← Chapters

အကြောင်းပြချက်မရှိ တာဝန်အားလက်ခံခြင်း

Vol. 50 Ch. 737

အကြောင်းပြချက်မရှိ တာဝန်အားလက်ခံခြင်း

Vol. 50 Ch. 737

ယခုလိုခေတ်မှီသည့်နည်းပညာကြောင့် သူသည်၎င်း၏ တန်ဖိုးမရှိသောအသက်အားယာယီချမ်းသာခွင့်ပေးလိုက်သော်ငြား ထိုစက်ရုပ်အား ဆွဲခေါ်သွားပြီး၎င်း၏ ခန္ဓာကိုယ်အားတကယ်ပင်အပိုင်းပိုင်းလုပ်ချင်နေပြီး စိတ်ထဲမှလည်းဆက်တိုက်ဆဲရေးနေပေသည်။

သူသည်ထိုအရာအားသုံးစားမရသည်အထိ တစ်စစီလုပ်ပစ်ချင်နေပေသည်။

ကျိုးဟောင်‌ရှေ့ရှိစက်ရုပ်မှာ ၎င်း၏အသက်အားတစ်ယောက်ယောက်မှနှုတ်ချင်နေသည်ကို သတိထားမိသည့်အလား အလွန်အေးစက်သောအငွေ့အသက်တစ်ခုအားရုတ်တရက် ခံစားလိုက်ရသည်။

ဤနေရာတွင်၎င်းမှာစက်ရုပ်တစ်ရုပ်သာဖြစ်သော်ငြား လူသားများကဲ့သို့ခံစားမှု ၇ခုနှင့် လိုအင် ၆ခုရှိပေရာ နာကျင်မှုကိုလည်းခံစားနိုင်ပေသည်။

၎င်း၏အန္တရာယ်အငွေ့အသက်အားခံစားနိုင်စွမ်းမှာလည်းအလွန်စွမ်းအားကြီးလှသည်။

"ဆရာ ဒီနေရာမှာတာဝန်အဆောက်အဦးရဲ့တာဝန်တွေအားလုံးရှိပါတယ် ဘယ်တစ်ခုကိုရွေးချယ်ချင်ပါသလဲ"

စက်ရုပ်မှာ ကျိုးဟောင်အားတံခါးတွင်းသို့ခေါ်သွားပြီးနောက်လှည့်ပြန်သွားခဲ့ပြီး ကျိုးဟောင်အားဖျော်ဖြေရန်ရောက်လာသူမှာ အမျိုးသမီးစက်ရုပ်တစ်ခုဖြစ်သည်။ သူမသည်အလွန်ကြည့်ကောင်းပြီး ဖော်‌ရွေဟန်ရှိ‌ပေရာ အစောပိုင်းကစက်ရုပ်နှင့်လွန်စွာကွာခြားပေသည်။

ဤနေရာသို့ရောက်လာသည့်မည်သူမဆို အားလုံးသူမတို့၏ဖောက်သည်များသာဖြစ်ပေရာ သူမတို့သည်ဧည့်သည်များသူမတို့ထပ်မံလာရောက်စေရန် နတ်ဘုရားများကဲ့သို့ဆက်ဆံရမည်ဖြစ်သည်။ ဤအယူအဆမှာ သူမတို့၏ခေါင်းထဲတွင်နက်နက်ရှိုင်းရှိုင်းရိုက်သွင်းခံထားရပေသည်။

ကျိုးဟောင်မှာ ထိုတာဝန်များအားကြည့်ကာအတွေးထဲတွင်နစ်မျောနေပေသည်။ ရရှိမည့်ဆုလာဘ်မြင့်လေလေ အခက်အခဲလည်းမြင့်လေလေဖြစ်သည်။ ကျိုးဟောင်မှာထိုတာဝန်များအားကြုံသလိုကြည့်လိုက်ပြီး ထိုအထဲတွင်သူစိတ်ဝင်စားသည့်တာဝန်မျိုးတစ်ခုမှရှာမတွေ့ပေ။

