နှိုင်းယှဉ်မရအောင်စွမ်းအားကြီးမားသည့်အရာ၂ခု
Vol. 46 Ch. 677
၀က်ဝံကြီးမှာချက်ချင်း ဟိန်းဟောက်ကာ ပြေးလာလေသည်။ ထိုမြင်ကွင်းကြောင့်လူတိုင်း၏အမူအရာများပြောင်းလဲသွားလေသည်။ ကြီးမားသော၀က်ဝံကြီး၏ရုတ်တရက်တိုက်ခတ်မှုနှင့်ကြုံတွေ့ရသောအခါလူတိုင်းမှာတုန်လှုပ်ကြောက်လန့်သွားကြလေသည်။
"ကောင်းကင်ဘုရင်ကျူး အမြှောက်ကိုအခုချက်ချင်းပစ်ခိုင်းသင့်တယ်မှတ်လား"
အဖွဲ့သားများမှာ၀က်ဝံကြီး၏ဒေါသတကြီးပြုမူမှုကြောင့် အလွန်ထိတ်လန့်နေကြလေသည်။ အဖွဲ့သားများမှာ အသက်ရှူသံများမြန်ဆန်နေကြပြီး အမူအရာများမှာလည်းပျက်ယွင်းနေကြလေသည်။
"ပစ်....."
ကျူးဇောင်မှာသူ့လက်ထဲမှစကားပြောစက်ကိုမြှောက်ကာ ထိန်းချုပ်ရေးအခန်းသို့ ပစ်ခတ်ရန်အမိန့်ပေးလိုက်လေသည်။
ကျူးဇောင်၏အမိန့်ကိုလက်ခံရရှိသောအခါ ထိန်းချုပ်ခန်းမှစတင်ပစ်ခတ်တိုက်ခိုက်လေသည်။
ကျူးဇောင်မှာအလွန်မုန်းတီးနေသောမျက်၀န်းတစုံဖြင့်အဝေးတနေရာမှ၀က်ဝံကြီးအားစိုက်ကြည့်နေလေသည်။ သူ့အကြည့်များအရ ထိုသားရဲကြီးအားချက်ချင်းသစ်ပစ်ချင်နေကြောင်းသိသာလေသည်။
ထိုတိုက်ခိုက်မှုကိုမြင်တွေ့လိုက်ရသောလူတိုင်းမှာလည်း အမူအရာများလေးနက်သွားကြလေသည်။သူတို့အားလုံးသည် မြို့တစ်မြို့ကျဆုံးခန်း၏ မျက်မြင်သက်သေများဖြစ်ကြလေသည်။
သို့သော်လည်း ထိုသို့မဖြစ်အောင်ရှောင်လွှဲနိုင်မည့်အခြေအနေမျိုးလည်းသူတို့တွင်မရှိပေ။ သူတို့အနေဖြင့် ဒီ၀က်ဝံကြီးအားဆက်လက်လွှတ်ထားပါက ကျန်းနန်မြို့သာမက အခြားမြို့ကြီးများပါ ၎င်းလက်ချက်ဖြင့်အကြီးအကျယ်ပျက်စီးသွားနိုင်လေသည်။
ထိုအချိန်တွင်လေထုသံတွင်ပေါက်ကွဲသံများပေါ်ပေါက်လာပြီး မရေမတွက်နိုင်သော အမဲလိုက်အမြှောက်၏အမြှောက်ဆံများက ၀က်ဝံကြီးထံသို့ရောက်ရှိလာလေသည်။
"ဘာတွေလဲ"
၀က်ဝံကြီးမှာထိုအရာများမှာဘာမှန်းမသိသောကြောင့် လက်နှစ်ဖက်ဖြင့်သူ့ခေါင်းကိုကာထားရင်းပြောလိုက်လေသည်။
၀က်ဝံကြီးပြန်ပြီးမတုံ့ပြန်နိုင်ခင်မှာပင် အမြှောက်ဆံများ၏ထိမှန်ပေါက်ကွဲမှုများက ၀က်ဝံကြီး၏ဘေးပတ်လည်တွင်အဆက်မပြတ်ထိမှန်ပေါက်ကွဲလာလေသည်။
ဝက်ဝံကြီး ဘာတွေမှန်းသဘောပေါက်သွားချိန်တွင် အမဲလိုက်အမြှောက်ဆံများက ၎င်း၏ခန္ဓာကိုယ်ကိုအဆက်မပြတ်ထိမှန်ပြီးပေါက်ကွဲနေလေသည်။
ပေါက်ကွဲသံများမှာပဲ့တင်ထပ်နေပြီး ပတ်၀န်းကျင်တခုလုံးမှာလည်းပဲ့တင်တုန်ခါနေလေသည်။ ၀က်ဝံကြီးမှာလည်း အန္တရာယ်ကိုအာရုံခံမိပြီး ချက်ချင်းမြေကျင်းတူးကာလွတ်မြောက်ရှောင်တိမ်းဖို့ကြိုးစားလေသည်။
အမြှောက်ဆံများမှာ ၀က်ဝံကြီးအားဆက်လက်မထိမှန်တော့ပဲ ၎င်း၏ဘေးပတ်လည်တွင်သာထိမှန်ပေါက်ကွဲနေလေသည်။
လူတိုင်းကတော့ ဒီ၀က်ဝံကြီးသေဆုံးသွားပြီလို့ထင်နေကြလေသည်။ သို့သော် အပစ်အခတ်များရပ်တန့်သွားပြီးမကြာမီပင် အလွန်စူးရှသောဟိန်းသံကြီးတခုထွက်ပေါ်လာလေသည်။
