← Chapters

ထွက်ခွာခြင်း မုန့်ခါလာတောင်တန်းများဆီသို့

Vol. 50 Ch. 748

ထွက်ခွာခြင်း မုန့်ခါလာတောင်တန်းများဆီသို့

Vol. 50 Ch. 748

အကယ်၍ဖားသတိပေး၍မဟုတ်ပါက သူ့ရှေ့ရှိရွှေရောင်ဆံပင်၊ မျက်လုံးအစိမ်းရောင်နှင့်အမျိုးသမီးအား တကယ့်လူသားတစ်ယောက်ဟု ထင်မိမည်ဖြစ်သည်။

ကျိုးဟောင်၏အမူအရာမှာရုတ်တရက် အလွန်ရုပ်ဆိုးသွားခဲ့သည်။

သူသည်ယခုလို အထင်မှားမိလိမ့်မည်ဟုမထင်ထားခဲ့ပေ။

ဤမိန်းမလှလေးသည်စက်ရုပ်ဟုသူတကယ်ပင် မသိခဲ့‌ပေ။ အရေးကြီးဆုံးမှာ သူမသည်အလွန်အစစ်အမှန်ဆန်ပြီး တကယ့်လူသားအစစ်လိုပင်ဟန်ဆောင်လို့ရပေသည်။

ဂျက်ခ်ဂျွန်မှာ ခိုးပြုံးလိုက်သည်။ လူအများစုမှာပထမဆုံးရောက်လာချိန်တွင် ဤစက်ရုပ်များကြောင့်ရှုပ်ထွေးသွားကြပေသည်။

အချိူ့လူများမှာစက်ရုပ်များအား ညစာပင်ဖိတ်ကျွေးကြကာ သူတို့ဘဝတစ်လျှောက်လုံး ဤစက်ရုပ်များကိုသာချစ်ပါမည်ဟု ကတိကဝတ်များပင်ပြုကြသေးပေရာ ယခုလိုဖြစ်သည်မှာပထမဆုံးအကြိမ်မဟုတ်တော့ပေ။

ဤနူးညံ့ပုံရသောကောင်လေးမှာ သဲလွန်စများအားဤမျှလျင်မြန်စွာရှာတွေ့သွားမည်ဟု သူမထင်ထားခဲ့ပေ။

ဂျော့ချ်မှာ သူ့ရှေ့ရှိမိန်းမလှလေးသည်စက်ရုပ်တစ်ရုပ်ဖြစ်ကြောင်း သိပင်မသိသေး‌ပေရာ သူမအားသူ့ဘက်မှစပြီးစကားပြောရန်ပင်ပြင်နေပေသည်။ သူမသည်ချစ်စဖွယ်ကောင်းသောမျက်နှာလေးနှင့် ခပ်မိုက်မိုက်ခန္ဓာကိုယ်အားပိုင်ဆိုင်ထားပေသည်။

ယောက်ျားများမှာ အားလုံးဤအရာအားကြိုက်ကြပေသည်။

ကျိုးဟောင်မှာ ဂျော့ချ်၏အရူးအမူးဖြစ်နေသောပုံစံအားကြည့်ပြီးပြုံးလိုက်သည်။

ကြည့်ရသည်မှာ ယခုလိုအဆင့်နိမ့်အမှားအားလုပ်ခြင်းသည် သူတစ်ယောက်တည်းဟုတ်ပုံမပေါ်ပေ။

"ကျွန်တော်စက်ရုပ်တွေကိုသဘောကျတယ်လေ အဲဒါဘာဖြစ်လို့လဲ"

ကျိုးဟောင်မှာစိတ်ထဲတွင်မည်မျှတွေးနေသည်ဖြစ်စေ အပြင်ဘက်တွင်ခေါင်းမာစွာခွန်းတုံ့ပြန်ဆဲပင်ဖြစ်သည်။

အကယ်၍ သူယခုတစ်ကြိမ်တွင်အမှားအားဝန်ခံလိုက်ပါက နောက်တွင်အမြဲတမ်းဤဖားရုပ်ဆိုးထံမှကဲ့ရဲ့ခံရတော့မည်ဖြစ်သည်။

