← Chapters

ခြိမ်းခြောက်မှု

Vol. 48 Ch. 717

ခြိမ်းခြောက်မှု

Vol. 48 Ch. 717

ဓားဘုရင်ချင်မှာဗက်ထရန်နှင့်အခြားလူများ ဆိုးဝါးစွာရိုက်နှက်ခံထားရသည်ကိုမြင်သောအခါပို၍ပင်ဒေါသထွက်သွားခဲ့သည်။

"ဥရောပသမဂ္ဂကလူတွေကတကယ်ပဲငါတို့ဟွာရှားရဲ့ပိုင်ဆိုင်တဲ့နေရာတွေဆီကျူးကျော်ရဲတဲ့အထိတကယ်ကိုရဲတင်းနေတာပဲ ငါတို့ဟွာရှားကသဘောလွယ်တယ်လို့တကယ်ထင်နေကြတာလား"

ပြောရင်း ဓားဘုရင်ချင်မှာဓားအားဆွဲထုတ်လိုက်ပြီး သူ၏အားကောင်းသော၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်တိုက်ခိုက်ရေးစွမ်းအားမှာလည်း ချက်ချင်းပင်ထွက်ပေါ်လာခဲ့သည်။

ထိုအချိန်တွင် မိုက်၏အမူအရာမှာချက်ချင်းပင်ပြောင်းလဲသွားခဲ့သည်။

"ဂုဏ်သရေရှိတဲ့ဓားဘုရင်ချင် ကျွန်တော်တို့မှာတခြားရည်ရွယ်ချက်မရှိပါဘူး ကျွန်တော်တို့က ဒီတိုင်းကမ္ဘာဂြိုဟ်အတွက် စွမ်းအားကိုတိုးမြှင့်ချင်ရုံပါ ကျွန်တော်တို့ဒီလိုလုပ်တာမှားလို့လား "

သူတို့သည် စကားအားကတ်ပြောနေဆဲပင်ဖြစ်သည်။

"ဟမ့် ငါ့ကိုအရူးလုပ်ဖို့ ဘယ်လိုများဒီလိုစကားတွေကိုသုံးရဲတာလဲ မင်းတို့ကတကယ်ကိုတော်တော်အရှက်မရှိတာပဲ မင်းတို့ဥရောပသမဂ္ဂကလူတွေကအရှက်မရှိဘူးဆိုမှတော့ ငါကပဲမင်းတို့ရဲ့ဥရောပသမဂ္ဂကိုယ်စား မင်းတို့ကိုသင်ခန်းစာပေးရတာပေါ့"

ပြောရင်း ဓားဘုရင်ချင်မှာတိုက်ခိုက်ရန်ပြင်လိုက်သည်။

သို့သော်ထိုအချိန်တွင် ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်အငွေ့အသက် ၃ခုထွက်ပေါ်လာပြီး အေးစက်သည့်နှာခေါင်းရှုံ့သံတစ်ခုထွက်ပေါ်လာခဲ့သည်။

"ဓားဘုရင်ချင် ခင်ဗျားကကျွန်တော်တို့ဥရောသမဂ္ဂကို စိန်ခေါ်နေတာလား"

လေထဲတွင် ပေါလ်နှင့်အခြားလူနှစ်ယောက်ပေါ်လာခဲ့ပြီး ဓားဘုရင်ချင်တို့အဖွဲ့အားအေးစက်စွာငုံ့ကြည့်နေခဲ့သည်။

ဓားဘုရင်ချင်မှာ ဥရောပသမဂ္ဂမှကောင်းကင်ဘုံအဆင့်ပညာရှင်များမှာ သေချာပေါက်ဥရောပသမဂ္ဂထံမှအမိန့်ရထား၍သာ ယခုလိုလုပ်ရဲကြောင်းကို အစောကြီးကတည်းကသိထားပြီးသားဖြစ်သည်။ မဟုတ်ပါက သူတို့ထံတွင် ဘယ်မှာယခုလိုလုပ်ရဲသည့်သတ္တိရှိမည်နည်း။

"မင်းတို့လူတွေက ဘာလို့ဒီလောက်အကြောက်အလန့်မရှိလဲဆိုတာကိုငါအံ့သြနေတာ လတ်စသတ်တော့မင်းတို့ကသူတို့ကိုနောက်ကနေထောက်ပံ့ပေးနေတာကိုး ပေါလ် မင်းစည်းကျော်ပြီးမဟာမိတ်ရဲ့စည်းမျဥ်းတွေကိုချိုးဖောက်နေတယ်ဆိုတာ မင်းမသိဘူးလား"

