← Chapters

အခန်း (၆၀၄-၆၀၆)

Vol. 41 Ch. 604-606

အခန်း (၆၀၄-၆၀၆)

Vol. 41 Ch. 604-606

အခန်း (၆၀၄) : လူလိမ်

ဤထူးဆန်းသောနေရာသို့ ရောက်ရှိလာသောအခါ ကျိုးဟောင်မှာချက်ချင်း ထိတ်လန့်သွားခဲ့သည်။

ဤနေရာသည် အဆုံးမဲ့ပင်လယ်တစ်ခုနှင့်တူသည်။ ဤပင်လယ်ပြင်တွင် ထူးဆန်းသော သင်္ကေတများ အနှံ့အပြားရှိနေ၏။

ဤသင်္ကေတများအားလုံးသည် ထူးဆန်းသော စွမ်းအားရှိသည့်မူလကျောက်စာသင်္ကေတများ ဖြစ်ကြသည်။

ကျိုးဟောင်မှာဤစာလုံးများကို ကြည့်ရင်းဤနေရာတွင် မူလကျောက်စာများ၏ စွမ်းအားကို သူဆန္ဒရှိသလိုအသုံးပြုနိုင်သည်ဟု ခံစားလိုက်ရသည်။

“ဒီစိတ်ဝိညာဉ်ကျောက်တုံးက မူလကျောက်စာရဲ့ စွမ်းအားကို ပေးနိုင်တာပဲ"

ကျိုးဟောင်သည်အသက်ပြင်းပြင်းရှူလိုက်ပြီး ထိတ်လန့်သွားခဲ့သည်။ ထိုအချိန်တွင် သူသည်သူ၏စိတ်စွမ်းအားကို ထုတ်လွှတ်ပြီး ဝိညာဉ်ကျောက်တုံးနှင့် ချိတ်ဆက်လိုက်သည်။ ဝိညာဉ်ကျောက်တုံးမှ ရင်းနှီးသောအနံ့တစ်ခု ထွက်ပေါ်လာသည်ကို သူ ချက်ချင်းခံစားလိုက်ရသည်။

နောက်တစ်စက္ကန့်တွင် ကျိုးဟောင်သည် ကျောက်တုံးမှ ထူးဆန်းသောစွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

ကျိုးဟောင်မှာရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး ဝိညာဉ်ကျောက်တုံးမှ သူ၏စိတ်စွမ်းအားကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ ထို့နောက် သူ၏လက်ကို ဆန့်ထုတ်လိုက်ရာသူ၏စိတ်စွမ်းအားမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ မျက်စိဖြင့် မမြင်နိုင်သော်လည်း ကျိုးဟောင်သည် ဤစွမ်းအား မည်မျှ အစွမ်းထက်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

“အရမ်းကို အစွမ်းထက်တယ်…”

ကျိုးဟောင်မှာ အသက်ရှူပင်မှားမတတ်ဖြစ်သွားခဲ့သည်။

“ဝိညာဉ်ကျောက်တုံး ရှိနေသရွေ့ ဘယ်လိုစိတ်စွမ်းအားတိုက်ခိုက်မှုဖြစ်ဖြစ် ထုတ်လွှတ်နိုင်မှာပဲ ဒီဟာကကလိမ်ကကျစ်ကျသလိုပဲ အစကမလုပ်နိုင်ရင်တောင် ဒါရှိနေတာနဲ့လုပ်နိုင်မှာပဲ”

ကျိုးဟောင်မှာပြုံးလိုက်ပြီး သူ စိတ်လောကမှ ရရှိခဲ့သော ၈၁ ခုသော သူတော်စင်ဘုံအဆင့်ကျင့်စဉ်များ ကို အလျင်အမြန်ထုတ်ယူလိုက်သည်။

၎င်းတို့ထဲမှ တစ်ခုမှာ စိတ်စွမ်းအားကျင့်စဉ် ဖြစ်သည်။

ဤကျင့်စဉ်ကို အဆုံးမဲ့လှောင်ချိုင့်ဟု ခေါ်သည်။

၎င်းသည် ပုံရိပ်ယောင်သိုင်းကျင့်စဥ်တစ်ခုဖြစ်သော်လည်း အခြား ပုံရိပ်ယောင်သိုင်းကျင့်စဥ်များနှင့် ကွဲပြားသည်။ အခြား ပုံရိပ်ယောင်သိုင်းကျင့်စဥ်များသည် အတုအယောင်များဖြစ်ပြီး စိတ်ကို ညှဉ်းပန်းနှိပ်စက်ခြင်းအပေါ် ကိုသာ အဓိကထားသည်။

သို့သော် အဆုံးမဲ့လှောင်ချိုင့်သည် အတုအယောင်မဟုတ်ပေ။ ၎င်းသည် တကယ်ဖြစ်သည်။

၎င်းသည် ရှုထောင့်များစွာရှိသောနေရာလွတ်တစ်ခု ဖြစ်သည်။ ဤကျင့်စဥ်ကိုသင်ယူလိုက်ပါက ရှုထောင့်များစွာရှိသောနေရာလွတ်တွင် ပိုင်နက်တစ်ခု ရရှိနိုင်ပေသည်။

ဤပိုင်နက်တွင် ထိုလှောင်ချိုင့်ကိုဖန်တီးသူက သခင်ဖြစ်သည်။

မိတ်ဆက်ပေးထားသော အချက်အလက်များအရ အဆုံးမဲ့လှောင်ချိုင့်ကျင့်စဉ်သည် ကြီးမားသောဂိုဏ်းကြီးများ၏ အခြေခံကျင့်စဉ်မဟုတ်ဘဲ ရှေးဟောင်းတော်ဝင်မြို့တော်၏ ထောင်မှူးချုပ်က ဖန်တီးခဲ့သော သိုင်းကျင့်စဥ်ဖြစ်သည်။

ဤသိုင်းကို ရာဇဝတ်သားများအား ညှဉ်းပန်းနှိပ်စက်ရန် အထူးအသုံးပြုသည်။ ဤသိုင်းအားအသုံးပြုသောအဆုံးမဲ့ ငရဲဘုံတွင် မည်သူမျှ ခံနိုင်ရည်မရှိပေ။

ကျိုးဟောင်သည် ပြုံးလိုက်သည်။ ဤအရာသည် သူ့အတွက် တကယ်ကို သင့်တော်လှသည်။

“ငါ့ရဲ့ခန္ဓာကိုယ်ကပြိုင်ဘက်ကင်းပဲ ငါ့စိတ်စွမ်းအားကလည်းပြိုင်ဘက်ကင်းပဲ ငါကအတွင်းရော အပြင်ပါပြည့်စုံနေပြီ”

ကျိုးဟောင်မှာအလွန်ပျော်ရွှင်နေခဲ့သည်။ ထို့နောက် သူသည် အဆုံးမဲ့လှောင်ချိုင့်ကျင့်စဉ်ကို စတင်လေ့ကျင့်တော့သည်။

ကျိုးဟောင်၏ စိတ်စွမ်းအားဖြင့်ဆိုပါက ဤသိုင်းကျင့်စဥ်ကို သင်ယူရန် အနည်းငယ် ခက်ခဲနေသေးသော်လည်း ကံကောင်းစွာဖြင့် ဝိညာဉ်ကျောက်တုံးနှင့် သူ၏စိတ်စွမ်းအား၏ အထောက်အပံ့ဖြင့် ကျိုးဟောင်သည် ဤသိုင်းကို အလွယ်တကူ သင်ယူနိုင်ခဲ့သည်။

“အဆုံးမဲ့လှောင်ချိုင့်”

ကျိုးဟောင်သည်လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ထူးဆန်းသော စွမ်းအားတစ်ခု ချက်ချင်းထွက်ပေါ်လာသည်။ ထို့နောက် ကျိုးဟောင်သည် သူ၏စိတ်စွမ်းအားထဲတွင် သူ ထိန်းချုပ်နိုင်သောပိုင်နက်တစ်ခု ပေါ်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။