သို့သော်ဤနေရာသို့ရောက်လာပြီးပြီဖြစ်ပေရာ ကြုံရာတစ်ခုကိုသာရွေးချယ်ရန်ဆုံးဖြတ်လိုက်သည်။

"ထောင့်ကဟာကိုရွေးလိုက်"

ဖား၏အသံမှာကျိုးဟောင်အား ရွေးချယ်ရမည့်တာဝန်ကိုသတိပေးလိုက်သည်။

ဖား၏အသံအားကြားသောအခါ ကျိုးဟောင်မှာထိုတာဝန်အားကြည့်ပြီးချက်ချင်းပင်ထိတ်လန့်သွားခဲ့သည်။ ဤဖားသည်တမင်သူ့အားလိမ်လည်ရန်ကြိုးစားနေခြင်းပေလော။

ဆုလာဘ်မှာအနိမ့်ဆုံးဖြစ်သော်ငြား ဤတာဝန်မှာအလွန်ပြဿနာများပေသည်။ အကယ်၍ကျိုးဟောင်သာဂရုမစိုက်ပါက အသက်ပင်သေနိုင်ပေသည်။ သူခေါ်လာသည့်အရာများမှာအားလုံးရိုက်စားများသာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ထံတွင်မှကောင်းမွန်သည့်ရည်ရွယ်ချက်မရှိပေ။

"လခွမ်း ခင်ဗျားကျွန်တော့်ကိုသေစေချင်နေတာလား"

ကျိုးဟောင်မှာဘေးရှိစက်ရုပ်အားလျစ်လျူရှုကာ ဖားအားချက်ချင်းပင်မကျေမနပ်ပြောလိုက်သည်။ စိတ်ထဲမှလည်းဖားအားအပြင်သို့ဆွဲထုတ်ကာ မှတ်လောက်သားလောက်အောင်ရိုက်ပစ်ချင်နေပေသည်။

၎င်းသည်တကယ်ပင်သူ့အားယခုလိုအန္တရာယ်တောထဲတွန်းပို့ရဲပေရာ ဖားမှာတကယ်ပင်နောက်ထပ်သခင်အသစ်တစ်ယောက်ရှာလိုသည့်ပုံပင်။

ထို့ကြောင့်သာ ယခုလိုညစ်ပတ်သည့်လှုပ်ရှားမှုအားစဥ်းစားမိခြင်းဖြစ်ပေသည်။ အကယ်၍ဖားမှာကျိုးဟောင်နောက်ဆက်မလိုက်ချင်ဘူးဆိုပါကတိုက်ရိုက်ပြောလိုက်ပါကလည်းအဆင်ပြေသည်မဟုတ်ပါလော။ အကယ်ဤကျိုးဟောင်သာဤတာဝန်‌ကြောင့်တကယ်သေသွားပါက ဖားလည်းသေချာပေါက်ကောင်းကင်ဘုံ၏အပြစ်ပေးခြင်းအားခံရမည်ဖြစ်သည်။

ကျိုးဟောင်မှာစိတ်ထဲတွင် တောက်လျှောက်မကျေမနပ်တွေးနေခဲ့သည်။

"ဒါမင်းကောင်းဖို့အတွက်ပဲကွ မင်းကငါမင်းကိုအန္တရာယ်တွင်းထဲတွန်းပို့နေတယ်လို့ထင်နေတာလား"

"ကျွစ်.... မင်းကငါမင်းကိုသတ်ဖို့ကြိတ်ကြံရမဲ့အဆင့်လားကွ"

ဖားမှဒေါသတကြီးပြောလိုက်သည်။

ဖားမှာကျိုးဟောင်အတွက်ဘာကြောင့်ဤတာဝန်ကိုရွေးချယ်ခဲ့ကြောင်း မရှင်းပြလိုပေ။

သူပြောချင်သည့်အဓိပ္ပာယ်မှာရှင်းပေသည်။ ၎င်းသည်ကျိုးဟောင်အားတာဝန်ရွေးပေးချင်သော်လည်း ရှင်းမပြလိုခြင်းသာဖြစ်သည်။

