အန္တရာယ် ရောက်ရှိလာခြင်း
Vol. 46 Ch. 688
လူအများအပြားသည် ကျိယောင်ယွဲ့၏ စကားကို သဘောတူခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဆင့်ကဲပြောင်းလဲပုံဆောင်ခဲ နှင့်ပတ်သက်၍ ပြဿနာများစွာ ရှိနေသောကြောင့်ပင်။ ၎င်းကို လူတစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် တကယ်အသုံးပြု၍ ရနိုင်မလားဆိုသည်ကို သူတို့ မသေချာကြပေ။
စမ်းသပ်မှုမပြုရသေးသည့် ထိုသို့သောအရာမျိုးကို လူတစ်ဦးပေါ်တွင် အသုံးပြုခြင်းမှာ လုံးဝလက်ခံနိုင်စရာမရှိပေ။
လူအများက ကျိယောင်ယွဲ့၏စကားအားသဘောတူခဲ့ကြသော်လည်း ထိုစွမ်းအားသည် သူတို့ကို တကယ်တမ်း အဆင့်တိုးတက်စေနိုင်သည်ကို မြင်သောအခါ အများစုသည်အားကျနေကြပေသည်။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံအဆင့် မှ သူတော်စင်ဘုံအဆင့်တစ်ဝက်သို့ ရောက်ရှိရန် ဆင့်ကဲပြောင်းလဲပုံဆောင်ခဲတစ်ခုတည်းသာ လိုအပ်သည်။ ဤအချက်သည် မည်သူ့ကိုမဆို ရူးသွပ်စေရန် လုံလောက်ပေသည်။
သို့သော် အရာအားလုံးတွင် အားသာချက်နှင့် အားနည်းချက်များ ရှိနေသည်။ ဤအဆင့်တွင် သူတို့သည် အားနည်းချက်များကို မသိကြသေးပေ။ သူတို့သိသည်မှာ သူတို့၏ကျင့်ကြံမှုကို တိုးတက်စေနိုင်ခြင်းသာဖြစ်ပြီး ယင်းကပင် သူတို့ကို ရူးသွပ်စေခဲ့သည်။
“စီနီယာကျိယောင်ယွဲ့ ကျွန်တော်ထင်တာက ကျွန်တော်တို့ လူသားမျိုးနွယ် တိုးတက်လာရခြင်းရဲ့အကြောင်းရင်းက အရာရာကို အရမ်းနှေးကွေးစွာ လုပ်ဆောင်နေလို့ပဲ တကယ်လို့ တစ်ဆင့်ချင်းစီ လုပ်ဆောင်နေမယ်ဆိုရင် ကျွန်တော်တို့ လူသားမျိုးနွယ်က စက်မှုတော်လှန်ရေးခေတ်မှာပဲ ရပ်တန့်နေဦးမှာပဲ”
တစ်စုံတစ်ယောက်က ပြန်လည်ချေပလိုက်သည်။ ထိုစကားကို ပြောသူမှာဥရောပမဟာမိတ်အဖွဲ့မှ ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ဦးဖြစ်သည်။ သူသည် အနည်းငယ်မကျေမနပ်ဖြစ်နေသည်။ ဤဖွံ့ဖြိုးတိုးတက်မှုသည် သူတို့၏ဥရောပမဟာမိတ်အဖွဲ့မှ သိုင်းပညာရှင်များ ပူးပေါင်းလုပ်ဆောင်ထားခြင်းဖြစ်ပြီး ကောင်းမွန်သောအရာ ဖြစ်သင့်သော်လည်း ကျိယောင်ယွဲ့မှာအမြဲတမ်း ဆန့်ကျင်နေသဖြင့် သူတို့ အလွန်ဒေါသထွက်နေကြပေသည်။
ကျိယောင်ယွဲ့၏ မျက်နှာသည် အလွန်ပျက်ယွင်းသွားခဲ့ပြီးနောက် သူမသည် မနေနိုင်တော့ဘဲပြောလိုက်သည်။
“ဒီကိစ္စမှာ အစကတည်းက ကြီးမားတဲ့ ပြဿနာရှိနေတာပဲ ရှင်တို့က နောက်ဆက်တွဲအကျိုးဆက်တွေကို လုံးဝမစဉ်းစားထားဘူး ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေကို ဘေးဖယ်ထားလိုက်ဦး သုတေသနရှုထောင့်ကနေကြည့်ရင်တောင် ရှင်တို့ရဲ့ အဆောတလျင်တိုးတက်မှုက ပြဿနာရှိတယ်”
ကျိယောင်ယွဲ့မှာထောက်ပြကာ ပြောနိုင်သည့် အရာများစွာရှိသော်လည်း သူမသည် အနည်းငယ်သာ ရှင်းပြနိုင်ခဲ့သည်။
