အခန်း ၈၅၄
Vol. 57 Ch. 854
အခန်း (၈၅၄) : ငွေရောင်ဘုရင်ဂိုဏ်း
ကျိုးဟောင်က သူ့အတွေးကို ချက်ချင်း ထုတ်ဖော်ပြောလိုက်လေသည်။ ထိုစကားကြောင့် ကျိယောင်ယွဲ့နှင့် လင်းထျန်တို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြလေသည်။
“ဘယ်လို...ကိုယ်ပိုင်အဖွဲ့ တည်ထောင်မယ်လို့ ပြောနေတာလား။ ဒီလိုလုပ်တာအဆင်ပြေပါ့မလား”
ကျိယောင်ယွဲ့က စိုးရိမ်စိတ်ဖြင့် မေးလိုက်မိသည်။ လက်ရှိအခြေအနေတွင် သူတို့ကို မနာလိုစိတ်ဖြင့် စောင့်ကြည့်နေသူများ များပြားလွန်းနေပြီး ဒီလိုအချိန်မျိုးမှာ အဖွဲ့တစ်ဖွဲ့ကို ချောချောမွေ့မွေ့ တည်ထောင်နိုင်ဖို့ဆိုတာ လုံးဝ မလွယ်ကူပေ။
“ပြဿနာ မရှိပါဘူး။ ဒါ့အပြင် ငါတို့ သုံးယောက်စလုံးက ဒီလေ့ကျင့်ရေးစခန်းထဲမှာရှိတဲ့ ထိပ်တန်းအဆင့်တွေနဲ့ယှဥ်နိုင်တာပဲ။ ဟဗ်ဂန်ကတောင် ငါတို့ကို လာဖိတ်ခေါ်ခဲ့တာကိုကြည့်ခြင်းအားဖြင့်သူ့အပြင် ငါတို့ကို လိုလားနေတဲ့ အင်အားစုတွေ မနည်းဘူးဆိုတာကို ပြသနေတာပဲ”
ကျိုးဟောင်က တည်ငြိမ်စွာဖြင့် သုံးသပ်ပြောလိုက်လေသည်။
အမှန်တကယ်ပင် ဟားဗတ်မိသားစုမှ လူတစ်ယောက်အား အမြန်နှုန်းဖြင့်အနိုင်ယူနိုင်ပြီး တိုက်ခိုက်ရေးအင်အားလည်း မနိမ့်တဲ့ လူတစ်ယောက်ဆိုရင် အရည်အချင်းရှိသူအဖြစ် သတ်မှတ်ခံရမည်မှာ သေချာလေသည်။ ဒါကြောင့် အဖွဲ့အစည်းကြီးများအားလုံးက ကျိုးဟောင်ကို အလိုရှိနေကြသော်လည်း ဂုဏ်သိက္ခာကြောင့် ကိုယ်တိုင် လာရောက် ဖိတ်ခေါ်ရန် လက်ရွံ့နေကြလေသည်။
“ဒါဆို… ကျွန်မ ဘာလုပ်ပေးရမလဲ”
ကျိယောင်ယွဲ့က မေးလိုက်သည်။
“လေ့ကျင့်ရေးစခန်းထဲ အသစ်ဝင်လာတဲ့ လူတွေကို ခေါ်ယူရမယ်။ အထူးသဖြင့်အဖွဲ့အစည်း တစ်ခုမှ မဝင်ရသေးတဲ့ လူတွေကို အဓိကထားပြီး ခေါ်မယ်။ အားလုံး တန်းတူညီမျှ ဖြစ်တဲ့ အဖွဲ့တစ်ခုကို တည်ထောင်ကြမယ်။ ဘယ်လိုသဘောရလဲ"
ကျိုးဟောင်က ပြုံးကာ ပြောလိုက်လေသည်။
သူ ဒီလိုလုပ်ဖို့ ဆုံးဖြတ်ရသည့်အကြောင်းရင်းမှာ ရိုးရှင်းလေသည်။ ကြေးစားစစ်သား လေ့ကျင့်ရေးစခန်းသို့ လူသစ်များ အမြဲမပြတ် ဝင်လာနေမည်ဖြစ်ပြီး ထိုကဲ့သို့လူသစ်များအတွက် ကိုယ်ပိုင်အဖွဲ့အစည်း တစ်ခုမှာ မဖြစ်မနေ လိုအပ်နေခဲ့သည်။
