← Chapters

အားလုံးမှင်တက်သွားခဲ့ခြင်း

Vol. 53 Ch. 785

အားလုံးမှင်တက်သွားခဲ့ခြင်း

Vol. 53 Ch. 785

ထော့စလိတန်မှာအဆီတဝင်းဝင်းဖြစ်နေသာယုန်သားအားကြည့်ကာသရေကျနေခဲ့သည်။ သူ့ပုံစံမှာ အချိန်အကြာကြီးအစာမစားခဲ့ရသည့်ဆာလောင်နေသည့်ဝံပုလွေတစ်ကောင်ပမာပင်။

ကျိုးဟောင်တို့သည် သူဘာသွားလုပ်လဲဆိုသည်အားမမေးသော်ငြား သူ၏အလုပ်ဟောင်းအားသွားလုပ်ကြောင်းသိသာပေသည်။ အစောပိုင်းက ကျိရိုမိသားစုအားပစ္စည်းများပေးပစ်ခဲ့သည့်အထိရဲတင်းနေခြင်းသည်အံ့သြစရာမရှိပေ။

"ခင်ဗျားတကယ်ပဲ ဒီပစ္စည်းတွေကို ခင်ဗျားလိုချင်တဲ့ဘယ်အချိန်ဖြစ်ဖြစ်ပြန်ယူနိုင်တာပဲ"

ဂျော့ချ်သည်ပြောင်းလဲမှုအား အသေးစိတ်ကျကျကိုသတိပြုမိပေသည်။ အစောပိုင်းကပစ္စည်းများအားဤမျှလောက်လျင်မြန်စွာပြန်ယူလာနိုင်ပုံအရ ဤသူခိုးနတ်ဘုရားသည်မည်မျှမြန်ကြောင်းသူတကယ်ပင် မသိ‌တော့ပေ။

"သိပ်မကြာခင် အံ့သြစရာသတင်းတစ်ခုထွက်လာနိုင်တယ် အဲဒါကကျိရိုမိသားစုက ရတနာတွေအများကြီးပျောက်ဆုံးသွားတယ်ဆိုတဲ့သတင်းပဲ"

ဂျော့ချ်မှာခပ်ဖျော့ဖျော့ပြုံးလိုက်သည်မှာ ထိုသတင်းမှာသူ့အားလုံးဝမအံ့သြစေသည့်အတိုင်းပင်။ ထို့နောက်အလွန်တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။ ယခု နောက်ဆုံးတွင် ထော့စလိတန်ယခုလိုလုပ်ရသည့်ရည်ရွယ်ချက်အား သူနားလည်သွားခဲ့ပြီဖြစ်သည်။ ၎င်းမှာလူအများ၏ရှေ့တွင်ရတနာအားလုံးအားကျိရိုမိသားစုလက်ထဲသို့ပစ်ပေးပြီး နောက်မှလူမသိအောင်တိတ်တဆိတ် ပြန်ယူရန်ဖြစ်သည်။

ထိုလူများမှာ သူကျိရိုမိသားစုအားရတနာများပေးခဲ့သည်ကိုသာသိကြပြီး ပြန်ခိုးယူသွားသည်ဆိုသည်အားမသိကြပေ။ ကျိရိုမိသားစု၏ယခင်ကပြဿနာများအား ကိုင်တွယ်ခဲ့ပုံအရ ၎င်းတို့သည်ကိုယ်ပိုင်နည်းလမ်းဖြင့်ပစ္စည်းများအားခိုးယူနေခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ပုံစံမှာအခြားသူများပိုင်ဆိုင်သည့်ရတနာပစ္စည်းများအား သူတို့အပိုင်အဖြစ်သိမ်းယူလိုက်သည့်ပုံစံမျိုးဖြစ်သည်။ သူတို့၏ဆင်ခြေအားမည်သူကမှယုံကြည်မည်မဟုတ်ပေ။ ထော့စလိတန်သည် တကယ်ပင်သူခိုးနတ်ဘုရားဖြစ်သည်ဟူသောအချက်အား လူများမှာမလေးစားဘဲမနေနိုင်ပေ။

"ငါတို့အခုစားလို့ရပြီလား"

