← Chapters

အခန်း ၈၆၉

Vol. 58 Ch. 869

အခန်း ၈၆၉

Vol. 58 Ch. 869

အခန်း (၈၆၉) : မြစ်ဝါမြစ်ထဲ ခုန်ချရင်တောင် အပြစ်တွေစင်ကြယ်မှာမဟုတ်ဘူး

ယခုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ လူတိုင်းမှာ ထိတ်လန့်အံ့ဩသွားကြလေသည်။ ကျိုးဟောင်က ဘဲလ်ရေးနိုးလ်စ်၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့လိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။

“ဒါ… ဒါက ဘာကြီးလဲ။ လက်ကြီးတစ်ဖက်လား.... ဘယ်လို‌ တောင်ကြီးမားပြီး စွမ်းအားကြီးမားလိုက်တာ။ ဘယ်လိုသတ္တဝါမျိုးပါလိမ့်"

“ကျိုးဟောင်က ဆင့်ခေါ်လိုက်တာမှတ်လား။ သူ… သူ ကလူမဟုတ်ဘူးလား… ဒါမှမဟုတ်သားရဲတစ်ကောင်လား”

“အို… မဖြစ်နိုင်တာ။ ကျုပ်တို့မြင်နေရတဲ့ ကျိုးဟောင်က လူပုံစံကိုယ်ပွားတစ်ယောက်လား”

လူတိုင်း အံ့ဩကာ မယုံနိုင်ကြပေ။ အမှန်တကယ်ဆိုလျှင် အဆင့်မြင့်ကျင့်ကြံသူများတွင် ကိုယ်ပွားအချို့ ရှိနေခြင်းမှာ မထူးဆန်းပေ။ သို့သော် ကျိုးဟောင်က ထိုအဆင့်အထိ စွမ်းအားကြီးမားမည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။

“တချက်ကြည့်ရုံနဲ့ အဲ့လက်သည်းကြီးတွေက သာမန်မဟုတ်ကြောင်းသိနိုင်တယ်။ အဲ့အရာကြီးရဲ့အသက်ပုံစံက ငါတို့နဲ့အလွန်ကွာခြားတဲ့အဆင့်တစ်ခုမှရှိတယ်။ ဒီကျိုးဟောင်ကသာမန်လူမဖြစ်နိုင်ဘူး"

လူတချို့က ချက်ချင်း သတ်မှတ်လိုက်ကြလေသည်။

ကျိယောင်ယွဲ့မှာလည်း မှင်တက်နေခဲ့လေသည်။ ထိုလက်ဖဝါးကို ကျိုးဟောင် ဘယ်နေရာမှ ခေါ်ထုတ်လိုက်သလဲ မသိသော်လည်း ထိုအရာကို မျက်နှာချင်းဆိုင်မြင်လိုက်ရချိန်တွင် တစ်စုံတရာနှင့် အလွန်ရင်းနှီးနေသလို ခံစားလိုက်ရလေသည်။

ကျိုးဟောင်သည် ဘာမှမထိခိုက်သကဲ့သို့ အပြည့်အဝ ရပ်နေသည်ကို မြင်ရသောအခါ ဘဲလ်ရေးနိုးလ်စ်၏ မျက်နှာသည် အလွန်မဲမှောင်သွားခဲ့လေသည်။

သူက ယခုအချိန်တွက် စွမ်းအား အပြည့်အဝမသုံးထားသော်လည်း ထိုလက်၀ါးတစ်ချက်သည် ၆ဆင့်မြောက် သူတော်ဘုံအဆင့်ပညာရှင်တစ်ယောက်ကို ဖျက်ဆီးပစ်ရန် လုံလောက်လှပေသည်။ အသက်မ သေနိုင်သော်လည်း လအနည်းငယ်လောက်အထိ အိပ်ယာထဲ လဲသွားအောင် ပြုလုပ်နိုင်စွမ်းရှိလေသည်။

သို့သော် ကျိုးဟောင်မှာ ဒဏ်ရာမရသကဲ့သို့ ရပ်နေခဲ့သည်။ ဒါသည် သိပ်သဘာ၀မကျပေ။

“အခု ဘာပြောချင်သေးလဲ ဘဲလ်ရေးနိုးလ်စ်”

