သူတော်စင်ဘုံအဆင့်တစ်ဝက်သားရဲတစ်ကောင် ထပ်မံပေါ်ပေါက်လာခြင်း
Vol. 46 Ch. 683
ကမ္ဘာဂြိုဟ်ကို ကင်းလှည့်စစ်ဆေးခြင်းသည် အမှန်တကယ်ပင် အလွန်အရေးကြီးသည်။ ကျိုးဟောင်နှင့် အခြားသူများအတွက် ဤသည်မှာ ပြီးမြောက်အောင် လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။ သူတို့သည် ကမ္ဘာဂြိုဟ်ပေါ်ရှိ လူသားများ၏ နေထိုင်ရာနယ်မြေများကို လုံးဝ ပြန်လည်စုစည်းရမည် ဖြစ်သည်။
မကြာမီတွင်ပင် ၎င်းတို့သည် စစ်ဆင်ရေးများအား စတင်ခဲ့သည်။ ကျိယောင်ယွဲ့သည် ကျိုးဟောင်နှင့် အခြားသူများကို စစ်နတ်ဘုရားတပ်ရင်းသို့ ပြန်ခေါ်လာပြီး အမိန့်ပေးခဲ့သည်။
ကျိုးဟောင်သည် ၁၂ဆင့်မြောက်ကောင်းကင်ဘုံ ကျွမ်းကျင်သူအနည်းငယ်နှင့်အတူ ပထမမြောက်အက်ကွဲကြောင်းသို့ သွားခဲ့သည်။ ဤနေရာသည် အက်ကွဲကြောင်းဖြစ်သော်လည်း မူလကျောက်တောတည်ရှိရာ နေရာလည်း ဖြစ်သည်။
ပထမဆုံး အက်ကွဲကြောင်းသည် ၁၃ခုမြောက်အက်ကွဲကြောင်းမှလွဲ အခြားအက်ကွဲကြောင်းများထက်အန္တရာယ်အရှိဆုံးနေရာ ဖြစ်သည်။ ကျိုးဟောင်နှင့် အခြားသူများ ရောက်ရှိသောအခါ ထိုနေရာတွင် တပ်စွဲထားသော တပ်ဖွဲ့များကို တွေ့လိုက်ရသည်။
“ပထမမြောက်အက်ကွဲကြောင်းကို စောင့်ကြပ်နေတဲ့သူက ကောင်းကင်ဘုံဘုရင် ကျန်းပဲ သူရဲ့ကျင့်ကြံဆင့်မှာ ၁၁ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ကိုရောက်နေပြီ သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားက အထွတ်အထိပ်ကို မရောက်သေးပေမဲ့ ကောင်းကင်ဘုံဘုရင်ကျန်းရဲ့စွမ်းအားကသာမန်ထက်ထူးခြားတယ်”
စကားပြောလိုက်သူမှာ စစ်နတ်ဘုရားတပ်ရင်း၏အဆင်မြင့်လေ့ကျင့်ရေးစခန်းမှ အထွတ်အထိပ်ကောင်းကင်ဘုံအဆင့်ပညာရှင်လော့သာ့ယိုး ဖြစ်သည်။ ဤပုဂ္ဂိုလ်သည် သူတော်စင်ဘုံအဆင့်တစ်ဝက်သို့ရောက်န် အလွန်နီးစပ်နေပြီး အလွန်ထူးခြားသူ ဖြစ်သည်။
“မင်္ဂလာပါ ကောင်းကင်ဘုံဘုရင်ကျန်း”
ကျိုးဟောင်က ယဉ်ကျေးစွာ ပြုံးပြီး ပြောလိုက်သည်။
ကောင်းကင်ဘုံဘုရင်ကျန်းလည်း ခေါင်းညိတ်လိုက်သည်။
“မစ္စတာ ကျိုး ခင်ဗျားရဲ့ ဒဏ္ဍာရီတွေကို ကျွန်တော်တို့ အများကြီး ကြားထားပါတယ် ဒီနေ့ ခင်ဗျားကို တွေ့လိုက်ရတော့ ခင်ဗျားက တကယ်ပဲ ထူးခြားသူတဲ့သူဆိုတာကြည့်တာနဲ့သိသာပါတယ် ”