ထော့စလိတန်မှာ အစားအသောက်အားမြင်သောအခါ နေရာမှမရွှေ့နိုင်တော့ပေ။ ယုန်ကင်များအားကြည့်ရင်း တံတွေးများပင်ထွက်ကျလာတော့မလိုခံစားနေရပေသည်။ သူသည်ထိုယုန်ကင်အားမြည်းစမ်းကြည့်ရန်မစောင့်နိုင်တော့ပေ။ အမွှေးရနံ့မှာ ယခင်ကသူတစ်ခါမှမရခဲ့ဖူးသည့်အနံ့မျိုးဖြစ်သည်။

ကျိုးဟောင် ယုန်သားထဲသို့ထူးဆန်းသည့်ပစ္စည်းများအားလုံးထည့်နေသည်ကိုကြည့်ပြီး တို့စ်လစ်တင်မှာ အလွန်သိချင်နေခဲ့သည်။ ဂျော့ချ်လိုပင် သူသည်လည်း စပ်စုလိုသောကလေးတစ်ယောက်ပမာပင်။

ထူးဆန်းသောပုလင်းများအားကြည့်ကာ တို့စ်လစ်တင်၏စိတ်ထဲတွင်ဤပစ္စည်းများမှာ သူ့ခန္ဓာကိုယ်ပေါ်တွင်ချိတ်ဆွဲထားသည့်ရတနာများထက် များစွာပို၍တန်ဖိုးရှိသလို ခံစားနေရပေသည်။

သူသည်ဟင်းခတ်အမွှေးအကြိုင်များအားရပါက ထိုပစ္စည်းများအားအဝေးသို့ပင်လွှင့်ပစ်လောက်ပေသည်။

"မင်းရဲ့ပါဝင်ပစ္စည်းတွေကို ငါ့ကိုနည်းနည်းလောက်ပေးလို့ရမလား ငါဒီရတနာတွေအားလုံးကိုပေးမယ်လေ"

"ပြီးတော့ တကယ်လို့တခြားလူတွေကငါ့ကိုယ်ပေါ်မှာ ဒီရတနာတွေရှိနေတာကိုတွေ့သွားရင် ဒါဆိုငါတို့ရှေ့မှာလုပ်ခဲ့သမျှအလကားဖြစ်သွားပြီမဟုတ်ဘူးလား"

ကျိုးဟောင်သည် ထော့စလိတန်ထံမှထိုကဲ့သို့သောဆင်ခြေမျိုးထွက်လာမည်ဖြစ်ကြောင်း တွေးမိပြီးသားဖြစ်သည်။ သူအလိုချင်ဆုံးသည် ဤပါဝင်ပစ္စည်းများဖြစ်သည်။ ထိုရတနာများမှာသူ့အတွက်လောကီပိုင်ဆိုင်မှုများဖြစ်ပြီး အစားအသောက်ကသာသူ့အားဆွဲဆောင်နိုင်ပေသည်။

ကျိုးဟောင်မှာ ထော့စလိတန်တစ်ယောက် ရတနာများအားမြေကြီးပေါ်သို့ပစ်ချလိုက်သည့်ပုံစံအားကြည့်ကာ ရိုက်ချင်စိတ်များပင်ပေါ်လာခဲ့သည်။

သူဤပစ္စည်းများအား သဘောမကျမှတော့ ၎င်းတို့အားရရန်ဤမျှလောက်အားစိုက်ထုတ်ရန်လိုအပ်ပါသလား။ သူ့လုပ်ရပ်သည်တုတ်တောင်းနေခြင်းသာဖြစ်သည်။ ယခုထိုရတနာများမှာအသုံးမဝင်သောအမှိုက်များပမာ မြေပြင်ပေါ်သို့ပစ်ချခံလိုက်ရပေသည်။

အရေးကြီးဆုံးအရာမှာ ထိုပစ္စည်းများထဲတွင် ဘာမှန်းပင်မသိလိုက်ရဘဲလူ့အသက်အားနှုတ်ယူနိုင်သည့်ပစ္စည်းအချို့ပါပေသည်။ ဤပစ္စည်းများသာယူသွားခံလိုက်ရပါက သေချာပေါက် ရုတ်ရုတ်သဲသဲဖြစ်လာနိုင်ပေသည်။ သူသည်ထိုပစ္စည်းအားချာလီထံမှရခဲ့ခြင်းဖြစ်ပြီး ထိုလူသည်ဘယ်အချိန်ကခိုးသွားမှန်းပင်မသိလိုက်ပေ။

