အခန်း (၈၂၉-၈၃၁)
Vol. 56 Ch. 829-831
အခန်း (၈၂၉) : အဆုံးသတ်
ထိုစကားသံကိုကြားသောအခါ ဘတ်တိုင်းရက်စ်မှာမျက်မှောင်ကြုတ်ပြီး သူ့ရဲ့မြေပုံကိုထုတ်ကြည့်လိုက်လေသည်။
"၃ဆင့်မြောက်သူတော်စင်ဘုံအဆင့်ပညာရှင် ၂ယောက်လား။ သူတို့ကဒီကိုလာရဲတယ်ဆိုတော့သေချင်နေတာပဲ။ သူတို့၂ယောက်က သူမရဲ့အဖော်တွေဖြစ်မယ်။နှစ်ယောက်လုံးယောကျာ်းတွေဖြစ်နေတာ နှမြောစရာပဲ။ ဒီလောက်လေးနဲ့ ငါ့လုပ်နေတာကို လာမနှောင့်ယှက်ကြနဲ့"
ဘတ်တိုင်းရက်စ်ကဂရုမစိုက်သလိုပြောလိုက်လေသည်။ ၃ဆင့်မြောက်သူတော်စင်ဘုံသိုင်းပညာရှင် ၂ယောက်မှာ ဒုက္ခမပေးနိုင်လောက်ဘူးလို့သူတွေးထားလေသည်။
သူ့လက်အောက်ရှိလူနှစ်ယောက်လုံးမှာ ၄ဆင့်မြောက်သူတော်စင်ဘုံပညာရှင်များဖြစ်ကြပြီး ၃ဆင့်မြောက်ပညာရှင်ကိုတော့အလွယ်တကူသတ်နိုင်ကြပေသည်။
"ဟုတ်ကဲ့ပါ"
သူ့လူနှစ်ယောက်မှာလည်း ချက်ချင်းခေါင်းညိတ်ကာပြောလိုက်ကြလေသည်။ထို့နောက် တစ်ယောက်မှာတောင်ဘက်သို့မျက်နှာမူကာအသင့်ပြင်ထားပြီး တစ်ယောက်မှာ အရှေ့ဘက်သို့မျက်နှာမူထားလေသည်။
"မင်းမှာ အဖော်တွေရှိလိမ့်မယ်လို့မထင်ထားခဲ့မိဘူး။ ဒါပေမဲ့ မင်းရဲ့အဖော်တွေကအားနည်းတာကြောင့် မင်းကိုမကယ်နိုင်တာနှမြောစရာပဲ။ ဒီနေ့တော့ မင်းကငါ့ရဲ့မယားငယ်ဖြစ်လာတော့မှာ"
ဘတ်တိုင်းရက်စ်မှာပြုံးပြီး ကျိယောင်ယွဲ့အနားသို့ဖြေးဖြေးချင်းကပ်လာလေသည်။ ထို့နောက် ကျိယောင်ယွဲ့၏ ပါးလေးကိုကိုင်ပြီး ပြုံးလိုက်လေသည်။
"ဘယ်လိုတောင်နူးညံ့တဲ့အသားအရေလဲ။ မင်းတို့မျိုးနွယ်တွေကတကယ့်ကိုထူးဆန်းတာပဲ အရေပြားဆိုတာငါတို့အတွက်ပထမအကာအကွယ်အလွှာပဲ။ ဒါပေမဲ့မင်းကတော့နူးညံ့နေပါလား ကြည့်ရတာမင်းတို့မျိုးနွယ်ကတခြားမျိုးနွယ်တွေကို ဖျော်ဖြေမှုပေးဖို့ပဲထင်တယ်"
ဘတ်တိုင်းရက်စ်မှာပျော်ရွှင်စွာဖြင့်ပြောနေလေသည်။
ကျိယောင်ယွဲ့ကတော့လုံး၀မနှစ်မြို့သည့်အမူအရာဖြစ်နေလေသည်။ ဒါ့အပြင် အလွန်လည်းထိတ်လန့်နေခဲ့လေသည်။ သူမသည်မိန်းကလေးတစ်ယောက်ပင်ဖြစ်သောကြောင့် ဒီလိုအခြေအနေနှင့်ကြုံတွေ့ရသောအခါ ကြောက်လန့်နေသည်မှာ သဘာ၀ပင်ဖြစ်လေသည်။
ဘတ်တိုင်းရက်စ်လုပ်ငန်းစဖို့ပြင်နေချိန်မှာပင် ပုံရိပ်နှစ်ခုမှာရောက်ရှိလာခဲ့လေသည်။ ထိုပုံရိပ်၂ခုမှာကျိုးဟောင်နှင့်လင်းထျန်ဖြစ်နေလေသည်။ သူတို့ ၂ယောက် မှာ ဘတ်တိုင်းရက်စ်ကကျိယောင်ယွဲ့အားယုတ်မာရန်ကြံစည်နေသည်ကိုမြင်သောအခါ ဒေါသထွက်သွားကြလေသည်။
"သူမကို လွှတ်ပေးမလား အသေခံမလား ပြောစမ်း"
ကျိုးဟောင်မှာ ဒေါသတကြီးပြောလိုက်လေသည်။ ထိုအခိုက်အတန့်တွင်သူ့စိတ်ထဲ၌သတ်ဖြတ်လိုစိတ်တစ်ခုတည်းသာရှိလေသည်။
"ဟမ် ငါ့သခင်လေးရဲ့ပျော်စရာအချိန်တွေကိုလာဖျက်ဆီးရဲတယ်ပေါ့ မင်းသေချင်နေတာလား"
၄ဆင့်မြောက်သူတော်စင်ဘုံပညာရှင်တစ်ယောက်မှာ ရှေ့သို့ချက်ချင်းထွက်ရပ်လာပြီးပြောလိုက်လေသည်။
ထို့နောက်ချက်ချင်းသူ၏စွမ်းအားကြီးသောကျင့်ကြံအားကိုစုစည်းလိုက်ပြီး စတင်တိုက်ခိုက်ရန်ပြင်ဆင်လိုက်လေသည်။ သို့သော် ကျိုးဟောင်၏ အငွေ့အသက်မှာ ချက်ချင်းပင် ၆ဆင့်မြောက်သူတော်စင်ဘုံအထိ တဟုန်ထိုး တိုးတက်သွားခဲ့လေသည်။
ထို့အပြင်အလွန်အားကောင်းသောစိတ်စွမ်းအင်လှိုင်းမှာလည်းပျံ့နှံ့လာပြီး လူတိုင်း၏ခန္ဓာကိုယ်များကိုတုန်လှုပ်သွားစေလေသည်။ ယခုလိုနီးကပ်သောအကွာအဝေးတွင် ထိုလူများမှာ စိတ်စွမ်းအား၏ဖိနှိပ်ခြင်းကိုချက်ချင်းခံစားလိုက်ကြရလေသည်။
နောက်စက္ကန့်အနည်းငယ်တွင် ကျိုးဟောင်မှာ မဟာဖျက်ဆီးခြင်းလက်သီးသိုင်းကို ရှေးဟောင်းခန္ဓာသိုင်းနှင့်ရောပြီး အသုံးပြုလိုက်လေသည်။ ထို့နောက်ရှေ့သို့ထွက်ရပ်လာသူအားထိုလက်သီးဖြင့်ထိုးချလိုက်သောအခါ ထိုလူမှာ တစစီဖြစ်သွားခဲ့ရလေသည်။
ထိုလူမှာ ၄ဆင့်မြောက်သူတော်စင်ဘုံပညာရှင်ဖြစ်သော်ငြား ကျိုးဟောင်ရဲ့ပြိုင်ဘက်မဖြစ်နိုင်ခဲ့ချေ။တခြားတစ်ယောက်မှာ ထိုမြင်ကွင်းကြောင့်ထိတ်လန့်သွားကာ ကြောက်လန့်တကြားအော်ဟစ်လာခဲ့လေသည်။
"သခင်လေး ပြေးတော့...."