ကောင်းကင်ဘုံဘုရင်ကျန်းသည် ကျိုးဟောင်ကို မြင်သောအခါ ချက်ချင်းပင် ပြုံးလိုက်သည်။
“ကောင်းကင်ဘုံဘုရင်ကျန်းအရမ်းမြှောက်ပင့်လွန်းနေပါပြီ ဒီတစ်ခါ ပထမမြောက်အက်ကွဲကြောင်းကို လာရတာက စုံစမ်းဖို့အတွက်ပါ ဘာဖြစ်လို့လဲဆိုတော့ ပထမမြောက်အက်ကွဲကြောင်းရဲ့ ပထဝီဝင်အနေအထားက အရမ်းထူးခြားတယ် ပင်လယ်၊ ကုန်းမြေနဲ့ သဲကန္တာရရဲ့ အလယ်ဗဟိုနဲ့ ချိတ်ဆက်ထားတယ် အဲဒီတုန်းက ပထမမြောက်အက်ကွဲကြောင်းမှာ ဖြစ်ပွားခဲ့တဲ့ရုန်းရင်းဆန်ခတ်မှုကလည်း အပြင်းထန်ဆုံးပဲ ဒီနေရာကသံလိုက် စက်ကွင်းလည်း အတူတူပဲ"
ကျိုးဟောင်၏ သတင်းအချက်အလက်များသည် စစ်နတ်ဘုရားတပ်ရင်းမှ ရရှိလာခြင်းမှာ သေချာပေသည်။ နောက်ဆုံးရုန်းရင်းဆန်ခတ်မှုဖြစ်ပွားပြီး သုံးရက်သာ ကြာသေးသော်လည်း စစ်နတ်ဘုရားတပ်ရင်းသည် အချက်အလက်များစွာကို တွက်ချက်ထားပြီးပြီဖြစ်သည်။
“ဒါက တကယ်ပဲ ပြီးခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတုန်းက ကျွန်တော်တို့ရှေ့မှာရှိတဲ့ ရှေးဟောင်းသစ်တောနဲ့ ပင်လယ်နက်ထဲမှာ ထူးဆန်းတဲ့အငွေ့အသက်တွေ အများအပြားကို ခံစားမိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က စစ်နတ်ဘုရားတပ်ရင်းကို အစီရင်ခံခဲ့ပါတယ်”
ကောင်းကင်ဘုံဘုရင်ကျန်းက အလျင်အမြန် ပြောလိုက်ရာ ကျိုးဟောင်လည်း နားလည်သွားခဲ့သည်။
ကျိုးဟောင်နှင့် လော့သာ့ယိုးတို့သည် လျင်မြန်စွာပင် စုံစမ်းစစ်ဆေးမှုများအားစတင်လိုက်သည်။ လော့သာ့ယိုး၏ ကျင့်ကြံမှုအဆင့်သည် ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်တွင် ရှိသော်လည်း ကျိုးဟောင်၏ တိုက်ခိုက်ရေးစွမ်းအားသည်သူတော်စင်ဘုံအဆင့်တစ်ဝက်နှင့်ညီမျှကြောင်းကို သိပေသည်။ ကမ္ဘာဂြိုဟ်ပေါ်တွင် ကျိုးဟောင်သည် အခြေခံအားဖြင့် ထိပ်တန်းအဆင့်ပညာရှင်ဖြစ်သည်။
ထို့ကြောင့် သူတို့သည် ကျိုးဟောင်ကို အလွန်လေးစားကြသည်။ သူတို့နှစ်ယောက်သည် အချိန်အတော်ကြာ စုံစမ်းခဲ့ကြသော်လည်း ဘာတစ်ခုမှ ရှာမတွေ့ခဲ့ပေ။
ကျိုးဟောင်နှင့် လော့သာ့ယိုးတို့သည် ထိုနေရာတွင်စခန်းချလိုက်သည်။
“ကျွန်တော်တို့ မူလကျောက်တောကို စစ်ဆေးပြီးပြီ ဒါပေမဲ့ ပင်လယ်နက်ပိုင်းကိုတော့ မစစ်ဆေးရသေးဘူး မစ္စတာ ကျိုး မနက်ဖြန် ပင်လယ်နက်ပိုင်းကို အတူတူသွားပြီး စုံစမ်းကြတာပေါ့!”
