← Chapters

အခန်း (၃၁၉-၃၂၁)

Vol. 22 Ch. 319-321

အခန်း (၃၁၉-၃၂၁)

Vol. 22 Ch. 319-321

အခန်း (၃၁၉) : ခင်ဗျားပြောတဲ့ဝိဉာဉ်ခန္ဓာကိုယ်အပိုင်းအစကဘယ်မှာလဲ

"သုံးလို့မရဘူးလား ကျွန်တော်ဒီမှာရှိတဲ့ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအင်အနှစ်သာရကိုသုံးနေတာကြာလှပြီ"

ကျိုးဟောင်မှာကြက်သေသေသွားသည်။ သူထိုကိစ္စအားတကယ်ကိုမသိထားပေ။

အစပိုင်းတွင် ကျိုးဟောင်သည် အက်ကွဲကြောင်းထဲရှိကျင့်ကြံရေးပတ်ဝန်းကျင်မှာ အလွန်ကောင်းမွန်သည်ဟုထင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဤနေရာသည်အတော်လေးအန္တရာယ်များပေရာ ကျင့်ကြံရန်အက်ကွဲကြောင်းထဲသို့ ဝင်ချင်တိုင်းဝင်မရပေ။

ယခုမှသာ အက်ကွဲကြောင်းထဲရှိကောင်းကင်နှင့်မြေကြီး၏စွမ်းအင်အနှစ်သာရအား အလွယ်တကူသုံးမရခြင်းကိုသိခြင်းဖြစ်သည်။

"ဒီနေရာက ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအင်အနှစ်သာရကိုအလွယ်တကူသုံးမရတာမဟုတ်ဘူး ဒီကဧရိယာအများစုမှာရှိတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအင်အနှစ်သာရက အရမ်းပြင်းထန်ပြီးသွေးကြောတွေကိုအရမ်းတိုက်စားလို့ပဲ"

"အဲဒီတုန်းက သွေးကြောတွေဒဏ်ရာရပြီးကောင်းကင်ဘုံအဆင့်ထိရောက်အောင်ကျင့်ကြံဖို့ အရမ်းခက်ခဲခဲတဲ့မူလအဆင့်သိုင်းပညာရှင်တွေမှအများကြီးပဲ"

"အက်ကွဲကြောင်းထဲကနေရာတွေကို အမျိုးအစား ၂ မျိုးခွဲထားတယ် တစ်ခုကကျင့်ကြံရေးဧရိယာနဲ့ နောက်တစ်ခုကသတိပေးချက်ဧရိယာပဲ"

မုရုံရွှင်းမှာတစ်ချိန်ကအသန်မာဆုံးကောင်းကင်ဘုံအဆင့်ပညာရှင်များထဲမှတစ်ယောက်ဖြစ်ခဲ့ပေရာ ဤကိစ္စများအားကောင်းစွာသိပေသည်။

ကျိုးဟောင်မုရုံရွှင်းအားယခုလိုပိတ်ထားရသည့်အကြောင်းအရင်းများထဲမှတစ်ချက်မှာ ဤပုဂ္ဂိုလ်ထံမှတစ်ဆင့် ထိုကိစ္စများအားလျင်မြန်စွာနားလည်လို၍ဖြစ်သည်။

အိမ်တွင်သက်ကြီးရွယ်အိုရှိခြင်းသည် ရတနာတစ်ခုရှိခြင်းနှင့်တူသည်ဟူသော ဆိုရိုးအတိုင်းပင်ဖြစ်သည်။ လက်ရှိအချိန်တွင် မုရုံရွှင်း၏ကြီးမားသောတန်ဖိုးမှာ ထွက်ပေါ်လာပြီဖြစ်သည်။

"ကျင့်ကြံရေးဧရိယာဆိုတာဘာလဲ သတိပေးချက်ဧရိယာဆိုတာကရောဘာလဲ"

ကျိုးဟောင်မှာမုရုံရွှင်း၏လမ်းညွှန်မှုအတိုင်းလိုက်နာကာ ဂရုတစိုက်ဖြင့်ရှေ့ဆက်တိုးသွားလိုက်သည်။ တစ်ချိန်တည်းမှာပင်သူသည် အသံစွမ်းပို့ခြင်းမှတစ်ဆင့် မုရုံရွှင်းဖြင့်ဆက်လက်ဆက်သွယ်နေပေသည်။

"ကျင့်ကြံရေးဧရိယာဆိုတာက ကျင့်ကြံဖို့အတွက်သင့်တော်တဲ့နေရာပဲ ကမ္ဘာဂြိုဟ်ပေါ်က ကောင်းကင်ဘုံအဆင့်ပညာရှင်တွေက ဒီနေရာမှာစုနေကြတာ"

"ကျင့်ကြံရေးဧရိယာပြင်ပကဧရိယာတွေအကုန်လုံးကို သတိပေးချက်ဧရိယာလို့ခေါ်တယ် ဒီနေရာတွေကကျင့်ကြံဖို့မသင့်တော်ဘူး မင်းဒီနေရာတွေမှာအချိန်အကြာကြီးနေရမယ်ဆိုရင်တောင် မင်းရဲ့စွမ်းအင်အနှစ်သာရကိုပြန်ဖြည့်တင်းဖို့ ဒီနေရာကကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအင်အနှစ်သာရကို သေချာပေါက်မဆင်မခြင်နဲ့သန့်စင်လို့မရဘူး"

