← Chapters

ရူးသွပ်သော

Vol. 47 Ch. 700

ရူးသွပ်သော

Vol. 47 Ch. 700

ကျိုးဟောင်မှာ စကားဆုံးသည်နှင့်သိုင်းပညာရှင်များအားလုံးအားကြည့်လိုက်ရာ အားလုံး၏မျက်လုံးများမှာစိုစွတ်နေသည်ကိုတွေ့လိုက်ရသည်။ ဤသည်မှာသူတို့၏နောက်ဆုံးမျှော်လင့်ချက်ဆိုသည်ကိုသိရှိထားပြီး သူတို့၏စိတ်ထဲမှအမုန်းတရားများအားမြင်လိုက်ရသည်။

ကျိုး‌ဟောင်မှာ ဤလူ၁၀ယောက်အား ချိပ်ပိတ်သိုင်း၏အသေးစိတ်အားလုံးကိုပြောပြလိုက်သည်။

သူတို့ ၁၀ယောက်သည်လည်း တစ်ညမျှရူးသွပ်စွာသင်ယူပြီးနောက် တဖြည်းဖြည်းချင်းတိုးတက်လာခဲ့သည်။ နောက်ဆုံးတွင် အရုဏ်တက်ချိန်၌ သူတို့ ၁၁ယောက်သည် ချက်ချင်းပင် တိုက်ခိုက်ရန်ထွက်ခွာခဲ့ကြသည်။

သူတို့ ၁၀ယောက်သည် သူတို့၏စစ်သင်္ဘောအသီးသီးဖြင့်ထွက်ခွာလာခဲ့ပြီး ပင်လယ်နက်ဆီသို့ဦးတည်လာခဲ့သည်။

“ရှောင်ယွီ အာကာသသားရဲကပင်လယ်အောက်မှာဆိုတာသေချာလား”

ကျိုးဟောင်မှာ ဤတာဝန်လုပ်ဆောင်ရန် ငှက်မွေးတစ်ထောင်ချပ်ဝတ်အားဝတ်ဆင်ပြီးစတင်စုံစမ်းတော့သည်။ ကမ္ဘာဂြိုဟ်တစ်ခုလုံးတွင်ငှက်မွေးတစ်ထောင်ချပ်ဝတ်မှာ စွမ်းရည်အကောင်းဆုံးဖြစ်ပေရာ ၎င်းသည်အာကာသသားရဲအားစုံစမ်းရန်အသင့်တော်ဆုံးဖြစ်သည်။

"ဟုတ်တယ် အာကာသသားရဲကလက်ရှိမှာပင်လယ်နက်ပိုင်းမှာရှိနေတာ သူ့ရဲ့အသက်အငွေ့အသက်ကအရမ်းအားကောင်းပေမဲ့ ဝိဉာဥ်ကတော့အတော်လေးအားနည်းနေတယ် ဒါပေမဲ့ သူကပြန်လည်ကုသနေဆဲအခြေ‌အနေမှာပဲရှိသေးတာ သူလုံးဝပြန်ကောင်းသွားဖို့ဆို ဘယ်လောက်မှမလိုတော့ဘူး"

ပြောရင်း ကျိုးဟောင်မှာသက်ပြင်းချလိုက်ကာ ချက်ချင်းပင် အခြား၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင် ၁၀ယောက်အားဆက်သွယ်လိုက်သည်။

"အားလုံးပဲ အာကာသသားရဲကပင်လယ်အောက်ခြေမှာရှိတယ်။ အာရုံပျက်စေမဲ့အတွေးတွေအကုန်လုံးကိုစွန့်ပစ်ပြီး အဆင့်သင့်ပြင်ကြတော့ ဒါကကျွန်တော်တို့ရဲ့နောက်ဆုံးတိုက်ပွဲပဲ နိုင်မလား၊ ရှုံးမလားကိုဒီပေါ်မူတည်နေတယ်"

ကျိုးဟောင်မှာချက်ချင်းပင်ပြောလိုက်ပြီး ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင် ၁၀ယောက်မှာလည်း သဘောတူလာခဲ့သည်။ ဤတိုက်ပွဲသည်နောက်ဆုံးတိုက်ပွဲဖြစ်သည်။

