← Chapters

လျှို့ဝှက်ချက်ဆိုတာ အလွယ်တကူမဖော်ပြသင့်ဘူး

Vol. 50 Ch. 738

လျှို့ဝှက်ချက်ဆိုတာ အလွယ်တကူမဖော်ပြသင့်ဘူး

Vol. 50 Ch. 738

တစ်ဖက်လူမှာဤတာဝန်အားလက်ခံလိုက်သည်နှင့် မေးနေစရာပင်မလိုပေ ထိုလူမှာ အရူးဟုပင်ယူဆခံရမည်ဖြစ်သည်။

ဤစက်ရုပ်များမှာ ဤတာဝန်အားနှစ်ပေါင်းများစွာကြာမြင့်သည့်တိုင် ယူမည့်သူမရှိ၍ ဖျက်သိမ်းရန်ပြင်ထားပြီးပြီဖြစ်သည်။ ထိုတာဝန်အားဆက်ထားလျှင်ပင် အသုံးမဝင်‌ပေ။

"သေချာတာပေါ့ သေချာတာပေါ့ သေချာတာပေါ့ ငါဒီတာဝန်ကိုစိတ်တိုင်းကျတယ် ဒီကိုလာတာကဆုလာဘ်အတွက်မဟုတ်ဘူး"

ကျိုးဟောင်မှာရက်ရောဟန်ဖြင့်ပြောလိုက်သည်။

မမျှော်မှန်းနိုင်လောက်‌အောင် လက်ရှိအချိန်တွင်သူ့နှလုံးသားမှာ သွေးများအဆက်မပြတ်ထွက်နေပေသည်။ အကယ်၍တခြားနည်းလမ်းမရှိ၍မဟုတ်ပါက သူသည်ယခုလိုတုံးအသောကိစ္စမျိုးအား ဘာကြောင့်လုပ်မည်နည်း။ ကျိုးဟောင်မှာ ဖားအားစိတ်ထဲမှကျိန်ဆဲနေပေသည်။

ဖြစ်နိုင်ပါက သူသည်သေချာပေါက်ဖားအားမြေကြီးပေါ်ပစ်ချပြီး ကိုင်ပေါက်ပစ်ချင်နေပေသည်။

သို့သော် ယခုအချိန်တွင်ကျိုးဟောင်မှာစွမ်းအားလုံလုံလောက်လောက်မရှိသေးပေရာ အပေးအယူလုပ်ရုံသာတတ်နိုင်ပေသည်။

"ကောင်းပါပြီ ဒါကဒီအလိုရှိရာဇဝတ်သားရဲ့သတင်းအချက်အလက်အားလုံးပါပဲ သူကဒီအာကာသထဲမှာအလိုရှိရာဇဝတ်သားတစ်ယောက်ဖြစ်ပြီးတော့ ခွင့်မလွှတ်နိုင်စရာကိစ္စတွေအများကြီးလုပ်ခဲ့တယ်"

စက်ရုပ်မှာသတင်းအချက်အလက်အပုံတစ်ခုအားထုတ်ယူလိုက်သည်။

ဤအရာများမှာထိုအလိုရှိအမျိုးသားဘဝတစ်လျှောက်လုံး လုပ်ခဲ့သမျှအရာအားလုံးအကြောင်းမှတ်တမ်းတင်ထားသည့်အကြောင်းများသာဖြစ်ပြီး ကျိုးဟောင်မှာထိုသတင်းအချက်အလက်များအားမြင်သောအခါ မူးလဲတော့မလိုပင်ခံစားလိုက်ရသည်။

အလိုရှိရာဇဝတ်သားတစ်ယောက်မှာ ဤမျှ‌လောက်စွမ်းအားကြီးမည်ဟုကျိုးဟောင်မထင်ထားခဲ့ပေ။ ဤအာကာသမှ ရဲများပင်သူ့အားဘာမှမလုပ်နိုင်ပေ။

ဤရာဇဝတ်သားမှာ အိမ်ခေါင်မိုးများပေါ်တွင်မည်သို့ပျံသန်းရမည်နှင့် နံရံများပေါ်မည်သို့လမ်းလျှောက်ရမည်ကိုသိရုံသာမက ကိုယ်ယောင်ဖျောက်နိုင်သည့်သိုင်းသုံးနည်းကိုလည်းသိပေသည်။ ပိုမိုကြောက်စရာကောင်းသည့်ကိစ္စမှာ သူသည်အလိုရှိသည့်ပုံစံအတိုင်းပြောင်းလဲနိုင်ခြင်းဖြစ်သည်။ အားလုံးမှာယခုလိုစွမ်းအားကြီးသောအင်အားမျိုးရှိသည်မဟုတ်ပေ။

