ငရဲ
Vol. 46 Ch. 676
လူများမှာ ဦးနှောက်ဆေးခံထားရပြီးအသိဉာဏ်မဲ့သွားသကဲ့သို့ပင် တိုက်များပေါ်မှခုန်ချနေကြလေသည်။
အဝေးတွင်ရှိနေသောကျူးဇောင်နှင့်သူ့အဖွဲ့သားများမှာထိုမြင်ကွင်းကြောင့် တုန်လှုပ်သွားကြလေသည်။ သူတို့မှာ ထိုအဖြစ်အပျက်ကိုဝေခွဲရခက်ရပြီး မယုံကြည်နိုင်သောမျက်လုံးများဖြင့်ကြည့်နေကြလေသည်။
"မဟုတ်ဘူး.... ဘာလို့ကမ္ဘာကြီးကဒီလိုတွေဖြစ်ကုန်ရတာလဲ"
ကျူးဇောင်၏အဖွဲ့သားများမှာအမူအရာများပျက်ယွင်းနေကြလေသည်။ သူတို့၏မျက်လုံးများတွင် စိုးရိမ်မှုများဖြင့်ပြည့်နှက်နေပြီး အသက်ရှူသံများမြန်ဆန်နေကြလေသည်။
"ဘာတွေဖြစ်ကုန်တာလဲ"
"ငါတို့အခုဘာမှမကူညီပေးနိုင်တော့ဘူးလား။ ဒီ၀က်ဝံကြီးကမြို့တခုလုံးဖျက်ဆီးနေတာကို ဒီအတိုင်းရပ်ကြည့်နေရုံပဲတတ်နိုင်တော့မှာလား"
အဖွဲ့သားများမှာ တယောက်တပေါက်ပြောနေကြပြီး တခုမှမခံစားခဲ့ရဖူးသောစိတ်ပျက်အားငယ်မှုကိုခံစားနေကြရလေသည်။
ဂါး.... ဂါး...ဂါး..
အဝေးရှိ ၀က်ဝံကြီးမှာအဆက်မပြတ်ဟိန်းဟောက်နေလေသည်။
၀က်ဝံကြီးမှာ မျက်မှောင်ကြုတ်ပြီးဘေးပတ်လည်အားရန်လိုသောအမူအရာဖြင့်လိုက်ကြည့်နေလေသည်။
"ငါလူတွေနဲ့သန္ဓေပြောင်းသားရဲတွေပိုပြီးစားရဦးမယ်။ ဒါမှ ငါ့ခန္ဓာကိုယ်ကိုအကောင်းဆုံးအခြေအနေမှာထိန်းထားနိုင်မှာ"
၀က်ဝံကြီးက၎င်း၏သွေးဆာနေသောမျက်လုံးနီကြီးများဖြင့်ကြည့်ရင်းပြောလေသည်။
ဒီသန္ဓေပြောင်း၀က်ဝံကြီးမှာ အခြားသန္ဓေပြောင်းသားရဲများကိုဝါးမျိုးပြီးဆင့်ကဲပြောင်းလဲကာ ပိုမိုအစွမ်းထက်လာသည့်သန္ဓေပြောင်းသားရဲမျိုးဖြစ်လေသည်။
"ဒီနေ့မင်းတို့အားလုံးသေရမယ့်နေ့ပဲ။ မင်းတို့အားလုံးကို သိပ်မကြာခင်ငါအကုန်ဝါးစားပစ်မယ်"
၀က်ဝံကြီးမှာကြုံးဝါးပြီးနောက် မနီးအဝေးတွင်ရှိနေသောလူတစုဆီပါးစပ်ကြီးဖြဲကာတဟုန်ထိုးပြေးလာလေသည်။
မရေမတွက်နိုင်သောလူများမှာ၀က်ဝံကြီး၏ပါးစပ်ထဲတွင်အစာအဖြစ်ကျရောက်ကာ မလွတ်မြောက်နိုင်ခဲ့ကြပေ။ ကျန်းနန်အခြေစိုက်စခန်းတခုလုံးမှာ ငရဲတခုပမာဖြစ်နေခဲ့လေသည်။
"မဖြစ်တော့ဘူး ဒီ၀က်ဝံကြီးကို ငါတို့တတ်နိုင်သလောက်အမြန်ဆုံးသတ်ပစ်မှရတော့မယ်"
ကျူးဇောင်ကတည်ကြည်သောပုံစံဖြင့်ပြောလိုက်လေသည်။ သူသည်ဒေါသများနှင့် စိတ်မချမ်းမြေ့မှုများကိုချုပ်ထိန်းကာစကားလုံးတစ်လုံးချင်းပြောလာလေသည်။
"ငါ့အထက်လူကြီးဆီက ညွှန်ကြားချက်ကိုအရင်တောင်းလိုက်ဦးမယ်"
သူ့စကားကိုကြားသောအခါသူ့အဖွဲ့သားများ၏ အမူအရာများမှာလည်း အရင်ထက်တည်ငြိမ်လာလေသည်။
"ဟုတ်ကဲ့လုပ်ဆောင်ပါ"
သူ့အဖွဲ့သားများကတညီတညွတ်ထဲပြောလိုက်လေသည်။
"အမဲလိုက်အမြှောက်ကိုသုံးဖို့ခွင့်ပြုချက်တောင်းခံချင်ပါတယ်"
ကျူးဇောင်မှာစိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်လေသည်။
"အမဲလိုက်အမြှောက်ရဲ့သေကြေစေနိုင်နှုန်းကနည်းနည်းများမနေဘူးလား"
သူ့အဖွဲ့သားများမှာလည်း အံ့အားသင့်သွားသောအမူအရာများဖြင့်ပြောလာလေသည်။
