ဟွေ့မင်ဂြိုဟ်အားထွက်ခွာခြင်း
Vol. 50 Ch. 739
"အရှက်မရှိလိုက်တာ တကယ်လို့မင်းသာလောကကြီးမှာအချောဆုံးဆို တခြားလူတွေအားလုံးဘယ်လောက်တောင်ရုပ်ဆိုးလိုက်ကြမလဲမသိဘူး"
"တကယ်လို့ကမ္ဘာဂြိုဟ်ကြီးတစ်ခုလုံးပေါက်ကွဲသွားပြီး လူသားတွေအားလုံးသေသွားလို့ အဲဒီမကောင်းတဲ့ကောင်တွေပဲကျန်ခဲ့ရင်တော့ မင်းအချောဆုံးဖြစ်ဖို့ကဖြစ်နိုင်ပါတယ်...."
ဖားမှ ညှာတာမှုမရှိပြောလိုက်သည်။
အကယ်၍ကျိုးဟောင်ထံတွင် ချင့်ချိန်တတ်သည့်အသိစိတ်မရှိပါက ဖားအားစကြဝဠာအပြင်ဘက်သို့ပစ်ထုတ်လိုက်ရန်တွေဝေနေမည်မဟုတ်ပေ။
ဖား၏စကားများမှာ ပိုပိုပြင်းထန်လာပေသည်။
ကျိုးဟောင်နှင့်ဖားမှာလမ်းလျှောက်ရင်းတကျတ်ကျတ်ရန်ဖြစ်လာခဲ့သည်။ ဤနေရာသည်တာဝန်အဆောက်အဦးနှင့်သိပ်မဝေးပေ။ သူတို့နှစ်ယောက်သည် ဟွေ့မင်ဂြိုဟ်သို့မထွက်ခွာမီ ပုံရိပ်ယောင်လောကမှထွက်ပြီးကျန်းလော့ဂြိုဟ်သို့ ပြန်သွားရမည်ဖြစ်သည်။
ပြင်ဆင်သင့်တာအားလုံးပြင်ဆင်ပြီးနောက် ကျိုးဟောင်မှာဟွေ့မင်ဂြိုဟ်၏ပတ်ဝန်းကျင်မှာမည်သည့်ပုံမျိုးဖြစ်မလဲဆိုသည်အားစဥ်းစားနေခဲ့သည်။
ပတ်ဝန်းကျင်မှာသိပ်မဆိုးဝါးလောက်ပေ။ ကျိုးဟောင်၏မှတ်ဉာဏ်ထဲတွင်စကြဝဠာအဖွဲ့အစည်းအားလုံးထဲ၌ ကမ္ဘာဂြိုဟ်မှာဖွံ့ဖြိုးမှုအနှေးဆုံးနှင့် ခေတ်နောက်အကျဆုံးဖြစ်သည်။
ယခု နှစ်ပေါင်း ၁သောင်းနီးပါးနောက်ကျနေပြီဖြစ်ပြီး ၎င်းတို့သည်မည်သည့်အရာဖြစ်ဖြစ် ကမ္ဘာဂြိုဟ်နှင့်ယှဥ်ပါကသေချာပေါက် ပြိုင်ဘက်ကင်းသည့်တည်ရှိမှုမျိုးသာဖြစ်သည်။
ကျိုးဟောင်မှာလုပ်ဆောင်ရမည့်တာဝန်ရှိနေ၍မဟုတ်ပါက ဤမျိုးနွယ်၏စွမ်းအားကြီးနည်းပညာအား ကမ္ဘာဂြိုဟ်ပေါ်ရှိသိပ္ပံပညာရှင်မျာလေ့လာရန်ယူသွားပေးမည်ဖြစ်သည်။
"ဟွေ့မင်ဂြိုဟ်က ကျန်းလော့ဂြိုဟ်ရဲ့ တောင်ဘက်အကျဆုံးနေရာမှာရှိတယ် အဲဒီကိုရောက်ဖို့ဆို စကြဝဠာအဖွဲအစည်းကနေ ငါတို့အလင်းနှစ် ၁၀ နှစ်လောက်ဖြတ်သန်းသွားဖို့လိုတယ် လုံနတ်ဘုရားစစ်သင်္ဘောနဲ့အဲဒီကိုသွားဖို့ဆို နှစ်လလောက်ကြာလိမ့်မယ်"
