သူတို့ကကမ္ဘာဂြိုဟ်ကိုအာဟာရဖြည့်စာတစ်ခုအနေနဲ့သဘောထားပြီး ဒါကိုချက်ချင်းဝါးမျိုပြီးစုပ်ယူလိုက်လိမ့်မယ် ဒီလိုဆိုဒါကအတော်လေးရိုးရှင်းနေသေးတယ် ကမ္ဘာဂြိုဟ်ပေါ်ကနေထိုင်သူတွေအများကြီးဒုက္ခခံရမှာမဟုတ်ဘူးဆိုတော့ ဒါကလက်ခံလို့ရတဲ့အခြေအနေလို့တွေးလို့ရတယ်"
ကျိုးဟောင်မှာဤစကားအားကြားသောအခါ ချက်ချင်းပင်ဘာပြောရမှန်းမသိဖြစ်သွားခဲ့သည်။ ဤဖြစ်ရပ်သည် လက်ခံနိုင်စရာမည်သို့ရှိမည်နည်း။
"မင်းဒီလိုမျက်နှာမျိုးဖြစ်သွားစရာမလိုပါဘူး ဒါကစကြဝဠာကြီးကဘယ်လောက်ရက်စက်တယ်ဆိုတာကိုမင်းမသိသေးလို့ပဲ ငါပြောသလိုပဲ အဲဒါကပထမရလဒ်ပဲရှိသေးတာ ဒုတိယရလဒ်ကလည်းကမ္ဘာဂြိုဟ်အတွက်လက်ခံနိုင်လောက်တယ် လို့ပြောလို့ရတယ် ဒီစွမ်းအားကြီးတဲ့သိုင်းပညာရှင်တွေက ကမ္ဘာကြီးကိုသိပ်ပြီးများများစားစားမတွေးဘဲနဲ့ ပစ္စည်းတစ်ခုအနေနဲ့ကြုံသလိုရောင်းစားလိုက်တာမျိုးဖြစ်နိုင်တယ် ဒါမှမဟုတ် ကမ္ဘာကြီးကသက်သောင့်သက်သာနေရတာကြိုက်တဲ့ပညာရှင်တစ်ယောက်နဲ့တွေ့ပြီး အဲဒီပညာရှင်ကအုပ်ချုပ်တာခံရတာမျိုးဖြစ်နိုင်တယ် တကယ်လို့အဲဒီပညာရှင်ကသဘောကောင်းရင်တော့ ကမ္ဘာကြီးအပေါ်အများကြီးအကျိုးသက်ရောက်မှုမရှိနိုင်ဘူး ဒါပေမဲ့အဲဒီပညာရှင်ကဆိုးရင်တော့ သေကြေပျက်စီးမှူတွေဖြစ်မှာ မြေကြီးလက်ခတ်မလွဲပဲ"
ဖားမှရှင်းပြလိုက်သည်။ ကျိုးဟောင်မှာဤစကားအားကြားသောအခါ မျက်မှောင်ကြုတ်ကာ ၎င်းမှာလက်ခံရန်အတော်လေးခက်ခဲကြောင်းသိလိုက်ရသည်။
"မင်းဒါကိုတောင်လက်မခံနိုင်ဘူးမလား ဒါဆိုတတိယမြောက်ရလဒ်က မင်းအတွက်လက်ခံဖို့ပိုပြီးတော့တောင်ခက်ဦးမယ် တတိယရလဒ်က မင်းရဲ့ကမ္ဘာဂြိုဟ်ကလုံးဝကျွန်ပြုခံလိုက်ရမှာပဲ လူသားအားလုံး ကူလီတွေ၊ အရုပ်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေအဖြစ် နေရာအမျိုးမျိုးကိုအရောင်းခံရမှာ မိန်းကလေးတွေဆို အဲဒီလိင်ကိစ္စမှာကိုယ်ချင်းစာတရားမရှိတဲ့မျိုးနွယ်တွေရဲ့အရုပ်တောင်ဖြစ်လာနိုင်တယ်"
"တကယ်တော့ မင်းရဲ့ကမ္ဘာဂြိုဟ်ကစမ်းသပ်ရေးအခြေစိုက်စခန်းတစ်ခုအနေနဲ့အသုံးပြုခံရပြီးမင်းတို့လူသားတွေက အားလုံးစမ်းသပ်ခံကြွက်တွေဖြစ်လာတာမျိုးတောင်ဖြစ်နိုင်တယ်"
"မင်းဒီသုံးခုထဲက တစ်ခုကိုမှလက်ခံလို့မရဘူးမလား အဲဒါကြောင့်ငါဘာလို့မင်းကိုစကြဝဠာထဲကိုသွားခိုင်းလဲဆိုတာမင်းလည်းနားလည်လောက်မှာပါ"