ကျိုးဟောင်မျက်လုံးများကို မှိတ်လိုက်ပြီးနောက်တစ်စက္ကန့်တွင် မှောင်မိုက်နေသောလှောင်ချိုင့်ထဲသို့ဝင်ရောက်သွားခဲ့သည်။

ကျိုးဟောင်မှာလက်ကို ဝှေ့ယမ်းလိုက်ရာ မီးတောက်တစ်ခု ထွက်ပေါ်လာပြီး ထိုနေရာကို လင်းထိန်သွားစေခဲ့သည်။ ဤနေရာတွင် ကျိုးဟောင်သည် နတ်ဘုရားဖြစ်နေသည်။ တစ်ဖက်လူ၏ စိတ်စွမ်းအားသည်လုံလောက်အောင်မသန်မာသရွေ့ ကျိုးဟောင်သည်ထိုလူအား သူ အလိုရှိသလို ညှဉ်းပန်းနှိပ်စက်နိုင်ပေသည်။

“ကောင်းလိုက်တဲ့စိတ်ညှို့သိုင်းဒါပေမဲ့ နည်းနည်း… ရက်စက်တယ်”

ကျိုးဟောင်မှာ နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။ သို့သော် သူဤသိုင်းအားသဘောကျပေသည်။

ဤသိုင်းရှိနေပါက အကယ်၍တစ်ဖက်ကို မနိုင်လျှင်ပင် ဤသိုင်းကိုသုံးနိုင်ပေသည်။ ဝိညာဉ်ကျောက်တုံး၏ အကူအညီနှင့်ဆိုပါက သိုင်းပညာရှင်အများစုမှာ သူ့အားအနိုင်ယူနိုင်မည်ဟုသူတကယ်မယုံကြည်ပေ။

ကျိုးဟောင်သည်ထိုသိုင်းအားကြည့်ပြီးနောက် ကျေနပ်စွာပြန်သိမ်းဆည်းလိုက်သည်။ ထို့နောက် ခဏစဉ်းစားပြီး ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ထဲသို့ ဝင်ရောက်လိုက်သည်။

ဝင်ရောက်လိုက်သည်နှင့် ကျိုးဟောင်သည် သီးသန့်မက်ဆေ့ချ်တစ်ခုအားတွေ့လိုက်ရသည်။

ဤသီးသန့်မက်ဆေ့ချ်ကို နတ်မိမယ်ယွဲ့လင်မှပို့ထားခြင်းဖြစ်ကာ ပါဝင်သည့်အကြောင်းအရာမှာ သူမ၏လှပစွာ ကခုန်နေသည့် ဗီဒီယိုဖြစ်သည်။

နတ်မိမယ်ယွဲ့လင်သည် တကယ်ကို လှပသည်ဟု ဆိုရပေမည်။ သူမ၏ ကကွက်သည် နူးညံ့သိမ်မွေ့ပြီး သူမ၏ ခန္ဓာကိုယ်သည် ဆွဲဆောင်မှုရှိကာ သူမ၏ ရုပ်ရည်မှာ နတ်သမီးတမျှလှပပေသည်။

တစ်ချက်မျှကြည့်ပြီးနောက် ကျိုးဟောင်သည် စာပို့သည့်နေရာကို ပိတ်ကာ ဆိုင်ထဲသို့ ဝင်ရောက်ခဲ့သည်။

သူ မရှိသော အချိန်အတွင်း လူများစွာသည် ဆိုင်ကို ဖွင့်နိုင်ခဲ့ကြပေရာ ကျိုးဟောင်လည်း အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ ကံကောင်းသူမှာ သူ တစ်ဦးတည်းဟုတ်ပုံမပေါ်ပေ။

ကျိုးဟောင်မှာ ဆိုင်ထဲဝင်ပြီး ခဏတာကြည့်လိုက်သည်။ပစ္စည်းများသည် အရင်နှင့် အတူတူပင်ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင် အလဲအလှယ်လုပ်ရာဧရိယာာ၌ ပစ္စည်းများအားရောင်းချနေသူများ အများအပြားရှိနေသည်။

ကျိုးဟောင် ဝေ့ကြည့်လိုက်ရာ ရုတ်တရက် မက်ဆေ့ချ်တစ်ခုက သူ့အာရုံကို ဖမ်းစားလိုက်သည်။

“ဗေဒင်ဟောသည် မင်းရဲ့ အိမ်ထောင်ရေး ကံကြမ္မာကို သိချင်လား ကံကောင်းလားသိချင်လား ကံကြမ္မာကိုသိချင်လား”

ကျိုးဟောင်မှာချက်ချင်း ထူးထူးဆန်းဆန်းတွေဝေသွားခဲ့သည်။ ဤနေရာသည်အလဲအလှယ်ဧရိယာမဟုတ်ပေလော။ မည်သည့်အကြောင်းကြောင့် ကြော်ငြာများဖြန့်ဝေရာနေရာဖြစ်သွားရပါသနည်း။ ပြီးတော့ ဤဗေဒင်ဆရာက ဘယ်သူလဲ။

ဤသည်မှာ လိမ်လည်မှု မဟုတ်ပေလော။

ကျိုးဟောင်မှာ ရှုပ်ထွေးနေခဲ့သည်။ သူ ဆိုင်ထဲမှ ထွက်လာသည်နှင့် သူစိမ်းတစ်ယောက်ထံမှ သီးသန့်မက်ဆေ့ချ်တစ်ခု ရောက်လာခဲ့သည်။

“စကြာဝဠာရဲ့ လျှို့ဝှက်ချက်ကို နားလည်ချင်လား ကြီးမားတဲ့ လျှို့ဝှက်ချက်ကို သိချင်လား ဘဝရဲ့ မူလအစကို သိချင်လား ရွှေဒင်္ဂါး သန်း ၁၀၀ ပေးရင် ခင်ဗျားသိချင်တာမှန်သမျှ ကျွန်တော် ပြောပြနိုင်တယ်”

ဤလူမှာ 'လောကကြီးကနံပါတ်တစ်တုတ်'ဟူသောအမည်ရှိသူတစ်ယောက် ဖြစ်သည်။

ကျိုးဟောင်မှာ ဒီနာမည်ကိုကြည့်ပြီး စကားမပြောနိုင်ဖြစ်သွားခဲ့သည်။ ဤသည်မှာ လူလိမ်တစ်ယောက်ပင်မဟုတ်ပေလော။

ဒီလူက သူ့ကို ဘယ်လိုဆက်သွယ်နိုင်တာလဲ။ သူ့ရဲ့ အရောင်းအဝယ်အမှာစာကို မြင်ခဲ့တာများလား။

ကျိုးဟောင်မှာပြောစရာစကားမဲ့နေခဲ့ပြီး စိတ်ဓာတ်ကျနေခဲ့သည်။ ထို့နောက်စကားတစ်ခွန်းမှ မပြောဘဲ စကားပြောသည့်နေရာကို ပိတ်လိုက်သည်။

သို့သော် ထိုအချိန်တွင်စာပို့သည့်နေရာမှာ'လောကကြီးကနံပါတ်တစ်တုတ်' ထံမှမက်ဆေ့ချ်တစ်ခုနှင့်အတူကျိုးဟောင်၏အမြင်အာရုံတွင်ပေါ်လာခဲ့သည်။

“မိတ်ဆွေ ခင်ဗျားရဲ့ကံကြမ္မာကို ကျွန်တော်ဖတ်ပေးမယ် ခင်ဗျားကျေနပ်စေရမယ်လို့ ကျွန်တော်အာမခံတယ် ဒါမှမဟုတ် ဒီလိုလုပ်ပါလား တိကျမှုမရှိရင် ခင်ဗျားပိုက်ဆံ ပြန်တောင်းလေ”