ဖားမှာချက်ချင်းပင် ဦးတည်သွားရမည့်ဘက်အားလျှောက်သွားရင်းပြောလိုက်သည်။
ဤနည်းလမ်းဖြင့် ဟွေ့မင်ဂြိုဟ်အားလမ်းလွှဲမှသွားလို့ရပေသည်။ မဟုတ်ဘဲခြေဦးတည့်ရာလျှောက်သွားနေပါက ကျိုးဟောင်မှာတစ်ဘဝလုံးအချိန်ကုန်သွားလျှင်ပင် ထိုနေရာအားရောက်နိုင်မည်မဟုတ်ပေ။
ဖား၏တည်ရှိမှုမှာ ကျိုးဟောင်၏ဝါးမျိုရေးစွမ်းအားဖြင့် စွမ်းအားကြီးသည့်တိုက်ပွဲအမျိုးမျိုးတွင် ပါဝင်ရန် လမ်းပြဖို့သာဖြစ်သည်။
ပုံမှန်အချိန်တွင်ကျိုးဟောင်တို့မှာ အပြင်းအထန်ငြင်းခုံတတ်ကြသော်ငြား နှစ်ယောက်လုံးမှာအချင်းချင်းမှီခိုကြပေသည်။
"ဟမ့် ခင်ဗျားပဲအကုန်သိအကုန်တတ်တဲ့ပုံဖမ်းမနေနဲ့ လုံနတ်ဘုရားစစ်သင်္ဘောမှာအလိုအလျောက်မောင်းနှင်တဲ့စနစ်ပါတယ် ဘယ်လိုဖြစ်ပြီးလမ်းပျောက်မှာလဲ"
ကျိုးဟောင်မှာခေါင်းမာစွာဖြင့် ဖား၏စေတနာအားငြင်းဆိုလိုက်သည်။
ကျိုးဟောင်မှာဤဖားအားအလွန်ကျေးဇူးတင်သော်ငြား မည်သည့်အခါမှထုတ်ပြောခြင်းမပြုပေ။ မဟုတ်ပါက ဤဖားမှာပို၍ဘဝင်မြင့်သွားမည်ဖြစ်သည်။
လမ်းတစ်လျှောက်တွင် ဖား၏အဖော်ပြုပေးမှုကြောင့် ကျိုးဟောင်မှာအချိန်တိုတိုဖြင့်လိုရာခရီးရောက်ပြီး ပိုမိုပျော်ရွှင်ခဲ့ရခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျိုးဟောင်မှာတစ်ယောက်တည်းခရီးထွက်လာခဲ့ခြင်းမဟုတ်ပေ။
ဖားမှာအခြားဘာမှမပြောပေ။ ဖားမည်သည့်စကားကိုပြောသည်ဖြစ်စေ သူ့ရှေ့ရှိဤကောင်စုတ်လေးမှာ အမြဲတမ်းခွန်းတုံ့ပြန်စရာစကားရှိပေသည်။ တစ်ခါတရံ တိတ်တိတ်နေလိုက်ခြင်းသည် အကောင်းဆုံးခုခံမှုဖြစ်သည်။ ၎င်းသည်ကျိုးဟောင်အား လျစ်လျူရှုခံရသည့်နာကျင်မှုအားသိစေချင်ပေသည်။
"ဟေ့ ကျိုးဟောင် ဘယ်သွားမလို့လဲ"
ကျိုးဟောင်လုံနတ်ဘုရားစစ်သင်္ဘောပေါ်တက်တော့မည့်အချိန်မှာပင် အလွန်ရင်းနှီးသည့်အသံတစ်ခုအားကြားလိုက်ရသည်။