ကျိုးဟောင်မှာဤစကားအာကြားသောအခါ သက်ပြင်းချလိုက်ပြီး လုံးဝနားလည်သွားခဲ့ကာ အတော်လေးစိုးရိမ်လာခဲ့သည်။
၎င်းမှာတကယ်ပင်ဖားပြောသည့်အတိုင်းပင်။ အကယ်၍ထိုသို့ဖြစ်ပါက သေချာပေါက်ကမ္ဘာကြီးမှာအဆုံးသတ်သွားမည်ဖြစ်သည်။
နှိုင်းယှဥ်ပြောရပါက ပထမရလဒ်မှာအရိုးရှင်းဆုံးဖြစ်နေသေးပေသည်။ မည်သို့ပင်ဖြစ်စေ အကယ်၍သူတို့အားလုံးသေသွားပါကမည်သည့်ဒုက္ခမျှခံစားရတော့မည်မဟုတ်ပေ။ ကျိုးဟောင်မှာ ဒုတိယနှင့်တတိယရလဒ်အားလုံးဝလက်မခံနိုင်ပေ။
"ကျွန်တော်နားလည်ပါတယ် စိတ်ချပါ ကျွန်တော်ဆုံးဖြတ်ပြီးပါပြီ"
ကျိုးဟောင်မှာချက်ချင်းပင်ပြောလိုက်သည်။
"အင်း....ဒါပေမဲ့ မင်းတစ်ယောက်တည်းသွားဖို့ကအကြံကောင်းလို့ငါတော့မထင်ဘူး မင်းကျိယောင်ယွဲ့နဲ့လင်းထျန်ကိုခေါ်သွားရင်အကောင်းဆုံးပဲ ငါသူတို့ဦးနှောက်တွေရဲ့ကျယ်ပြန့်မှုကိုမြင်ဖူးတယ် သူတို့ကမဆိုးဘူး သူတို့မှာအရည်အချင်းတွေရှိတယ် ပြီးတော့အလားအလာရှိတဲ့ဉာဏ်ကြီးရှင်တွေပဲ"
"တခြားဂြိုဟ်ကလူတွေကတော့ သူတို့ကအများကြီးတောင်ပိုဆိုးဦးမယ် ပါရမီဖြစ်ဖြစ် နားလည်နိုင်စွမ်းဖြစ်ဖြစ် ဒါမှမဟုတ်ဦးနှောက်စွမ်းရည်ဖြစ်ဖြစ် အားလုံးကစကြဝဠာထဲမှာအနိမ့်ဆုံးပဲ မင်းရဲ့စွမ်းအင်ကိုဖြုန်းတီးစရာမလိုဘူး"
ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်သည်။ သူတို့နှစ်ယောက်ကိုပါခေါ်သွားပါကသူ့အတွက်ပိုကောင်းပေရာ ဤရွေးချယ်မှုမှာ ကျိုးဟောင်အတွက်သိပ်မဆိုးသောရွေးချယ်မှုတစ်ခုဖြစ်သည်။
"ကောင်းပြီ ကျွန်တော်အခုပဲကျိယောင်ယွဲ့ရယ် လင်းထျန်ရယ်နဲ့စကားသွားပြောလိုက်မယ်"
ကျိုးဟောင်မှာပြောရင်း ကျိယောင်ယွဲ့နှင့်လင်းထျန်အားချက်ချင်းဆက်သွယ်လိုက်သည်။
သူတို့နှစ်ယောက်မှ ယခုမှသက်သာခါစရှိသေးသော်ငြား ကိစ္စပေါင်းစုံအားကိုင်တွယ်ရန်လမ်းကြောင်းမှန်ပေါ်ပြန်ရောက်နေပြီဟုဆိုနိုင်ပေသည်။
"ကျိုးဟောင် မင်းငါတို့ကိုရှာတာဘာလို့လဲ"
စစ်နတ်ဘုရားတပ်ရင်းဌာနချုပ်ရှိ ကျိယောင်ယွဲ့၏ရုံးခန်းထဲတွင် အနီရောင်ဝတ်စုံအားဝတ်ဆင်ထားသည့်ကျိယောင်ယွဲ့မှာသန်းဝေနေခဲ့ပြီး သူမဘေးရှိလင်းထျန်သည်လည်း အတော်လေးအိပ်ငိုက်နေခဲ့သည်။
ပြီးခဲ့သည့်နှစ်ရက်အတွင် ကိစ္စများစွာအားဖြေရှင်းခဲ့ပြီးနောက် လင်းထျန်မှာအတော်လေးပင်ပန်းနေခဲ့ပြီဖြစ်သည်။
"ကျွန်တော့်မှာ တကယ်ပဲစီနီယာတို့နဲ့ဆွေးနွေးချင်တဲ့ကိစ္စကြီးတစ်ခုရှိပါတယ်"