မကြာမီ သူတို့သည်ပင်လယ်နက်၏အနက်မီတာတစ်ထောင်သို့ရောက်ရှိလာခဲ့သည်။ ကျိုးဟောင်သာမက အခြားကောင်းကင်ဘုံအဆင့်ပညာရှင်များပါ ကြီးမားသောချောက်နက်ကြီး‌အောက်ခြေရှိ အမဲရောင်နှင့်အပြာရောင်ရောစပ်နေသည့်ပုံရိပ်တစ်ခုအားတွေ့လိုက်ရသည်။

စကားတစ်ခွန်းမှမဆိုဘဲ ကျိုးဟောင်မှာမူလကျောက်စာ၏စွမ်းအားကိုစတင်သုံးလိုက်သည်။ ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင် ၁၀ယောက်သည် ကျိုးဟောင်အားဝန်းရံကာ ချိပ်ပိတ်သိုင်းအားစတင်သုံးတော့သည်။

စွမ်းအားကြီးသောစွမ်းအားမှာ ချက်ချင်းပင်ထွက်ပေါ်လာခဲ့သည်။ များစွာသောရှုပ်ထွေးသည့်စကားလုံးများမှာ လေဟာနယ်ထဲမှထွက်ပေါ်လာခဲ့ကာ ကြီးမားသောစွမ်းအားများမှာအတူတကွပေါင်းစည်းသွားပြီး ကြီးမားသောလှောင်အိမ်ကြီးအဖြစ်ပြောင်းလဲသွားကာ ချက်ချင်းပင်ပေါက်ကွဲထွက်လာခဲ့သည်။

ကျိုးဟောင်မှာ ကောင်းကင်ဘုံပညာရှင်များအားသူနှင့်လက်ချင်းချိတ်ထားလိုက်စေပြီး ချက်ချင်ပင်သူတို့အားကြီးမားသည့်အာကာသကျောက်စာတစ်ခုဖြင့် ဖုံးလွှမ်းလိုက်သည်။

ထိုအချိန်တွင် အာကာသသားရဲမှာအော်ဟစ်လာပြီး သူတို့အားတွေ့သွားခဲ့သည်။

"ဟမ့် နောက်ထပ်ချိပ်ပိတ်သိုင်းလား မင်းတို့ကငါ့ကိုချိပ်ပိတ်ချင်တာလား မင်းတို့သေလမ်းရှာနေတာပဲ"

၎င်းမှာအလွန်ဒေါသထွက်ကာ ဤချိပ်ပိတ်သိုင်းအားအလွန်အမင်းမုန်းတီးနေသည်။ ထို့ကြောင့် ဤချိပ်ပိတ်သိုင်းအားခံစားမိပြီးနောက် ၎င်းမှာချက်ချင်းဒေါသထွက်လာခဲ့ခြင်းဖြစ်သည်။

၎င်း၏ခန္ဓာကိုယ်မှ ချက်ချင်းပင်သက်ရောက်မှုအားကြီးသောအားတစ်ခုပျံ့နှံ့လာခဲ့သည်။ စွမ်းအားကြီးသောသူတော်စင်ဘုံအဆင့်စွမ်းအားမှာ သူတို့ခုခံနိုင်သည့်အရာလုံးဝမဟုတ်ပေ။

"စိတ်စွမ်းအားကိုလောင်ကျွမ်းရမဲ့အချိန်ရောက်ပြီ"

ကျိူးဟောင်မှာ ဒေါသတကြီးအော်ဟစ်လိုက်သည်။

"ကျိုးဟောင်မင်းရူးနေလား မင်းတကယ်မင်းရဲ့စိတ်စွမ်းအားကိုလောင်ကျွမ်းပစ်ချင်နေတာလား ဒီနည်းနဲ့ဆိုမင်းအသက်ရှင်ရင်တောင် ကျိယောင်ယွဲ့တို့လိုပဲရှင်လျက်နဲ့သေနေတဲ့လူဖြစ်သွားလိမ့်မယ်"

ကျိုးဟောင်၏စိတ်ထဲတွင် ဖား၏အသံမှာချက်ချင်းထွက်ပေါ်လာခဲ့ပြီး ၎င်းမှာအလွန်ပူပန်နေခဲ့သည်။ အကယ်၍ကျိုးဟောင်သာသေသွားခဲ့ပါက သူ့အတွက်သခင်ကောင်းတစ်ယောက်ဆုံးရှုံးလိုက်ရမည်မဟုတ်ပေလော။