ထို့နောက် မလှမ်းမကမ်းတွင်ရပ်နေသည့်ဂျော့ချ်အားတွေ့လိုက်ရသည်။ တစ်ဖက်လူ၏အပြာရောင်မျက်လုံးများမှာ သူ့အားရှုပ်ထွေးစွာဖြင့်ကြည့်နေသည်မှာ သူဘာကြောင့်ထွက်ခွာမှန်းနားမလည်နိုင်သလိုပင်။
မည်သို့ပင်ဖြစ်စေ သူကျန်းလော့ဂြိုဟ်ပေါ်ရောက်လာသည်မှာမကြာသေးပေရာ အခြားသူများနားမလည်သည်မှာ ပုံမှန်ပင်ဖြစ်သည်။
"ဂျော့ချ် ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ"
ဤနေရာသည် ပြီးခဲ့သည့်အခေါက်ကသူတို့လမ်းခွဲခဲ့သည့်နေရာဖြစ်သည်။
သူတို့နှစ်ယောက်သည် စကားစမြည်ပြောရင်းမိတ်ဆွေကောင်းများဖြစ်ခဲ့ကြပေရာ ကျိုးဟောင်မှာဟွေ့မင်ဂြိုဟ်သို့သွားမည့်ကိစ္စအား ဖုံးကွယ်ထားခြင်းမရှိပေ။
တစ်ဖက်လူမှာစုံစမ်းလိုက်သည်နှင့် ဤကိစ္စအားသိရှိသွားမည်သာဖြစ်သည်။ မိတ်ဆွေတစ်ယောက်အနေနှင့် ဤကိစ္စအားဖုံးကွယ်ထားရန်မှာ ကျိုးဟောင်အတွက်မလိုအပ်ပေ။ မည်သို့ပင်ဖြစ်စေ ဤကိစ္စသည်ထိပ်တန်းလျှို့ဝှက်ချက်လည်းမဟုတ်ပေ။ ထို့အပြင် ဤမျှလောက်ဝေးသည့်နေရာမှ သတင်းပေါက်ကြားရန်မှာလည်း ဂျော့ချ်အတွက်မဖြစ်နိုင်ပေ။
"ငါဟွေ့မင်ဂြိုဟ်ကိုသွားမလို့ ငါကြားတာတော့အဲဒီကရှုခင်းကလှပြီးတော့ လူတွေကလည်းအရမ်းတက်ကြွကြတယ်တဲ့"
ကျိုးဟောင်မှာရှေ့ရှိ ဂျော့ချ်အားကြည့်ကာပြုံးရင်းပြောလိုက်သည်။
ကျိုးဟောင်၏ပုံစံမှာ တကယ်ပင်ခရီးထွက်ရန်သွားသလိုပင်။ သို့သော် သူသည်ဤဂြိုဟ်အားယခုမှရောက်စဖြစ်ပြီး ဤနေရာရှိလှပသောတောင်န်းများမြစ်များနှင့် ခေတ်မှီနည်းပညာများကိုပင် သေချာမလေ့လာရသေးပေ။
အဘယ်မှာ ဒီတိုင်းထွက်သွားနိုင်မည်နည်း။
ဤတာဝန်အားပြီးဆုံးအောင်လုပ်ဆောင်ပြီးပါက ကျိုးဟောင်မှာသေချာပေါက်ပြန်လာမည်ဖြစ်သည်။
"အာ....သိပြီ မိသားစုကပေးထားတဲ့တာဝန်တစ်ခုရှိနေလို့ မဟုတ်ရင်ငါလည်းမင်းနဲ့အတူလိုက်ခဲ့တယ်"
ဂျော့ချ်မှာ လုံနတ်ဘုရားစစ်သင်္ဘောအားပိုင်ဆိုင်ထားသည့်အတွက် ကျိုးဟောင်အားအမြဲအားကျနေခဲ့ခြင်းဖြစ်သည်။