ကျိုးဟောင်မှာပြုံးကာပြောလိုက်သည်။
"အို မင်းမဖြေရှင်းနိုင်တဲ့ကိစ္စလည်းရှိသေးတာလား မင်းကအခုကမ္ဘာဂြိုဟ်ပေါ်မှာအသန်မာဆုံးလူဖြစ်နေပြီပဲ ငါကြားတာတော့မင်းရဲ့စွမ်းအားကသူတော်စင်ဘုံအဆင့်ပညာရှင်တစ်ယောက်နဲ့တောင်ယှဥ်နိုင်တယ်ဆို ငါတို့နှစ်ယောက်အရမ်းပဲအားကျမိပါတယ်"
လင်းထျန်မှပြုံးကာပြောလိုက်သည်။
ကျိုးဟောင်သည်လည်းပြုံးကာ ဦးညွှတ်လိုက်သည်။
"ဒီတိုင်းအခွင့်အရေးသေးသေးလေးရလိုက်လို့ပါ ထုတ်ပြောဖို့တောင်မတန်ပါဘူး ကျွန်တော်နောက်ပြောမဲ့စကားကအရမ်းအရေးကြီးတယ်"
ကျိုးဟောင်စကားဆုံးသောအခါ ကျိယောင်ယွဲ့တို့နှစ်ယောက်မှာခေတ္တမျှကြက်သေသေသွားခဲ့ကြသည်။ သူတို့မျက်နှာပေါ်ရှိအပြုံးပင်ရပ်တန့်သွားခဲ့ကြပြီး အလွန်လေးနက်လာခဲ့သည်။
"တကယ်တော့ ဘာမှမဟုတ်ပါဘူး ကျွန်တော်ကဒီတိုင်းကျွန်တော်တို့စကြဝဠာကိုစူးစမ်းဖို့သွားကြရင်ကောင်းမလားလို့မေးချင်လို့ပါ ကျွန်တော်တို့ရဲ့လက်ရှိစွမ်းအားနဲ့ဆို ကမ္ဘာဂြိုဟ်ကိုမကာကွယ်နိုင်ဘူး"
ကျိုးဟောင်၏စကားများမှာ လင်းထျန်နှင့်ကျိယောင်ယွဲ့တို့၏အမူအရာများအား ချက်ချင်းပင်ပြောင်းလဲသွားစေခဲ့သည်။ သူတို့နှစ်ယောက်သည်လည်းကျိုးဟောင်၏ ဆိုလိုရင်းအားနားလည်ကြပေသည်။
"ကျွန်တော်တို့ကကမ္ဘာဂြိုဟ်ပေါ်မှာအသန်မာဆုံးလူတွေဖြစ်နေပြီဆိုပေမဲ့ လုံလောက်ဖို့တော့အဝေးကြီးလိုနေသေးတယ် အဲဒီတုန်းကအာကာသသားရဲက သားပေါက်အဆင့်ပဲရှိသေးတာ ဒါပေမဲ့ကျွန်တော်တို့ဒါကိုမခုခံနိုင်ခဲ့ဘူး တကယ်လို့ဒီထက် ၁၀ ဆ အဆတစ်ရာပိုပြီးသန်မာတဲ့အရာဆိုရင်ရော ကျွန်တော်တို့ရဲ့ကမ္ဘာဂြိုဟ်အဆုံးသတ်သွားမှာမဟုတ်ဘူးလား"
"သူတို့ကျွန်တော်တို့ကမ္ဘာဂြိုဟ်ကိုတစ်ခါတည်းဖျက်ဆီးသွားရင်ကိစ္စမရှိဘူး အနည်းဆုံးတော့ကျွန်တော်တို့ဘာမှဒုက္ခမခံရတော့ဘူး ဒါပေမဲ့ တကယ်လို့သူတို့ကျွန်တော်တို့ကမ္ဘာဂြိုဟ်ကိုကျွန်ပြုရင်ရော အဲဒီလိုဖြစ်လာရင် ကျွန်တော်တို့မိသားစုတွေ မိတ်ဆွေတွေကတခြားမျိုးနွယ်တွေရဲ့ကျွန်တွေ၊ အရုပ်တွေဖြစ်လာမှာ ကျွန်တော်တို့ဒါကိုဘယ်လိုလက်ခံနိုင်မှာလဲ"
ကျိုးဟောင်၏စကားများမှာ ကျိယောင်ယွဲ့နှင့်လင်းထျန်တို့၏အမူအရာများအား လုံးဝလေးနက်သွားစေခဲ့သည်။
ကျိုးဟောင်ပြောတာမှန်ပေသည်။ အကယ်၍ထိုသို့ဖြစ်လာပါက ၎င်းမှာကမ္ဘာဂြိုဟ်အတွက်ကပ်ဆိုးတစ်ခုဖြစ်လာမည်ဖြစ်သည်။
