← Chapters

စကြဝဠာမုန်တိုင်း

Vol. 50 Ch. 740

စကြဝဠာမုန်တိုင်း

Vol. 50 Ch. 740

လုံနတ်ဘုရားစစ်သင်္ဘော ဟွေ့မင်ဂြိုဟ်နှင့်တစ်စထက်တစ်စနီးကပ်လာသည်ကိုကြည့်ရင်း ကျိုးဟောင်မှာဘာကြောင့်မှန်းမသိ အနည်းငယ်စိုးရိမ်လာခဲ့သည်။ ကျိုးဟောင်၏အကြည့်များမှာ မိုင်ပေါင်းထောင်ချီအားခရီးသွားလာနိုင်ပုံပေါ်ပြီး သူစိတ်ဆိုးနေသည်မှာလည်းအချိန်အတော်ကြာပြီဟုခံစားလိုက်ရဟန်ပင်။

မည်သို့ပင်ဖြစ်စေ ဤနေရာသည်ပြင်ပအာကာသဖြစ်သည်။ ကျိုးဟောင်မှာဤအရာများအားလုံးနှင့်မရင်းနှီးပေရာ သူ့အားတာဝန်ပေးနိုင်သူမှာဖားသာရှိသည်။

ဂျော့ချ်မှာ အဝေးတစ်နေရာအားစိုးရိမ်တကြီးကြည့်နေသည့်ကျိုးဟောင်အားကြည့်ကာဘာမှမပြောပေ။

ကျိုး‌ဟောင်မှာသူ့အားစကားများသည့် အရူးအဖြစ်တံဆိပ်ခတ်လိုက်ပြီဖြစ်ကြောင်းကို မသိသေးပေ။

သိပါက သေချာပေါက်မကျေမနပ်ပြောမည်ဖြစ်သည်။

အကြောင်းမှာ သူသည်ယခင်ကမည်သူ့ကိုမှစိတ်မဝင်စားခဲ့ဘူး၍သာဖြစ်သည်။ သူစိတ်ဝင်စားသည့်လူမှာကျိုးဟောင်တစ်ယောက်သာရှိပေသည်။

"ဒီကနေသိပ်မဝေးတဲ့နေရာမှာ စကြဝဠာမုန်တိုင်းအကြီးကြီးတစ်ခုရှိတယ်"

ကျိုးဟောင်စိတ်ပူနေစဥ်မှာပင် ဖား၏အသံမှာထပ်မံထွက်ပေါ်လာခဲ့သည်။

ကျိုးဟောင်မှာထိတ်လန့်သွားသော်ငြား မဖြစ်သေးသည့်အရာအားဘာကြောင့်သိနေရကြောင်းဖားအားလုံးဝမမေးခဲ့ပေ။

အကြောင်းမှာ ဖားပြောသမျှသည်အားလုံးအမှန်ဖြစ်နေ၍သာဖြစ်သည်။ ထို့ကြောင့်ကျိုးဟောင်မှာမလှမ်းမကမ်းတွင် သေချာပေါက်စကြဠာမုန်တိုင်းရှိကြောင်းကိုလည်းယုံကြည်ပေသည်။ လုံနတ်ဘုရားစစ်သင်္ဘောထဲတွင် ငှက်မွေးတစ်ထောင်ချပ်ဝတ်သည်လည်း အလားတူအစီရင်ခံမှုတစ်ခုအားတင်ပြလာပေသည်။

"သခင် ရှေ့အလင်းနှစ် ၂မိုင်မှာအရမ်းကြီးတဲ့စကြဝဠာမုန်တိုင်းတစ်ခုဖြစ်နေပြီးတော့ လောကကြီးထဲကအရာအားလုံးကိုဖျက်ဆီးပစ်ဖို့လုံလောက်ပါတယ် ကျွန်တော်တို့လမ်းလွှဲကသွားကြမလား"

ငှက်မွေးတစ်ထောင်ချပ်ဝတ်မှာ ကျိုးဟောင်၏အမြင်အားမေးမြန်းလာပေသည်။

အကယ်၍သူတို့သာမရမကရှေ့ဆက်တိုးသွားပါ ကြီးမားသောမုန်တိုင်းကြားတွင်လုံနတ်ဘုရားစစ်သင်္ဘောမှာ ပျက်စီးမှုဒဏ်အားခံစားရနိုင်ပြီး ဤမုန်တိုင်းမှာမည်မျှစွမ်းအားကြီးကြောင်းခန့်မှန်းရန်အလွန်ခက်ပေသည်။