ကျိုးဟောင်လည်း အလွန်စိတ်ပျက်နေသည်။ ဤကိစ္စသည် ဤသို့ အဆုံးသတ်လိမ့်မည်ဟု သူသိထားခဲ့ပြီးဖြစ်သည်။ လူအများအပြားသည် အလွန်လောဘကြီးကြပြီး ဆင့်ကဲပြောင်းလဲပုံဆောင်ခဲသည် သူတို့၏ကျင့်ကြံမှုကို တိုးတက်စေနိုင်ကြောင်း သိရှိသောကြောင့် သူတို့၏ဆန္ဒများကို မထိန်းချုပ်နိုင်တော့ပေ။
ဤအရာနှင့်ပတ်သက်၍ ကျိုးဟောင်သည် အလွန်အကူအညီမဲ့နေခဲ့သည်။ သို့သော်လည်း လက်တွေ့ဘဝက ထိုသို့ပင်ဖြစ်ကြောင်း သူနားလည်ပေသည်။
ကျိယောင်ယွဲ့သည်လည်း နားလည်ပေရာ သက်ပြင်းသာချလိုက်ပြီး အခြားမည်သည့်စကားမှ မပြောတော့ပေ။
မကြာမီပင် အစည်းအဝေးပြီးဆုံးသွားခဲ့သည်။
ကျိယောင်ယွဲ့သည် ဟွာရှားမှ ဆင့်ကဲပြောင်းလဲပုံဆောင်ခဲအားလုံးကို ကျိုးဟောင်ထံ လွှဲပြောင်းပေးခဲ့ပြီး သူ၏အာကာသယာဉ်တွင် ဝှက်ထားခိုင်းခဲ့သည်။ ကမ္ဘာတစ်ခုလုံးတွင် ကျိုးဟောင်၏အာကာသယာဉ်သည် ဤအရာများအားသိုလှောင်ထားရန် အလုံခြုံဆုံးနေရာဟု သူမ ခံစားရပေသည်။
ဤအချက်ကြောင့် လူအများစုမှာ မကျေနပ်ခဲ့ကြသော်လည်း ဤကိစ္စသည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။
မကြာမီပင် လပိုင်းမျှကုန်ဆုံးသွားခဲ့သည်။ မူလက လူသားမျိုးနွယ်တွင် သူတော်စင်ဘုံအဆင့်တစ်၀က်ပညာရှင် ၁၂ ဦးသာ ရှိသော်လည်း ဆင့်ကဲပြောင်းလဲပုံဆောင်ခဲကြောင့် ချက်ချင်းပင် ၁၀ ဦး ထပ်တိုးလာခဲ့သည်။
၎င်းသည် အခြေခံအားဖြင့် နှစ်ဆတိုးလာခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဤတိုးတက်မှုသည် ဥရောပ၊ မြောက်အမေရိက၊ တောင်ကိုရီးယားနှင့် အာဖရိကတို့တွင်သာ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ဟွာရှားသည် မည်သည့်အခါမျှ ပြောင်းလဲမှုမရှိခဲ့ပေ။
မူလက ဦးဆောင်သူနေရာတွင်ရှိနေခဲ့သည့်ဟွာရှားသည် ယခုအခါတွင် အနည်းဆုံး ဖြစ်နေခဲ့သည်။
ဤသည်မှာ မသင့်တော်သော်လည်း ယခုအခါတွင်သန္ဓေပြောင်းသားရဲမဟာမိတ်နှင့် ရင်ဆိုင်ရရန် ပိုမိုလွယ်ကူလာသည်။
လအနည်းငယ်အတွင်း ပင်လယ်နက်ပိုင်း၊ ကောင်းကင်မြို့တော် နှင့် အက်ကွဲကြောင်းတို့ရှိ ရန်သူ့နယ်မြေများသည် မဟာမိတ်အဖွဲ့ ငါးခု၏ လက်အောက်တွင် အလျင်အမြန်ကျဥ်းမြောင်းလာခဲ့သည်။
သန္ဓေပြောင်းသားရဲမဟာမိတ်၏ နယ်မြေသည် တဖြည်းဖြည်းသေးလာခဲ့သည်။ ၎င်းသည် ပျော်ရွှင်စရာကိစ္စဖြစ်သင့်သော်လည်း အကြောင်းတစ်ခုခုကြောင့် ကျိယောင်ယွဲ့နှင့် ကျိုးဟောင်တို့မှာမပျော်နိုင်ကြပေ။
အဘယ်ကြောင့်ဆိုသော် အစွမ်းအထက်ဆုံးအရာသည် သန္ဓေပြောင်းသားရဲမဟာမိတ်မဟုတ်ဘဲ အာကာသသားရဲ ဖြစ်ကြောင်းကို သူမတို့ သိသောကြောင့်ပင်။
ဤစိုးရိမ်ပူပန်မှုကြားမှ တစ်နေ့တွင် နောက်ဆုံး၌ ပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ဥရောပမဟာမိတ်အဖွဲ့မှ အသစ်ထွက်ပေါ်လာသည့် သူတော်စင်ဘုံအဆင့်ပညာရှင်နှစ်ဦးမှာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့သည်။