ဘတ်တိုင်းရက်စ်မှာမှင်တက်နေခဲ့လေသည်။ ဘာတွေဖြစ်ပျက်သွားမှန်းသူမသိလိုက်ချေ။ သူဟိုဘက်လှည့်ပြီး ဒီဘက်ပြန်လှည့်လာချိန်တွင်သူ့လူမှာတစစီဖြစ်နေခဲ့လေပြီ။
"၆ဆင့်မြောက်.....၆ဆင့်မြောက်သူတော်စင်ဘုံပညာရှင် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
သူသည်အလွန်အမင်းထိတ်လန့်သွားခဲ့လေသည်။ သူတော်စင်ဘုံအဆင့်ပညာရှင်များကြားတွင် အဆင့်တစ်ဆင့်နှင့် တစ်ဆင့်ကွာခြားချက်မှာ သမုဒ္ဒရာကြီးလောက်ကြီးမားလေသည်။
"ချီးပဲ ချီးပဲ ချီးပဲ ဘယ်လိုလုပ်ဒီလိုပညာရှင်ကိုငါရင်ဆိုင်နိုင်မှာလဲ"
ထိုအခိုက်အတန့်တွင်ဘတ်တိုင်းရက်စ်မှာ ကျိယောင်ယွဲ့အားထိပါးလိုစိတ်မရှိတော့ဘဲ ကျိုးဟောင်အားကြောက်လန့်စိတ်ဖြင့်ကြည့်နေခဲ့လေသည်။
"မိတ်ဆွေ ဒါ....ဒါအထင်လွဲနေတာပါ။ ငါမင်းကိုအမှတ်တွေပေးပါ့မယ် ငါ့ကိုသွားခွင့်ပေးပါ။ ငါ့ကိုမသတ်ပါနဲ့ မင်းကိုလက်စားလည်းပြန်မချေပါဘူး"
ဘတ်တိုင်းရက်စ်မှာ ဒီအတိုင်းတော့လက်မလျော့လိုပေ။ သူ့အရည်အချင်းနှင့် သူ့လူတစ်ယောက်ရှိသေးသောကြောင့် အဆင့်၁၀၀၀အတွင်း၀င်အောင်အမှတ်များစုဆောင်းနိုင်သေးလေသည်။ သို့သော် သူသည်ကျိုးဟောင်၏ဒေါသအားအထင်မှားသွားခဲ့လေသည်။
"မရဘူး..."
ကျိုးဟောင်ကအေးစက်စွာပြောလိုက်ပြီး သူ၏ အားကောင်းသောကျင့်ကြံရေးစွမ်းအားများမှာ ပတ်၀န်းကျင်တစ်ခုလုံးသို့ပျံ့လွင့်လာလေသည်။
"မင်းငါ့ကိုတကယ်ပဲသတ်နိုင်မယ်ထင်နေတာလား။ တကယ်လို့ငါထွက်ပြေးရင်တောင် မင်းငါ့ကိုတားနိုင်မှာမဟုတ်ဘူး"
"ဒီသူတောင်းစားလေးက သူ့ကိုယ်သူ ၆ဆင့်မြောက်သူတော်စင်ဘုံပညာရှင်ဖြစ်တာနဲ့ မရှုံးနိုင်တော့ဘူးထင်နေတာလားမသိ"
ဘတ်တိုင်းရက်စ်မှာဒေါသတကြီးပြောလာလေသည်။
"ကြိုးစားကြည့်လေ"
ကျိုးဟောင်မှာပြောပြီးနောက် ချက်ချင်း ငှက်မွှေးတစ်ထောင်ချပ်၀တ်အစွမ်းကိုအသုံးပြုပြီး ဘတ်တိုင်းရက်စ်ရှေ့သို့ရောက်ရှိသွားလေသည်။
ဘတ်တိုင်းရက်စ်မှာ ကျိုးဟောင်၏အားကောင်းသောချီစွမ်းအင်ကြောင့် မှင်တက်သွားပြီး ဘာမှပြန်မလုပ်နိုင်ခင်မှာပင် ကျိုးဟောင်မှာဘတ်တိုင်းရက်စ်၏နဖူးကိုလက်ညိုးဖြင့်ထိလိုက်လေသည်။
ထိုအချိန်တွင်မူလကျောက်စာစွမ်းအားများပေါ်ထွက်လာခဲ့ပြီး ဘတ်တိုင်းရက်စ်သာမက သူ့အဖော်ကိုပါ ထိုစွမ်းအားများက ဖုံးအုပ်သွားခဲ့လေသည်။ထို့နောက်ဘတ်တိုင်းရက်စ်နှင့်သူ့အဖော်တို့မှ ဘာစွမ်းအားမှသုံးမရတော့ဘဲ မလှုပ်ရှားနိုင်ဖြစ်သွားကြလေသည်။
"ငါ့.... ငါ့ရဲ့....ကျင့်ကြံရေးစွမ်းအားတွေ ..... မင်း...မင်း ငါ့ကိုဘာလုပ်လိုက်တာလဲ"
ဘတ်တိုင်းရက်စ်မှအလွန်ကြောက်လန့်သွားခဲ့လေသည်။သို့သော်အရာအားလုံးမှာနောက်ကျသွားခဲ့လေပြီ။
နောက်စက္ကန့်အနည်းငယ်အကြာတွင် ဘတ်တိုင်းရက်စ်နှင့်သူ့အဖော်မှာ ခေါင်းဖြတ်ခြင်းခံလိုက်ရလေသည်။ ထို့နောက် ဘတ်တိုင်းရက်စ်တို့ ၃ယောက်ဆီမှ အမှတ်ကဒ်၃ကဒ်ကျလာခဲ့လေသည်။
ကျိယောင်ယွဲ့မှာထိုကဒ်၃ကဒ်ကိုကောက်သိမ်းလိုက်လေသည်။ သူမသည် အရမ်းမလှုပ်ရှားနိုင်သေးပေ။ လင်းထျန်မှာ ကျိုးဟောင်ကိုကြည့်ပြီးအံ့ဩနေခဲ့လေသည်။
"ကျိုးဟောင်ကတကယ့်ကိုသန်မာတာပဲ"