သူသည်အစောကတည်းက ထိုယာဥ်ပေါ်တက်ပြီး စူးစမ်းလိုခြင်းဖြစ်ပေရာ ယခုအခွင့်အရေးရသည့်အချိန်တွင်လက်မလွှတ်ချင်သည်မှာသဘာဝကျပေသည်။ သို့သော်သူ့မိသားစုသည်သူ့အားနောက်ထပ်တာဝန်တစ်ခုပေးထားပေရာ မည်သည့်အချိန်မှအာကာသယာဥ်အားထွက်ခွာခွင့်ရမည်ကိုမသိသေးပေ။
"မင်းဟွေ့မင်ဂြိုဟ်ကိုသွားမလို့လား"
ဂျော့ချ်မှာ ရုတ်တရက်မိသားစုမှသူ့အားပေးထားသည့် တာဝန်အားတွေးမိလိုက်သည်။
ယခင်က သူသည်သွားရမည့်လိပ်စာအားသိပ်ဂရုမထားဘဲ ယခုတစ်ကြိမ်တွင်အလွန်အထီးကျန်ဆန်တော့မည်ဟုတွေးခဲ့ခြင်းဖြစ်သည်။
ကျိုးဟောင်မှအတည်ပြုခေါင်းညိတ်ပြလိုက်သည်ကိုမြင်ပြီးနောက် ဂျော့ချ်မှာအပျော်လွန်သွားခဲ့သည်။
မမျှော်လင့်ထားဘဲ သူတို့နှစ်ယောက်မှာထပ်မံရေစက်ပါကာ တကယ်ပင်တူညီသောနေရာအားသွားရန်အကြောင်းဖန်လာခဲ့ပြန်ပေသည်။
တာဝန်မှာ မည်သည့်တာဝန်ဖြစ်ဖြစ် နှစ်ယောက်လုံးမှာမိမိတို့၏ကိုယ်စီရည်မှန်းချက်အားအောင်မြင်အောင်လုပ်ဆောင်နိုင်ပါက ကိစ္စမရှိပေ။
'ဒါဆို မင်းအတူတူသွားချင်လား"
ဂျော့ချ်မှာ သူ၏အပြာရောင်မျက်လုံးများအားအစွမ်းကုန်ပြူးထားပြီး ကျိုးဟောင်၏လုံနတ်ဘုရားစစ်သင်္ဘောပေါ်သို့ပြေးတက်လုနီးပါးပုံဖြင့်မေးလာခဲ့သည်။
ဤသို့မေးခြင်းသည် ကျိုးဟောင်၏ခွင့်ပြုချက်အားတောင်းဆိုလိုခြင်းဖြစ်သည်။
အကယ်၍တစ်ဖက်လူမှာ အတူတူခရီးသွားရန်ဆန္ဒမရှိပါက သူတို့တတ်နိုင်တာဘာမှမရှိပေ။
သူတို့နှစ်ယောက်မှာ မိတ်ဆွေများဖြစ်နေကြပြီဆိုသော်ငြား အချင်းချင်းလေးစားမှုထားရဦးမည်ဖြစ်သည်။ ဂျော့ချ်မှာ ကျိုးဟောင်သူနှင့်ရင်းနှီးသည်ဟူသောအကြောင်းပြချက်ဖြင့် ကျိုးဟောင်မလုပ်ချင်သည့်ကိစ္စအားအတင်းအကြပ်မခိုင်းလိုပေ။
"ရတာပေါ့ အဖော်ရှိတော့ပိုကောင်းတာပေါ့"
ကျိုးဟောင်မှာ ဂျော့ချ်ဟွေ့မင်ဂြိုဟ်သို့သွားပြီး မည်သည့်တာဝန်အားလုပ်ဆောင်ရမည်ဆိုသည်အား မသိထားဘဲ သူ၏တာဝန်အတွက် အနှောင့်အယှက်ဖြစ်မလားတွေးနေခဲ့သည်။