ဤအလွန်အမင်းဗိုလ်ကျသောနည်းလမ်းမှာကျိုးဟောင်အားပြိုလဲကျလုနီးပါးခံစားရစေပြီး ပင်လယ်ဓားပြသင်္ဘောအားရွက်လွှင့်နေရသကဲ့သို့ပင်။ ယခုအချိန်မှနောက်လှည့်ရန်မှာအလွန်နောက်ကျသွားပြီဖြစ်သည်။

"ခင်ဗျားကကျွန်တော့်ကို အလိုရှိရာဇဝတ်သားတစ်ယောက်ကိုဖမ်းရမဲ့တာဝန်ကိုရွေးစေချင်တာလား တကယ်လို့ဒီလူတွေတောင်ဘာမှမလုပ်နိုင်ရင် ကျွန်တော်ကလုပ်နိုင်ပါ့မလား

"ပြီးတော့သေချာကြည့်ဦး ဆုလာဘ်ကအရမ်းနိမ့်တယ်"

"ခင်ဗျားကကျွန်တော့်ကိုရိုက်စားလုပ်နေတာပဲ"

ကျိုးဟောင်မှာဒေါသတကြီးပြောရင်းမေးခွန်းထုတ်လိုက်သည်။

သူမည်သည့်ကိစ္စအားလုပ်သည့်ဖြစ်စေ အမြဲတမ်းထိုသို့လုပ်ရသည့်ရည်ရွယ်ချက်ရှိရမည်ဖြစ်သည်။ အကယ်၍ဖားမှာကျိုးဟောင်အား ဤတာဝန်ကိုအကြောင်းပြချက်မရှိလုပ်စေချင်သည်ဆိုပါက ဖြစ်နိုင်သည်မှာထိုအလိုရှိရာဇဝတ်သားမှာ တကယ်ပင်အလွန်စက်ဆုပ်စရာကောင်းသည့်လူတစ်ယောက်ဖြစ်၍လော။

အကယ်၍ကျိုးဟောင်တွင်စွမ်းအားအလုံအလောက်မရှိပါက သူ့အသက်အားအလကားနေရင်းစတေးလိုက်သလိုပင်ဖြစ်မည်ဖြစ်သည်။

ဖားမှာ ကျိုးဟောင်အားတစ်ခွန်းမှရှင်းမပြပေ။ ဤတာဝန်အားလက်ခံပြီးနောက် သူ့အတွက်သေချာပေါက် ပိုမိုကြီးမားသည့်အကျိုးအမြတ်များစောင့်ကြိုနေမည်ဖြစ်သည်။ အတိအကျဆိုရပါကအခြားလူများမှာ မြော်မြင်နိုင်သည့်ဉာဏ်မရှိ၍သာ ဤတာဝန်အားလက်လျှော့ခဲ့ကြခြင်းဖြစ်သည်။

သူတို့၏ကိစ္စအားသိသည့်လူများရှိပါက ဤတာဝန်အားအစောကြီးကတည်းအခြားသူများယူသွားလောက်ပြီဖြစ်သည်။

ဖားတိတ်နေသည်ကိုမြင်သောအခါ ကျိုးဟောင်မှာဖားသည်အရှုံးအားလက်ခံလိုက်ခြင်းဖြစ်မည်ဟုတွေးလိုက်သည်။

သူသည်ဤှကိစ္စတွင်သဘောမကောင်းနိုင်ပေ။ မဟုတ်ပါက ဖားမှာပို၍အဓိပ္ပာယ်မရှိသောအရာများလုပ်လာမည်ဖြစ်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် မင်းဒီတာဝန်ကိုလက်ခံရမယ် မဟုတ်ရင်ငါမင်းကိုဒီတာဝန်အဆောက်အဦးကနေထွက်သွားလို့မရအောင်လုပ်ပစ်မယ်"

ဖားမှာနှစ်မိနစ်မျှငြိမ်နေပြီးနောက် ရုတ်တရက်စကားပြောလာခဲ့သည်။

၎င်း၏အသံထွက်လာသည်နှင့် ကျိုးဟောင်မှာလဲကျလုနီးပါးပင်ဖစ်သွားခဲ့သည်။ ထိုဖားသည်သူ့အားတကယ်ပင်ခြိမ်းခြောက်ဝံ့ပြီး ကောင်းကင်နှင့်မြေကြီး၏ပမာဏအားနားမလည်ပေ။