မှန်ပေသည်။ သူတို့သည် ဒီတိုင်းပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။
သတိမပေးဘဲ လေထဲဝင်ရောက်သွားသကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။
ဆက်သွယ်ရေးကိရိယာများကို ရှာမတွေ့တော့သလို ကမ္ဘာဂြိုဟ်၏ ဂြိုဟ်တုကလည်း သူတို့၏နေရာအတိအကျကို ရှာမတွေ့နိုင်တော့ပေ။ သူတို့၏ အငွေ့အသက်များကိုပင်ခြေရာမခံနိုင်တော့ပေ။
၎င်းတို့သည် ကမ္ဘာဂြိုဟ်ပေါ်တွင် တစ်ခါမျှမရှိခဲ့ဖူးသကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။
ဤကိစ္စမှာ လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ဦးသည် ကမ္ဘာဂြိုဟ်ပေါ်တွင် ထိပ်တန်းအဆင့်ပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်သည်။ ကမ္ဘာဂြိုဟ်ပေါ်တွင် အခြား သူတော်စင်ဘုံအဆင့်ပညာရှင်များ ရှိနေသည်လော။
၎င်းမှ တိုက်ခိုက်ခဲ့ခြင်းပေလော။
ဤကိစ္စမှာ လူတိုင်းကို စဉ်းစားမရအောင် ဖြစ်စေခဲ့သည်။
“ကျိုးဟောင် ဒါဘယ်သူ့လက်ချက်လို့ မင်းထင်လဲ”
ကျိယောင်ယွဲ့သည် ကျိုးဟောင်ကို စိုးရိမ်တကြီးကြည့်ကာ ချက်ချင်းမေးလိုက်သည်။
“ကျွန်တော်… ဒါက အာကာသသားရဲလို့ ထင်ပေမယ့် အဲဒါ မဖြစ်ပါစေနဲ့လို့ တကယ်ပဲ မျှော်လင့်ပါတယ်”
ကျိုးဟောင်သည် အသက်ပြင်းပြင်းရှူကာပြောလိုက်သည်။
"ငါလည်း ဒီလိုပဲ ထင်တယ် သူချိပ်ပိတ်ထားတာကိုချိုးဖောက်ပြီးသွားပြီဖြစ်မယ်”
ကျိယောင်ယွဲ့သည် အသက်ပြင်းပြင်းရှူလိုက်သည်။
ကျိုးဟောင်သည်လည်းအလွန်စိုးရိမ်နေခဲ့သည်။ အာကာသသားရဲသာ တကယ်သာ ထွက်လာခဲ့လျှင် အရာအားလုံး အဆုံးသတ်သွားပေလိမ့်မည်။
သူတို့ အခြေစိုက်စခန်းသို့ ပြန်ရောက်သောအခါ ဖားသည် မနေနိုင်တော့ဘဲ ခုန်ထွက်လာခဲ့သည်။
“ကျိုးဟောင် ငါတို့ ပြေးကြစို့ မြန်မြန်ပြေးကြမယ် နောက်ကျနေရင် ငါတို့ အဆုံးသတ်သွားလိမ့်မယ်”
ကျိုးဟောင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ဖား၏ စိတ်ထဲတွင်တွေးနေသည်ကို အနည်းငယ်နားလည်လိုက်သည်။
“ခင်ဗျားကလည်း ဒီကိစ္စက အာကာသသားရဲနဲ့ ဆက်စပ်နေတယ်လို့ ထင်တာလား”
“ချီးပဲ ငါကဒီတိုင်းထင်နေတာ မဟုတ်ဘူး သေချာပေါက် သိတာ ဆင့်ကဲပြောင်းလဲပုံဆောင်ခဲတွေအကြောင်း ငါ အခုထိ မသိသေးပေမယ့် အဲဒီကနေ ထွက်လာတဲ့ ရောင်ခြည်ကို ကြည့်ရင် ဒါကသေချာပေါက် အာကာသသားရဲ ရဲ့လက်ချက်ပဲဖြစ်ရမယ် မဟုတ်ရင် ဒီလောက်ကောင်းတဲ့ပစ္စည်းမျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲ”
ကျိုးဟောင်သည် မျက်တောင်ခတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ သူလည်း ဤအချက်ကို နားလည်ပေသည်။
တစ်ချိန်တည်းမှာပင်ဥရောပမဟာမိတ်အဖွဲ့ ရှိ အဆင့်မြင့်အိမ်တော်တစ်ခုတွင် အသစ်ထွက်ပေါ်လာသည့် သူတော်စင်ဘုံအဆင့်တစ်ဝက်သိုင်းပညာရှင် ထရွန်ဒိုသည် သူ၏အိမ်နောက်ဖေးဥယျာဉ်တွင် ဝိုင်နီသောက်နေခဲ့သည်။