အနှောင့်အယှက်ရှိလာလျှင်ပင် ၎င်းတို့မှာသူတို့၏ သက်ဆိုင်ရာအင်အားများအပေါ်မှီခိုနိုင်ပေသည်။
နှစ်ယောက်လုံးမှာ သူတို့လမ်းတွင်လာပိတ်နေသည့်မည်သည့်အရာကိုမဆိုဖြေရှင်းကြမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အကယ်၍ကျိုးဟောင်မှာလက်ရှိအချိန်တွင် ဂျော့ချ်အားသတိထားလျှင်ပင် အဆုံးတွင်အချင်းချင်းတွေ့ကြရဦးမည်ဖြစ်သည်။
ကျိုးဟောင်တို့နှစ်ယောက်မှာလမ်းတစ်လျှောက်စကားပြောလာခဲ့သည်။ ဂျော့ချ်မှာကျိုးဟောင်ပြောသမျှအားလုံးအားအလွန်စိတ်ဝင်စားနေပေသည်။
အာကာသယာဥ်နှင့်ထွက်ခွာလာပြီးနောက် ကျိုးဟောင်မှာချက်ချင်းပင်တည်နေရာအားသတ်မှတ်လိုက်သည်။ ကျိုးဟောင်ထံတွင်တခြားစိုးရိမ်စရာဘာမှမရှိပေ။ ငှက်မွေးတစ်ထောင်ချပ်ဝတ်မှာလုံနတ်ဘုရားစစ်သင်္ဘောတစ်စင်းလုံးအား ကိုယ်တိုင်ထိန်းချုပ်နေပေသည်။
အချင်းချင်းရင်းနှီးလာသောဂျော့ချ်နှင့်ကျိုးဟောင်သည်လည်း စတင်ကာရောက်တတ်ရာရာများပြောလာခဲ့ကြသည်။ ကျိုးဟောင်မှာထူးဆန်းသည့်မေးခွန်းအချို့အားမေးမြန်းခံရရင်း အတော်လေးစိတ်ညစ်နေခဲ့သည်။
"ကျိုးဟောင် ငါ့ကိုပြော..... မင်းကဘယ်မျိုးနွယ်ကလဲ ငါမင်းလိုမျိုးနွယ်စုကိုမြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ"
"မင်းရဲ့ခန္ဓာကိုယ်.... အရမ်းစွမ်းအားကြီးတယ်ဆိုတာကိုငါခံစားမိတယ်ဒါပေမဲ့ ဘာလို့အရမ်းအားနည်းတဲ့ပုံလည်းပေါက်နေရတာလဲ"
"ပြီးတော့ မင်းရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ရှင်သန်ရေးစည်းမျဥ်းစည်းကမ်းတွေနဲ့မကိုက်ညီတဲ့အရာတွေလည်းအများကြီးပဲ ဥပမာပြောရရင် မင်းရဲ့ဒီနှာခေါင်းကအသုံးဝင်တဲ့ပုံပေါ်ပေမဲ့ တိုက်ခိုက်ရင်းကျိုးသွားရင်ဘယ်လိုလုပ်မလဲ ငါ့ကိုကြည့် ငါ့ဆီမှာမရှိဘူး"
"ပြီးတော့ မင်းရဲ့နှလုံးကလည်းတကယ်ကြီးရင်ဘတ်ထဲမှာရှိနေတယ် ငါတို့နှလုံးကဦးနှောက်ထဲမှာရှိတာ ဒီလိုဆိုငါတို့ကိုသေစေနိုင်တဲ့နေရာကတစ်နေရာပဲရှိတယ် မင်းမှာကနှစ်နေရာ....."
