← Chapters

ဖြေရှင်းပြီးသော

Vol. 47 Ch. 698

ဖြေရှင်းပြီးသော

Vol. 47 Ch. 698

ကျိုးဟောင်မှာအပြာရောင်တိုက်ခိုက်ရေးဝတ်စုံအားဝတ်ဆင်ထားပြီး အမြင့်ဆုံးနေရာတွင်ရပ်ကာအဝေးမှမြင်ကွင်းအား ဝေ့ကြည့်နေခဲ့သည်။

ပတ်ဝန်းကျင်အားရှင်းရှင်းလင်းလင်းမြင်လိုက်ရချိန်တွင် သူ၏အမူအရာမှာရုတ်တရက်အလွန်အမင်းပျက်ယွင်းသွားခဲ့သည်။

မြေပြင်ပေါ်ရှိနေရာတိုင်းတင်ကျိုးပဲ့နေသောနံရံများရှိနေပြီး အများစုမှာသွေးများဖြင့်ပေ‌ရေနေပြီဖြစ်သည်။

ထို့အပြင်မြေပြင်ပေါ်တွင် အလွန်ဆိုးဝါးသည့်အနံ့အသက်များထွက်နေသည့် အလောင်းများစွာရှိနေပေသည်။

၎င်းမှာလူသားများ၏သွေးများသာမက ရက်စက်သောသားရဲများ၏သွေးများလည်းပါပေသည်။ အားလုံးမှာသွေးစမ်းချောင်းတစ်ခုပမာ စုပေါင်းနေကြပေသည်။

ထိုမြင်ကွင်းအားမြင်သောအခါ အားလုံးမှာမနေနိုင်ဘဲသက်မချလိုက်မိသည်။

"ဒါက အသူရာငရဲနဲ့ယှဥ်လို့ရမှာတောင်စိုးရတယ်...."

တချို့လူများမှာ ချက်ချင်းပင်စိုးရိမ်တကြီးပြောလိုက်ကြသည်။ နောက်ထပ်လူငယ်တစ်ယောက်မှာလည်းဤမြင်ကွင်းအား စိုးရိမ်မှုများဖြင့်ကြည့်နေခဲ့ပြီး ပြောစရာစကားမရှိဖြစ်နေခဲ့သည်။

ဤတိုက်ပွဲတွင် တိုက်ခိုက်ရေးစစ်သားများမှာ အားလုံးတစ်ချက်ထိလိုက်ရုံဖြင့်တစ်စစီဖြစ်သွားနိုင်သောစက္ကူများပမာပင်။

ဆင့်ကဲပြောင်းလဲလာသောသန္ဓေပြောင်းသားရဲများမှာ တကယ်ပင်အလွန်စွမ်းအားကြီးလှသည်။ ၎င်းတို့သည်သူတို့ယှဥ်ပြိုင်နိုင်သည့်သတ္တဝါများမဟုတ်ပေ။

အကယ်၍ လက်ရှိအချိန်တွင်သူတို့ဤသန္ဓေပြာင်းသားရဲများအားမသတ်နိုင်ခဲ့လျှင် နောက်တစ်ကြိမ်တိုက်ခိုက်ပါက ပို၍အန္တရာယ်များသောအခြေအနေတစ်ခုနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။

ထိုအချက်အားသိလိုက်သောအခါ ကျိုးဟောင်အမူအရာမှာအနည်းငယ်မကျေမနပ်ဖြစ်သွားခဲ့သည်။

သူသည်စိတ်ထဲရှိ‌ဒေါသအားမျိုသိပ်ကာ ဖြည်းဖြည်းချင်းပြောလိုက်သည်။

"ဒီသန္ဓေပြောင်းသားရဲတွေက ငါတို့လူသားမျိုးနွယ်တွေမှာတစ်ယောက်မှမကျန်တော့ဘူးလို့ထင်နေတာလား"

"မင်းကတကယ်ကြီး ငါတို့ရှေ့မှာအကြောက်အလန့်မရှိနဲ့မောက်မာရဲတာပဲ မင်းငါတို့ကိုအထင်သေးနေတာပဲ"