တစ်ခါတရံ အလွန်ကြောက်မက်ဖွယ်ကောင်းသည်ဟုထင်ရသည့်မုန်တိုင်းများမှာ အန္တရာယ်မရှိဘဲ တစ်ဖက်တွင် အန္တရာယ်ရှိဟန်မပေါ်သည့်မုန်တိုင်းများမှာ အားလုံးကိုဖျက်ဆီးပစ်ရန်လုံလောက်သည့် စွမ်းအားကြီးသောအင်အားမျိုးအား သယ်ဆောင်ထားပေသည်။

ပြင်ပအာကာသတွင် အန္တရာယ်များဆုံးအရာမှာ ဒုတိယတစ်မျိုးသာဖြစ်သည်။ ထိုကဲ့သို့သောစကြဝဠာမုန်တိုင်းတစ်ခု၏ဖျက်ဆီးနိုင်စွမ်းနှင့် ခရီးပေါက်ရောက်မှုအား ခန့်မှန်းလို့မရပေ။

ကျိုးဟောင်မှာ ထိုကိစ္စနှင့်ပတ်သက်ပြီးစဥ်းပင်မစဥ်းစားပေ။ လက်ရှိအချိန်တွင်သွားရမည့်ခရီးစဥ်အားနှောင့်နှေးစေမည်ဆိုလျှင်ပင် ဤမုန်တိုင်းအားရှောင်ရပေမည်။

ကျိုးဟောင်မှာ မုန်တိုင်း၏နယ်နိမိတ်မှာအလွန်ကျယ်ဝန်းပြီး ပတ်သွားလို့မရမှာကို စိုးရိမ်နေပေသည်။ အလိုအလျောက်မောင်းနှင်ခြင်းအားပြန်လည်အချိန်ဇယားစီမံရန်မှာ အရမ်းနောက်မကျသေးပေ။

"ဟွေ့မင်ဂြိုဟ်သွားလာရေးလမ်းကြောင်းကိုပြန်ဆွဲကြစို့"

ကျိုးဟောင်မှာတွေဝေပြီးအချိန်အများကြီးမယူဝံ့ပေ။ မည်သို့ပင်ဖြစ်စေ ယခုလိုကြီးမားသောမုန်တိုင်းမှာ တစ်စက္ကန့်အတွင်းကီလိုမီတာထောင်ချီပျံ့နှံ့နိုင်ပေသည်။

မုန်တိုင်းမှာအလင်းနှစ် ၂ခုစာလိုသေးသော်ငြား နာရီဝက်အတွင်းသူတို့လက်ရှိနေနေသည့်နေရာထံပျံ့နှံ့လာနိုင်ပေသည်။

"မောင်းနှင်မှုကို အသက်သွင်းလိုက်တော့"

လုံနတ်ဘုရားစစ်သင်္ဘောထံမှ ငှက်မွေးတစ်ထောင်ချပ်ဝတ်၏အသံမှာထွက်ပေါ်လာခဲ့သည်။

လုံနတ်ဘုရားစစ်သင်္ဘောမှာ နည်းပညာမြင့်စစ်သင်္ဘောတစ်စင်းဖြစ်ပြီး ထိပ်တန်းအဆင့်တိုက်လေယာဥ်တစ်စင်းလည်းဖြစ်သည်။ အခြေအနေမည်မျှခက်ခဲနေသည်ဖြစ်စေ ၎င်းမှာအန္တရာယ်အားရှောင်ရှားနိုင်မည့်နည်းလမ်းများစဥ်းစားနိုင်ပေသည်။ ထို့အပြင် ငှက်မွေးတစ်ထောင်ချပ်ဝတ်၏ထိန်းချုပ်မှုအောက်တွင် လုံနတ်ဘုရားစစ်သင်္ဘောမှာလူသားတစ်ယောက်ထက်ပင် ပို၍ သွက်လက်နေခဲ့သည်။

မျက်နှာပြင်ပေါ်တွင်ပြသထားသည့် မောင်းနှင်ရေးစနစ်အားကြည့်လိုက်ချိန်တွင် ၎င်းတို့လက်ရှိရောက်နေသည့်နေရာမှာဟွေ့မင်ဂြိုဟ်နှင့်သိပ်မဝေးတော့‌ပေ။ ဤမုန်တိုင်းမှာဟွေ့မင်ဂြိုဟ်အနီးတွင်ဖြစ်ပေါ်နေပြီး ဘာကြောင့်ယခုလိုကြီးမားသည့်မုန်တိုင်းပေါ်လာရကြောင်းကိုမည်သူမျှမသိပေ။