သူတစ်ခါရှုံးနိမ့်သွားသည်နှင့် ဖားမှာသူ့အားအမြဲတမ်းလှောင်ပြောင်နေမည်ဖြစ်သည်။

ဖားမှာကျိုးဟောင်အားကြည့်ပြီး တကယ်ပင်ပြောစရာစကားမဲ့နေခဲ့သည်။

အကယ်၍ကျိုးဟောင်၏အကြိုက်မှာ ယခုလိုပုံမျိုးဆိုပါက သူလည်းဘာမှမတတ်နိုင်ပေ။

စက်ရုပ်များအားသဘောမကျရန် ကျိုးဟောင်အားဖိအားပေးလို့လည်းမရပေ။ စက်ရုပ်များအားသဘောကျသူမှာများစွာရှိပြီး ကျိုးဟောင်တစ်ယောက်တည်းမဟုတ်ပေ။

"သွားကြစို့ အချစ်ရူးလေး မင်းကစက်ရုပ်ကိုတောင်ကြိုက်တာပဲ"

ကျိုးဟောင်မှာဂျော့ချ်၏သိက္ခာမရှိသောပုံအားကြည့်ကာပြောလိုက်သည်။

သူအမှန်တရားအားသိထားချိန်တွင် အခြားသူများမသိသေးသည်ကိုမြင်နေရသည့်ပျော်ရွှင်မှုအား ကျိုးဟောင်နောက်ဆုံးတွင်နားလည်သွားခဲ့သည်။

ဖားမှာအမြဲတမ်းသူ့အားဘာကြောင့် ယခုလိုခြိမ်းခြောက်နေရသလဲဆိုသည့်အချက်ကိုလည်း နားလည်သွားခဲ့သည်။

၎င်းမှာအမှန်တရားအားသိထားပါလျက်နှင့် သူ့အားချက်ချင်းမပြောဘဲ နောက်ဆုံးကျမှထုတ်ပြောပြီး အရူးလုပ်လိုခြင်းပင်ြဖစ်သည်။

ယခုအချိန်တွင် ကျိုးဟောင်မှာထိုသို့လုပ်ရသည့်ပျော်ရွှင်မှုအားခံစားလိုက်ရပြီဖြစ်သည်။

ရှေ့ရှိစက်ရုပ်အားကြည့်ရင်းဂျော့ချ်၏အပြာရောင်မျက်လုံးများမှာ မယုံကြည်နိုင်သလိုပြူးကျယ်နေခဲ့သည်။ ဤစက်ရုပ်တွင်ခံစားမှု ၇ခုနှင့် လိုအင်ဆန္ဒ၆ခုရှိနှင့်ပြီးသားဖြစ်ပေရာ မျိုးပွားနိုင်သည့်စွမ်းရည်ပင်ရှိပေသည်။

ကျန်းလော့ဂြိုဟ်ပေါ်ရှိစက်ရုပ်များတွင်လည်း ခံစားချက်များရှိသော်ငြား ဤနေရာရှိစက်ရုပ်များနှင့်ယှဥ်ပါက၎င်းတို့မှာပို၍စက်ရုပ်ဆန်ပေသည်။ မျက်နှာပေါ်ရှိအပြုံးများပင်အလွန်သမာရိုးကျဆန်လှသည်။

သူ့ရှေ့တွင်ရှိနေသော မျက်လုံးများမှာအလွန်တောက်ပနေပြီး အလွန်ဆွဲဆောင်မှုရှိသည့်စက်ရုပ်နှင့်မတူပေ။

ဂျော့ချ်မှာတည်ငြိမ်သောအမူအရာဖြင့် သေချာအကဲဖြတ်ပြီးနောက်ယခင်ကလိုပင် တူညီသည့်သုံးသပ်ချက်သာပြန်ရပေသည်။

ဤအရာသည်တကယ့်လူတစ်ယောက်နှင့်ကွာခြားမှုမရှိပေ။ ကျိုးဟောင်မှာ ဘာကြောင့်တစ်ဖက်လူအားစက်ရုပ်ဟုပြောနေရသလဲဆိုသည်ကို သူနားမလည်ပေ။

"ငါအရမ်းအားကျတာပဲ သူကဒီလောက်လှတဲ့မိန်းကလေးကို တကယ်တမ်းကျစက်ရုပ်တဲ့လား"