ဓားဘုရင်ချင်မှာချက်ချင်းပင်မေးလိုက်သည်။

"ဓားဘုရင်ချင် အချိန်တွေကပြောင်းလဲသွားပြီ ကျုပ်တို့အခုပြဿနာကိုအမြင်ဟောင်းတွေနဲ့ပဲကြည့်လို့မရတော့ဘူး ကျုပ်တို့ရဲ့ကမ္ဘာဂြိုဟ်ကပြင်းထန်တဲ့ဆုံးရှုံးမှုတွေကိုခံစားခဲ့ရပြီး ပညာရှင်တွေအားလုံးကလည်းအိပ်ပျော်နေကြတယ် အခုကျုပ်တို့ပညာရှင်တွေပျိုးထောင်ဖို့အရေးတကြီးလိုအပ်နေတယ် တိုင်းပြည်အကြီးကြီးတစ်ခုအနေနဲ့ ခင်ဗျားတို့ဟွာရှားကပိုပြီးရက်ရောသင့်တာမဟုတ်ဘူးလား မဟုတ်မှ ခင်ဗျားတို့ကခင်ဗျားတို့ကိုယ်ခင်ဗျားတို့ပဲဂရုစိုက်ပြီး တခြားလူတွေကိုဂရုမစိုက်တာလား"

ပေါလ်သည်လည်းအရှက်မရှိပေရာ ချက်ချင်းပင်၎င်း၏သရုပ်မှန်အားထုတ်ပြလာခဲ့သည်။

"ပေါလ် ဘယ်သူကအရှက်မရှိတဲ့လူလဲဆိုတာကိုမင်းကောင်းကောင်းသိသင့်တယ် တကယ်လို့မင်းဒါကိုလုချင်တယ်ဆိုရင်လည်း ဒီတိုင်းပြောလိုက်ပေါ့ ဘာလို့ဒီလောက်ကြီးကြီးကျယ်ကျယ်တွေပြောနေတာလဲ ရယ်စရာကောင်းလိုက်တာ"

ဓားဘုရင်ချင်မှာ မျက်နှာပင်မထောက်ဘဲချက်ချင်းပြောလိုက်သည်။

"ဟဟ ဓားဘုရင်ချင် ခင်ဗျားကဒီကိစ္စကိုပုံကြီးချဲ့နေတာပဲ ကျုပ်တို့ဥရောပသမဂ္ဂအဖွဲ့ကလည်း ကမ္ဘာဂြိုဟ်ပေါ်ကအာကာသသားရဲနဲ့တိုက်ပွဲမှာအများကြီး ထောက်ပံ့ပေးခဲ့တာပဲ ကျုပ်တို့ရဲ့သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်တွေလည်းအိပ်ပျော်နေတာပဲ ကျုပ်တို့ရဲ့၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တွေအများကြီးလည်း သူတို့အသက်စွန့်ဖို့ရွေးချယ်ခဲ့တာပဲ တကယ်လို့ခင်ဗျားဒီလိုပြောကြေးဆို ခင်ဗျားကသေသွားတဲ့လူတွေကိုစော်ကားနေတာပဲ"

"ကျုပ်ဒီလိုလုပ်နေတာ လုံးဝကမ္ဘာဂြိုဟ်အတွက်ပဲ ဘယ်လိုပဲဖြစ်ဖြစ် အခုကျုပ်တို့အားလုံးတိုးတက်ဖို့လိုတယ် အဲဒီအချက်ကိုတော့ငြင်းလို့မရဘူးမလား"

"ပြီးတော့ ခင်ဗျားရဲ့ဟွာရှားမှာ အရင်းအမြစ်တွေဒီလောက်များတာ ခင်ဗျားဒါတွေကိုမဝေမျှသင့်ဘူးလား လက်ရှိအချိန်မှာ ကျုပ်တို့အချင်းချင်းကြားမှာခွဲခြားနေစရာလိုသေးလို့လား"

ပေါလ်မှာပြုံးနေပြီး ၎င်း၏အရှက်မရှိသောပုံမှာရွံ့ရှာစရာကောင်းလှပေသည်။

"ပေါလ် မင်းအိပ်မက်မက်နေလိုက် ငါတို့ဟွာရှားရဲ့အရင်းအမြစ်တွေကိုထိဖို့တောင်မစဥ်းစားနဲ့"