လင်းထျန်သည်အစကဒီတိုက်ပွဲမှာ အပြင်းအထန်တိုက်ခိုက်ရနိုင်ပြီး ဒဏ်ရာရရင်ရ ဒါမှမဟုတ်သေဆုံးသည်အထိဖြစ်နိုင်သည်လို့တွေးထားခဲ့လေသည်။
သို့သော်ကျိုးဟောင်၏လှုပ်ရှားမှုတစ်ကွက်တည်းဖြင့် သူနှင့်ကျိယောင်ယွဲ့အား ဘေးကင်းအောင်လုပ်နိုင်လိမ့်မည်လို့ သူ မထင်ထားခဲ့ပေ။
ကျိုးဟောင်မှာ ကျိယောင်ယွဲ့အား ပွေ့သယ်လာရင်း လင်းထျန်အားကြည့်ကာပြောလိုက်လေသည်။
"ကျွန်တော်တို့အမှတ်တွေကိုခွဲဝေယူပြီး ဒီနေရာကအမြန်ထွက်သွားရအောင် ကျွန်တော်တို့မှ အမှတ်တွေလုံလုံလောက်လောက်ရှိနေရင် ဘယ်သူမှ ပစ်မှတ်ထားရဲမှာမဟုတ်ဘူး"
ထို့နောက်သူတို့၃ယောက်အမှတ်များအားအညီအမျှခွဲလိုက်ပြီး တစ်ယောက်ချင်းစီ၏အမှတ်များမှာ ၅သောင်းအထိဖြစ်သွားကာ အဆင့် ၃၀၀အတွင်းရောက်သွားကြလေသည်။
ကျိုးဟောင်မှာ သူတို့နှစ်ယောက်အားအနားယူရန်လုံခြုံသောနေရာဆီသို့ခေါ်သွားခဲ့လေသည်။ လျှို့ဝှက်နယ်မြေထဲတွင်တော့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေလေသည်။
တည်နေရာများဖော်ပြခံရပြီးကတည်းက ပြိုင်ပွဲ၀င်အရေအတွက်မှာ သိသိသာသာလျော့သွားလေသည်။ တချို့အားနည်းသူများမှာ အင်အားကြီးသူများ၏ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကိုခံရပြီး သေဆုံးသွားကြရပြီး တချို့ကတော့ အသက်မဆုံးရှုံးလိုသောကြောင့်ပြိုင်ပွဲမှနှုတ်ထွက်သွားကြလေသည်။
ပြိုင်ပွဲ၀င်အရေအတွက်မှာလည်းတဖြေးဖြေး ၁ထောင်၀န်းကျင်သို့ရောက်ရှိလာခဲ့လေသည်။ ကျိုးဟောင်တို့မှာလည်း အဆင့် ၁၀၀၀အတွင်းနေနျုင်လောက်သည့် အမှတ်ပမာဏကိုလည်းစုဆောင်းထားနိုင်ခဲ့ကြလေသည်။
"တဖြေးဖြေးနဲ့ပြီးဆုံးတော့မှာပဲ"
သူတို့၃ယောက်မှာ မီးပုံရှေ့တွင်ထိုင်ရင်း ကမ္ဘာဂြိုဟ်မှယူလာခဲ့သောအစားအစာများကိုစားသောက်နေခဲ့လေသည်။
"ဟုတ်တယ် ကြေးစားတပ်ဖွဲ့ရဲ့လူရွေးပွဲက အရမ်းခက်ခဲတာပဲ လေ့ကျင့်ရေးဆိုပေမဲ့လည်းအတော့်ကိုပြင်းထန်ပြီးကြမ်းတမ်းလွန်းတယ်။ ကြေးစားစစ်တပ်ကို၀င်ရောက်နိုင်ဖို့ကတကယ့်ကိုမလွယ်တာပဲ"
လင်းထျန်မှာမနေနိုင်ဘဲပြောလာခဲ့လေသည်။
"ဒါကအာကာသကြီးလေ ကျွန်တော်တို့ကမ္ဘာဂြိုဟ်ကအရာတွေလိုတော့ဘယ်ဟုတ်ပါ့မလဲ။ဘာပဲဖြစ်ဖြစ်။ ကျွန်တော်တို့အသက်ရှင်အောင်လုပ်နိုင်ခဲ့ကြတာပဲလေ"
ကျိုးဟောင်ကပြုံးပြီးပြန်ပြောလိုက်လေသည်။
နောက်ရက်အနည်းငယ်အကြာတွင် လျှို့ဝှက်နယ်မြေမှာပျောက်ကွယ်သွားပြီး အရွေးချယ်ခံ ပြိုင်ပွဲ၀င်အယောက်၁၀၀၀ထွက်လာခဲ့ကြလေသည်။
သူတို့အားလုံးမှာ လျှို့ဝှက်နယ်မြေအပြင်ရောက်မှသက်ပြင်းချနိုင်ကြလေသည်။ ယခုသူတို့အယောက်၁၀၀၀လုံးမှာ ကြေးစားစစ်တပ်၏အစမ်းခန့်တပ်သားများဖြစ်သွားကြလေသည်။
ထို့နောက် ကြေးစားတပ်ဖွဲ့သို့၀င်ရောက်နိုင်ရန်လိုအပ်သော အဆင့်သတ်မှတ်ချက်များကိုလုပ်ဆောင်ကြရမည်ဖြစ်ပြီး သက်ဆိုင်ရာနေရာအသီးသီးတွင် အသင့်စောင့်ဆိုင်းနေကြလေသည်။
ကျိုးဟောင်မှာ ဧရိယာစီ သို့ ပို့ဆောင်ခြင်းခံလိုက်ရလေသည်။ ထိုဧရိယာမှာ ကြီးမားသော်လည်း လူအင်အားမှာ အယောက်၂၀၀သာရှိလေသည်။ ဒါသည်အတော့်ကိုနည်းသည့်ပမာဏလို့ဆိုနိုင်ပေသည်။
....................................................................................