လုံနတ်ဘုရားစစ်သင်္ဘောမှာ ကီလိုမီတာထောင်ချီအဝေးမှ အန္တရာယ်အားကြိုတင်ခန့်မှန်းနိုင်ပြီး မမြင်ရသည့်အန္တရာယ်များအားရှောင်ရှားရန်လက်ဦးမှုပင်ရယူနိုင်ပေသည်။ အရေးကြီးဆုံးမှာ ထိုအမည်မသိသည့်သက်ရှိများအား ချက်ချင်း၎င်းဘက်မှစတင်ကာဝုန်းဒိုင်းကျဲကာတိုက်ခိုက်ခြင်းပင်ဖြစ်သည်။

ဂျော့ချ်မှာ ကျိုးဟောင်၏ထိန်းချုပ်မှုမပါဘဲဆောင်ရွက်နေသည့် လုုံနတ်ဘုရားစစ်သင်္ဘောအားကြည့်ကာမှင်တက်နေခဲ့သည်။ ဤပစ္စည်းသည်တကယ်ပင်သူအိပ်မက်မက်ခဲ့ရသောစစ်သင်္ဘောတစ်စီးပင်ဖြစ်ပေသည်။ ဤစစ်သင်္ဘောမှာကြီးကျယ်ခမ်းနားလှပေရာ မျက်စိပင်မလွှဲနိုင်လောက်အောင်စွမ်းဆောင်နိုင်ပေသည်။

သူပင်ယခုလိုစစ်သင်္ဘောမျိုး ပိုင်ဆိုင်နိုင်ပါမည်ဟု မပြောရဲပေ။

သူတို့၏ခေတ်မှီနည်းပညာသည်လည်း သေချာပေါက်ဤအဆင့်သို့ရောက်နေပြီဖြစ်သော်ငြား သူ့ထံတွင်ယခုလိုစစ်သင်္ဘောမျိုးမရှိပေ။

ထိုသို့တွေးရင်း ဂျော့ချ်မှာစိတ်ညစ်သွားခဲ့သည်။ သူ့အဖေသည်တကယ်ပင် ကပ်စေးနဲလှပေသည်။

ကြယ်များမှာတလက်လက်တောက်ပနေပြီး ဂြိုဟ်များမှာလင်းထိန်နေခဲ့သည်။ ထိုအရာမှာကမ္ဘာဂြိုဟ်ပေါ်မှ မြင်နိုင်သည့်ကြယ်များဖြစ်သည်။

ကျိုးဟောင်မှာရုတ်တရက်ထိုဘဝအားသတိရသွားခဲ့သည်။

ဤစကြဝဠာမုန်တိုင်းမှာ လောကကြီး၏အဆုံးသတ်ရောက်ရှိလာသည်ဟူသောစကားနှင့်နှိုင်းယှဥ်နိုင်ပေသည်။

ထိုအကြောင်းအားတွေးရုံဖြင့် ဂျော့ချ်မှာထိတ်လန့်လာခဲ့သည်။ အကယ်၍သူသာထိုမုန်တိုင်းထဲရောပါသွားပါက ပြာတောင်ကျန်မည်မဟုတ်ပေ။ ထိုကဲ့သို့သောသေဆုံးမှုမျိုးသည် တကယ်ပင်ဆိုးဝါးလှပေသည်။

"မုန်တိုင်းအစုတ်ပလုတ် ဘာလို့စောစောကမတိုက်လဲ ဒါမှမဟုတ်နောက်ကျပြီးတိုက်ပါတော့လား"

ကျိုးဟောင်မှာ ခပ်တိုးတိုးဖြင့်မကျေမနပ်ပြောနေခဲ့သည်။

ကျိုးဟောင်မှာကံဆိုးလွန်းသည့်မိမိကိုယ်ကိုအပြစ်တင်ရမည်လော မုန်တိုင်းကိုပဲအပြစ်တင်ရမည်လောမသိတော့‌ပေ။ သူသည်ဤတာဝန်အားလက်ခံထားစမှာပင် ယခုလိုသေရေးရှင်ရေးအခြေအနေဖြစ်ပေါ်လာခဲ့သည်။

ဂျော့ချ်မှာ စိတ်ပူနေသောကျိုးဟောင်အားကြည့်ကာ သေချာပေါက်တစ်ခုခုဖြစ်တော့မည်မှန်းသိပေသည်။

သို့သော်ငှက်မွေးတစ်ထောင်ချပ်ဝတ်မှာ လျင်မြန်စွာပင်နိဂုံးချုပ်ကာကောက်ချက်ချလာခဲ့သည်။