ဂျော့ချ်မှာ မနားတမ်းတတွတ်တွတ်ရေရွတ်နေခဲ့သည်။

သူသည်အတွေ့အကြုံရှိပြီး ဗဟုသုတများသည့်လူဟုပြောလို့ရပေသည်။ ထို့အပြင်ခေတ်မှီနည်းပညာများစွာကိုလည်းမြင်ဖူးပေရာ ဘယ်နှစ်ကြိမ်ကြိမ်ကြည့်ကြည့် ဤအရာအားတကယ့်လူတစ်ယောက်ဟုသာခံစားမိပေသည်။

ကျိုးဟောင်မှာသူ့အားရှင်းပြချင်စိတ်ပင်မရှိတော့‌ဘဲ ဤစက်ရုပ်၏နှလုံးသားမှာအသက်ရှင်နေသောလူတစ်ယောက်ထံမှထုတ်ယူလာသလားဟုပင်သံသယဝင်လာခဲ့သည်။ မဟုတ်ပါက ၎င်းတွင် ဘာကြောင့်သာမန်နှလုံးခုန်သံနှင့် သာမန်နှလုံးရှိမည်နည်း။

ထိုကိစ္စအားတွေးရင်း အနည်းငယ်ကြောက်ရွံ့လာခဲ့သည်။ ခေတ်မှီနည်းပညာရှိသည့်ထိုရူးသွပ်နေသောလူများမှာ ဘာမဆိုလုပ်နိုင်စွမ်းရှိပေသည်။

အကယ်၍သူတို့သာတကယ့်လူအစစ်နှင့်တူသောစက်ရုပ်လိုချင်ပါက သူတို့သည်အမြဲတမ်းလူသားများအားလေ့လာနေမည်ဖြစ်ပေရာ နှလုံးအစားထိုးမှုလောက်ဆိုပါကပြောနေစရာပင်မလိုတော့ပေ။

"ဆရာ ကျေးဇူးပြုပြီး ငွေပေးချေပေးပါ"

ရွှေရောင်ဆံပင်နှင့် အစိမ်းရောင်မျက်လုံးရှိသည့်စက်ရုပ်မှာဖော်ရွေစွာပြုံးရင်းပြောလာခဲ့သည်။

ကျိုးဟောင်တို့အဖွဲ့မှာမှင်တက်သွားကြသော်ငြား သူ့ပုံစံမှာလုံးဝကျေနပ်ပုံမပေါ်ပေ။ သူ့မျက်နှာပေါ်ရှိအပြုံးမှာအမြဲတမ်းယခုလိုပုံစံသာဖြစ်ပုံပေါ်သည်။

ကျိုးဟောင်မှာ ချစ်ပ်ပြားတစ်ခုအားထုတ်ကာကတ်ဖြတ်ပေးလိုက်ရာ ချက်ချင်းပင်စကြဝဠာဒင်္ဂါး ၁၂၈ပြားအားနှုတ်ယူသွားခဲ့သည်။

"တကယ်လို့မင်းမသွားရင် ငါသွားတော့မယ် လှတဲ့မိန်းမတွေကကြည့်ကောင်းပေမဲ့ တာဝန်တွေကပိုအရေးကြီးတယ်"

ကျိုးဟောင်မှာပြောရင်းလှည့်ထွက်သွားခဲပြီး ဂျော့ချ်အားရပ်စောင့်နေလိုသည့်ရည်ရွယ်ချက်မျိုးမရှိပေ။

ယခုလိုအချစ်ရူးတစ်ယောက်နှင့်ခရီးအတူသွားရသည်ကို ကျိုးဟောင်မှာရှက်ရွံ့နေပေသည်။

ဂျော့ချ်မှာအဝေးရောက်သွားပြီဖြစ်သော ကျိုးဟောင်အားကြည့်ကာနောက်မှလျင်မြန်စွာလိုက်လာခဲ့သည်။ သူထိုနေရာမှမခွာနိုင်ခြင်းသည်နှာဘူးကျ၍မဟုတ်ဘဲ သူ့မျက်စိရှေ့ရှိဤမိန်းမမှာစက်ရုပ်ဖြစ်နိုင်ပါ့မလားဆိုသည့်အချက်အား သိချင်၍သာဖြစ်သည်။