ကျိုးဟောင်မှာထိုစကားအားကြားသောအခါ ခေါင်းယမ်းလိုက်သည်။ ဤသည်မှာနောက်ဆုံးအခွင့်အရေးဖြစ်သည်။ စဥ်းစားနေရန်အချိန်မရှိပေ။ အတိုချုံးပြောရပါက ကျိုးဟောင်မှာအကောင်းဆုံးကြိုးစားကာလုပ်မည်ဖြစ်သည်။

ကျိုးဟောင်၏ဒေါသတကြီးအော်ဟစ်သံအဆုံးတွင် ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင် ၁၀ ယောက်မှာချက်ချင်းပင် သူတို့၏အသက်စွမ်းအင်များအားထုတ်လွှတ်လိုက်ပေရာ စွမ်းအားကြီးသောချိပ်ပိတ်သိုင်းတစ်ခုမှာ ချက်ချင်းပင်ထွက်ပေါ်လာခဲ့သည်။

ထိုအချိန်တွင် အာကာသသားရဲ၏ခန္ဓာကိုယ်တစ်ခုလုံးမှာတုန်ယင်လာခဲ့သည်။ ဤချိပ်ပိတ်သိုင်းမှာအလွန်အားမကောင်းသော်ငြား ၎င်းအားထိန်းချုပ်ထားနိုင်သေးပေသည်။

"သေစမ်း မူလကျောက်စာရဲ့ချိပ်ပိတ်စွမ်းအားနဲ့ ဒီရှေးဟောင်းစွမ်းအားကတကယ်ကိုဒီမဖြစ်စလောက်ဂြိုဟ်မှာပေါ်လာခဲ့တာပဲ ဒါတကယ်ကိုမထင်ထားစရာပဲ"

အာကာသသားရဲမှာအလွန်ဒေါသဖြစ်နေခဲ့သည်။ ထိုအချိန်တွင် ၎င်းမှာသူ၏ပါးစပ်အားဖွင့်လိုက်ရာ အဆုံးမရှိသောတွင်းနက်များပေါ်လာခဲ့သည်။ ၎င်း၏အသန်မာဆုံးသိုင်းမှာ အာကာသအားဝါးမျိုနိုင်သည့်စွမ်းအားပင်ဖြစ်သည်။

၎င်း၏လက်ရှိအတွေးမှာအလွန်ရိုးရှင်းပေသည်။ ၎င်းသည်ဤချိပ်ပိတ်သိုင်းအားသူ၏ဗိုက်ထဲသို့ချက်ချင်းဝါးမျိုပစ်လိုခြင်းဖြစ်သည်။

သို့သော် ကျိုးဟောင်မှာအဘယ်မှာ ဤသို့ဖြစ်ခွင့်ပြုနိုင်မည်နည်း။ သူသည်ချက်ချင်းပင်အော်ဟစ်လိုက်ရာစွမ်းအားကြီးသောစိတ်စွမ်းအားမှာပေါက်ကွဲထွက်လာခဲ့သည်။

သူသည်လည်း သူ၏စိတ်စွမ်းအားကိုစတင်လောင်ကျွမ်းလာတော့သည်။ ထိုအချိန်တွင်ချိပ်ပိတ်စွမ်းအားမှာချက်ချင်းပင် ပိုမိုအားကောင်းလာခဲ့သည်။

ကျိုးဟောင်မှာမူလကတည်းက မူလကျောက်စာဆရာတစ်ယောက်ဖြစ်ပြီး အခြားသူများထက်ပင်ပိုမိုထူးချွန်သူတစ်ယောက်ဖြစ်ပေရာ သူဤချိပ်ပိတ်သိုင်းအားသုံးနိုင်သည်မှာသဘာဝကျပေသည်။ တစ်ခုတည်းသောပြဿနာမှာ သူ၏ကျင့်ကြံဆင့်မှာ လုံလောက်အောင်မမြင့်ခြင်းပင်ဖြစ်သည်။

သို့သော်ဤနေရာတွင် ၁၂ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင် ၁၀ယောက်မှာ သူတို့၏အသက်စွမ်းအင်များအားလောင်ကျွမ်းပေးနေရာ ကွာဟချက်မှာလည်းတဖြည်းဖြည်းသေးသထက်သေးလာခဲ့သည်။