"အဲဒါကြောင့် ကျွန်တော်တို့စွန့်စားဖို့အတွက်စကြဝဠာကိုသွားသင့်တယ်လို့ကျွန်တော်ထင်တယ် စိတ်မပူပါနဲ့ ကျွန်တော်တို့မှာသွားလို့ရတဲ့နည်းလမ်းရှိပြီးသားပါ ကျွန်တော့်မှာလုံနတ်ဘုရားစစ်သင်္ဘောရှိတယ် ဒီအာကာသယာဥ်ပြင်ပအာကာသကနေကမ္ဘာဂြိုဟ်ပေါ်မှာကျန်ခဲ့တဲ့ပစ္စည်းပဲ အဲဒါရှိရင်လုံလောက်ပါပြီ"
ထိုအချိန်တွင်ကျိုးဟောင်မှပြောလိုက်ပြီး လင်းထျန်နှင့်ကျိယောင်ယွဲ့တို့မှာအချင်းချင်းကြည့်လိုက်ကြသည်။ သူတို့၏မျက်လုံးများတွင်လည်းဆုံးဖြတ်ချက်ပြတ်သားသည့်အရိပ်အယောင်များဖြင့်ပြည့်နေခဲ့သည်။
"ကျိုးဟောင်မင်းပြောတာမှန်တယ် ငါတို့တကယ်ပဲငါတို့ရဲ့စွမ်းအားကိုတိုးအောင်လုပ်သင့်တယ် ဒီတစ်ခေါ်က ငါတို့အသက်ရှင်ခဲ့တာကံကြောင့်လည်းဟုတ်သလို ငါတို့ရဲ့ကိုယ်ပိုင်စွမ်းအားကြောင့်ဆိုလည်းဟုတ်တယ် ဒါပေမဲ့ နောက်တစ်ခါကျလည်းကမ္ဘာဂြိုဟ်ကိုကာကွယ်ဖို့ ငါတို့မှာကံနဲ့စွမ်းအားရှိပါ့မယ်လို့ ဘယ်သူကအာမခံနိုင်မှာလဲ"
"ဒါကငါတို့ရဲ့အိမ်ပဲ ငါတို့မှာစွမ်းရည်ရှိမှတော့ ငါတို့ဒီတာဝန်ကိုထမ်းသင့်တာပေါ့ မဟုတ်ရင် ငါတို့ရဲ့အထောက်အထားနဲ့စွမ်းရည်တွေကအလကားဖြစ်သွားလိမ့်မယ်"
ထိုအချိန်တွင်လင်းထျန်မှပြောလာခဲ့သည်။ ကျိုးဟောင်မှာစစ်နတ်ဘုရားနှစ်ယောက်အကြောင်းမသိသော်လည်း လင်းထျန်မှာတိတ်တဆိတ်နေတတ်သူတစ်ယောက်ဖြစ်ကြောင်းကိုတော့သိပေသည်။
ကျိယောင်ယွဲ့သည်လည်းခေါင်းညိတ်လာခဲ့သည်။
"အဲဒီလိုဆိုမှတော့ အရမ်းရိုးရှင်းပါတယ် ဒီလိုပဲလုပ်ကြတာပေါ့ ဘယ်လိုလဲ"
ကျိယောင်ယွဲ့မှာ ယောက်ျားလေးတို့၏စရိုက်နှင့်ယှဥ်နိုင်သည့် အပူအပင်ကင်းသည့်စရိုက်အားပိုင်ဆိုင်ထားပေရာ သူတို့နှစ်ယောက်သဘောတူမည်ဖြစ်ကြောင်း ကျိုးဟောင်အစောကတည်းကသိပေသည်။
"အဲဒီလိုဆို ပြင်ဆင်ကြတာပေါ့ ကျွန်တော်တို့တိတ်တဆိတ်ပဲထွက်မယ် တခြားမဟာမိတ်တွေကိုအသိပေးလို့မဖြစ်ဘူး ဘယ်လိုလဲ"
ကျိုးဟောင်မှာ တစ်ခုခုဖြစ်မည်အားစိုးရိမ်နေဆဲပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ခြင်္သေ့ရှိနေသည့်တောတွင် မည်သူမျှပြဿနာမရှာရဲသော်ငြား ခြင်္သေ့မရှိတော့ပါက အခြေအနေများမှာတူတော့မည်မဟုတ်ပေ။
"ဟုတ်တယ် ဥရောပသမဂ္ဂအဖွဲ့နဲ့ပတ်သက်ပြီးသူတို့ကိုသတိပေးခဲ့ရမယ် ပြီးတော့နောက်မှာနည်းလမ်းတွေလည်းချန်ခဲ့ရမယ်"
....................................................................................