← Chapters

မျောက်သားရဲအားသတ်ရန်စုဝေးခြင်း

Vol. 47 Ch. 697

မျောက်သားရဲအားသတ်ရန်စုဝေးခြင်း

Vol. 47 Ch. 697

သို့သော် မျောက်သားရဲမှာရုတ်တရက်အော်ဟစ်လိုက်သည်။

ထိုအချိန်တွင်မြေပြင်၏တုန်ခါမှုမှာ ရုတ်တရက်ပိုမိုအားကောင်းလာခဲ့သည်။

မြေပြင်၏တုန်ခါမှုအားကောင်းလာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိလူများ၏အမူအရာများမှာလည်း အလွန်အမင်းစိုးရိမ်နေဟန်များပေါ်လာခဲ့သည်။

ပြီးခဲ့သည့်အခေါက်က ယခုလိုတုန်ခါမှုသည် သန္ဓေပြောင်းသားရဲများအားဆွဲဆောင်ခဲ့ပြီး တစ်မြို့လုံးအားဖျက်ဆီးခံရလုနီးပါးဖြစ်ခဲ့သည်ဟုဆိုနိုင်ပေသည်။

သို့သော်ယခုအချိန်တွင် မျောက်သားရဲပေါ်လာပြီးသိပ်မကြာမီတွင် ပတ်ဝန်းကျင်ရှိမြေပင်မှာချက်ချင်းပင်ပြင်းထန်စွာတုန်ခါလာခဲ့သည်။

မြေပြင်အဆက်မပြတ်တုန်ခါနေစဥ်မှာပင် မြေကြီးထဲမှများစွာသောပိုးဟပ်များမှာတိုးထွက်လာခဲ့သည်။

၎င်းတို့တွင်ထူထဲသောကျောခွံများရှိပြီး ပုံစံကြည့်ရသည်မှာအလွန်ကြမ်းကြုတ်ပေသည်။ ၎င်းတို့သည်မြေကြီးထဲမှလျင်မြန်စွာတိုးထွက်လာကြပြီး ပတ်ဝန်းကျင်အားဝေ့ဝဲကြည့်ကာမျက်နှာများမှာ ရက်စက်သည့်ဟန်များဖြင့်ပြည့်နေပေသည်။

အားလုံးမှာ ပိုးဟပ်များအားမုန်းကြပေရာ ဤနေရာရှိလူများသည်လည်းချွင်းချက်မရှိပေ။

ယခုသူတို့၏ရှေ့တွင် ပိုးဟပ်များစွာရုတ်တရက်ပေါ်လာသည်ကိုမြင်လိုက်ရပေရာ ပြည်သူများအားလုံးမှာမျက်နှာများဖြူဖျော့သည်အထိကြောက်လန့်သွားခဲ့ကြသည်။

သူတို့သည် ယခုလိုပိုးဟပ်အကြီးကြီးများအား တစ်ခါမှမမြင်ဖူးခဲ့ပေ။ ယခုဤပိုးဟပ်များအားမြင်လိုက်ရချိန်တွင် အားလုံးမှာချက်ချင်းပင်ထိတ်လန့်သွားကြပြီး အမူအရာများမှာသိသိသာသာပြောင်းလဲသွားခဲ့သည်။

သို့သော် လက်ရှိတွင်ဤဖြစ်ရပ်သည်သူတို့အရှေ့တွင်ဖြစ်နေပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤကိစ္စအားဖြေရှင်းရန်မှာသူတို့အတွက်မဖြစ်နိုင်ပေ။

ထိုအချိန်တွင် ကျိုးဟောင်မှာ ၁၂ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင် ၁၀ယောာက်အားဦး‌ဆောင်ကာ ဤနေရာသို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။

လေထဲတွင် အမြောက်ပစ်သံများမှာအဆက်မပြတ်ထွက်ပေါ်နေပေသည်။

အမြောက်ပစ်သံကြားတွင် "တက်ကြ သတ်ကြ" ဟူသောအသံများလည်းရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ရှေ့ရှိအမျိုးသားတစ်ယောက်မှာ ရုတ်ရက်သူ့လက်အားမြင့်မြင့်မြှောက်လိုက်သည်။ သူ၏မျက်နှာတွင်ဒေါသတို့ဖြင့်ပြည့်နေပြီး အဝေးမှလူအုပ်ကြီးထံကြည့်ကာအော်ဟစ်လိုက်သည်။

"တက်ကြ သတ်ကြ"

"ဒီမကောင်းတဲ့ကောင်တွေကိုသတ်ပြီးတော့ ကမ္ဘာဂြိုဟ်အတွက်ငြိမ်းချမ်းမှုရအောင်ပြန်လုပ်ကြ"

မကြာမီပင် ထိုအဖွဲ့မှာမျောက်သားရဲ၏အရှေ့သို့တိုးဝင်သွားခဲ့သည်။ သူတို့၏မျက်နှာများတွင်ကြမ်းကြုတ်မှုများဖြင့်ပြည့်နေသည်မှာ တစ်ဖက်လူအားချက်ချင်းချေမှုန်းပစ်လိုသည့်အတိုင်းပင်။