အမဲလိုက်အမြှောက်မှာသာမန်လက်နက်တခုမဟုတ်မှန်းသူတို့အားလုံးသိကြလေသည်။ သူတို့အနေဖြင့်အမဲလိုက်အမြှောက်ကိုသုံးပြီးတိုက်ခိုက်ပါကဒီနေရာမှာ ပြန်ပြုပြင်၍မရအောင်ပျက်စီးသွားနိုင်ချေရှိလေသည်။
ကျူးဇောင်၏အဖွဲ့သားများ၏အသံတွင်စိုးရိမ်မှုများပြည့်နှက်နေသော်လည်း ကျူးဇောင်ကတော့မယုံနိုင်လောက်အောင်တည်ငြိမ်လွန်းနေလေသည်။
"တကယ်လို့အမဲလိုက်အမြှောက်ကိုသာ ကျန်းနန်အခြေစိုက်စခန်းမှာအသုံးပြုခဲ့ရင် ကျန်းနန်ဒေသတခုလုံးပျက်စီးသွားမှာကိုတော့ငါကြောက်မိတယ်"
ကျူးဇောင်၏မျက်လုံးများတွင်စိုးရိမ်မှုများအပြည့်ဖြင့်ပြောလာလေသည်။
"ဒါပေမဲ့အခုအခြေအနေကလည်း ဆက်လွှတ်ထားရင်နဂိုအတိုင်းပြန်ဖြစ်အောင်လုပ်ဖို့မလွယ်တော့တဲ့အခြေအနေရောက်နေပြီ"
ကျူးဇောင်မှာခဏလောက်ငြိမ်သက်သွားပြီးမှပြောလာလေသည်။
"ငါတို့ဒီအနေအထားကိုပြောင်းလဲဖို့ဆိုရင်တခုခုတော့ပေးဆပ်ရမှာပေါ့"
"အခု၀က်ဝံကြီးကမြို့ထဲမှာအကြီးအကျယ်ပျက်စီးသေဆုံးမှုတွေဖြစ်စေနေပြီ။ ငါတို့ဒီအတိုင်းဆက်လွှတ်ထားရင်းနောက်ပိုင်းအခြေအနေတွေပိုဆိုးလာတာပဲရှိမယ်"
ကျူးဇောင်မှာဘေးကျပ်နံကျပ်အခြေအနေရောက်နေလေသည်။ အချိန်ခဏလောက်စဉ်းစားပြီးနောက် ကျူးဇောင်မှာဖြေးညှင်းစွာပြောလာလေသည်။
"ငါတို့ဆုံးဖြတ်ချက်ကိုတတ်နိုင်သလောက်မြန်မြန်ချရမယ်။ တကယ်လို့ငါတို့ကိုယ်တိုင်မစတေးရင် ဒီ၀က်ဝံကြီးကအခြားမြို့တွေဆီရောက်သွားပြီးမရေမတွက်နိုင်တဲ့သေကြေပျက်စီးမှုတွေဖြစ်စေလိမ့်မယ်"
ကျူးဇောင်၏စကားကြောင့် သူ့အဖွဲ့သားများအားလုံးမှာငြိမ်သက်သွားလေသည်။ သူတို့အားလုံးမှာ ကျူးဇောင်၏စကားများက အကျိုးအကြောင်းဆီလျော်ကြောင်းသဘောပေါက်ကြလေသည်။
တကယ်လို့ဒီအတိုင်းသာဆက်လွှတ်ထားပါက ၀က်ဝံကြီးမှာ မြို့ကြီးများကို ငရဲစခန်းဖြစ်အောင်ပြုလုပ်သွားပေလိမ့်မည်။
ကျူးဇောင်တို့အဖွဲ့မှာ စိုးရိမ်မှုများနှင့် စိတ်ပျက်အားငယ်မှုများကိုရင်ထဲမြိုသိပ်ကာ အခုအစီအစဉ်အတိုင်းဆက်သွားဖို့ဆုံးဖြတ်လိုက်ကြလေသည်။
ထို့နောက်အဖွဲ့သားအားလုံးမှာ သက်ဆိုင်ရာခေါင်းဆောင်များဆီဖုန်းခေါ်ဆိုမှုများပြုလုပ်လိုက်ကြလေသည်။
သိပ်မကြာမီတွင် အထက်လူကြီးများဆီမှအမဲလိုက်အမြှောက်အားပစ်ခတ်ခွင့် ခွင့်ပြုချက်ကိုရရှိခဲ့လေသည်။ ကျူးဇောင်မှာ ထိုခွင့်ပြုချက်ကိုကြားလိုက်ရသောအခါ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိလေသည်။
အဝေးတနေရာတွင် မြည်ဟီးသံကြီးတခုထွက်ပေါ်လာပြီး အမဲလိုက်အမြှောက်ကြီးမှာ ပစ်ခတ်ရန်အသင့်အနေအထားဖြင့်ပေါ်လာသည်ကိုလူတိုင်းတွေ့လိုက်ရလေသည်။
"အမဲလိုက်အမြှောက်ကြီးကမကြာခင်ပစ်ခတ်တော့မှာပဲ"
ဘေးပတ်၀န်းကျင်ရှိလူတိုင်းမှာ ကြောက်လန့်စိုးထိတ်စွာဖြင့်ပြောလာခဲ့လေသည်။ ထိုအခိုက်အတန့်တွင်လူတိုင်း၏ရင်ဘတ်ထဲတွင်တင်းကျပ်လာခဲ့ပြီး အသက်ရှူသံများမြန်လာလေသည်။
သိပ်မကြာမီတွင် အဝေးတနေရာ၌မမျှော်လင့်ထားသောအဖြစ်အပျက်တခုဖြစ်ပေါ်လာလေသည်။
....................................................................................