စိတ်အားထက်သန်နေသော ထော့စလိတန်အားကြည့်ကာ ကျိုးဟောင်မှာဘာမှမပြောတော့ပေ။ အကယ်၍ဤယုန်ကင်နှင့်တွဲဖက်ရန် အရက်ကောင်းကောင်းရှိပါကပိုကောင်းမည်ဖြစ်သော်လည်း ယခုအချိန်သည်သောက်ရမည့်အချိန်ကောင်းမဟုတ်ပေ။

ကျိုးဟောင်ခေါင်းညိတ်လိုက်ပြီးနောက် ကျန်နှစ်ယောက်မှာယုန်၏ခြေထောက်အား အားရပါးရကိုက်လိုက်ကြသည်။ ထိုအချိန်တွင်ခံစားလိုက်ရသည့်ခံစားချက်မှာသူတို့နှစ်ယောက်အား အံ့သြသွားစေခဲ့သည်။ အသားသည်အပြင်ဘက်တွင်ကြွပ်နေပြီး အထဲတွင်နူးညံ့နေပေသည်။

အသား၏လတ်ဆတ်မှုမှာစွဲမက်စရာကောင်းပြီး အနံ့ကိုလည်းစကားဖြင့်ဖော်ပြလို့မရပေ။ ဂျော့ချ်သည်အစောပိုင်းက ငရုတ်သီးမှုန့်၏အရသာအားမြည်းစမ်းကြည့်ခဲ့ပေသည်။

ကျိုးဟောင်သည်အစောပိုင်းကယုန်သားထဲသို့ ငရုတ်သီးမှုန့်များစွာထည့်ခဲ့သော်ငြား ယခုစားလိုက်ချိန်တွင် မည်သည့်အစပ်အရသာကိုမျှမခံစားရပေ။ သူ့အားမရပ်တန့်ချင်သည့်ခံစားချက်မျိုးပေးသည့်အမွှေးရနံ့နှင့် လတ်ဆတ်မှုကိုသာခံစားရပေသည်။

"ဒါကအရမ်းအရသာရှိတာပဲ ခင်ဗျားဘာလို့ဒီအချိန်မှပြန်လာတာလဲ တကယ်လို့ရတနာတွေယူချင်တယ်ဆိုလည်း နည်းနည်းကြာကြာနေရောပေါ့"

ဂျော့ချ်မှာကျန်ရှိနေသည့်ယုန်များအား အခြားတစ်ယောက်မှမျက်စိကျနေသလိုခံစားလိုက်ရသည်။ ဤပစ္စည်းများမှာ အားလုံးသူ့အကြိုက်ပစ္စည်းများဖြစ်ပြီး ၎င်းတို့အားအကြောင်းပြချက်မရှိပေးလိုက်ရခြင်းအပေါ် သူသည် အလွန်စိတ်မသက်မသာဖြစ်နေခဲ့ပေသည်။

အထူးသဖြင့်သူဤယုန်များအားခက်ခက်ခဲခဲဖမ်းနေရချိန်တွင် တို့စ်လစ်တင်မှာအရူးလုပ်ပြီးတစ်နေရာသို့ထွက်သွားခဲ့သည့်ကိစ္စပင်ဖြစ်သည်။ သို့သော်ယခုစားတော့မည့်အချိန်တွင် ထော့စလိတန်မှာချက်ချင်းပြန်ရောက်လာခဲ့ပြီး အကြီးဆုံးနှင့်အဝဆုံးကောင်ကိုပင်လိုချင်နေပေသည်။

ဤသည်မှာဂျော့ချ်အား ယခင်ကတစ်ခါမှမခံစားဖူးသည့်ခြိမ်းခြောက်နိုင်သည့်ခံစားချက်အား ခံစားရစေပေသည်။ ကျိုးဟောင်မှာယုန်တစ်ကောင်ယူပြီး ဘေးတွင်ထိုင်ကာအေးဆေးစားနေသည်မှာ မိသားစုကြီးတစ်ခုမှလာသည့်လူကြီးလူကောင်းတစ်ယောက်ပမာပင်။