ထို့အပင် ပိုပြီးအံ့သြစရာကောင်းသည့်ကိစ္စမှာ ဤဂြိုဟ်ပေါ်ရှိနည်းပညာမှာကျန်းလော့ဂြိုဟ်ပေါ်ရှိနည်းပညာထက်ပင်ပို၍တိုးတက်နေခြင်းဖြစ်သည်။ သူဘယ်နေရာကိုသွားသွား ကိုယ်ယောင်ဖျောက်ထားသည့်လူတစ်ယောက်က သူ့နောက်လိုက်နေသလိုပင် လျှို့ဝှက်ချက်လုံးဝမရှိပေ။

"ကျိုးဟောင် အဲဒီနေရာကိုကြည့်လိုက် အဲဒါဘာလဲဆိုတာငါမသိဘူး ဒါပေမဲ့ဒါကတကယ်ကိုအတက်အကျလှိုင်းတွေထုတ်ပေးနိုင်တယ်"

ဂျော့ချ်မှာ မီတာတစ်သောင်းအကွာအဝေးရှိ နေရာလွတ်ထဲတွင်ရှိနေသည့်ကြီးမားသောဘောလုံးတစ်လုံးအားညွှန်ပြကာပြောလိုက်သည်။

အောက်တွင်၎င်း၏အလေးချိန်အားခံနိုင်ရည်ရှိသည့်မည်သည့်အရာမျိုးမှမရှိပေရာ ၎င်းမှာလေပေါ်တွင်မျောနေသလိုပင်။

"ဒါက အာကာသဥယျာဥ်နဲ့ နည်းနည်းဆင်တယ် ကြည့်ရတာဒါကိုဒီဂြိုဟ်‌ပေါ်မှာ သိထားကြပြီးသားထင်တယ်"

ကျိုးဟောင်မှာတီးတိုးရေရွတ်လိုက်သည်။

အာကာသဥယျာဥ်မှာ ကမ္ဘာဂြိုဟ်ပေါ်ရှိလူတိုင်း၏ အိပ်မက်ဖြစ်ပြီး ထိုအရာအားသူ့မျက်စိဖြင့်ကိုယ်တိုင်မြင်ရမည်ဟုမထင်ထားခဲ့ပေ။ ကျိုးဟောင်တို့မှာမည်သည့်အလေးချိန်မျှရှိပုံမရသည့်အလွန်ကြီးမားသောဘောလုံးကြီးအားကြည့်နေကြပေသည်။

သူတို့နှစ်ယောက်၏ပုံစံမှာယခုမှမြို့ရောက်ဖူးတော့ တောသားများပမာပင်။ လမ်းလျှောက်ရင်းအချင်းချင်းဟိုဟိုဒီဒီိလက်ညှိုးညွှန်ပြကာ တစ်ခါတရံပါးစပ်မှလည်းအံ့သြသည့်အသံများထွက်နေပေသည်။ ဤဂြိုဟ်ပေါ်ရှိလူများမှာ သူတိူ့နှစ်ယောက်၏ပုံစံအားစပ်စုလိုသည့်ဟန်များဖြင့်ကြည့်နေကြပေသည်။

သူတို့၏မျက်လုံးထဲတွင် ဤအရာများမှာသာမန်ပင်ဖြစ်ကာ ထူးဆန်းနေတာဘာမှမရှိပေ။

သူတို့သည်လမ်းပေါ်တွင်လျှောက်သွားနေသည့် ကျိုးဟောင်နှင့်ဂျော့ချ်အားစောင့်ကြည့်နေပေသည်။ သူတို့နှစ်ယောက်သည်ယခုလိုအရာများအား ယခင်ကတစ်ခါမှမမြင်ဖူးသည့်အလား ရံဖန်ရံခါအလွန်အံ့သြနေဟန်များမှာ မျက်နှာထက်တွင်ပေါ်လွင်နေပေသည်။