"သခင် မုန်တိုင်းကဟွေ့မင်ဂြိုဟ်တစ်ခုလုံးကိုလွှမ်းခြုံထားတာ အဲဒါကိုရှောင်လို့မရဘဲ အတင်းစွတ်ဝင်သွားလို့ပဲရပါလိမ့်မယ်"

ထိုစကားအားကြားသောအခါကျိုးဟောင်မှာချက်ချင်းပင်မျက်မှောင်ကြုတ်ကာ အမူအရာပျက်ယွင်းသွားခဲ့သည်။

"ဂျော့ချ် ရှေ့မှာမုန်တိုင်းအကြီးတစ်ခုရှိတယ် အဲဒါကိုဖြေရှင်းနိုင်မဲ့နည်းလမ်းမင်းမှာရှိလား"

ကျိုးဟောင်မှမေးလိုက်သည်။

ထိုမျှသာမက ကျိုးဟောင်မှာယခုတစ်ကြိမ်တွင်မုန်တိုင်း၏အရွယ်အစားအားထောက်လှမ်းရန် လုံနတ်ဘုရားစစ်သင်္ဘောကိုလည်းအသုံးပြုနေပေသည်။

မမျှော်လင့်ထားစွာပင် ယခုတစ်ကြိမ်မုန်တိုင်းမှာအလွန်ကြီးမားပြီး ဧရိယာလည်းကျယ်ဝန်းပေသည်။ ထပ်မံအတည်ပြုပြီးနောက် နိဂုံးမှာအတူတူပင်ဖြစ်သည်။ ထိုမုန်တိုင်းအားရှောင်သွားရန်မှာမဖြစ်နိုင်ပေ။ တစ်ခုတည်းသောနည်းလမ်းမှာ မုန်တိုင်း၏ဗဟိုချက်မှ တိုက်ရိုက်ဖြတ်သန်းသွားခြင်းပင်ဖစ်သည်။

ဤတာဝန်အားကျရှုံးသွားသည်ဟုအဓိပ္ပာယ်ရစေမည့် လာရာလမ်းအတိုင်းလှည့်ပြန်သွားသည့် ရွေးချယ်စရာတစ်ခုလည်းကျန်သေးပေသည်။

ကျိုးဟောင်မှာမည်သည့်အရာကိုမျှ မရွေးချယ်လိုပေ။

အကယ်၍ဖြစ်နိုင်မည်ဆိုပါက လမ်းလွှဲမှသွာလိုက်ခြင်းသည်ပို၍ပင်ကောင်းပေဦးမည်။ သူသည်ယခုလိုအန္တရာယ်ကြားထဲမစွန့်စားလိုစေလိုပေ။

သူသည်စွန့်စားရမည့်အရွယ်သို့‌ကျော်လွန်သွားပြီဖြစ်သည်။ ထို့အပြင် ယခုလိုမုန်တိုင်းကြားတွင် အသန်မာဆုံးတိုက်လေယာဥ်ဆိုလျှင်ပင် ပင်လယ်ထဲမှသစ်ရွက်လှေတစ်စင်းလိုပင်ဖြစ်ကာ အချိန်မရွေးဖျက်ဆီးခံရနိုင်ပေသည်။

လုံနတ်ဘုရားစစ်သင်္ဘောမှာအလွန်စွမ်းအားကြီးသော်ငြား ယခုလိုအားပြင်းသည့်မုန်တိုင်းနှင့်ရင်ဆိုင်ရန်လည်းအလွန်အန္တရာယ်များပေသည်။ စစ်သင်္ဘောထဲမှလူပင် သင်္ဘောနှင့်အတူရောကာလွင့်ပါသွားနိုင်ပေသည်။

"ဘာလို့မုန်တိုင်းရှိနေတာလဲ မကောင်းတော့ဘူး"

ဂျော့ချ၏အမူအရာမှာလည်းအတော်လေး ပျက်ယွင်းသွားခဲ့သည်။

အကယ်၍သူတို့လာခဲ့သည့်လမ်းအတိုင်းလှည့်မပြန်ပါက ထိုစကြဝဠာမုန်တိုင်းအားရှောင်ရန်မှာမဖြစ်နိုင်ပေ။

ယခုတစ်ကြိမ်တွင် သူသည်မတတ်သာဘဲဟွေ့မင်ဂြိုဟ်သို့လာခဲ့ရသည်။ သူသည်ဤမုန်တိုင်းနှင့်ကြံရမည်ဟုမထင်ထားခဲ့သော်ငြား ကောင်းကင်ဘုံမှဤနေရာတွင်မုန်တိုင်းပေါ်လာရန်ဆုံးဖြတ်ချက်ချထားပြီးသားပုံပေါ်နေပေသည်။