အခန်း (၈၂၉) ပြီးပါပြီ။
---
အခန်း (၈၃၀) : တိမ်မြူခိုးကျွန်း
" ဧရိယာစီ ကနေ ကြိုဆိုပါတယ် ပြီးတော့ ကြေးစားတပ်ဖွဲ့ရဲ့ယာယီကြေးစားတပ်သားတွေဖြစ်လာတဲ့အတွက်လည်းဂုဏ်ပြုပါတယ်။ ယာယီဆိုပေမဲ့ မင်းတို့သေချာကြိုးစားရင် တရား၀င်အဖွဲ့၀င်အဖြစ်ခန့်အပ်ခြင်းခံရမှာပဲ"
မိုကာရွန်က ဧရိယာစီသို့ရောက်လာသောအဖွဲ့အားကြည့်ကာပြုံးပြီးပြောလိုက်လေသည်။
"ပြီးတော့ မင်းတို့ကို ကြေးစားတပ်ဖွဲ့ရဲ့ လေ့ကျင့်ရေးစခန်းကို၀င်နိုင်ဖို့အရေးကြီးတဲ့အချက်တွေပြောပြမယ်။ မင်းတို့လက်ထဲမှာရှိတဲ့အမှတ်တွေကအရမ်းအရေးကြီးတယ်။ လေ့ကျင့်ရေးစခန်းမှာ အမှတ်တွေကအရာရာပဲ။ မင်းတို့အပြင်မှာဘယ်လောက်ပဲချမ်းသာပါစေ လေ့ကျင့်ရေးစခန်းထဲရောက်ရင်အလကားပဲ။ မင်းတို့ရတနာတွေလိုချင်ရင်တော့ အဲ့အမှတ်တွေနဲ့လဲလှယ်မှရမယ်"
မိုကာရွန်ပြောရင်း သူ့လက်ကိုဝှေ့ယမ်းလိုက်သောအခါ ဖန်သားပြင်ကြီးတစ်ခုပေါ်ပေါက်လာခဲ့လေသည်။
"လေ့ကျင့်ရေးစခန်းထဲမှာတော့ မင်းတို့ကိုလေ့ကျင့်ပေးဖို့အဆင့်မြင့်နည်းပညာတွေအများကြီးရှိတယ်။ အဲ့မှာ ကိုယ်ကာယစွမ်းအားကိုလေ့ကျင့်ပေးတဲ့နေရာတွေ နဲ့ စိတ်စွမ်းအင်ကိုလေ့ကျင့်ပေးတဲ့နေရာတွေအများကြီးရှိတယ်။ ဒါပေမဲ့ အဲ့နေရာတွေမှာလေ့ကျင့်ဖို့အတွက်က အမှတ်တွေလိုအပ်တယ်"
"ပြောရရင် လေ့ကျင့်ရေးစခန်းထဲကိုရောက်တာနဲ့ နေထိုင်ဖို့ပဲဖြစ်ဖြစ် အရင်းအမြစ်ကောင်းတွေလိုချင်ရင်ပဲဖြစ်ဖြစ်မင်းတို့လက်ထဲမှာရှိတဲ့အမှတ်တွေကိုအားကိုးရမှာပဲ။ မင်းတို့ကောင်းကောင်းမွန်မွန်နေချင်ရင်တော့ အမှတ်တွေအလုံအလောက်ဖြစ်အောင်ရှာဖွေထားရမှာပဲ"
"လေ့ကျင့်ရေးစခန်းထဲမှာ တစ်ယောက်နဲ့တစ်ယောက်ထိခိုက်အောင်လုပ်ခွင့်မရှိဘူး ဒါပေမဲ့ ပုံရိပ်ယောင်လေ့ကျင့်ရေးထဲမှာတော့တိုက်ခိုက်လို့ရတယ်။ မင်းတို့ကိုဘယ်သူမှလိုက်ပြီး လေ့ကျင့်ဖို့စည်းကမ်းလိုက်တင်းကျပ်နေမှာမဟုတ်ဘူး။ မင်းတို့စိတ်ဆန္ဒသဘောအတိုင်းလွတ်လွတ်လပ်လပ်နေလို့ရတယ်။ ဒါပေမဲ့ တစ်နှစ်ကုန်သွားတဲ့အချိန်မှာ မင်းက ၅ဆင့်မြောက်သူတော်စင်ဘုံအဆင့်ရောက်နေမှ ကြေးစားတပ်ဖွဲ့ရဲ့ တရား၀င်ဖြစ်လာနိုင်မယ်။ တကယ်လို့ ကျရှုံးခဲ့ရင်နောက်ထပ်တစ်နှစ်ထပ်ပေးမယ်။ ဒါပေမဲ့ အဲ့အချိန်ကျ ၅ဆင့်မြောက်မဟုတ်ဘဲ ၆ဆင့်မြောက်သူတော်စင်ဘုံပညာရှင်ဖြစ်နေရမယ်။ တကယ်လိုမဖြစ်လို့မဖြစ်ခဲ့ရင်တော့ ထုတ်ပယ်ခြင်းခံရမယ် သဘောပေါက်ကြလား"
မိုကာရွန်ကရှင်းပြလိုက်လေသည်။လူတိုင်းမှာ သူပြောသည်ကိုသေချာနားလည်ကြပြီး ဘာမှ ထပ်မမေးကြချေ။
"ကောင်းပြီ ဒါပေမဲ့ လေ့ကျင့်ရေးစခန်းကိုမသွားခင်မှာမင်းတို့အတွက်လုပ်စရာမစ်ရှင်တစ်ခုရှိတယ်။ အဲ့တာကမင်းတို့အတွက် အရေးကြီးတဲ့တာ၀န်တစ်ခုဖြစ်သလို ကြေးစားတပ်ဖွဲ့ရဲ့သင်တန်းသားအနေနဲ့လုပ်ကိုလုပ်ရမယ့်တာ၀န်တစ်ခုပဲ"
မိုကာရွန်၏စကားဆုံးသွားသောအခါ သတင်းအချက်အလက်တစ်ခုမှာ လူတိုင်း၏ကဒ်ပေါ်တွင်ပေါ်လာခဲ့လေသည်။
"မစ်ရှင်ကတစ်ယောက်နဲ့တစ်ယောက်မတူဘူး။ ဒါကမင်းတို့ လေ့ကျင့်ရေးစခန်းကိုမဝင်ခင်မှာထပ်စမ်းသပ်တဲ့အသေးစားမစ်ရှင်လေးတစ်ခုပဲ။ အဲ့တာအောင်မြင်မှ လေ့ကျင့်ရေးစခန်းထဲ၀င်နိုင်မယ်"
မိုကာရွန်မှာ မှာကြားပြီးနောက်ထိုနေရာမှထွက်သွားလေသည်။ လူတိုင်းမှာလည်း ကိုယ့်ယာဉ်ပျံဆီသို့အသီးသီးပြန်လာကြလေသည်။ကျိုးဟောင်လည်းယာဉ်ပျံပေါ်ရောက်သောအခါ သူ့မစ်ရှင်အားထုတ်ကြည့်လိုက်လေသည်။
"တိမ်မြူခိုးကျွန်းပေါ်မှာရှိတဲ့ ခရမ်းရောင်နွယ်မိစ္ဆာရဲ့အစေ့ ၁၀ခုကိုရိတ်သိမ်းရမယ်။ ကြေးစားတပ်ဖွဲ့ကအဖွဲ့တစ်ခုကိုစေလွှတ်မှာဖြစ်ပြီး ထိုအဖွဲ့မှာလူ၅ယောက်ပါမယ်"
ကျိုးဟောင်မှာမစ်ရှင်ကိုဖတ်ပြီးနောက် သိပ်မခက်ပါဘူးလို့တွေးလိုက်မိလေသည်။
"ကျွတ်... ခရမ်းရောင်နွယ်မိစ္ဆာအစေ့ကို လွယ်လွယ်ယူလို့ရမယ်ထင်နေတာလား။ နိုင်လော့ကြယ်အစုအဝေးမှာ ခရမ်းရောင်နွယ်မိစ္ဆာအစေ့က ရတနာတစ်ပါးပဲ။ အဲ့အရာက အပင်ပုံစံစစ်သည်တစ်မျိုးဖြစ်ပြီး သေချာပြုစုပျိုးထောင်ပေးလိုက်ရင် အရမ်းသစ္စာရှိတဲ့စစ်သည်တစ်ယောက်ဖြစ်လာလိမ့်မယ်"
"ခရမ်းရောင်နွယ်မိစ္ဆာအစေ့တစ်စေ့ကိုတောင် စကြာ၀ဠာဒေါ်လာ တစ်ဘီလီယံလောက်တန်ကြေးရှိတယ်။ အဲ့အစေ့ကို ခရမ်းရောင်နွယ်မိစ္ဆာသားရဲကစောင့်ကြပ်နေတာကြောင့် ရယူနိုင်ဖို့ကအရမ်းအားစိုက်ထုတ်ရတယ်"
ဖားကကျိုးဟောင်၏ပုခုံးပေါ်သို့ခုန်တက်လာပြီးပြောလိုက်လေသည်။ ဖား၏စကားကြောင့်ကျိုးဟောင်မှာစိတ်ဓာတ်ကျသွားရလေသည်။