မုရုံရွှင်းမှာအတော်လေးအံ့သြပြီးချီကျူးမိပေသည်။

ကျိုးဟောင်မှာအသက်မကြီးသေးသော်လည်း သူ၏အုတ်မြစ်မှာ အတော်လေးခိုင်မာပြီးစွမ်းအားကြီးလှပေသည်။

စွမ်းအားကြီးရုံသာမက ရဲရင့်ပြီးစေ့လည်းစေ့စပ်ပေသည်။ ယခုလိုသိုင်းပညာရှင်တစ်ယောက်အတွက် စွမ်းအားမကြီးလာရန်မှာ မဖြစ်နိုင်ပေ။

မုရုံရွှင်းမသိသည်မှာ ကျိုးဟောင်ထံတွင် တကယ်ကိုကျင့်ကြံရေးအရင်းအမြစ်အပြည့်အစုံရှိနေကြောင်းကိုပင်ဖြစ်သည်။

အကယ်၍ဤနေရာတွင် သင့်တော်သောကျင့်ကြံရေးဧရိယာရှာမတွေ့လျှင်တောင် သူ၏ဆုံးရှုံးမှုများအားပြန်လည်ကာမိရန် ရှားပါးအဆင့်စွမ်းအင်ဘားများကို သုံးလို့ရသေးပေသည်။

"နေဦး..."

ကျိုးဟောင်မှာအက်ကွဲကြောင်းတွင်း အချိန်တစ်ခုအထိဖြတ်သန်းလာပြီးနောက် မုရုံရွှင်းမှာရုတ်တရက်သူ့အားတားလာလေသည်။

"သိမ်းငှက်စိမ်းလေးကို အာရုံခံမိလိုက်လို့လား"

ကျိုးဟောင်မှာသိလိုစွာဖြင့်မေးလိုက်သည်။ သိမ်းငှက်စိမ်းလေးမှာ ကောင်းကင်ဘုံသိမ်းငှက်စိမ်းဘုရင်၏ လက်နက်ဖြစ်သည်။

ဤကောင်းကင်ဘုံသိမ်းငှက်စိမ်းဘုရင်မှာ မုရုံရွင်းကဲ့သို့ ရက်စက်သောလူမဟုတ်သော်လည်း အလွန်စွမ်းအားကြီးသောပညာရှင်များထဲမှတစ်ယောက်ဖြစ်သည်။

အစိမ်းရောင်တိမ်တိုက်ဌာန၏မှတ်တမ်းထဲတွင် ဤကောင်းကင်ဘုံသိမ်းငှက်စိမ်းဘုရင်မှာလည်း အလွန်အရေးပါသောပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။

"ငါတစ်ခါမှမပြောမိပါဘူး"

ကျိုးဟောင်၏အသိစိတ်ပင်လယ်ထဲရှိသေးငယ်သောမုရုံရွှင်းမှာ ခေါင်းသာယမ်းနေပေသည်။

"ငါ့ဝိဉာဉ်ခန္ဓာကိုယ်ရဲ့နောက်ထပ်အပိုင်းအစတစ်ခုကိုခံစားမိတယ် ငါ့ကိုကူညီပြီးယူပေးပါ"

"အခု မင်းနဲ့ငါ့ကြားကနေ့စဉ်စကားပြောတာတောင် ငါ့အတွက်အတော်လေးစွမ်းအင်ကုန်တယ် တကယ်လို့မင်းမှာငါ့အတွက် ဘာစွမ်းအင်ဖြည့်စရာမှမရှိရင် သိပ်မကြာခင် ငါ့ဘာသာအလိုလိုပျောက်ကွယ်သွားတော့မှာ"

"မြန်မြန် ဒီဝိဉာဉ်ခန္ဓာကိုယ်အပိုင်းအစကိုငါ့အတွက်ယူပေးပါ"

ကျိုးဟောင်ထိုကိစ္စလုပ်ပေးရန်မှာ ကောင်းကင်ဘုံသို့တက်ရသကဲ့သို့ခက်ခဲမည်ဖြစ်ကြောင်းကို မုရုံရွှင်းသိပေသည်။

သို့သော် နောက်ဆုံးတွင်သူ့ဝိဉာဉ်ခန္ဓာကိုယ်၏အပိုင်းအစအား တွေ့ရပြီဖြစ်ပေရာ အကယ်၍သူသာထိုအရာအာစုဆောင်းပြီး မပေါင်းစပ်ပါက မခံမရပ်နိုင်ဖြစ်ရပေလိမ့်မည်။

"ရတာပေါ့ စီနီယာမုရုံသာစီနီယာမုရုံကိုအပြည့်အဝဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုသင်ပေးရင် ကျွန်တော်သေချာပေါက် စီနီယာမုရုံလိုချင်တာကိုယူဖို့ကူညီပေးမယ်"