ဓားဘုရင်ချင်နှင့် ကောင်းကင်ဘုံဘုရင်ကျူးတို့၏ သဘောထားများမှာလည်း အလွန်ပြတ်သားလှပေသည်။

"အဲဒီလိုလား ဒါဆိုရင်တော့တောင်းပန်ပါတယ်"

ပေါလ်မှာနှာခေါင်းရှုံ့လိုက်ပြီး သူတို့သုံးယောက်မှာဓားဘုရင်ချင်တို့ရှိရာသို့လျှောက်လာခဲ့ကြသည်။ သူတို့၏စွမ်းအားကြီးသော ၁၂ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်တိုက်ခိုက်ရေးစွမ်းအားများသည်လည်းထွက်ပေါ်လာခဲ့သည်။

လက်ရှိအချိန်တွင် ကမ္ဘာဂြိုဟ်၏ ၁၂ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်စွမ်းအားမှာအမြင့်ဆုံးကန့်သတ်ချက်ဖစ်နေလေသည်။

"ခင်ဗျားတို့က ဝေမျှဖို့ဆန္ဒမရှိဘူးဆိုမှတော့ ကျုပ်တို့ကခင်ဗျားတို့ကိုဆန့်ကျင်ရုံပဲရှိတော့တာပေါ့ အားလုံးကကျုပ်တို့လူသားတွေအတွက်ပဲ"

ပြောရင်း သူတို့သုံးယောက်မှာတိုက်ခိုက်ရန်ပြင်လိုက်ပြီး စွမ်းအားကြီးသောအားတစ်ခုအားဖွဲ့စည်းလိုက်သည်။

"ဓားဘုရင်ချင်နှင့် ကောင်းကင်ဘုံဘုရင်ကျူးတို့၏မျက်နှာများမှာအလွန်အမင်းပျက်ယွင်းသွားခဲ့ပြီး အလွန်ဒေါသထွက်သွားခဲ့ကြသည်။ သို့သော်သူတို့လုပ်နိုင်တာဘာမှမရှိပေ။ မည်သို့ပင်ဖြစ်စေ လက်ရှိတွင်ဥရောပသမဂ္ဂအဖွဲ့သည်အသန်မာဆုံးဖြစ်ပြီး ၎င်းတို့မှာနဂိုကတည်းက ယခုလိုအလွန်အရှက်မဲ့ကာ ကောက်ကျစ်ပေသည်။

"မင်းကလုချင်တာလား ကောင်းပြီလေ မင်းတို့မှာအဲဒီလိုစွမ်းရည်ရှိလားဆိုတာ ငါကြည့်လိုက်ဦးမယ်"

ဓားဘုရင်ချင်မှာချက်ချင်းပင်သူ၏ကြီးမားသောဓားအားဆွဲထုတ်လိုက်သည်။ ၎င်းမှာရှေးဟောင်းအပျက်အစီးထဲမှယူဆောင်လာခဲ့သောနတ်ဘုရားဓားဖြစ်သည်။ ၎င်းအားပြုလုပ်ထားသည့်ပစ္စည်းမှာအလွန်ထူးခြားကာ စွမ်းအားကြီးပေသည်။

ပေါလ်မှာမျက်လုံးများအား မှေးကာလှောင်ပြုံးပြုံးလိုက်သည်။ သူတို့၃ယောက်သည် ၁၂ ဆင့်မြောက်ပညာရှင်များဖြစ်ကြပေရာ ထိုနှစ်ယောက်အားလုံးဝကြောက်ရွံ့နေမည်မဟုတ်ပေ။

ထို့အပြင် ယနေ့တွင်သူတို့သည်တစ်ဖွဲ့တည်းလာခဲ့ကြခြင်းမဟုတ်ပေ။

"မြောက်အမေရိက၊ တောင်ကိုရီးယား ပြီးတော့ အာဖရိက ခင်ဗျားတို့တွေဒီတိုင်းပဲထိုင်ကြည့်နေကြတော့မှာလား"