သူတို့နှစ်ယောက်၏ဝတ်စားပုံးမှာလည်း သူတို့နှင့်ကွဲပြားနေ‌ပေသည်။ အထူးသဖြင့် အမဲရောင်ဆံပင်နှင့်ဝါဝင်းသည့်အသားအရည်ရှိသောကျိုးဟောင်မှာ အလွန်ကွဲပြားနေပေသည်။ သူ့ပုံစံမှာသူတို့နှင့်အလွန်ကွာခြားလှပေသည်။

သူတို့အားလုံးသည် အဝါရောင်ဆံပင်နှင့်အစိမ်းရောင်မျက်လုံးများရှိကြပြီး ကျိုးဟောင်ဘေးရှိဂျော့ချ်မှာလည်းသူတို့နှင့်အတော်လေးဆင်တူပေသည်။ သူတို့အားလုံးမှာအရပ်ရှည်ကြပြီး အပြာဖျော့ရောင်မျက်လုံးများရှိကြပေသည်။

၎င်းတို့၏ကျိုးဟောင်အားအံ့သြတကြီးကြည့်နေပုံမှာ အခြားဂြိုဟ်မှရောက်လာသည့်ဂြိုဟ်သားတစ်ယောက်အားကြည့်နေသလိုပင်။

ထိုကြီးမားသောမိသားစုများမှာဆင်းသက်လာသူများသာ ကျိူးဟောင်နှင့်တူမည်ဖြစ်သည်။ မိသားစုကြီးများမှာလူအချို့မှာအလွန်ချောမောကြကာ သူတို့နှင့်များစွာကွာခြားပေသည်။

"ဒီလူကသေချာပေါက် မိသားစုကြီးတစ်ခုကချမ်းသာတဲ့ဒုတိယမျိုးဆက်တစ်ယောက်ဖြစ်မယ်"

အချို့မိန်းကလေးများမှာ ကျိုးဟောင်အားကြည့်ကာဆွေးနွေးနေကြပေသည်။

ကျိုးဟောင်မှာသွားနေသည့်အရှိန်အားတိုးလိုက်သည်။ ကျိုးဟောင်၏အရှိန်သည် ယခင်ကတည်းက ဤဂြိုဟ်ပေါ် တွင်အလွန်မြန်လှပြီဖြစ်ပေရာ ယခုအရှိန်ထပ်တင်လိုက်ချိန်တွင် သူ့အားကြည့်နေသည့်လူများမှာ ချက်ချင်းပင်နောက်တွင်ကျန်နေခဲ့ကြသည်။

ထိုနေရာမှထွက်လာပြီးနောက် ကျိုးဟောင်မှာလုံနတ်ဘုရားစစ်သင်္ဘောအားထုတ်ကာ မုန့်ခါလာတောင်တန်းဧရိယာသို့ဦးတည်သွားရန်တည်နေရာအား သတ်မှတ်လိုက်သည်။

"ကြည့်ရတာ ဒါကလည်းရှေးဟောင်းသစ်တောပဲထင်တယ်"

ကျိုးဟောင်တို့မှာ တောင်တန်းဧရိယာသို့ရောက်ခါနီးတွင် ယာဥ်အားဆင်းသက်ရန်ဖိအားပေးခံခဲ့ရပြီး အနီးရှိမြို့တွင်ဆင်းသက်ရုံမှလွဲရွေးချယ်စရာမရှိခဲ့ပေ။ အကယ်၍ဇွတ်တရွတ်ဝင်သွားပါက သေချာပေါက်အပြစ်ပေးခံရမည်ဖြစ်သည်။

ကျိုးဟောင်တို့နှစ်ယောက်မှာဤနေရာတွင် တွေ့သမျှအရာအားလုံးထံမှအကြည့်မခွာနိုင်ဘဲ သားရည်ကျလုနီးပါးပင်ဖြစ်နေခဲ့သည်။

ဤပစ္စည်းများမှာတကယ်ပင်အလွန်ဆန်းသစ်လှပေသည်။ ကျိုးဟောင်တို့မှာကားတစ်စီးစာအရွယ်အစားရှိသည့် စွမ်းအားကြီးသောအင်းဆက်တစ်ကောင်ကိုပင်တွေ့ခဲ့ရပြီး ထိုအင်းဆက်အကိုက်ခံရပါက အကိုက်ခံရသူမှာသေပင်သေသွားနိုင်ပေသည်။

....................................................................................

All Chapters