ကျိုးဟောင်မှာခေတ္တမျှစဉ်းစားပြီးပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည်အတော်လေးအံ့ဩသွားပေသည်။ ဤနေရာတွင်မုရုံရွှင်း၏ဝိဉာဉ်ခန္ဓာကိုယ်အပိုင်း အစရှိနေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

"ငါ့စိတ်ကိုဖွင့်ပြီး မင်းရဲ့စိတ်စွမ်းအားကိုငါ့ရဲ့ဝိဉာဥ်ခန္ဓာကိုယ်ထဲဝင်ခိုင်းလို့ရတယ်"

"ဒီလိုဆို တကယ်လို့ငါပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုတစ်ခုခုလုပ်ရင် မင်းငါ့ရဲ့ဝိဉာဉ်ခန္ဓာကိုယ်ကို ချက်ချင်းဒဏ်ရာရအောင်လုပ်လို့ရတယ် အဲဒီလိုဆိုရင်ရော ဘယ်လိုလဲ"

မုရုံရွှင်းသည်လည်း ရက်စက်သောလူတစ်ယောက်ဖြစ်သည်။ လက်ရှိအချိန်တွင်သူသည်အားလုံးကို ကြိုးတစ်ချောင်းအပေါ်တွင်တင်ထားသလို ခံစားရပေသည်။

ကျိုးဟောင်၏အကူအညီသာမရှိပါက သူပြန်ကောင်းရန်အလွန်ခက်ခဲမည်ဖြစ်သည်။ ယခုအချိန်တွင် သူကျိုးဟောင်နှင့်ညှိနှိုင်းနိုင်စွမ်းမရှိပေရာ ကျိုးဟောင်အားအကျိုးအမြတ်တစ်ချို့ပေးရန်သာတတ်နိုင်ပေသည်။

"ကောင်းပြီလေ"

ကျိုးဟောင်မှာပျော်ရွှင်သွားသည်။ စင်စစ်ကိုပင် မုရုံရွှင်းထံ၌ ဤကဲ့သို့သောနည်းလမ်းမျိုးရှိပေသည်။

သို့သော် ယခုလိုနည်းလမ်းဖြင့်မုရုံရွှင်းအား အချိန်ဘယ်လောက်ထိန်းချုပ်နိုင်မလဲဆိုသည်အား သူမသိပေ။

မုရုံရွှင်းမှာသူ၏စိတ်အားဖွင့်ပေးလိုက်ပြီးနောက် ကျိုးဟောင်မှာမုရုံရွှင်း၏ဝိဉာဉ်ခန္ဓာကိုယ်ထဲသို့ သူ၏စိတ်စွမ်းအားအားထည့်သွင်းလိုက်သည်။

ထိုသို့လုပ်ပြီးနောက် သူလုပ်ချင်သလိုလုပ်လို့ရသကဲ့သို့ခံစားလိုက်ရပေသည်။

ဤပုံအတိုင်းဆိုပါက သူသာဆန္ဒရှိလျှင် မုရုံရွှင်းအားအချိန်မရွေးသတ်ပစ်လို့ရပေသည်။

"စီနီယာမုရုံ ခင်ဗျားပြောတဲ့ ဝိဉာဉ်ခန္ဓာကိုယ်အပိုင်းအစကဘယ်မှာလဲ"

လက်ရှိအချိန်တွင်ကျိုးဟောင်မှာလုံးဝစိတ်သက်သာရာရသွားပြီဖြစ်သည်။ သူမုရုံရွှင်း၏ဝိဉာဉ်ခန္ဓာကိုယ်အားထိန်းချုပ်နေနိုင်သရွေ့ မုရုံရွှင်းသန်မာလာလေ သူ့အတွက်ပိုကောင်းလေပင်ဖြစ်သည်။

မုရုံရွှင်းအလွန်စွမ်းအားကြီးလာပြီး လုံးဝအထိန်းအချုပ်မဲ့သွားသည်အထိတော့ ကျိုးဟောင်တစ်ယောက် သေချာပေါက်အဖြစ်ခံမည်မဟုတ်ပေ။

....................................................................................

အခန်း(၃၁၉) ပြီးပါပြီ။

အခန်း (၃၂၀) သံမဏိအရိုးဝက်ဝံဘုရင်

"စီနီယာမုရုံ အရင်ကကောင်းကင်ဘုံဘုရင်ကျူးပြောတာ ဒီနေရာမှာသန္ဓေပြောင်းလဲခြင်းတစ်ချို့ဖြစ်ခဲ့ပြီးပြီတဲ့ ဒီနေရာမှာဘာဖြစ်ခဲ့သလဲ ပြောပြလို့ရမလား"

ကျိုးဟောင်မှာဤနေရာသို့ဝင်လာရသည့်အရေးကြီးကိစ္စအားမေ့မသွားပေ။ သို့သော် အချိန်အကြာကြီးလေ့လာပြီးနောက်ဤနေရာ၌တစ်ခုခုမှားယွင်းနေတာမျိုးအား ရှာမတွေ့ခဲ့ပေ။

"ပုံမှန်မဟုတ်တာမရှိဘူး အက်ကွဲကြောင်းထဲမှာအရမ်းကိုပုံမှန်ပဲ"