ကျိုးဟောင်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဂုဏ်ယူဝံ့ကြွားသည့်ဟန်ဖြင့် ပြောလိုက်လေသည်။ ဘဲလ်ရေးနိုးလ်စ်သည်လည်း အေးစက်စွာကြည့်ကာ ဟန်မပျက် ပြန်ပြောလိုက်လေသည်။

“မင်းနဲ့ငါ ကျင့်ကြံအဆင့် တူသွားတဲ့နေ့မှာတော့ မင်းကို သေချာပေါက်သတ်ပေးမယ်”

သု့စကားဆုံးသည်နှင့်ချက်ချင်း ထွက်သွားခဲ့လေသည်။

လီလီယာသည် ဘေးမှ ရပ်ကြည့်နေခဲ့ပြီး ထိုရလဒ်ကို မြင်ရသောအခါ သူမလည်း မှင်တက်သွားကာ မယုံကြည်နိုင်ဖြစ်နေလေသည်။ သို့သော် ဒေါသစိတ်များပိုမိုပြင်းထန်လာခဲ့လေသည်။

သူ့အစ်ကိုကြီးသည် အဘယ်ကြောင့် အစွမ်းကုန် မတိုက်လိုက်ပါသနည်း။ ဂုဏ်သိက္ခာကျဆင်းမည်ကိုကြောက်ရွံ့ခြင်းကြောင့်လား ဒါမှမဟုတ် ပတ်၀န်းကျင်၏အပြောအဆိုကိုမခံချင်ခြင်းကြောင်းလား။

သို့သော် သူမ၏အစ်ကို ထွက်သွားပြီးနောက် သူမသည်လည်း ကျိုးဟောင်အား မကျေနပ်သည့် မျက်လုံးမျဖြင့် ကြည့်ကာ လိုက်ပါသွားခဲ့လေသည်။

သူတို့ထွက်သွားပြီးနောက် ကျိုးဟောင်သည် ကျိယောင်ယွဲ့အနားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်လေသည်။

“သွားကြရအောင်… ကျွန်‌တော်မထိန်းထားနိုင်တော့ဘူး”

ကျိုးဟောင်သည်အပြင်ပန်းတွင် ဒဏ်ရာလုံး၀မရသကဲ့သို့ မြင်ရသော်လည်း ခန္ဓာကိုယ်တွင်းရှိ ဒဏ်ရာကို တော့အတင်းအကျပ် ထိန်းချုပ်ထားနေရခဲ့ရလေသည်။

သူတို့ နှစ်ယောက်သည် ငွေရောင်ဘုရင်ဂိုဏ်းအ‌ခြေစိုက်ရာသို့ မြန်မြန် ပြန်လာခဲ့ကြလေသည်။ တံခါးဖွင့်ပြီး အထဲသို့ရောက်ချိန်တွင် ကျိုးဟောင်သည် သွေးတစ်ဗွက် အန်ထွက်လာခဲ့ပြီး ချက်ချင်း မေ့လဲသွားခဲ့လေသည်။

“ကျိုးဟောင်… ကျိုးဟောင်...."

ဂျီယောယွဲ့သည် ထိတ်လန့်သွားကာ ချက်ချင်း ဆေးဝါးများ ဝယ်ယူ၍ ကျိုးဟောင်အား ကုသပေးခဲ့လေသည်။

တစ်ရက်နှင့်တစ်ည ကုန်လွန်ပြီးနောက် ကျိုးဟောင်မှာ သတိရလာခဲ့လေသည်။ စိတ်ထဲတွင်လည်း အနည်းငယ် တုန်လှုပ်နေဆဲဖြစ်ပေသည်။

အပြင်ပန်းတွင် တည်ငြိမ်သကဲ့သို့ မြင်ရသော်လည်း ထိုတိုက်ပွဲသည်သူ့အတွက် အသက်အန္တရာယ်နှင့်နီးစပ်သွားခဲ့ပေသည်။

အကယ်၍ ဘဲလ်ရေးနိုးလ်စ်သာ တကယ် သတ်ဖို့ရည်ရွယ်ထဲ့ပါက ကျိုးဟောင်၏ အာကာသသားရဲ ကိုယ်အစစ်‌တောင်မှ မကယ်တင်နိုင်ဘဲ ပျက်စီးသွားရမည်ဖြစ်လေသည်။

“နောက်တစ်ခါ ဒီလို အန္တရာယ်ရှိတာမျိုး မလုပ်သင့်တော့ဘူး"