ကျိုးဟောင်မှာ မျက်မှောင်ကြုတ်လိုက်မိသည်။ ဤလူက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။ သူ စာပို့သည့်နေရာကို ပိတ်ရန် ပြင်ဆင်နေစဉ် အခြားတစ်ဖက်က နောက်ထပ်မက်ဆေ့ချ်တစ်ခု ပို့လာခဲ့သည်။ ကျိုးဟောင်မှာ ကြည့်လိုက်ရာ သူ၏မျက်နှာအမူအရာမှာပြောင်းလဲသွားသည်။

“မိတ်ဆွေ ခင်ဗျားမှာအဖိုးတန်ကျောက်တုံးရှိပြီး ရှေးဟောင်းခန္ဓာသိုင်းကို လေ့ကျင့်ခဲ့တယ် ခင်ဗျားရဲ့ပါရမီက ထူးခြားတယ် ခင်ဗျားငွေမရှားဘူးဆိုတာ တစ်ချက်ကြည့်လိုက်တာနဲ့သိသာတယ် သန်း ၁၀၀ ပဲရှိတာ ခင်ဗျားအတွက် ဘာမှ မဟုတ်ဘူးမလား”

“ပြီးတော့ ကျွန်တော်ပြောပြီးပြီလေ တိကျမှုမရှိရင်အခမဲ့ပဲလို့”

ကျိုးဟောင်သည် အခြားတစ်ဖက်က ပြောနေသည်ကို စိတ်မဝင်စားပေ။ ယင်းအစား သူသည် အခြားတစ်ဖက်က သူ့တွင် ရှေးဟောင်းခန္ဓာသိုင်းကို လေ့ကျင့်ရန်အကူအညီပေးနေသောကျောက်ရှိသည်ကို သိရှိနေခြင်းကြောင့် အံ့အားသင့်သွားခဲ့သည်။

သူ၏မိဘများပင် ဤအကြောင်းကို မသိကြချေ။ ဤလူက မည်သို့ သိရှိခဲ့သနည်း။

အခြားတစ်ဖက်က သူ့ကို စောင့်ကြည့်နေခြင်းများလား။

ကျိုးဟောင်မှာတုန်လှုပ်နေရင်းပင် ခဏတာ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

“ကျွန်တော့်ရဲ့သီးသန့်ဧရိယာကို လာခဲ့ ကျွန်တော်ခင်ဗျားကိုဝင်ခွင့်ပေးထားတယ်”

ကျိုးဟောင်သည် ဤလူ မည်သို့သောပုံစံရှိကြောင်းကိုသိချင်သွားခဲ့သည်။

“ကောင်းပြီ"

သိပ်မကြာမီပင်ကျိုးဟောင်မှာ အဖြေတစ်ခုရလိုက်သည်။

ကျိုးဟောင်သည်လည်း သူ၏ သီးသန့်ဧရိယာသို့ ပြန်သွားခဲ့သည်။ မကြာမီပင် အလင်းရောင်တစ်ချက်လင်းလက်သွားပြီး လှပသော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူတစ်ဦး ဝင်လာသည်ကို သူ မြင်လိုက်ရသည်။

ဤလူသည် မျက်နှာဖုံးစွပ်ထားပြီး ပြုံးနေသည်။ သူသည် အတော်လေးနှစ်လိုဖွယ်ကောင်းပုံရသည်။

“ဟဲဟဲ လူကြီးမင်း ခင်ဗျားကို ကြည့်ပါဦး ဘာသိချင်လဲ”

ထိုလူသည်ဝင်ရောက်လာသည်နှင့် ရယ်မောလိုက်ပြီး အလျင်အမြန်ပြောလိုက်သည်။

ကျိုးဟောင်မှာထိုလူအား ကြည့်ပြီး မျက်လုံးများအားမှေးကြည့်ရင်းချက်ချင်းမေးလိုက်သည်။

“ကျွန်တော်သိချင်တာခင်ဗျား ဘာလို့ ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်ကို သိတာလဲ ခင်ဗျား ဘယ်သူလဲ”

ကျိုးဟောင်မှာ ချက်ချင်းမေးလိုက်သည်။

ထိုလူက ဤစကားကို ကြားသောအခါ ပြုံးလိုက်သည်။

“လူကြီးမင်း ဒါက လျှို့ဝှက်ချက်လေ ဒါပေမဲ့ စိတ်မပူပါနဲ့ ဒါကို သိရင်တောင် ဘယ်သူ့ကိုမှ မပြောပါဘူး ဘာလို့လဲဆိုတော့ ပြောလည်းကျွန်တော့်အတွက် အကျိုးမှမရှိတာ”

“အကျိုးမရှိဘူးလား ဟွန့် ဝိညာဉ်ကျောက်တုံးကဒီလောက်တန်ဖိုးရှိတာ မင်းသာဒီသတင်းကိုပေါက်ကြားအောင်လုပ်လိုက်ရင် ရတနာအတွက် ငါ့ကိုသတ်ဖို့ လူတွေ အများကြီးရောက်လာကြမှာပဲကြောက်ရတယ်”

ကျိုးဟောင်မှာချက်ချင်း နှာခေါင်းရှုံ့ကာပြောလိုက်သည်။

....................................................................................

အခန်း (၆၀၄) ပြီးပါပြီ။

အခန်း (၆၀၅) : လျှို့ဝှက်ချက်

ကျိုးဟောင်သည်လိမ်ညာနေခြင်းမဟုတ်ပေ။ အကယ်၍ အခြားသူများသာ ဤကိစ္စအားသိရှိသွားပါက သူ့အား တိုက်ခိုက်လာနိုင်သည်။ ဝိညာဉ်ကျောက်တုံး၏ တန်ဖိုးကြီးမှုသည် စိတ်ကူးမမီနိုင်လောက်အောင်ပင် ဖြစ်၏။

တကယ်တမ်းဆိုရသော် ကမ္ဘာဂြိုဟ်ပေါ်ရှိကျိယောင်ယွဲ့ နှင့် အခြားသူများပင် ဤဝိညာဉ်ကျောက်၏ အသုံးဝင်ပုံကို မသိချေ။

မည်သို့ပင်ဖြစ်စေ ဟွမ်ထားခဲ့သော လျှို့ဝှက်ချက်သည်မူလကျောက်စာဆရာထံသို့သာလက်ဆင့်ကမ်းခဲ့ခြင်း ဖြစ်ပေရာ သူတစ်ဦးတည်းသာ သိသည်ဟုပင် ပြောနိုင်သည်။

သူတို့သည် ဤဝိညာဉ်ကျောက်သည် အလွန်အစွမ်းထက်သည်ဟုသာသိထားကြပြီး ၎င်းကို အစွမ်းထက်သော ရတနာအဖြစ်သာ သဘောထားကြသည်။

ထိုလူက ပို၍ပင် ပျော်ရွှင်စွာ ပြုံးလိုက်သည်။

“မိတ်ဆွေ စိတ်မလှုပ်ရှားပါနဲ့ ကျွန်တော့်မှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး ခင်ဗျား ရှေးဟောင်းခန္ဓာသိုင်းကို လေ့ကျင့်ထားတာနဲ့ ဝိညာဉ်ကျောက်ရှိတာကို ကျွန်တော် သိပါတယ် ဒါကို ကျွန်တော် ဗေဒင်ဟောတာကနေ သိခဲ့တာမဟုတ်ဘူး တခြားနည်းလမ်းတွေကနေ သိခဲ့တာ”

“စကြာဝဠာကြီးက ခင်ဗျား စိတ်ကူးထက်ကို ကျယ်ပြန့်တယ်ဆိုတာ ခင်ဗျားသိရမယ် အဖွဲ့အစည်းပေါင်းများစွာ၊ ကော်ပိုရေးရှင်းပေါင်းများစွာ၊ ဂိုဏ်းပေါင်းများစွာက ဒီစကြာဝဠာထဲက ထူးခြားတဲ့ စွမ်းအားတွေကို စောင့်ကြည့်နိုင်စွမ်းရှိတယ်။”