မုရုံရွှင်းမှာအတွေ့အကြုံရှိပြီး ဗဟုသုတကြွယ်ဝသူတစ်ယောက်ဖြစ်သည်။ ယခုကျိုးဟောင်မေးသည့်အသံမှာလည်း အလွန်မထီမဲ့မြင်ပြုပုံပေါက်နေပေသည်။

"အက်ကွဲကြောင်းထဲကကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအင်အနှစ်သာရသိပ်သည်းဆက ပုံသေမရှိဘဲနဲ့ ပုံမှန်ပြောင်းလဲနေတာ"

"မျိုးနွယ်ခြားအများစုက ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအင်အနှစ်သာရကိုလိုက်ပြီး ပြောင်းရွှေ့ကျက်စားကြတာ"

"တကယ်လို့မင်းသေချာအာရုံခံရင် ပတ်ဝန်းကျင်ကကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအင်အနှစ်သာရတွေက ဦးတည်ရာတစ်ခုကိုဖြည်းဖြည်းချင်းရွေ့လျားနေတယ်ဆိုတာ သိရလိမ့်မယ်"

မုရုံရွှင်း၏ထိုစကားအားကြားပြီးနောက် ကျိုးဟောင်မှာတကယ်ကိုပင် ထိုအရာအားတိတ်ဆိတ်စွာအာရုံစခံလေတော့သည်။

ခေတ္တမျှကြာပြီးနောက် ကျိုးဟောင်မှာခေါင်းညိတ်လိုက်သည်။ မုရုံရွှင်းမာတကယ်ကိုအဓိပ္ပာယ်မရှိလျှောက်ပြောနေခြင်းမဟုတ်ပေ။ ၁၂ခုမြောက်အက်ကွဲကြောင်းတွင်ဤမျှလောက်မျိုးနွယ်ခြားအများကြီးပေါ်လာသည်မှာ သူတို့၏ကံဆိုးမှုသာဖြစ်သည်။

အားလုံးမှာ ၁၂ခုမြောက်အက်ကွဲကြောင်းအားတိုက်ရန်ပြင်ဆင်နေစဉ်မှာပင် များပြားသောကောင်းကင်နှင့်မြေကြီး၏စွမ်းအင်အနှစ်သာရတို့မှာ ဤဧရိယာသို့ဆက်တိုက်ရွေ့လျားလာပြီး ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်အနှစ်သာရနောက်လိုက်နေသောမျိုးနွယ်ခြားအများအပြားကိုလည်း ဤနေရာသို့ပြောင်းရွှေ့လာစေလေသည်။

ကမ္ဘာဂြိုဟ်ပေါ်တွင် အချို့ငှက်များမှာရာသီအလိုက် ပြောင်းရွှေ့ကျက်စားကြသလိုပင် မျိုးနွယ်ခြားများသည်လည်းအတူတူပင်ဖြစ်သည်။

"စီနီယာမုရုံ ဒီလိုအခြေအနေမျိုးကပုံမှန်ဆိုဘယ်လောက်လောက်ကြာလဲ"

ကျိုးဟောင်မှာဆက်မေးလိုက်သည်။ မုရုံရွှင်းမှာဤကိစ္စများအားသိနေသည်ဆိုမှတော့ သူဆက်စုံစမ်းနေစရာမလိုတော့ပေ။ သူထွက်သွားပြီးနောက် မုရုံရွှင်းပြောသမျှအား ကျူးဇောင်ကိုပြောပြလိုက်ရုံပင်။

"များသောအားဖြင့်ကပြောရခက်တယ် ပုံမှန်ဆိုရင်တော့ ၃လကနေ ၅လအထိကြာတယ်"

"မျိုးနွယ်ခြားအများစုက ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအင်အနှစ်သာရနောက်လိုက်ပြီး ပြောင်းရွှေ့ကြတာ ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအင်အနှစ်သာရကလည်း ဒီနေရာမှာပဲရပ်နေမှာမဟုတ်ဘူး ၃ရက်ကနေ ၅ရက်အတွင်း ဒီနေရာကမျိုးနွယ်ခြားအရေအတွက်က ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်"

အစောပိုင်းကကျူးဇောင်နှင့်ကျိုးဟောင်တို့ကြားရှိပြောစကားအား မုရုံရွှင်းလည်းကြားလိုက်ရပေသည်။ ထို့ကြောင့် ကျိုးဟောင်သိချင်သည့်ကိစ္စအားသူပြောပြနေခြင်းဖြစ်သည်။

"လမ်းညွန်ပြောပြပေးလို့ကျေးဇူးတင်ပါတယ် စီနီယာမုရုံ"

မူရုံရွှင်း၏ထိုစကားအားကြားပြီးနောက် ကျိုးဟောင်မှာချက်ချင်းပင်စိတ်သက်ရာရသွားသည်။

အကယ်၍ ၃ရက်မှ၅ရက်သာကြာမည်ဆိုပါက ဟွာရှား၏ဗျူဟာကြီးအားအကျိုးသက်ရောက်မှုမရှိနိုင်ပေ။

"ငါတို့ရောက်ပြီ ဒါပေမဲ့...."