"ဒါပေမဲ့ အရမ်းစိတ်မပူပါနဲ့ မင်းမှာအာကာသသားရဲနဲ့အစွမ်းရှိတာပဲ။ အဲ့တာနဲ့ဆို ရင်ဆိုင်ဖို့လုံလောက်ပါတယ်"
ကျိုးဟောင်စိတ်ညစ်သွားပုံရသောကြောင့်ဖားကနှစ်သိမ့်လိုက်လေသည်။ အဲ့အချိန်ကျမှကျိုးဟောင်လည်းသက်ပြင်းချလိုက်မိလေသည်။သိပ်မကြာခင်မှာပင် ကျိယောင်ယွဲ့နှင့်လင်းထျန်တို့ပြန်ရောက်လာခဲ့ကြလေသည်။
"မင်းတို့ရော ဘာမစ်ရှင်တွေရလဲ"
ကျိုးဟောင်မှာသိချင်စိတ်ဖြင့်မေးလိုက်လေသည်။
"ငါ့ဟာက အရေးကြီးတဲ့ပစ္စည်းတစ်ခုကိုလိုက်ပါစောင့်ကြပ်ပေးရမယ်။ ကြေးစားတပ်ဖွဲ့၀င်ဟောင်း ၃ယောက်ကဦးဆောင်ပေးပြီး ယာယီကြေးစားအဖွဲ့၀င်၁၀ယောက်ပါမယ်"
လင်းထျန်ကပြန်ဖြေလေသည်။
"ငါကတော့ ငါကတော့အင်းစက်ပိုးကောင်စစ်တပ်ကိုနှိမ်နှင်းရမှာဖြစ်ပြီး ကြေးစားတပ်ဖွဲ့၀င်ဟောင်း ၁၀ယောက်က ယာယီအဖွဲ့၀င်အယောက်၁၀၀ကိုဦးဆောင်ပေးလိမ့်မယ်"
ကျိယောင်ယွဲ့ကလည်းပြန်ဖြေလာခဲ့လေသည်။ သူတို့နှစ်ယောက်ထက်စာရင်သူ၏မစ်ရှင်မှာပို၍လွယ်ကူသည်လို့ကျိုးဟောင်တွေးမိလေသည်။
"ဒါဆို ဘယ်တော့ထွက်ခွာရမှာလဲ"
ကျိုးဟောင်ကမေးလိုက်လေသည်။ သူ့အမှတ်ကဒ်တွင်တော့ နက်ဖြန်လူစုရန်ညွှန်ကြားထားလေသည်။
"ငါက ခဏလောက်နေရင်သွားရတော့မှာ"
လင်းထျန်ကသက်ပြင်းချပြီးပြောလာလေသည်။
"ငါကတော့နောက်၃ရက်လောက်နေမှသွားရမယ်။ အခုရှေ့တန်းမှာတိုက်ပွဲပြီးကာစဆိုတော့ ရှင်းလင်းရေးတွေလုပ်ရမယ် ပြီးမှ ကျန်တဲ့ပိုးမွှားစစ်တပ်ကိုငါတို့ကရှင်းလင်းရမယ်"
ကျိယောင်ယွဲ့ကပြောလိုက်သည်။
"ကဲ ဒါဆိုလည်းသွားကြတာပေါ့ ပြီးရင်ငါတို့အားလုံးလေ့ကျင့်ရေးစခန်းမှာပြန်ဆုံကြမယ်လေ ဘယ်လိုလဲ"
ကျိုးဟောင်ကခေါင်းညိတ်ပြပြီးပြန်ပြောလိုက်လေသည်။
"ကောင်းပြီလေ"
လင်းထျန်ကပြောပြီးနောက်သူ့ပစ္စည်းများကိုထုတ်ပိုးပြီးထွက်သွားခဲ့လေသည်။ ကျိယောင်ယွဲ့နှင့်ကျိုးဟောင်ကတော့ ဂြိုဟ်ပေါ်တွင်ခဏလောက်လျှောက်ကြည့်နေခဲ့ပြီး အချိန်ကျမှထွက်သွားကြလေသည်။
ကျိုးဟောင်တို့၏မစ်ရှင်ကိုဦးဆောင်မည့်သူမှာ ကြေးစားတပ်ဖွဲ့၀င်ဟောင်းတစ်ယောက်ဖြစ်ပြီး သူ့ကျင့်ကြံရေးစွမ်းအားမှာ ထူးခြားပေသည်။ ကျိုးဟောင်ရောက်ပြီး သိပ်မကြာတွင် အတူသွားရမည့်အဖွဲ့၀င်များရောက်လာကြလေသည်။ ထို့နောက် သူတို့၅ယောက်မှာ ရဲဘော်ရဲဘက်များအနေဖြင့် အချင်းချင်းမိတိဆက်ကြလေသည်။
"ငါကတော့ ဟွမ်လင်းဂြိုဟ်က မို့လင်ပါ"
" မုမုလင်ပါ ရှောင်ထျန်ရှင်း ဂြိုဟ်ကပါ"
"ကျိုးယွဲ့ဖြစ်ပြီး ယွဲ့ယမ် ဂြိုဟ်ကပါ"
"ပေရှင်းချန်ပါ ချန်းထောင်ဂြိုဟ်ပေါ်မှာကြီးပြင်းလာခဲ့တာပါ"
သူတို့၄ယောက်မှာ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုအချင်းချင်းမိတ်ဆက်လိုက်ကြလေသည်။
" ကျုပ်ကိုတော့ မင်းတို့ ကျိုးဟောင်လို့ပဲခေါ်လို့ရပါတယ်"
ကျိုးဟောင်က ချောင်းဟန့်ရင်းပြောလိုက်လေသည်။ ကျိုးဟောင်မှာ သူသရုပ်မှန်ကိုဖော်ပြလိုစိတ်မရှိပေ။ဒါ့အပြင်ကမ္ဘာဂြိုဟ်ကလာကြောင်းကိုလည်း မသိစေလိုပေ။
သို့သော် သူတို့၄ယောက်မှာထိုသို့မဖော်ပြသည့်အပေါ်ဘာတုံ့ပြန်မှုမှမပြုကြပေ။ ကျိုးဟောင်ပြောပြရင်တောင်မှာ ဂလက်စီများမှာများပြားလွန်းသောကြောင့်သူတို့သိနိုင်မည်မဟုတ်ပေ။
"အတူပူးပေါင်းလုပ်ပြီး ဒီမစ်ရှင်ကိုအောင်မြင်စွာကျော်ဖြတ်ကြတာပေါ့"
အရင်ဆုံးပြောလာသူမှာ ကျိုးယွဲ့ဖြစ်လေသည်။ သူမသည်တက်ကြွသည့်ပုံစံရှိပြီး လှလည်းလှပေသည်။ သူမသည် လူမဟုတ်ဘဲ ရှည်လျားသောအမြှီးတစ်ခုပါရှိကာ အသားရောင်မှာလည်း ခရမ်းဖျော့ရောင်ဖြစ်ပေသည်။သို့သော်သူမသည် လှပကြောင်းကိုတော့ မြင်ရသူတိုင်းခံစားမိလေသည်။
"ကြည့်ရတာတစ်ယောက်နဲ့တစ်ယောက်ရင်းနှီးသွားပုံပဲ။ မဆိုးပါဘူး ကြေးစားတွေကြားမှာ ကိုယ့်လုပ်ဖော်ကိုင်ဖက်အပေါ်ယုံကြည်မှုကအရေးကြီးတယ်။ စည်းလုံးမှုရှိရင် မစ်ရှင်တိုင်းကိုအောင်မြင်အောင်လုပ်ဆောင်နိုင်လိမ့်မယ်"
ထိုအချိန်တွင် တစ်ကိုယ်လုံးချပ်၀တ်အပြည့်၀တ်ဆင်ထားပြီး မျှော်စင်တစ်ခုအလား မြင့်မားသန်မာသည့်လူတစ်ယောက်ထွက်လာခဲ့လေသည်။
ချပ်၀တ်ကြောင့် သူ့ပုံပန်းသဏ္ဌာန်ကိုသေချာမမြင်ရသော်လည်း ချပ်၀တ်ပေါ် ကြယ်သုံးပွင့်ကိုကြည့်ခြင်းအားဖြင့် သူ့ကျင့်ကြံဆင့်မှာ သာမန်မဟုတ်ကြောင်းသိနိုင်လေသည်။ဒါ့အပြင်ထိုလူမှာ တာအိုဘုံအဆင့်ပညာရှင်ဖြစ်ကြောင်းကျိုးဟောင်ခံစားမိလေသည်။
"စီနီယာ အရာရှိ......"