ဤလောကကြီးတွင် လူသားများနှင့်သန္ဓေပြောင်းသားရဲများမှာ လုံးဝညှိနှိုင်း၍မရပေ။

ယခုသန္ဓေပြောင်းသားရဲမဟာမိတ်မှာမြင့်တက်လာပေရာ ကမ္ဘာကြီးတစ်ခုလုံးမှာရှုပ်ထွေးလာခဲ့သည်။

ဤကိစ္စအားအလွယ်တကူဖြေရှင်းနိုင်မည်ဟု အားလုံးထင်ခဲ့ကြသည်။

ယခု အာကာသသားရဲမှာသူ၏အငွေ့အသက်အားသုံးကာ သူတို့နှင့်ရင်ဆိုင်ရန် သားရဲလောကထဲရှိအရေးမပါသည့်သတ္တဝါများအားစုစည်းခဲ့ပေသည်။

ကျိုးဟောင်၏အမူအရာမှာ အလွန်မဲမှောင်သွားခဲ့သည်။ သူသည်မျက်မှောင်ကြုတ်ကာ မျောက်သားရဲအားကြည့်ပြီး တိုက်ပွဲအားလျင်မြန်စွာအဆုံးသတ်ရန်ဆုံးဖြတ်လိုက်သည်။

"သွားစို့"

ကျိုးဟောင်အမိန့်ပေးလိုက်သည်နှင့် ကျိုးဟောင်နောက်မှလိုက်လာသောသိုင်းပညာအားလုံးမှာ သူတို့၏လက်နက်များအားကိုင်ဆွဲကာ မျောက်သားရဲထံခုန်ဝင်သွားကြသည်။

အားလုံးမှာ မျောက်သားရဲနှင့်ထိမိတော့မည့်အချိန်မှာပင် ၎င်း၏ခန္ဓာကိုယ်မှာ အလင်းတန်းများဖြင့်လင်းလက်လာခဲ့သည်။

ထိုအချိန်တွင် အလွန်အေးစက်သောအလင်းတန်းများထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ပြင်းထန်သောဖိအားတစ်ခုမှာ ပျံ့နှံ့လာခဲ့သည်။ အေးစက်သောအလင်းတန်းများမှာအသံများပေးကာ အဝေးမှပြေးဝင်လာခဲ့သည်။

ဤဖိအားမှာ သူတို့အားတကယ်ပင်မယုံကြည်နိုင်ဖြစ်စေပေသည်။

ထိုပြင်းထန်သောဖိအားမှာ လူများအားချက်ချင်းပင် အသက်ရှူသံများမြန်လာစေပြီး ဦးရေပြားများထုံကျဥ်လာကာ ခန္ဓာကိုယ်များပင်ပြင်းထန်စွာတုန်ယင်လာအောင်လုပ်နိုင်ပေသည်။

သူတို့၏မျက်နှာများပေါ်တွင် အကြောက်တရားတို့ပေါ်လာခဲ့သည်။ ၎င်းတို့၏မသိစိတ်မှနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ကာအမြန်ဆုံး ဤသားရဲနှင့်ဝေးရာနေရာအားထွက်ပြေးချင်နေခဲ့သည်။

ယခုလိုမြင်ကွင်းမှာ သူတို့အားတကယ်ပင်မယုုံကြည်နိုင်သလိုခံစားရစေပေသည်။

သန္ဓေပြောင်းသားရဲများထံမှထွက်ပေါ်လာသောကြီးမားသောအားမှာ သိုင်းပညာရှင်အားလုံးအားသန္ဓေပြောင်းသားရဲများမှာမမီနိုင်သလိုခံစားရစေပေသည်။

ကျိုးဟောင်၏အမူအရာသာ မည်သည့်ပြောင်းလဲမှုမှမရှိဘဲ အလွန်တည်ငြိမ်နေခြင်းဖြစ်သည်။

သူသည်မျောက်သားရဲအားစိုက်ကြည့်နေရင်း ရုတ်တရက်လက်မြှောက်လိုက်ပြီး လက်ထဲတွင်အဝါဖျော့ရောင်အလင်းလုံးတစ်ခုအားဖန်တီးလိုက်သည်။

