ဂြိုဟ်သား
Vol. 49 Ch. 730
ကျိုးဟောင်မှာခေတ္တမျှကြက်သေသေသွားပြီးနောက် ငှက်မွေးတစ်ထောင်ချပ်ဝတ်အားပြောလာခဲ့သည်။
"မင်းမှာ စကြဝဠာဒင်္ဂါးရှိလား ငှက်မွေးတစ်ထောင်ချပ်ဝတ်"
"ရှိပါတယ် သခင်"
ငှက်မွေးတစ်ထောင်ချပ်ဝတ်၏စကားဆုံးသောအခါ ချက်ချင်းဆိုသလိုပင် အာကာသယာဥ်မှလက်တစ်ဖက်ဆန့်ထွက်လာခဲ့ကာ လက်ထဲတွင်တောက်ပနေသောကတ်တစ်ခုအားကိုင်ထားပေသည်။
ကျိုးဟောင်မှာကတ်အားကြည့်လိုက်ရာ ၎င်းမှာဖောက်ထွင်းမြင်နိုင်ကြောင်းသိလိုက်ရသည်။ သို့သော်ထိုကတ်ထံမှအဝါရောင်အလင်းတို့ထွက်ပေါ်နေပေသည်။
တစ်ချက်ကြည့်ရုံဖြင့်ထိုကတ်မှာအလွန်အဆင့်မြင့်ကြောင်းသိသာပေသည်။ စကြဝဠာဒင်္ဂါးသည်ဤကဲ့သို့သောပုံမျိုးဖြစ်မည်ဟုမထင်ထားခဲ့ပေ။
"စကြဝဠာဒင်္ဂါးဆိုတာဒီလိုပုံမျိုးလား"
ကျိုးဟောင်မှာကတ်အားယူလိုက်ပြီး အချိန်ခဏမျှသေချာကြည့်ရှုပြီးနောက် အံ့သြတကြီးမေးလာခဲ့သည်။
"သေစမ်း ကျိုးဟောင် ဒါကစကြဝဠာဒင်္ဂါးမဟုတ်ဘူး ဒါကကမ္ဘာဂြိုဟ်ပေါ်ကဘဏ်ကတ်နဲ့တူတယ် ဒီထဲမှာစကြဝဠာဒင်္ဂါးတွေအများကြီးထည့်ထားတာ"
ကျိုးဟောင်ဘေးရှိဖားမှာ ရုတ်တရက်ကျိုးဟောင်၏ပခုံးပေါ်သို့ခုန်တက်လာခဲ့ပြီးနောက် ကျိုးဟောင်၏လက်ထဲမှကတ်အားအံ့သြတကြီးကြည့်ကာပြောလာခဲ့သည်။
"ရှားပါးလိုက်တာ"
"ပြီးတော့ ဒီရွှေကတ်ကစကြဝဠာထဲမှာအဆင့်မြင့်ဆုံးပဲ ဒါကကတ်ကိုင်တဲ့လူရဲ့အဆင့်အတန်းကိုတောင်ဖော်ပြနိုင်တယ်"
ဖား၏စကားအားကြားသောအခါ ကျိုးဟောင်သည်လည်းအံ့သြသွားသောအမူအရာမျိုးဖြစ်သွားကာ မနေနိုင်ဘဲမေးလိုက်မိသည်။
"ဒါဆို ဒီကတ်ထဲမှာစကြဝဠာဒင်္ဂါးဘယ်လောက်ရှိတာလဲ"
"၁ ဘီလီယံပါ သခင်"
ငှက်မွေးတစ်ထောင်ချပ်ဝတ်မှာ ချက်ချင်းပင်ပြန်ဖြေလိုက်သည်။
"လခွမ်း"
ဖားမှာထိတ်လန့်တကြားဖြင့် မျက်မှန်အားအနေအထားပြင်လိုက်ရင်း ပြောလာခဲ့သည်။
" ၁ ဘီလီယံ ကျိုးဟောင်မင်းကချမ်းသာတာပဲ"
ကျိုးဟောင်သည်လည်းအနည်းငယ်အံ့သြနေခဲ့သည်။ သူသည်စကြဝဠာထဲတွင် ချမ်းသာသည့်ဒုတိယမျိုးဆက်အမွေဆက်ခံသူတစ်ယောက်ရုတ်တရက်ဖြစ်လာမည်ဟုမထင်ထားခဲ့ပေ။
မကြာမီ ကျိုးဟောင်မှာထိုကတ်နှင့်ငွေပေးချေလိုက်သည်။
သူ့ရှေ့ရှိဆွဲအားကိရိယာမှ ၂ မီတာမျှရှည်သောစက်ရုပ်တစ်ခုလမ်းလျှောက်ထွက်လာခဲ့သည်။
၎င်းမှာအလုပ်လုပ်ရန်ထားသည့်စက်ရုပ်ဖြစ်ပေရာ ၎င်း၏ပုံပန်းသွင်ပြင်မှာအလွန်သာမန်ဆန်ပေသည်။ ၎င်းတွင်လေးထောင့်ပုံစံခေါင်း ၊ ရှည်လျားသောခန္ဓာကိုယ်နှင့် ကြိုးနှစ်ချောင်းနှင့်တူသည့်လက်နှစ်ဖက်တို့ရှိပေသည်။