သူသည်တကယ်ပင် ပါရမီရှင်တစ်ယောက်ဖြစ်ပေသည်။ သို့သော်နှမြောစရာကောင်းသည်မှာ ၎င်းသည်ဆိုးဝါးသောလမ်းအားရွေးချယ်ခဲ့ပေသည်။

တာဝန်အဆောက်အဦးမှထွက်လာပြီးနောက်ကျိုးဟောင်မှာ ရှုပ်ထွေးနေဆဲဖြစ်ပြီး အစောပိုင်းကသူဘာလုပ်ခဲ့မိမှန်းနားမလည်နိုင်ဖြစ်နေခဲ့သည်။

"အလိုရှိရာဇဝတ်သားရဲ့တကယ့်နာမည်အစစ်က တို့စ်လစ်တင် အသက် ၃၉နှစ်အရွယ်အမျိုးသား စွမ်းအားကတာအိုအရှင်သခင်အဆင့်ဖြစ်ပြီး ကိုယ်ဖျောက်သိုင်း၊ ပုံရိပ်ယောင်သိုင်းနှင့် တစ်နေ့အတွင်းမိုင်ပေါင်းထောင်ချီသွားလာရာမှာကျွမ်းကျင်တယ်"

ကျိုးဟောင်မှာကူကယ်ရာမဲ့သည့်ပုံဖြင့်ထိုအချက်များအားကြည့်နေခဲ့သည်။

ယခုလိုပါရမီရှင်တစ်ယောက်သည် တကယ်ပင်ဤကဲ့သို့သောလူဆိုးတစ်ယောက်ဖြစ်လာခဲ့ပေသည်။ သူ့အားအလိုရှိစာရင်းထုတ်ထားရသည့်အကြောင်းအရင်းမှာ ဤအမျိုးသားသည်ကောင်းသည့်ကိစ္စတစ်ခုမျှမလုပ်ဘဲ အခြားလူများအားလိမ်လည်လှည့်ဖျားနေ၍သာဖြစ်သည်။

ထိုလူသည် မိသားစုကြီးများ၏ပစ္စည်းများကိုပင်ထိရဲသည့်အပြင် တိုင်းပြည်ဘဏ္ဍာတိုက်ကိုလည်းဖောက်ထွင်းဖူးပေရာ ယခုလိုလူတစ်‌ယောက်အားသူရဲကောင်းဟုပင်ဆိုနိုင်ပေသည်။

ကျိုးဟောင်ပင်သူ့အားအလွန်လေးစားမိပေသည်။ မည်သို့ပင်ဖြစ်စေ ဤလူသည်စွမ်းအားကြီးရုံသာမက အခြားလူများမှာလည်းသူ့အားဘာမှမလုပ်နိုင်ပေ။

ပြောစကားအရထိုလူသည် ကျန်းလော့ဂြိုဟ်နှင့်အလွန်ဝေးကွာသည့် ဂြိုဟ်အသေးလေးတစ်လုံးပေါ်သို့ထွက်ပြေးလွတ်မြောက်သွားသည်ဟုဆိုကြပေသည်။ ယခုလောက်ဆိုပါကထိုလူမှာ လက်ရှိဂြိုဟ်ပေါ်တွင်အတန်အသင့်သြဇာရှိနေလောက်ပြီဖြစ်ပေရာ ကျိုးဟောင်မှာဤအချက်အားစဥ်းစားရုံဖြင့် အလွန်မျှတမှုမရှိသလိုခံစားလိုက်ရသည်။

ဤတာဝန်အတွက်ဆုလာဘ်မှာ ရွှေဒင်္ဂါးပြား ၁၀ပြားကျော်သာရှိသော်ငြား ကျိုးဟောင်မှာဟွေ့မင်ဂြိုဟ်သို့ရောက်ရန်မိုင်ပေါင်းထောင်ချီခရီးသွားရမည်ဖြစ်သည်။ ထို့အပြင်သူ၏စွမ်းအားမှာတစ်ဖက်လူထက်နိမ့်ကျပေရာ ယခုတစ်ကြိမ်တွင်ကျိုးဟောင်မှာအသက်ရှင်လျက်ပြန်မလာနိုင်လောက်ပေ။