ထိုကဲ့သို့အဝါဖျော့ရောင်အလင်းပျံ့နှံ့လာပြီးနောက်ပိုင်းတွင်လည်း ကျိုးဟောင်၏မျက်နှာမှာအလွန်တည်ငြိမ်နေဆဲပင်ဖြစ်သည်။

သို့သော် သူနှင့်ရင်းနှီးသူများသာ ကျိုးဟောင်မှာမူလကျောက်စာအားစသုံးနေပြီ‌ဖြစ်ကြောင်းသိပေသည်။

မူလကျောက်စာ၏စွမ်းအားမှာအဆက်မပြတ်ထွက်ပေါ်နေခဲ့ပြီး ထိုအချိန်တွင် ကျိုးဟောင်မှာသူ၏ခန္ဓာကိုယ်တစ်ခုလုံးနွေးထွေးသောအားတစ်ခုဖြင့် လွှမ်းခြုံခံထားရကြောင်းခံစားမိလိုက်ပေသည်။

ခေတ္တမျှကြာပြီးနောက် အဆုံးမရှိသောစွမ်းအားများပျံ့နှံ့နေသကဲ့သို့ခံစားလိုက်ရသည်။

နောက်တစ်စက္ကန့်တွင် ကျိုးဟောင်မှာရုတ်တရက်လက်ထဲရှိစွမ်းအားအား ဝေ့ယမ်းလိုက်သည်။

သူထိုစွမ်းအားအားဝေ့ယမ်းလိုက်ချိန်တွင် ကျိုးဟောင်မှာလောကကြီးတွင်အသန်မာဆုံးသောခွန်အားကိုပိုင်ဆိုင်ထားရသလိုခံစားလိုက်ရပေသည်။

ဝုန်း....

အလင်းရောင်တစ်ခုမှာဖျက်ခနဲလင်းသွားခဲ့ပြီး သူ့ထံပြေးဝင်လာခဲ့သည်။

မကြာမီတွင် မျောက်သားရဲမတုံ့ပြန်နိုင်သေးခင်မှာပင် ၎င်း၏စွမ်းအားအားလုံးမှာချက်ချင်းပင်ခန္ဓာကိုယ်ထဲမှထွက်ခွာလာခဲ့သည်။

သန္ဓေပြောင်းသားရဲ၏မျက်လုံးများမှာ ထိတ်လန့်မှုကြောင့်ပြူးကျယ်နေခဲ့ပြီး သူ့ရှေ့ရှိကျိုးဟောင်အားမှင်တက်စွာကြည့်နေခဲ့သည်။ အထူးသဖြင့် ကျိုးဟောင်၏ လက်ထဲမှအလင်းလုံးအားမြင်လိုက်ချိန်တွင် ၎င်းသည်မနေနိုင်ဘဲမေးလိုက်မိသည်။

"ဒါ....ဒါဘာလဲ"

သို့သော်မျောက်သားရဲမှာ ဤအလင်းလုံးအားလုံးဝမခန့်မှန်းနိုင်ပေ။

ထိုအလင်းလုံးပေါက်ကွဲသွားပြီးချက်ချင်းပင် ကောင်းကင်ထက်၌ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် မျောက်သားရဲမှာရုတ်တရက်လောင်ကျွမ်းသွားပြီး ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အကြွင်းအကျန်ပုံတစ်ခုအဖြစ်ပြောင်းသွားခဲ့သည်။

ဤမြင်ကွင်းအားကြည့်ပြီး ထိုနေရာတွင်ရှိနေသာလူအားလုံး၏အမူအရာများမှာအလွန်အမင်းအံ့သြထိတ်လန့်သွားခဲ့ကြသည်။

ကျိုးဟောင်၏ခွန်အားမှာတကယ်ပင်အလွန်စွမ်းအားကြီးလှကာ သူတို့အဖွဲ့ယှဥ်ပြိုင်နိုင်သည့်အရာမျိုးမဟုတ်ပေ။

မူလကျောက်စာ၏စွမ်းအားမှာအဆက်မပြတ်ထွက်ပေါ်နေဆဲဖြစ်ပြီး မျောက်သားရဲရပ်နေခဲ့သောနေရာတွင် ကြီးမားသောတွင်းနက်ကြီးတစ်ခုပေါ်လာခဲ့သည်။