သို့သော်၎င်းတို့မှာ အလွန်မာကြောကာ သန်မာလှပေသည်။
၎င်းမှာကျိုးဟောင်၏စက်ဘေးသို့တစ်လှမ်းချင်းလျှောက်လာခဲ့ပြီး ကတ်အားလက်ခံလိုက်သည်။
ကတ်ဖြတ်ပေးသည့်စက်ရုပ်လုပ်သားမှာ စကြဝဠာဒင်္ဂါး ၁၀ ပြားသာကျသင့်သည့် ယာဥ်ရပ်နားခအားပေးချေရန် ကျိုးဟောင်သည်ယခုလိုကတ်အားသုံးသည်ကိုမြင်သောအခါ ချက်ချင်းပင်ထိတ်လန့်သွားခဲ့သည်။
ဤကောင်စုတ်လေးသည်သူ၏ပိုက်ဆံအားမည်သည့်နေရာတွင်သုံးရမည်မှန်းမသိခြင်းပေလော။ သူသည်တကယ်ပင် ငွေပမာဏနည်းနည်းအားပေးချေရန်ယခုလိုကတ်ကိုပင်အသုံးပြုနေပေသည်။
ချမ်းသာသူများ၏လောကသည်တကယ်ပင် ရှုပ်ထွေးလှပေသည်။
စကြဝဠာဒင်္ဂါအားပေးပြီးနောက် ကျိုးဟောင်မှာကတ်အားသိမ်းလိုက်သည်။ ကျိုးဟောင်ရှေ့သို့ဆက်လျှောက်သွားတော့မည့်အချိန်မှာပင် ကြီးမားသောအာကာသယာဥ်တစ်စင်းမှာ အဝေးမှပျံသန်းလာခဲ့ပြီး သူ့ဘေးတွင်ဆင်းသက်လာသည်ကိုမြင်လိုက်ရသည်။
ခေတ္တမျှကြာကြီးနောက် အာကာသယာဥ်၏တံခါးပေါက်မှာပွင့်လာခဲ့ပြီး ပုံရိပ်သုံးခုမှာလမ်းလျှောက်ထွက်လာခဲ့သည်။
ကျိုးဟောင်မှာအာရုံစိုက်ထားပြီး ထိုသုံးယောက်မှာလမ်းလျှောက်လာရင်းသူ့အားကြည့်နေကြောင်းကိုသိလိုက်ရသည်။ ၎င်းတို့သည်ကျိုးဟောင်၏အာကာသယာဥ်အားစိုးရိမ်တကြီးဖြင့်စိုက်ကြည့်နေခဲ့ပြီး မျက်နှာများတွင်လည်းစိတ်လှုပ်ရှားနေသည့်အမူအရာများဖြင့်ပြည့်နေခဲ့သည်။
ထိုမြင်ကွင်းအားကြည့်ပြီး ကျိုးဟောင်၏မျက်နှာပေါ်တွင်အံ့သြနေသောအမူအရာမျိုးပေါ်လာခဲ့သည်။ သူသည်ရှုပ်ထွေးနေသောပုံဖြင့် ၎င်းတို့အားကြည့်ပြီး တစ်ကိုယ်စာကြားရုံမျှတီးတိုးရေရွတ်လိုက်သည်။
"ဒီလူတွေက ငါတို့ရဲ့အာကာသယာဥ်ကြောင့်လာတဲ့ပုံပဲ ဘာဖြစ်နေတာလဲ သူတို့ဘာလုပ်ဖို့ကြိုးစားနေကြတာလဲ"
ကျိုးဟောင်မှာသံသယဝင်နေသော်ငြား သူတို့ထံတွင်မကောင်းသည့်ရည်ရွယ်ချက်မရှိနိုင်ကြောင်းကိုသဘောပေါက်ပေသည်။
မဟုတ်ပါက ၎င်းတို့သည်အာကာသယာဥ်ပေါ်မှဆင်းကာ သူ့ထံလမ်းလျှောက်လာမည်မဟုတ်ပေ။
မကြာမီ သူတို့သုံးယောက်သည်ကျိုးဟောင်၏အာကာသယာဥ်ရှိရာသို့လမ်းလျှောက်လာခဲ့ပြီး လှည့်ပတ်ကြည့်နေခဲ့ကြသည်။
"ဒီလူတွေကမင်းနဲ့မင်းရဲ့အာကာသယာဥ်ကိုပြန်ပေးဆွဲချင်နေတာလို့တော့ ငါ့ကိုမပြောနဲ့နော်"