မုရုံရွှင်းမှာ ကျိုးဟောင်အားအချိန်တစ်ခုမျှလမ်းညွှန်ပြီးနောက် ကျိုးဟောင်အားရပ်ခိုင်းလိုက်ပေသည်။

ဤနေရာနှင့်မနီးမဝေးတွင် ကြီးမားသောသံမဏိအရိုးဝက်ဝံဘုရင်တစ်ကောင်ရှိပြီး ၎င်း၏လည်ပင်းတွင်လည်ဆွဲတစ်ခုရှိပေသည်။ မုရုံရွှင်း၏ဝိဉာဉ်ခန္ဓာကိုယ်အပိုင်းအစမှာ ထိုလည်ဆွဲပေါ်ရှိအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်နေပေသည်။

"စွမ်းအားကြီးလိုက်တဲ့အငွေ့အသက်"

ကျိုးဟောင်မှာအဝေးရှိမြေပြင်ပေါ်တွင်လှဲနေသော သံမဏိအရိုးဝက်ဝံဘုရင်အားကြည့်ကာ ဤသတ္တဝါမှာသေချာပေါက်ရင်ဆိုင်ရအလွန်ခက်မည်ဖြစ်ကြောင်းကိုခံစားမိလေသည်။

"ဒါကကောင်းကင်ဘုံအဆင့်ကိုခြေလှမ်းတစ်ဝက်ရောက်နေတဲ့ သံမဏိအရိုးဝက်ဝံဘုရင်ပဲ မင်းကသူ့ပြိုင်ဘက်မဟုတ်ဘူး သွားကြစို့"

မုရုံရွှင်းမှာအလွန်အမင်းပြန်ကောင်းလိုသော်ငြား တစ်ဖက်ပြိုင်ဘက်အားတွေ့လိုက်သည့်အခါ ဆုံးဖြတ်ချက်လည်းအလွန်ပြတ်သားပေသည်။

တစ်ဖက်ပြိုင်ဘက်မှာသံမဏိအရိုးဝက်ဝံဘုရင်ဖြစ်ကြောင်းသိလိုက်ရသည်နှင့် သူသည်ကျိုးဟောင်အားတန်းထွက်သွားခိုင်းပေသည်။

ကျိုးဟောင်နှင့်သံမဏိအရိုးဝက်ဝံဘုရင်ကြားရှိတိုက်ပွဲရလဒ်မှာလည်း သံမဏိအရိုးဝက်ဝံဘုရင်၏လက်ဖြင့်ကျိုးဟောင်သေလျှင်သေ သို့မဟုတ် ပြင်းထန်သောဒဏ်ရာများဖြင့် သံမဏိအရိုးဝက်ဝံဘုရင်၏လက်မှလွတ်မြောက်သွားသည်ဟူသော လမ်းနှစ်လမ်းသာရှိသည်။ဤသို့ဆိုပါကနောက်ပိုင်းတွင် ကျိုးဟောင်၏ ဒဏ်ရာရနေသောအငွေ့အသက်အား အခြားစွမ်းအားကြီးမျိုးနွယ်ခြားများမှအာရုံခံမိပြီး နောက်ဆုံးတွင်အဝိုင်းခံရကာ ထိုစွမ်းအားကြီးမျိုးနွယ်ခြားများ၏သတ်ဖြတ်ခြင်းအားခံရပေလိမ့်မည်။

ယခုအချိန်တွင်သူသည်ကျိုးဟောင်နှင့်သဘောတူညီမှုတစ်ခုလုပ်ပြီးပြီဖြစ်ပေရာ ကျိုးဟောင်အားဤမျှလောက်အလွယ်တကူမသေစေချင်ပေ။

"ကျွန်တော့်အထင်တော့စမ်းကြည့်လို့ရတယ် ဘာပဲဖြစ်ဖြစ် အဲဒါကသူ့လည်ဆွဲပေါ်မှာရှိနေတာ ပြီးတော့အဲဒီဆွဲကြိုးကအဆင်တန်ဆာတစ်ခုပဲကို"

ကျိုးဟောင်မှာချက်ချင်းထွက်မသွားဘဲ သံမဏိအရိုးဝက်ဝံဘုရင်၏လည်ဆွဲအားမည်သို့ယူရမလဲဆိုသည်အားစဉ်းစားနေပေသည်။

"အဲဒီလိုအတွေးမျိုးမတွေးဖို့ငါမင်းကိုအကြံပေးလိုက်မယ် သူ့ရဲ့အမွေးအရောင်ကိုကြည့်လိုက်"

ကျိုးဟောင် သံမဏိအရိုးဝက်ဝံဘုရင်အကြောင်းစဉ်းစားနေစဉ်မှာပင် မုရုံရွှင်းသည်လည်း ကျိုးဟောင်အားထိုသတ္တဝါ၏အမွေးအရောင်အားကြည့်ရန်သတိပေးလိုက်သည်။

"ဒါက....."