၁၂ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်စစ်သည်များမှာ ဤမြင်ကွင်းအားမြင်သောအခါ ချက်ချင်းပင်မျက်လုံးများပြူးကျယ်သွားပြီးထိတ်လန့်သွားခဲ့ကြသည်။ သူတို့သည်မျက်စိရှေ့ရှိမြင်ကွင်းအားမှင်တက်စွာကြည့်နေပြီး မျက်နှာပေါ်တွင် မယုံကြည်နိုင်သောအရိပ်အ‌ယောင်များဖြင့် ပြည့်နေခဲ့သည်။

ဤစွမ်းအားမှာတကယ်ကိုအလွန်စွမ်းအားကြီးလှပေသည်။ အားလုံးမှာထိုမြင်ကွင်းကြောင့်ချက်ချင်းထိတ်လန့်သွားခဲ့ကြပြီး ဘာပြောရမှန်းမသိအောင်ပင်ဖြစ်နေခဲ့ကြသည်။

သူသည်ကျိုးဟောင်ဤမျှ‌လောက်စွမ်းအားကြီးမည်ဟုမမျှော်လင့်ထားခဲ့ပေ။ သူတို့အားလုံးသည်တစ်ယောက်မှကျိုးဟောင်၏ပြိုင်ဘက်မဟုတ်ပေ။

ကြည့်ရသည်မှာ ကျိုးဟောင်ဟူသောဤလူငယ်လေးသည် သူ၏စွမ်းအားအားကောင်းကောင်းဖုံးကွယ်ထားခဲ့ပုံပင်။

အကယ်၍ ကျိုးဟောင်သာအစကတည်းကတိုက်ခိုက်ခဲ့ပါက ဖြစ်နိုင်သည်မှာအာကာသသားရဲသည်မတူညီသောရလဒ်တစ်မျိုးဖြင့်ရင်ဆိုင်ရနိုင်ပေသည်။

၎င်းတို့အားချက်ချင်းသတ်ရန်မှာ ကျိုးဟောင်အတွက်ရိုးရှင်းသောကိစ္စတစ်ခုလည်းဖြစ်နေနိုင်ပေသည်။

ကျိုးဟောင်မှာမျောက်သားရဲအားဖြေရှင်းပြီးနောက် ပတ်ဝန်းကျင်အားဝေ့ကြည့်ကာ တည်ကြည့်သောအသံဖြင့်ပြောလိုက်သည်။

"အခု တစ်ကမ္ဘာလုံးမှာစစ်ဖြစ်နေတာ စစ်နတ်ဘုရားတပ်ရင်းရဲ့စစ်နတ်ဘုရားတွေလည်းအလုပ်ရှုပ်နေကြတယ်"

"ဒါပေမဲ့ ကျွန်တော်တို့အကောင်းဆုံးကြိုးစားပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားရဦးမှာပဲ အဲဒါမှသာဒီသန္ဓေပြောင်းသားရဲတွေရဲ့ ကျူးကျော်မှုကို ရင်ဆိုင်နိုင်မှာ"

ကျိုးဟောင်မှာစကားဆုံးသောအခါ အဝေးသို့ဝမ်းနည်းနေသာအမူအရာဖြင့်ကြည့်လိုက်သည်။

မူလက လှပသောရှုခင်း၊ လှပသောပတ်ဝန်းကင်တို့ဖြင့်သာယာနေခဲ့သောမြို့မှာ ယခုလိုအခြေအနေထိပျက်စီးသွားခဲ့ပေသည်။ မြင်ရသလောက်ဆိုပါက နေရာတိုင်းတွင် ကျိုးပဲ့နေသောနံရံများရှိနေပြီး ဒဏ်ရာရသူများသေကြေသူများဖြင့် ပြည့်နေပေသည်။

ယခုလိုကိစ္စမျိုးသည် ကျိုးဟောင်အားခံစားချက်အစုံပေးစွမ်းပေသည်။

သူသည်အဝေးအားကြည့်ရင်း အတွေးနွံထဲနစ်နေခဲ့သည်။ တစ်ခါတုန်းကလှပခဲ့သောသူ့အိမ်မှာ ယခုတွင်အပျက်အစီးများဖြစ်သွားခဲ့ပြီဖြစ်သည်။

....................................................................................

All Chapters