သူ့စကားဆုံးသည်နှင့် ဓားဘုရင်ချင်တို့၏မျက်နှာများမှာရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် စွမ်းအားကြီးသော ၁၂ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်အငွေ့အသက် ၆ခုထွက်ပေါ်လာခဲ့သည်။ ထို့နောက် လူ၆ယောက်ပေါ်လာခဲ့ပြီး ပေါလ်တို့အဖွဲ့နားတွင်ရပ်လာခဲ့သည်။ ထိုအဖွဲ့တွင်စုစုပေါင်း လူ၉ယောက်ရှိနေပေသည်။

၁၂ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင် ၉ယောက်မှာ ဓားဘုရင်ချင်တို့ခုခံနိုင်သည့်အရေအတွက်လုံးဝမဟုတ်ပေ။

ဤအချက်သည် ဓားဘုရင်ချင်၏အမူအရာအားပျက်ယွင်းသွားစေခဲ့သည်။

ပေါလ်ဤမျှလောက်အရှက်မဲ့လိမ့်မည်ဟုသူမထင်ထားခဲ့ပေ။ တစ်ဖက်လူမှာအခြားမဟာမိတ်များနှင့်ပင်ပူးပေါင်းထားပေသည်။

မူလကသူထင်ခဲ့သည်မှာ မဟာမိတ်ဥပဒေ၏ ကန့်သတ်ချက်များအရ သူတို့အားလုံးမဆင်မခြင်မလုပ်ဝံ့ဟုထင်ခဲ့သော်ငြား ယခုအချိန်တွင် ၎င်းတို့၏ ရည်ရွယ်ချက်အားလျှော့တွက်မိခဲ့ပုံပင်။

"မင်းက ငါတို့ဟွာရှားမဟာမိတ်ကိုတိုက်ဖို့စီစဥ်နေတာလား"

ဓားဘုရင်ချင်မှာ ဓားအားကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်းဒေါသတကြီးမေးလိုက်သည်။

"ဓားဘုရင်ချင် အဲဒီလိုမပြောပါနဲ့ ကျုပ်တို့ကဒီတိုင်းခင်ဗျားတို့ဟွာရှားရဲ့အရင်းအမြစ်တွေကိုလိုချင်ရုံပါ အလွန်ဆုံးပိုက်ဆံတော့ပေးမှာပေါ့"

"ဟုတ်တယ် ကျုပ်တို့ကဒီတိုင်းငှားတာပါ ပြီးတော့ကျုပ်တို့ကအားလုံးကမ္ဘာဂြိုဟ်မှာနေနေတဲ့လူသားတွေပဲ ဘုံရန်သူကိုဆန့်ကျင်ပြီး အားလုံးစည်းလုံးညီညွှတ်ရမှာ‌ပေါ့ ဒီကိစ္စကြောင့်ကျုပ်တို့ရဲ့သဟဇာတဖြစ်မှုကိုမသက်ရောက်ပါစေနဲ့"

"ဟုတ်တယ် အခုကျုပ်တို့အားလုံးဒီလိုလုပ်ရတာ ကမ္ဘာဂြိုဟ်အတွက်ပဲ ခင်ဗျားဒေါသဖြစ်မယ်ဆိုတာကိုကျုပ်သိပါတယ် ဒါပေမဲ့အချိန်နဲ့ဒီရေကလူကိုမစောင့်ဘူးလေ ကျုပ်တို့အမြန်ဆုံးတိုးတက်ဖို့လိုတယ် မဟုတ်ရင်ပြင်ပအာကာသကမျိုးနွယ်ခြားတွေကို ကျုပ်တို့ဘယ်လိုခုခံကြမလဲ"

အားလုံးမှာအများအကျိုးတွေးပြီးဖြောင့်မတ်သည့်ပုံပေါက်အောင်ပြောနေသော်ငြား ၎င်းတို့၏မျက်လုံးများတွင်လောဘတို့ဖြင့်ပြည့်နေခဲ့သည်။

"ပိုက်ဆံပေးမယ်ဟုတ်လား ခဏငှားတာ‌ပေါ့ရယ်စရာကောင်းလိုက်တာ"

"ဒီစကားပြောပြီး မင်းဘာသာတောင်ဒီစကားကိုယုံရဲ့လား"

ဓားဘုရင်ချင်မှာတုံးအသူမဟုတ်ပေ။ အကယ်၍အရင်းအမြစ်များအားထုတ်ငှားလိုက်ပါက တကယ်ပင်သူတို့ထံပြန်‌ရောက်လာတော့မည်မဟုတ်ပေ။