သေချာကြည့်လိုက်ချိန်တွင် သံမဏိအရိုးဝက်ဝံဘုရင်၏မူလအမွေးများမှာအမဲရောင်ဖြစ်ကြောင်းကို ကျိုးဟောင်သိလိုက်ရပေသည်။ သို့သော် ယခုအချိန်တွင် ထိုအမဲရောင်အမွေးများကြားတွင် ငွေရောင်အမွေးများရှိနေလေသည်။

အဓိပ္ပာယ်မှာ ဤသံမဏိအရိုးဝက်ဝံဘုရင်၏သွေးမျိုးဆက်မှာအလွန်သန့်စင်သည်ဟူသောသဘောပင်ဖြစ်သည်။ လက်ရှိအချိန်တွင် ဤသံမဏိအရိုးဝက်ဝံဘုရင်မှာ ငွေရောင်အရိုးဝက်ဝံဘုရင်ဖြစ်လာနေဆဲဖြစ်သည်။

"နှမြောစရာပဲ"

ထိုအရာအားမြင်လိုက်သောအခါ ကျိုးဟောင်မှာချက်ချင်းပင်နှမြောတသဖြစ်သလိုခံစားလိုက်ရပေသည်။

ယခင်ကသူ့ထံတွင်သားရဲထိန်းချုပ်ကွင်းတစ်ခုရှိခဲ့ဖူးပေသည်။ အကယ်၍သူသာသားရဲထိန်းချုပ်ကွင်းအား ထိုအချိန်တုန်းကမသုံးခဲ့ဘဲ ဤနေရာတွင်သုံးလိုက်မည်ဆိုပါက ငွေရောင်အရိုးဝက်ဝံဘုရင်တစ်ကောင်အား ချက်ချင်းရရှိမည်ဖြစ်သည်။

သံမဏိအရိုးဝက်ဝံဘုရင်ကဲ့သို့သော မိစ္ဆာသားရဲတစ်ကောင်မှာ ငွေရောင်အရိုးဝက်ဝံဘုရင်တစ်ကောင်ဖြစ်လာနိုင်ပြီး အဆုံးတွက်ရွှေရောင်အရိုးဝက်ဝံဘုရင်တစ်ကောင်အထိဖြစ်လာနိုင်ပေသည်။

အကယ်၍သူ့ထံတွင်စီးနင်းခံသားရဲတစ်ကောင်အနေဖြင့် ရွှေရောင်အရိုးဝက်ဝံဘုရင်တစ်ကောင်သာရှိပါက သေချာပေါက် ၁၂ခုမြောက်အက်ကွဲကြောင်းနှင့် ၁၃ခုမြောက်အက်ကွဲကြောင်းတို့တွင် စိတ်ကြိုက်သွားလာနိုင်ပြီဖြစ်သည်။

"ဒီကောင်ကရတနာတွေစုရတာကြိုက်တယ် ကျွန်တော်တို့ကြိုးစားကြည့်လို့ရမယ်လို့ထင်တယ်"

ထိုအချက်အားတွေးကာ ကျိုးဟောင်မှာချက်ချင်းဆိုသလိုပင်သူ၏သိမ်းဆည်းရေးကိရိယာထဲမှ ရတနာများစွာအားထုတ်ယူလိုက်ပေသည်။

ဤအရာများအား သူယခင်ကလျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ခြင်းမှရခဲ့ခြင်းဖြစ်ပြီး တန်ဖိုးလည်းအများကြီးမရှိပေရာ စမ်းကြည့်လို့ရပေသည်။

ကလစ်!

သံမဏိအရိုးဝက်ဝံဘုရင်နှစ်ခြိုက်စွာအိပ်ပျော်နေဆဲမှာပင် လှပသောရတနာများမှာသူရှေ့သို့လိမ့်လာလေသည်။

ထိုအသံအားကြားလိုက်သောအခါ သံမဏိအရိုးဝက်ဝံဘုရင်မှာ ၎င်း၏မျက်လုံးများအားဖြည်းညှင်းစွာဖွင့်လာလေသည်။

သူ့ရှေ့ရှိလှပသောရတနာများစွာအားမြင်ပြီးနောက် သံမဏိအရိုးဝက်ဝံဘုရင်မှာချက်ချင်းဆိုသလိုပင်ပျော်ရွှင်သွားလေသည်။

မုရုံရွှင်း၏ကြက်သေသေနေသောအကြည့်အောက်တွင်ပင် ဤသံမဏိအရိုးဝက်ဝံဘုရင်မှာတကယ်ကိုပင် မြေပြင်ပေါ်ရှိရတနာများအားကောက်ကာ သူ၏လည်ဆွဲပေါ်ရှိရတနာများ၏နေရာတွင်အစားထိုးနေလေသည်။

တိုက်ဆိုင်စွာပင် မုရုံရွှင်း၏ဝိဉာဉ်ခန္ဓာကိုယ်အပိုင်းအစသည်လည်း တန်းကာစွန့်ပစ်ခံလိုက်ရပေသည်။

....................................................................................