“ဥပမာပြောရရင် ကျွန်တော်တို့ကောင်းကင်ဘုံလျှို့ဝှက်ချက်ဂိုဏ်းမှာ ဒီအချက်အလက်တွေကို ပြတဲ့ သံလိုက်အိမ်မြှောင်တစ်ခု ရှိတယ် အဲဒါက ဝိညာဉ်ကျောက်နဲ့ ရှေးဟောင်းခန္ဓာသိုင်း ကို လူတစ်ယောက်တည်းက ပိုင်ဆိုင်ထားတာကို ပြတယ်”

ထိုလူ၏ စကားများက ကျိုးဟောင်ကို လုံးဝအံ့အားသင့်စေခဲ့သည်။ ဤကိစ္စကို တစ်စုံတစ်ယောက်က စောင့်ကြည့်နေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ဒါ့အပြင် သူတို့က သူ့ကို ဘယ်လို စောင့်ကြည့်နေတာလဲ။

သူ့ကိုယ်ပေါ်မှာ စောင့်ကြည့်ကိရိယာတွေ တပ်ဆင်ထားတာများလား။

ရှင်းရှင်းလင်းလင်းဆိုရလျှင် ဤအရာသည် မဖြစ်နိုင်ချေ။

“လူကြီးမင်း ခင်ဗျား ဘယ်မှာရှိလဲ၊ ဘယ်သူလဲဆိုတာ ဘယ်သူမှ မသိပေမယ့် ခင်ဗျားရဲ့ မကြာသေးခင်က လုပ်ဆောင်ချက်တွေကနေတစ်ဆင့် ခင်ဗျား‌ရှေးဟောင်းခန္ဓာသိုင်းကို ရရှိထားတယ်ဆိုတာ ကျွန်တော် မှန်းဆနိုင်ပါတယ်”

“ပြီးတော့ရှေးဟောင်းခန္ဓာသိုင်း နဲ့ ဝိညာဉ်ကျောက်ကို လူတစ်ယောက်တည်းက ထိန်းချုပ်ထားတယ်ဆိုကတည်းက ဝိညာဉ်ကျောက်ကလည်း ခင်ဗျားဆီမှာပဲ ရှိနေမယ်ဆိုတာပြောနေစရာတောင်မလိုဘူး ကျွန်တော်ပြောတာကို ခင်ဗျား ယုံနိုင်မလား မသိဘူး”

ဤလူသည် အလွန်ရိုးသားစွာ ပြောဆိုနေသော်လည်း ကျိုးဟောင်သည် အမှန်တကယ်ပင် အနည်းငယ်တုန်လှုပ်နေပြီး လက်ခံနိုင်ခြင်း မရှိသေးပေ။

ဤစကြာဝဠာတွင် ထိုအရာအားလုံးကို တကယ်တမ်း စောင့်ကြည့်နိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များ မည်မျှရှိနိုင်ပါသနည်း။

“ခင်ဗျားကို ကျွန်တော် မယုံဘူး ခင်ဗျားက ပိုက်ဆံရှာဖို့ပဲ ဒါတွေ လုပ်နေတာ သန်း ၁၀၀ က ကျွန်တော့်အတွက် ဘာမှမဟုတ်ပေမယ့် ခင်ဗျားအတွက်လည်း ဘာမှ မဟုတ်နိုင်ဘူး ခင်ဗျား ဘာတွေ ကြံစည်နေလဲ သိချင်တယ်”

ကျိုးဟောင်မှာ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို အနည်းငယ် သံသယဝင်နေခဲ့သည်။

ဤလူကသူ့အနားကို တမင်တကာ ချဉ်းကပ်ဖို့ ကြိုးစားနေသည်မှာ ကျောက်အတွက်လားသို့မဟုတ် ပိုက်ဆံပဲ ရှာချင်တာလား။

နှစ်ခုထဲမှာ ကျိုးဟောင်ကပထမတစ်ခုကိုသာပိုသံသယဝင်မိပေသည်။

“ဟားဟား မိတ်ဆွေကျွန်တော် ပိုက်ဆံရှာချင်တယ်ဆိုတာ မှန်ပါတယ် တစ်ချိန်တည်းမှာပဲ ခင်ဗျားနဲ့ ခင်မင်မှုလည်းရချင်တယ် ဝိညာဉ်ကျောက်နဲ့ရှေးဟောင်းခန္ဓာသိုင်းကိုပိုင်ဆိုင်တဲ့သူတစ်ယောက်အရွယ်ရောက်လာရင် အနည်းဆုံးတော့ ကြယ်အဆင့် အရှင်သခင်ဖြစ်လာမယ်လို့‌ပြောလို့ရတယ် အခု ခင်ဗျားကအဲဒီအဆင့်ကို မရောက်သေးပေမယ့် နောက်ဆုံးတော့ရောက်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်”

“ဒါကြောင့် ကျွန်တော့်အတွက်၊ ကောင်းကင်ဘုံလျှို့ဝှက်ချက်ဂိုဏ်းအတွက်၊ ခင်ဗျားလို လူတစ်ယောက်နဲ့ ဘာလို့ ခင်မင်မှုမယူရမှာလဲ”

ကျိုးဟောင်သည် ထိုလူ၏ ရိုးသားမှုကြောင့် အနည်းငယ်ယုံကြည်သွားခဲ့သည်။

သို့သော်ကျိုးဟောင်သည် အရူးတစ်ယောက်မဟုတ်ပေ။ ဤလူသည် သူပြောသည့်အတိုင်းတကယ်ဟုတ်မဟုတ် သို့မဟုတ် သူ့ကိုရှာဖွေပြီးဝိညာဉ်ကျောက်မျက်ကိုလုယူဖို့ရာအတွက် သူ့အားချဉ်းကပ်ရန်ကြိုးစားနေခြင်းဟုတ်မဟုတ် သူ မပြောနိုင်ပေ။

“ခင်ဗျား ပြောတာတွေက နားထောင်လို့ အဆင်ပြေပေမယ့် ကျွန်တော်တော့ မယုံသေးဘူး။ ခင်ဗျားက ကျွန်တော့်ကံကြမ္မာကို ပြောနိုင်တယ်လို့ပြောခဲ့တယ်မလား ဒါဆို ကျွန်တော် ဘယ်မှာလဲ ပြောပြပါဦး”

ကျိုးဟောင်မှာချက်ချင်းပြောလိုက်သည်။

ထိုလူက သက်ပြင်းချလိုက်ကာ ကျိုးဟောင်သည် သူ့ကို သံသယဝင်နေဆဲဖြစ်ကြောင်း နားလည်သွားခဲ့သည်။ ထို့ကြောင့် သူ အများကြီးမတွေးဘဲ ဂရုမစိုက်စွာ ပြောလိုက်သည်။

“ကောင်းပြီ၊ ဒါဆို ကျွန်တော်ကြိုးစားကြည့်မယ် ဒါပေမဲ့ ကျွန်တော့်ရဲ့ တွက်ချက်မှုတွေက တိကျချင်မှ တိကျလိမ့်မယ် သုံးရက်အတွင်းမှာ အဖြေကိုကို ခင်ဗျားကို ပြောပြမယ် ကောင်းပြီ နောက်မှတွေ့မယ်”

ဤစကားကို ပြောပြီးနောက် ထိုလူသည်ထွက်ခွာသွားခဲ့သည်။

ကျိုးဟောင်သည်ထွက်ခွာသွားသောလူအား လေးလံသောစိတ်ဖြင့် ကြည့်နေခဲ့သည်။

သူသည် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ထဲတွင် မနေတော့ဘဲ တကယ့်ကမ္ဘာသို့ ပြန်လာခဲ့သည်။

သူ့စိတ်မှာလေးလံနေခဲ့သည်။ စကြာဝဠာထဲမှာ သူ့ကိစ္စကို သိတဲ့ တခြားသူတွေ တကယ်ပင်ရှိနေခဲ့သည်။

