ပို၍သန်မာလာခြင်း
Vol. 51 Ch. 751
တကယ်လို့ဒီလိုနည်းပညာသာမကောင်းတဲ့သူတွေလက်ထဲရောက်သွားပါက သက်ရှိအားလုံးမှာအဓမ္မသတ်ဖြတ်ခံရပြီး ချက်ချင်းအစဖျောက်ခံရမည်ဖြစ်လေသည်။
ဒီပစ္စည်းကအသွားနှစ်ဖက်ပါသောဓားနှင့်ဆင်တူပြီးကောင်းကျိုးဆိုးကျိုးဒွန်တွဲနေလေသည်။ သို့သော်လည်း အခွင့်ရေးရသလောက် ကျိုးဟောင်မှာထိုနည်းပညာအားလေ့လာပြီး ကမ္ဘာမြေပေါ်သို့ပြန်ယူသွားချင်လေသည်။ ကမ္ဘာဂြိုလ်မှာခေတ်မှီတိုးတက်သောလူနေထိုင်မှုစနစ်အားလိုအပ်ပေသည်။
ခဏလောက်မှင်တက်ပြီးနောက်ဂျော့ခ်ျမှာလည်းအသိပြန်၀င်လာခဲ့လေသည်။ အင်းစက်အဖွဲ့ခေါင်းဆောင်ကျဆုံးသွားပြီးနောက်အခြားလက်အောက်ခံအင်းစက်တပ်သားများမှာ တိုက်ခိုပ်ချက်တစ်ချက်ကိုတောင်တောင့်ခံမထားနိုင်တော့ပေ။
ဒါဇင်နှင့်ချီသောရိတ်သိမ်းစက်များမှာ အင်းစက်တို့၏အသက်များကိုနှုတ်ယူသွားခဲ့လေသည်။ လမ်းများမှာလည်းချက်ချင်းသန့်ရှင်းသွားပြီးသွေးသံရဲရဲတိုက်ပွဲတခုမရှိခဲ့သည့်ပမာဖြစ်သွားလေသည်။ ကျိုးဟောင်လည်းထိုမြင်ကွင်းကိုကြည့်ပြီး ဆုံးဖြတ်ချက်ပိုမိုပြတ်သားလာခဲ့လေသည်။
"ကဲပြီးသွားပြီ ဒီစောက်အင်းစက်တွေဘာလာလုပ်တာလဲငါသိချင်မိတယ်"
အသက်လတ်အရွယ်လူကြီးကပြောလာလေသည်။ဒီဂြိုလ်ပေါ်တွင်လူသားနှင့်သားရဲများကြားတိုက်ပွဲကရယ်စရာကောင်းလှပေသည်။ အဘယ့်ကြောင့်ဆိုသော်ဒီဂြိုလ်၏နည်းပညာများနှင့် နေထိုင်မှုမှာအလွန်ခေတ်မှီလှပေသည်။ သားရဲများအနေဖြင့်မည်မျှပင်တိုးတက်ပြောင်းလဲလာပါစေ လူသားမျိုးနွယ်အားယှဉ်နိုင်မည်မဟုတ်ပေ။
"တကယ့်ကိုသနားစရာကောင်တွေပဲ။ နောက်တကြိမ်ဘာတွေထပ်ဖြစ်လာဦးမလဲမသိတော့ပါဘူး"
အသက်ငယ်ငယ်နှင့်အမျိုးသမီးလေးကသနားနေသောအမူအရာဖြင့်ပြောလာလေသည်။
ထိုစကားများကိုကြားသောအခါကျိုးဟောင်မှာ ဒီဂြိုလ်မှာသူထင်ထားသည်ထက်ပိုပြီးစိတ်ထားပြင်းထန်သည်လို့ခံစားမိလာလေသည်။ ယခုကဲ့သို့ခေတ်ရှေ့ပြေးနေသောနည်းပညာမြင့်ပစ္စည်းများဖြင့်လူသားများမှာ ဘယ်အရာကိုမှကြောက်သည့်ပုံမပေါ်ပေ။
ကမ္ဘာဂြိုလ်ပေါ်တွင်တော့ တိုက်ပွဲတစ်ခုပြီးတိုင်းမရေမတွက်နိုင်သောပညာရှင်များနှင့်အရပ်ဖက်ပြည်သူများသေဆုံးကြရလေသည်။တကယ့်ကိုတိုးတက်ပြီးကောင်းမွန်သောနေထိုင်မှုစနစ်ကလူတွေအားလုံခြုံမှုပေးနိုင်လေသည်။
"ငါတို့တွေခဏလောက်တော့စောင့်ဖို့လိုမယ် ဒီသားရဲတွေအနေနဲ့ဆင့်ကဲပြောင်းလဲဖို့ဆိုရင် အချိန်အနည်းငယ်နဲ့အခြေအနေတခုလောက်ထိလိုအပ်တယ်"
ဒီနေရာရှိလူများမှာသေရေးရှင်ရေးနှင့်တခါမှမတွေ့ကြုံဖူးလောက်ပေ။ သူတို့အနေဖြင့်နောက်ဖြစ်လာမည့်အရာအတွက်ကိုပင်အေးဆေးဆွေးနွေးနေကြလေသည်။
တိုက်ပွဲပြီးသွားသည်ကိုမြင်တော့မှကျိုးဟောင်လည်းအနားယူဖို့နေရာအားရှာဖွေလေသည်။
ဝုန်း...ဝုန်း....