၎င်းမှာ ဖားမရှိဘဲ သူသည်ဤစကြဝဠာထဲတွင်မရှင်သန်နိုင်သလိုပင်။ သို့သော်ထိုကိစ္စအားစဥ်းစားပြီးနောက် ဤအရာမှာတကယ်ပင်မှန်ကန်ကြောင်းသဘောပေါက်လိုက်သည်။ သူသည်တကယ်ပင်ဖားမရှိဘဲမရှင်သန်နိုင်ရုံသာမက အခြေခံကျသည့်ဦးတည်ချက်ကိုပင်မရှာနိုင်ပေ။

သူသည်အရှုံးကိုလက်ခံပြီး ဖားဘာတွေးနေလဲသိရန်ဤတာဝန်အားမှတ်ထားရန်သာတတ်နိုင်ပေသည်။

"ကောင်းပြီလေ ကောင်းပြီ တကယ်လို့ဒီတာဝန်ကနေဘာအကျိုးအမြတ်မှမရဘူးဆိုရင်တကယ်လို့ကျွန်တော်ကမ္ဘာဂြိုဟ်ကိုမပြန်နိုင်တော့ရင်တောင် ခင်ဗျားကိုပါကျွန်တော်နဲ့အတူဆွဲချသွားမှာ"

ကျိုးဟောင်သည်လည်းရက်စက်ပေသည်။

ဤဖားစုတ်သည်အမြဲတမ်း သူမလုပ်ချင်သည့်ကိစ္စများအားလုပ်ရန် ဖြားယောင်းလေ့ရှိပေရာ ယခုတစ်ကြိမ်တွင်၎င်းအားသေချာပေါက် ပညာပေးရပေမည်။

"ငါ ဒီအလိုရှိနေတဲ့ရာဇဝတ်သားကိုဖမ်းဖို့တာဝန်ကိုယူမယ်"

ကျိုးဟောင်မှာတာဝန်အားပြသထားသည့်ထောင့်အားလက်ညှိုးထိုးပြလိုက်ပြီး အမျိုးသမီးစက်ရုပ်အားကျယ်လောင်စွာပြောလိုက်သည်။

သူယခုလိုလုပ်ရခြင်းသည် သတ္တိအားစုစည်းရန်အတွက်ကြောင့်လည်းပါပေသည်။ မဟုတ်ပါကသေမည်ဟုတွေးပြီးသွားပါက တကယ်ပင်ဤတာဝန်အစုတ်အပြတ်အားလုပ်ရင်း သေဆုံးနိုင်ခြေများပေသည်။

စက်ရုပ်မှာခေတ္တမျှကြက်သေသေသွားခဲ့ပြီး ၎င်း၏လှပသောအပြာရောင်မျက်လုံးအဝိုင်းသားဖြင့် သူမရှေ့ရှိကျိုးဟောင်အားဝေခွဲမရစွာကြည့်နေသည်မှာ အရူးတစ်ယောက်အားကြည့်နေသလိုပင်။

စက်ရုပ်၏ပထမဆုံးတုံ့ပြန်မှုမှာ ကျိုးဟောင်အားအရူးတစ်ယောက်ဟုတွေးခြင်းပင်ဖြစ်သည်။

မဟုတ်ပါက နှစ်ပေါင်းရှည်ကြာမည်သူမျှမရွေးသည့်တာဝန်တစ်ခုအားဘာကြောင့်လက်ခံမည်နည်း။

ဤတာဝန်အတွက်ဆုလာဘ်မှာနည်းရုံသာမက ခက်ခဲမှုမှာလည်းအလွန်မြင့်ပေရာ တာဝန်အားလုပ်ဆောင်နိုင်သည့်အရည်အချင်းရှိသူများပင် လှည့်ပင်မကြည့်ပေ။