ဂျော့ချ်မှာရုတ်တရက်အလွန်မျှော်လင့်ချက်မဲ့သွားသလိုခံစားလိုက်ရသည်။ အကောင်းဆုံးခေတ်အမှီဆုံးနည်းပညာဆိုင်ရာပစ္စည်းပင် ဤအားကောင်းသောမုန်တိုင်းကြားတွင် ချို့ယွင်းသွားခြင်း သို့တည်းမဟုတ် လုံးဝပျက်စီးသွားခြင်းများဖြစ်နိုင်ပေသည်။

ထိုအချိန်ရောက်ပါက အားလုံးဘာဖြစ်မလဲဆိုသည်အား စိတ်ပင်ကူးမကြည့်ရဲပေ။

ဂျော့ချ်မှာတစ်နေရာတည်းတွင်အချိန်အတော်ကြာထိုင်နေခဲ့ပြီးနောက် ရုတ်တရက်မျက်လုံးများမှာအရောင်တောက်လာခဲ့သည်။ ထိုအချိန်မှသာ အဖေဖြစ်သူမှာ သူထွက်မလာခင်က တွေ့ကြုံလာသည့်အန္တရာယ်အားရှောင်ရှားနိုင်သည့်ရတနာတစ်ခုပေးခဲ့ကြောင်းသတိရလိုက်သည်။

ဤသို့ပေးရသည့်အကြောင်းမှာ စကြဝဠာတစ်ခုလုံးတွင်လှည့်လည်ခရီးသွားခြင်းသည် အချိန်မရွေးအန္တရာယ်ပေါင်းစုံနှင့်တွေ့ဆုံလာနိုင်သည်ဟူသောအဓိပ္ပာယ်ပင်ဖြစ်သည်။

ယခုတစ်ကြိမ်သည်လည်း အတူတူပင်အန္တရာယ်မှာနောက်မှနီးကပ်စွာလိုက်ပါလာပေသည်။

အချိန်တစ်ခုကြာပြီးနောက် မုန်တိုင်းမှာသူတို့‌ဘေးသို့ရောက်ရှိလာခဲ့သည်။ ဂျော့ချ်သည်အစကဖခင်ဖြစ်သူမှာအလကားနေရင်း စိတ်ပူနေသည်ဟုထင်ခဲ့ခြင်းဖြစ်သည်။ ထွက်လာပြီးသိပ်မကြာမီအချိန်တွင်ယခုလိုစွမ်းအားကြီးသည့်အန္တရာယ်နှင့် ကြုံတွေ့ရမည်ဟုမထင်ထားခဲ့ပေ။

ဤပစ္စည်းမှာအသုံးဝင်မဝင် သူမသိပေ။

လုံနတ်ဘုရားစစ်သင်္ဘောမှာ မုန်တိုင်း၏ဗဟိုတစ်ခုလုံးမှဖြတ်သွားနိုင်မှသာ အန္တရာယ်အဆင့်အား ၁၀ပုံပုံ ၈ပုံလောက်အထိလျှော့ချနိုင်မည်ဖြစ်သည်။ ဂျော့ချ်မှာသူ့ကိုယ်ပေါ်ရှိရတနာအားသုံးလိုက်ပါက အန္တရာယ်အဆင့်မှာ ၅ပုံလောက်အထိလျော့ကျသွားမည်ဖြစ်သည်။

ဤခန့်မှန်းချက်သည် သူစိတ်ထဲတွင်သုံးသပ်ထားသောအကြမ်းဖျဥ်းသုံးသပ်ချက်သာဖြစ်သည်။

"ရှေ့ကိုဆက်သွားလို့ပဲရမယ် တကယ်လို့အခုမှနောက်ဆုတ်ရင်တောင် အကျိုးမရှိတော့ဘူး"

ဖား၏လေးနက်နေသောအသံမှာထွက်ပေါ်လာခဲ့သည်။

အကြောင်းမှာ ဤမုန်တိုင်းကြီးသည်အာကာသ၏နေရာအများစုအားဖြတ်သန်းတိုက်ခတ်သွားပြီး သူတို့လုံနတ်ဘုရားစစ်သင်္ဘောနှင့်တစ်စထက်တစ်စနီးကပ်လာပြီဖြစ်ကာ ရှောင်တိမ်းလို့မရနိုင်တော့ပေ။

ကျိုးဟောင်မှာထိတ်လန့်သွားခဲ့သည်။ အန္တရာယ်မှာဤမျှ‌လောက်လျင်မြန်စွာရောက်လာမည်ဟု သူမထင်ထားခဲ့‌ပေ။

....................................................................................

All Chapters