အခန်း(၃၂၀) ပြီးပါပြီ။

အခန်း (၃၂၁) : ဒီလိုဘုရင်ဆီမှာအညံ့ခံမလို့လား

"အဲ့ဒီလောက်တောင်လွယ်တာလား"

မုရုံရွှင်းက မျက်မှောင်ကြုတ်ပြီးမေးလိုက်သည်။ ဒီတခေါက်သူ၏ထင်မြင်ယူဆချက်မှာ သံသယဖြစ်ဖွယ်ကောင်းနေလေသည်။

တကယ်လို့ ကျိုးဟောင်သာ သူ့စကားနားထောင်ပြီး လှည့်ထွက်ပါက ဒီဝိဉာဉ်အပိုင်းအစနှင့်ပတ်သက်ပြီး သူဘာမှ လုပ်နိုင်တော့မည်မဟုတ်ပေ။

"အခုတော့ပိုလွယ်သွားပြီ။ ငါတို့ဒီကောင့်ကို စိတ်ထွေပြားအောင်လုပ်နိုင်ရင် ဝိဉာဉ်အပိုင်းအစကငါတို့အတွက်ပဲ"

မုရုံရွှင်း မှာ စိတ်လှုပ်ရှားနေလေသည်။ လက်ရှိသူ၏ဝိဉာဉ်ခန္ဓာမှာ အလွန်အားနည်းနေပြီး ပုံမှန်အတိုင်းစကားပြောဖို့တောင်ခက်ခဲနေပေသည်။

အရင်တုန်းက သူ့အနေဖြင့် အင်အားအတော်အတန်စုဆောင်းနိုင်ခဲ့ပြီး ကျိုးဟောင်ခန္ဓာကိုယ်အား ၀င်ပူးနိုင်ရန်ကြိုးစားခဲ့လေသည်။ သို့သော် ကျိုးဟောင်မှာ အားနည်းချင်ယောင်ဆောင်ထားသော ကောင်းကင် ဘုံ အဆင့်တ၀က်ပညာရှင်ဖြစ်နေလေသည်။

သံမဏိအရိုး၀က်ဝံဘုရင် အိပ်ပျော်သွားပြီးနောက် ကျိုးဟောင်မှာ ထို၀က်ဝံဘုရင်ကြီးအား ဆွဲဆောင်နိုင်ရန်ရတနာများအားအဝေးတနေရာတွင် ဖြန့်ကျဲ‌နေလေသည်။

သံမဏိအရိုး၀က်ဝံဘုရင်မှာ မျက်လုံးများနောက်တကြိမ်ထပ်ပွင့်လာလေသည်။

သို့သော် ကျောက်မျက်ရတနာများရှိရာသို့ကြည့်မဲ့အစား ကျိုးဟောင်ရှိရာသို့ မမှိတ်မသုန်ကြည့်နေလေသည်။

သို့သော်ကျိုးဟောင်မှာ သူ၏အရှိန်အဝါကိုဖုံးကွယ်ကာ သစ်သားဒြပ်စင်စွမ်းအင်အချို့အား လွှင့်ထုတ်လိုက်ပြီး နွယ်ပင်မိစ္ဆာအယောင်ဆောင်နေလိုက်လေသည်။

ဒါပေမဲ့ သံမဏိ၀က်ဝံဘုရင်မှာ လူသားတယောက် မနီးမဝေးမှာရှိနေကြောင်းကို သေချာသိနေလေသည်။

"သွားရအောင်"

ထိုအခြင်းအရာကိုမြင်သောကြောင့် မုရုံရွှင်းကသတိပေးလိုက်လေသည်။သူနောင်တရနေမိသော်လည်း ဘာမှ မတတ်နိုင်တော့ပေ။

ကျိုးဟောင်မှာ အားနည်သူတယောက်မဟုတ်သော်လည်း သူ၏ရုပ်ဖျက်စွမ်းရည်က အရမ်းမထိရောက်ပေ။

ထိုအချိန်မှာမှာ ၀က်ဝံဘုရင်ကြီးမှာ ကျိုးဟောင် ၏ဖုံးကွယ်ထားမှုကို ထိုးဖောက်မြင်နေရလေသည်။

သံမဏိ၀က်ဝံဘုရင်ကြီးမှာ ကျိုးဟောင်အား သားကောင်ကောင်းဟု သတ်မှတ်လိုက်ပါက ကျိုးဟောင် အတွက် ဒုက္ခရောက်လေပြီ။

သံမဏိ၀က်ဝံဘုရင်ကြီးမှာ သူ့သားကောင်မသေမချင်းအနားမယူတတ်ပေ။

သံမဏိ၀က်ဝံဘုရင်ကြီး ဒေါသမထွက်ခင်သူထွက်သွားဖို့လိုလေသည်။

"နည်းနည်းလောက်ထပ်စောင့်ကြည့်ရအောင်"

ကျိုးဟောင်မှာလည်း ထွက်မသွားလိုသလို သံမဏိ ၀က်ဝံဘုရင်ကြီးမှာလည်း ပြန်မအိပ်တော့ပေ။

ကြီးမားသော မျက်လုံးဝိုင်းကြီးများဖြင့် ကျိုးဟောင်ရှိရာသို့ကြည့်နေလေသည်။

မုရုံရွှင်း၏မျက်စိထဲတွင်တော့ ကျိုးဟောင်က သေခြင်းတရားအားထပ်မံဖိတ်ခေါ်နေသလိုဖြစ်နေလေသည်။

ဝှစ်....