ယခုတစ်ကြိမ် ကျိုးဟောင်ဦးဆောင်လာခဲ့သည့်စစ်သည်များမှာ ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်သို့ရောက်နေသော်ငြား ၎င်းတို့သည်ထိုသူတော်စင်ဘုံအဆင့်တစ်ဝက်စစ်သည်များနှင့်ယှဥ်ပါက အများကြီးကွာခြားသေးသည်ဟုဆိုနိုင်ပေသည်။

သို့သော် သူတို့၏လက်ရှိစွမ်းအားနှင့်အဆင့်အားလျှော့တွက်လို့မရပေ။ မည်သူမှသူတို့အားအလွယ်တကူအထင်သေးလို့မရပေ။

ထို့အပြင် ၎င်းတို့သည့်လည်းလေ့ကျင့်ခဲ့သည်မှာကြာလှပြီဖြစ်ပေရာ ခန္ဓာကိုယ်ကြံ့ခိုင်မှုအပိုင်းတွင် သူတို့သည်မည်သူနှင့်ယှဥ်ယှဥ်မရှုံးနိုင်ပေ။

"တက်ကြ မြန်မြန်တက်ကြ တကယ်လို့ငါတို့ဒါကိုချေမှုန်းနိုင်ရင် ငါတို့သေချာပေါက် လူသားမျိုးနွယ်အတွက်အကူအညီအကြီးကြီးပေးနိုင်လိမ့်မယ်"

ထိုအဖွဲ့သည် ဤမြင်ကွင်းအားစိတ်အားထက်သန်စွာကြည့်ရင်း မျက်လုံးများတွင်စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နေခဲ့သည်။

သူတို့၏အင်အားမှာစွမ်းအားကြီးသောအဆင့်ကိုမရောက်သေးသော်ငြား ၎င်းမှာလုံလောက်သည့်ပုံပေါ်ပေသည်။

သူတို့သည်ဤအချက်အားသဘောပေါက်လိုက်ချိန်တွင် အဖွဲ့၏အမူအရာများမှာချက်ချင်းပင်စိတ်လှုပ်ရှားလာပြီး လေးနက်လာကြသည်။

ဤတာဝန်အားကောင်းကောင်းလုပ်ဆောင်နိုင်ရန် သူတို့သည်အာရုံအလွန်စိုက်ထားရပေသည်။ မဟုတ်ပါက သူတို့သည်ဤသန္ဓေပြောင်းသားရဲများ၏တိုက်ခိုက်မှုအားခုခံရန် ဘာလုပ်ရမည်မှန်းတကယ်ကိုသိမည်မဟုတ်ပေ။

သူတို့သည်လုံလောက်သည့်စွမ်းအားရှိကြောင်းသိလိုက်ရချိန်တွင် အားလုံးမှာယုံကြည်ချက်ရှိလာကြသည်။ ထို့နောက်၎င်းတို့သည် ဖြေးညင်းစွာပြောလိုက်သည်။

"တကယ်လို့ ငါတို့ပူးပေါင်းလုပ်ဆောင်ရင် ငါတို့တကယ်ဒီမျောက်သားရဲကို အနိုင်ယူနိုင်လောက်တယ်"

"ဟုတ်တယ်"

ထိုစကားအားကြားသောအခါ ၁၂ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်များမှာ အတူတကွမတ်မတ်ရပ်တည်ကာ အားတက်လာခဲ့ကြသည်။

ကျိုး‌ဟောင်၏အမူအရာမှာလည်း ပို၍ပင်လေးနက်လာခဲ့သည်။

သူ့အားကူညီနေသည့်ထိုလူများရှိနေသည့်အတွက် ကျိုးဟောင်မှာပို၍ပင်ယုံကြည်မှုရှိလာခဲ့သည်။

အကယ်၍ သူတို့သာအခွင့်အရေးအားကောင်းမွန်စွာဖမ်းဆုပ်နိုင်ပါက သူတို့ကောင်းကောင်းလုပ်နိုင်မည်မှာသေချာပေသည်။

ကျိုးဟောင်မှာ ဤသန္ဓေပြောင်းသားရဲများ၏ဇာစ်မြစ်အားမသိပေ။

သို့သော် ဤသန္ဓေပြောင်းသားရဲများအားအမြန်ဆုံးမသုတ်သင်နိုင်ပါက အနာဂတ်တွင်သူတို့အားပြဿနာများစွာကစောင့်ကြို‌နေမည်ဖြစ်ကြောင်းကိုလည်းနားလည်ပေသည်။

ဤအတွေးအားတွေးမိသောအခါ ကျိုးဟောင်၏အမူအရာမှာရုတ်တရက်လေးနက်လာခဲ့သည်။

သူသည်စိတ်ထဲရှိဒေါသအားမျိုချကာ လက်အားဝေ့ယမ်းလိုက်ကာ ကောင်းကင်ပေါ်သို့လျင်မြန်စွာညွှန်ပြလိုက်သည်။