ဤတာဝန်သည် ၎င်းတို့အတွက်အရံအစီအစဥ်တစ်ခုသာဖြစ်သည်။

လူတစ်ယောက်မှဤနေရာဆီသို့ ထိုတာဝန်ကိုပို့ခဲ့၍ ဤနေရာရှိစက်ရုပ်များမှာထိုတာဝန်အားစာရင်းထဲတွင်ထည့်ထားပေးရန်တာဝန်ရှိပြီး ၎င်းအားလက်ခံမခံဆိုသည်မှာတော့ တာဝန်အားလာရောက်လက်ခံသူများ၏ ဆုံးဖြတ်ချက်သာဖြစ်သည်။

"ဆရာ ဒီတာဝန်ကိုဘယ်သူမှမလုပ်တာဆယ်စုနှစ်တစ်ခုကျော်နေပါပြီ ဒီတာဝန်ကိုလက်ခံမယ်ဆိုတာသေချာရဲ့လား"

စက်ရုပ်မှာထပ်မံအတည်ပြုလိုဟန်ဖြင့်မေးလိုက်သည်။

၎င်းတို့သည် ကျိုးဟောင်မှာဤတာဝန်၏ခက်ခဲမှုအဆင့်အားမသိဟုတွေးခြင်းဖြစ်သည်။

လူအများစုမှာ ဆုလာဘ်နည်းလေလေ တာဝန်ကပိုလွယ်လေလေဟုတွေးကြခြင်းဖြစ်သည်။ စင်စစ်တွင်ထိုကဲ့သို့မဟုတ်ပေ။ အချို့တာဝန်များမှာအလွန်ခက်ခဲသော်ငြား ဆုလာဘ်မှာအလွန်နည်းပေသည်။

အချို့ဆုလာဘ်များမှာအလွန်ရက်ရက်ရောရောပေးထားသော်ငြား တာဝန်မှာမူအလွန်ရိုးရှင်းပေသည်။

၎င်းမှာအားလုံး၏ကံအပေါ်မူတည်ပေသည်။ တာဝန်အဆောက်အဦးတွင်ကျန်နေခဲ့သောတာဝန်များမှာ အားလုံးသာမန်လူများမလုပ်ဆောင်နိုင်သည့်တာဝန်များသားဖြစ်ပြီး ထို့ကြောင့်သာတာဝန်အဆောက်အဦးတွင်ကြေညာထားခြင်းဖြစ်သည်။

ကျိုးဟောင်မှာခေါင်းသာယမ်းလိုက်မိသည်။ အကြောင်းမှာဤတာဝန်အားလက်ခံခြင်းသည် သူ၏မူလရည်ရွယ်ချက်မဟုတ်ပေ။ သူသည်ဖားစုတ်၏ ခြိမ်းခြောက်မှုကြောင့်သာလက်ခံခဲ့ခြင်းဖြစ်ပြီး လက်ရှိစိတ်ထဲတွင်မူကျိန်ဆဲနေပေသည်။

အကယ်၍အကြည့်ဖြင့် လူသတ်နိုင်ပါက ဖားမှာအစောကြီးကတည်းကအသက်ရှိတော့မည်မဟုတ်ပေ။

သို့သော်ဖားမှာသက်ရှိလူသားမဟုတ်ဘဲ စကြဝဠာထဲမှလျှို့ဝှက်ဆန်းကြယ်သည့်အရာတစ်ခုသာဖြစ်ပေသည်။

စက်ရုပ်မှာမျက်လုံးအပြူးသားဖြင့် သူ့‌ရှေ့မှကျိုးဟောင်အားရှုပ်ထွေးဟန်ဖြင့်ကြည့်နေပေသည်။

ဤအရူးမှာ တာဝန်အားပြီးဆုံး‌အောင်ဆောင်ရွက်နိုင်မလားဆိုသည်အား ၎င်းလည်းသိချင်ပေသည်။

ယခု ကျိုးဟောင်မှာစက်ရုပ်များ၏စိတ်ထဲတွင် အရူးတစ်ယောက်ဖြစ်သွားပြီဖြစ်သည်။

....................................................................................

All Chapters