၁၂ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင် ၁၀ယောက်မှာအားကုန်သုံးကာအသက်စွမ်းအင်အားလောင်ကျွမ်းပေးပြီးပြီဖြစ်သကဲ့သို့ ချိပ်တံဆိပ်မှာလည်း ချက်ချင်းပင်အားကောင်းလာခဲ့သည်။

အပြင်ဘက်တွင် မဟာမိတ် ၅ခုမှလူအားလုံးမှာဤမြင်ကွင်းအားစောင့်ကြည့်နေကြပြီး ကျိုးဟောင်တို့အဖွဲ့အပေါ်မျှော်လင့်ချက်အားလုံးကိုပုံအပ်ထားကြပေသည်။

သန့်စင်ဘုရားကျောင်းတွင် မဟာမိတ် ၅ခုပညာရှင်များမှာ ဤမြင်ကွင်းအားစိုးရိမ်တကြီးဖြင့်စောင့်ကြည့်နေခဲ့ကြသည်။

"ကြည့် ခေါင်းဆောင်ကျိုးနဲ့ တခြားလူတွေရဲ့အသက်အငွေ့အသက်တွေ ထွက်လာပြီ သူတို့....သူတို့ဒီစွမ်းအားကြီးတဲ့စွမ်းအားကိုအသက်သွင်းဖို့ သူတို့ရဲ့အသက်စွမ်းအင်တွေကိုလောင်ကျွမ်းနေတာဖြစ်မယ်"

"ဟုတ်တယ်...သူတို့ကအသက်စွမ်းအင်တွေကိုလောင်ကျွမ်းပစ်နေတာ...."

"မိုးနတ်မင်း ကျွန်တော်တို့ကိုစောင်မပေးပါ"

အားလုံးမှာ ကိရိယာပေါ်ရှိအစက် ၁၂ခုအားကြည့်ရင်း ဆုတောင်းနေခဲ့ကြသည်။

ထိုအစက် ၁၂စက်ထဲမှ တစ်ခုမှာအလွန်ကြီးမားလှပြီး အာကာသသားရဲအားကိုယ်စားပြုပေသည်။ အခြား ၁၁စက်မှာ ကျိုးဟောင်တို့အဖွဲ့ဖြစ်သည်။ ထိုအချိန်တွင် အလင်းရောင်အစက် ၁၁ စက်မှာ အလွန်စွမ်းအားကြီးသည့် အသက်အငွေ့အသက်တစ်ခုအား ထုတ်လွှတ်လာခဲ့သည်။

သို့သော် တဖြည်းဖြည်းချင်း အပြင်ဘက်ဆုံးရှိအစက် ၁၀ စက်မှာမှေးမှိန်လာခဲ့သည်။

"သူတို့.....သူတို့ရဲ့အသက်အငွေ့အသက်တွေ ပျောက်ကုန်တော့မယ်...."

"သူတို့...သေတော့မှာလား သူတို့ကကမ္ဘာဂြိုဟ်နဲ့လူသားမျိုးနွယ်အားလုံးအတွက် သူတို့ရဲ့အသက်တွေကိုစတေးတော့မှာလား"

"ဒါပေမဲ့...ဒါပေမဲ့အဲဒီအာကာသသားရဲကအသက်ရှင်နေသေးတယ်..."

သူတို့သည်အလွန်ကြောက်ရွံ့နေခဲ့ကြသည်။ လူအများစုမှာအားလုံးကိုစိုးရိမ်တကြီးစောင့်ကြည့်ရင်း ငိုကြွေးနေခဲ့ကြသည်။

အဆုံးတွင် အလင်းစက် ၁၀ စက်လုံးဝပျောက်ကွယ်သွားသည်ကိုမြင်သောအခါ လူအတော်များများမှာမျှော်လင့်ချက်မဲ့သွားခဲ့ကြသည်။

"ပြီးသွားပြီ ပြီးသွားပြီ..... ငါတို့တော့လုံးဝပြီးသွားပြီ...."