ဖားမှာထိုလူများအား စူးစမ်းသလိုကြည့်နေပြီးနောက် တွေဝေစွာဖြင့်မေးလာခဲ့သည်။
"ကျွန်တော်ဆင်းသွားပြီး ဘာဖြစ်နေလဲဆိုတာကြည့်လိုက်မယ်"
ကျိုးဟောင်မှာပြောနေရင်းပင် ရုတ်တရက်ကြီးမားသောပြဿနာတစ်ခုအားသတိရလိုက်သည်။
ဤလူများမှာမည်သည့်ကြယ်စုမှလာမှန်းပင်သူမသိပေရာ သူတို့ဘာပြောမှန်းကိုသူနားမလည်နိုင်လောက်ပေ။
ထိုအချိန်ရောက်ပါက သူတို့တွေ့လျှင်ပင်အချင်းချင်းဆက်သွယ်နိုင်မည်မဟုတ်ပေ။
ထိုအချက်ကိုတွေးရင်း ကျိုးဟောင်မှာချက်ချင်းပင်ငှက်မွေးတစ်ထောင်ချပ်ဝတ်အားကြည့်ကာမေးလိုက်သည်။
"ငှက်မွေးတစ်ထောင်ချပ်ဝတ် တကယ်လို့ငါသူတို့ပြောတာကိုနားမလည်ရင် ဘယ်လိုလုပ်မလဲ"
"သခင် စိတ်မပူပါနဲ့ ကျွန်တော့်ဆီမှာ စကြဝဠာဆက်သွယ်ရေးဘာသာပြန်ကိရိယာတစ်ခုရှိပါတယ် သခင်ဒါကိုနားမှာတပ်ထားသရွေ့ သူတို့ဘာပြောနေလဲဆိုတာကိုသခင်နားလည်နိုင်ပါတယ်"
ထိုစကားဆုံးသည်နှင့် အာကာသယာဥ်ထံမှစက်ရုပ်လက်တစ်ချောင်းမှာထပ်မံထွက်ပေါ်လာပြန်သည်။ စက်ရုပ်လက်၏လက်ထဲတွင် ဘလူးတုနားကြပ်နှင့်တူသည့် လေးထောင့်ပုံစံဘူးတစ်စုံရှိနေခဲ့သည်။
လေးထောင့်ပုံစံဘူးအားဖွင့်လိုက်ပြီးနောက် အထဲတွင်နားကြပ်ကဲ့သို့သောပစ္စည်းနှစ်ခုရှိနေသည်ကို ကျိုးဟောင်မြင်လိုက်ရသည်။ သို့သော်ထိုပစ္စည်းများမှာတကယ်တမ်းတွင်ဖောက်ထွင်းမြင်နေရပြီး တောက်ပြောင်နေပေရာ ၎င်းတို့၏ပုံစံမှာအလွန်ထူးခြားနေခဲ့သည်။
ကျိုးဟောင်မှာချက်ချင်းပင် စကြဝဠာဆက်သွယ်ရေးဘာသာပြန်ကိရိယာအားထုတ်လိုက်ပြီး နားတွင်တပ်ဆင်လိုက်သည်။ ထို့နောက်လျင်မြန်စွာထရပ်လိုက်ပြီး တံခါးဝဆီသို့လျှောက်သွားခဲ့ကာ တံခါးအားဖွင့်ပြီးအောက်သို့ဆင်းသွားခဲ့သည်။
သူအောက်ဆင်းသွားသည်နှင့် အရပ်ရှည်ရှည်နှင့်အမျိုးသားထံမှစိတ်လှုပ်ရှားနေသည့်အသံအားကြားလိုက်ရသည်။
"မင်္ဂလာပါ ဆရာ"
"ခင်ဗျားရဲ့ဒီအာကာသယာဥ်က တကယ်ကိုမိုက်တာပဲ ဒါကလုံနတ်ဘုရားစစ်သင်္ဘောရဲ့ ၁၉ခုမြောက် မျိုးဆက်ဖြစ်တဲ့ X-1200 အတွဲအာကာသယာဥ်မလား"
ကျိုးဟောင်မှာဤစကားအားကြားသောအခါ အံ့သြသွားခဲ့သည်။ ဤလူစုမှာသူ့အာကာသယာဥ်၏ဇာစ်မြစ်အားသိနေလိမ့်မည်ဟုမထင်ထားခဲ့ပေ။ ထို့ကြောင့် ကျိုးဟောင်မှာပြုံးကာခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ် ဒီဂြိုဟ်ပေါ်မှာကျွန်တော့်ရဲ့အာကာသယာဥ်အကြောင်းသိတဲ့လူရှိလိမ့်မယ်လို့မထင်ထားခဲ့ဘူး ဒါကတကယ်ကိုရှားပါးတယ်"