ဂျော့ချ်၏ပဟေဠိဖြစ်နေသာအကြည့်အောက်တွင် ကျိုးဟောင်မှာတစ်ဖက်လူ၏ခပ်တုံးတုံးမေးခွန်းများအားဖြေသင့်သလားဆိုသည်ကိုမသိတော့ဘဲ ဤလူအားအာကာသယာဥ်ပေါ်သို့ဖိတ်ခေါ်ခဲ့မိတာကိုပင် နောင်တရလာခဲ့သည်။
ဂျော့ချ်မှာ ကျိုးဟောင်၏အာကာသယာဥ်အားသဘောကျ၍သာ ကျိုးဟောင်နှင့်ခရီးအတူသွာလိုခြင်းဖြစ်ပေသည်.......
"ကျိုးဟောင် ငါမင်းကိုမေးခွန်းတွေအများကြီးမေးမိနေပြီလား ဟဟဟ တောင်းပန်ပါတယ် တောင်းပန်ပါတယ် ငါတကယ်ကိုမင်းနဲ့ပတ်သက်ပြီးအရမ်းသိချင်သွားလို့"
ဂျော့ချ်မှာကျိုးဟောင်၏စိတ်ညစ်နေသောအမူအရာအားကြည့်ကာ ကျိုးဟောင်မှာသူ့မေးခွန်းများကြောင့်စိတ်ဆိုးသွားသည်ဟုတွေးလိုက်သည်။
ဂျော့ချ်သည် သေချာပေါက်ကျိုးဟောင်နှင့်ပတ်သက်ပြီးအလွန်စိတ်ဝင်စားပေသည်။ မည်သို့ပင်ဖြစ်စေ ကျိုးဟောင်မှာအလွန်လျှို့ဝှက်ဆန်းကြယ်ပေသည်။
မိသားစုကြီးမှဆင်းသက်လာသောမျိုးဆက်တစ်ယောက်အနေဖြင့် ဂျော့ချ်ကိုယ်တိုင်သည်လည်းလျှို့ဝှက်ဆန်းကြယ်သော်ငြား ကျိုးဟောင်နှင့်ယှဥ်လိုက်ပါကအလှမ်းဝေးလွန်းလှပေသည်။
မည်သို့ပင်ဖြစ်စေ ကျိုးဟောင်မှာယခုလိုစျေးကြီးသောလုံနတ်ဘုရားစစ်သင်္ဘောအားပိုင်ဆိုင်ထားသည့်အပြင် သူ့အထောက်အထားအားစာရင်းသွင်းရန်ဤနေရာသို့တကယ်လာခဲ့ပေသည်။ လက္ခဏာအားလုံးမှာ ဤလူထံတွင် သေချာပေါက်ဇာတ်လမ်းတစ်ပုဒ်ရှိကြောင်းညွှန်ပြနေပေသည်။
"ဂျော့်ချ် ငါတို့ကမိတ်ဆွေတွေပဲကို ဘယ်လိုလုပ်ပြီးစိတ်ဆိုးမှာလဲ ငါကဒီတိုင်းဒီတစ်ခေါက်ငါယူလာတဲ့တာဝန်ကနည်းနည်းခက်မဲ့အကြောင်းကိုစဥ်းစားနေတာပါ"
တာဝန်အားလက်ခံပြီးနောက်ကျိုးဟောင်မှာ ခေတ္တမျှပင်စိတ်အေးလက်အေးမနေနိုင်ပေ။
သို့သော် သန်မာသောဖြစ်တည်မှုများဖြင့် ရင်ဆိုင်သည့်နည်းလမ်းတစ်ခုတည်းကသာ သူ့စွမ်းအားအားပုံသွင်းနိုင်ကြောင်းကိုလည်း ကျိုးဟောင်နားလည်ပေသည်။
....................................................................................