လော့သာ့ယိုးက စိုးရိမ်စွာ ပြောလိုက်သည်။
ကျိုးဟောင်မှာ ခေါင်းညိတ်ပြလိုက်သည်။ နောက်တစ်နေ့တွင် သူတို့နှစ်ယောက်သည် ပင်လယ်နက်ထဲသို့ တိုက်ရိုက်ဝင်ရောက်ခဲ့သည်။ ပင်လယ်နက်ထဲတွင် ကျန်ရှိနေသေးသော သံလိုက်စက်ကွင်းကို ခံစားမိသောအခါ သူတို့သည်အံ့အားသင့်နေကြဆဲပင်ဖြစ်သည်။
သို့သော် အံ့အားသင့်နေသော်ငြား ဤသည်မှာ အာကာသသားရဲ၏ သံလိုက်စက်ကွင်း ဖြစ်ကြောင်းကို ကျိုးဟောင် သိပေသည်။
ကျိုးဟောင်မှာ အသက်ပြင်းပြင်း ရှူလိုက်ပြီး အနည်းငယ် စိုးရိမ်လာခဲ့သည်။
သူတို့နှစ်ယောက်သည် စုံစမ်းစစ်ဆေးခဲ့သော်လည်း ဘာတစ်ခုမှ ရှာမတွေ့ခဲ့ပေ။
သူတို့နှစ်ယောက်သည် ပင်လယ်မှ ကုန်းမြေသို့ ပြန်လာတော့မည့်အချိန်တွင် မူလကျောက်တောမှ ပြင်းထန်သော အော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ကျိုးဟောင်နှင့် လော့သာ့ယိုးတို့သည် ချက်ချင်း ထိတ်လန့်သွားခဲ့သည်။ ထို့နောက်စကားတစ်ခွန်းမှ မပြောဘဲ မူလကျောက်တောသို့ချက်ချင်းရောက်ရှိသွားကာ ရှေ့မှမြင်ကွင်းအားကြည့်ကာထိတ်လန့်သွားခဲ့ကြသည်။
ကြီးမားသော အော်သံနှင့်အတူ သူတော်စင်ဘုံအဆင့်တစ်ဝက်ရှိသော သားရဲတစ်ကောင် သည် ကြီးမားသော သစ်တောထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
“ဒါ... ဒါ...”
လော့သာ့ယိုး၏ မျက်လုံးများမှာကျဉ်းမြောင်းသွားခဲ့သည်။
သူတော်စင်ဘုံအဆင့်တစ်ဝက်ရှိသော သားရဲတစ်ကောင်၏ရုတ်တရက် ပေါ်လာမှုသည် ပညာရှင်များစွာကြားတွင် ဆူပူလှုပ်ရှားမှုကို ဖြစ်စေသည်။ ပထမဆုံးမြောက်အက်ကွဲကြောင်းမှ ပညာရှင်များအားလုံးသည် စတင်ကာစစ်စည်းရုံးလာကြသည်။စင်စစ်တွင် ကမ္ဘာဂြိုဟ်တစ်ခုလုံးအား သတိပေးချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရုန်းရင်းဆန်ခတ်မှုကတည်းက သူတော်စင်ဘုံအဆင့်တစ်ဝက်ရှိသော ဤပညာရှင်များ၏အငွေ့အသက်ကို ထောက်လှမ်းရန်အတွက် ကမ္ဘာဂြိုဟ်ပေါ်တွင် ဂြိုဟ်တုများစွာလွှတ်တင်ထားပြီးဖြစ်ပေရာ ၎င်းတို့ စတင်လှုပ်ရှားသည်နှင့် ချက်ချင်း ထောက်လှမ်းမိမည် ဖြစ်သည်။
သို့သော် ဤသန္ဓေပြောင်းသားရဲ၏ ရုတ်တရက် ပေါ်လာမှုကသိုင်းပညာရှင်အားလုံးကို ထိတ်လန့်စေဆဲပင်ဖြစ်သည်။
ပုံမှန်အားဖြင့် လူသားများဖြစ်စေ၊ သားရဲများဖြစ်စေ သူတော်စင်ဘုံအဆင့်တစ်ဝက်သို့ရောက်ရန် အဆင့်ဆင့် ခက်ခက်ခဲခဲချိုးဖောက်ရန်လိုအပ်ပြီး ၎င်းတို့ကို မှတ်တမ်းများတွင် မှတ်တမ်းတင်ထားပြီးသား ဖြစ်သည်။
ကျိုးဟောင်သည် ချက်ချင်းပင် ခြိမ်းခြောက်နိုင်သည့်အငွေ့အသက်တစ်ခုကို ခံစားမိလိုက်ကာ မျက်နှာပေါ်တွင်ထူးဆန်းသောအမူအရာတစ်ခုပေါ်လာခဲ့သည်။