ချက်ချင်းပင် ပိုကြီးမားလာပြီး ပိုသန်မာလာသော၀က်ဝံကြီးမှာမြေကြီးထဲမှတွားသွားထွက်လာလေသည်။ ထိုမြင်ကွင်းကြောင့် ကျူးဇောင်တယောက်ခေါင်းကြိမ်းသွားရလေသည်။သူ့မျက်လုံးများတွင်လည်းတုန်လှုပ်မှုများဖြင့်ပြည့်နှက်နေပြီး သတိလက်လွတ်ဖြစ်သွားလေသည်။
ဒီ၀က်ဝံကြီးမှာအရမ်းစွမ်းအားကြီးလိမ့်မည်လို့ကျူးဇောင်မထင်ထားခဲ့ပေ။ အစက အမဲလိုက်အမြှောက်ဖြင့်၀က်ဝံကြီးကိုချက်ချင်းသတ်နိုင်လိမ့်မည်လို့ထင်ထားခဲ့လေသည်။
အခုတော့ ဒီ၀က်ဝံသားရဲကြီးမှာလွတ်မြောက်သွားပြီးစွမ်းအားပိုမိုကြီးမားလာလိမ့်မည်လို့ဘယ်သူမှမထင်ထားခဲ့ပေ။
ထိုအချိန်မှာပင် ပင်လယ်ရေမျက်နှာပြင်မှာလှုပ်ရှားလာပြီး ကမ်းစပ်သို့ရေလှိုင်းများစွာလာရိုက်ခတ်လေသည်။ ရေမျက်နှာပြင်တွင်လည်း ရေပွက်ပွက်ဆူသကဲ့သို့ရေပူဖောင်းများပေါ်လာလေသည်။
ထိုအဖြစ်အပျက်ကိုမြင်ရသူတိုင်းမှာ မှင်တက်သွားပြီးသူတို့အမြင်များမှားသလားဆိုပြီးမျက်လုံးများပွတ်သပ်နေကြလေသည်။
သူတို့ကြောင်ပြီးကြည့်နေကြစဉ်မှာပင် အလွန်ကြီးမားသောလိပ်မိကျောင်းကြီးမှာပင်လယ်ထဲမှရုတ်တရက်ထွက်ပေါ်လာလေသည်။
ထိုမြင်ကွင်းကြောင့်လူတိုင်းမှာအရုပ်ကြိုးပြတ်ဖြစ်သွားကြပြီး မိကျောင်းကြီးကကျန်းနန်အခြေစိုက်စခန်းဆီသို့လှမ်းလာနေသည်ကို တုန်လှုပ်စွာကြည့်နေမိကြလေသည်။
လူတိုင်း၏ရင်ထဲတွင်ကမ္ဘာပျက်သလိုခံစားလိုက်ရလေသည်။ ဝက်ဝံကြီးတစ်ကောင်ထဲနှင့်ပင် အကြီးအကျယ် သေကြေပျက်စီးနေရပြီး ယခုအချိန်တွင်၀က်ဝံကြီးထက်ပိုမိုကြီးမားသောသန္ဓေပြောင်းသားရဲနောက်တစ်ကောင်ထပ်ပေါ်လာလေသည်။
"ချီးပဲ ဒီတကြိမ်တော့ ငါတို့အားလုံးပြီးဆုံးသွားပြီ"
လူတိုင်းမှာကြီးမားသောလိပ်မိကျောင်းကြီး၏ ခန္ဓာကိုယ်ကိုငေးကြည့်ရင်း မျှော်လင့်ချက်မဲ့သလိုခံစားနေကြရလေသည်။ မိကျောင်းကြီးမှာအလွန်တရာမှကြီးမားလွန်းသောကြောင့်မြင်ရသူတိုင်းမှာကိုယ့်မျက်စိကိုယ်မယုံနိုင်ဖြစ်နေကြရလေသည်။
တကယ်လို့ ဒီသားရဲကြီးနှစ်ကောင်သာအတူတကွတိုက်ခိုက်ပါက ဘယ်အရာမှ၎င်းတို့ကိုမတားဆီးနိုင်တော့ပဲ လူအားလုံးမှာ ၎င်းတို့၏စားသောက်ခြင်းကိုခံကြရတော့မည်ဖြစ်လေသည်။
မိကျောင်းကြီးမှာလူနေထူထပ်သောမြို့အတွင်းပိုင်းသို့၀င်ရောက်လာပြီးနောက်ဆက်လက်မရွေ့လျားတော့ပဲ အဝေးတနေရာရှိ၀က်ဝံကြီးအားကြည့်နေလေသည်။
"ဟားဟားး ၀က်ဝံညိုကြီးပဲ မင်းလိုကောင်ကဒီမှာရှိနေလိမ့်မယ်မထင်ထားဘူး"
မိကျောင်းကြီးကအေးစက်စက်လေသံဖြင့်ပြောလိုက်လေသည်။
၀က်ဝံကြီးမှာလည်း အကြီးအကျယ်ဖျက်ဆီးနေရင်း မိကျောင်းကြီးကိုမြင်လိုက်ရသောကြောင့်အံ့ဩသွားလေသည်။
ထို့နောက်၀က်ဝံကြီးမှာ ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး အေးစက်စွာပြောလာလေသည်။
"မင်းတောင်ဒီနေရာကိုရောက်လာနိုင်သေးတာပဲ ငါကဘာလို့မလာနိုင်ရမှာလဲ"
"ဘာလဲ မင်းက ဒီနေရာကိုလာပြီး ဒီနေရာကအရင်းအမြစ်တွေအတွက်ငါနဲ့ယှဉ်ပြိုင်ချင်တာလား"
မနှစ်မြို့သောအမူအရာတခု၀က်ဝံကြီးမျက်နှာတွင်ပေါ်လာခဲ့ပြီး အေးစက်စွာပြောလိုက်လေသည်။
....................................................................................