ဂျော့ချ်တို့ယခုစားနေသည်မှာယုန်ဖြစ်၍သာတော်တော့သည်။ မဟုတ်ဘဲ ဆင်ကဲ့သို့အရသာရှိ‌သောအသားမျိုးသာစားရပါက သူရှေ့ရှိနှစ်ယောက်ကြားတွင်ပြဿနာအကြီးအကျယ်ဖြစ်လောက်သည်ဟု ကျိုးဟောင်စိတ်ထဲတွင်တွေးမိနေပေသည်။

ဂျော့ချ်တို့နှစ်ယောက်မှာ အစားအသောက်ကိုသာအာရုံရောက်နေပြီး ၎င်းတို့၏ပုံစံမည်သို့မည်ပုံဖြစ်နေသည်ကိုလည်းဂရုမစိုက်တော့ပေ။ သူတို့ဗိုက်ပြည့်ချိန်မှသာ သတိထားမိကြမည်ဖြစ်သည်။ နှစ်ယောက်လုံးမှာ တစ်ယောက်ကတစ်‌ယောက်ထက်စားလို့အရင်ကုန်သွားမည်ကိုစိုးရိမ်နေကြပြီး မီးကင်ထားသည့်ယုန်သားအား မျက်လုံးတောက်တောက်များဖြင့် ကြည့်နေခဲ့ကြသည်။

"ကျိုးဟောင် မင်းလည်းမြန်မြန်စားသင့်တယ် မဟုတ်ရင်ဒီအဘိုးကြီးကအကုန်စားပစ်လိုက်လိမ့်မယ်"

ဂျော့ချ်မှာပါးစပ်တွင်ပေနေည်များကိုကသုတ်ရင်း ကျိုးဟောင်ကိုလည်းမြန်မြန်စားရန်အဖော်စပ်နေပေသည်။ သူသည် ထော့စလိတန်အားအမြန်စားရန်ဖိအားပေးမိပြီး ကျိုးဟောင်စားရန်မကျန်‌တော့မည်ကို စိုးရိမ်နေပေသည်။

"ဒီခြေထောက်အသားက မင်းအတွက် အသားများပြီးမွှေးတယ်"

ထော့စလိတန်မှာယုန်အားယူလိုက်ကာ ဖဲ့လိုက်သည့်ခြေထောက်အားကျိုးဟောင်ထံကမ်းပေးလိုက်သည်။ သူ့စိတ်ထဲတွင်ချီတုံချတုံဖြစ်နေသော်ငြား အနာဂတ်တွင်သူသည်ကျိုးဟောင်နောက်လိုက်ရန်ဆုံးဖြတ်ထားပေရာ ကျိုးဟောင်နှင့်ခွဲဝေယူရန်ဆန္ဒရှိပေသည်။

ကြက်သားကဲ့သို့အရသာရှိသောအသားများစွာရှိ‌ပေသည်။ စိတ်ထဲတွင်ထိုသို့တွေးမိသောအခါ သူ့စိတ်သည်ယခင်ကလောက်မနာကျင်တော့ပေ။ သူသည်ယုန်ခြေထောက်အားရက်‌ရောစွာဖြင့်ကျိုးဟောင်ထံကမ်း‌ပေးလိုက်ရာ ကျိုးဟောင်ပင်အံ့သြသွားခဲ့သည်။

သူခိုးနတ်ဘုရားမှာ ယခင်ကအမြဲတမ်းကပ်စေးနှဲသည့်လူတစ်ယောက်ဖြစ်ပေရာ ဘယ်အချိန်ကဤမျှလောက်ရက်ရောလာပါသနည်း။ သူသည်တကယ်ပင်ယုန်သားအား သူ့ဘက်မှစကာခွဲပေးနေပေသည်။

ထို့နောက်ကောင်းကင်အားမော့ကြည့်လိုက်ရာ နေမှာတကယ်ပင်အနောက်အရပ်မှထွက်လာကြောင်းတွေ့လိုက်ရသည်။ သူခိုးနတ်ဘုရားသည်ကျန်သည့်နေရာများတွင်အားလုံးကောင်းသော်ငြား ၎င်းသည်ရတနာများပိုက်ဆံများအားစိတ်မဝင်စားပေ။

သူဂရုစိုက်သည့်တစ်ခုတည်းသောအရာမှာ အစားအသောက်သာဖြစ်သည်။ သူ့လက်ထဲရှိအစားအသောက်အားယူရန်မှာကောင်းကင်ပေါ်သို့တက်ရသည်ထက်တောင်ခက်ပေသည်။