ကျိုးဟောင်တစ်ဖက်လူ၏ခေါင်းအားပြန်ယူလာနိုင်သရွေ့ ဤတာဝန်အား ပြီးဆုံးအောင်ဆောင်ရွက်နိုင်သည်ဟုဆိုနိုင်ပေသည်။

ကျိုးဟောင်မှာအလွန်ဒုက္ခများသလိုခံစားလိုက်ရသည်။ သူသည်ဝေးကွာသောနေရာမှာ ရာဇဝတ်သား၏ခေါ်ငးအားပြန်ယူလာရမည်ဖြစ်ပေရာ ခရီးတစ်လျှောက်တွင် ထိုခေါင်းပုပ်သွားမည်ကိုမကြောက်ကြခြင်းပေလော။

"ကျန်တဲ့လူတွေတောင်မကြောက်တာ မင်းကဘာကြောက်နေတာလဲ ပြီးတော့ဒီလူတွေကအဲဒီလူကိုအလိုရှိနေပေမဲ့သတ်ပစ်တာမျိုးမလုပ်ခဲ့ဘူး ဒါကသူ့ကိုယ်ပေါ်မှာတန်ဖိုးရှိတာတစ်ခုခုရှိနေလို့လို့မင်းမထင်ဘူးလား"

ကျိုးဟောင်တွေးနေစဥ်မှာပင် ဖား၏စကားသံမှာထပ်မံထွက်ပေါ်လာခဲ့ပေရာ ကျိုးဟောင်၏အတွေးများမှာတစ်စစီဖြစ်သွားခဲ့သည်။

သူသည်ဤအကြောင်းအရာအားယခင်ကတစ်ခါမျှမစဥ်းစားခဲ့ဖူးဘဲ ဤကိစ္စသည်ဖားဆင်ထားသောထောင်ချောက်ဟုသာတွေးခဲ့ခြင်းဖြစ်သည်။

ဤတာဝန်မှာ မိမိကိုယ်ကိုလေ့ကျင့်နိုင်ကြောင်းကျိုးဟောင်ခံစားမိသော်ငြား ယခုလိုဝေးကွာလှသည့်ခရီးအားသွားရခြင်းမှာအဓိပ္ပာယ်မရှိဟု ခံစားရဆဲပင်ဖြစ်သည်။

ယခုကျိုးဟောင်မှာသတိပေးခံလိုက်ရပေရာ ဖားပြောသောစကားမှာမှန်နိုင်သည်ဟုခံစားလိုက်ရသည်။ အလိုရှိနေသည့်လူတစ်ယောက်သည်မထိမခိုက်နှင့် လွတ်မြောက်သွားပြီး ဘဝအားသက်သောင့်သက်သာဖြတ်သန်းနေခြင်းမှာ အဘယ်မှာဤမျှလောက်ရိုးရှင်းနိုင်မည်နည်း။

ဤကိစ္စအားတွေးကြည့်ရုံဖြင့်ပင်ကျိုးဟောင်မှာစိတ်လှုပ်ရှားလာခဲ့သည်။ တစ်ဖက်လူတွင်သေချာပေါက် ထုတ်ပြောလို့မရသည့်လျှို့ဝှက်ချက်တစ်ခုရှိနေပေသည်။

ထိုကိစ္စအားတွေးမိသောအခါ ကျိုးဟောင်မှာဖားသည်ဘာကြောင့်သူ့အားဤတာဝန်ကိုလက်ခံခိုင်းကြောင်းမမေးတော့ပေ။

အပြင်ထွက်ပြီးလေ့ကျင့်နိုင်ခြင်းသည်လည်း ကိစ္စကောင်းတစ်ခုပင်။ မဟုတ်ပါက နည်းပညာအလွန်တိုးတက်ပြီး အားလုံးမှာအလွန်စွမ်းအားကြီးနေသည့်ခေတ်တွင်အသက်ရှင်ရပ်တည်ရန်မှာ ကျိုးဟောင်အတွက်မဖြစ်နိုင်ပေ။

ထိုကိစ္စအားစဥ်းစားအ‌ဖြေရှာပြီးနောက် ကျိုးဟောင်မှာယခင်ကကဲ့သို့အဆိုးမမြင်တော့ပေ။

သူမည်သည့်နေရာသို့သွားသည်ဖြစ်‌စေ အရေးကြီးဆုံးကိစ္စမှာ သူ့ကိုယ်သူကောင်းကောင်းလေ့ကျင့်ရန်ဖြစ်သည်။