ထိုအချိန်မှာပဲ ကျိုးဟောင်က များစွာသော ကျောက်မျက် ရတနာများကို သံမဏိ၀က်ဝံဘုရင်ကြီးရှိရာသို့ပစ်ပေါက်လိုက်လေသည်။

အဖိုးတန်ရတနာမျိုးစုံသာမက ပလက်တီနမ်အဆင့်စွမ်းအင်ဘားများလည်းပါ၀င်လေသည်။

"ဒီလူသားဘာတွေလုပ်နေတာလဲ"

သံမဏိအရိုး၀က်ဝံကြီးမှာ ကျိုးဟောင်အား သံသယမျက်လုံးများဖြင့်ကြည့်နေလေသည်။

"ငါ့ကိုဒီလိုရတနာတွေပေးပြီး အညံ့ခံဖို့ စဉ်းစားနေတာလား"

သံမဏိအရိုး၀က်ဝံဘုရင်ကြီးမှာ တွေးတောနေခဲ့လေသည်။ တခြားကောင်းကင်ဘုံအဆင့်တ၀က်သားရဲကြီးမှာ လူသားအစေခံများမရှိသည်ကိုလည်း သူသတိရသွားသည်။

"ထားလိုက်ပါတော့ ငါ့အတွက် ဘာရတနာတွေပါလာလဲ ကြည့်ရအောင်"

သံမဏိအရိုး၀က်ဝံဘုရင်ကြီးမှာ ခဏလောက်တွေဝေသွားပြီးနောက် ထလာကာ ရတနာများရှိရာသို့လှမ်းလာလေသည်။

သံမဏိအရိုး၀က်ဝံဘုရင်ကြီးသည် အက်ကွဲကြောင်းထဲတွင်မြင်ဖူးနေကြမဟုတ်သောကြောင့် ထိုအရောင်တောက်တောက်ရတနာများအား သေချာကြည့်နေလေသည်။

၎င်းမှာ ထိုကျောက်မျက်ရတနာများအား ၎င်း၏ အိပ်စက်ရာဂူတွင် အလှဆင်မြှုပ်နှံထားရန်စဉ်းစားနေခဲ့လေသည်။

"မင်းတကယ်သေရမှာ မကြောက်ဘူးလား"

မုရုံရွှင်းမှာ တုန်လှုပ်စွာမေးလိုက်လေသည်။သူသည် အရင်တုန်းက အလွန်သတ္တိရှိခဲ့သူဖြစ်လေသည်။ သို့သော် ဒီဂျူနီယာနှင့်ယှဉ်လိုက်ပါက သူ၏သတ္တရှိမှုများက မပြောပလောက်တော့ပေ။

သံမဏိအရိုး၀က်ဝံကြီးမှာ ပတ်၀န်းကျင်ရှိ ရတနာများအားလှည့်ပတ်စုဆောင်းပြီးနောက် အလျင်အမြန်ပြန်ရောက်လာလေသည်။

၎င်းမှာ ကျောက်မျက်ရတနာအကုန်လုံးကိုသယ်ယူခဲ့သော်လည်း ပလက်တီနမ်စွမ်းအင်ဘားနှင့် ရှားပါးစွမ်းအင်ဘားများတော့ မြေပေါ်တွင်ကျန်နေသေးလေသည်။

"ဒါဘာတွေလဲ"

၀က်ဝံဘုရင်ကြီးမှာ ကျိုးဟောင်ပစ်ထားသောထိုစွမ်းအင်ဘားများကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်လေသည်။

သို့သော်လည်း ၎င်းမှာ ထိုပလက်တီစွမ်းအင်ဘားများရှိရာသို့လှမ်းသွားပြီး ဆုပ်ကိုင်လိုက်လေသည်။

ဝက်ဝံကြီးမှာ ပလက်တီနမ်ဘားများအား ဆုပ်ကိုင်လိုက်သည်နှင့် ကျိုးဟောင်မှာ အရဲစွန့်ပြီး မတ်တပ်ထရပ်လိုက်လေသည်။

ဝက်ဝံကြီးမှာ ကျိုးဟောင်ထရပ်သည်ကိုမြင်သော်လည်း အံဩမှုမရှိခဲ့ပေ။ ကျိုးဟောင်လက်ထဲတွင်ပလက်တီနမ်စွမ်းအင်ဘားများ ကိုင်ထားသည်ကိုလည်းတွေ့ရလေသည်။

"ညီနောင်၀က်ဝံ ဒါတွေက ပလက်တီနမ်အဆင့်စွမ်းအင်ဘားတွေပါ။ ဒါတွေကို ဒီအတိုင်းစားလို့ရပါတယ်"

ကျိုးဟောင်ကပြောပြပြီး စွမ်းအင်ဘားအား သူကိုယ်တိုင်ရေခဲတုံးကိုက်စားသကဲ့သို့စားပြလိုက်လေသည်။

"ဟမျ... ဒါကအစားအစာလား"

ကျိုးဟောင်စားပြသည်ကိုမြင်သောအခါ သံမဏိအရိုး၀က်ဝံကြီးလည်း ခဏမျှစဉ်းစားလိုက်ပြီးနောက် စတင်စားကြည့်လေသည်။

ပါးစပ်အပြည့်စားကြည့်ပြီးနောက် ၎င်း၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားလေသည်။

..............................................................................

အခန်း (၃၂၁) ပြီးပါပြီ။

All Chapters