သူတို့က ဒီအရာတွေကို ဘယ်လိုစောင့်ကြည့်နိုင်တာလဲ။

ကျိုးဟောင်မှာမသိသော်လည်း တစ်စုံတစ်ယောက်ကတော့သိလိမ့်မည်ဟု သူယုံကြည်ပေသည်။

“ဖား၊ စကြာဝဠာမှာ ကောင်းကင်ဘုံလျှို့ဝှက်ချက်ဂိုဏ်းက ဘယ်လိုအဖွဲ့အစည်းမျိုးလဲဆိုတာ ကျွန်တော်သိချင်တယ်”

ကျိုးဟောင်ကဖားကို ခေါ်ထုတ်ပြီး ချက်ချင်းမေးလိုက်သည်။

“ကောင်းကင်ဘုံလျှို့ဝှက်ချက်ဂိုဏ်း မင်းသူတို့ကိုတကယ်သိတာလား”

ဖား မှာဤစကားကို ကြားသောအခါ ခေတ္တမျှ ကြောင်အသွား၏။

“ဟုတ်တယ် ခင်ဗျားဘာသိထားလဲကို ကျွန်တော့်ကိုပြောပြလို့ရမလား”

ကျိုးဟောင်က ပြောလိုက်သည်။

ဖားက ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ကောင်းကင်ဘုံလျှို့ဝှက်ချက်ဂိုဏ်းက စကြာဝဠာထဲက ရှေးကျတဲ့ဂိုဏ်းတစ်ခုပဲ သူတို့ကို အထူးမျိုးနွယ်တစ်ခုလို့သတ်မှတ်လို့ရပြီး စကြာဝဠာရဲ့ ဆန္ဒကို ခံစားနိုင်စွမ်းနဲ့ မွေးဖွားလာကြတာ သူတို့က ဗေဒင်ပညာရပ်အချို့ကိုလည်း သိကြတယ်”

“ကောင်းကင်ဘုံလျှို့ဝှက်ချက်ဂိုဏ်းကို သဘာဝလွန်အဖွဲ့အစည်းတစ်ခုလို့ သတ်မှတ်လို့ရတယ် သူတို့က စစ်ပွဲကို မကြိုက်ဘဲ တခြားသူတွေရဲ့ လျှို့ဝှက်ချက်တွေကို စုံစမ်းထောက်လှမ်းတာကိုပဲ ကြိုက်တယ် ဒါပေမဲ့ သူတို့မှာ အခြေခံစည်မျဥ်းစည်းကမ်းတွေရှိပြီး ကောလဟာလတွေကိုဖြန့်လေ့မရှိဘူး ဒါပေမဲ့ လူအများအပြားက သူတို့နဲ့ပတ်သက်ပြီး စိုးရိမ်နေတုန်းပဲ ဒါကြောင့် စကြာဝဠာထဲက ဂိုဏ်းအတော်များများက သူတို့ကို ဖျက်ဆီးပစ်ချင်ကြတယ်”

“နှစ်ထောင်ပေါင်းများစွာမှာ တစ်လျှောက်လုံး ကောင်းကင်ဘုံလျှို့ဝှက်ချက်ဂိုဏ်းက နေရာတိုင်းမှာ ပုန်းနေခဲ့တာ အခုလောက်ဆို… အသက်ရှင်ဖို့ ခက်ခဲနေလောက်ပြီ မင်း ဘာလို့ ရုတ်တရက် ဒါကို မေးတာလဲ”

ဖား၏ စကားများက ကျိုးဟောင်ကို ချက်ချင်းပင် ၎င်း၏ အဓိပ္ပာယ်ကို နားလည်သွားစေခဲ့သည်။

အခြားတစ်ဖက်က သူ့ကို တမင်တကာ ချဉ်းကပ်ခဲ့ခြင်းမှာ မှန်သော်လည်း သူ့ဝိညာဉ်ကျောက်ကို ခိုးယူလိုပုံ မပေါ်ပေ။ ကျိုးဟောင်သည် တစ်ဖက်လူက မည်သူဖြစ်သည်ကို မသိသော်လည်း ဖား၏ စကားအရတစ်ဖက်လူမှာ ဝိညာဉ်ကျောက်ကို ဂရုမစိုက်ဘဲ သူ၏အိမ်ကို ပျက်စီးခြင်းမှ ကာကွယ်လိုပုံရသည်။

ကျိုးဟောင်သည် ဝိညာဉ်ကျောက်နှင့်ရှေးဟောင်းခန္ဓာသိုင်းကို ခုမှ ရရှိထားခါစသူတစ်ဦးဖြစ်သည်။ သူ၏အနာဂတ်သည် အကန့်အသတ်မရှိပေ။ အခြားတစ်ဖက်က သူ အားနည်းနေချိန်တွင် သူ့အား ခင်မင်မှုပြုလိုသည်။ နောင်တွင် သူ ပိုမိုအားကောင်းလာသောအခါ အခြားတစ်ဖက်က သူ့အပေါ် မှီခိုနိုင်ပေသည်။

သူ၏အတွေးများမှာ မဆိုးသော်လည်း ကျိုးဟောင်သည် အခြားသူများ၏ လျှို့ဝှက်ချက်များကို စပ်စုပြီးကြည့်ရှုရန် ကြိုးစားသော ထိုသို့သောသူများကို အနည်းငယ်တော့ရွံရှာမိသည်။

“ဒါနဲ့ စကြာဝဠာမှာ ဝိညာဉ်ကျောက်ကို စောင့်ကြည့်ဖို့ နည်းလမ်းတွေ ရှိလား”

ကျိုးဟောင် က ချက်ချင်းမေးလိုက်သည်။

“သေချာတာပေါ့ ဝိညာဉ်ကျောက်က ဘယ်တုန်းကမှ မပေါ်လာဖူးတာမှမဟုတ်တာ ဝိညာဉ်ကျောက်တစ်ခုတည်း မဟုတ်ဘူး တကယ်တော့ တခြားကျောက်တွေကိုလည်း စောင့်ကြည့်နိုင်တယ် သူတို့က ကျောက်တွေရဲ့စွမ်းအင်အတက်အကျတွေကို ဖမ်းယူပြီး ခွဲခြမ်းစိတ်ဖြာနိုင်တာ ကြာလှပြီ ဒါကြောင့် ကျောက်ပေါ်လာပြီဆိုတာ သူတို့ သိတာပေါ့”

“ဒါကြောင့် အခု မင်းမှာ ကျောက်ရှိတယ်ဆိုတာ လူတိုင်းနီးပါး သိနေပြီ ဒါပေမဲ့ စိတ်မပူပါနဲ့ မင်းမှာရှိတယ်ဆိုတာပဲ သူတို့သိတာပါ မင်း ဘယ်မှာရှိတယ်ဆိုတာတော့လုံးဝမသိဘူး တကယ်လို့ အဲဒီလိုစွမ်းရည်ရှိတဲ့ဂိုဏ်းမျိုးရှိရင် မင်းကို အစောကြီးကတည်းကလာရှာမှာပေါ့”

ဖား၏ စကားများကကျိုးဟောင်ကို စိတ်အေးသွားစေခဲ့သည်။ သူတို့သိလည်းကိစ္စမရှိပေ သူဘယ်သူလဲဆိုသည့်အချက်ကိုမသိလျှင်ရပေပြီ။

ထိုလူလိမ်သည် ဤအရာကို မှန်းဆနိုင်ခဲ့ခြင်းမှာကျိုးဟောင်မကြာသေးမီက ဝယ်ယူခဲ့သော အရာများကြောင့် ဖြစ်နိုင်သည်။တိုက်ရိုက်ထုတ်လွှင့်မှုမှ လက်ဆောင်များဖြစ်စေ၊ သူ ဝယ်ယူခဲ့သော အဓိကအရာများသည် ကိုယ်ခန္ဓာကို ပုံသွင်းရန် အသုံးပြုသော အရာများ ဖြစ်သည်။