ကျိုးဟောင်မှာ စဉ်းစားပြီးနောက်သက်ပြင်းအရှည်ကြီးချလိုက်မိသည်။ ကံကောင်းထောက်မစွာဖ့င့် ဘဲလ်ရေးနိုးလ်စ်မှာ ဂုဏ်သိက္ခာရှိသူတစ်ယောက်ဖြစ်နေသောကြောင့် သူအသက်ဘေးမှလွတ်ခဲ့ခြင်းဖြစ်လေသည်။

ထိုအချိန်တွင်တံခါးဖွင့်သံ ထွက်ပေါ်လာခဲ့ပြီး ကျိယောင်ယွဲ့နှင့် လင်းထျန်တို့ ဝင်လာကြလေသည်။

“ဘယ်လိုလဲ ကျိုးဟောင်... သက်သာသွားပြီလား”

“ကောင်းလာပါပြီ။ ဟဲဟဲ ကျွန်တော်ကအသက်ပြင်းတယ်လေ"

ကျိုးဟောင်ကဟာသလုပ်ကာ ရယ်မောပြီးပြောလာလေသည်။

“ဘဲလ်ရေးနိုးလ်စ်က အတော်စွမ်းအားကြီးတယ်။ ဒီတခေါက်မှ သူလူကြီးသူကောင်းပီသစွာနဲ့ အစွမ်းကုန်ထုတ်မတိုက်ခဲ့ပေမဲ့ တကယ်လို့နောင်တချိန်ပြန်တွေ့ရင် ဒီကိစ္စကြောင့် အငြိုးတကြီးတိုက်ခိုက်လာမှာကိုစိုးတယ်"

လင်းထျန်က လေးနက်စွာ ပြောလာလေသည်။ ကျိုးဟောင် ခေါင်းညိတ်ကာ ထောက်ခံလိုက်လေသည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီးကျုပ်တို့တတ်နိုင်တာဘာမှမရှိဘူး။ သူ့ကိုတခါဆန့်ကျင်ပြီးမှတော့ ဘယ်တတ်နိုင်ပါ့မလဲ"

ထိုအချိန်တွင် ကျိယောက်ယွဲ့ တခုခုကိုသတိရသွားကာ ပြောလိုက်လေသည်။

“မင်း သတိမေ့နေတုန်းက မန်လီယာ ဆိုတဲ့ မိန်းမတစ်ယောက် လာရှာသွားသေးတယ်"

သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် သဘောမကျသလိုဖြစ်နေလေသည်။

“သူမအခုဒီမှာရှိသေးလား"

ကျိုးဟောင်ကချက်ချင်းပြန်မေးလိုက်လေသည်။

"ဟဲဟဲ ကျွန်မအရမ်းစိတ်ပူနေတယ်လို့ပြောပြီးထွက်သွားပြီကွ"

လင်းထျန်က ပြုံးစိစိလုပ်ကကာ ပြောလာလေသည်။

“ဟေ့လူ… ဘာကို ပြုံးနေတာလဲ။ ကျုပ်တို့ကြားမှာ ဘာမှ မရှိဘူး”

လင်းထျန်လည်း ကျီစယ်ချင်သည့်အမူအရာဖြင့် ရယ်မောပြီး ထိုနေရာမှ ထွက်သွားခဲ့လေသည်။

“သူမနဲ့ သာမာန်သူငယ်ချင်းလိုပဲ နေ‌ နော်။ မဟုတ်ရင် ရှုလင်နဲ့တိုင်ပြောမယ်”

ကျိယောင်ယွဲ့ကလည်း ချိန်းခြောက်ပြောဆိုလာလေသည်။

“ ဩော်.... ဒါနဲ့ရှုလင်က ၃ဆင့်မြောက် ကောင်းကင်ဘုံအဆင့်ထိ တက်လာပြီ။ မကြာခင် သူတော်ဘုံကို ရောက်တော့မယ်တဲ့"

ကျိယောင်ယွဲလည်း ထိုသတင်းကိုပြောပြပြီး ထွက်သွားခဲ့လေသည်။

ကျိုးဟောင်မှာ အံ့ဩလွန်းသွားခဲ့လေသည်။

"မန်လီယာအကြောင်းပြောနေရင်း ဘာလို့ ရှုလင်ကိုပါလာရတာပါလိမ့်"