"ခင်ဗျားပြောတာမှန်တယ် ခင်ဗျားကအမြော်အမြင်ရှိသားပဲ နောက်ကိုကျွန်တော်ခင်ဗျားဆုံးဖြတ်ချက်ကိုမကျေမနပ်မပြောတော့ဘူး"

"ကျွန်တော်ခင်ဗျားရဲ့ဘိုးဘေးတွေကိုလည်း စိတ်ထဲကနေမကျိန်ဆဲတော့ဘူး"

ကျိုးဟောင်မှာ အမှားကိုသိပြီးအမှန်ပြင်တတ်သည့်လိမ္မာရေးခြားရှိသောကလေးတစ်ယောက်ဖြစ်သည်။

သူအစောပိုင်းကတွေးနေသည့်အတွေးများအားလုံးကိုပင်ဖားအားပြောပြနေပေသည်။ ကျိုးဟောင်မှာဤအမှားအားနက်နက်ရှိုင်းရှိုင်းသဘောပေါက်သွားပြီဖြစ်ပြီး ဒုတိယအကြိမ်တူညီသောအမှားမျိုးထပ်မံကျူးလွန်တော့မည်မဟုတ်ပေ။

ဖားသည်လည်းကျိုးဟောင်အား သေအောင်လည်ပင်းညှစ်သတ်ချင်နေပေသည်။ အစောပိုင်းကကျိုးဟောင် သည်တကယ်ပင်သူ၏ဘိုးဘေးများအားစိတ်ထဲမှကျိန်ဆဲနေခဲ့ပေသည်။ ဤလုပ်ရပ်သည်မည်မျှဆိုးဝါးလိုက်သနည်း။

အနာဂတ်တွင် ဤကောင်စုတ်လေးအားလှည့်စားရန်အခွင့်အရေးရှာပြီး ကောင်းကောင်းပညာပေးထားရန်လိုအပ်ပေသည်။

ကျိုးဟောင်မှာပေါ်တင်ကျိန်ဆဲနေရုံသာမက စိတ်ထဲကပါကျိန်ဆဲနေပေရာ ဖားမှာထိုကိစ္စအားသည်းခံနိုင်သော်လည်း အဒေါ်ဖြစ်သူမှ‌တော့သည်းခံနိုင်မည်မဟုတ်ကြောင်းကို သိပေသည်။

ကျိုးဟောင်မှာရုတ်တရက်အေးစက်သောလေထုအားခံစားလိုက်ရပေရာ ထိတ်လန့်သွားပြီးမြေကြီးပေါ်လဲကျမလိုပင်ဖြစ်သွားခဲ့သည်။ သူသည်ယခုမှတာဝန်အဆောက်အဦးမှထွက်လာခဲ့ခြင်းဖြစ်ကာ မည်ကဲ့သို့သောစွမ်းအားကြီးပညာရှင်က သူ့အားစောင့်ကြည့်နေမှန်း မသိရပေ။

ပတ်ဝန်းကျင်အားအချိန်တစ်ခုကြာသည်အထိ စစ်ဆေးပြီးနောက် ကျိုးဟောင်မှာသံသယဝင်စရာကောင်းသည့်မည်သည့်သတ္တဝါကိုမှမတွေ့ခဲ့ရပေ။

ဒီအေးစက်စက်အငွေ့အသက်ကဖား၏ခန္ဓာကိုယ်မှလာခြင်းဖြစ်သည်။ ကြည့်ရသည်မှာဤဖားစုတ်သည် အစောပိုင်းကမိမိ၏အမှားအားကျိုးဟောင်အလေးအနက်‌တောင်းပန်နေပြီးနောက် ကျိုးဟောင်အားအန္တရာယ်ပေးရန်စဥ်းစားနေသလိုပင်။

"ကျေးဇူးမကန်းနဲ့ သေရင်နှစ်ယောက်လုံးအတူတူသေမှာ ယုံလား"

ကျိုးဟောင်မှာ ဖား၏အားနည်းချက်အားအမိအရဖမ်းဆုပ်လိုက်သည်။

ဤအရာတည်ရှိနေသည်မှာမည်မျှကြာမြင့်နေပြီဖြစ်ကြောင်း မည်သူမျှမသိသော်ငြား ၎င်းမှာသာမန်ထက်ပင်ပို၍သူရဲ‌ဘောကြောင်ပေသည်။ ကျိုးဟောင်မှာဤအချက်အားကောင်းကောင်းနားလည်ပြီး လွယ်လင့်တကူပင်ဖား၏အားနည်းချက်အား အသုံးချလိုက်နိုင်ခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း စွမ်းအားကြီးသောအားမှာပျောက်ကွယ်သွားခဲ့သည်။ လေထုထဲမှာပင်ခပ်သင်းသင်းရနံ့ရတစ်ခုကပျံ့နှံ့နေခဲ့ပြီး ပုံရိ‌ပ်‌ယောင်လောကတစ်ခုလုံးအား အိပ်မက်ပမာခံစားရစေပေသည်။