“ကောင်းပြီ… ဒီလိုဆိုရင် စလုပ်ကြမယ်။ ဒီလိုအလုပ်တွေမှာ ငါ အတွေ့အကြုံရှိတယ်။ အရင်တုန်းက စစ်ဘုရားတပ်ဖွဲ့ကို ငါတည်ထောင်ခဲ့ဖူးတယ်။ ဒါနဲ့ ငါတို့အဖွဲ့ နာမည်ကို ဘာလို့ ခေါ်ကြမလဲ”
လင်းထျန်က မေးလိုက်လေသည်။
“ငွေရောင်ဘုရင် လို့ ခေါ်မယ်”
ကျိုးဟောင်က ခဏ စဉ်းစားပြီးနောက် ပြုံးကာ ပြောလိုက်သည်။
“ငွေရောင်ဘုရင်.. မဆိုး အဲ့နာမည်ကောင်းတယ်။ ကောင်းပြီ ငါ စီစဉ်လိုက်မယ်”
လင်းထျန်က ကျိုးဟောင်ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
ကျိယောင်ယွဲ့ကတော့ မျက်လုံးလှလှလေးများကို မျက်တောင်ခတ်ရင်း ကြည့်နေခဲ့လေသည်။ သူမအတွက် အဖွဲ့စည်းရေးရာလို အလုပ်တွေကို စဉ်းစားရခြင်းထက် တိုက်ခိုက်သတ်ဖြတ်ခြင်းကိုသာ လုပ်ရတာကို ပိုနှစ်သက်သူ ဖြစ်လေသည်။
လင်းထျန်က ချက်ချင်း စီမံခန့်ခွဲမှုများ ပြုလုပ်လိုက်ပြီး မကြာခင်မှာပင် တုံ့ပြန်မှုတွေ ပေါ်လာခဲ့လေသည်။
ပထမအချက်အနေနဲ့ ကျိုးဟောင်တို့ သုံးယောက် နာမည်ကြီးလာခဲ့ခြင်းဖြစ်ပြီး ဒုတိယအချက်ကတော့ 'အားလုံးတန်းတူ' ဆိုသည့် လင်းထျန်၏ ကြေညာချက်ကြောင့် လူအများ ယုံကြည်လာခဲ့ကြသည်။
အခြားအဖွဲ့များထဲ မဝင်နိုင်သော လူအချို့အတွက် ‘ငွေရောင်ဘုရင်ဂိုဏ်း’ ဟာ နောက်ဆုံး အခွင့်အရေး ဖြစ်လာခဲ့သည်။ ရက်အနည်းငယ်အတွင်း လူ နှစ်ဆယ်မှ သုံးဆယ်ခန့် ဝင်ရောက်လာပြီး အဖွဲ့ကို တရားဝင် မှတ်ပုံတင်နိုင်ခဲ့လေသည်။
အဖွဲ့သစ် ဖြစ်လာသည့်အတွက် အခြေစိုက်ဖို့နေရာ တစ်ခု လိုအပ်လာခဲ့လေသည်။ ယခင်က နေထိုင်ခဲ့သော ပျက်စီးနေသည့်အိမ်စုတ်လေးမှာ လုံးဝ မလုံလောက်တော့ပေ။
ကြေးစားစစ်သား လေ့ကျင့်ရေးစခန်းတွင် အခြေစိုက်စခန်း လျှောက်ထားနိုင်သော်လည်း အမှတ် တစ်သောင်း ပေးရမည်ဖြစ်လေသည်။
ကျိုးဟောင်မှာ လက်ရှိတွင် အမှတ် တစ်သိန်းကျော်သာ ရှိလေသည်။ ထိုအမှတ်များအားလုံးကို အသက်အန္တရာယ်ကြားထဲမှ ရယူထားခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ကျိုးဟောင်မှာ အမှတ်ကိုနှမြောမနေဘဲအ ခြေစိုက်စခန်းလေးတစ်ခု လျှောက်ထားလိုက်လေသည်။လျှောက်ထားပြီးနောက် မကြာမီအလယ်အလတ်အရွယ်အစားရှိသော ကာကွယ်ရေးခံတပ်လေး တစ်ခုကို ရရှိခဲ့လေသည်။
“ဒီအမှတ် တစ်သောင်းက တန်လိုက်တာ”
လင်းထျန်တို့ အားလုံး အံ့အားသင့်စွာ ပြောမိလိုက်ကြသည်။