ကျန်လေးယောက်မှာ တစ်ညီတညွတ်ထဲအရိုအသေပေးလိုက်လေသည်။
"မင်းတို့ငါ့ကို ခေါင်းဆောင်လောင် လို့ပဲခေါ်လို့ရတယ်။ ငါကဒီတစ်ခေါက်မစ်ရှင်မှာ မင်းတို့ကိုဦးဆောင်မယ့်သူပဲ။ ငါတို့မစ်ရှင်ကအရမ်းမခက်ပါဘူး ခရမ်းရောင်နွယ်မိစ္ဆာရဲ့အစေ့ကိုယူရုံပဲ ဒါပေမဲ့ အဲ့အစေ့ကိုမိစ္ဆာသားရဲတွေကစောင့်ကြပ်နေကြတယ်။ ဒါကြောင့် လွယ်လွယ်ကူကူနဲ့တော့ယူနိုင်မှာမဟုတ်ဘူး။ ကျွန်းကိုရောက်တဲ့အခါကျရင် မင်းတို့အားလုံးငါပြောစကားကိုတသွေမတိမ်းနားထောင်ပြီး လုပ်ကြရမယ်။ မဟုတ်ရင် အန္တရာယ်နဲ့ရင်ဆိုင်ရပြီး ငါတောင်မှ မကယ်နိုင်တဲ့အခြေအနေတွေဖြစ်သွားလိမ့်မယ်"
ခေါင်းဆောင်လောင်၏ပုံမှာ ခက်ထန်ပုံရသော်လည်း စိတ်ရှည်လက်ရှည်ဖြင့်ရှင်းပြပေးနေလေသည်။ ပြောကြားပြီးနောက် သူသည် အဖွဲ့သားအားလုံးအားသူ့ယာဉ်ပျံဆီသို့ခေါ်သွားပြီး တိမ်မြူခိုးကျွန်းသို့စတင်ထွက်ခွာလေသည်။
ထိုကျွန်းသည် ချန်းထောင်ဂြိုဟ်ပေါ်တွင်တည်ရှိသည့်ကျွန်းငယ်လေးတစ်ခုပြီး အမြဲမြူခိုးများနှင့်တိမ်များအုံ့ဆိုင်းနေသောကြောင့် တိမ်မြူခိုးကျွန်းဟုခေါ်ကြခြင်းဖြစ်လေသည်။ ကျိုးဟောင်မှာ တိမ်မြူခိုးကျွန်းကိုမြင်လိုက်သောအခါမှင်တက်သွားခဲ့လေသည်။ တစ်ကျွန်းလုံးမှာ မဲနက်နေပြီး ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသောအပင်များဖြင့်ပြည့်နှက်နေလေသည်။
....................................................................................
အခန်း (၈၃၀) ပြီးပါပြီ။

အခန်း (၈၃၁) : ရုန်းရင်းဆန်ခတ်
ခေါင်းဆောင်လောင်မှာ သူ့လေယာဉ်အားလေထဲတွင်ရပ်ထားလိုက်ပြီး အောက်သို့ညွှန်ပြကာပြောလိုက်လေသည်။
"ဒါက တိမ်မြူခိုးကျွန်းဆွယ်ပဲ အခုမင်းတို့မြင်နေရတဲ့အပင်တွေက ဒီကျွန်းရဲ့ထုတ်ကုန်တွေပဲ။ အခုတော့အဲ့အပင်တွေအကုန်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြတယ်။ ဒါပေမဲ့ ငါတို့ဆူဆူညံညံလုပ်ရင်တော့ သူတို့ပြန်လှုပ်ရှားလာကြလိမ့်မယ်။ အဲ့တာကြောင့်မို့ ငါတို့အောက်ကိုရောက်တဲ့အခါကျရင် သေချာဂရုတစိုက်နဲ့လှုပ်ရှားကြရမယ်။ အဲ့အပင်တွေက အဖျက်စွမ်းအားအရမ်းမကြီးပေမဲ့ အန္တရာယ်တော့ပေးနိုင်စွမ်းရှိတယ်"
ခေါင်းဆောင်ကရှင်းပြပြီးနောက်သူတို့အကုန်လုံးအားကျွန်းဆီသို့ခေါ်သွားခဲ့လေသည်။
"ခရမ်းရောင်နွယ်မိစ္ဆာရဲ့အစေ့ကဒီကျွန်းရဲ့အလည်မှာရှိတယ်။ အဲ့နေရာမှာ အစေ့တွေအများကြီးနဲ့နွယ်ပင်ကြီးတစ်ပင်ကိုမင်းတို့တွေ့ရလိမ့်မယ်။ မင်းတို့လုပ်ရမှာက အဲ့အပင်ဆီကိုသွားပြီး အစေ့တွေယူပြီးပြန်လာဖို့ပဲ ငါမင်းတို့ကိုဒီကစောင့်နေမယ်။ ဂရုတစိုက်နဲ့ အလောတကြီးမလုပ်ဖို့မှတ်ထားရမယ်"
"တကယ်လို့ လုပ်မိခဲ့ရင်လည်း ဖြေရှင်းဖို့နည်းလမ်းကိုမင်းတို့ကြိုစဉ်းစားထားရမယ်။ ငါကမင်းတို့သေရေးရှင်ရေးအခြေအနေဖြစ်မှလာကူညီမှာ တကယ်လို့ငါလာကူညီလာရင်လည်း မင်းတို့ဒီမစ်ရှင်ကိုကျရှုံးတယ်လို့သတ်မှတ်ခံရမယ်။အဲ့အချိန်ကျ မင်းတို့အမှတ်တစ်မှတ်မှမရတဲ့အပြင် ရထားတဲ့အမှတ်တွေထဲကပါ အမှတ်၁သောင်းအနှုတ်ခံရမယ်"
ခေါင်းဆောင်လောင်က တည့်တိုးပြောကြားလိုက်လေသည်။
သူ့စကားကိုကြားသောအခါ အဖွဲ့ထဲမှလူအချို့မှာ စိတ်ဓာတ်ကျသွားကြလေသည်။ သူတို့သည်ခေါင်းဆောင်ကအတူလိုက်ပါပြီး အဆုံးထိအတူရှိပေးမည်လို့ထင်ထားခဲ့ကြလေသည်။
သို့သော် ခေါင်းဆောင်မှာ နောက်တွေနေခဲ့မည်ဖြစ်ပြီး အရေးကြီးမှ ၀င်ပါမည်ဖြစ်လေသည်။ ကိစ္စအားလုံးကိုသူတို့လက်သူတို့ခြေဖြင့်ကြိုးစားလုပ်ကိုင်ရမည်ဖြစ်လေသည်။