“ကျိယောင်ယွဲ့နဲ့ အခြားသူတွေ ကမ္ဘာပေါ်မှာ လုပ်ထားတဲ့ စောင့်ကြည့်မှုနဲ့ဆိုရင် သူတော်စင်ဘုံအဆင့်တစ်ဝက်အဆင့်ရောက်နေတဲ့သားရဲတွေအားလုံးကို ကျွန်တော်တို့ သေချာပေါက် သိထားပြီးသားပဲ ဒါပေမဲ့ ရုတ်တရက် ပေါ်လာတဲ့ သူတော်စင်ဘုံအဆင့်တစ်ဝက်ကိုရောက်နေတဲ့ ဒီသားရဲကတော့…”
ရုတ်တရက်ပေါ်လာသောအော်သံတစ်ခုက ကျိုးဟောင်ကို တုန်လှုပ်သွားစေခဲ့သည်။
ကျိုးဟောင်သည် လက်များအားဆန့်ကာ အပေါ်မှအောက်သို့ ဖြည်းညှင်းစွာ ဝှေ့ယမ်းလိုက်ပြီးနောက် သူ့နောက်တွင် နှင်းကဲ့သို့ ဖြူဖွေးသော ငွေရောင်အတောင်ပံများပေါ်လာပြီးပျံ့ကားသွားခဲ့သည်။
နေရောင်ခြည်အောက်တွင် သူ၏ အတောင်ပံများသည် တောက်ပသော ရောင်စုံအလင်းကို ထုတ်လွှတ်နေပြီး လေထဲတွင် ကခုန်နေပြီး ကျိုးဟောင်မှာ သူတော်စင်ဘုံအဆင့်တစ်ဝက်သားရဲဆီသို့ တည့်တည့်တိုးဝင်သွားခဲ့သည်။
“စနစ်- သတိပေးချက်! သတိပေးချက်! ရှေ့မှာ အန္တရာယ်ရှိတယ်! သူတော်စင်ဘုံအဆင့်တစ်ဝက်သားရဲကို ထောက်လှမ်းမိပါတယ် ကျေးဇူးပြု၍ အမြန်ဆုံး ထွက်ခွာပါ”
ပထမမြောက်အက်ကွဲကြောင်းရှိ အသံချဲ့စက်မှ သိုင်းပညာရှင်အားလုံးကို သတိပေးချက် ထုတ်ပြန်နေခဲ့သည်။ မည်သို့ပင်ဆိုစေ ၎င်းသည် သူတော်စင်ဘုံအဆင့်တစ်ဝက်သို့ရောက်နေသော သားရဲတစ်ကောင် ဖြစ်သည်။
“ကောင်းပြီ၊ ကျွန်တော်တို့ ရှေ့ဆက်သွားလို့ မရတော့ဘူး ရှေ့ဆက်သွားမယ်ဆိုရင် သူ့ရဲ့ အာရုံစိုက်ကို ဆွဲဆောင်မိမှာ သေချာတယ် ဒီနေရာမှာပဲ စောင့်ကြည့်ပြီး သူ့ကို အနိုင်ယူနိုင်မလားဆိုတာ ကြည့်ရတာ ပိုကောင်းတယ်”
ကျိုးဟောင်သည် ထိုသန္ဓေပြောင်းသားရဲအား မျက်လုံးများ ကျဉ်းမြောင်းကာကြည့်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။
ဤအသစ်ပေါ်ပေါက်လာသော သူတော်စင်ဘုံအဆင့်တစ်ဝက်သားရဲသည် ကောင်းကင်သို့မော့ကာ ဟိန်းဟောက်ပြီးနောက် နာကျင်စွာ အော်ဟစ်လိုက်သည်။
“သူ့… သူ့… သူ့ရဲ့ ခန္ဓာကိုယ်က တကယ်… တကယ်ကိုသိသာတဲ့ အရှိန်နဲ့ ကြီးလာတယ် သူ့ရဲ့ ခွန်အားကလည်းအမြန်တိုးလာနေတယ် မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ့ရဲ့ သူတော်စင်ဘုံအဆင့်တစ်ဝက်အင်အားကို ထုတ်လွှတ်လာပြီ"
“သေစမ်း ဒါ ဘယ်လောက်တောင်မဖြစ်နိုင်လိုက်တဲ့ဖြစ်ရပ်လဲ ဟက်ကာတွေတောင် ဒီလောက်မြန်မြန် အဆင့်မြှင့်လို့ မရဘူး"
လော့သာ့ယိုးသည် ဤအရာကို မြင်သောအခါ အံ့အားသင့်သွားခဲ့သည်။
“စီနီယာကျိ စီနီယာကျိ ကျွန်တော် ကျိုးဟောင်ပါ!”