တကယ်တမ်းဆိုရလျှင် သူ နတ်ဘုရားသတ်သိုင်း နှင့် ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းကို လေ့ကျင့်စဉ်က ထိုပုံသွင်းရည်များသည် သူ့ခန္ဓာကိုယ်ကိုပုံသွင်းနိုင်မလားဆိုတာ သူ မသေချာခဲ့ပေ။ သူ မှန်ကန်စွာ မှန်းဆနိုင်ခဲ့ခြင်းမှာ တကယ်ကို ကံကောင်းခြင်းပင်။

နောက်တစ်ချက်မှာ သူအရမ်းပေါ့ဆခဲ့ပြီး ဖော်ထုတ်ခံရပြီးနောက် ထိတ်လန့်သွားခဲ့ခြင်းဖြစ်သည်။

ဤအချက်သည် သေချာပေါက်အရေးမကြီးပေ။ အကယ်၍ တခြားတစ်ဖက်က သူဖြစ်တယ်ဆိုတာ သိလျှင်တောင် သူ့ကို ရှာတွေ့နိုင်မည်မဟုတ်ပေ။

ကျိုးဟောင်သည်ဤကိစ္စအတွက် စိုးရိမ်မနေပေ။ သို့သော် ထိုအချိန်တွင် ငွေအရိုးဝက်ဝံဘုရင်ပေးထားသော ဆက်သွယ်ရေးကိရိယာ လင်းလာခဲ့ရာ ကျိုးဟောင်ပြုံးလိုက်သည်။

“တစ်ဖက်ကနောက်ဆုံးတော့ အောင်အောင်မြင်မြင်ဆွဲဆောင်နိုင်ခဲ့ပြီလား အရမ်းကောင်းတာပဲ"

....................................................................................

အခန်း (၆၀၅) ပြီးပါပြီ။

အခန်း (၆၀၆) : တိုက်ပွဲ

ကျိုးဟောင်မှာပြုံးလိုက်ပြီး အလွန်ပျော်သွားခဲ့သည်။ ပေတစ်ရာတီကောင်ဘုရင်ကိုမျှားခေါ်လာနိုင်သည်နှင့် အရာရာ လွယ်ကူသွားတော့မည် ဖြစ်သည်။

သူ အခု ကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိလာပြီဖြစ်သောကြောင့်၊ သာမန်ပေတစ်ရာတီကောင်ဘုရင်ကို ဂရုမစိုက်တော့ပေ။ သူ ဂရုစိုက်သည့် တစ်ခုတည်းသော အရာမှာငှက်မွေးတစ်ထောင်ချပ်ဝတ် ဖြစ်သည်။

ဤပစ္စည်းသည် အလွန်အစွမ်းထက်ပြီး ကောင်းကင်ဘုံအဆင့် တိုက်ခိုက်မှုကိုတားဆီးနိုင်ပေသည်။ ထို့အပြင် ပေတစ်ရာတီကောင်ဘုရင်၏ စွမ်းအားသည် ထူးခြားသောကြောင့် ပိုမိုအစွမ်းထက်မည်မှာ သေချာပေသည်။

ကျိုးဟောင်မှာခန္ဓာကိုယ်အားလှုပ်ရှားလိုက်ရာ အခန်းထဲမှ ပျောက်ကွယ်သွားပြီး၁၂ခုမြောက်အက်ကွဲကြောင်းသို့ ချက်ချင်းရောက်ရှိလာခဲ့သည်။

ထိုအချိန်တွင်ငွေအရိုးဝက်ဝံဘုရင်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာကြီးများစွာပွင့်နေပြီး သွေးများစီးကျကာ အရိုးများပင် မြင်နေရသည်။

“သေစမ်း ဘာလို့ မလာသေးတာလဲ မင်းသာ အမြန်မလာရင် ငါသေတော့မယ်"

ငွေအရိုးဝက်ဝံဘုရင်ကအံကြိတ်ကာပြောလိုက်သည်။ ယခုတစ်ကြိမ်တွင် ပေတစ်ရာတီကောင်ဘုရင်ကို အပြည့်အဝ ဆွဲဆောင်နိုင်ရန်အတွက် ၎င်းသည် အများကြီး စွန့်လွှတ်ခဲ့ရသည်။

ဒီလိုမှမဟုတ်ရင် ယခုလို အခြေအနေမျိုးအထိ အနိုင်ယူခံရမှာ မဟုတ်ပေ။ ယခင်ကလိုဆိုပါက တစ်ဖက်လူကိုမနိုင်ပါကချက်ချင်းထွက်ပြေးမည်ဖြစ်ပြီး ဤကဲ့သို့အနိုင်မရနိုင်မှန်းသိရဲ့နဲ့ ဆက်တိုက်ခိုက်နေမည်မဟုတ်ပေ။ ပေတစ်ရာတီကောင်ဘုရင်ကို လုံးဝ ဒေါသထွက်အောင်လုပ်ပြီး နောက်မှလိုက်ဖမ်းအောင်မျှားခေါ်လာခြင်းဖြစ်သည်။

“ဟွန့် ငွေအရိုးဝက်ဝံဘုရင် မင်းရဲ့ အခုမှချိုးဖောက်ခါစ ကောင်းကင်ဘုံအဆင့် စွမ်းရည်ဟာ ငါတို့မျိုးနွယ်ခြားတွေအတွက် အများကြီး အထောက်အကူဖြစ်မယ်လို့ ငါအစက ထင်ခဲ့တာ ဒါပေမဲ့ မင်းက ငါ့ကို သတ်ချင်နေလိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့ဘူး ငါပေတစ်ရာတီကောင်ဘုရင်ကို လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရတယ်လို့ မင်းထင်နေတာလား ဒီနေ့ ငါမင်းကိုသတ်ပစ်မယ် မင်းရဲ့အသားကိုသုံးပြီး ငါ့ကို စော်ကားတဲ့သူရဲ့ အဆုံးသတ်ကို လူတိုင်းသိအောင်လုပ်ပြမယ်"

ငွေအရိုးဝက်ဝံဘုရင်နောက်ကွယ်တွင် ပေတစ်ရာရှည်လျားသည့် ဧရာမတီကောင်ကြီးတစ်ကောင် လိုက်လာနေသည်။ ၎င်း၏ ကိုယ်ခန္ဓာမှ အစိမ်းရောင်အလင်းတို့ထွက်ပေါ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို မာကျောသောအခွံဖြင့် ဖုံးအုပ်ထားသဖြင့် အလွန်မာကျောပုံရသည်။ ၎င်း၏ ကြီးမားသောဦးခေါင်းတွင် သွားပေါင်းတစ်ရာကျော်ရှိပြီး ကြောက်စရာကောင်းသည့် အေးစက်သောအငွေ့အသက်တို့ကို ထုတ်လွှတ်နေသည်။

၎င်းသည် ငွေအရိုးဝက်ဝံဘုရင်နောက်တွင် လိုက်ပါလာပြီး ၎င်း၏ ကြီးမားသောစွမ်းအားသည် အလွန်အစွမ်းထက်လှသည်။ မျက်စိအားအဖမ်းစားနိုင်ဆုံးအရာမှာ ၎င်း၏ ကျောပေါ်တွင်ရှိသော ဆယ်မီတာကျော်ရှည်လျားသည့် ငွေရောင်အတောင်ပံတစ်စုံ ဖြစ်သည်။ ၎င်းတို့သည် အလွန်ထက်မြက်ပြီး အရာအားလုံးကို ထိုးဖောက်နိုင်မည့် ထက်ရှသည့် စွမ်းအင်တို့ကို ထုတ်လွှတ်နေသည်။

ငွေအရိုးဝက်ဝံဘုရင်၏ ဒဏ်ရာများသည် ငှက်မွေးတစ်ထောင်ချပ်ဝတ်ကြောင့် ဖြစ်သည်။

“ဟွန့် မင်းငါ့ကို အရင်သတ်နိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့ ဟွန့် ပေတစ်ရာတီကောင်ဘုရင် ငါအနှေးနဲ့အမြန်မင်းကို သတ်ပြီး မီးဖုတ်ပစ်မယ်"