ကျိုးဟောင်နှင့်အခြားသူများမှာခေါင်းညိတ်ပြပြီး တောထဲသို့စတင်၀င်ရောက်ခဲ့လေသည်။ အပင်များမှာ မဲနက်ကာခြောက်ကပ်နေပြီး မျှော်စင်ကြီးများအလား မြင့်မားကြလေသည်။ ဒါ့အပြင်၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းမှာလည်းသာမန်မဟုတ်သောကြောင့် ဘာအသံမှမထွက်အောင်ဂရုတစိုက်ပြုမူနေရလေသည်။
"ဂရုတစိုက်နဲ့သွားကြတာပေါ့ သူတို့ကိုမနိုးသွားစေနဲ့ဦး"
သူတို့အားလုံးမှာ သေချာဆွေးနွေးပြီးနောက် ဖြေးဖြေးချင်း၀င်သွားခဲ့ကြလေသည်။ သိပ်မကြာမီတွင် အသီးများစွာသီးနေသည့်ထူးဆန်းသည့်အပင်ကြီးတစ်ပင်အားတွေ့လိုက်ကြလေသည်။
"အဲ့တာတွေက ခရမ်းရောင်နွယ်မိစ္ဆာရဲ့အစေ့တွေပဲ။ အဲ့အစေ့တွေက သက်ရှိတစ်မျိုးပဲ။ သူတို့ကို အပင်ကနေဆွဲနှုတ်လိုက်ရင်တောင်မှ ဆက်ရှင်သန်နိုင်တယ်။ ငါတို့ရဲ့ယွမ်ချီစွမ်းအားတွေသုံးပြီးချိတ်ဆက်တဲ့နည်းနဲ့ပဲ သူတို့ကိုဆက်သွယ်နိုင်မယ်"
မို့လင်က ဒီကိစ္စအပေါ်အကျွမ်းတ၀င်ရှိပုံပေါ်ပြီး အားလုံးကိုနည်းလမ်းများပြောပြပေးလေသည်။
"တကယ်လို့ငါဒီအစေ့တွေကို ကမ္ဘာဂြိုဟ်ပေါ်သယ်သွားပြီးလေ့ကျင့်ပေးလိုက်ရင် ငါ့အိမ်အတွက်အစောင့်အရှောက်လုပ်ခိုင်းလို့ရတယ်"
ကျိုးဟောင်မှာတွေးလိုက်မိလေသည်။
ထို့နောက်သူတို့အားလုံးမှာ ဖြေးဖြေးချင်းချဉ်းကပ်သွားကြလေသည်။ ထိုအချိန်မှာ မုမုလင်ကြောက်လန့်တကြားဖြင့်တခုခုကိုညွှန်ပြလေသည်။ သူမသည်ပါးစပ်ကိုအလျင်အမြန်အုပ်ကာအသံမထွက်မိအောင်ကြိုးစားရင်းညွှန်ပြနေလေသည်။
သူမ၏အကြည့်များနောက်သို့ကြည့်မိလိုက်သောအခါ အပင်ကြီးပေါ်တွင် ခရမ်းရောင်စပါးအုံးမြွေနှင့်တူသောသတ္တဝါကြီးတစ်ကောင်ကိုတွေ့လိုက်ရလေသည်။
သို့သော်ထိုအရာကြီးမှာသာမန်စပါးအုံးမြွေနှင့်မတူဘဲ ခြေလေးချောင်းပါရှိပြီး ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ဒါ့အပြင် ၎င်း၏အငွေ့အသက်မှာ အထွတ်အထိပ်သူတော်စင်ဘုံတစ်ယောက်ကဲ့သို့ဖြစ်နေလေသည်။
စကြာ၀ဠာထဲတွင်ခရမ်းရောင်နွယ်မိစ္ဆာ၏အစေ့ရှားပါးရသည့်အကြောင်းမှာ ၎င်းသည် တစ်နှစ်တွင်အစေ့တစ်ရာသာသီးနိုင်လေသည်။ ဒါ့အပြင် တာအိုဘုံအဆင့်ပညာရှင်ဆိုပါက ထိုအစေ့ကိုအလွယ်တကူရယူနိုင်သော်လည်း ကြေးစားစစ်တပ်၏ သင်တန်းသားများကိုသာ မစ်ရှင်တစ်ခုအဖြစ်ပေးပြီးသွားယူခိုင်းကြခြင်းကြောင့်ဖြစ်လေသည်။
"အဲ့သားရဲကြီးသတိမထားမိစေဘဲ အစေ့တွေကိုဂရုတစိုက်နဲ့ ငါတို့ယူကြမယ်လေ"
ပေရှင်းချန်ကပြောလာလေသည်။ သူဘာကိုဆိုလိုချင်မှန်းအားလုံးသဘောပေါက်ကြလေသည်။ ဒီသားရဲကြီးမှာအထွတ်အထိပ်သူတော်စင်ဘုံအဆင့်ရှိပြီး ၎င်းသာ နိုးသွားပါက သူတို့ ၅ယောက်အနေဖြင့်ကိုင်တွယ်ဖြေရှင်းဖို့လွယ်ကူမဟုတ်ပေ။ ဒါ့အပြင် ရုန်းရင်းဆန်ခတ်အခြေအနေကြောင့် အခြားအပင်များမှာလည်းနိုးသွားနိုင်လေသည်။ထိုသို့ဖြစ်လာပါကသူတို့လုံး၀ဖြေရှင်းနိုင်ကြတော့မည်မဟုတ်ပေ။
" ငါတို့ဖြေးဖြေးချင်းကပ်သွားပြီး တစ်ယောက်ကိုဆယ်စေ့လောက်ခူးကြရင်ကောဘယ်လိုလဲ။ အဲ့လိုဆိုရင်ငါတို့ပြန်ခွဲဝေဖို့အဆင်ပြေနိုင်လောက်တယ်"
မို့လင်ကပြောလိုက်လေသည်။
အားလုံးမှာခေါင်းညိတ်လိုက်ကြပြီး လေထဲသို့ပျံတက်ကာအပင်ကြီးဆီသို့ချည်းကပ်လာကြလေသည်။ သူတို့တဖြေးဖြေးနီးလာလေလေ သားရဲကြီးကြောင့် ပိုပြီးစိတ်လှုပ်ရှားလေလေဖြစ်နေကြလေသည်။
ထိုသားရဲကြီးမှာ အိပ်ပျော်နေသော်လည်း ၎င်း၏ အငွေ့အသက်ကသူတို့အား မသက်မသာခံစားနေရစေလေသည်။