အဖွဲ့မှတ်ပုံတင်ပြီးနောက် ‘ငွေရောင်ဘုရင်ဂိုဏ်း’ သည် တတိယအဆင့် အဖွဲ့အဖြစ် ချက်ချင်း နာမည်ကြီးသွားခဲ့လေသည်။ လူသစ်တစ်ဖွဲ့က ကိုယ်ပိုင်အဖွဲ့ တည်ထောင်ရဲခြင်းဟာ လူဟောင်းတွေတောင် မတွေးရဲသည့် အရာဖြစ်လေသည်။
ဒါဟာ စည်းမျဉ်းတွေကို ချိုးဖောက်ခြင်းဖြစ်ပြီး အဖွဲ့ကြီးများကို တိုက်ရိုက် စိန်ခေါ်လိုက်ခြင်း ဖြစ်လာခဲ့လေသည်။သို့သော် ကျိုးဟောင်တို့က လုံးဝ ဂရုမစိုက်ခဲ့ကြပေ။
တစ်ပတ်အတွင်း ‘ငွေရောင်ဘုရင်ဂိုဏ်း’ သည် လမ်းကြောင်းမှန်ပေါ် တဖြည်းဖြည်း ရောက်လာခဲ့သော်လည်း ဖြေရှင်းရမည့် ပြဿနာ နှစ်ခု ရှိနေဆဲဖြစ်သည်။
ပထမအချက်မှာ အမှတ်များစုဆောင်းသည့်ကိစ္စ ဖြစ်ပြီး ဒုတိယအချက်မှာ အင်အားကြီးသူများ နည်းပါးခြင်း ဖြစ်လေသည်။
ကျိုးဟောင်က ဂိုဏ်းခေါင်းဆောင် ဖြစ်ပြီး ကျိယောင်ယွဲ့နှင့် လင်းထျန်တို့က ဒုခေါင်းဆောင်များ ဖြစ်ကြသည်။ သို့သော် စီမံခန့်ခွဲရေး အားလုံးကို လင်းထျန်တစ်ယောက်တည်းက ကိုင်တွယ်နေရလေသည်။
“ကျွန်တော်တို့ အဖွဲ့ထဲမှာ အင်အားကြီးပညာရှင်တွေ နည်းလွန်းတယ်။ ကျန်တဲ့သူတွေ အားလုံးက သူတော်စင်ဘုံ တတိယအဆင့်အောက်တွေချည်းပဲ။ ဒုတိယအဆင့် အဖွဲ့တွေမှာတော့ ၆ဆင့်မြောက်သူတော်စင်ဘုံပညာရှင် သုံးယောက်တောင် ရှိတယ်”
လင်းထျန်က အခြေအနေကို ရှင်းပြလိုက်သည်။ကျိုးဟောင်ကလည်း ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလိုက်သည်။
“အခုအချိန်မှာ အများကြီး မစဉ်းစားတော့ဘူး။ အရေးကြီးဆုံးက အမှတ်ပြဿနာပဲ။ ဒီလိုလုပ်မယ်ငွေရောင်ဘုရင်ဂိုဏ်းဝင် အားလုံးကို တောရိုင်းတိရစ္ဆာန် ဖမ်းဆီးရေးမစ်ရှင် ပေးမယ်။ အမှတ်ကို ပုံမှန်ထက် နှစ်ဆပိုပေးမယ်”
“ဒါပေမယ့်… မသတ်ရဘူး။ အသက်ရှင်လျက် ဖမ်းလာရမယ်။ ဖမ်းမိလာတာအကုန်လုံးကိုလည်း ကျွန်တော့်ဆီ အပ်ရမယ်"
ကျိုးဟောင်က ပြုံးကာ ပြောလိုက်သည်။
အမှတ်ပြဿနာက သူ့အတွက် လွယ်ကူလွန်းလေသည်။ သူ့တွင် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ် ရှိနေသောကြောင့် တောရိုင်းတိရစ္ဆာန်များကို သတ်ရုံဖြင့် ကံကြမ္မာအမှတ်များ ရရှိနိုင်လေသည်။ ထိုအမှတ်များဖြင့် လျှို့ဝှက်ဆန်းကြယ်သေတ္တာများ ဖွင့်လှစ်နိုင်လေသည်။ဒါ့အပြင် သူ့အနေဖြင့်ကိုယ်ခန္ဓာပုံသွင်းရည်များကို ရောင်းချနိုင်သေးလေသည်။
“ဘာလုပ်မလို့လဲ...”