တကယ်လို့ ဒီအကြောင်းကိုရှုလင်ပြန်ကြားပြီး ၀မ်းနည်းသွားရပါက ကျိုးဟောင်အနေဖြင့် မြစ်ဝါမြစ်ထဲခုန်ချရင်တောင်မှ သူ့အပြစ်ကို‌စင်ကြယ်အောင်လုပ်နိုင်မည်မဟုတ်ချေ။

အားလုံးထွက်သွားပြီးနောက် ကျိုးဟောင်မှာ မျက်လုံးကိုပိတ်ပြီး အာကာသသားရဲနှင့် စိတ်ချင်းချိတ်ဆက်လိုက်လေသည်။

အာကာသသားရဲသည် ယခုအချိန်တွင် နတ်သစ်သီးအပင်ရှေ့သို့ ရောက်ရှိနေပြီးကိုယ်ပိုင်အမှတ်အသားတံဆိပ်ခတ်ခြင်းကိုဆက်လက်လုပ်ဆောင်နေလေသည်။

ထိုကိစ္စမှာ အလွန်ခက်ခဲလှပေသည်။ သို့သော်မြေနတ်ဘုရားသားရဲမှာ တဖြေးဖြေးနက်နက်ရှိုင်းရှိုင်းအိပ်မောကျသွားပြီး မကြာခင်ပင် ပျက်စီးသွားတော့မည်ဖြစ်ပေသည်။

“နတ်သစ်သီးအပင်က လက်ကျန်အင်အားကိုသုံးပြီး ခုခံနေတာပဲ။ စိတ်မကောင်းစရာက အကြာကြီးတောင်ခံထားနိုင်တော့မှာမဟုတ်တာပဲ"

ကျိုးဟောင်မှာ အလွန် စိတ်လှုပ်ရှားနေလေသည်။

နတ်သစ်သီးအပင်သာ အရွယ်ရောက်သည်အထိကြီးထွားလာပါက ၎င်း၏ အဆင့်သည် အာကာသသားရဲထက်တောင် မြင့်မားနိုင်လေသည်။

“ဒါကိုသာ ရခဲ့ရင် ငါ့အသက်အဆင့်အတန်း ပိုပြီး တိုးတက်လာမှာပဲ။ အနည်းဆုံး ဒုတိယအဆင့်အသက်ပုံစံအထိ ရောက်သွားနိုင်တယ်"

ကျိုးဟောင်မှာ အရမ်းပျော်ရွှင်သွားပြီး စိတ်ချင်း ဆက်သွယ်မှုကိုပြန်ရုတ်သိမ်းလိုက်လေသည်။သူ့ဒဏ်ရာမှာလည်း လုံးဝနီးပါး သက်သာသွားခဲ့ပြီဖြစ်လေသည်။

သူ အခန်းထဲမှ ထွက်လာသောအခါ ကျိယောင်ယွဲ့နှင့် လင်းထျန်တို့မှာ လေ့ကျင့်ရန်သို့ ထွက်သွားခဲ့‌ကြလေပြီဖြစ်သည်။

ကျိုးဟောင်မှာ တစ်ကိုယ်တည်း ပျင်းနေသောကြောင့် ငွေရောင်ဘုရင်ဂိုဏ်းမှ ထွက်လာပြီး လှည့်ပတ်ကြည့်ရှူရန်ဆုံးဖြတ်လိုက်လေသည်။

ယခုအချိန်တွင် သူအရေးကြီးဆုံး လုပ်ရမည့်အရာမှာ မီးအဆိပ်ကို ဖယ်ရှားနိုင်သည့် နည်းလမ်းကို ရှာဖွေရန်ဖြစ်လေသည်။

လက်ရှိတွင် မီးအဆိပ်အား ကံကောင်းထောက်မစွာဖြင့် အာရုံခံမိကာ ဖယ်ရှားနိုင်ခဲ့သော်လည်း ကံကိုချည်းအားကိုးနေ၍မရပေ။

ထို့ကြောင့် သူ လေ့ကျင့်ရေးစခန်းရှိ ဈေးဆိုင်တန်းသို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။ အကယ်၍ မီးအဆိပ်ကိုဖယ်ရှားနိုင်သည့်ရတနာတစ်ခုခုသာ ရနိုင်ခဲ့ပါက ကျိုးဟောင်အတွက် အလွန်ကောင်းမွန်သောကိစ္စဖြစ်ပေသည်။

...................................................................................

အခန်း (၈၆၉) ပြီးပါပြီ။

--

All Chapters