ထို့ကြောင့် သူ့ဘက်မှတကယ်ပင်ယခုလိုအသားပိုင်းအကြီးကြီးအားစိတ်လိုလက်ရပေးခြင်းသည် အနည်းငယ်သံသယဝင်စရာကောင်းပြီး သေချာပေါက်သည်းမခံနိုင်သည့်ကိစ္စတစ်ခုခုအားလုပ်ခဲ့ပြီး ဖုံးကွယ်ထားသည့်ရည်ရွယ်ချက်လည်းသေချာပေါက်ရှိလောက်ပေသည်။

"ခင်ဗျားဘာလိုချင်လဲသာပြောလိုက် ကျုပ်ခင်ဗျားကိုလန့်လို့"

ကျိုး‌ဟောင်မှာ သူ့ရှေ့ရှိယုန်ခြေထောက်အား ရှုပ်ထွေးနေသည့်ဟန်ဖြင့်ကြည့်နေပြီး မေးလိုက်သည်။ ၎င်း၏ပုံစံမှာအတော်အရသာရှိမည့်ပုံပင်။ သို့သော်သူခိုးနတ်ဘုရား၏ ပုံစံသည်အနည်းငယ်သံသယဝင်စရာကောင်းပေသည်။

"ငါ့မှာဘာရည်ရွယ်ချက်မှမရှိဘူး ဒီတိုင်းမင်းကအရမ်းအလုပ်ကြိုးစားလို့ မင်းကိုမျှကျွေးတာ"

ထော့စလိတန်မှလေသံတိုးတိုးဖြင့်ပြောလိုက်သည်။ အနာဂတ်တွင်ကျိုးဟောင်နှင့်ကောင်းမွန်သောဘဝတွင်နေထိုင်နိုင်ရန်အတွက် သူသည်ဤရတနာအားကျိုးဟောင်နှင့်မျှဝေလိုသည့်စိတ်ရှိပေသည်။

ကျိုးဟောင်၏လုံနတ်ဘုရားစစ်သင်္ဘောပေါ်ရှိအရသာရှိသည့်အစားအသောက်များနှင့် အရက်များအားသူစိတ်ထဲမှမထုတ်ပစ်နိုင်ပေ။ စိတ်ထဲတွင်အရက်သောက်ချင်စိတ်ဖြစ်နေသော်ငြား ယခုအချိန်သည်သောက်ရမည့်အချိန်မဟုတ်ပေ။

ကျိုးဟောင်မှာ ထော့စလိတန်၏စိတ်ရင်းပါသောအကြည့်အားတွေ့ကာ လက်ဆောင်အားလက်ခံလိုက်သည်။ သို့သော် ထော့စလိတန်၏မျက်လုံးထဲရှိ သံံယောဇဥ်အမျှင်တန်းနေသည့်အရိပ်အယောင်ကိုတော့ မြင်လိုက်ပေသည်။

သူ့ထံတွင်မကောင်းသည့်ရည်ရွယ်ချက်မရှိသရွေ့ကိစ္စမရှိပေ။ ကျိုးဟောင်တို့သုံးယောက်မှာပျော်ရွှင်စွာစားသောက်နေကြသော်ငြား ကျိရိုမိသားစု၏ပိုင်နက်တွင်တော့ ပျော်ရွှင်မနေကြပေ။ အကြောင်းမှာ သူတို့ရထားသည့်ရတနာများမှာ ရုတ်တရက်ပျောက်ကွယ်သွားကြောင်းသိလိုက်ရ၍ဖြစ်သည်။

အားလုံးမှာသူတို့၏ရတနာများအား ဦးလေး ၂၏ကိုယ်ပေါ်တွင်ထားထားခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ထိုသို့သိမ်းဆည်းထားခြင်းသည်မလုံခြုံဘူးဟုတွေးကာ အားလုံးမှာမိမိတို့ပစ္စည်းများအားပြန်ယူကာ သူတို့ကိုယ်ပေါ်တွင်သာ သိမ်းထားခဲ့ကြခြင်းဖြစ်သည်။ အားလုံးတစ်ချိန်တည်းပြန်ရောက်လာကြပြီး သူတို့၏ရတနာများပျောက်သွားကြောင်းလာပြောကြမည်ဟုမထင်ထားခဲ့ပေ။

....................................................................................

အခန်း (၇၈၅) ပြီးပါပြီ။

All Chapters