လင်းထျန်နဲ့ ကျိယောင်ယွဲ့တို့ နားမလည်စွာ မေးလိုက်ကြသည်။
“ကျွန်တော့်မှာ ကိုယ်ပိုင်အစီအစဉ် ရှိတယ်”
ကျိုးဟောင်က ပြုံးကာ ပြောလိုက်ပြီး ထပ်မရှင်းပြတော့ပေ။
မကြာခင်မှာပင် မစ်ရှင်များ ထုတ်ပြန်ခဲ့ပြီး အမှတ် နှစ်ဆရမည်ဆိုသဖြင့် ငွေရောင်ဘုရင်ဂိုဏ်းဝင်များ အားလုံး စိတ်အားထက်သန်စွာ လှုပ်ရှားလာကြသည်။
ရက်အနည်းငယ်အတွင်း တောရိုင်းတိရစ္ဆာန် အများအပြားကို ဖမ်းဆီးလာခဲ့ကြပြီး ကျိုးဟောင်က ကိုယ်တိုင် သတ်ဖြတ်ကာ ကံကောင်းမှုအမှတ်များ ရယူလိုက်သည်။ ထို့နောက် နတ်မိမယ်ယွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်ခန်း၌ လက်ဆောင်ပစ္စည်းများလဲလှယ်သည့်အပြင် ပလက်တီနမ် သေတ္တာများကိုလည်း ဖွင့်လိုက်လေသည်။
ထိုသို့လုပ်ခြင်းဖြင့် ကျိုးဟောင်မှာ ခန္ဓာကိုယ်ပုံသွင်းရည် တစ်ရာခန့်ကိုစုဆောင်းနိုင်ခဲ့ပြီး ပြန်လည်ရောင်းချရန် ပြင်ဆင်လိုက်လေသည်။
“ဒီဟာ… တကယ် ရောင်းလို့ရမှာလား”
လင်းထျန်နှင့် ကျိယောင်ယွဲ့တို့ မယုံကြည်သလို မေးမိလိုက်ကြသည်။
“သုံးကြည့်ရင် သိလိမ့်မယ်”
ကျိုးဟောင်က ရယ်မောကာ ပြောလိုက်သည်။
လင်းထျန်နဲ့ ကျိယောင်ယွဲ့တို့ သုံးကြည့်ပြီးနောက် ကိုယ်ထဲမှ သွေးအညစ်အကြေးများ သန့်စင်ခံလိုက်ရသလို ခံစားရပြီး အံ့အားသင့်သွားကြလေသည်။
“အရမ်းကောင်းတယ်။ ဒါ..ဒါကို ချက်ချင်း ရောင်းရအောင်”
လင်းထျန်က ချက်ချင်း ဆုံးဖြတ်လိုက်သည်။
သူတို့သည် မီးခိုးဝံပုလွေ အဖွဲ့ပိုင် တပတ်ရစ်ဈေးကွက်တွင် ဆိုင်ခန်း တစ်ခု ငှားလိုက်ကြလေသည်။ ထိုအခန်းများသည်တစ်နှစ် အသုံးပြုခွင့်အတွက် အမှတ် တစ်ထောင်အပြင် လစဉ် စီမံခန့်ခွဲခ အမှတ်တစ်ထောင်ပါ ပေးရလေသည်။
ဈေးကြီးသော်လည်း အာမခံရှိသဖြင့် သူတို့ လက်ခံလိုက်ကြသည်။ မီးခိုးဝံပုလွေအဖွဲ့အစည်းက မဟုတ်ဘဲ ကိုယ်တိုင် ရောင်းချခွင့်မပြုသဖြင့် ထိုကဲ့သို့စီစဉ်ခဲ့ရခြင်းဖြစ်လေသည်။
ထိုနည်းဖြင့် ငွေရောင်ဘုရင်ဂိုဏ်း၏ လမ်းကြောင်းသစ် တစ်ခု စတင်ပွင့်လင်းလာခဲ့လေသည်။
....................................................................................
အခန်း (၈၅၄) ပြီးပါပြီ။
--