“သူတော်စင်ဘုံအဆင့်တစ်ဝက်ကျင့်ကြံမှု… ဒါကတကယ်ပဲ အထင်ကြီးစရာကောင်းတာပဲ တစ်နေ့နေ့မှာ ငါဒီဘုံအဆင့်ကို ချိုးဖောက်နိုင်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး”
ထရွန်ဒိုက ချက်ချင်းပင် ရက်စက်ကြမ်းကြုတ်သော မျက်နှာဖြင့် ပြောလိုက်သည်။
သို့သော် ထိုအချိန်တွင် ထူးဆန်းသော စွမ်းအင်တစ်မျိုး ရုတ်တရက်ပျံ့နှံ့လာပြီးထရွန်ဒို၏ ခန္ဓာကိုယ်ကို ချက်ချင်းတုန်ယင်သွားစေခဲ့သည်။ သူ မတုံ့ပြန်နိုင်သေးခင်မှာပင် သူ၏မျက်လုံးများသည် ချက်ချင်း အပြာရောင်ပြောင်းသွားပြီး မျက်နှာပေါ်တွင်ထူးဆန်းကာအေးစက်သော အပြုံးတစ်ခုပေါ်လာခဲ့သည်။
“နည်းနည်းတော့ ချို့ယွင်းနေပေမယ့်လည်း မဆိုးပါဘူး ဒီနေ့တော့ မင်းကိုစားလိုက်မယ်”
သူသည် ရုတ်တရက် မိမိဘာသာတီးတိုးပြောလိုက်ပြီး ပြုံးလိုက်သည်။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ လေထုထဲတွင်နေရာကူးပြောင်းရေးအစီအရင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ နောက်တစ်စက္ကန့်တွင် အေးစက်ပြီး ကြီးမားသောမျက်လုံးတစ်စုံမှ သွေးဆာနေသည့် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
ထရွန်ဒိုမှာ ရယ်မောလိုက်ပြီး ရှေ့သို့တစ်လှမ်းတိုးလိုက်ရာ နောက်ဖေးဥယျာဉ်မှ ပျောက်ကွယ်သွားပြီး မကုန်သေးသည့် ဝိုင်နီဖန်ခွက်တစ်ခွက်သာကျန်ခဲ့သည်။
နောက်တစ်စက္ကန့်တွင် သူ၏အငွေ့အသက်မှာပျောက်ကွယ်သွားပြီး နေရာကူးပြောင်းရေးအစီအရင်သည်လည်း ပျောက်ကွယ်သွားကာ အရာအားလုံးမှာ မူလတုန်းကလိုပဲပြန်လည်တည်ငြိမ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ချိပ်ပိတ်ထားသည့်နေရာတွင် ကြီးမားသောအာကာသသားရဲသည် ရယ်မောနေခဲ့သည်။
“မကြာတော့ဘူး မကြာတော့ဘူး ငါ ချိပ်ပိတ်ထားတာကိုချိုးဖောက်နိုင်တော့မယ် အဲဒီအချိန်ကျရင် ကမ္ဘာဂြိုဟ်တစ်ခုလုံးက ငါ့ရဲ့ အားဖြည့်စာတွေဖြစ်လာလိမ့်မယ် ငါလည်း တာအိုဘုံအဆင့်တစ်ဝက်ကို ချိုးဖောက်နိုင်လိမ့်မယ်”
အာကာသသားရဲမှာ အလွန်ပျော်ရွှင်စွာ ပြုံးနေခဲ့သော်လည်း လူသားမဟာမိတ်အဖွဲ့မှာမူ ထိတ်လန့်နေခဲ့သည်။
ဒုတိယမြောက်အကြိမ်ပင်။
ဤသည်မှာ ဒုတိယမြောက်အကြိမ် သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက် ရုတ်တရက် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။
ဤတစ်ကြိမ်တွင်တစ်ဖက်လူမှာ အခြားသူများသတိမထားမိလိုက်ဘဲ ပို၍ပင်လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ရာဇဝတ်မှုဖြစ်ပွားသည့်နေရာတွင် ကျိုးဟောင်နှင့်ကျိယောင်ယွဲ့တို့သည် ကြောက်မက်ဖွယ်ကောင်းသော အသေးစိတ်အချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
၎င်းမှာဝိုင်နီပင်ဖြစ်သည်။
....................................................................................