ဤကိစ္စသည်အလွန် အန္တရာယ်များပေရာ စီနီယာကျိအားအကြောင်းကြားရပေမည်။
ကျိုးဟောင်က ဖုန်းပြောရင်း ကျိယောင်ယွဲ့ထံသို့ တိုက်ရိုက် မက်ဆေ့ချ် ပို့လိုက်သည်။
“ကျိုးဟောင် ဘာကိစ္စလဲ”
ကျိယောင်ယွဲ့သည် ချက်ချင်း ဖုန်းကောက်ကိုင်လိုက်ပြီး အလျင်အမြန် ပြောလိုက်သည်။
“စီနီယာကျိ ကျွန်တော် အခု ပထမမြောက်အက်ကွဲကြောင်းရဲ့ မူလကျောက်တောမှာရှိနေတယ် ဒီမှာ သူတော်စင်ဘုံအဆင့်တစ်ဝက်ရှိတဲ့သားရဲတစ်ကောင်ပေါ်လာတယ် သူ့ရဲ့အငွေ့အသက်က မတည်ငြိမ်သေးဘူး ပြီးတော့စွမ်းအားကရူးချင်စရာကောင်းအောင်တိုးလာနေတယ် သူ့မှာ ဧရာမဝက်ဝံနဲ့ ဧရာမမိကျောင်းတို့နဲ့ တူညီတဲ့အငွေ့အသက် ရှိတယ် သူ့ရဲ့ ကျင့်ကြံဆင့်ကလည်းသိသိသာသာတိုးလာနေပြီး သူတော်စင်ဘုံအဆင့်တစ်ဝက်ကိုရောက်နေပြီ ပြီးတော့သူက ဆက်ပြီး ပြောင်းလဲနေတုန်းပဲ”
ကျိုးဟောင်သည် ထိတ်လန့်သည့် မျက်နှာအမူအရာမျိုးဖြစ်နေခဲ့ပြီး အလွန်လေးနက်နေခဲ့သည်။
“ကျိုးဟောင် မင်း ဘာပြောလိုက်တာလဲ ထပ်ပြောပါဦး"
ကျိယောင်ယွဲ့သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး မယုံကြည်နိုင်ဖြစ်နေခဲ့သည်။
ဤသန္ဓေပြောင်းသားရဲကို ဒေတာဘေ့စ်တွင် မှတ်တမ်းတင်ထားခြင်း လုံးဝ မရှိပေ။ ယခုမှပေါ်လာခြင်းသာဖြစ်သည်။
“စီနီယာကျိ အချိန်မရှိတော့ဘူ သူ့ရဲ့ စွမ်းအားကဆက်တိုးနေတုန်းပဲ သူတော်စင်ဘုံအဆင့်ကိုရောက်ဖို့နည်းနည်းပဲလိုတော့တယ်”
ကျိုးဟောင်မှာ အလျင်အမြန် ပြောလိုက်သည်။
“ဒါဆို ဒီလိုလုပ် အဲဒီနေရာကနေ အနည်းဆုံး မီတာ ၃၀၀ အကွာကို ချက်ချင်းဆုတ်လိုက် ဘေးကင်းမှုကိုဦးစားပေးပြီး အဝေးကနေပဲသေချာစောင့်ကြည့်ထား ငါ့ရဲ့ အမိန့်မပါဘဲ မင်း သေခွင့်မရှိဘူး"
ကျိယောင်ယွဲ့၏ အသံသည် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေပြီး သူမသည် ပစိဖိတ်သမုဒ္ဒရာအထက်ရှိ ကြီးမားသော လေယာဉ်တစ်စင်းပေါ်မှ ပြောနေခြင်း ဖြစ်သည်။
ဤအချိန်တွင် အခြား ကောင်စီအဖွဲ့ဝင်များအားလုံးကို စေလွှတ်ထားပြီး ဖြစ်သည်။ အခြေအနေကို ကြီးကြပ်ရန်အတွက် လင်းထျန်တစ်ဦးသာ ကွပ်ကဲရေးစင်တာတွင် ကျန်ရှိနေခဲ့ခြင်းဖြစ်သည်။
ဒီ...ဒီ...ဒီ..
“စနစ်- သတိပေးချက်...သတိပေးချက်...အထူးသက်ရှိအငွေ့အသက်တစ်ခုကို တွေ့ရှိခဲ့ပါတယ်”
“သတိပေးချက် ...သတိပေးချက်...တိုက်ပွဲအတွက် ပြင်ဆင်ပါ"
“သေစမ်း ဒါ ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ အားလုံး ငါ့ အမိန့်ကို နားထောင်ပါ ငါ့အမိန့်မပါဘဲ ဘယ်သူမှ ကိုယ့်သဘောနဲ့ကိုယ် ထွက်ပြီး တိုက်ခိုက်ခွင့် မရှိဘူး”
...................................................................................