"ဓားဘုရင်ချင် ခင်ဗျားဒီလိုပြောနေမှတော့ ကျုပ်တို့လည်းဘာမှမတတ်နိုင်ဘူး ခင်ဗျားကိုဆန့်ကျင်ရုံပဲရှိတယ်"

ထို ၉ယောက်မှာစကားဆုံးသောအခါ ဓားဘုရင်ချင်နှင့် ကောင်းကင်ဘုံဘုရင်ကျူးတို့အားအေးစက်စွာစိုက်ကြည့်လာကြသည်။

သူတို့၏လက်ရှိရည်ရွယ်ချက်မှာအလွန်ရိုးရှင်းသည်။ သူတို့သည် ၁၃ခုမြောက်ရှေးဟောင်းအပျက်အစီးအားအပိုင်စီးလိုခြင်းဖြစ်ပြီး အကြောင်းမှာ၎င်းသည်သူတို့၏တိုက်ခိုက်‌ရေးစွမ်းအားအား လျင်မြန်စွာတိုးမြင့်ပေးနိုင်သည့် လေ့ကျ့င့်ရေးကွင်းတစ်ခုဖြစ်၍ဖြစ်သည်။

ထို့အပြင် ဤအရာသည်အနာဂတ်တွင် သူတို့အတွက်အရင်းအမြစ်ပိုမိုရရှိနိုင်မည့်အခွင့်အရေးကိုလည်းတိုးစေပေသည်။ သူတို့ယခုတစ်ကြိမ်အောင်မြင်သွားသည်နှင့် ဟွာရှားအားပိုမိုအန်ထွက်လာအောင်လမ်းတစ်ခုရလာမည်ဖြစ်သည်။

ဓားဘုရင်ချင်နှင့်ကောင်းကင်ဘုံဘုရင်ကျူးသည်လည်းဤအချက်အားနားလည်ပေရာ ၎င်းတို့မှာလက်သီးကိုသာတင်းတင်းဆုပ်ထားပြီး အမူအရာများမှာပျက်ယွင်းနေခဲ့သည်။

"ဓားဘုရင်ချင် ကျုပ်ခင်ဗျားကိုအကြံပေးမယ် တကယ်လို့ခင်ဗျားဘက်ကစပြီး ဒါကိုလွှဲပေးမယ်ဆိုရင် ကျုပ်တို့ကမဟာမိတ်ကောင်းတွေဖြစ်နေဦးမှာပဲ တကယ်လိုခင်ဗျားတကယ်ခေါင်းမာပြီး ကျုပ်တို့တိုက်ခိုက်ကြရင် ခင်ဗျားဘယ်လောက်ပဲစွမ်းအားကြီးနေပါစေ ခင်ဗျားကျုပ်တို့ ၉ယောက်ကိုမတားနိုင်မှာစိုးရတယ်"

"စဥ်းစားကြည့်ပါ တကယ်လို့ဟွာရှားမဟာမိတ်မှာ ခင်ဗျားနဲ့ကောင်းကင်ဘုံဘုရင်ကျူးမရှိရင် ခင်ဗျားတို့ဟွာရှားဘယ်လိုဖြစ်သွားမလဲ"

"ကျုပ်တခြားဘာမှပြောစရာမလိုတော့ပါဘူး ဟုတ်တယ်မလား အဲဒါကြောင့်စကားတွေအများကြီးမပြောကြရအောင်ဟုတ်ပြီလား"

ပေါလ်မှာပြုံးရင်းပြောလိုက်သည်။ သူ့စကားများမှာဆွေးနွေးနေခြင်းမဟုတ်ဘဲ ပေါ်တင်ခြိမ်းခြောက်နေခြင်းပင်ဖြစ်သည်။

သူတို့သည်ဓားဘုရင်ချင်အား ဤပစ္စည်းအားသူတို့အားလွှဲပေးရန်အကျပ်ကိုင်လိုခြင်းဖြစ်ပြီး အကယ်၍လက်လွှဲမပေးပါက သူတို့တကယ်တိုက်ခိုက်ပြီးဟွာရှားအားသေချာပေါက်ဖျက်ဆီးပစ်မည်ဟုခြိမ်းခြောက်လိုခြင်းဖြစ်သည်။

ဓားဘုရင်ချင်နှင့်ကောင်းကင်ဘုံဘုရင်ကျူးမရှိပါက ဟွာရှားမဟာမိတ်မှာတိုက်ခိုက်မှုတစ်ခုကိုပင်ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

....................................................................................

All Chapters