ငွေအရိုးဝက်ဝံဘုရင်ကလည်း ပေတစ်ရာတီကောင်ဘုရင်နှင့် လုံးဝသဘောထားကွဲလွဲသွားပြီဖြစ်ကြောင်း သိထားပေရာ အရင်က မပြောဝံ့သည့်စကားများကို ယခု ပြောရဲနေပေသည်။

“ကောင်းတယ်… အရမ်းကောင်းတယ် ငါ ဒီအက်ကွဲကြောင်းကိုတာဝန်ယူကတည်းက တစ်ယောက်ယောက်ကငါ့ကို ဒီလိုစကားပြောဝံ့တာကို ပထမဆုံးအကြိမ် ကြားဖူးတာပဲ မင်း ဒီနေ့ ထွက်သွားလို့ရမှာ မဟုတ်ဘူးသေဖို့ပြင်ထားလိုက်တော့”

ပေတစ်ရာတီကောင်ဘုရင်၏ သံကဲ့သို့ ကြီးမားသောအမြီးသည် ချက်ချင်းလှုပ်ရှားလာပြီး မလှမ်းမကမ်းရှိ ငွေအရိုးဝက်ဝံဘုရင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ထိုကြီးမားသော အင်အားသည် မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာသည့်အလား လေထုထဲမှ အလျင်အမြန်ပင်ဖြတ်သန်းကာ ငွေအရိုးဝက်ဝံဘုရင်ရှေ့သို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။

ငွေအရိုးဝက်ဝံဘုရင်က အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။ ထို့နောက် ချက်ချင်းပင် ၎င်း၏ကိုယ်ခန္ဓာမှ ငွေရောင်အမွေးများမှာ တဖျတ်ဖျတ်လက်လာကာ လက်သီးဖြင့် ပြင်းထန်စွာထိုးလိုက်သည်။

သို့သော်လည်း ၎င်းသည် ကောင်းကင်ဘုံအဆင့်သို့ အခုမှရောက်ခါစဖြစ်ပြီး ပေတစ်ရာတီကောင်ဘုရင်၏ အဆင့်နှင့် နှိုင်းယှဉ်လျှင် အများကြီး ကွာခြားနေပါသည်။

“ဟွန့်... မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ"

ပေတစ်ရာတီကောင်ဘုရင်က မထီမဲ့မြင်ပြု၍ နှာခေါင်းရှုံ့လိုက်သည်။ ၎င်း၏ ကြီးမားသော အမြီးသည် တောင်တန်းများနှင့် မြစ်များကိုပင် ချေဖျက်နိုင်လောက်အောင်အင်အားကြီးပေသည်။

“ဘုန်း"

ထို့နောက် ကျယ်လောင်သောအသံနှင့်အတူ ငွေအရိုးဝက်ဝံဘုရင်အားရိုက်ချလိုက်သည်။

အုန်း....

ကြီးမားသော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ငွေအရိုးဝက်ဝံဘုရင်သည် ၎င်း၏ ပြိုင်ဘက်ပင် မဟုတ်ပေရာ သွေးတစ်ပွက်အန်လိုက်ရပြီး ချက်ချင်းနောက်သို့လွင့်စင်သွားခဲ့သည်။

“ချီးပဲ မင်း အမြန်မလာရင် ငါတကယ်သေတော့မယ်"

ငွေအရိုးဝက်ဝံဘုရင်မှာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားခဲ့သော်ငြား ၎င်းသည်အံကြိတ်ကာ အလျင်အမြန် ထရပ်ပြီး ဆက်လက်ထွက်ပြေးလာခဲ့သည်။

ပေတစ်ရာတီကောင်ဘုရင်က ၎င်းကို သိပ်အရေးမလုပ်ဘဲ နောက်မှလိုက်ဖမ်းနေခဲ့သည်။

ထိုအချိန်တွင် ကျိုးဟောင် ရောက်ရှိလာပြီဖြစ်သည်။ အဝေးမှနေ၍ ပေတစ်ရာတီကောင်ဘုရင်က ငွေအရိုးဝက်ဝံဘုရင်ကို လိုက်ဖမ်းပြီး နင်းချေနေသည်ကို သူမြင်လိုက်ရသည်။

ကျိုးဟောင်က မျက်လုံးများအားမှေးကျဉ်းကာကြည့်လိုက်ပြီးပြောလာခဲ့သည်။

“ဒီပေတစ်ရာတီကောင်ဘုရင်က ကောင်းကင်ဘုံဘုရင်ကျူး ကြောက်တဲ့ ပညာရှင်ဖြစ်ထိုက်တာပဲ ငှက်မွေးတစ်ထောင်ချပ်ဝတ်မပါဘဲတောင် ကောင်းကင်ဘုံဘုရင်ကျူးက ဒီလိုမာကျောတဲ့အခွံကို ဖောက်နိုင်မှာ မဟုတ်ဘူး”

ကျိုးဟောင်၏ အကြည့်သည် ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အေးစက်သောချပ်ဝတ်ပေါ်တွင်ခေတ္တရပ်တန့်သွားပြီး ၎င်း၏ကျောပေါ်ရှိ ငှက်မွေးတစ်ထောင်ချပ်ဝတ်ကို မြင်လိုက်ရသည်။

ထိုအရာကိုမြင်လိုက်သည်နှင့် ကျိုးဟောင်မှာချက်ချင်းပြုံးလိုက်သည်။

“တကယ်ကို ငှက်မွေးတစ်ထောင်ချပ်ဝတ်ပဲ”

ကျိုးဟောင်က ပြုံးပြီး ထွက်ခွာသွားခဲ့သည်။

ငွေအရိုးဝက်ဝံဘုရင်သည် ကျိုးဟောင်၏ ပုံရိပ်ကို မြင်သည်နှင့် ချက်ချင်း စိတ်လှုပ်ရှားသွားသည်။ ၎င်းက အလျင်အမြန် လက်လှမ်းပြလိုက်သည်။ ဤမြင်ကွင်းကြောင့်ပေတစ်ရာတီကောင်ဘုရင်၏ မျက်နှာအမူအရာသည် လုံးဝ ပြောင်းလဲသွားခဲ့သည်။

“ကောင်စုတ် မင်းငါ့ကိုရှင်းပစ်ဖို့လူသားတွေနဲ့ ပူးပေါင်းရဲတယ်ပေါ့ ဟုတ်လား”

ပေတစ်ရာတီကောင်ဘုရင်၏ မျက်နှာသည် အလွန်ဆိုးရွားနေသည်။ အခြေအနေက ဒီလိုဖြစ်လာမည်ဟု ၎င်းက လုံးဝမမျှော်လင့်ထားခဲ့ပေ။

“မှန်တယ် ငါ မင်းကိုရှင်းပစ်ဖို့ လူသားတွေနဲ့ ပူးပေါင်းခဲ့တာ ဟွန့်...မင်းကိုသာသတ်နိုင်မယ်ဆို ဘာအရေးကြီးတာမလို့လဲ”

ငွေအရိုးဝက်ဝံဘုရင်မှာခံနေရသော်ငြား ကျိုးဟောင်ရောက်လာသည်နှင့် ၎င်းသည် ယုံကြည်မှု ရရှိလာသည်။

“မင်းတို့ကငါ့ကို မင်းတို့နှစ်ယောက်တည်းနဲ့ ရင်ဆိုင်နိုင်မယ်လို့ ထင်နေတာလား”

ပေတစ်ရာတီကောင်ဘုရင်ဘုရင်သည် အလွန်မာနကြီးကာ ၎င်းတွင် မာနကြီးနိုင်သည့် အခွင့်အရေးလည်း ရှိပေသည်။ တတိယမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်အနေဖြင့် ၎င်းသည် ပဉ္စမမြောက်ကောင်းကင်ဘုံအဆင့်လူသားပညာရှင်နှင့် တိုက်ခိုက်နိုင်ပေသည်။ ကျိုးဟောင်သည် ကောင်းကင်ဘုံအဆင့်သို့ အခုမှ ရောက်ရှိလာခြင်းဖြစ်ပြီး ငွေအရိုးဝက်ဝံဘုရင်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ သူတို့နှစ်ဦး ပူးပေါင်းလျှင်ပင် ၎င်း၏ ပြိုင်ဘက် လုံးဝမဟုတ်ပေ။