ထိုနေရာတွင်မျောက်သားရဲရှိနေကြောင်း ကျိုးဟောင်မှာတစ်ချက်ကြည့်ရုံဖြင့်သိပေသည်။

ထိုမြင်ကွင်းအားမြင်သောအခါ မျောက်သားရဲ၏မျက်နှာတွင်အထင်သေးသောအမူအရာတစ်ခုပေါ်လာခဲ့ကာ ၎င်းသည်ခပ်ဟဟရယ်မောကာသရော်လိုက်သည်။

"ဟားဟား မင်းတို့တွေက တကယ်စိတ်ဝင်စားစရာပဲ"

"ဒါကဒီတိုင်းတိုက်ပွဲလေးတစ်ခုပဲကို ဒီလောက်ကြာဖို့လိုလို့လား ငါ့အမြင်တော့ မင်းတို့ငါ့ကိုထောင်ချောက်ဆင်မဲ့ကိစ္စကိုမေ့လိုက်သင့်တယ်"

"ငါ့ရဲ့စွမ်းရည်ကမင်းတို့ထက်အများကြီးပိုပြီးသန်မာတယ် ငါတို့တိုက်ပွဲရဲ့ရလဒ်ကမင်းတို့ဆုံးဖြတ်လို့ရတာမဟုတ်ဘူး"

ထိုစကားအားပြောပြီးနောက် စစ်သည်အဖွဲ့၏မျက်နှာမှာအတော်လေးပျက်ယွင်းသွားခဲ့သည်။ ဤမျောက်သားရဲသည်လည်းစွမ်းအားကြီးကြောင်းသူတို့သိပေသည်။

သို့သော် အကယ်၍သူတို့ဤတာဝန်အားကောင်းကောင်းလုပ်နိုင်ပါက သူတို့သည်အာကာသသားရဲအားတိုက်ခိုက်ခဲ့သောထိုလူများနှင့် ယှဥ်နိုင်ပေလိမ့်မည်။

ထိုအချိန်ရောက်ပါက ကမ္ဘာဂြိုဟ်ပေါ်ရှိလူအားလုံးမှာသူတို့အားလေးစားကြပေလိမ့်မည်။

အဝေးတွင် အမြောက်ဆံပစ်သံများမှာအဆက်မပြတ်ထွက်ပေါ်နေခဲ့သည်။

ချက်ချင်းပင်ဓားချင်းရိုက်ခတ်သံများမှာရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

များစွာသောသန္ဓေပြောင်းသားရဲများမှာ ဒေါသတကြီးအော်ဟစ်နေခဲ့သည်။ စစ်သည်အချို့မှာဤကြောက်မက်ဖွယ်ကောင်းသောသန္ဓေပြောင်းသားရဲများအား ချက်ချင်းသတ်ပစ်နိုင်ရန်ဆန္ဒရှိနေကြပေသည်။

သို့သော်သူတို့လည်းဘာမှမတတ်နိုင်ပေ။ အကယ်၍သူတို့သာကူညီနိုင်ပါက အကောင်းဆုံးကြိုးစားကူညီကြမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ယခုအခြေအနေသည်မတူတော့ပေ။ ကမ္ဘာဂြိုဟ်ပေါ်တွင်ယခုလိုကိစ္စမျိုးဖြစ်လာမည်ဟု မည်သူမျှမမျှော်လင့်ထားခဲ့ပေ။

ရက်စက်သောသားရဲများသည်လည်း ယခုလိုဖြစ်ရပ်မျိုးဖြစ်လာခဲ့သည်ကိုအံ့သြနေပေသည်။

ထိုအချိန်တွင် ကျိုးဟောင်မှာ များစွာသောအမြောက်ဆံများနှင့်တိုက်ခိုက်နေသောမြင်ကွင်းအား တည်ငြိမ်စွာကြည့်နေရင်း သူ၏မျက်လုံးများတွင်ဆုံးဖြတ်ချက်ပြတ်သားမှုများဖြင့်ပြည့်နေခဲ့သည်။ အကယ်၍များစွာသောသန္ဓေပြောင်းသားရဲများ၏တိုက်ခိုက်မှုနှင့် အကြိမ်ကြိမ်ရင်ဆိုင်ရလျှင်ပင် သူသေချာပေါက်ကောင်းမွန်စွာကိုင်တွယ်နိုင်ကြောင်းသေချာသိပေသည်။

အခြား ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်စစ်သည်များ၏အမူအရာမှာလည်း ချက်ချင်းပင်အလွန်လေးနက်လာခဲ့သည်။

ကျိုးဟောင်မှာစိတ်ထဲမှ ပူပန်မှုအားမျိုသိပ်ကာ မျက်စိရှေ့ရှိမြင်ကွင်းအားလေးနက်စွာကြည့်နေခဲ့သည်။ ထို့နောက်ခိုင်မာစွာပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ဒီနေ့ဒီတိုက်ပွဲမှာသေချာပေါက်နိုင်ရမယ်"

ရုတ်တရက် အဝေးမှသေနတ်သံများထွက်ပေါ်လာခဲ့ပြီး အော်ဟစ်သံများနှင့်ဓားချင်းထိခတ်သံများလည်းနောက်မှကပ်ပါလာခဲ့သည်။

....................................................................................

All Chapters