ကျိုးဟောင်မှာသူ၏ရှေးဟောင်းခန္ဓာသိုင်းကိုသုံးကာလေထဲပျံတက်လိုက်ပြီး အသီးများအား ဆတ်ခနဲခူးကာသူ့အိတ်ထဲသို့ထည့်လိုက်လေသည်။ ဖြေးဖြေးချင်းတခုချင်းခူးယူနေရင်း ကျိုးဟောင်ဆီတွင် ၇ခုလောက်ရှိလာသည်။ အခြားသူများသည်လည်းထိုပမာဏလောက်ခူးယူခဲ့ပြီးကြလေသည်။
သို့သော် သူတို့မှာ ထိုပမာဏလောက်ခူးယူပြီးနောက် အခက်အခဲတစ်ခုနှင့်ရင်ဆိုင်လာရလေသည်။ သားရဲကြီးမှာ အပင်အားရစ်ပတ်ပြီးနေနေသောကြောင့် သူ့အနားတွင်အသီးများစွာရှိနေလေသည်။ ကျိုးဟောင်တို့အနေဖြင့်အသီးများခူးလိုပါက သားရဲကြီးနှင့်အနီးဆုံးနေရာအထိကပ်သွားရမည်ဖြစ်လေသည်။
"ငါတို့အတော်အသင့်တော့ခူးပြီးသွားပြီ ဒီသားရဲကြီးရဲ့ခန္ဓာကိုယ်အနားကဟာတွေကိုခူးရင်တော့သေချာအထူးဂရုစိုက်ကြရမယ်။ ငါတို့ခူးပြီးတာနဲ့အမြန်ထွက်သွားကြမယ်"
မုမုလင်ကအသံတိုးတိုးလေးဖြင့်ပြောလာလေသည်။
"မဖြစ်ဘူးခူးယူဖို့အတွက်ငါတို့ကလူများလွန်းတယ်။ တစ်ယောက်ယောက်ကိုပဲ လွှတ်ပြီး ခူးယူခိုင်းရင်ကော ပြီးမှပြန်ခွဲဝေကြမယ်လေ"
မို့လင်ကခေါင်းခါရင်းပြန်ပြောလေသည်။
ငါးယောက်လှုပ်ရှားတာထက်စာရင် တစ်ယောက်ထဲလှုပ်ရှားခြင်းက ပိုကောင်းလေသည်။ထိုအချက်ကိုကျိုးဟောင်လည်းထောက်ခံလေသည်။သို့သော်ဘယ်သူသွားမလဲဆိုသည်ကိုတော့ရွေးချယ်ရခက်နေလေသည်။
"ငါတို့၅ယောက်အဖွဲ့မှာ ယောင်္ကျားလေး၃ယောက်နဲ့ မိန်းကလေး၂ယောက်ပါတယ်။ ဒီကိစ္စကိုငါတို့ ယောင်္ကျားလေး၃ယောက်ပဲတာ၀န်ယူရအောင်"
ပေရှင်းချန်မှာတကယ့်ကိုလူကြီးလူကောင်းပီသပေသည်။ ကျိုးဟောင်လည်းဒီစကားကိုကန့်ကွက်စရာမရှိပေ။
"ဒါကအရမ်းအရေးကြီးတဲ့တာ၀န်ပဲ။ သားရဲကြီးအနားကိုကပ်သွားရရင်တော့ ဘယ်သူမဆိုစိတ်လှုပ်ရှားမိမှာပဲ။ ကျွန်မခုနကကျိုးဟောင်ကိုကြည့်နေတာ ဖိအားဒဏ်အောက်မှာအေးဆေးအလုပ်လုပ်နိုင်တာကိုတွေ့ရတယ်။ မင်းခန္ဓာကိုယ်ကလည်းအတော်သန်မာမယ့်ပုံပဲ။ မင်းဒီကိစ္စကိုလုပ်ပေးနိုင်မလား"
မို့လင်ကကျိုးဟောင်ကိုကြည့်ပြီးပြောလာလေသည်။
"ကျွန်မတို့ရှင့်ကိုအလကားမလုပ်ခိုင်းပါဘူး ဒီကိစ္စပြီးသွားရင် ကျွန်မတို့အားလုံးရှင့်ကိုအမှတ် ၁ထောင်စီပေးမယ်လေ ဘယ်လိုလဲ"
မို့လင်ကပြောလိုက်လေသည်။ အားလုံးကလည်းခေါင်းညိတ်သဘောတူကြလေသည်။
"ကောင်းပြီလေ"
ကျိုးဟောင်ကလည်း သဘောတူလိုက်လေသည်။ ထို့နောက်ကျိုးဟောင်မှာလေထဲသို့ပျံဝဲလိုက်ပြီး သားရဲကြီး၏အနားသို့ကပ်သွားလေသည်။ သူ့ရှေးဟောင်းခန္ဓာသိုင်း ကိုအဆုံးအစွန်ထိမြှင့်တင်လိုက်ခြင်းကြောင့် သားရဲကြီး၏ အငွေ့အသက်ဖိအားဒဏ်ကိုလည်းခံနိုင်သွားလေသည်။
"အထွတ်အထိပ်သူတော်စင်ဘုံအဆင့်ကဒီလောက်တောင်စွမ်းအားကြီးတာလား တကယ်အံ့ဖွယ်ပဲ"
ကျိုးဟောင်မှာစိတ်ထဲမှတွေးလိုက်မိလေသည်။
ထို့နောက်သူဂရုတစိုက်ဖြင့်သားရဲကြီးအနားသို့ချည်းကပ်ကာအသီးများကိုစတင်ခူးယူလေသည်။ မကြာမီပင်ကျိုးဟောင်မှာ ၁၀လုံးကျော်လောက်ခူးယူနိုင်ခဲ့ပြီး သားရဲကြီး၏ခေါင်းအနားတွင်ရှိသော အသီး၂လုံးသာ ကျန်ရစ်တော့လေသည်။
ကျိုးဟောင်လည်းအသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးသားရဲကြီး၏ခေါင်းအနားဆီသို့ချည်းကပ်သွားလိုက်လေသည်။ သူခူးယူဖို့ပြင်လိုက်စဉ်မှာပင် သူ့အမူအရာမှာလုံး၀ပျက်ယွင်းသွားခဲ့လေသည်။ သားရဲကြီးမှာ မျက်လုံးများဖွင့်ကာနှိုးနေခဲ့ပြီး လကဲ့သို့ကြီးမားမျက်လုံးကြီးများဖြင့်ကျိုးဟောင်အားစိုက်ကြည့်နေခဲ့လေသည်။
....................................................................................
အခန်း (၈၃၁) ပြီးပါပြီ။
---