“ဟုတ်လား ညီနောင်ဝက်ဝံ ကျန်တာကျွန်တော့်တာဝန်ထားလိုက် သွားနားလိုက်ဦး”

ကျိုးဟောင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူသည်သူ၏ ခွန်အားကို စမ်းသပ်ချင်ပေသည်။

“မင်း တစ်ယောက်တည်း တိုက်ခိုက်ချင်တာလား ဟင် မင်းရဲ့ အငွေ့အသက်… ဟွန့် မင်းအဆင့်ချိုးဖောက်နိုင်ခဲ့တာလား”

ငွေအရိုးဝက်ဝံဘုရင်သည် ခေတ္တမျှ ကြောင်သွားပြီးနောက် ၎င်း၏ မျက်လုံးများက မယုံကြည်နိုင်လောက်အောင် ပြူးကျယ်လာခဲ့သည်။

“ဘာလို့လဲ အံ့သြနေလား”

ကျိုးဟောင်က ပြုံးလိုက်သည်။

“ဟားဟားဟား အရမ်းကောင်းတယ် မင်း ကောင်းကင်ဘုံအဆင့်ကို ရောက်သွားတော့ ငါတို့ရဲ့ အခွင့်အရေးက ပိုများသွားပြီ ဟားဟားဟား”

ငွေအရိုးဝက်ဝံဘုရင်သည် အလွန်ပျော်ရွှင်နေသည်။ ကျိုးဟောင်ဆိုသည့် ဒီကောင်လေးက ကောင်းကင်ဘုံအဆင့်တစ်ဝက်မှာတောင် ၎င်းကိုမတိုးသာမဆုတ်သာအခြေအနေကိုရောက်အောင်တိုက်ခိုက်နိုင်ခဲ့သည်။ အကယ်၍ သူ အဆင့်ချိုးဖောက်ပြီးပါက ပိုပြီးတောင် အစွမ်းထက်လာမည်မဟုတ်ပေလော ပေတစ်ရာတီကောင်ဘုရင်ကို တကယ်ပဲ ဖြေရှင်းနိုင်လောက်ပေသည်။

ကျိုးဟောင်သည် ပေတစ်ရာတီကောင်ဘုရင်ကို ကြည့်ကာ ပြုံးလိုက်သည်။

“ငါတို့ တစ်ယောက်ချင်း တိုက်ခိုက်ကြမလား”

ပေတစ်ရာတီကောင်ဘုရင်သည် ကျိုးဟောင်ကို မထီမဲ့မြင်ပြုကာ ကြည့်လိုက်သည်။

“လူသားမျိုးနွယ်ကောင်စုတ်လေး မင်း ငါ့ကို စိန်ခေါ်ဝံ့တယ် ဟုတ်လား”

“မင်း တကယ်အပိုတွေပြောတာပဲ ငါ မင်းကို စိန်ခေါ်ရင်ကော ဘာဖြစ်လဲ"

ကျိုးဟောင်က လှောင်ပြောင်လိုက်သည်။ ထို့နောက်သူ၏ ခန္ဓာကိုယ် လှုပ်ရှားလိုက်ပြီး လက်သီးဖြင့် ထိုးလိုက်သည်။ ထိုလက်သီးချက်တွင် သူသည် ရှေးဟောင်းခန္ဓာကိုယ်ကို အသက်သွင်းလိုက်သော်ငြား နတ်ဘုရားဖျက်ဆီးသိုင်းနှင့် ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းကိုတော့ အသုံးမပြုခဲ့ပေ။

သူ၏ လက်သီးချက်သည် မည်ကဲ့သို့သောတိုက်ခိုက်ရေးစွမ်းအားမျိုးထုတ်လွှတ်နိုင်သည်ကို သူ သိချင်သည်။

ပေတစ်ရာတီကောင်ဘုရင်က မထီမဲ့မြင်ပြုကာ ပြုံးလိုက်ပြီး ၎င်း၏ အမြီးကို ဝှေ့ယမ်းကာအော်ဟစ်လာသည်။

၎င်း၏ အမြင်တွင် ပဉ္စမမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်ပင်လျှင် ဤတိုက်ခိုက်မှုကို ရင်ဆိုင်ဝံ့မည်မဟုတ်ပေရာ အခုမှ အဆင့်တက်လာသည့် ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ဦးဆိုပါက ယခုလိုလုပ်ဖို့ စဉ်းတောင် စဉ်းစားမှာ မဟုတ်ပေ။

ဝုန်း...

ကြီးမားသော ပေါက်ကွဲသံတစ်သံထွက်ပေါ်လာပြီးနောက် ပေတစ်ရာတီကောင်ဘုရင်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့သည်။

အကြောင်းမှာ၎င်း၏ အင်အားအပြည့်ဖြင့်တိုက်ခိုက်မှုသည် ဤလူကို လုံးဝ ထိခိုက်မှုမဖြစ်စေဘဲ ၎င်း၏ အမြီးကို ထုံသွားစေသည်ကို သတိပြုမိလိုက်သောကြောင့် ဖြစ်သည်။

“ဒါ… ဒါ လူသားရဲ့ ခန္ဓာကိုယ်လား ငါ့အမြီးကို ဘယ်လိုများ ခုခံနိုင်ရတာလဲ”

ပေတစ်ရာတီကောင်ဘုရင်သည် အပြင်းအထန် တုန်လှုပ်သွားပြီး မျက်လုံးများမှာလည်းပြူးကျယ်သွားခဲ့သည်။

ကျိုးဟောင်မှာ ထုံသွားသောလက်သီးကို ပွတ်သပ်ပြီး ပြုံးလိုက်သည်။

“တကယ်ပဲ ငါထင်ထားတဲ့အတိုင်းပဲ"

ထိုသို့ပြောပြီးနောက် ကျိုးဟောင်သည်ပေတစ်ရာတီကောင်ဘုရင်ကို ကြည့်လိုက်သည်။

“ပေတစ်ရာတီကောင်ဘုရင် မင်းတော့ ဒီနေ့ပွဲသိမ်းပြီ”

“ပွဲသိမ်းပြီဟုတ်လား လူသားကောင်စုတ်လေး မင်း အရမ်းအစွမ်းထက်တယ်ဆိုတာ ငါဝန်ခံတယ် ဒါပေမဲ့ မင်း ငါ့ကို သတ်နိုင်တယ်လို့ ထင်ရင်တော့ မင်းမှားသွားပြီ ငါတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အတူတူလောက်ပဲ အများဆုံးမှသရေကျရုံပဲရှိတယ် မင်း ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး”

“ပြီးတော့ ငါ့မှာ ရတနာတစ်ခုလည်း ရှိသေးတယ် ဘယ်လိုပဲဖြစ်ဖြစ် မင်း ဒီနေ့ သေကိုသေရမယ်”

ပေတစ်ရာတီကောင်ဘုရင်က အပြုံးဖြင့် ပြောလိုက်သည်။ ၎င်းသည်ကျိုးဟောင်၏ ခွန်အားကြောင့် အံ့အားသင့်သွားသော်လည်း လုံးဝ ထိတ်လန့်သွားခြင်း မရှိသေးပေ။

မည်သို့ပင်ဖြစ်စေ ၎င်း၏ကိုယ်ပေါ်ရှိတောင်ပံတစ်စုံမှာ အလွန်အစွမ်းထက်သောကြောင့် ပေတစ်ရာတီကောင်ဘုရင်ပင်လျှင် အလွန်ကြောက်ရွံ့ရသည်ဖြစ်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် ၎င်း၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့ပြီး ဦးရေပြားပင် ထုံကျဉ်သွားခဲ့သည် ။

....................................................................................

အခန်း (၆၀၆) ပြီးပါပြီ။

All Chapters