"မဟုတ်ဘူး ငါတို့မှာခေါင်းဆောင်ကျိုးရှိသေးတယ် ကြည့် ခေါင်းဆောင်ကျိုးအသက်ရှင်နေသေးတယ်"

သူတို့အားလုံးမှာထိတ်လန့်သွားခဲ့သည်။

ထိုအချိန်တွင် အခြားသူများမှာသေဆုံးသွားခဲ့ပြီးဖြစ်ကြောင်းကိုကျိုးဟောင်ခံစားလိုက်ရပြီး စိတ်ထဲတွင်အလွန်ဝမ်းနည်းသွားခဲ့သည်။

"ခင်ဗျားတို့သေတာအလကားမဖြစ်စေရပါဘူး ချိပ်ပိတ်စွမ်းအားကအဆုံးသတ်သွားပြီ ကျွန်တော်ဒါကိုချိပ်ပိတ်နိုင် မပိတ်နိုင်ကတော့ ဒီတိုက်ပွဲအပေါ်မှာမူတည်သွားပြီ"

ကျိုးဟောင်၏အတွေးများမှာအလွန်ရိုးရှင်းသည်။ အကယ်၍သူဤသတ္တဝါအားမသတ််နိုင်လျှင်ပင် ၎င်းအားသေချာပေါက်ချိပ်ပိတ်ခဲ့ရမည်ဖြစ်သည်။ ထိုကာလမှာ တစ်နှစ်ဖြစ်စေ ၊ ဆယ်နှစ်ဖြစ်စေ သို့တည်းမဟုတ် အကြာကြီးဖြစ်စေ ကမ္ဘာဂြိုဟ်ပေါ်ရှိအားလုံးအတွက်အချိန်ဆွဲပေးနိုင်သရွေ့ တန်ပေသည်။

"ငါသေမှာမကြောက်ဘူး ဒါပေမဲ့အလကားသေရမှာတော့ကြောက်တယ် အာကာသသားရဲ ဒီချိပ်တံဆိပ်ကဘယ်လောက်ပဲကြာကြာကိစ္စမရှိဘူး ငါမင်းကိုချိပ်ပိတ်တာအောင်မြင်တာနဲ့ ဒါငါ့ရဲ့အောင်ပွဲလို့သတ်မှတ်လို့ရတယ်"

ကျိုးဟောင်မှာပြောရင်းရယ်မောကာ ချက်ချင်းပင်အာကာသသားရဲ၏နတ်ဘုရားခန္ဓာအားချိပ်ပိတ်လိုက်သည်။ ကျိုးဟောင်၏ဝိဉာဥ်ကျောက်တုံး၏အကူအညီဖြင့် သူ၏ကြီးမားသောစိတ်စွမ်းအားမှာ အလင်းတန်းအဖြစ်ပြောင်းသွားကာ ချက်ချင်းပင်အာကာသသားရဲ၏ခေါင်းထဲသို့ဝင်ရောက်သွားခဲ့သည်။

ကျိုးဟောင်သည်လည်း ကြုံးဝါးလိုက်ကာ ဝင်သွားရန်ဆန္ဒရှိနေပေသည်။

"တကယ်လို့များ ငါအသက်ဆက်မရှင်နိုင်တော့ဘူးဆိူရင် ငါဒါကိုချိပ်တံဆိပ်ရဲ့တစ်စိတ်တစ်ပိုင်းလိုပဲသတ်မှတ်လိုက်မယ် ငါမသေခင် ငါတတ်နိုင်သလောက်မင်းကိုကြီးကြီးမားမားတစ်ချက်လောက်တော့ ရိုက်ခဲ့ဦးမှာ"

ကျိုးဟောင်မှာသေရန်ပြင်ဆင်ထားခဲ့ပြီးပြီဖြစ်သည်။

"ကျိုးဟောင် မင်းသူ့ရဲ့စိတ်လောကထဲကိုဝင်လို့မရဘူး တကယ်လို့မင်းဝင်သွားရင် မင်းအဲဒီသတ္တဝါစားတာကိုခံရလိမ့်မယ်"

ဖားမှပြောလာခဲ့သော်ငြား ကျိုးဟောင်မှာတွေဝေမနေဘဲ ဝင်သွားခဲ့သည်။

အဆုံးမရှိသောဒေါသနှင့်ခိုင်မာသောဆုံးဖြတ်ချက်များနှင့် ကျိုးဟောင်မှာအလင်းတန်းအဖြစ်ပြောင်းလဲကာ ချက်ချင်းပင်အာကာသသားရဲ၏ဝိဉာဥ်လောကအနက်ပိုင်းသို့ဝင်ရောက်သွားခဲ့သည်။

....................................................................................

All Chapters