ဤနေရာတွင်အချိန်အကြာကြီးနေရန်မှာ ဖား၏ဘဝတစ်သက်စာဆန္ဒလည်းဖြစ်သည်။

ကျိုးဟောင်ပင်ဤနေရာအားသဘောကျပေရာ အခြားလူများဆိုပါကဆိုဖွယ်ရာပင်မရှိပေ။ ကျိုးဟောင်ထံတွင်အရင်းအမြစ်အလုံအလောက်ရှိနေပါက ဤနေရာတွင်ကမ္ဘာငယ်တစ်ခုတည်ဆောက်နိုင်ပေသည်။

"ကျစ် ထားလိုက်တော့ ငါမင်းကိုမကြောက်ဘူး"

ဖားမှာခေါင်းမာစွာပင် တီးတိုးရေရွတ်လာခဲ့သည်။

အကယ်၍၎င်းသည်သေမှာကြောက်၍မဟုတ်ပါက ဘာကြောင့်ထိုအားကြီးသောစွမ်းအားအား ဤမျှလျင်မြန်စွာပြန်လည်ထိန်းချုပ်မည်နည်း။ အကယ်ဤအားကြီးစွမ်းအရာနှစ်ခုမှာဤနေရာတွင်သေဆုံးသွားပါက ဤနေရာမှာသေချာပေါက်ဘာမှမကျန်သည်အထိပျက်စီးသွားမည်ဖြစ်သည်။

ကျိုးဟောင်တို့နှစ်ယောက်လုံးဒေါသထွက်နေချိန်တွင် ငှက်မွေးတစ်ထောင်ချပ်ဝတ်မှာစကားတစ်ခွန်းမျှမပြောရဲပေ။ အကြောင်းမှာမဆင်မခြင်စကားဝင်ပြောလိုက်ပါက အဆုံးတွင်ဒဏ်ရာရမည့်လူမှာ သေချာပေါက်၎င်းသာဖြစ်ပေသည်။

ယခုလိုကိစ္စမျိုးဖြစ်ခြင်းမှာ ဤအကြိမ်သည်ပထမဆုံးအကြိမ်မဟုတ်ပေ။

ထို့ကြောင့် ငှက်မွေးတစ်ထောင်ချပ်ဝတ်မှာအလွန်ပါးနပ်နေပြီဖြစ်ကာ ယခင်ကလိုတူညီသည့်အမှားမျိုးအလွယ်တကူထပ်လုပ်မည်မဟုတ်ပေ။

"တကယ်လို့ခင်ဗျားသေမှာမကြောက်ရင် အဲဒီစွမ်းအားကိုပြန်မထိန်းနဲ့လေ"

ကျိုး‌ဟောင်မှာ အကြောက်တရားမရှိသည့်ပုံဖမ်းနေသည်မှာ သူသည်သေခြင်းတရားဆိုသည့်အရာအားတစ်ခါမှမကြောက်ရွံ့ဖူးသည့်အတိုင်းပင်။

သူသည်ဤဖားရုပ်ဆိုးအားအလွန်အထင်သေးနေပေသည်။ ၎င်းသည်သေရမှာကြောက်နေမှန်းသိသာနေသည်ကို သန်မာချင်ယောင်ဆောင်နေသေးပေသည်။

ကျိုးဟောင်မှာတစ်ကြိမ်မျှစိတ်ကောင်းထားပြီး ဖားအားဖော်ကောင်မလုပ်ရန်ဆုံးဖြတ်လိုက်သည်။ ဤနည်းဖြင့်သာ တကယ့်လူကြီးလူကောင်းတစ်ယောက်ဖြစ်နိုင်မည်ဖြစ်သည်။

ကျိုးဟောင်မှာ ဤလောကကြီးတွင်သူသည်သာအပြည့်စုံဆုံးလူဟုခံစားလာရပြီး တစ်ကိုယ်ကောင်းဆန်စိတ်အားထပ်မံခံစားလာရပေသည်။ ဤသည်မှာအားလုံးသူ့ဘေးရှိထိုဖားစုတ်ကြောင့်သာဖြစ်ပေသည်။

....................................................................................

All Chapters