အလွန်ကျယ်လောင်သောအသံကြီးကြောင့်ကျိုးဟောင်တောင်ထွက်ပြေးမိမလိုဖြစ်သွားလေသည်။ မြေပြင်မှာလည်း မက်ဂနီကျုစ် ၉လောက်ရှိသောငလျင်ကြီးတခုလှုပ်နေသည့်အလားတုန်ခါနေလေသည်။
ခုနကအေးအေးလူလူဆွေးနွေးနေကြသောလူတစုမှာလည်းချက်ချင်းထိတ်လန့်သွားကြလေသည်။တခုခုမှားယွင်းနေပြီလို့သူတို့ခံစားမိကြလေသည်။
"လခွမ်း ဘာကြီးလဲ"
"ငလျင်လား။ ဘာလို့သတိပေးချက်ထွက်မလာတာလဲ"
"ငါတော့ငလျင်လို့မထင်ဘူး"
လူတိုင်းကအဆက်မပြတ်ပြောဆိုနေကြလေသည်။ လက်ရှိတွင်မြေပြင်မှာအလွန်အမင်းတုန်ခါနေသောကြောင့်လုံခြုံသောနေရာသို့သွားရန်လိုအပ်လေသည်။
ကံကောင်းစွာဖြင့်ဒီနေရာရှိအဆောက်အအုံများမှာကောင်းကင်ဥယျာဉ်ပမာဖြစ်နေပြီး မြေပြင်နှင့်အနည်းငယ်ခွာပြီး တည်ဆောက်ထားခြင်းဖြစ်လေသည်။
တဆင့်ပြီးတဆင့်သေချာဆောက်လုပ်ထားပြီး လေထဲမျောလွင့်နေဟန်အဆောက်အအုံများက ငလျင်လှုပ်လာရင်တောင်မှစိုးရိမ်စရာမရှိပေ။
"ဒါကသန္ဓေပြောင်းစပါးအုံးမြွေပဲဖြစ်မယ်"
ဖား၏အသံကတည်ကြည်စွာထွက်လာလေသည်။
ထိုစပါးအုံးမြွေကြောင့်ဖြစ်သောရုန်းရင်းဆန်ခတ်အခြေအနေမှာပြင်းထန်လေသည်။ ထိုမြွေကြီးက ကမ္ဘာပေါ်ရှိအုပ်စိုးရှင်သားရဲအဆင့်နှင့်ညီပေသည်။
သာမန်စပါးအုံးမြွေတကောင်က အဘယ့်ကြောင့်အလွန်စွမ်းအားကြီးသောအရာအဖြစ်ပြောင်းလဲသွားရပါသနည်း။
အကြောင်းမှာ၎င်းနေထိုင်သောဘေးပတ်၀န်းကျင်အခြေအနေကြောင့်ဖြစ်နိုင်ပေသည်။ လူသားများ၏နေထိုင်မှုအဆင့်အတန်းမြင့်မားလာခြင်းကြောင့်သာ ဒီသားရဲများ၏သတ်ဖြတ်ခြင်းကိုမခံရခြင်းဖြစ်ပေသည်။
ဖား၏စကားကိုကြားသောအခါကျိုးဟောင်လည်းငလျင်မဟုတ်မှန်းသဘောပေါက်သွားလေသည်။အစောပိုင်းက သန္ဓေပြောင်းအင်းစက်များကိုတိုက်ခိုက်လိုက်ခြင်းက ဒီမြွေကြီးအားလှုပ်နှိုးလိုက်သလိုဖြစ်သွားလေသည်။
ဒီစပါးအုံးမြွေကြီး၏အရွယ်အစားမှာသာမန်မဟုတ်ကြောင်းကိုအပျက်အစီးများအားကြည့်ရင်းသိနိုင်ပေသည်။ ကံကောင်းစွာဖြင့်ကျိုးဟောင်တို့မှာမြို့အလယ်တွင်မဟုတ်ဘဲမြို့အပြင်ဘက်ရောက်နေလေသည်။
စပါးအုံးမြွေကြီးပေါ်ပေါက်လာသည်နှင့် မြေပြင်တခုလုံးမှာဆွဲလှန်ခံလိုက်ရသလိုဖြစ်သွားပြီး မြေပြင်ပေါ်ရှိလူများမှာလည်း မြေပြင်တွင်ပေါ်လာသောတွင်းထဲသို့ပြုတ်ကျကုန်လေသည်။
သို့သော်မယုံကြည်နိုင်ဖွယ်ကောင်းသောမြင်ကွင်းတခုအားမြင်လိုက်ရလေသည်။ ကြီးမားသောတွင်းပေါက်ကြီးမှာမြေပြင်ပေါ်တွင်ပေါ်ပေါက်လာခဲ့သော်လည်း မြေသားကတဖြေးဖြေးပြန်လည်ကောင်းမွန်လာပြီးတွင်းပေါက်ကြီးအားပြန်ပိတ်သွားစေလေသည်။