သူတို့အဖွဲ့မှာ ထိုစကားအားကြားပြီးနောက် ပြုံးသွားခဲ့ပြီး ထပ်မံပြောလာခဲ့သည်။
"သေချာတာပေါ့"
"ဒီလုံနတ်ဘုရားစစ်သင်္ဘောရဲ့ ၁၉ ဆက်မြောက်မျိုးဆက်ဖြစ်တဲ့ X-1200 အတွဲကပထမဆုံးစတင်ထုတ်လုပ်တဲ့အချိန်တုန်းကဆို နောက်ဆုံးပေါ်ထိပ်တန်းအဆင့်အာကာသယာဥ်အမျိုးအစားပဲ"
"ဟုတ်တယ်"
ထိုစကားအားကြားပြီးနောက် ရှေ့ရှိအမျိုးသားဘေးရှိလူမှာခေါင်းညိတ်ရင်းထောက်ခံလာပြီး စိတ်လှုပ်ရှားစွာဖြင့်ဝင်ပြောလာခဲ့သည်။
"ကျွန်တော်လည်း ဒီအာကာသယာဥ်ကိုသိတယ် အဲဒီတုန်းကဒါကအရမ်းမိုက်လို့ဒါကိုဝယ်ချင်ခဲ့တာ"
"ဒါပေမဲ့ အဲဒီအချိန်တုန်းကဒါကအရမ်းစျေးကြီးလို့ ကျွန်တော့်မှာအဲဒီလောက်ပိုက်ဆံအများကြီးမရှိခဲ့ဘူး အဲဒါကစျေးအကြီးဆုံးအာကာသယာဥ်နီးပါးလောက်ကိုရှိတယ်"
"ဒီအာကာသယာဥ်က ချမ်းသာမှုကိုတင်ကိုယ်စားပြုတာမဟုတ်ဘူး အဆင့်အတန်းကိုလည်းကိုယ်စားပြုတယ် ဒါကအရမ်းကိုထူးခြားတဲ့တည်ရှိမှုတစ်ခုလို့ပြောလို့ရတယ်"
"တကယ်လို့ကျွန်တော်သာ ဒီအာကာသယာဥ်ကိုရခဲ့ရင် အဲဒီတုန်းကသေချာပေါက်အရမ်းမျက်စိကျချင်စရာကောင်းတဲ့တည်ရှိမှုမျိုးဖြစ်ခဲ့မှာပဲ"
ဤလူများမှ သူ၏အာကာသယာဥ်အားချီးကျူးနေသည်ကိုကြားသောအခါ ကျိုးဟောင်မှာပြုံးသာနေပြီး အခြားဘာမှမပြောပေ။
ကျိုးဟောင်၏ဂရုမစိုက်သည့်အမူအရာအားမြင်သောအခါ ထိုအဖွဲ့မှာချက်ချင်းပင် အချိန်ခဏမျှအသံတိုးတိုးဖြင့်အချင်းချင်းဆွေးနွေးနေခဲ့ကြသည်။
ထို့နောက် ခေါင်းဆောင်ဖြစ်ပုံရသောအမျိုးသားမှာလက်နှစ်ဖက်အားပွတ်ကာ မျက်လုံးများတွင် မျှော်လင့်ချက်တို့တလက်လက်တောက်ပနေသည့်ဟန်ဖြင့် စိုးရိမ်စွာမေးလာခဲ့သည်။
"ဒီကညီကိုချောလေး ကျွန်တော်တို့ဆက်သွယ်လို့ရမဲ့အချက်အလက်လေးများလဲလို့ရမလား"
"တကယ်လို့ ခင်ဗျားဒီ ၁၉ဆက်မြောက်မျိုးဆက် လုံနတ်ဘုရားစစ်သင်္ဘောကိုမလိုချင်တော့ဘူးဆိုရင် ကျွန်တော့်ကိုရောင်းပေးပါ"
"အဲဒီတုန်းက ကျွန်တော်စက်ရုံကထွက်ခါစမလို့ တကယ်ကိုမဝယ်နိုင်ခဲ့ဘူး ဒါပေမဲ့အခုကနှစ်ရာချီပြီဆိုတော့ ကျွန်တော်မဝယ်နိုင်တာတော့မဟုတ်ဘူးမလား"
အရပ်ရှည်ရှည်နှင့်လူမှာအလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူသည်ချက်ချင်းပင် အကြည်ရောင်ကတ်လေးတစ်ကတ်အားထုတ်ယူကာကျိုးဟောင်ထံကမ်းပေးလိုက်သည်။
....................................................................................