ဒါ့အပြင်ပြုတ်ကျသွားသော လူများကိုလည်း အလွန်အားကောင်းသောဆွဲအားတခုက အသာအယာပြန်လည်သယ်ဆောင်လာပြီး အထိအခိုက်အနာတရမဖြစ်စေခဲ့ပေ။ဒီဂြိုလ်ပေါ်ရှိအရာအားလုံးမှာ ပြုပြင်ပြောင်းလဲခြင်းခံထားရလေသည်။
ယခုလိုအလွန်စွမ်းအားကြီးသောလူနေထိုင်မှုစနစ်ကိုမြင်လိုက်ရသောအခါကျိုးဟောင်မှာပိုပြီး မနာလိုဖြစ်မိလေသည်။
ကမ္ဘာဂြိုလ်ပေါ်တွင်ယခုလိုဖြစ်ခဲ့ပါက မရေမတွက်နိုင်သောသေကြေပျက်စီးမှုများဖြစ်စေပြီး တွင်းပေါက်ထဲသို့ပြုတ်ကျသွားသူများမှာလည်း အသက်ရှင်နိုင်ခွင့်မရှိတော့ပေ။
"အရာရှိများဆီသို့အထွတ်အထိပ်ဗုံးအားအသုံးပြုခွင့်တောင်းခံပါရစေ။ လက်ရှိကျုပ်တို့မှာ မဖော်ပြနိုင်လောက်အောင်စွမ်းအားကြီးသောရန်သူနှင့်ရင်ဆိုင်နေရပါပြီ"
မြို့၏အကဲဖြတ်စက်မှာလည်း စပါးအုံးမြွေကြီး၏ စွမ်းအားကိုအကဲမဖြတ်နိုင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော်မြွေကြီးမှာ ၎င်းတို့တိုင်းတာနိုင်သည့်ဘောင်ထက်ကျော်လွန်နေလေသည်။
ကျိုးဟောင်လည်းရုတ်တရက်ဖား၏စကားကိုပြန်သတိရသွားပြီး ဒီမြွေကြီးမှာသာမန်စပါးအုံးတကောင်အဖြစ်ကိုပြန်သတိရသွားလေသည်။ ပြောရလျှင် ဒီမြွေကြီးမှာသူတို့ဂြိုလ်ဆရာသခင်အဆင့်လောက်သာရှိပေသည်။
လက်ရှိမြို့တခုလုံးမှာမြွေကြီးအားဖော်မပြနိုင်သောစွမ်းအားအဖြစ်သတ်မှတ်လိုက်ကြလေသည်။ သူတို့၏မျက်နှာများတွင်လည်းအနည်းငယ်သွေးပျက်နေမှုများကိုတွေ့ရလေသည်။
သို့သော်လုံး၀ကြီးသွေးပျက်ထိတ်လန့်မျိုးတော့မဟုတ်ပေ။ သူတို့၏ခေတ်မှီနည်းပညာများအားယုံကြည်ကြပြီး ဒီလိုအမည်မသိစွမ်းအားကြီးအရာမျိုးကိုတောင်ကြောက်လန့်မနေပေ။သူတို့အားလုံးရင်တုန်နေကြသော်လည်းကြောက်လန့်တကြားထွက်မပြေးကြပေ။
"ဝိုး...နောက်ဆုံးတော့စိတ်လှုပ်ရှားစရာတခုပေါ်လာပြီ"
"ဟားဟား ငါတို့တော့ တကယ်ကောင်းတဲ့တိုက်ပွဲတခုကိုမြင်ရတော့မယ်"
ခဏလောက်သွေးပျက်သွားပြီးနောက်လူတိုင်းမှာစိတ်လှုပ်တရှားပြောဆိုလာကြလေသည်။
ဒီလူများမှာတကယ့်ကိုအစွန်းရောက်ကြပေသည်။ ဒီလိုအပျက်အစီးများကြားထဲတွင် လက်များမြှောက်ကာ စိတ်အားထက်သန်နေသောလူများကိုကြည့်ရင်း ကျိုးဟောင်တယောက်မျက်လုံးပြူးသွားရလေသည်။
....................................................................................